book

Index 5

အခန်း ၅

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၅ ♡ ==========


``သူဘယ်လိုနေသေးလဲ

ဆရာဝန်လာကြည့်ပေးပြီးပြီလား´´


``မကြည့်ခိုင်းထားပါဘူး

bossရဲ့အမိန့်မရဘဲ သူ့ကိုအခန်းပြင်ပေးမထွက်ရဘူးဆိုလို့´´


``ဘာ!´´


ထိုစကားကြောင့် ခပ်သွက်သွက်လှမ်းနေသည့်သူ့ခြေလှမ်းတို့ရပ်တန့်သွားရပြီး အခုခြေအနေအထိအမိန့်နာခံကောင်းနေသည့် သူ့နောက်လိုက်တွေအား ခပ်စူးစူးကြည့်ပစ်လိုက်၏။ထို့နောက် မြေအောက်ခန်းဆီကိုပဲဦးတည်ဆက်သွားလိုက်သည်။ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေတရိပ်ရိပ်တက်နေသည်ကထူးထူးဆန်းဆန်း။ဘာတွေဖြစ်နေမှန်းလည်းနားမလည်ပေမယ့် သေချာတာကတော့ သူ့စိတ်တွေအရမ်းလှုပ်ရှားနေတာပါပဲ။


ဟုတ်တယ်၊ဝန်ခံရရင် အဲ့ဒီ့ဂျစ်တူးလေးကို သူစိတ်ပူနေမိတယ်။ထိုနေရာမှာနှစ်ရက်လောက်ပစ်ထားမိတာကိုက တကယ်မှားခဲ့ပါရဲ့။


``ကျွီ!´´


စိုးရိမ်လှုပ်ခတ်နေသောစိတ်တို့နှင့်အတူအခန်းတံခါးကိုဖွင့်ဝင်လိုက်သည်နှင့် အခန်းနံရံထောင့်၌ခွေခွေလေးလဲနေသည့်ပုံရိပ်လေးကိုတွေ့လိုက်ရသည်။ထိုနှင့်တပြိုင်နက် သူ့ခြေလှမ်းတို့ကသူမထံအပြေးရောက်သွားခဲ့ရပြီး ပုစွန်ထုပ်လေးသဖွယ်ကွေးနေသည့်ခန္ဓာကိုယ်လေးအား ဆွဲပွေ့ယူ၍...


``ချာတိတ်!´´


``ဟင်း!

ဟင်း!´´


ဘာစကားမှပြန်မပြောနိုင်သလို မျက်လုံးပင်ကောင်းစွာမဖွင့်နိုင်တော့ဘဲ ဖြူဖျော့နေသည့်နှုတ်ခမ်းပါးလေးမှ တိုးဖွဖွလေးသာညည်းနေလေ၏။နဖူးလေးထက် လက်တင်စမ်းကြည့်တော့ မီးတောက်မတတ်ပူသည်။နဖူးတင်မက လူတစ်ကိုယ်လုံးမီးခဲလေးလိုခြစ်ခြစ်တောက်ပူနေသည်မို့ သူစိတ်တွေယောက်ယတ်ခတ်စွာဖြင့် ရင်ခွင်ထဲဖက်ထားသည့်ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်စဥ်...


``boss ကျွန်တော်ပဲခေါ်သွားပေးပါမယ်´´


``ရတယ်၊ကိစ္စမရှိဘူး

သိပ်ခေါ်ချင်နေရင်ဆရာဝန်သာသွားခေါ်´´


လှမ်းသည့်လက်က ချာတိတ်မရဲ့အသားကိုပင်ထိခွင့်မရလိုက်။လက်ဖျားနဲ့တောင်မထိမိစေရန် bossကတစ်ဖက်သို့လွှဲရှောင်ပြီး ထိုကလေးမကိုပွေ့ခေါ်သွားလေ၏။ဒီတော့လည်း dawnတစ်ယောက်လက်ရှက်ရှက်နဲ့သာကျန်နေခဲ့ပြီး တအံ့တသြဖြင့်ခေါင်းကုတ်နေမိ၏။


ဒါဘာအခြေအနေပါလိမ့်!bossအနားနေလာခဲ့စဥ်တစ်လျှောက်လုံး မိန်းကလေးတစ်ယောက်အပေါ်အခုလိုပျာယာခတ်ဂရုစိုက်နေတဲ့ပုံစံကို ဒါပထမဆုံးတွေ့ဖူးသည်မို့ ယခုအနေအထားမှာအသားမကျတာ သူတို့လည်းမမှားပါဘူးလေ။


``ဟေ့ကောင် ဘာကြည့်နေတာလဲ

ဆရာဝန်ခေါ်လိုက်လေ´´


``အေးပါ

ငါကထူးဆန်းလို့ကြည့်နေတာ´´


``ဘာကထူးဆန်းတာလဲ´´


``bossရဲ့ပုံစံလေ

မဟုတ်မှအဲ့ချာတိတ်လေးကို ငါတို့boss...´´


``ဟမ်!

ဘာတွေလျှောက်စဥ်းစားနေတာလဲကွာ

မဖြစ်နိုင်တာ၊ငါတို့bossကအဲ့လောက်လွယ်တယ်များမှတ်နေလား...ပြီးတော့ဟိုကကလေးပေါက်လေးပဲရှိသေးတယ်၊bossအရွယ်ကိုကြည့်ဦး...ငါ့အထင်သူတို့၁၀နှစ်နဲ့အထက်ကွာတယ်´´


``ဘာဖြစ်လဲ ကွာတော့

ငါ့အထင်မလွဲနိုင်ဘူး၊မယုံရင် မင်းနဲ့ငါလောင်းမလား´´


``လောင်းတယ်ကွာ

$500´´


``ok!´´


ကဲ!bossဖြစ်သူရေခဲတုံးကြီးရဲ့အချစ်ရေးကို မဆီမဆိုင်လောင်ကြေးထပ်နေမှုကဤတွင်အပြီးသတ်လေ၏။သေချာပါသည်။Dawnလက်ထဲရောက်သွားခဲ့သော Davidရဲ့$500ကတော့ ပြန်ရဖွယ်မရှိ။ဒါကို ခိုက်အနားပိုနေရသူ Dawnကတော့သိသည်။သိ၍လည်း ခပ်မိန့်မိန့်ကြီးသာပြုံးနေလိုက်တော့၏။


~~~~~ 🍭🍭🍭🍭 ~~~~~


``စိုးရိမ်စရာတော့မရှိပါဘူး

အဖျားတက်ပြီး သတိလစ်သွားတာပါ၊သေချာဂရုတစိုက်နဲ့အနားယူပေးရင်သက်သာသွားပါလိမ့်မယ်...ဒါကသောက်ဆေးတွေပါ´´


``ok! Thank you!´´


``ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး´´


``အင်း´´


ဆရာဝန်ပြန်ထွက်သွားလေမှ သူသက်ပြင်းဖွဖွချကာ ချာတိတ်မရဲ့ခုတင်ဘေးနေရာလွတ်လေး၌ဝင်ထိုင်ရင်း မျက်နှာသေးသေးလေးအားငုံ့ကြည့်မိပါ၏။အော်ဟစ်မနေဘဲ အခုလိုငြိမ်သက်အိပ်ပျော်နေတော့လည်း ခပ်ဆိုးဆိုးပုံရိပ်ကလေးပျောက်ကာ ကလေးလေးလိုအပြစ်ကင်းနေပြန်သည်။တကယ်ဘယ်လိုမျက်နှာလေးမှန်းကိုမသိတာပါ။ခဏလေးကြည့်မိရုံနဲ့တောင် အာရုံမှာစွဲစေတာတော့အသေအချာ။


ဟင်း! မင်းဘယ်သူများလဲ ချာတိတ်ရာ

ဘာလို့ကိုယ့်ကိုအမှန်အတိုင်းမပြောချင်ရတာလဲကွ

ကိုယ်ကမင်းကို အန္တရာယ်ပေးသူမှမဟုတ်တာ။


``အင့်!ဟင်း!´´


သူ့စိတ်ထဲမကျေနပ်သည့်အတွေးကြောင့် ချာတိတ်မရဲ့နဖူးလေးထံ လက်ညှိုးဖြင့်ဖွဖွထိုးလိုက်မိစဥ် ခန္ဓာကိုယ်လေးကတစ်ချက်လူးလွန့်သွားလေ၏။မျက်လုံးတွေကတော့ပွင့်မလာသည့်တိုင် ရင်ဘတ်အနားကစောင်စလေးအား လက််ဖြင့်ကျစ်ကျစ်ဆုပ်လျက်မှ...


``ချမ်းတယ်...ချစ်ရိပ်ဒီနေရာကြီးမှာမနေချင်ဘူး

ကြောက်တယ်´´


သူကိုယ့်သူ မြေအောက်ခန်းမှာပဲရှိနေတယ်လို့စိတ်ထင်နေပုံပါပဲ။ငိုမဲ့မဲ့လေးနဲ့ကယောင်ကတမ်းတွေပြောနေကာ စောင်စကိုဆုပ်ဆွဲထားတဲ့လက်လေးတွေတဆတ်ဆတ်တုန်လာတယ်။သို့နှင့် သူလည်းထိုလက်ကလေးပေါ်မှ ဖွဖွထပ်၍ဆုပ်ကိုင်ပေးကာ စောင်စလေးကိုလည်ပင်းနားအထိကပ်အောင်ဆွဲခြုံပေးလိုက်၏။ထိုစဥ် မှိတ်ယှက်ထားသည့်မျက်ဝန်းလွှာလေးဖျတ်ခနဲပွင့်သွားကာ လူကိုအသေအချာပြူးကြည့်လာပြီးတဲ့နောက်...


``အား!!

ရှင်...ရှင် ဘာလုပ်တာလဲ

လူကိုဘာလုပ်မလို့လဲ´´


``ဟ!ကိုယ်ဘာလုပ်လို့လဲကွာ

မင်းချမ်းနေတယ်ဆိုလို့ စောင်...´´


``မလိုချင်ဘူး...သွား´´


ပြောပြောဆိုဆိုနှင့် ချစ်ရိပ်ကိုယ်ပေါ်ကစောင်ကိုဆတ်ခနဲခွာယူကာ ခုတင်အောက်သို့လွှင့်ပစ်လိုက်မိ၏။ထိုစဥ်ကိုယ်ပေါ်၌တွေ့လိုက်ရသည်က အရင်အဝတ်အစားတွေမဟုတ်တော့ဘဲ ယောကျ်ားဝတ်ဆွယ်တာအကြီးကြီးဖြစ်နေ၍ ခေါင်းကိုဆင်ဆယ်ကောင်တက်နင်းခံရသည့်နှယ် လူကချာလပတ်လည်သွားရသည်။ဆွယ်တာကကြီးနေ၍ပေါင်လယ်လောက်အထိဖုံးပေမယ့် အောက်ပိုင်းကတော့ဗလာကြီးဖြစ်နေပြန်တော့...


``အင့်! ဟီး! လူယုတ်မာကြီး

ကျမအဝတ်တွေဘယ်ရောက်ကုန်တာလဲလို့

ရှင်လူကိုဘာလုပ်လိုက်တာလဲ...အူး!ဝါး!!´´


စူးစူးဝါးဝါးထအော်သည့်ငိုသံလေးကြောင့် လူမှာနားတွေတောင်ကွဲတော့မည့်အလား။အိပ်ရာနိုးတာနဲ့ငိုတတ်တယ်ဆိုတာ သူအခုမှလက်တွေ့ကြုံရတော့တာ။


တကယ့်ကို ပူတူးပေါက်စလေးပါလား။


``အဟင်း!

ဘာတွေထင်ရာမြင်ရာလျှောက်ပြောနေပြန်ပြီလဲ လိမ္မာတဲ့သားသမီးလေးရဲ့´´


``ဟိတ်လူကြီး...ချစ်ရိပ်အနားမကပ်နဲ့´´


``အဟက်!´´


ဘယ်လိုပင်ရန်စွာနေပါစေ၊သူမရဲ့ချစ်စဖွယ်အပြုအမူလေးတွေကြောင့် ခိုက်အသည်းမယားဘဲမနေနိုင်။အခုလည်းကြည့်လေ!အနားမကပ်နဲ့ဟုဆိုကာ လူလေးက ခုတင်ခေါင်းရင်းဆီနစ်ဝင်မတတ်တိုးသွားပြီး ခြေထောက်လေးတွေကိုတော့ ဆွယ်တာကြီးထဲအလုံထုပ်ကာထည့်သိမ်းလေ၏။ကိုယ့်အင်္ကျီကိုပေးဝတ်ထားခြင်းမို့ ထိုလူကောင်သေးသေးတစ်ကိုယ်လုံးပင်ဝင်လို့ရနေသည်။ဒူးလေးနှစ်ဖက်ကိုပိုက်ကာ ကျုံကျုံ့လေးထိုင်ရင်းတစ်ကိုယ်လုံးကိုရအောင်ဖုံးဖိထားသည်မို့ ဖြစ်နေသည့်ပုံစံလေးဟာအတော်အသည်းယားဖို့ကောင်းပြီး ရယ်ချင်စရာလေးလည်းကောင်းနေပြန်ရဲ့။


အဖြူရောင်သိုးမွေးဆွယ်တာထဲ ခြေတွေ၊လက်တွေအလုံထည့်ထားပြီး ခေါင်းလေးပဲပေါ်နေသည်မို့ သူမရဲ့လက်ရှိပုံစံက ဘဲဥလေးလိုလို...၊မြန်မာနိုင်ငံကပစ်တိုင်းထောင်လိုလို။


``ဘာတွေရယ်နေတာလဲ

မာဖီးယားအရူးရဲ့...၊ချစ်ရိပ်ကိုဘာလုပ်လဲမှန်မှန်ပြော´´


``ဘာလုပ်တယ်ထင်လဲ

ပြောကြည့်လေ၊မင်းခံစားမိတဲ့အတိုင်းအမှန်ပဲ

ကိုယ်ကမာဖီးယား...လူဆိုးလူမိုက်ဆိုတော့သားကောင်တွေ့ရင်အလွတ်မပေးတတ်ဘူး၊မင်းသိပါတယ်´´


သူ့ပုံစံနဲ့သူ့ပြောသည့်စကားကတကယ်ပင်လိုက်ဖက်လွန်းပါ၏။သို့နှင့်ချစ်ရိပ်မျက်နှာလေးက ပြိုတော့မည့်မိုးလိုမှိုင်းညို့သွားကာ မျက်ရည်တွေစီးကျလာပြန်ရင်း...


``ချစ်ရိပ်ထင်သားပဲ

ရှင်ကလူဆိုး...အဆိုးဝါးဆုံးလူ၊မုန်းဖို့ကောင်းတဲ့လူကြီး၊သေသင့်တဲ့ မာဖီးယား...အင့်´´


ပါးစပ်ကအဆက်မပြတ်ပြောကာ ငိုယိုနေသည်မို့သူ့စိတ်ထဲမနေသာတော့စွာ သူမရဲ့အင်္ကျီစလေးအားလှမ်းဆွဲလိုက်လျှင် ခုတင်းခေါင်းရင်း၌ကပ်နေသည့်အဖြူထုပ်လေးက လျှောခနဲဆို သူ့အနီးသို့ရောက်လာ၏။ထိုအခါမှ မျက်နှာသေးသေးလေးပေါ်ရွှဲနစ်နေသည့် မျက်ရည်စတွေအားလက်ဖြင့်ခပ်ဖွဖွသုတ်ပေးကာ...


``တော်တော့! တော်တော့!ကိုယ်တမင်လျှောက်ပြောနေတာပါ´´


``ဟင့်အင်း...ယုံတော့ဘူး

ရှင်ကလူဆိုး´´


``အရမ်းမငိုရဘူးလေကွာ၊မင်းက ဖျားနေတာ

ကိုယ်တွေအရမ်းပူနေတယ်သိရဲ့လား´´


``သေပါစေ၊ငိုမှာပဲ...ရှင်ဘာလို့လူကိုမဟုတ်တာလုပ်လဲ?ရှင်လုပ်ချင်ရာလုပ်ပြီးတော့ပျော်သွားရောလား...မုန်းဖို့ကောင်းလိုက်တာ´´


``တိတ်ပါကွာ

ကိုယ်မင်းကိုဘာမှမလုပ်ဘူး၊တကယ်ပြောတာ

မင်းရဲ့အဝတ်အစားတွေကို အစေခံမိန်းကလေးတွေလဲပေးခဲ့တာပါ´´


``ဟုတ်လို့လား´´


``မယုံရင်ခေါ်ပြီးမေးလို့ရတယ်´´


``ဟွန့်!သူတို့ကရှင့်လူတွေလေ၊ရှင်ခိုင်းသလိုပဲပြောမှာပေါ့လို့´´


``အဟင်း!မင်းကတကယ်ဂျစ်တူးလေးပဲကွ´´


ဆံနွယ်လေးတွေပေါ်လက်ချောင်းတို့ဖြင့်ဖွဖွသပ်တင်ပေးကာ ဆိုလာသည့်စကားကြောင့်ချစ်ရိပ်သူ့မျက်နှာဆီအမှတ်တမဲ့မော့ကြည့်လိုက်မိ၏။


အလို! တည်တင်းတင်းမျက်နှာကြီးက ကြည်ကြည်သာသာပြုံး၍ ချစ်ရိပ်ထံငုံ့ကြည့်နေသည်ပဲ။လောကကြီးဘာတွေဖြစ်ကုန်တာလဲ?ဦးမာဖီးယားကဒီလိုလည်းပြုံးတတ်တယ်ပေါ့။


``ဘာကြည့်တာလဲ

မကျေနပ်တာရှိလား´´


``ဦးမာဖီးယားရဲ့နာမည်ကဘယ်လိုခေါ်လဲ´´


သြော်!ကဲ...လုပ်ပြန်ပြီ။တရှုံ့ရှုံ့ငိုနေရင်းက ရုတ်တရက်ထမေးသည်က နာမည်တဲ့လေ။ဟုတ်ပါတယ်၊ဒီနာမည်ကိုမှမပြောပြရင်လည်း လူကိုမာဖီးယားဇာတ်သွင်းလို့ကိုဆုံးမှာမဟုတ်သည်မို့ သူထပ်ပြီးပြုံးမိရပြန်ကာ...


``ခိုက် ရန် ရှင်း

အဲ့ဒါကိုယ့်နာမည်´´


``ဟင်! မြန်မာလိုနဲ့တူလိုက်တာ´´


``တူမှာပေါ့

အဲ့ဒါမြန်မာနာမည်လေ´´


``ဒါဆို ဦးလေးကြီးကမြန်မာလူမျိုးလား´´


``အင်း!

ဒါပေမဲ့ကိုယ်ဒီမှာနေတာကကြာပြီ၊၁၅နှစ်လောက်ရှိပြီဆိုတော့ မင်းမမွေးခင်လောက်ကတည်းကထင်တယ်´´


``ဟွန့်!လျှောက်ပြောနေပြန်ပြီ

လွန်ခဲ့တဲ့၁၅နှစ်ကချစ်ရိပ်လူ့ပြည်ရောက်နေပါပြီနော်...၃နှစ်ရှိပြီ´´


``သြော်! ဒါဆိုမင်းကအခု၁၈နှစ်ပဲရှိသေးတာပေါ့´´


``ဟင်!´´


အခုမှပဲသူဘာလုပ်သည်ကိုရိပ်မိသွားရပြီး မျက်စောင်းကြီးကြီးထိုးလိုက်မိပါ၏။ကြည့်စမ်း!ကြည့်စမ်း...ဒါကကိုယ်ရေးအချက်အလက်ကိုစကားနှိုက်တာပေါ့လေ


ဟွန့်!လူလည်အကြီးစား

မုန်းလိုက်တာ~


``ကဲ! ထားပါတော့

မင်းဗိုက်ဆာနေတယ်မလား၊ကိုယ်စားစရာစီစဥ်ခိုင်းထားတယ်...ခဏနေလာပို့တဲ့အခါလိလိမ္မာမ္မာနဲ့စားပြီးဆေးသောက်ရမယ်နော်၊ကိုယ်အလုပ်ပြန်သွားရဦးမှာမို့´´


အံမယ်!အသေအချာမှာနေပုံကျတော့လည်း ဂရုတစိုက်နဲ့။လူကိုပဲသူမွေးထားတဲ့ကလေးမှတ်လို့...ငါနဲ့သူဖြင့်သိတာရက်ပိုင်းပဲရှိသေးတာကို...။


``ဘာတွေစူပုတ်ပြနေတာလဲ

ကိုယ်ပြောတာကြားလား´´


``ကြားဘူး

ရှင်ကြီး ချစ်ရိပ်ကိုဘာမှမလုပ်ခဲ့တာသေချာလားပဲပြန်ဖြေ´´


ဒီတစ်ကြိမ်အမေးမှာတော့ သူ့မျက်နှာကြီးထက်အပြုံးတွေပျောက်ကွယ်သွားလေ၏။ထမလိုဟန်ပြင်လိုက်ပြီးခါမှ ချစ်ရိပ်အနားသို့ပြန်ထိုင်ကာ မျက်နှာကိုစေ့စေ့ကြည့်ပြီး လည်တိုင်ရဲ့အနောက်ဘက်မှဆတ်ခနဲဆွဲ၍ သူ့မျက်နှာအနားနီးကပ်စေလိုက်လျှင် ချစ်ရိပ်ရဲ့မျက်နှာက သူ့မျက်နှာအနားအနီးဆုံးကပ်သွားရ၏။သူ့ဆီမှအသက်ရှူနှုန်းခပ်ပြင်းပြင်းတွေပင် ချစ်ရိပ်ရဲ့ပါးပြင်ဆီထိခတ်နေသည်မို့ လူကမျက်လုံးလေးဝိုင်းလာရစဥ် ဆွဲဆောင်မှုပိုသည့် နှုတ်ခမ်းဖျားထက်မှ ပြောလာသည်မှာ...


``ကိုယ်ပြောပြီးသားစကားကိုထပ်မပြောဘူး ဂျစ်တူး၊ကိုယ့်ကိုကြမ်းတမ်းချင်လာအောင်မလုပ်နဲ့နော်´´


``ဟင်´´


အခုမှပဲအသံလေးတိခနဲတိတ်ကျကာ လူကိုပြူးကြည့်နေသောမျက်လုံးဝိုင်းလေးကြောင့် သူ့စိတ်ထဲရယ်ချင်နေပေမယ့် မျက်နှာကတော့ခပ်တည်တည်သာလုပ်ထားလိုက်၏။တကယ်ပင်ကြောက်သွားပုံရသော သူမကတော့ခေါင်းလေးငုံ့ကာငြိမ်သက်နေလေရဲ့။သို့မှသူလည်း အခန်းအပြင်ဘက်သို့ထွက်လာခဲ့ကာ အစေခံဖြစ်သူကိုခေါ်လိုက်ပြီး...


``သူ့ကိုဆန်ပြုတ်သေချာကျွေးပြီးဆေးတိုက်ထားလိုက်...မငိုစေနဲ့၊ကိုယ်ကအရမ်းပူနေတာ...အဖျားမကျဘဲနေလိမ့်မယ်´´


``ဟုတ်ကဲ့ သခင်လေး´´


အသေအချာမှာကြားပြီးသည်နှင့် companyကိုထွက်လာခဲ့လိုက်၏။အခန်းထဲကမထွက်စေနဲ့လို့တော့ထပ်မပြောမိတော့ပါ။ဒီအိမ်ကနေ သူ့ခွင့်ပြုချက်မရှိရင်ထွက်ခွင့်ရမှာမဟုတ်မှန်း အားလုံးနားလည်နေပြီးသား။


~~~~~ 🍭🍭🍭🍭 ~~~~~


ည၏တိတ်ဆိတ်ခြင်းက သူ့ခြေလှမ်းတို့ကိုပို၍သွက်လက်စေ၏။လူခြေတိတ်သောပတ်ဝန်းကျင်၌ ကြားရသည့်ခြေသံတရှပ်ရှပ်ကအနည်းငယ်တော့ ခြောက်ခြားဖို့ကောင်းသည်။ထိုခြေသံအစုံက နန်းတော်တမျှကြီးမားထည်ဝါနေသော စံအိမ်တော်ရှေ့၌ရပ်တန့်သွားခဲ့၏။


``Winner´´စံအိမ်တော်...။


ထိုပိုင်နက်ကိုကျူးကျော်ဝင်ရောက်ဖို့ သူကြိုးပမ်းနေတာ၃ရက်ရှိခဲ့ပြီ။အစောင့်အကြပ်အထပ်ထပ်ရှိနေတာကြောင့် ဘယ်လိုမှဝင်လို့မရ၍အပြင်ဘက်ကသာအခြေအနေစောင့်ကြည့်နေရသည့်အဖြစ်။


အခုဆိုဟိုကလေးမလေးဘယ်လိုနေပါလိမ့်။သူတို့လိုရာကိုမေးလို့မရခဲ့ရင် ကလေးကိုတစ်ခုခုလုပ်မှာလည်းသူစိုးရိမ်သည်။ဒီကလေးမလေးနဲ့ဘယ်လိုဘဝရေစက်ရှိခဲ့ကြသည်မသိ။သူ မကယ်ရင်လည်းရတယ်၊လမ်းပေါ်မှာတွေ့တဲ့ကလေးတစ်ယောက်သက်သက်ပဲလို့တွေးဖို့ကြိုးစားလည်းမရ။ဘယ်လိုမှ မေ့ထားလို့မရ၍ သူဒီပတ်ဝန်းကျင်မှာပဲတဝဲလည်လည်ဖြစ်နေခဲ့သည်။


ယခုတော့ နောက်ထပ်တစ်လှမ်းထပ်တိုးဖို့ရည်ရွယ်ထားပါ၏။


ထို့ကြောင့်ညနက်သွားသည့်အချိန်ကိုစောင့်ကာ ခြံတံခါးအမြင့်ကြီးအနားသို့ချဥ်းကပ်သည်။မြင့်လွန်းသောအုတ်တံတိုင်းကြီးဖြင့်ကာထား၍ ခြံထဲဘက်ကိုမြင်ရဖို့ရန်တောင်ခဲယဥ်းပါသည်။သူကတော့ ခြံအနောက်ဘက်အုတ်တံတိုင်းအနီးရှိသစ်ပင်မှတစ်ဆင့် ခြံထဲဘက်သို့အခြေအနေလှမ်းကြည့်လိုက်၏။


မှောင်သည်...။ခြံထဲပတ်ဝန်းကျင်တစ်ခုလုံး ဒီညမှထူးထူးဆန်းဆန်းမှောင်နေ၏။အိမ်ကြီးပေါ်မှာတော့ တချို့အခန်းတွေလင်းနေသည်။


ကိစ္စမရှိ။ဒီအနေအထားလောက်ဆိုရင်တော့ သူမကိုရှာလို့ရနိုင်လောက်ပါ၏။မတော်တဆအဖမ်းခံရလျှင်လည်း သူမရှိသည့်နေရာကိုရောက်နိုင်လောက်မည်လေ။


ထိုအတွေးနဲ့ပဲ သူ ထိုသစ်ပင်ပေါ်မှတစ်ဆင့်ခြံထဲဘက်ဝင်လာခဲ့သည်။ခြေလှမ်းအနည်းငယ်သာလျှောက်ရသေးသောအနေအထားအရောက်တွင်တော့ အမှောင်ထဲတစ်နေရာမှထွက်လာသည့်အသံက...


``ဝုတ်! ဝုတ်!

ဂီး!!´´


``ဟင်!´´


ဆိုးဆိုးရွားရွားထိုးဟောင်လိုက်သောအသံတို့ဟာအတော်ပင်နီးနီးကပ်ကပ်ကျယ်နေသည်။ထိုမှသူ့ခြေလှမ်းတွေကို ခပ်မြန်မြန်ရွေ့လျားကာပုန်းခိုဖို့နေရာရှာနေမိ၏။


``ခြံထဲကိုလူကပ်နေပြီ

Dawn...စံအိမ်ဘက်ကစောင့်ကြည့်´´


ရုတ်ချည်းဆူညံလာသောအသံတွေနှင့်အတူ ခြံထဲပတ်လည်၌မီးတွေလည်းတဖျတ်ဖျတ်လင်းလာသည်။ထို့နောက်တွင်တော့...


~~~~~ 🍭 ~~~~~


ခြံထဲမှဆူညံပြေးလွှားသံတွေကြောင့် အမြဲတစေသတိရှိလွန်းသောမျက်ဝန်းတို့ဟာလည်းဖျတ်ခနဲပွင့်ခဲ့ပါသည်။ထို့နောက်နေရာမှထကာ မှန်တံခါးချပ်မှတဆင့်ခြံထဲကအခြေအနေကိုလှမ်းကြည့်လိုက်၏။အိမ်ကိုလူစိမ်းတစ်ယောက်ကျူးကျော်တာမဆန်းပါ။သို့သော် ဒီတစ်ခါအဖွဲ့လိုက်မဟုတ်ဘဲ တစ်ဦးတည်းကျူးကျော်လာတာက ဘယ်လိုသတ္တိကြောင့်လဲ?ဘာသဘောလဲ?ဘာလိုချင်တာလဲ?


``မဟုတ်မှလွဲရော

ဟိုကလေး...´´


စိတ်ကတွေးမိသည်နှင့်သူ့ခြေလှမ်းများက ဂျစ်တူးရှိရာအခန်းဆီဦးတည်လိုက်မိ၏။သူမရှိရာအခန်းတံခါးဆီဖွင့်ကြည့်မိချိန်မှာတော့ ခုတင်ထက်ကွေးအိပ်နေသော ပုစွန်ထုပ်လေးကအရင်အတိုင်းရှိသည်။ဟူး!တော်ပါသေးရဲ့။ကိုယ်ကဖြင့် သူမအလိုတူအလိုပါထွက်ပြေးဖို့ကြံနေမလားထင်မိတာလေ။


မဟုတ်သေးပါဘူး။ဒီကလေးလေးထွက်ပြေးမှာကို သူဘာကြောင့်စိုးရိမ်နေမိပါလိမ့်!တွေ့တာမှမကြာသေးတဲ့ ချာတိတ်လေးအပေါ် ဒီအသက်၃၀နီးပါးအရွယ်ယောကျ်ားတစ်ယောက်က ဘာဖြစ်ရတာပါလိမ့်။


နားမလည်စွာတွေးနေမိရင်း သူ့ခြေလှမ်းတို့က အခန်းငယ်ထဲသို့တရွေ့ရွေ့ဝင်လာခဲ့မိသည်။အလုပ်ကပြန်လာကတည်းက ထပ်လာမကြည့်ဖြစ်သေးတာမို့အဖျားတွေဘာတွေတက်နေမလားအထင်ကြောင့် နဖူးလေးပေါ်လက်ဖဝါးကပ်စမ်းကြည့်လိုက်၏။


``ကျစ်!

အဖျားကမကျသေးဘူးပဲ´´


``ဝုတ်! ဝုတ်!

ဒုန်း!!

ခွမ်း!!´´


``အဟင့်! အင်း!´´


သူမအနားမှာရှိနေရင်းကပဲ ခြံထဲကဆူညံသံတွေကိုကြားနေရပြန်သည်။ထိုအခါ ခုတင်ထက်လဲလျောင်းနေသည့်ခန္ဓာကိုယ်လေးကလည်း ဆတ်ခနဲလန့်တုန်သွားကာ ရှိုက်သံလေးထွက်လာသည်မို့ အနားလေး၌ဝင်ထိုင်လိုက်ပြီး ပါးပြင်လေးပေါ်လက်ဖြင့်ဖွဖွအုပ်ကိုင်၍...


``ဘာမှမဖြစ်ဘူးနော်

ကိုယ်ရှိတယ်...အိပ်၊အိပ်´´


နှုတ်မှအသာအယာချော့ပြောရင်း လက်တစ်ဖက်ကလည်းဖုန်းထုတ်၍ နံပါတ်တွေကိုနှိပ်သည်။


``မြန်မြန်လက်စသတ်လိုက်

အသံတွေအရမ်းဆူတယ်´´


``....´´


``ဒါဆိုလည်းဒီတစ်ညတော့လျှော်ပေးလိုက်

အခုချက်ချင်းတိတ်ဆိတ်သွားတာလိုချင်တယ်´´


တစ်ချက်လွှတ်အမိန့်ကိုပေးပြီးမှဖုန်းချပစ်လိုက်သည်။တစ်မိနစ်ပင်မကြာလိုက်...၊ခြံထဲဆူညံနေသမျှအသံအားလုံးတိတ်ဆိတ်သွားလေ၏။သည်တော့မှ လူးလွန့်နေသည့်ခန္ဓာကိုယ်လေးငြိမ်သက်သွားကာ ပြန်အိပ်ပျော်သွားလေရဲ့။


သူ မင်းကို လာရှာတာလား Baby!

ဒီလိုဆို မင်းနဲ့သူ့ကြား ထူးခြားတဲ့ပတ်သက်မှုမရှိဘူးဆိုတာ ကိုယ်ယုံလို့ရရဲ့လား။ရာရာစစ ကိုယ့်လက်ထဲကနေ မင်းကိုလုယူဖို့ကြိုးစားတာ တော်ရုံစွန့်စားမှုတော့မဟုတ်ဘူးနော်!


``ဟင်း!´´


စိတ်ထဲမရေမရာအတွေးများစွာနဲ့ သက်ပြင်းတစ်ချက်သာချမိလိုက်ရဲ့။ယုံတစ်ဝက်၊မယုံတစ်ဝက်နဲ့မိုးလင်းရမယ့်တစ်ညတာပါပဲ။


ကဲ! မင်းနိုးလာရင် ကိုယ့်ကိုတစ်ခုခုဖြေရှင်းပြဖို့ လိုပြီမထင်ဘူးလား ကလေးငယ်...။


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၆ဆက်ပါမည်။


ချစ်သည်းတို့အတွက် တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန် ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: