book

ချစ်တတ်ခြင်းက မင်းနဲ့မှ

Romance, Comedy, Drama

Read Book
  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama
  • Release : 25 Oct 2022
  • Language : Burmese
  • Type : Original
  • Total chapter : 18
  • Total subscriber : 0
  • Rating :
  • Status : Ongoing

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ Intro ♡ ==========


``အချစ်က မှော်ဆန်တယ်၊ပြုစားချက်ပြင်းတယ်လို့လူတွေပြောကြပေမယ့် ကိုယ်ဘယ်တုန်းကမှအယုံအကြည်မရှိခဲ့ဖူးဘူး ကလေးငယ်...


အလှမ်းဝေးအေးစက်နေတဲ့ အဲ့ဒီ့ခံစားချက်တွေကို မင်းကြောင့်သာ တစ်ချက်ပြန်ငဲ့ကြည့်ဖြစ်ခဲ့တယ်...


အင်း! အဲ့ဒီ့နောက် အချစ်မှာကျရှုံးသွားခဲ့တာများ ကိုယ့်ကိုကိုယ်တောင်မယုံနိုင်လောက်တဲ့အထိပဲ´´


>>> ထိုင်းနိုင်ငံရဲ့စီးပွားရေးနယ်ပယ်ထဲ ထိပ်တန်းအဆင့်ဖြင့်အောင်မြင်၍ အလုပ်တစ်ခုကိုသာဦးစားပေးရင်း အချစ်ဆိုသောအရာနှင့် ခပ်ကင်းကင်းနေထိုင်ခဲ့တဲ့ `သူ´။


တစ်နေ့သ၌ ချစ်ခြင်းမဲ့သော ထိုနှလုံးသားထံသို့ ရေမြေခြားကဖူးစာရှင်ချာတိတ်လေး ဝင်ရောက်လာခဲ့ရာဝယ်...


မိမိအားအသက်အန္တရာယ်ပေးမည်ဟုထင်မှတ်ခဲ့သောလွဲမှားမှုကြောင့် သူမလေးရဲ့ဘဝအမှန်ကိုမသိပါဘဲ အနားမှာခေါ်ဆောင်ဖမ်းဆီးထားမိရင်း ထိုကလေးလေးအပေါ် အမှန်တကယ်မြတ်နိုးသက်ဝင်မိလေတော့...


``မင်းကကိုယ့်အသက်ကိုအန္တရာယ်ပေးမယ့်ကလေးလို့ ကိုယ်အစကထင်ခဲ့ဖူးတယ်။ဒါပေမဲ့ တကယ်တမ်း မင်းအန္တရာယ်ပေးပြီး အပိုင်ယူသွားခဲ့တာ ကိုယ့်ရင်ထဲကနှလုံးသားကိုပဲ´´

                                   

                                             (🍭ခိုက်ရန်ရှင်း🍭)


~~~~~~~~~~~~~~~~~~~~~~~~~~


``အချစ်ဆိုတဲ့အရာလေးက ကြည်နူးဖို့ကောင်းမှန်းသိပါတယ်၊ကိုယ့်ကိုတော့ဘယ်သူမှမချစ်ကြတာခက်တယ်...


ဒါပေမဲ့ နယ်ကျွံသွားတဲ့ရပ်ဝန်းတစ်ခုဆီမှာ ထူးခြားတဲ့တစ်စုံတစ်ယောက်ကိုရှာတွေ့ခဲ့တယ်...


တော်ရုံမဟုတ်တဲ့တိုက်ဆိုင်မှုတစ်ခုရဲ့နောက်... ကိုယ်ဟာသူ့ပိုင်နက်ထဲပိတ်မိသွားလိုက်တာများ ဘယ်လိုမှပြေးမလွတ်နိုင်အောင်ပဲ´´


>>>ငယ်စဥ်ကတည်းက မိသားစုရဲ့အလိုလိုက်ခြင်းခံရသူဖြစ်သော်လည်း ဘယ်သူကမှ သူ့ကိုမချစ်ဘူးဟုသာ အမြဲပြောရင်း ဆိုးသွမ်းတတ်သော ဂျစ်တူးလေး...`သူမ´။


အသက်၄နှစ်အရွယ်တည်းက စိတ်ကောက်တိုင်းအိမ်ပေါ်ကဆင်းရန်ကြံစည်တတ်သော သူမလေး...အသက်၁၈နှစ်အရွယ်မှာတော့ ထိုအကြံအစည်ကိုတကယ်ပဲဖြစ်မြောက်စေခဲ့တဲ့အခါ... 


မိသားစုရဲ့စီစဥ်မှုတစ်ခုအားငြင်းဆိုချင်၍ ရေမြေခြားအထိထွက်ပြေးခဲ့သော အိမ်ပြေးလေးတစ်ယောက် ရုန်းထွက်မလွယ်သောရင်ခွင်တစ်ခုထံ ပိတ်မိခဲ့စဥ်မှာတော့...


``ချစ်ရိပ်က လူနော် ဦး

ဒီလိုမျိုးလှောင်အိမ်ထဲ ကြိုးတုပ်ပိတ်လှောင်ခံထားရအောင် ချစ်ရိပ်ကဦးပိုင်တဲ့ အရုပ်ကလေးမှမဟုတ်တာ´´


                                        (🍭ချစ်ရိပ်ဖန်ဆင်း🍭)


~~~~~~~~~~~~~~~~~~~~~~~~~~~


ချစ်ခြင်းတစ်ခုကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ခံစားချက်၊ခံယူချက်တွေ တကယ်ပဲပြောင်းလဲနိုင်ပါသလား?


တည်ငြိမ်အေးစက်နေသော နှလုံးသားထံသို့ ဂျစ်ကန်ကန်နှောင်ကြိုးလေးတစ်မျှင် တွယ်နှောင်ရစ်ငင်ခဲ့သော်...


အချစ်ဟာမလိုအပ်ပါဘူးလို့ထင်မှတ်ခဲ့သောနှလုံးသားမှသည်...အချစ်သာလျှင်အလိုအပ်ဆုံးဟုပြောင်းလဲသတ်မှတ်စေခဲ့မိသော အဖြေက...


                             (🍭ချစ်တတ်ခြင်းက မင်းနဲ့မှ...🍭)


``ချစ်ရိပ်က အရမ်းဆိုးတဲ့ကလေးနော် ဦး

ဒယ်ဒီပြောတာတော့ မာမီနွဲ့ဆိုးထက်တောင်ပိုဆိုးတယ်တဲ့´´


``အဟင်း! ရတယ်

ကိုယ်က လိမ္မာတဲ့ကလေးတွေကိုမချစ်ဘူး´´


~~~~~~~~~~~~~~~~~~~~~~~


>>>My New Fiction


>>>Coming Soon


>>>Writer by WineSatt Cho(🍋Lëmoñ🍋)

Back