book

Index 2

အခန်း ၂

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၂ ♡ ==========


``အဟင့်!အဲ့ဒါ ကိုကို့ကြောင့်

ကိုကိုကသမီးကိုအရမ်းဆူပြီး ဟိုပို့မယ်၊ဒီပို့မယ်ပြောနေတာ ကလေးကြားသွားလို့ဖြစ်မှာ ဟင့်! ဟင့်!´´


``ကလေးရယ် တိတ်ပါကွာ

ခဏလေး၊ခဏလေး ကိုကိုစဥ်းစားပါရစေဦး´´


``ဘာမှစဥ်းစားမနေနဲ့၊အဲ့ဒီ့အိမ်ကိုမသွားချင်လို့ သမီးထွက်ပြေးသွားတာ...အဆိုးသိတယ်၊သမီးကို ပြန်ရှာပေး...ပြန်ခေါ်ပေးလို့´´


အေးစက်စက်လက်ဖျားလေးဖြင့် အင်္ကျီကိုလာဆောင့်ဆွဲရင်းအော်ငိုနေသည့် ဆိုးကြောင့် လင်းညမှာလည်း ပိုပြီးရင်တွေဗြောင်းဆန်လာရသည်။ညနေကတည်းကအခုထိမရပ်မနားငိုနေခဲ့တာမို့ ကြာရင် တစ်ခုခုဖြစ်သွားမှာပင်စိုးရ၏။ပြီးတော့ သမီး...၊အရင်လည်းအပြင်ကိုသွားလာနေကြပဲမို့ တစ်နေကုန်အိမ်မှာမတွေ့ရလည်းနေသာသေးသည်။သို့သော်အခုက တဖြေးဖြေးမိုးချုပ်နေပြီ။သမီးရဲ့သူငယ်ချင်းတွေဆီဆက်သွယ်ကြည့်တော့လည်း အားလုံးကအိမ်မှာရှိနေသည်။ဒါ့အပြင်ပိုဆိုးသည်က သူတို့ပြန်ပြောသည့်စကား။


ချစ်ရိပ်က သူအိမ်ထဲကအိမ်ပြင်တောင်ထွက်မရဘူးလို့ပြောခဲ့သတဲ့။ဒါကြောင့်သူတို့နဲ့တောင်တစ်နေကုန်မတွေ့ဖြစ်ဘူးဆိုပဲ။ကောင်းပါရောလား!နှစ်ဖက်ကြားမှာလူလည်ကျပြီး ဒီကလေးလေးဘယ်ကိုလျှောက်သွားနေပါလိမ့်!တစ်ဖက်ကအဖိုးအဖွားတွေမှာလည်း ကြားပြီးပြီးချင်းကတည်းကဟိုပြေး၊သည်ပြေးနဲ့ စိတ်ပူပြီးတငိုငိုတရီရီ။နွဲ့ဆိုးကလည်း တစ်ညနေလုံးမရပ်မနားဆက်တိုက်ငိုနေခဲ့၏။သူကရော ဘာထူးလဲ?စိတ်ပူရလွန်းလို့ ရင်မှာမီးတွေတောက်နေသလိုပဲ။


လူမကြောက်တတ်တာ၊သတ္တိရှိပြီးသွက်လက်တာက ပြသာနာမဟုတ်ပေမယ့် ရဲတင်းလွန်းတာကတော့ပြသာနာဖြစ်လာပြီ။ငယ်စဥ်ကတည်းက သူ့ကိုဆူလို့စိတ်ကောက်တိုင်း အိမ်ပေါ်ကဆင်းမယ်ဆိုပြီးအထုပ်တပြင်ပြင်လုပ်နေခဲ့သမျှ အခုတော့တကယ်များဖြစ်ကုန်လေပြီလား။


ဟား!တကယ်ကို စိတ်မအေးရပါလားကွာ~


လင်းညသက်ပြင်းတွေအကြီးအကျယ်ချကာ လက်ကလည်း စုံစမ်းရမယ့်နေရာမှန်သမျှ ဖုန်းနံပါတ်တွေကိုတရစပ်နှိပ်သည်။ဘယ်လိုပဲဖြစ်ဖြစ် သမီးကိုအပြင်မှာအကြာကြီးလွှတ်ထားလို့မရပါ။မိဘတွေဒီလောက်ထိန်းနေရင်းတောင် ပြသာနာကိုမရမက ရှာနေတာ။မိဘမျက်စိအောက်ကပျောက်သွားရင်တော့ဖြင့် တကယ်ကိုမတွေးရဲစရာ...။


~~~~~ 🍭🍭🍭🍭 ~~~~~


``ဟဲ့!ချစ်ရိပ်ဖန်ဆင်း

နင် အိပ်ရာကနေမထသေးဘူးလား

အခုချက်ချင်း ထစမ်း´´


``ဟင့်!ထချင်ဘူး´´


``နင် ငါ့အိမ်မှာနေရင် ဒီလိုအချိုးမျိုးနဲ့မရဘူး

သွား! အခုချက်ချင်းထမင်းဟင်းတွေသွားချက်´´


``မချက်နိုင်ပါဘူး၊ချစ်ရိပ်မှမချက်တတ်တာ´´


``မချက်တတ်ရင်သင်ရမယ် လာခဲ့´´


နားထဲမှာကြားနေရသော အသံတွေကခါးသီးလှသည်။မသိဟန်ဆောင်သော်လည်း ဆက်တိုက်ကိုကြားနေရတာမို့ ခေါင်းတွေပါကိုက်ချင်လာရ၏။


``နင် ပန်းကန်တွေဆေးထားတာပြောင်လည်းမပြောင်ဘူး၊ငါနင့်ကိုအဲ့လိုသင်ထားသလား?တကတည်း မိန်းကလေးဆန်တာဘာမှကိုမရှိဘူး´´


``ဟဲ့! ဒီမှာအဝတ်လာလျှော်´´


``မိချစ်ရိပ် ညည်းအခုထိဘုရားစာတွေလာမကျက်သေးဘူးလား´´


``နင် ဒီနေ့ကြမ်းတိုက်ရမယ်´´


``အား!! ငါမလုပ်နိုင်ဘူး၊မလုပ်နိုင်ဘူး

ဘာမှမလုပ်ဘူး...ရား!!´´


``ဒုန်း!´´


``အမေ့! 

အိုက်ယိုး!သေပါပြီ´´


မျိုးစုံကြားနေရသောအသံတွေ၊မြင်ယောင်နေသောပုံရိပ်တွေကြားမှ အသည်းအသန်ရုန်းထွက်ရင်း လူကကြမ်းပေါ်ဘုတ်ခနဲပြုတ်ကျမှပဲ လက်ရှိအသိဆီပြန်ရောက်ကာ မျက်လုံးတွေပါအထိတ်တလန့်ပြူးကျယ်သွားရ၏။လူကလည်းတော်တော်အီစိမ့်သွားပြီ။ပတ်ဝန်းကျင်အခြေအနေကိုကြည့်မှ ကိုယ်ဘယ်ရောက်နေမှန်းပြန်သတိထားမိသည်။


``ဗုဒ္ဓေါ! ငါအိပ်မက်မက်နေတာပဲ´´


``.....´´


``ကြည့်စမ်း!ကြည့်စမ်း ဆိုးရွားလိုက်တဲ့အိပ်မက်

ငါလေးသနားဖို့ကောင်းလိုက်တာ´´


အိပ်မက်ဖြစ်မှန်းသိလိုက်ရမှပဲ ကယောက်ကယက်စိတ်တွေငြိမ်သက်သွားကာ နေရာမှထရပ်လိုက်မိ၏။အဲ့ဒီ့စံအိမ်ကြီးကိုမသွားချင်တဲ့ကြောက်စိတ်နဲ့ပဲ အိပ်မက်တွေပါလိုက်မက်နေရတယ်လို့...။တကယ်ပဲ၊ဆိုးရွားလိုက်တာ။


``အာ!ဗိုက်ဆာနေပြီ

အပြင်ခဏထွက်ဦးမှ´´


မကျေမနပ်တွေးရင်းမှ ပြားကပ်နေပြီဖြစ်သောဗိုက်လေးကိုလက်ဖြင့်ပွတ်ကာ ရေချိုးခန်းရှိရာဘက်ဆီထွက်လာခဲ့၏။


``အဟင့်! ဟင့်! ညစ်ပတ်လိုက်တာ

ရေက ဘာအရောင်ကြီးတုန်း´´


``....´´


``ပေးထားတဲ့သဘက်ကလည်း ငါ့အိမ်ကအဝတ်စုတ်လောက်တောင်မသန့်ဘူးဟာ´´


ရေချိုးခန်းထဲရှိနေသည့်ပစ္စည်းတွေအား တစ်ခုချင်းလိုက်ကြည့်ကာ ငြူစူနေမိသည့်ဟန်က တကယ့်ကိုစိတ်ပျက်လက်ပျက်အသွင်။ဒယ်ဒီကနိုင်ငံတိုင်းရဲ့ hotelပိုင်းတွေကို နှံ့နှံ့စပ်စပ်ကျွမ်းဝင်သူမို့ နာမည်ကြီးလွန်းတဲ့ အမိုက်စားhotelတွေမှာ တည်းလို့မရတာလည်း တစ်ဒုက္ခ။လက်ရှိနေရာက မထင်ရှားတဲ့hotelအသေးစားလေးတစ်ခုမို့ ဝန်ဆောင်မှုတွေဟာလည်း တကယ်ကိုညံ့တာ။မြန်မာနဲ့စင်္ကာပူမှာ ဟိုတယ်များစွာပိုင်တဲ့ Presidentဦးလင်းညရိပ်ရဲ့သမီးက ဒီလိုမျိုးဗရုတ်သုတ်ခဘဝနဲ့တဲ့လား။


ဟူး!! ငါလေးအိမ်ပြေးလုပ်ရတာလည်း လွယ်ကူမနေလိုက်တာ။


``ဒါတွေအားလုံးက ဒယ်ဒီ့ကြောင့်ပဲ

ဒယ်ဒီ့ကိုလုံးဝမကျေနပ်ဘူး၊ဘယ်လိုပဲနေရနေရ ဒီတစ်သက်ဒယ်ဒီ့ဆီ ချစ်ရိပ်လုံးဝမပြန်ဘူး...ဟွန့်!´´


ဒီလိုဆုံးဖြတ်ထားပေမယ့်ချစ်ရိပ်မာမီ့ကိုတော့ သတိရပါတယ်။မာမီက စိတ်မကောင်းစရာနည်းနည်းလေးတွေ့ရင်တောင် အများကြီးငိုတတ်တာ။ငယ်ငယ်ကလည်း ချစ်ရိပ်ဒယ်ဒီနဲ့မာမီကိုစိတ်ကောက်ရင် အထုပ်ဆွဲလို့အိမ်ပေါ်ကဆင်းတတ်ပေမယ့် အဲ့ဒီ့တုန်းကတော့ ဘိုးဘိုးဘွားဘွားတို့ဆီပဲဆင်းခဲ့တာ။ငါးရက်၊တစ်ပါတ်လောက်နေပြီးတဲ့အခါ ဒယ်ဒီပြန်လာချော့ရင် စိတ်ပြေပြီးပြန်လာနေကျ။


အခုတော့မပြောမဆိုနဲ့ထွက်လာခဲ့တာမို့ မာမီ စိတ်ပူပြီးအရမ်းငိုနေတော့မှာပါပဲ။ထားပါတော့လေ!ဒယ်ဒီရှိနေတာပဲ။မာမီငိုရင် ဒယ်ဒီကမမောနိုင်၊မပမ်းနိုင်နဲ့တဖွဖွချော့ပါလိမ့်မယ်။


``ဒီတစ်ခါတော့ ချစ်ရိပ်ကဒယ်ဒီ့ကိုအကြာကြီးစိတ်ကောက်ပစ်မယ်´´


နှုတ်ခမ်းလေးစူကာ တွေးတောနေရင်းမှပြတ်သားသောဆုံးဖြတ်ချက်ကြီးဖြင့် ကိုယ်လက်သန့်စင်ခြင်းအလုပ်ကိုစတင်လိုက်သည်။နေရတာအဆင်မပြေလည်း ဒီနိုင်ငံမှာချစ်ရိပ်ခဏတော့သောင်တင်နေလိုက်ဦးမည်။ပြီးမှပဲ ဘာဆက်လုပ်မယ် စဥ်းစားတာပေါ့။ 


သို့နှင့် ရေချိုးခန်းမှထွက်လာပြီး နဂိုလှပြီးသားရုပ်ခံလေးပေါ် suncreamအနည်းငယ်လိမ်းကာ ပန်းဆီရောင်lip glossလေးခပ်ဖွဖွတင်သည်။ဂုတ်ဝဲလေးသာရှိသောဆံပင်ကိုတော့ အကျအနဖြီးမနေဘဲ လက်ဖြင့်နှစ်ချက်သုံးချက်သပ်၍ နဖူးရှေ့ဆံမြိတ်လေးတွေကိုသာ ပုံကျပန်းကျလေးဖြီးလိုက်ခြင်းဖြင့် ခေါင်းဖြီးတဲ့အလုပ်ကပြီးပြီ။အဝတ်အစားကတော့ မနေ့ကညစျေးတန်းတစ်ခုမှာ ဝင်ဝယ်ခဲ့သော ဂျင်းဘောင်းဘီအတိုလေးနှင့် အဖြူရောင်croptopခါးတိုလေးကိုထုတ်ဝတ်လိုက်သည်။ထိုအပေါ်မှ ယောကျ်ားဝတ်ရှပ်ပွပွလေးပါထပ်ဝတ်ပြီး ကြယ်သီးတွေလှစ်ဟကာ ခါးပေါ်၌ခေါက်ထုံးလေးစုချည်လိုက်၏။ထို့နောက် လျှာထိုးဦးထုပ်အပြာနုရောင်လေးကိုဆောင်း၍ နေကာမျက်မှန်အနက်လေးကိုရင်ဘတ်၌ချိတ်သည်။


ကိုယ်လုံးပေါ်မှန်ချပ်ရဲ့ရှေ့ တစ်ပတ်လှည့်ကာ ကိုယ့်ပုံရိပ်ကိုပြန်ကြည့်လိုက်တော့ သေးသွယ်လှပပြီးချစ်ဖို့ကောင်းနေသည့်ပုံရိပ်လေးကြောင့် သဘောတကျပြုံးမိလိုက်၏။


``မိုက်တယ်

ငါလေးက အရမ်းချစ်ဖို့ကောင်းတာပဲ အဟီး!´´


မှန်ထဲသို့ကြည့်ကာ ရယ်ရယ်မောမောပြောလိုက်ပြီးနောက် လွယ်နေကျကျောပိုးအိတ်လေးယူ၍အခန်းမှထွက်လာခဲ့ပါ၏။အမြဲတမ်း ရဲဝံ့တက်ကြွနေတတ်သောခြေလှမ်းလေးများကတော့ မြို့ထဲလျှောက်လည်ဖို့ရွယ်နေသည်။သူမက လောကကြီးရဲ့မာယာများတတ်မှုတွေ၊လှည့်စားမှုတွေကို နားမလည်သေးတဲ့ အသက်၁၈နှစ်အရွယ်ချာတိတ်မလေးတစ်ယောက်ပါလေ။ဒီတော့အလိုလိုက်ခံထားရခြင်းတွေနဲ့နေသားကျခဲ့တဲ့ဘဝဟာ တကယ်ကိုEasy Goingပဲ။ဘာလုပ်လုပ်ဟုတ်နေတာပဲ။ရောက်လေရာမှာ ပျော်ပျော်နေတတ်တယ်။ 


သို့သော် အရာရာမှာထင်ရာစိုင်းတတ်လွန်းရင် မမျှော်လင့်သော ကံဆိုးခြင်းတွေဟာလည်း ကိုယ့်ဆီရောက်လာနိုင်မှန်း ထိုစဥ်အခါမှာတော့ သူမ,နားမလည်မိခဲ့...။ 


~~~~~ 🍭 ~~~~~


``Wow! လှလိုက်တာ´´


လူတွေစည်ကားသည့်လမ်းပေါ် ချစ်ရိပ်တစ်ယောက်တည်းလျှောက်ရင်း ဟိုငေးသည်ငေးလုပ်နေမိပါ၏။ဘန်ကောက်မြို့ရဲ့ညနေခင်းက လူတွေစည်ကားပြီး ကားတွေလည်းရှုပ်သည်။တစ်နေကုန်လျှောက်သွားနေတာတောင် နေရာတိုင်းက ချစ်ရိပ်အတွက်ဆန်းဆန်းပြားပြားတွေချည်း။ငယ်စဥ်ကတစ်ကြိမ်ပဲရောက်ဖူးတာကြောင့် ဘာမှလည်းမမှတ်မိဘူးလေ။


``အယ်! ဟိုမှာice creamရောင်းတာပဲ´´


ရေခဲမုန့်ချစ်သူလေးမို့ ဆိုင်ကိုတွေ့သည်နှင့်မျက်လုံးလေးတွေအရောင်တောက်သွားရသည်။


``နေဦး!ဒီတစ်ခါထိုင်းလိုပြောချင်တယ်

ငါ့ဖုန်းဘယ်နားမှာပါလိမ့်!´´


ပါးစပ်ကတလှုပ်လှုပ်ပြောရင်း ကျောပိုးအိတ်ထဲပျောက်နေသည့်ဖုန်းကိုရှာဖွေနေမိ၏။sim cardအသစ်လဲပစ်ထားတာမို့ ဖုန်းသုံးတာကပြသာနာမရှိတော့ပေ။အခါများစွာမှာအင်္ဂလိပ်လိုပြောပေမယ့် ထိုင်းလိုတော့မတတ်သေးတာမို့ ဖုန်းထဲက google translateကိုမြန်မာအသံထွက်နားထောင်ပြီးပြောသည်။စာအုပ်ကြည့်ပြီးပြောသည်။ဒီလိုနဲ့ပဲ အခန်းငှားတာ၊ပစ္စည်းဝယ်တာတွေက အဆင်ကိုပြေလို့လေ...။ယခုလည်း ရေခဲမုန့်သွားဝယ်ရန် စကားပြောအသံထွက်ရှာနေစဥ်...


``တီ!´´


``ဟင်!´´


အရှိန်ပြင်းစွာမောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီး ချစ်ရိပ်ဘေး၌ လွှားခနဲရပ်လိုက်ကာ လက်တံတောင်ဆစ်၌ချိတ်လျက်ဖြစ်နေသော ကျောပိုးအိတ်ကိုဖြတ်ခနဲဆွဲလုယူသည်။ထို့နောက် လက်ထဲကဖုန်းကိုပါ လုသွားတာကြောင့် လူကမျက်လုံးလေးပြူးသွားရပြီး...


``ရှင်တို့ဘာလုပ်တာလဲ

ကျမအိတ်ကိုလွှတ်!!´´


``....´´


``အား!

ကယ်ကြပါဦး၊ဒီမှာကျမအိတ်ကိုလုနေလို့

Help me!´´


ဘာသာစကားမတူလည်းအခြေအနေကိုတော့ရိပ်စားမိကြမှာပါ။သို့သော် ချစ်ရိပ်အခြေအနေကိုဝိုင်းကြည့်ရုံမှတစ်ပါး ကူညီမဲ့သူကပေါ်မလာ။ဖုန်းကတော့သူတို့လက်ထဲပါသွားသည့်တိုင် လွယ်အိတ်ရဲ့ကြိုးစကိုလက်တစ်ဖက်ဖြင့်ပြန်ဆွဲထားတာကြောင့် အခြေအနေကဟိုဘက်သည်ဘက်တင်းမာလှ၏။ချစ်ရိပ်ရဲ့အင်အားသေးသေးလေးက ယောကျ်ားအားကိုတော့မယှဥ်နိုင်၍ လက်ကဆတ်ခနဲလွတ်ထွက်သွားပြီး လူလည်းမြေပြင်ပေါ်ပုံလျက်သားလဲကျသွားခဲ့စဥ် ဆိုင်ကယ်ပါလာသည့်သူတို့က ခပ်လျင်လျင်ပင်မောင်းပြေးသွားလေပြီ။


``ဟာ!ဟေ့လူတွေ...ငါ့အိတ်!!´´


လူကလဲကျနေသည့်တိုင် အသံစာစာလေးကတော့လှမ်း၍အော်ဟစ်နေဆဲ။သို့သော်လည်း ဆိုင်ကယ်ကဖြင့် လှစ်ခနဲပျောက်သွားခဲ့လေပြီ။အနီးဝန်းကျင်ကလူတွေလည်း စိတ်ဓာတ်...၊ဖြစ်တုန်းက ကူညီမယ်တော့မရှိဘဲ ဖြစ်ပြီးခါမှအခြေအနေကိုသဘောပေါက်သလိုလို၊လူကိုပဲသနားသလိုလိုနဲ့ ကွက်ကြည့်၊ကွက်ကြည့်လုပ်နေလေ၏။


ရှိစုမဲ့စုလေးတွေပါသွားတာမို့ ချစ်ရိပ်လည်းတော်တော်လေးထိတ်လန့်သွားရသည်။သူများနိုင်ငံမှာရောက်နေပါတယ်ဆိုမှ မမျှော်လင့်ဘဲဒီလိုကံဆိုးရတယ်လို့။ချစ်ရိပ်တော့ ဝမ်းနည်းလွန်းလို့သေချင်တော့တာပဲ တကယ်!


``အဟင့်!ဟင့်!လူဆိုးကောင်တွေ

ငါကဘယ်သွားရတော့မှာလဲလို့ အီး!ဟီး!´´


အခုမှပဲတစ်ယောက်တည်းဖြစ်နေရသည့်ခံစားချက်အတွက် သိမ်ငယ်စိတ်လေးဝင်လာ၏။အဲ့ဒီ့အိတ်ထဲမှာ ချစ်ရိပ်ရဲ့IDကဒ်တွေအပြင် တခြားသောကဒ်တွေနဲ့ပိုက်ဆံတွေလည်းပါသည်။ဒယ်ဒီပေးတဲ့ကဒ်တွေကတော့ ထုတ်သုံးရင် ခြေရာခံမိမှာစိုး၍ဒီအတိုင်းပဲထည့်ထားခဲ့တာ။အခုတော့အဲ့ဒါတွေလည်းပါသွားပြီ။အဆိုးဆုံးက ဖုန်းပါယူသွားသည့်အတွက် ရှေ့ဆက်ဖို့တော်တော်ခက်ခဲပါပြီ။ဖုန်းမရှိ၊ပိုက်ဆံမရှိနဲ့ တစ်ပါးသူနိုင်ငံမှာဘယ်လိုလုပ်နေမည်နည်း။တစ်ရက်ထပ်နေဖို့မပြောနဲ့၊အခုတင် hotelပြန်ရမယ့်လမ်းကိုမမှတ်မိ။


ကားငှားရင် ဖုန်းထဲကlocationပြပြီးသွားလို့ရသည်။အခုကကျ ပိုက်ဆံလည်းမရှိ။ရုတ်တရက်ဆန်လွန်းတဲ့ ဒီကံဆိုးမှုမှာ ချစ်ရိပ်လေးလမ်းပျောက်ရပါပြီ။


အဟင့်!! ဒယ်ဒီရေ...

ဟင့်!


~~~~~ 🍭🍭🍭🍭 ~~~~~


``Cut!

Ok!ရပြီ၊အားလုံးအဆင်ပြေပါတယ်´´


``Thank you´´


``မဟုတ်တာ

ကျွန်တော်တို့ရဲ့ဖိတ်ကြားမှုကိုလက်ခံပြီး interviewလုပ်ခွင့်ပေးတဲ့အတွက်သာ ကျေးဇူးပါ Mr.Khite´´


``ရပါတယ်´´


``ဒါဆို videoကိုeditပြီးမှ မနက်ဖြန်ပို့ပေးပါမယ်၊စစ်ဆေးကြည့်ပြီးအဆင်မပြေတာ၊မကြိုက်တာရှိရင် ပြန်ပြောပေးပါ´´


``ဟုတ်ပြီ၊

အလုပ်ကိစ္စရှိသေးလို့ ဒီလောက်ပါပဲ´´


လျော့ရဲသောနှုတ်ဆက်စကားဖြင့်သာ ကျောခိုင်းထွက်လာခဲ့လိုက်၏။ခိုက်ရန်ရှင်းရဲ့ပုံစံကဘယ်သောအခါမှ ဖော်ရွေမှုမရှိ။မျက်နှာကတည်တင်းသည်လည်းမဟုတ်ဘဲ ဘာရယ်မှခံစားချက်ကိုမည်မည်ရရမဖော်ပြသည့်ရုပ်။ပြောရရင် ရေခဲရိုက်မျက်နှာထားပေါ့။တစ်ချို့ကတော့မာနကြီးတယ်၊ဘဝင်မြင့်တယ်ပြောကြသည်။


No,အမှန်တော့အဲ့လိုလည်းမဟုတ်ပါ။ဒီအတိုင်းသူ့ပုံစံကိုက အေးတိအေးစက်ကြီးနဲ့ခံစားချက်မဲ့နေတာတော့ မတတ်နိုင်။ပြင်ယူလို့လည်းမရ၊ဒီပုံစံနဲ့နေသားကျခဲ့တာ အသက်ပဲ (၂၉)နှစ်ရောက်နေပြီလေ။အခုမှ ဖော်ရွေသဘောကောင်းပြီး ဟီးဟီးဟဲဟဲလုပ်နေရင်လည်း ပေါတောတောကြီးဖြစ်မနေဘူးလား။


ထားပါ!နေမြဲအတိုင်းပဲ ကောင်းပါတယ်။


``Boss ဒါက မနက်ဖြန်meetingမှာဆွေးနွေးမယ့်detailတွေနဲ့productပိုင်းရဲ့တိုးတက်မှုreportပါ၊ပြီးတော့ ဒါက အသစ်ဆောက်မယ့်အိမ်ရာစီမံကိန်းအတွက်ဒီဇိုင်းပုံကြမ်းတွေ´´


``အင်း!ထားခဲ့လိုက်

ပြီးရင် မင်းတစ်ခါတည်းပြန်လို့ရပြီ´´


``ဟုတ်၊companyမှာ ဖိုင်တစ်ချို့ဝင်ယူပြီးရင်ပြန်လိုက်ပါမယ်´´


စကားပြောပြီးသည်နှင့် လက်ထဲရောက်လာသည့်laptopကိုသာအာရုံစိုက်လိုက်တော့သည်။လူတွေစည်းကားနေသည့်လမ်းဘေးတစ်ဖက်ကို ဒီနေ့တော့ဖြင့် သူလှမ်းမကြည့်မိ။ကားပေါ်ရှိနေစဥ်တစ်လျှောက်အလုပ်ကိုသာစိတ်ရောက်နေရင်း companyရဲ့ underground parking၌ ကားရပ်လိုက်စဥ်...


``ကျွီး!´´


နေရာတကျparkingယူလိုက်သော သူတို့ကားရှေ့သို့ ကန့်လန့်ဖြတ်အနေအထားဖြင့် ဝေါခနဲပိတ်ရပ်လိုက်သည်က အနက်ရောင်ကားတစ်စီး။ထို့နောက် အနက်ရောင်ဝတ်စုံတွေပဲဝတ်ထားသော လူတစ်စုကားပေါ်မှဆင်းလာ၏။သေချာပါသည်။နောက်ထပ်တစ်ကြိမ်သော တိုက်ခိုက်မှုတို့သူ့ထံဦးတည်လာပြန်ပြီ။


``ကျွန်တော်တို့ဖြေရှင်းလိုက်ပါမယ်´´


Dawnရဲ့အပြောကိုခေါင်းငြိမ့်လက်ခံလိုက်ရင်း တစ်ဖက်လူတွေကိုလည်း အကဲခတ်ကြည့်လိုက်၏။၁၀ယောက်ဆိုတော့ လူကများပါသည်။ဒီဘက်မှာတော့ခိုက်အပါအဝင် Dawnနဲ့Davidနှစ်ယောက်သာအပိုရှိပြီး ဘေးကကားမှာသူ့bodyguard2ယောက်ရှိသည်။အပြင်ထွက်ရင်ဘေးမှာလူများတာလည်းသိပ်မကြိုက်သူမို့ bodyguardကိုနှစ်ယောက်အပြင်ပိုမထားခဲ့တာလေ။ဆိုတော့ကာ ခိုက်တို့ဘက်က၅ယောက်၊တစ်ဖက်က၁၀ယောက်။ရုံးဆင်းချိန်ကျော်သွားပြီမို့ ဝန်ထမ်းတွေလည်းရှိမနေတော့ပေ။


``ဆွေးနွေးစရာလေးရှိလို့ ကျွန်တော်တို့စကားခဏပြောရအောင်´´


``ဆွေးနွေးချင်တယ်ဆိုရင် လူကြီးလူကောင်းဆန်တဲ့နေရာကနေဝင်သင့်တာပေါ့´´


ထိုစကားနဲ့အတူ ကားတံခါးကိုဖွင့်ကာ ရှေ့ကိုထွက်လာသူက `ခိုက်ရန်ရှင်း´။ကိုယ်ဟာဦးတည်ခံထားရသည့်ပစ်မှတ်မှန်းသိပါလျက်လည်း အဲ့လိုထိပ်တိုက်တွေ့တတ်ပြီး ဘာကိုမှလည်းမကြောက်တတ်။အခုလိုတည့်တွေ့ရမယ့်အနေအထားဆိုလည်း တွေ့ရုံပေါ့။


``မင်းအဆင့်လောက်ကငါနဲ့တန်းတူဆွေးနွေးဖို့မဖြစ်နိုင်ဘူး´´


``ဘာ!´´


``ငါနဲ့စကားပြောချင်ရင်သူကိုယ်တိုင်လာဖို့ မင်းရဲ့bossကိုပြောလိုက်´´


``မလိုပါဘူး

ကျုပ်မှာခင်ဗျားနဲ့တန်းတူပြောပိုင်ခွင့်အပြည့်အဝရှိပြီးသား...ဆွေးနွေးချင်တာက ခင်ဗျားအပိုင်သိမ်းသွားတဲ့ မြေနေရာကို ကျုပ်တို့လက်ထဲပြန်ပေး၊ဒါပဲ...သိပ်လွယ်တယ်´´


``ဟာသတွေလာမပြောနဲ့

ဒါအစကတည်းက ငါတို့Winnerဘက်ကလေလံအောင်ပြီးသားနေရာ၊မင်းတို့ကဖြတ်လမ်းနည်းနဲ့အပိုင်လိုချင်တာမဟုတ်ဘူးလား?´´


``အဟင်း!ဘာပဲဖြစ်ဖြစ်ပါ...ငါတို့Bossက အဲ့ဒီ့နေရာမှာအခြေခံလူတန်းစားကိုထောက်ပံ့မယ့်အိမ်ရာစီမံကိန်းလုပ်မှာ...၊မင်းတို့ရဲ့အမြတ်ကြီးစားကွန်ဒိုစီမံကိန်းထက်တော့သာတာပေါ့´´


``ဘာ! မင်း...´´


``Dawnတော်တော့´´


လေးစားမှုရှိသူပီပီ သူ့စကားဆုံးသည်နှင့်dawnကချက်ချင်းရပ်သွားပါသည်။တစ်ဖက်လူတွေကတော့ ဒေါသထွက်အောင်တမင်ရန်စပြောနေပြီး ချက်ချင်းကို ကြမ်းတမ်းမည့်အရိပ်အယောင်တွေနှင့်...။ကြည့်ရတာအခြေအနေကဒီအတိုင်းပြီးမယ့်ပုံမရှိပါချေ။


``ဒါဆိုရင်တော့ ခင်ဗျားကိုcongratulationလုပ်ပေးရမှာပေါ့၊bossကမှာလိုက်တယ် ညှိနှိုင်းမှုအဆင်မပြေရင် သေချာလေးဂုဏ်ပြုပေးခဲ့တဲ့!´´


ထိုစကားကိုပြောပြီးနောက် တစ်ဖွဲ့လုံးရဲ့ခြေလှမ်းများက ရှေ့သို့တရွေ့ရွေ့တက်လာသည်။လက်ထဲမှာလည်း တုတ်တွေကိုင်ထားတာမို့ သူတို့ဘက်ကလည်း အန္တရာယ်ကိုတန်ပြန်ရင်ဆိုင်ဖို့အသင့်။


``ဘာလဲ?ဟိုနေ့ကဘာမှမဖြစ်လိုက်လို့မကျေနပ်သေးဘူးပေါ့´´


``ဒါပေါ့

ဟေ့ကောင်တွေ...ချ!´´


ထိုလူရဲ့စကားဆုံးသည်နှင့်နှစ်ဖက်လူတွေအချင်းချင်းစပြီးတိုက်ခိုက်ကုန်သည်။လူအင်အားမမျှသော်လည်း ၅ယောက်က၁၀ယောက်ကိုအေးအေးဆေးခုခံနိုင်ပါ၏။ခိုက်ကိုယ်တိုင်ကလည်း တိုက်ခိုက်မှုတွေကိုကျွမ်းဝင်သည်မို့အခက်အခဲမရှိ။သို့တိုင် ရှုပ်ထွေးလွန်းသည့်အခြေအနေမှာတော့ ကိုယ့်လူတွေဘက်ကအထိနာမှုတွေလည်းရှိနေသည်။


ဘယ်လိုပဲဖြစ်ဖြစ်၊ဘယ်သူပဲထိထိ သူတို့ရဲ့အဓိကပစ်မှတ်က ခိုက်ပဲမို့ သူ့ဆီကိုပဲအားလုံးဦးတည်လာကြသည်။ထိုစဥ်...


``အ!

ကျစ်!!´´


ရှုပ်ယှက်ခတ်နေသည့်အခြေအနေထဲ သူ့ဆီရွယ်လိုက်သည့်တုတ်ချက်ကိုမျက်လုံးထောင့်ကရိပ်ခနဲမြင်ပေမယ့် ရှောင်တိမ်းရန်အခြေအနေမပေးခဲ့လေ၍...


``boss!!

အဆင်ပြေရဲ့လား´´


``ရတယ်´´


ရတယ်သာဖြေပေမယ့် လူကတစ်ချက်တော့ယိုင်သွားပါသည်။နဖူးကအနည်းငယ်ကွဲသွားပြီး သွေးတွေစီးကျလာသည့်တိုင် တိုက်ခိုက်နှုန်းကတော့လုံးဝကျမသွားခဲ့ပေ။ထို့နောက်တွင်တော့ ၁၀ယောက်အဖွဲ့ကတဖြေးဖြေးအရေးနိမ့်လာကာအလဲအကွဲဖြစ်ကုန်လေ၏။သို့နှင့် ရသမျှလူကကားပေါ်တက်ကာ အကြမ်းပတမ်းမောင်းပြေးလေရဲ့။သို့သော် နှစ်ယောက်ကတော့ ဒီဧရိယာအနားမှာပဲလဲကျကျန်နေရစ်ခဲ့ပြီး ကြောက်လန့်တကြားဖြင့် ခြေဦးတည့်ရာထွက်ပြေးသွားသည်မို့...


``ဘယ်လိုဖြစ်ရတာလဲ

သတ္တိနည်းတဲ့ကောင်တွေကိုလွှတ်လိုက်ရတယ်လို့´´


``တကယ်တမ်းကသူ့နောက်လိုက်တွေလျော့နေတာboss! သူတို့လုပ်ငန်းပိုင်းမှာတစ်ခုခုပြသာရှိနေပုံပဲ။နောက်ပြီးဒီထဲကတစ်ချို့က ကြေးစားတွေလို့ကျွန်တော်ထင်တယ်´´


``စိတ်ဝင်စားတယ်

ခုနနှစ်ယောက်နောက်ကိုလိုက်၊ဒဏ်ရာရနေတာဆိုတော့ ဝေးဝေးမပြေးနိုင်ပါဘူး

တစ်ယောက်လောက်ရလည်းအဆင်ပြေတယ်´´


``ဟုတ်ကဲ့ပါ၊boss´´


ခိုင်းလိုက်တဲ့နှစ်ယောက်ပြေးထွက်ံသွားတော့အနားမှာDavidနဲ့Dawnသာကျန်နေခဲ့၏။


``boss!ဒဏ်ရာကသွေးတွေထွက်နေတယ်

ဆေးထည့်ရအောင်´´


``david! ဆရာဝန်ဆီဖုန်းဆက်လိုက်´´


~~~~~ 🍭🍭🍭🍭 ~~~~~


``အဟင့်!ဒါက ဘယ်ကိုသွားတဲ့လမ်းလဲ

စောစောကလူပြောတာ ညာဖက်ကိုကွေ့ရမှာဆို...ငါလမ်းများမှားလာတာလား´´


အခုမှပဲသိမ်ငယ်သောလေသံ...၊မျက်လုံးလေးပေကလပ်ဖြင့် သူစိမ်းနယ်ထဲမယောင်မလည်ဖြစ်နေသူက `ချစ်ရိပ်´။ဘာသာစကားအခက်အခဲကလည်းအခုတော့ အတော်လေးကိုအကျိုးပေးနေချေပြီ။ဒါတောင် အင်္ဂလိပ်လိုပြောနိုင်လို့ တည်းသည့်ဟိုတယ်နာမည်ကိုပြော၊လမ်းတွေမေးရင်း ဒီနေရာကိုရောက်လာခြင်းပါ။သို့သော်လည်း မျက်စိတွေပဲလည်နေ၍လားမပြောတတ်၊လမ်းညွှန်ပေးလိုက်တာတောင်နေရာကိုရှာမတွေ့ပေ။


အချိန်ကလည်းမိုးချုပ်လာပြီ။ဟိုတယ်ကိုပြန်ရှာမတွေ့ရင်ချစ်ရိပ်ကဘယ်နားအိပ်ရမှာတုန်း။


``စိတ်ညစ်လိုက်တာ

ချစ်ရိပ်ဖန်ဆင်းရယ်...နင်လည်းရောက်လေရာမှာပြသာနာတွေရှာတတ်လွန်းပါလားနော်´´


ကိုယ့်ကိုကိုယ်ပဲကြိမ်းမောင်းကာ လမ်းအတိုင်းဆက်လျှောက်လာခဲ့၏။လမ်းပေါ်ရှိနေတာ အချိန်နာရီပေါင်းမနည်းတော့ပြီမို့ ပင်လည်းပင်ပန်းသည်။လမ်းတွေကြာကြာမလျှောက်ဖူးသောခြေဖဝါးနုနုလေးတွေဆို နာကျင်ကျိန်းစပ်နေပြီ။ဒီတစ်ခါတော့ ချစ်ရိပ်တကယ်ကိုငိုချင်လာပါပြီ။


``ဘယ်သူ့ကိုအကူအညီတောင်းရပါ့မလဲ

နေပါဦး!ဘန်ကောက်ရဲစခန်းကဘယ်မှာလဲ?ဟုတ်တယ်၊ငါ ရဲစခန်းကိုပဲသွားတော့မယ်၊ရဲတွေကတော့ ကူညီနိုင်မှာပဲ´´


အခုမှအားတက်သွားသောစိတ်လေးနှင့်အတူ ရဲစခန်းတည်နေရာကိုမေးရန်ပတ်ဝန်းကျင်သို့ စူးစူးစမ်းစမ်းလေးလိုက်ကြည့်နေမိ၏။မိုးလည်းချုပ်နေပြီမို့ ဖြတ်သွားဖြတ်လာတောင်လမ်းပေါ်ကျဲပါးနေပြီ။သို့နှင့် ကားလမ်းတစ်ဖက်က mini martလေးတစ်ခုဆီသွားမေးရန်ခြေလှမ်းအရွယ်၌...


``ဘုတ်!´´


``အင့်!

အမလေး´´


တစ်စုံတစ်ရာက ချစ်ရိပ်ရှိရာဘက်ဆီဒရောသောပါးပြေးဝင်လာပြီး အရှိန်ပြင်းပြင်းဖြင့်ပစ်တိုက်သွားသည်မို့ လူကိုယ်သေးသေးလေးကအရှိန်မထိန်းနိုင်စွာ နောက်သို့ခြေနှစ်လှမ်းစာလောက်လွင့်ထွက်သွားရသည်။လာတိုက်သူသည်လည်း ယိမ်းတယိုင်ယိုင်ဖြင့် လမ်းပေါ်၌ခွေခနဲလဲကျလေ၏။


``ဟင်!ရှင့်ဘာသာရှင်လဲတာနော်

ချစ်ရိပ်ဘာမှမလုပ်ဘူး´´


စကားသံခပ်အက်အက်လေးဖြင့်ပြောမိတော့ ထိုလူရဲ့မျက်ဝန်းတို့က ချစ်ရိပ်ထံဖျတ်ခနဲလှည့်ကြည့်လာစဥ်...


``ဟင်!´´


ချစ်ရိပ်တကယ်ပင်အံ့သြသွားရပါသည်။သူ့ခေါင်းမှာသွေးတွေစီးကျနေသည့်ဒဏ်ရာရှိသလို မျက်နှာမှာလည်းသွေးစို့နေသည့်ဒဏ်ရာတွေအများကြီးနှင့်...။ဘုရား!ဒီလူဘာများဖြစ်လာပါလိမ့်။


``ရှင်! ရှင့်မှာဒဏ်ရာ...´´


``sorry!´´


ချစ်ရိပ်မှာသာ ပြူးတူးလေးကြည့်၍အံ့သြနေသလောက် သူကဖြင့်sorryတစ်ခွန်းသာပြောပြီးနေရာမှလူးလဲထကာဆက်ပြေးသွားလေ၏။ထို့နောက်ချစ်ရိပ်သွားရန်ရည်ရွယ်ထားသော mini martရဲ့ဘေးက ခပ်မှောင်မှောင်လမ်းသွယ်လေးဆီဝင်ပြေးသွားသည်။


ဟင်း!ငါ့နှယ်နော်

ကံမကောင်းရတဲ့ကြားထဲ ငါ့ထက်ပိုဆိုးတဲ့ဒုက္ခသည်နဲ့တွေ့နေရတယ်လို့´´


စိတ်ညစ်သလိုလေးသာပြောလိုက်ပေမယ့်တကယ်တမ်းတော့လည်း မနေနိုင်စွာ မျက်လုံးလေးကထိုလူ့ကိုပဲလိုက်ကြည့်နေမိ၏။ချစ်ရိပ်က လူလေးဂျစ်ကန်ကန်နိုင်ပြီးဆိုးသလောက် သနားကြင်နာမှုတော့အပြည့်ရှိပါသည်။တရားမျှတမှုရှိပြီး အားနည်းသူဘက်ကရပ်တည်ပေးလိုစိတ်လည်းရှိသည်။ထို့ကြောင့် စောစောကတွေ့လိုက်သည့်လူဟာလည်း အခြေအနေတစ်ခုကြောင့် ဒုက္ခရောက်လာသည်ထင်မှတ်ကာ ကူညီစရာရှိကူညီရန် ဆက်လှမ်းမိသည့်ခြေထောက်လေးက ထိုလူဝင်သွားရာ အမှောင်လမ်းငယ်ဆီ...။


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၃ဆက်ပါမည်။


ချစ်သည်းတို့အတွက် တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန် ရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)​ေ


rate now: