🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
==========♡ အခန်း ၁၈ ♡==========
တစ်ဖက်သို့လှည့်၍ ဘာပြောလိုက်သည်ကိုချစ်ရိပ်နားမလည်တော့ပေ။သို့သော် မျက်နှာလှလှထက် ကောက်ကျစ်သောအပြုံးမျိုးပေါ်ထွက်လာသည်မို့ ကောင်းသောစကားတော့မဟုတ်တန်ရာ။ပုံစံကပိုင်စိုးပိုင်နင်းရှိလှကာ ဒီအိမ်ရဲ့အစေခံတွေကလည်းသူမအပေါ် တရိုတသေဦးညွှတ်နေကြတယ်ဆိုမှဖြင့်...
!ဒီမိန်းကလေးက တကယ်ပဲ ဦးရဲ့ချစ်သူလား??!
ရင်ထဲစိုးရွံ့စွာရောက်ရှိလာသောအတွေးကြောင့် သိမ်ငယ်သွားသောမျက်ဝန်းမှာ မျက်ရည်လေးတွေပင်ရစ်ဝဲချင်ပါ၏။လှည့်စားခံရပြီဟူသော အသိက ရင်ကိုစူးစူးနစ်နစ်တိုးဝင်ခြင်းနှင့်အတူ ရင်ဘတ်တစ်နေရာဆီမှ အောင့်တက်လာကာအသက်ရှူနှုန်းတွေပင် စ၍ဖောက်ပြန်ချင်နေပြီ။
ဦးက ဘာလုပ်တာလဲ?ဘာသဘောလဲ?
သူ့မှာရည်ရွယ်ထားသူရှိပါလျက်နဲ့ ဘာကြောင့်ချစ်ရိပ်ကိုသူ့အနားကလွတ်မြောက်ခွင့်မပေးရတာလဲ?
``သခင်လေးကဒီနေ့ပြန်လာမှာမဟုတ်ပါဘူး
အားလုံး သခင်မရဲ့သဘောအတိုင်းပါ´´
``အဟင်း!ကောင်းပြီလေ
ဒါနဲ့ ငါအနောက်ဘက်လေ့ကျင့်ရေးကွင်းကိုမရောက်တာအတော်ကြာနေပြီ၊ ငါ့အချစ်တော်လေးတွေနေကောင်းကြရဲ့လား?´´
အဓိပ္ပာယ်တစ်မျိုးဖြင့်မေးသောစကားကို နူဝမ်ကလည်းအတိအကျနားလည်ပြီး ပြုံးသွားလေသည်။သူမလည်း ဒီချာတိတ်ကိုပညာပေးချင်နေတာကြာခဲ့ပြီကိုး။အရာရာကိုယ့်သဘောအတိုင်းမဖြစ်နိုင်၍သာ ကျိတ်မှိတ်သည်းခံနေရတာလေ။အခုတော့ ဒီအိမ်ရဲ့စစ်မှန်တဲ့သခင်မရောက်လာပြီ။အဲ့ဒီ့ကလေးမ ဘာတတ်နိုင်ဦးမလဲ။
``သခင်မ လာမကြည့်ဖြစ်တဲ့အတောအတွင်းသူတို့တော်တော်အရွယ်ရောက်နေကြပြီ၊နောက်ပြီး အရမ်းလည်းသန်မာကြတယ်´´
``ok!သွားမယ်လေ
ကလေးတွေနဲ့ကစားရအောင်
သူ့ကိုခေါ်လာခဲ့´´
``ဟုတ်ကဲ့´´
``ပြီးတော့ အဲ့ဒီ့နေရာကလူအားလုံးရှင်းထား
စံအိမ်အတွင်းအပြင်ရဲ့ CCTV recordအားလုံးခဏပိတ်ထားလိုက်´´
``ဟုတ်ကဲ့ပါ သခင်မ´´
ဘာတွေပြောနေမှန်းကိုချစ်ရိပ်မသိပါ။သို့သော် ဟိုမိန်းကလေးရဲ့စကားဆုံးတော့ နူဝမ်ကချစ်ရိပ်အနားသို့ရောက်လာကာ လက်မှအတင်းဆွဲခေါ်သည်မို့...
``ဒီမှာ ရှင်တို့ဘာလုပ်မလို့လဲ´´
``နင်ပျင်းနေမှာစိုးလို့ အတူတူကစားကြမယ်လေ´´
ရယ်သံလေးနှောလျက်ဆိုလာသည့်စကားကို ချစ်ရိပ်နားမလည်သေးစဥ်မှာပင် နူဝမ်ရဲ့အမိန့်ပေးမှုကြောင့် တခြားသောအစေခံတွေပါအခန်းအတွင်း စုပြုံဝင်ရောက်လာပြီး ချစ်ရိပ်ကိုဇွတ်အတင်းဆွဲခေါ်ကြလေ၏။ပထမတော့ ချစ်ရိပ်ရုန်းနိုင်ပါသေးသည်။သို့သော် သတ္တဝါနဲ့လက်နက်မမျှစွာ ချစ်ရိပ်တစ်ယောက်တည်းကို အစေခံ၆ယောက်လောက်က ဝိုင်းဆွဲနေတော့ လူမှာဘယ်လိုမှရုန်းခွင့်မသာဘဲ သူတို့ခေါ်ရာနောက် ပါလာခဲ့ရ၏။
~~~~~ 🍭🍭🍭🍭 ~~~~~
``အားလုံးအဆင်သင့်ဖြစ်ပါပြီ boss
ဧည့်သည်တွေကိုလည်းပြန်ဖို့သေချာစီစဥ်ပေးပြီးပါပြီ´´
``ok!´´
``ဒါဆိုအခုကျွန်တော်တို့Airportကိုဆက်သွားရမှာပါ။Parisရဲ့ပွဲချိန်ကအတော်လေးကပ်နေပါပြီ´´
``ကောင်းပြီ
သွားရအောင်´´
ခေါင်းကိုအသာငြိမ့်ပြ၍ ကားပေါ်တက်ကာသွားရောက်ရမည့်ပွဲအတွက် လိုအပ်သည့်အချက်အလက်တစ်ချို့ကိုပြန်စစ်ကြည့်လိုက်သည်။တစ်နေ့တာလည်ပတ်မှုတွေအားလုံးကို အလုပ်တာဝန်တွေနဲ့သာဖွဲ့စည်းထားတာမို့ ပုံမှန်ဖြတ်သန်းမှုတွေမှာ တခြားသောအဓိပ္ပာယ်ဘာမှမရှိခဲ့။ခံစားချက်လည်းမရှိခဲ့၍ ခိုက်ရန်ရှင်းရဲ့ဘဝဆိုတာ စက်ရုပ်တစ်ရုပ်လိုနှင့်မခြားပါဘူးလေ။အခုနောက်ပိုင်းမှသာ တွယ်တာစရာနှောင်ကြိုးလေးရှိလာတော့ ကလေးလေးတစ်ယောက်ကောက်ရသလို ကိုယ့်မှာပွေ့ပွေ့ပိုက်ပိုက်နဲ့ထားစရာမရှိအောင်ဂရုစိုက်နေရတာ။
အနားကနေ တစ်စက္ကန့်လေးတောင်မခွာချင်မိအောင် ဒီနှလုံးသားက ထိုကလေးငယ်ရဲ့ခြေရင်းမှာပြိုလဲကျရှုံးနေရတာပါ။သို့ပေမဲ့ ကိုယ်ကရင့်ကျက်တဲ့အရွယ် လူကြီးတစ်ယောက်မို့ ကလေးအတွက်အစစအရာရာလည်းတွေးပေးမိရတယ်လေ။
၁၈နှစ်ကို တစ်လကျော်သာစွန်းသေးတဲ့ကလေးအရွယ်လေးကို မကြာခင်အသက်၃၀ပြည့်တော့မယ့်လူကြီးတစ်ယောက်က ချစ်တယ်ဆိုတိုင်း အာဏာပြလို့မသိမ်းပိုက်ချင်ပါ။အခုတောင်လွတ်လပ်မှုတွေကိုထိန်းချုပ်ပြီးအနားကနေ သွားခွင့်မပေးတာနဲ့တင် ကိုယ်လွန်နေပြီမို့ ဇွတ်အတင်းလက်ထပ်ပါမယ်ဆိုတဲ့စကားကိုပြောဖို့က စဥ်းစားနေရပြန်တယ်မဟုတ်လား။
ဟူး! ခက်သားပဲ ကလေးရယ်...
ဒီအတိုင်း ကိုယ်ကမင်းလက်ထပ်ရမယ့် မင်းရဲ့ခင်ပွန်းလောင်းပါလို့သာ တစ်ခါတည်းပြောလိုက်ချင်ပါရဲ့။
ဒီလိုဆို မင်းကကိုယ့်ကိုငြင်းပယ်လိုက်မှာလား?
ကိုယ့်လိုအထာကျကျမချစ်တတ်တဲ့လူကြီးတစ်ယောက်ကို မင်း ချစ်မှချစ်ပါ့မလားကွာ!
``boss
ဘာတွေစဥ်းစားနေတာလဲ´´
အတွေးတွေများပြီး ခဏတိုင်းသက်ပြင်းချနေမိလို့ထင်ရဲ့။ရှေ့ခန်းမှာထိုင်နေတဲ့ dawnကသေချာလှည့်ပြီးမေးလာတယ်။ဒီတော့မှ အတွေးစကိုဖြတ်တောက်ကာ အလုပ်ဆီကိုပဲပြန်အာရုံထားနေပေမယ့် ခဏတိုင်းလွင့်ပြယ်နေသည့်စိတ်က အိမ်ကကလေးဆီပဲရောက်နေတော့ခက်တာပဲ။
မဖြစ်သေးပါဘူး။အားလုံးကိုမေ့လျော့ပြီး အချစ်ကိုပဲဂရုစိုက်နေလို့တော့မဖြစ်ဘူး။ဘယ်လိုပင် မချစ်စဖူးမို့ ရူးလောက်သည့်ခံစားချက်မျိုး ရင်မှာတိုးဝင်နေပါစေ...အသက်၃၀အရွယ်ကြီးကိုတော့အားနာသင့်ပါသည်လေ။အချစ်ကလည်းအချစ်၊အလုပ်ကလည်းအလုပ်ပေါ့။
ဂျစ်တူးဆီပြန်ပြေးနေသည့်ကိုယ့်စိတ်ကိုယ်ဖြေသာအောင်တွေးပြီး တည်တည်တံ့တံ့ပင်ဆက်ထိုင်ရင်း ကားလေးကလည်း တရွေ့ရွေ့နှင့် Airportဆီ နီးကပ်လာခဲ့စဥ်မှ...
``ကျစ်!
Davidကားကိုပြန်လှည့်လိုက်´´
``ဗျာ! ဘာဖြစ်လို့လဲboss´´
ကိုယ်တိုင်လည်းမသိတော့ပါ။စိတ်ကိုတင်းပြီး သွားဖို့ကြိုးစားနေတာပဲ။ဒါပေမဲ့ဘာဖြစ်လို့ရယ်မသိ၊သူမ,ရှိသည့်နေရာနှင့် ပိုဝေးလာတိုင်း၊ပိုပြီးသတိရနေတာ။ပြီးတော့ ကလေးတစ်ခုခုဖြစ်တော့မယ်လို့ပဲထင်နေသလိုလိုနဲ့ စိတ်မချရသည့်ခံစားချက်ကတစ်မျိုးကြီး။ထို့ကြောင့် သူဆုံးဖြတ်လိုက်သည်က ဒီခရီးကိုဘယ်လိုမှဆက်မသွားနိုင်တော့ဘူးဟူ၍ပင်။
``boss´´
``ဆက်မမေးနဲ့
စံအိမ်ကိုပြန်မယ်´´
``Airportဆင်းဖို့ကအချိန်ကပ်နေပြီလေ boss!
Privateဆိုပေမယ့်လည်း ဒီအချိန်လေယာဥ်ပေါ်ရောက်မှ ဟိုဘက်ပွဲချိန်မီမှာ´´
``ထားလိုက်
ငါသွားဖို့စိတ်မပါတော့ဘူး၊ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ငါမလာနိုင်တော့ဘူးလို့အကြောင်းကြားလိုက်´´
``ဟုတ်
ဟုတ်ကဲ့ boss´´
ခေါင်းသာငြိမ့်ပြလိုက်ရပေမယ့် bossရဲ့ပြောင်းလဲနေမှုတွေအတွက် နှစ်ယောက်စလုံးအံ့အားသင့်လို့မဆုံးတော့ပေ။ဟိုချာတိတ်မက bossကိုအကြီးကြီးပြောင်းလဲစေလိုက်တာပဲ။အရင်ကဆို အလုပ်မှအလုပ်၊ အလုပ်ကလွဲပြီးဘာမှမသိတဲ့သူက အခုမှပဲလူသားဆန်လာတော့တယ်။
အဟင်း!တကယ်တော်လိုက်တဲ့ ကလေးလေးပဲ။
``ဟေ့ကောင် ဘယ်ကိုဆက်မောင်းမှာလဲ
Bossကပြန်မယ်လို့ပြောနေတယ်လေကွာ
ပြန်မယ်၊ပြန်မယ်´´
``ကားကကွေ့ချင်သလိုကွေ့မရဘူးဟ
မင်းနှယ်လည်း...´´
``ကဲ! နားပူလိုက်တာကွာ
တိတ်တိတ်နေကြစမ်း´´
ငြိမ်နေရာမှ ဒေါသသံကြီးဖြင့်ပိတ်အော်တော့နှစ်ယောက်စလုံးငြိမ်ကြသွားလေ၏။ထို့နောက် သူတို့ကားလေး ပြန်လည်ဦးတည်ခဲ့သည်က ကျန်ရစ်ခဲ့သောနှလုံးသားရပ်ဝန်းငယ်ဆီ...။
~~~~~ 🍭🍭🍭🍭 ~~~~~
``အ!´´
``ရှင်တို့လွှတ်နော်
ချစ်ရိပ်ကိုဘယ်ခေါ်လာတာလဲ´´
``တိတ်တိတ်နေစမ်း!!´´
ရုန်းရင်းကန်ရင်းနှင့်ပင် ချစ်ရိပ်သူတို့နောက်ပါလာခဲ့ရသည်။ဦးနဲ့အတူရောက်ခဲ့ဖူးသော အိမ်ဘေးဘက်ကပန်းခင်းကြီးကိုလည်းကျော်ခဲ့ပြီမို့ ခေါ်လာတာက စံအိမ်ရဲ့အနောက်ဘက်ဟုထင်ရပါ၏။
``ကျွီ!´´
စံအိမ်ထဲမှာတင် နောက်ထပ်သီးခြားပိုင်နက်တစ်ခုရှိနေတာ ချစ်ရိပ်မသိခဲ့ပါချေ။အခုထိုမိန်းကလေးဦးဆောင်ခေါ်လာသည့်နေရာကိုကြည့်လိုက်မှ မျက်လုံးတွေပင်ပြာဝေသွားရသည့်အလား။
သံတံခါးနှစ်ထပ်နှင့် အတော်ကြီးမြင့်အောင် ဘောင်ခတ်ထားသည့်ခြံစည်းရိုးအတွင်းဘက်၌ ဒီအတိုင်းလွှတ်ထားသည့် ခွေးနက်ကြီးတွေသွားလာလှုပ်ရှားနေကြပြီး လူတွေကိုမြင်တော့ ဘာသဘောနှင့်မှန်းမသိစူးစူးဝါးဝါး ထိုးဟောင်သည်။သွားစွယ်ကြီးတွေပေါ်နေကာ လျှာတန်းလန်းနှင့် အကောင်တွေကလည်းကြီးသလို အရေအတွက်ကအနည်းဆုံး ဆယ်ဂဏန်းကျော်တာသေချာသည်။
ဒါ...ဒါဦးပြောဖူးတဲ့ အိမ်ရဲ့အစောင့်အရှောက်ဆိုတာတွေလား?
``ဖွင့်လိုက်စမ်း´´
ခြောက်ခြားတုန်ရီစွာကြည့်နေဆဲမှာပင် ဟိုမိန်းမကစကားတစ်ခွန်းဆိုလိုက်သည်နှင့် အစေခံတစ်ဦးက သော့ကဒ်တစ်ခုကိုကိုင်လျက် ထိုစည်းရိုးအနားသို့ချဥ်းကပ်သွားသည်မို့ ချစ်ရိပ် ကြောက်လန့်တကြားဖြင့် ကိုယ်လေးလူးလွန့်ကာရုန်းကန်၍...
``ဟင့်အင်း!မလုပ်ပါနဲ့
အဲ့ဒီ့တံခါးကိုမဖွင့်လိုက်ပါနဲ့၊ချစ်ရိပ် တောင်းပန်ပါတယ်´´
``အဟင်း!အခုကတည်းကကြောက်နေပြီလား
ဒါအစပဲရှိသေးတာကို´´
``ဟင့်! ဟင့်! မလုပ်ပါနဲ့နော်
ချစ်ရိပ်ကြောက်လို့ပါ၊တောင်းပန်ပါတယ်...တောင်းပန်ပါတယ်´´
အခုတော့ ပုံစံကစောစောကလိုမဟုတ်တော့ပေ။ခုနကဖြင့် သတ္တိတွေအပြည့်နဲ့ကျားသစ်ပျိုမလေးလို ရဲဝံ့နေလိုက်တာများ လန့်ဖို့တောင်ကောင်းတယ်။Julietရဲ့ပါးကိုတောင် ပိုင်စိုးပိုင်နင်း ပြန်ရိုက်ရဲသေးသတဲ့။အခု အားနည်းချက်ကိုအနင်းခံရမှ ဆားတို့မိတဲ့တီကလေးလို လူးလွန့်ရုန်းကန်ပြီးအော်ဟစ်နေတော့တာ။မျက်ရည်တွေလည်းစီးကျလျက် အသက်ရှူတွေမြန်နေရင်း လက်ဖျားတွေရော၊နှုတ်ခမ်းတွေပါ တဆတ်ဆတ်တုန်ယင်နေပုံက တကယ်ကိုသေမလောက်ကြောက်ရွံ့နေသည့်အသွင်နှင့်မို့ Julietကျေကျေနပ်နပ်ကြီးပြုံး၍ ထိုကလေးမရဲ့မျက်နှာဆီလှမ်းကြည့်လိုက်ပြီး...
``ဘယ်လိုဖြစ်သွားတာလဲ
လုပ်ပါဦး၊စောစောကလိုလေး...ငါ့ကိုပြန်ရန်တွေ့ဦးလေ´´
``ဟင့်! ရှင်ဒီလိုမတရားမလုပ်နဲ့
ဦးပြန်လာရင် ရှင့်ကိုတိုင်ပြောမယ်´´
``အဟက်!ဟား ဟား
ရယ်ရတယ်ကွာ၊နင်က ခိုက်ကိုတော်တော်အားကိုးတာပဲ´´
``အဲ့အကောင်ကြီးတွေကိုချစ်ရိပ်ကြောက်တယ်၊
ကြောက်တယ်...အဟင့်! ဟင့်! ဟီး!´´
မျက်ရည်တွေပေါက်ပေါက်ကျကာငိုပြောနေသည့်ပုံစံကအစ တကယ်ကိုကလေးလေးနဲ့တူပြီးချစ်ဖို့ကောင်းနေတာ julietဝန်မခံချင်လည်းဝန်ခံရပါမည်။အစကတော့ ဒီလိုရုပ်ရည်မျိုးလောက်အထိချောမောနေမယ်မှန်း julietမှန်းမထားမိခဲ့ပေ။အခုကိုယ်တိုင်မြင်လိုက်ရမှ ခိုက် ဘာကြောင့်သည်းသည်းလှုပ်နေရသလဲဆိုတဲ့အကြောင်းအရင်းကိုရှာတွေ့လိုက်ပြီး မနာလိုဒေါသတွေကလည်း တောင်ပုံရာပုံဖြစ်လာခဲ့ချေပြီ။ချာတိတ်မရဲ့ပုံစံက မြင်ရသူတိုင်းနှစ်ခါပြန်ငေးယူရလောက်အောင်ချစ်ဖို့ကောင်းပြီး နီညိုရောင်မျက်ဝန်းတွေက ပတ္တမြားလိုအဆင်းသဏ္ဌာန်နှင့်ထူးထူးခြားခြားလင်းလက်သည်။ကြည်လင်နေသည့်အသားအရည်ဆိုတာလည်း ဖြူဖွေးသည်ဆိုရုံနဲ့မလုံလောက်ဘဲ ဝင်းဝါနုဖတ်နေကာခပ်ဖွဖွထိကိုင်လိုက်လျှင်ပင် ပွန်းပဲ့ထိခိုက်သွားမည့်အလား။လက်ကောက်ဝတ်နဲ့လက်မောင်းနေရာတွေမှာတော့ ခပ်ကြမ်းကြမ်းဆောင့်ဆွဲလာသည့်အရှိန်ကြောင့် နီမြန်းရဲတွတ်နေလျက်....။ခြုံပြောရရင် မျက်စိရှေ့ရှိနေသည့်သတ္တဝါလေးကချစ်စဖွယ်၊အသည်းယားစဖွယ်အတော်ကောင်းပြီး မှန်လုံအိမ်ထဲကပန်းလိုနူးညံ့လွန်းနေ၏။
ဒါနဲ့များ ဘယ်လိုကြောင့်အစေခံဖြစ်ရတာလဲ?
ဒါသွေးရိုးသားရိုးတော့မဟုတ်ဘူးဆိုတာသေချာတယ်။ဒီကလေးမနဲ့ပတ်သက်ပြီး ခိုက်မှာလျှို့ဝှက်ချက်တစ်ခုခုရှိနေတယ်။
Julietက ဘဝကိုထက်ထက်မြက်မြက်ရှင်သန်လာခဲ့သူဖြစ်တဲ့အလျောက် အရာရာမှာလည်းပါးနပ်မှုရှိပါရဲ့။ယခုလည်းအခြေအနေကို ချက်ချင်းရိပ်စားမိသည်နှင့် ဒေါသစိတ်တို့မွှန်ထူနေသော မျက်လုံးတို့ကပို၍ကြောက်စရာကောင်းလာကာ ငိုယိုနေသည့်မျက်နှာနုနုအား မော့လာစေရန် ဂုတ်ဝဲသာသာရှိသောဆံနွယ်လေးတွေမှဆတ်ခနဲဆွဲလှန်ပစ်လိုက်၏။
``အ! လွှတ်
ချစ်ရိပ် နာတယ်နော်´´
``ဒီလိုကြောက်တတ်နေရင် ဘာလို့ငါ့ကိုရန်စသေးလဲ...ဟမ်!
နင့်လိုအစေခံအဆင့်ကများ ငါ့ကိုလက်ပါရဲသလား´´
``အ!´´
``တံခါးဖွင့်စမ်းလို့ငါပြောနေတယ်´´
``ဟင့်အင်း! ဟင့်အင်း
မလုပ်နဲ့´´
``မမလေး ဒီလိုလုပ်လို့မရဘူး
သခင်လေးသိရင်စိတ်ဆိုးပါလိမ့်မယ်´´
နာကျင်နေသည့်ဒဏ်ကြောင့်မျက်လုံးတွေစုံမှိတ်ထားပြီး အော်ဟစ်နေမိပေမယ့် တစ်ဖက်ကဝင်ပြောလာသူက `မိုး´မှန်းတော့ချစ်ရိပ်သိလိုက်သည်။ဒီတော့မှ မျက်လုံးတွေကိုအားတင်းဖွင့်ကြည့်လိုက်တော့ မိုးကဟိုမိန်းမရဲ့ခြေထောက်နားမှာဒူးထောက်လို့တောင်းပန်နေရှာ၏။ဒါကို ဟိုမိန်းမက စူးစူးရဲရဲပြန်စိုက်ကြည့်ကာ အေးစက်စက်ကြီးပြုံးနေပြီး ချစ်ရိပ်ရဲ့ဆံပင်တွေကိုဆုပ်ဆွဲထားသည့်လက်ကိုတော့ လွှတ်လိုက်သည်။ထို့နောက်...
``ဒီအိမ်ကအစေခံတွေ သိပ်ဘဝင်မြင့်တတ်နေပါလား´´
``....´´
``နူဝမ်´´
``ရှိပါတယ် သခင်မ´´
``ဖြန်း!!´´
စကားဆုံးသည်နှင့် ပြင်းထန်လှသည့်လက်ဝါးချက်ကြောင့် နူဝမ်နေရာမှာတင်လဲကျသွားသလို နှုတ်ခမ်းထောင့်စွန်းမှသွေးတွေပင်စီးကျလာသည်။ဒါလည်း သူကထိုမိန်းမရဲ့ခြေရင်းသို့ပဲဝပ်တွားခယလျက်ကျုံ့ကျုံ့လေးထိုင်နေသေး၏။
``ဒီအိမ်ကအစေခံတွေ ဒီလိုအကျင့်ပျက်အောင်နင်ဆုံးမထားတာလား...ဟုတ်လား´´
``တောင်းပန်ပါတယ် သခင်မ´´
``တောင်းပန်မနေနဲ့
လာခဲ့စမ်း!´´
အပြင်ဘက်သို့ ခေါ်သံပေးလေမှအနားသို့လူတွေထပ်ရောက်လာသည်။ဒီအိမ်ရဲ့လူတွေတော့မဟုတ်ပါ။Julietမှာလည်း သွားလေရာပါမယ့်သက်တော်စောင့်တွေပါပြီးသား။
``ကျွန်တော်တို့ရောက်ပါပြီ
သခင်မလေးဘာများအလိုရှိပါသလဲ´´
``အေး! ဒီအရှုပ်ထုပ်ကိုချက်ချင်းဆွဲခေါ်သွားလိုက်
ပြီးတော့ နင်တို့ကိုပေးတယ်၊ကြိုက်တာလုပ်လို့ရတယ်...သဘောပေါက်တယ်နော်´´
``ဟုတ်ကဲ့´´
``ဟင့်အင်း
ဟင့်အင်း မလုပ်ပါနဲ့´´
``တခြားသူတွေလည်းကြည့်ထား
သူ့ဘက်လိုက်ရဲတဲ့သူမှန်သမျှငါအကုန်လုံးကိုအပြစ်ပေးမယ်´´
ထိုမိန်းမရဲ့ဘာမှန်းမသိတဲ့စကားတွေအဆုံး တခြားသူတွေလည်း ငြိမ်သက်ခေါင်းငုံ့သွားကာ မိုးကိုတော့ ပြုံးရွှင်၍ရမ္မက်ခိုးဝေနေသောမျက်နှာထားရှိသည့် လူတချို့က ကြမ်းကြမ်းရမ်းရမ်းဆွဲခေါ်သွားလေ၏။နားမလည်ပေမယ့် တစ်ခုခုတော့ဖြစ်ပြီမှန်းသိတာကြောင့် ချစ်ရိပ်လည်းရှိသမျှအားလေးနှင့် ရုန်းကန်မိပြန်ရင်းမှ...
``ရှင်တို့ဘာလုပ်မလို့လဲ
ကျမသူငယ်ချင်းကိုဘယ်ခေါ်သွားမလို့လဲ´´
``အဟင်း! သွားပါစေ
သူပျော်မှာပါ´´
``ရှင်...ရှင်ယုတ်မာလှချည်လား´´
``နင်တို့အဆင့်နဲ့တန်တာဘာမှန်းငါပြပေးတာလေ´´
``တောက်!!´´
``ငါကြားမိတာတော့ နင်ကဒီအိမ်မှာမနေချင်ဘဲထွက်ပြေးဖို့ကြိုးစားနေတာဆို...ကြိုးစားရင်းနဲ့အိမ်ကိုတောင်မီးလောင်အောင်လုပ်ခဲ့သေးတယ်တဲ့! အဲ့ဒါအမှန်ပဲလား´´
``ရှင်နဲ့ဘာဆိုင်လို့လဲ´´
``ဘာမှတော့မဆိုင်ပါဘူး
နင်ကသိပ်ပြေးချင်နေတယ်ဆိုမှဖြင့် ငါကပါရမီဖြည့်ပေးတာပေါ့´´
``ကျွီ!´´
နောက်ထပ်တံခါးကိုဖွင့်တာမြင်လိုက်သည်နှင့်တပြိုင်နက် ချစ်ရိပ်တစ်ကိုယ်လုံးပျော့ခွေချင်သွားရသည်။အထဲ၌တလှုပ်လှုပ်ပြေးလွှာနေသည့် အနက်ရောင်တွေကိုကြည့်ရင်း အမြင်တွေလည်းဝေဝါးကုန်၏။စောစောက သံတံခါးတစ်ထပ်ကာထားသည်ကိုတောင် သေမတတ်ကြောက်လန့်နေသည့်ဖြစ်ခြင်းမှ အခုဘာအကာအရံမှခြားနားမနေတော့ပြီမို့ ကြာရင်သေဖို့သာရှိတော့မည်။လူကလည်းအေးစက်ဖျော့တော့လာသည်မှာ သွေးများပင်မရှိတော့သယောင်အထိ။
``သွားစမ်း!´´
``ဟင့်အင်း! မသွားဘူး၊မသွားချင်ဘူး
အားး!!´´
ရုန်းကန်အော်ဟစ်နေစဥ်မှာပင် နောက်ကျောပြင်ဆီမှ အရှိန်ဖြင့်စောင့်တွန်းခံလိုက်ရ၍ ချစ်ရိပ် ထိုသံလှောင်ရပ်ဝန်းအတွင်း ဒလိမ့်ခေါက်ကွေးပြိုလဲရောက်ရှိသွားရသည်။စနစ်တကျလေ့ကျင့်ပေးထား၍ပဲထင့်၊ထိုအကောင်တွေက ရင်းနှီးသူတွေနဲ့ယဥ်ပါးကာ ရနံ့စိမ်းကိုရန်ပြုသည်။ယခုလည်း ချစ်ရိပ်ကိုတွေ့သည်နှင့် အမြီးကြီးတွေတလှုပ်လှုပ်ဖြင့်အသားကုန်ပြေးလာစဥ်...
``ဂျိန်း!!´´
ကျယ်လောင်စွာအော်မြည်ရင်း ပြန်ပိတ်သွားသည့်တံခါးချပ်နှင့်အတူ ချစ်ရိပ်ရဲ့ကြောက်လန့်စိတ်တွေလည်း ဂိတ်ဆုံးရောက်သွားခဲ့ရပြီ။
လန့်စိတ်အရှိန်ကြောင့် ပင့်သက်တွေရှိုက်ပါများတော့အသက်ရှူနှုန်းတွေလွဲမှားကာ မောဟိုက်တုန်ယင်နေ၏။သို့သော်ရှိသမျှအားနှင့်ရုန်းထပြီးပြေးမိတော့....
``ဝုတ်! ဝုတ်!´´
``အား!!´´
မနိုင့်တနိုင်ခြေလှမ်းလေးတွေဖြင့် ရုန်းကန်ပြေးနေမိပါသော ချစ်ရိပ်နဲ့ ပြေးလေလေ၊မာန်တဖီဖီဖြင့် သဲကြီးမဲကြီးလိုက်လေလေဖြစ်နေသော ထိုအကောင်တွေရဲ့အခြေအနေက အလုံပိတ်ထားပြီးဖြစ်သောသံဇကာတွေကြား၌ ရုန်းရင်းဆန်ခတ်ရှိလှသည်။ဧရိယာအဝန်းအဝိုင်းက ကျယ်ပြီးထွက်ပေါက်ကတစ်ခုတည်းရှိတာမို့ အပြင်ကိုလည်းပြန်မရောက်နိုင်ဘဲ အကိုက်မခံရစေဖို့သာ ခြေဦးတည့်ရာလျှောက်ပြေးနေမိ၏။
မလွတ်နိုင်မှန်းသိပါလျက် ဒီအဝန်းအဝိုင်းထဲအားကုန်အောင်ပတ်ပြေးနေသည့်ချစ်ရိပ်ရဲ့ပုံစံကအရူးတစ်ယောက်နဲ့တောင်တူနေချေပြီ။
မောလည်းမောတယ်။
အသက်ရှူကြပ်တယ်။
မကြာခင်ဆို အသက်ရှူပါရပ်တော့မယ်ထင်ရဲ့။
``အဟင်း! ဟင်း!´´
အထဲ၌ဆူညံလှုပ်ရှား ပြေးလွှားနေသည့်ပုံရိပ်များကို သရုပ်ဖော်ပြကွက်တစ်ခုလို အပြင်ဘက်ကကြည့်ရင်း သဘောတကျရယ်နေမိသူက Juliet။ချာတိတ်မကို ကြည့်ရတာတော့ အတော်လေးထိတ်လန့်မောပမ်းနေပုံရသည်။ခြေထောက်တွေမှာဖိနပ်မပါခဲ့၍ သံမံတလင်းခပ်ကြမ်းကြမ်းပေါ် ဖိနင်းသည့်ခြေဖဝါးတို့၌ သွေးစတွေနှင့်ပွန်းပဲ့နေကုန်ပြီ။ဒါကိုပင် အရသာရှိရှိဆက်ကြည့်ရင်းမှ...
``ပြေးလေ
ပြေးစမ်း!နင်ကပြေးချင်တာမဟုတ်လား?´´
``ဗြောင်း!´´
``ဝုတ်! ဝုတ်! ဂီး!´´
``တံခါးဖွင့်ပေး
ဖွင့်ပေး...အဟင့်!ဟင့်!ဟီး!!´´
``ဗြောင်း! ဗြောင်း! ဗြောင်း!´´
နောက်လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြေးလာနေရင်းမှ Julietရပ်နေသည့်အနားသို့ရောက်လာခိုက် သံတံခါးကို လက်ဖြင့်တဗြောင်းဗြောင်းရိုက်ရင်း အော်ငိုနေပြန်၏။သို့မှ Julietခပ်ဖွဖွပြုံးကာ သနားသလိုဟန်လုပ်ပြုံးလိုက်ရင်း...
``ဟင်း! ကြည့်ရတာလည်း သနားဖို့တောင်ကောင်းလာပြီ´´
``ချစ်ရိပ်ကိုတံခါးဖွင့်ပေးပါ´´
ပြာတက်အောင် အော်ဟစ်နေသည့်အသံက ပတ်ဝန်းကျင်တစ်ခွင်၌လည်းဆူညံနေမှာအမှန်ပါ။သို့သော် ကူကယ်မည့်သူဟူ၍မရှိခဲ့လေတော့ ဒုက္ခ!ကယ်တင်သူရှာတွေ့နိုးနိုးဖြင့် သံစည်းရိုးပေါ်ထုရိုက်နေသည့်လက်ဖဝါးလေးတွေပင်ပေါက်ပြဲကုန်ပြီး လူတစ်ကိုယ်လုံးလည်း အားအင်တွေမဲ့လာခဲ့သည်။
သွားပြီ။ဒီနေ့လွန်ရင် ချစ်ရိပ်အသက်မရှင်နိုင်တော့ဘူးထင်ပါ၏။
``ကြောက်တယ်
အရမ်းကြောက်တယ်
အား!!´´
``ဟား! ဟား!
တကယ်အော်နိုင်တဲ့ဟာလေး
အသံကိုစူးနေတာပဲ´´
``ကယ်ပေးပါ၊ဒီနေရာကနေထွက်ခွင့်ပေးပါ
တောင်းပန်ပါတယ်´´
``အော်လေ ကြိုက်သလောက်အော်စမ်း
နင့်ကိုဘယ်သူမှကယ်မှာမဟုတ်ဘူး၊နင် သိပ်မျှော်လင့်နေတဲ့ ခိုက်လည်းဒီနေရာမှာမရှိဘူး´´
``.....´´
``အင်း!ကြည့်ရတာ ဒီနေရာကကျဥ်းလွန်းတယ်
တံခါးခဏဖွင့်ပေးလိုက်၊သူ ကျယ်ကျယ်လေးပြေးရအောင်ပေါ့´´
Julietကတစ်စုံတစ်ရာပြောလိုက်ပုံရပါသည်။သူ့စကားအဆုံး၌ သံတံခါးကြီးက ချပ်ခနဲပြန်ပွင့်သွားသည်မို့ လွတ်လိုလွတ်ငြား မျှော်လင့်ချက်အရောင်လေးတစ်ဝက်ဖြင့်အားတက်သွားကာ ချစ်ရိပ် ထိုတံခါးဆီမှပြေးထွက်သည်။သို့သော်လည်း အနက်ရောင်တွေကကျန်မနေခဲ့ဘဲ အနောက်ကနေတစ်တန်းကြီးပါလာပြန်သည်။သိပြီးသားလူကိုတော့ လှည့်၍ပင်မကြည့်ဘဲ တချို့အကောင်တွေကဆို julietရဲ့ခြေထောက်နား၌ ခေါင်းတိုးကာ ပွတ်သီးပွတ်သပ်လုပ်နေသေး၏။
ချစ်ရိပ်မှာသာ သေလုမတတ်ပြေးနေရသည့်အဖြစ်။သံစည်းရိုးအပြင်ကိုရောက်ခဲ့ပြီမို့ ချစ်ရိပ်ပြေးရတာ ခြံကျယ်သမျှဧရိယာတစ်ပတ်လုံးပင်။
မရတော့ဘူး၊ချစ်ရိပ်အရမ်းမောနေပြီ။
ဆက်ပြီးပြေးလွှားနေဖို့လည်း အင်အားတွေရှိမနေတော့ဘူး။
သေချင်လည်းသေစေဦးတော့!
ဒီအတိုင်း အရှုံးပေးလိုက်ချင်ပြီ။ကယ်မယ့်သူဆိုတာကိုလည်း ရဲဝံ့စွာမမျှော်ရဲတော့သည့်နောက်...
လျော့ကျလာသောစိတ်တွေနဲ့အတူ တဖြေးဖြေးအမှောင်ကျလာသည့်မျက်ဝန်းထဲ၌ ရစ်ဝဲမြင်ယောင်လာသည်က တစ်စုံတစ်ဦးရဲ့ပုံရိပ်တချို့...
ထို့နောက် အသွေးအရောင်မဲ့လာသောနှုတ်ခမ်းဖျားတို့မှ တိုးလျလျရေရွတ်မိသည်က...
``ဦး!
ဦး ရက်စက်တယ်´´
``....´´
``အ!´´
စိတ်ထဲမှအော်ဟစ်သံကအပြင်ကိုမရောက်နိုင်တော့ပေ။နှုတ်ဖျားကနေ ဘာဆိုဘာမှအသံမထွက်နိုင်တော့သလို ပြေးနေသည့်ခြေထောက်တွေပါအားနည်းပျော့ခွေလျက် နောက်ဆုံးတော့ချစ်ရိပ်နေရာတစ်ခု၌ အရုပ်ကြိုးပြတ်လဲကျသွားခဲ့၏။
ဒီနေရာကိုချစ်ရိပ်သိတယ်။
လေပြည်သယ်လာတဲ့အောက်စီဂျင်ကပြတ်တောက်လုနီးပါးရှူရှိုက်ရခက်နေပေမယ့် လာဗင်ဒါရနံ့ကိုခပ်မျှင်းမျှင်းလေးရနေတယ်။
အခုချစ်ရိပ်က အရမ်းလှတဲ့ပန်းခင်းကြီးအနားမှာပဲ။သို့သော် ချစ်ရိပ်မြင်လည်းမမြင်ရတော့သလိုပြန်ထဖို့လည်းအားမရှိတော့။
``ဝုတ်! ဝုတ်!´´
ကြားရပြန်ပြီ ဒီအသံတွေ...။တော်လွန်းတဲ့သတ္တဝါတွေက အနံ့ကိုမှတ်မိနေတော့ ဘယ်နားမှလည်းပုန်းလို့မရ။ဒီတော့ချစ်ရိပ်လဲကျနေရာ၌သာ ငြိမ်နေရင်း...၊မျက်လုံးကိုလည်းစုံမှိတ်ချလိုက်စဥ် ချစ်ရိပ်ပေါ်သို့လွှားခနဲခုန်အုပ်ဟန်ပြင်လာသော အမည်းရောင်အရိပ်ကြီးတစ်ခုကြောင့်...
``အား!!!´´
``Baby!!´´
ထိပ်ဆုံးအထိတိုးခုန်သော နှလုံးခုန်သံနှင့်အတူအသံကုန်အောင် အော်လိုက်မိသော ချစ်ရိပ်...။
ထိုနှင့်တပြိုင်နက်မှာ ကြားလိုက်ရသည်က စိုးရိမ်မှုတွေအပြည့်နှင့် ရင်းနှီးနေသောနာမ်စား။မေ့မြောလုလု အာရုံကရီဝေဖျော့တော့နေသော်လည်း အဝေးမှခေါ်သံသဲ့သဲ့ကိုတော့ အသေအချာကြားမိလိုက်ပါသေးရဲ့။
ထို့ကြောင့်ပဲဖြူလျော်သောနှုတ်ခမ်းလွှာတို့ ခပ်ဟဟလေးပွင့်လာတယ်။
ဦး!
နောက်ဆုံးတော့ ဦးရောက်လာပြီထင်တယ်။
တမ်းတစိတ်နဲ့နားကြားမှားတာတော့ မဟုတ်ပါစေနဲ့လားကွယ်...။
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၁၉ဆက်ပါမည်။
ချစ်သည်းတို့အတွက်တစ်ခဏတာစိတ်အပန်းဖြေမှုလေးတွေသာရရှိစေရန်ရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)