🍭~ ချစ်တတ်ခြင်းက မင်းနဲ့မှ... ~🍭
(Or)
ဂျစ်တူးရဲ့ `ဦး´
==========♡ အခန်း ၁၆ ♡==========
ခိုက်ရန် ပြန်ရောက်တော့ အခြေအနေတွေကအနည်းငယ်ငြိမ်သက်စပြုနေလေပြီ။အိမ်တစ်ခုလုံးပြာကျသွားရလောက်အောင်မပြင်းထန်သော မီးလောင်ပေါက်ကွဲမှုအသေးစားပဲဖြစ်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးမေးမြန်းမှုတွေလုပ်နေ၏။
သူကတော့ဘာကိုမှဂရုမစိုက်နိုင်။အရင်ဆုံးအကဲခတ်ရှာဖွေနေမိသည်က ဂျစ်တူးလေးတစ်ယောက်ကိုသာ။သူသိပါတယ်၊ကလေးက နှလုံးကျန်းမာရေးအားနည်းသူမို့ အခုလောက်ထိတ်လန့်စရာအခြေအနေမျိုးကိုရင်ဆိုင်လို့မရ။အိမ်ကထွက်ပြေးရဖို့အခုလိုအခြေအနေအထိလုပ်ရဲတာကိုလည်းတကယ်ကိုအံ့သြမဆုံးပါ။
ဟင်း!! မင်းကတော့ကွာ...
``Boss! အခင်းဖြစ်တဲ့နေရာကိုစစ်ဆေးပြီးပါပြီ
သက်ဆိုင်ရာနဲ့စကားပြောဖို့...´´
``ခဏလေး
ငါအဲ့ဒါတွေမသိချင်ဘူး
ဂျစ်တူးဘယ်မှာလဲ´´
``ဗျာ!
သြော်..သူ...သူ့ကိုအခန်းထဲမှာခဏပိတ်ထားပါတယ်၊မဟုတ်ရင်ထွက်ပြေးဖို့ပဲလုပ်နေလို့´´
စကားဆုံးသည်နှင့်ခြေလှမ်းကျဲတွေက သူမ,ရှိသည်ဆိုသောအခန်းဆီသို့ဦးတည်သည်။အိမ်ရဲ့အခြေအနေကိုလည်းတစ်ချက်မှမကြည့်မိ။ဘာကိုမှလည်းဂရုမစိုက်မိ။စိုးရိမ်လွန်းသောစိတ်တွေကသာ ရင်မှာအထပ်ထပ်ကြီးစိုးနေလျက်မှ အခန်းတံခါးလေးကိုဆွဲဖွင့်မိလိုက်ချိန်တွင်...
``ဦး!´´
ခုတင်ထောင့်စွန်း၌ခွေခွေခေါက်ခေါက်လေးမီထိုင်နေရင်း ကိုယ့်ကိုတွေ့လေမှ ခန္ဓာကိုယ်လေးဆတ်ခနဲတုန်ကာမဝံ့မရဲမျက်လုံးလေးဖြင့်လှမ်းကြည့်နေပါသော `သူမ´။မျက်ရည်တွေပြည့်အိုင်နေသည့်မျက်ဝန်းငယ်တို့၌ ကြောက်လန့်ခြင်းအရိပ်တို့အထင်းသားပေါ်လွင်ကာ တဆတ်ဆတ်တုန်နေသည့်နှုတ်ခမ်းပါးလေးတွေကို နာအောင်ဖိကိုက်ထားသေး၏။
သနားစဖွယ်ထိုပုံစံလေးကြောင့် သူ့ရင်ထဲနင့်သွားရကာ စကားသံတို့ပင်မဆိုနိုင်ဘဲ ခပ်မြန်မြန်ခြေလှမ်းများကသာ သူမအနားသို့အပြေးရောက်သွားပြီး ခန္ဓာကိုယ်သေးသေးလေးအားရင်ခွင်ထဲနစ်မြုပ်သည်အထိဆွဲဖက်ထားလိုက်တော့ အရင်လိုရုန်းကန်ခြင်းတို့မရှိဘဲ ငြိမ်သက်နေလျက်ပင်။
``ဘေဘီရယ်...ဘေဘီ...မင်းအရမ်းကိုထင်ရာစိုင်းလှချည်လားကွာ´´
``......´´
``ဘာလို့စိတ်ထင်ရာတွေလျှောက်လုပ်နေတာလဲ
ဒါအရမ်းအန္တရာယ်များတယ်...မင်းနားမလည်ဘူးလား?မတော်တဆ မင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?ကိုယ်ဘယ်လောက်စိတ်ပူသွားလဲသိလား?အခုရောဘယ်နားဘာဖြစ်သေးလဲ?ထိခိုက်မိတဲ့နေရာရှိလား...ကိုယ့်ကိုပြော´´
မထင်မှတ်စွာပြောလာသောစကားကြောင့် ချစ်ရိပ်သူ့ရင်ခွင်ထဲမျက်နှာလေးဝှက်ရင်း အံ့သြနှုတ်ဆိတ်သွားရသည်။အမှန်တော့ ချစ်ရိပ်အရမ်းကိုကြောက်နေခဲ့တာပါ။လုပ်လိုက်တဲ့လုပ်ရပ်က တော်ရုံလည်းမဟုတ်ဘူးလေ။ရာဇဝတ်မှုပါမြောက်နိုင်တဲ့ကိစ္စ။ပြေးလို့လွတ်ရင်လွတ်၊မဟုတ်ရင်တော့ အရိုးနဲ့အသားတခြားစီဖြစ်မှာ။ပြီးတော့...ဦး..။သူအရမ်းကိုဒေါသဖြစ်နေလိမ့်မယ့်လို့ ချစ်ရိပ်ထင်ခဲ့တာ။ဒါကြောင့်လည်း သူရောက်လာတာမြင်မြင်ချင်းကတည်းက နေစရာမရှိအောင်ကြောက်ပြီး ချောင်လေးထဲတိုးကပ်နေမိတာ။အခုကျ သူအရင်ဆုံးပြောလာတဲ့စကားက ချစ်ရိပ်ကိုစိုးရိမ်နေခြင်းတွေအပြည့်နဲ့ပါလား။
ခပ်အက်အက်အသံက အဖျားခတ်တုန်ယင်နေပြီး ချစ်ရိပ်ကိုငုံ့ကြည့်သည့်မျက်ဝန်းများက ဂရုစိုက်ကြင်နာမှုတွေအပြည့်အဝပျော်ဝင်ကာ အဘယ်မျှစိုးရိမ်နေကြောင်းပြသနေသယောင်ပင်။
ထိုမျက်ဝန်းတွေကိုတန်ပြန်မော့ကြည့်မိသည့်အခိုက် ချစ်ရိပ်လည်းတစ်ခဏမျှမိန်းမောသွားကာ သိစိတ်တို့ကင်းကွာကုန်ရင်း သူ့ရင်ခွင်ကျယ်ကြီးထဲဇွတ်အတင်းတိုးဝင်ဖက်တွယ်လိုက်မိ၏။သူကလည်း အလိုက်သင့်လေးပြန်လည်ပွေ့ဖက်ထားကာ ကျောပြင်လေးကိုဖွဖွပွတ်သပ်ပေး၍...
``ကိုယ့်ကလေးလေးလန့်သွားတာလား
ဘာမှမဖြစ်ဘူးနော်၊ကိုယ်ရှိတယ်...ကိုယ်အားလုံးဖြေရှင်းပေးမယ်´´
``အဟင့်! ဟင့်! ဦး...
ဦး! ချစ်ရိပ်လေ...အင့်!ဟင့်!ဟင့်!´´
``အေးပါကွာ
မငိုရဘူးနော်...တိတ်!တိတ်!
ဘာမှမဖြစ်တော့ဘူး´´
စကားသံလေးတောင်ထပ်မထွက်နိုင်ဘဲ ရှိုက်သံတွေသာ ပို၍ပြင်းထန်လာသည်မို့ ခန္ဓာကိုယ်လေးကိုခပ်တင်းတင်းဖက်ထားရင်း နှုတ်ဖျားမှလည်းတဖွဖွချော့မြူနေမိ၏။တကယ်ဆို သူစိတ်ဆိုးသင့်တာပါ။သာမန်ထက်လွန်ကဲသော ဒီလုပ်ရပ်အတွက် မှတ်သားလောက်အောင်ဆူပြောဆုံးမရမှာ။အစကလည်း အနည်းငယ်တော့ဆူပစ်ရမယ်လို့တွေးပြီးအိမ်ပြန်လာခဲ့တာ။
သို့သော်အိမ်ရောက်တော့ ဒီကလေးရဲ့မျက်နှာကိုတွေ့တာနဲ့ ဆူမယ့်စကားတွေလည်းအစအနပျောက်ပြီး မျက်ရည်ကျတာထပ်မြင်တော့ လူမှာနေမရထိုင်မရနဲ့ ကိုယ်ကပြန်ချော့ရသည့်ဘဝ။
ဟူး! မင်းကိုချစ်ရတာလည်းမလွယ်ပါလား ဂျစ်တူးရာ...။သိပ်ချစ်နေတော့လည်း ကိုယ်ကပဲအလျှော့ပေးနေမိတာ။
ဒါတွေမင်းကနားမလည်ဘဲ ဆိုးချင်တိုင်းကိုဆိုးနေတဲ့ ကလေးမ။မင်းကိုဒီအတိုင်းလွတ်လပ်ခွင့်ပေးထားလို့တော့ မဖြစ်တော့ဘူးထင်ပါ့။
``ဦး´´
``ဟင်?
ပြောလေ ဘေဘီလေး´´
``ချစ်ရိပ် ဒဏ်ရာတွေရထားတယ်သိလား
ဒီမှာ...´´
နှုတ်ခမ်းလေးစူကာပြောရင်း လက်လေးကိုကိုယ့်မျက်နှာဆီထိုးပြလေတော့ ဖွဖွလှမ်းကိုင်ကာကြည့်ပေးမိပြန်သည်။လက်ကောက်ဝတ်သေးသေးလေးပေါ်၌ ညိုမဲဒဏ်ရာတွေထင်းနေကာ လက်မောင်းသားလေးတွေမှာလည်း ထို့နည်းတူပင်။ဒါဟာ ပြေးရင်းချော်လဲလို့ရတဲ့ဒဏ်ရာမဟုတ်ဘဲ ကိုယ့်လူတွေရဲ့အားသုံးအကြမ်းဖက်ခဲ့မှုမှန်းသိနေ၍ ရင်ထဲဒေါသတွေတလိပ်လိပ်တက်လာရပြီး...
``တောက်!!´´
ခပ်ပြင်းပြင်းတက်ခေါက်သံကြောင့် ရင်ခွင်ထဲက ခန္ဓာကိုယ်လေးဆတ်ခနဲတုန်သွားတာမို့ ထပ်ပြီးလန့်သွားမှာစိုး၍ စိတ်ကိုမနည်းပြန်ထိန်းလိုက်ရသည်။လက်ဖမိုးဖြူဖြူလေးပေါ် မှာကတော့ ပွန်းပဲ့ဒဏ်ရာတွေရှိနေပြီး တံတောင်ဆစ်မှာဆို သွေးစလေးတွေတောင်ခြောက်ကပ်လို့နေပြီ။မျက်နှာလေးကြည့်တော့ ငိုမဲ့မဲ့...။ကဲ! ဒီလိုသနားစရာလုပ်နေမှဖြင့် ဒီလူက ဘယ်နှလုံးသားနဲ့များဆူရက်ပါတော့မလဲ။
သို့နှင့် နဖူးပေါ်ကဆံနွယ်စလေးတွေကိုသာဖွဖွသပ်တင်ပေးနေမိရင်း...
``ဟုတ်ပါ့ကွာ
ကိုယ့်ကလေးလေးဒဏ်ရာတွေရကုန်ပြီ
ဘာလို့အဲ့လောက်တောင်ပြေးချင်ရတာလဲ ကလေးရဲ့...ကိုယ်ဒီလောက်အလိုလိုက်တဲ့ဟာကို...မပျော်ဘူးလား ကိုယ့်ဆီမှာ´´
``ချစ်ရိပ်မှဒီမှာမနေချင်ဘဲ´´
``အဲ့မှာမနေချင်ရင် လာ
ကိုယ့်ဆီ!´´
``ဟင်! မဆိုင်ဘူးလေ
အဲ့လိုဟုတ်ဘူးလေ...ဦး...´´
အော်နေရင်းမှ လူကသူ့လက်ထဲစွေ့ခနဲပါသွားရပြန်သည်။ဖက်ထားရုံနဲ့အားမရသေးတဲ့လူကြီးက ထပ်ပြီးအသားယူသည့်သဘောနှင့် လူကိုထိုင်လျက်အနေအထားလေးအတိုင်းပွေ့ယူကာ သူ့ပေါင်ပေါ်တင်လိုက်ပြီး လက်ကဒဏ်ရာတွေကိုအသေအချာကြည့်နေလေရဲ့။
``ဦး
အောက်ထပ်မှာရဲတွေရောက်နေတယ်မလား
ဦးကချစ်ရိပ်ကို အမှုဖွင့်မှာလားဟင်´´
``ဒီလိုမေးတယ်ဆိုတော့ အဲ့ဒါကိုမင်းလုပ်ကြောင်းဝန်ခံတယ်ပေါ့´´
``ဟို!အဲ့ဒါက...အဲ့ဒါက...´´
``မင်းကအခုကိုယ့်ရင်ခွင်ထဲမှာရှိနေတာလေ
ဘယ်သူကအတင့်ရဲပြီးမင်းကိုခေါ်သွားနိုင်မှာလဲ´´
``ရဲတွေတောင်မှမရဘူးလား
ချစ်ရိပ်ကအဖမ်းခံချင်တာ´´
ထင်သလိုမဟုတ်ဘဲ ထူးထူးဆန်းဆန်းပြောလာသည့်စကားကြောင့် ခိုက်ရန်တစ်ယောက်မျက်မှောင်ကြီးကျုံ့မိရပြန်၏။
``ဘေဘီ မင်းဘာပြောတယ်?´´
``သွားပါ ဦးရယ်
ချစ်ရိပ်ကိုရဲတိုင်လိုက်လေ...နော်´´
``ဟာ! မင်းဘယ်လိုဖြစ်နေတာလဲကွာ
ကိုယ့်ကိုဒေါသထွက်အောင်လာမဆွနဲ့နော်´´
သူ့လေသံအနည်းငယ်ပြောင်းသွားသည်နှင့် ချစ်ရိပ်ငိုမဲ့မဲ့ဖြင့်ခေါင်းလေးငုံ့ချလိုက်မိ၏။အမှန်တော့ ချစ်ရိပ်အဖမ်းခံရမှာကြောက်လည်းကြောက်ပါသည်။သို့ပေမဲ့ တစ်နည်းမအောင်မြင်တော့ နောက်တစ်နည်းပေါ့။သူများနိုင်ငံမှာရာဇဝတ်မှုတစ်ခုခုဖြစ်တဲ့အခါ ဒယ်ဒီ့ဆီကျိန်းသေဆက်သွယ်ရမည်။ဒယ်ဒီလာရှင်းပေးလိမ့်မည်။ဒါဆို ချစ်ရိပ်လည်းအိမ်ပြန်လို့ရပြီလေ...။ကိုယ့်အတွေးနဲ့ကိုယ်အဆင်ချောသလောက် ဦးရဲ့မျက်နှာကြီးကဖြင့်တည်တင်းမာထန်နေကာ ချစ်ရိပ်ကိုလည်းမကြည့်တော့ပေ။
``ဦး!´´
``ဘာလဲ
ဘာပြောဦးမှာလဲ
ရဲတွေလာဖမ်းခိုင်းရမှာလား´´
``ဦးကလည်း စိတ်ဆိုးနေပြန်ပြီ´´
မဆိုးဘဲတော့ရှိပါ့မလားလေ။သူမ မီးရှို့လို့ကိုယ့်အိမ်တစ်ခုလုံးပြာကျရင်တောင် စိတ်ဆိုးချင်မှဆိုးမိမှာ။အခုတော့ အပြင်ထွက်ရဖို့အရေး အဖမ်းတောင်ခံချင်သေးတယ်ဆိုပဲ။ဒီကလေးက လောကကြီးကိုလွယ်လွယ်လေးမှတ်နေတယ်။မလုပ်ရက်တာသိလို့ ပိုပြီးဆိုးပြနေတာထင်ရဲ့။တကယ်ပဲ...ရဲလက်အပ်ပြီးထောင်ချပစ်လိုက်ရ ဒီလူကြီးပဲမကောင်းရှိတော့မယ်။အဲ့ခါကျ ယောက္ခမလောင်းနဲ့ရောဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ။
ဟင်း! မင်းမကြည့်လို့မသိတာပေါ့ ကလေးရယ်
တကယ်တော့ မင်းအဖေလိုဒိတ်ဒိတ်ကျဲလူချမ်းသာတစ်ယောက်က အိမ်ပြေးသမီးလေးတစ်ယောက်ကိုရှာတွေ့ဖို့ ဒီလောက်အချိန်တွေအကြာကြီးလိုအပ်မတဲ့လား။ကိုယ်ကရော ကြာကြာဝှက်ထားလို့ရနိုင်မှာလား?
ဒီအချိန်အထိမင်းကိုလာမရှာသေးဘူးဆိုတာ ကိုယ်တို့ကြားကလျှို့ဝှက်ချက်ကြောင့်ပါကွာ။အခုတော့မင်းသိဖို့စောသေးတဲ့အတွက် ကိုယ်မပြောတာ။မင်းက သိပ်ပြောရခက်နေမှဖြင့် ကိုယ့်အဆိုးမဟုတ်တော့ဘူး ဘေဘီ။ကိုယ်ကြာကြာစိတ်မရှည်တတ်ဘူး။
``ဦး
ဦးလို့...´´
``မခေါ်နဲ့တော့ကွာ
ဘယ်ရဲမှလည်းမင်းကိုမဖမ်းဘူး
ကိုယ့်ခွင့်ပြုချက်မရှိရင် ဘယ်သူမှမင်းကိုခေါ်သွားလို့မရဘူး...။မှတ်ထား! မင်းဘယ်လိုပဲကြိုးစားကြိုးစား ကိုယ့်ရင်ခွင်ရိပ်ကနေ မင်းဘယ်တော့မှမလွတ်မြောက်နိုင်ဘူး ဂျစ်တူး...လွတ်မြောက်ခွင့်လည်း ကိုယ်မပေးဘူး´´
``အဲ့ဒါ ဦးမတရားတာပဲ
သူများသားသမီးကို လိုချင်တိုင်းအပိုင်ယူလို့မရဘူးလေ...ချစ်ရိပ်မှာအိမ်ရှိတယ်၊မိဘတွေရှိတယ်...ကိုယ်ပိုင်ဘဝလည်းရှိတယ်´´
``မလိုတော့ဘူး
မင်း ဘဝကိုအဲ့လောက်အထိအလေးထားနေရင် အစကတည်းက ကိုယ့်ဆီလာမပတ်သက်ခဲ့သင့်ဘူး´´
``စကားကိုပြောင်းပြန်လာမပြောနဲ့
ချစ်ရိပ်ကိုဖမ်းခေါ်ခဲ့တာ ရှင်တို့ပဲမဟုတ်လား
ချစ်ရိပ်ရှင့်ဆီလာခဲ့လို့လား...အဟင့်! ဟင့်! အီး! ဟီး! ရှင်က လူကိုအနိုင်ကျင့်နေတာ´´
ပါးပြင်နုနုလေးတွေဆီမျက်ရည်တွေစီးကျလာပြန်ရင်း မျက်ဝန်းလေးတွေပေါ်လက်ဖြင့်ပွတ်သပ်၍ငိုနေပုံလေးက တကယ့်ကလေးပိစိလေးလိုပင်။ရင်ခွင်ထဲထည့်ထားရင်း၊ငုံ့ကြည့်ရင်းနဲ့တောင် အသည်းတွေယားလွန်းလို့ ဘယ်လိုနေရမှန်းမသိတော့အောင် ချစ်မြတ်နိုးစိတ်တွေက တရိပ်ရိပ်ရစ်ပတ်လို့နေ၏။
သူမလေးကတော့ ဝမ်းပန်းတနည်းကြီးအော်ငိုကာ ကိုယ့်ရင်ဘတ်ဆီကိုလည်း လက်သေးသေးလေးတွေဖြင့် တဗုန်းဗုန်းထုရိုက်နေသည်မို့ ပထမတော့စိတ်တိုင်းကျလွှတ်ထားပေးလိုက်ပြီး ခဏကြာမှ မြောက်တက်လာသည့်လက်လေးတစ်ဖက်အားဖမ်းဆုပ်ထားလိုက်ကာ...
``ဟုတ်ပါပြီ၊ဟုတ်ပါပြီ
ကိုယ်ပဲမကောင်းတာပါကွာ
တိတ်တော့နော်...အကြာကြီးပဲငိုနေတာ၊ဘေဘီလေးမောမှာပေါ့´´
``ဦးက အော်တာကိုး´´
``ဟောဗျာ!
လူကိုဒေါသဖြစ်အောင် မင်းပဲလုပ်တာလေ´´
``ဟင့်!´´
``အေးပါ၊ကိုယ်မှားတယ် ကိုယ်မှားတယ် နော်
တိတ်ပါကွာ´´
ပါးပြင်ပေါ်ကမျက်ရည်စလေးတွေကိုသုတ်ဖယ်ပေးရင်း အငိုမတိတ်မချင်းကိုပျာပျာသလဲ ချော့မြူနေမိပါသော သူ့ကိုအနားကလူတွေကတော့အံ့သြစွာငေးကြည့်နေရှာ၏။ဘုရားစူး! ဒါကအိမ်ကိုဖောက်ခွဲတဲ့သူနဲ့ အိမ်ပိုင်ရှင်ပါတဲ့လေ...။
``မင်းတစ်ခုခုဖြစ်သွားမှာကို ကိုယ်အရမ်းစိုးရိမ်နေခဲ့တာ...အဲ့ဒီ့ကြိုးတွေကိုကိုင်နေတဲ့အချိန်မှာသာတစ်ခုခုဖြစ်ရင် အရင်ဆုံးမင်းပဲထိခိုက်မှာလေကွာ´´
``.....´´
``ဒီလိုတွေလျှောက်လုပ်နေမယ်ဆိုရင် မင်းကိုအခန်းထဲမှာပဲပြန်ပိတ်ထားလိုက်ရမလား´´
``ဟွန့်!!
ဦးနော်...အဲ့လိုမလုပ်နဲ့´´
``အေး!မလုပ်စေချင်ရင် ဘေဘီကလိမ္မာလေ´´
``ဒေါက်! ဒေါက်´´
ချော့တစ်ခါ၊ခြောက်တစ်လှည့်ဖြင့် တစ်ဖက်ကိုမမောနိုင်၊မပမ်းနိုင်ချော့နေစဥ် နောက်ပါးဆီမှ တံခါးခေါက်သံထွက်ပေါ်လာပြန်၏။ဖွင့်ထားပြီးသားတံခါးကို အချက်ပေးသည့်သဘောဖြင့်ခပ်တိုးတိုးခေါက်လိုက်ခြင်းမို့ သူဖျတ်ခနဲလှည့်ကြည့်မိကာ...
``ဘာကိစ်စလဲ´´
``boss
သက်ဆိုင်ရာကအရာရှိတွေ စကားပြောဖို့စောင့်နေပါတယ်´´
``ok!ငါအခုဆင်းလာမယ်´´
``ပြီးတော့ အိမ်ကလူတွေအားလုံးစစ်ဆေးမှုခံယူပြီးပါပြီ။အဲ့ဒါ ဒီကောင်မလေးကိုစစ်ဖို့ကျန်နေလို့...သူကမီးလောင်မှုမဖြစ်ခင် အဲ့ဒီနေရာကိုဝင်သွားခဲ့တဲ့သက်သေလည်း...´´
ထိုစကားကြောင့် စိမ်းညို့ညို့မျက်ခုံးတန်းတို့သိသိသာသာတွန့်ချိုးသွားပုံက တကယ့်ကိုအလိုမကျမှုအပြည့်နှင့်။ထို့နောက် ပေါင်ပေါ်တင်ထားသည့်ကလေးငယ်အား ဘေးသို့ခဏချပေးကာ အနား၌ရပ်နေသူ၏အင်္ကျီကော်လံစအား ခပ်ကြမ်းကြမ်းလှမ်းဆွဲ၍...
``ဒါမတော်တဆဖြစ်တာ
ငါ့ကလေးနဲ့မဆိုင်ဘူး´´
``.....´´
``နား လည် တယ် နော်´´
စူးစူးနစ်နစ်စိုက်ကြည့်ကာ တစ်ခွန်းချင်းပြောလာသည့်စကားသံက လိပ်ပြာလွင့်မတတ်ကိုကြောက်ဖို့ကောင်းပါ၏။လေသံကအေးစက်သည်ဆိုသော်လည်း ထိုအသံထဲမှာတင်ကြောက်ရွံ့စေတတ်သောစေစားမှုအာဏာတို့ပါဝင်နေသည်။ဒီလိုပုံစံတွေကြောင့်ပဲ သူ့အနားရှိသမျှလူတိုင်းက ခခယယကြောက်ရွံ့ကြရခြင်းပင်။ခိုက်ရန်ရှင်းရဲ့ ပျော့ပျောင်းညင်သာမှု၊အမြတ်တနိုးဂရုစိုက်မှုတို့ကို ချစ်ရိပ်ဖန်ဆင်းရှိသောရပ်ဝန်းမှာသာ တွေ့နိုင်ပါလိမ့်မည်။
``ဟုတ်ကဲ့
နားလည်ပါပြီ´´
``ပြီးတော့ စောစောက ကလေးကိုအတင်းအကျပ်ဖမ်းခေါ်ခဲ့တာဘယ်သူတွေလဲ´´
``ဗျာ´´
``ငါ ပြောခဲ့ဖူးလား??
ငါ့ကလေးရဲ့အသားကိုလက်လွတ်စပယ်ထိဖို့...ငါခွင့်ပြုခဲ့သလား´´
``မ...မပြောခဲ့ပါဘူး boss
ဒါပေမဲ့ သူက...´´
``ဆင်ခြေမလိုဘူး
ထိခဲ့တဲ့မင်းတို့လက်တွေ အဖြတ်ခံချင်သလား ဒါမှမဟုတ် ဒီနေရာကနေအခုချက်ချင်းထွက်သွားမလား ကြိုက်တာရွေး´´
``ကျွန်တော်...ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ
ကျွန်တော်တို့တာဝန်ကနေရပ်ဆိုင်းပါ့မယ်´´
ခေါင်းတွေကိုအပီအပြင်ငုံ့ချကာတောင်းပန်လာလေမှ သူလည်းဒေါသကိုလျှော့ပေးလိုက်ရသည်။မဟုတ်ရင်ကိုယ့်ကလေးငယ်လန့်သွားမှာလည်းစိုးသည်လေ။
``ok!
ဘေဘီ ဒီမှာခဏနေဦးနော်
ကိုယ်ဖြေရှင်းရမယ့်ကိစ္စလေးတွေရှိလို့´´
ခုတင်ဘေးနေရာလွတ်လေးပေါ်လက်ထောက်၍ ညင်ညင်သာသာပြုံးကြည့်ကာဆိုလေတော့ချစ်ရိပ်လည်းခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြလိုက်ပါ၏။ထိုစဥ်သူကအနားမှာရှိနေသည့် အစေခံတစ်ယောက်အားလှမ်းခေါ်ပြန်၍...
``ဆရာဝန်ကဘယ်အချိန်လာမှာလဲ
ကလေးရဲ့ဒဏ်ရာကများတယ်၊ပိုးမဝင်အောင် အရင်ဆုံးသေချာသန့်ရှင်းပေးထားလိုက်...လျှောက်မသွားစေနဲ့ သေချာကြည့်ထား´´
``ဟုတ်ကဲ့ သခင်လေး´´
ဘာတွေမှာခဲ့ပြန်တယ်မသိ။သူပြောချင်တာတွေအသေအချာပြောခဲ့ပြီးမှ အခန်းပြင်သို့ပြန်ထွက်သွားလေ၏။သို့မှ ချစ်ရိပ်လည်းသက်ပြင်းလေးတစ်ချက်ကျိတ်ချမိရသည်။
ဒီလောက်ပြသာနာရှာခဲ့တာတောင် သူစိတ်မဆိုးပါလား။ဟင့်! ကြိုးစားလို့လည်းအရာမထင်ပါလားနော်!
ချစ်ရိပ်တော့ ဒီတစ်သက်သူ့လက်ထဲကနေ လွတ်နိုင်ပါတော့မလား?
~~~~~ 🍭🍭🍭🍭 ~~~~~
``Ring! Ring!´´
တိတ်ဆိတ်နေသောညအချိန်၌ ဖုန်းသံခပ်ကျယ်ကျယ်ကပျံ့လွင့်လာ၏။သို့မှ Laptop screenပေါ်၌အာရုံတစိုက်တည်ငြိမ်နေသည့်မျက်ဝန်းတို့ ရွေ့လျားလာကာ ဖုန်းကိုလှမ်းယူကြည့်လိုက်ပြီး...
``Hello!
ဟုတ်ကဲ့၊ကျွန်တော်ပါ´´
``......´´
``အဆင်ပြေသွားပါပြီ
ကျွန်တော်အားလုံးဖြေရှင်းပြီးပြီ´´
``.....´´
``အဟင်း! အမွှေစိန်လေးကအခုအိပ်နေလောက်ပါပြီ´´
``.....´´
``ကျွန်တော်သိပါတယ်
ကလေးဆိုတော့လည်း သူစိတ်ထင်ရာတွေတဇွတ်ထိုးလုပ်တော့တာ...အမှန်တော့ကျွန်တော်လည်းအံ့သြသွားတယ်၊အဲ့လောက်လုပ်ရဲလိမ့်မယ်မထင်ဘူး´´
``.....´´
``ဟုတ်ကဲ့ ရပါတယ်
ဂျစ်တူးလေးဘယ်လိုနေနေ၊ဘာပဲလုပ်လုပ်ကျွန်တော့်အတွက်အဆင်ပြေတယ်´´
ဟိုစဥ်တစ်ချိန်က တစ်စုံတစ်ယောက်ပြောခဲ့ဖူးသော စကားကို ခိုက်ရန်က တစ်ထပ်တည်းပြောမိလိုက်ပါ၏။ဒီတိုက်ဆိုင်မှုကို ခိုက်ရန်ကိုယ်တိုင်မသိခဲ့သော်လည်း သိနေသူတစ်ယောက်ကတော့နှုတ်ခမ်းဖျားတို့ကွေးညွှတ်အောင် ပြုံးနေမိလိမ့်မည်သာ...။
``Boss!´´
ဖုန်းကိုချလိုက်သည်နှင့် ဖိုင်တွဲတစ်ထပ်ကိုကိုင်ကာအခန်းထဲဝင်လာသူက dawn။ဂျစ်တူးလေးမွှေထားသော အိမ်ကိစ္စတွေကိုတစ်နေကုန်အောင်ဖြေရှင်းနေရတာနဲ့ အလုပ်ကိစ္စတွေမှာနှောင့်နှေးပြီး ယခုထိကိုမအိပ်ရသေးပေ။အခုလည်းစာရွက်တစ်ထပ်ကိုင်ကာ ဘာဖြစ်လာပြန်တယ်မသိ၍ မေးတစ်ချက်ဆတ်ပြတော့...
``မနက်ဖြန်ခရီးစဥ်အကြောင်း bossမေ့နေမှာစိုးလို့ပါ၊ မနက်ဖြန်ကျွန်တော်တို့brandရဲ့ productအသစ်မိတ်ဆက်ပွဲပြီးရင် Parisမှာကျင်းပမယ့် Fashion weekအတွက်ပွဲတက်ဖို့ရှိပါတယ်...ကျွန်တော်တို့brandရဲ့Main Partnerမို့VIP Listအနေနဲ့မဖြစ်မနေတက်ရမယ့်ပွဲပါ´´
ဟုတ်သားပဲ။တစ်နေကုန် ဂျစ်တူးကိစ္စနဲ့အလုပ်တာဝန်တွေကိုတောင်မေ့နေမိခဲ့ပြီ။မနက်ကအထိသူဒါကိုသိနေပါတယ်။ဟုတ်တယ်၊မနက်ဖြန်မှာ ခရီးသွားဖို့ရှိနေတာပဲ။
``ဒါတွေက ခရီးစဥ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေပါ´´
``Ok!
ပွဲအချိန်နဲ့ Flightအချိန်ကိုညှိထားလိုက်´´
``ဟုတ်ကဲ့´´
သွားရမယ်ဆိုတာလည်းဘယ်နှရက်မှတော့မကြာပါ။ခန့်မှန်းခြေနှစ်ရက်နီးပါးပေါ့။အလုပ်ကိစ္စနဲ့ခရီးတွေအကြိမ်ကြိမ်ထွက်ဖူးပေမယ့် အခုတော့ဝန်ခံရရင် ခရီးဝေးသွားဖို့နေနေသာသာ အိမ်ကနေcompanyကိုတောင်မသွားချင်ပါ။အချိန်တိုင်း၊စက္ကန့်တိုင်း ဟိုငမွှေထိုးလေးအနားပဲရှိနေချင်ပြီး မျက်နှာလေးပဲမြင်ချင်မိတော့ခက်သား။စကားသံဆူဆူလေးမှမကြားရရင်၊စိတ်ကောက်တာ...ရစ်တာလေးမှမခံရရင်၊အကြောင်းမရှိအကြောင်းရှာပြီးငိုတာလေးမှမချော့ရရင်မနေတတ်တော့အောင် ကိုယ့်မှာရောဂါတွေသည်းနေတာ။
ဟင်း!တွေးရင်းနဲ့သတိရလာပြန်ပါရောလား။အချိန်ကိုကြည့်တော့ ညနက်နေပြီမို့ ဘေဘီဂျစ်တူးလေးအိပ်နေလောက်ပြီထင်ပါရဲ့။မနက်ဖြန်ကနေစပြီးနှစ်ရက်လောက်ခွဲရမှာမို့ အိပ်နေတာလေးခဏသွားကြည့်ရန်ဆုံးဖြတ်ကာ နေရာမှထွက်လာခဲ့၏။
~~~~~ 🍭 ~~~~~
စေ့ပိတ်ထားသည့်အခန်းတံခါးလေးကိုဖွင့်ဟဝင်လာခဲ့တော့ ငမွှေထိုးလေးကစောင်ထုပ်ထဲကွေးအိပ်နေလေရဲ့။သူလည်း ခြေသံကိုဖွနင်းလျက်အနားလေး၌ဝင်ထိုင်၍ အိပ်ပျော်နေသောချစ်စဖွယ်မျက်နှာလေးကိုငေးကြည့်နေမိရင်း...
``အဟင်း!
အသည်းယားစရာလေးကွာ
ဘာရုပ်လေးမှန်းကိုမသိဘူး´´
မနေနိုင်စွာခပ်တိုးတိုးဆိုမိပြန်၏။မှိတ်ယှက်ထားသောမျက်တောင်တွေက Barbieရုပ်လေးလိုကော့ညွှတ်နေပြီး နှာခေါင်းလုံးလုံးလေးကဖျစ်ညှစ်ပစ်ချင်လောက်အောင်အသည်းယားစေသည်။အိပ်မက်ထဲဘာတွေစားနေသည်မသိ၊ဘဲပေါက်လိုထော်နေသည့်နှုတ်ခမ်းလေးက တလှုပ်လှုပ်နဲ့ဝါးနေလေတော့ ကြည့်ရသူမှာအသည်းတွေတယားယားနှင့်ပင်။
သို့နှင့် ဝဲဘက်ရင်မှတဒိတ်ဒိတ်တိုးခုန်သောမူမမှန်စည်းချက်များနှင့်အတူ သူ့နှုတ်ခမ်းများက သူမမျက်နှာအနားလေးသို့ငုံ့ကပ်သွားမိကာ နဖူးလေးထံခပ်ဖွဖွနမ်းရှိုက်လိုက်၏။ပြီးတော့ ပါးဖောင်းဖောင်းလေးပေါ်တစ်ချက်ခိုးနမ်းသည်။
အသက်၃၀အရွယ်ဒီလူကြီးက ကလေးလေးအိပ်ပျော်နေတုန်း အနမ်းသူခိုးလည်းလုပ်တတ်ပါ၏။ဆိုပါတော့...ခိုက်ရန်ရှင်းတို့ ဒီအသက်ဒီအရွယ်ရောက်မှ အချစ်ရေစီးမှာမျောပြီး သူငယ်တွေပြန်နေချေပြီ။
``ဟင့်! ဦးကလူဆိုး´´
ပါးလေးပေါ်ခိုးနမ်းခဲ့စဥ် ငြိမ်သက်နေသည့်ခန္ဓာကိုယ်လေးတစ်ချက်လူးလွန့်ကာ အိပ်မက်ယောင်လာသောစကားကြောင့် သူ့မှာအယောင်ယောင်အမှားမှားဖြင့်အသက်ရှူတွေပင်ရပ်မိပါသည်။ဒီမှာတိတ်တိတ်လေးကျူးကျော်နေပါတယ်ဆိုမှ ဒီကလေးကအချိန်ကိုက်ကိုအိပ်မက်ယောင်နေတော့တာလေ။
``ချစ်ရိပ် ice - creamစားချင်တယ် ဟင့်! ဟင့်!´´
နီးကပ်လွန်းနေသည့်မျက်နှာလေးကိုငေးကြည့်ကာ ကိုယ့်မှာရင်တွေပေါက်ထွက်မတတ်ခုန်နေရသလောက် သူမကဖြင့်အိပ်မက်ထဲတောင်မုန့်တောင်းနေသေးရဲ့။ကြည့်ဦး!ဒီကလေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ?
``ကလေးလေး
မနက်ဖြန်ကျရင် ကိုယ်အိမ်ပြန်မလာဘူးနော်
မင်းကပြသာနာတွေမလုပ်ဘဲ လိမ္မာရမယ်ဟုတ်ပြီလား´´
``ice cream´´
အိပ်ပျော်နေသည့်မျက်နှာလေးကို တယုတယကြည့်ကာ ပြောနေမိစဥ် ရေခဲမုန့်ပဲထပ်တောင်းနေသည့်ပန်းသွေးရောင်နှုတ်ခမ်းလေးက လူကိုရူးအောင်ပြုစားနေပြန်ပါပြီ။သို့သော် တစ်ကိုယ်တည်းတိုင်တည်ခဲ့ဖူးသောကတိကြောင့် ရှေ့မတိုးဝံ့စွာ ဒီအတိုင်းလေးငေးနေရင်းမှ...
``အင့်!´´
နောက်ဆုံးတော့ ဦးနှောက်ကတားမြစ်နေသောအသိအား နှလုံးသားမှတိတိကျကျဆန့်ကျင်သွားခဲ့၏။ရေခဲမုန့်ကိုတမ်းတကာ တလှုပ်လှုပ်စူထော်နေသောနှုတ်ခမ်းလွှာလေးပေါ် သူ့အနမ်းနွေးနွေးတို့ဖြင့်ထိကပ်ကာ စုပ်ယူနမ်းရှိုက်မိသည့်အခိုက် ရင်ထဲကနှလုံးခုန်သံတွေပင် အမှားမှားအယွင်းယွင်းဖြင့်ရပ်တန့်ကုန်သည့်နှယ်...။ချိုလွန်းသောအထိအတွေ့လေးဟာ ရေခဲမုန့်လေးထက်ကိုပိုပြီးညှို့ငင်စွမ်းနေ၍ ရုတ်တရက်ဖယ်ခွာပေးဖို့ရန်ပင်သူမေ့မိခဲ့သည်။ခဏမျှကြာတော့...
``အင်း!
ဟင့်!´´
အသက်ရှူခက်သွားလို့ပဲထင့်၊ငြိမ်သက်နေသည့်ခန္ဓာကိုယ်လေးက လူးလွန့်ရုန်းကန်လာကာ မျက်ဝန်းလေးတွေပါဖျတ်ခနဲပွင့်လာခဲ့တော့မှ သူ့ရဲ့အကြင်နာအနမ်းတို့သည်လည်း ခေတ္တမျှရပ်တန့်သွားရ၏။နီးကပ်လွန်းစွာရှိနေဆဲဖြစ်သော မျက်နှာနှစ်ခုကတော့ နှုတ်ခမ်းချင်းမအပ်မိရုံ အနေအထားပိစိလေးသာဖယ်ခွာထားရသေးသည်။ပြောရရင် မညင်သာသောအသက်ရှူနှုန်းဝင်သက်ထွက်သက်လေးတွေပင် အချင်းချင်းခလုတ်တိုက်နေပါသေးရဲ့။ထိုစဥ် သူမရဲ့မပွင့်တပွင့်မျက်ဝန်းလေးတွေက မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်ဖြင့် လူကိုတန်ပြန်ကြည့်လာပြီး...
``ဦး!!´´
~~~~~ 🍭🍭🍭🍭 ~~~~~
အခန်း >>> ၁၇ဆက်ပါမည်။
ချစ်သည်းတို့အတွက်တစ်ခဏတာစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...
WineSatt Cho(🍋Lëmoñ🍋)