book

Index 12

အခန်း ၁၂

🍭~ ချစ်တတ်ခြင်းက မင်းနဲ့မှ...~🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၁၂ ♡ ==========


``တော်ပြီ၊တော်ပြီ

မစားချင်တော့ဘူး၊ချစ်ရိပ်ဗိုက်ပြည့်ပြီ´´


``ဟုတ်လို့လားကွာ

ဒီမှာနည်းနည်းလေးပဲစားရသေးတယ်လေ´´


``တော်ပြီဆိုမှပဲ

ပန်းခင်းသွားကြည့်ချင်တယ်...လိုက်ပြ´´


ကိုယ့်ပေါင်ပေါ်ငြိမ်ငြိမ်လေးထိုင်ကာမုန့်စားနေရင်းမှ ထပ်ပြီးပူဆာလာပြန်သည့်ကလေးမ။စားတာကဖြင့်ဘယ်လောက်မှမရှိပါဘဲ ဆက်လည်းမစားတော့တာမို့သူ့မှာအလိုမကျ။တကယ်ပဲ၊ဒီလိုတွေကြောင့် လူကောင်လေးကသေးနေပြီးရောဂါဝင်လွယ်တာ၊အကြမ်းမခံတာပေါ့။


``မရဘူး၊ဒါကိုကုန်အောင်စားရမယ်

ပြီးရင်ဆေးလည်းသောက်ရမယ်လေ၊ပန်းခင်းကထွက်မပြေးပါဘူးကွာ...ဘယ်အချိန်ကြည့်ကြည့်ရတယ်´´


``ဒါဆိုချစ်ရိပ်ပဟေဠိတစ်ခုမေးမယ်

ဦးရအောင်ဖြေနိုင်ရင်ဆက်စားမယ်´´


``အေးကွာ

ဒါဆိုလည်း မေး´´


``အင်း!ဘာမေးမလဲဆိုတော့....´´


ဘာမေးမည်ကိုသံရှည်ဆွဲကာ မျက်နှာလေးမော့၍စဥ်းစားနေပုံက တကယ်ကိုချစ်စရာ။ဘယ်နှကြိမ်ကြည့်ကြည့်ငေးမဝသူမှာလည်း မြတ်နိုးခြင်းကုဋေကုဋာဖြင့် ပို၍ ပို၍သာအသည်းတွေယားနေမိရဲ့။


``အာ!သိပြီ၊သိပြီ ဟိုဟာလေးမေးမယ်´´


``အင်း! ဘယ်ဟာလေးလဲ´´


စိတ်ရှည်စွာပြန်ပြောပေးတော့သူမက ဆရာကြီးပုံစံဖြင့် လက်ဖဝါးလေးနှစ်ဖက်ကိုပွတ်ရင်းမေးလာသည်က...


``ဝက်ကလေးတစ်ကောင်၊

ဝက်ကလေးနှစ်ကောင်၊ဝက်ကလေးသုံးကောင်...အဲ့ဒါကိုစာလုံးငါးလုံးတည်းနဲ့ရအောင်ပြော´´


သူမဝှက်တဲ့ပဟေဠိကြောင့် ခိုက် ရယ်ချင်သောစိတ်ကိုမနည်းထိန်းလိုက်ရပါ၏။ချစ်စဖွယ်အမူအရာလေးနဲ့ပြောလာပုံကလည်း တကယ်ကိုဘေဘီပေါက်စနလေးနှင့်တူသည်။တစ်ခွန်းတည်းဝန်ခံရရင် အဲ့ဒီပါးဖောင်းဖောင်းလေးတွေကိုစိတ်တိုင်းကျဆွဲနမ်းပစ်လိုက်ချင်၏။သို့သော်လည်းထပ်ပြီးအကြမ်းပတမ်းလုပ်လို့ကမဖြစ်ချေဘူးလေ။အခုတောင်မနည်းချော့နေရတာမဟုတ်လား။


ထို့ကြောင့် ခိုက် ရင်ထဲကဆန္ဒကိုချိုးနှိမ်၍ ခပ်အေးအေးသာပြုံးလျက် ပန်းကန်ထဲကျန်သေးသည့် စွပ်ပြုတ်အနည်းငယ်အားဇွန်းဖြင့်ခပ်ယူလိုက်ပြီး သူမရဲ့နှုတ်ခမ်းလေး၌တေ့ကာ...


``စားတော့´´


``အရင်ဖြေဦးလေ

ညာမယ်မကြံနဲ့နော်၊ဦး မသိဘူးမဟုတ်လား´´


``အဟွန်း!

ဝက်ကလေး၆ကောင်...ရပြီလား??´´


``ဟင်!´´


ရယ်ရိပ်မြူးသောမျက်ဝန်းတွေဖြင့်ကြည့်ကာဖြေပုံက တကယ်ကိုသိမ်မွေ့ညင်သာခြင်းတို့နဲ့။လှစ်ခနဲပြုံးလိုက်တဲ့နှုတ်ခမ်းတွေဟာလည်း ဆွဲဆောင်မှုရှိလွန်းတယ်။မျက်လုံးပြူးလေးနဲ့ကြည့်နေမိစဥ်မှာပဲ သူက လက်ကိုရှေ့တိုးလာပြီး စွတ်ပြုတ်ကိုထပ်ခွံ့ကျွေးပြန်သည်မို့ အသာတကြည်ပင်ပါးစပ်ဟပေးလိုက်ရ၏။


သူကချစ်ရိပ်ရဲ့မေးခွန်းကိုလွယ်လွယ်လေးဖြေသွားတာပဲ။ဒါကို သူငယ်ချင်းမေးတုန်းက ချစ်ရိပ်မှာဖြင့်နှစ်ရက်လောက်အချိန်ယူစဥ်းစားခဲ့ရတာကို...၊ဒီလူကြီးကနေရာတကာသိရပြန်ပြီ...ဟွန့်!


``ဦး´´


``ပြော´´


``အဲ့အဖြေကိုဦးဘယ်လိုသိလဲ´´


``ဟာကွာ!!ဒီလောက်လွယ်တာကို´´


``ချစ်ရိပ်တုန်းကအကြာကြီးစဥ်းစားခဲ့ရတာ´´


``အဟင်း!အဲ့ဒါကတော့ မင်းအရမ်းတုံးလို့ပေါ့´´


``ဟ! ဦးနော်´´


``ကဲပါ

ဒါလေးကုန်အောင်စားဦး၊ခဏနေရင်ကိုယ်အလုပ်သွားရတော့မှာ´´


``Boss!´´


အသေအချာချော့မော့ကာ စွတ်ပြုတ်လေးဆက်ကျွေးနေစဥ် တံခါးဝ၌အရိပ်တစ်ခုပေါ်လာ၏။မျက်လုံးတွေကိုလှမ်းကြည့်သည်နှင့်တစ်စုံတစ်ရာသောပြသာနာရှိနေပြီဖြစ်ကြောင်း သူအတပ်သိလိုက်သည်မို့ အနားသို့လာခဲ့ခိုင်း၍...


``ဘာဖြစ်လို့လဲ´´


``ဆောက်လုပ်ရေးစီမံကိန်းမြေနေရာအသစ်မှာပြသာနာပေါ်နေပါတယ်´´


``.....´´


``တစ်ဖက်က မက်လောက်တဲ့အကြောင်းပြချက်ကိုပေးပြီး မီးထိုးလိုက်တဲ့ပုံစံပါပဲ။ကျွန်တော်တို့ရဲ့စီမံကိန်းကို ကန့်ကွက်ဆန္ဒပြမဲ့လူတွေရှိနေတယ်...အဲ့ဒါကြောင့်အခုအရှုပ်အထွေးတွေဖြစ်နေပါတယ်´´


``အဟွန်း!´´


ဟိုလူကဘာတွေပြောနေသည်မသိ။ဦးကတော့ အေးစက်စက်ကြီးဖြင့် ကြောက်ဖို့ကောင်းအောင်ပြုံးလိုက်သည်မို့ ကောင်းတဲ့ကိစ္စတော့မဖြစ်နိုင်တာ ချစ်ရိပ်သိသည်။သို့သော်လည်း အလုံးစုံကိုတော့နားမလည်နိုင်၍ ပြူးတူးတူးလေးဖြင့်သာဟိုလူ့မျက်နှာကိုလှမ်းကြည့်လိုက်၊ဦးရဲ့မျက်နှာထံမော့ကြည့်လိုက်ဖြင့် အလုပ်တွေရှုပ်နေခဲ့၏။ထိုစဥ် ဦးကချစ်ရိပ်ကိုတစ်ချက်ငုံ့ကြည့်လာပြီး...


``ကလေးလေး

အိမ်မှာခဏနေခဲ့ဦးနော်၊ကိုယ်ကိစ္စလေးတစ်ခုပေါ်လာလို့´´


``ဦးပဲပြောတော့ ပန်းခင်းဆီလိုက်ပြမယ်ဆို´´


``အဲ့ဒါက ကိုယ်အခုအချိန်မရတော့လို့

ပြန်လာမှပဲ...နော်´´


ဒီလိုဆိုတော့လည်းချစ်ရိပ်ဘာမှဆက်မပြောတော့ဘဲ သူ့ပေါင်ပေါ်မှအသာတကြည်ထရပ်လိုက်စဥ် သူ့လက်တစ်ဖက်ကချစ်ရိပ်ရဲ့လက်ကောက်ဝတ်လေးထံ ဖျတ်ခနဲလှမ်းဆွဲလိုက်ပြီး ဘေး၌ရပ်နေသည့်မိန်းကလေးတွေအားလုံးဘက်လှည့်ကာ...


``အားလုံးကိုငါသေချာမှာထားမယ်

ဒီနေ့ကစပြီး ဒီကလေးကိုသေချာဂရုစိုက်ပါ၊အိမ်ထဲကနေအိမ်ပြင်ကိုမထွက်စေနဲ့၊ခြံထဲကိုတောင်မဆင်းစေနဲ့...ပြီးတော့သူ ဒီအိမ်ရဲ့ဘယ်နေရာကိုသွားသွား၊ဘာပဲလုပ်လုပ် ဘယ်သူမှတားပိုင်ခွင့်မရှိဘူး၊ဘယ်သူကမှထိခိုက်အောင်လုပ်ခွင့်မရှိဘူး...တကယ်လို့ကလေးတစ်ခုခုထိခိုက်ခဲ့ရင် အဲ့ဒီလူက ငါနဲ့ငြိမယ်...ကြားတယ်နော်´´


``ဟုတ်!

ဟုတ်ကဲ့ပါ သခင်လေး´´


အသံမာမာကြီးနှင့်ပြောနေတော့ တစ်ဖက်မိန်းကလေးတွေမှာမျက်နှာငယ်တွေဖြင့် ခေါင်းတွေက ငုံ့သထက်ပိုငုံ့သွားကြ၏။ဘာပြောလိုက်မှန်းလည်းချစ်ရိပ်နားမလည်သည်နှင့် သူ့လက်မောင်းကအင်္ကျီစလေးကိုတလှုပ်လှုပ်လှမ်းဆွဲလိုက်ပြီး...


``ဦး

သူတို့ကိုဘာပြောလိုက်တာလဲ´´


``အင်း! မင်းက ဒီအိမ်ရဲ့အစေခံအသစ်ဆိုတာရယ်...၊ပြီးတော့မင်းအချိုးမပြေတာတစ်ခုခုလုပ်ရင် နာနာလေးရိုက်ပစ်ပြီးဆုံးမရမယ်လို့မှာနေတာ´´


``ဟင်!´´


သူ့စကားကြောင့် တောက်ပကြည်စင်သောမျက်ဝန်းလေးများက ဖျတ်ခနဲဆိုမော့ကြည့်လာ၏။ထိုအကြည့်မှာ မယုံနိုင်ခြင်းများစွာနဲ့ကြောက်လန့်စိုးရိမ်မှုလေးတွေပျော်ဝင်လို့နေသည်။ကလေးဆိုတော့လည်းပြောသမျှတိုင်းအဟုတ်ထင်နေသည်ကိုး။


ကိုယ့်ပုံစံကလည်း ချစ်စနိုးလေးစနောက်တာတောင် ဒီကလေးရဲ့အမြင်မှာကြောက်စရာကြီးဖြစ်နေသလားမသိ။လူကိုအသေအချာမော့ကြည့်ပြီး တုံ့ပြန်စကားဆိုမလာဘဲ သိမ်ငယ်သောမျက်ဝန်းလေးဖြင့်သာ ခေါင်းငုံ့သွားလေရဲ့။ဆိုလိုတာက တစ်ဖက်ကိုသူဒီလိုပြောလိုက်တယ်လို့ သူမ,ယုံတယ်။


တကယ် ဘယ်လိုကောင်မလေးပါလဲ?


ဘုရားစူး!!ဒါဟာ သူ့လိုရင့်ကျက်တည်ငြိမ်သောယောကျ်ားတစ်ယောက်ရဲ့မြတ်နိုးရာလေးပါတဲ့လေ!မြန်ဆန်လှတဲ့အချိန်တိုအတွင်း ဒီလူရဲ့နှလုံးသားကသူမထံဘယ်လိုတောင်ကျရှုံးခဲ့သလဲဆိုတာ ကာယကံရှင်လေးတော့ မသိနိုင်သေးဘူးထင်ရဲ့။


ထားပါတော့! ဘယ်လိုပဲဖြစ်ဖြစ်အသေအချာဆုံးထက်သေချာနေသည်က ချစ်ရိပ်ဂျစ်တူးလေးကို ခိုက်ရန်ရှင်းပိုင်ရမယ်...။

 

ဟုတ်တယ်။ကိုယ့်ကိုပဲမင်းလက်ထပ်ရမယ် ကလေးငယ်...။မင်းသာလျှင် ကိုယ့်ရဲ့...


ချစ်သော...


မြတ်နိုးမိပါသော...တရားဝင်သတို့သမီးပဲ။


~~~~~ 🍭🍭🍭🍭 ~~~~~


``Ring!´´


``ကျစ်!´´


ကြည်လင်တောက်ပ၍ ရေရိပ်လေးတွေတဖျတ်ဖျတ်လက်ကာပြေးနေသော ရေကန်ရဲ့ဘေး၌သက်တောင့်သက်သာထိုင်ကာ အနားယူနေသည့် သူမ။ရုတ်တရက်မြည်လာသည့် ဖုန်းသံကြောင့်နီစွေးတောက်ပသောနှုတ်ခမ်းလွှာတို့ကိုတစ်ချက်မဲ့ပြီး စုတ်သပ်လိုက်မိ၏။ကမ္ဘာမှာ သူမ မကြိုက်ဆုံးသောအရာက အနားယူချိန်မှာအနှောင့်အယှက်ခံရခြင်းပင်။


သို့သော် ဒီဖုန်းကတော့ ခိုက်ရဲ့စံအိမ်မှာလွှတ်ထားသည့်လူယုံထံမှဖြစ်နေ၍ ဖုန်းကိုဖွင့်ကိုင်လိုက်၏။ကြည့်ရတာတစ်ခုခုတော့အခြေအနေထူးပြီထင်ပါသည်။


``ပြော!´´


``.....´´


``ဟုတ်လား

သာမန်အစေခံမဟုတ်ဘူးဆိုတော့ဘယ်လိုထူးဆန်းတဲ့အစေခံလဲ´´


``.....´´


``အသက်ကအဲ့လောက်တောင်ငယ်လား´´


``....´´


``ကောင်းပြီလေ

မကြာခင်မှာငါစံအိမ်ကိုလာခဲ့မယ်

အရင်ဆုံးသူနဲ့စကားပြောပြီးရင်ပေါ့´´


ဖုန်းကိုချပစ်လိုက်ပြီးနောက် ခပ်မှိုင်းမှိုင်းဖြစ်သွားခဲ့သည်က သူမရဲ့မျက်ဝန်းတွေ...။


တလက်လက်ပြေးလွှားနေသည့်ရေရိပ်ကလေးတွေလည်း သူမအတွက်လှပခြင်းမရှိတော့သလို မြင်လေသမျှအရာအားလုံးက အကျည်းတန်သည်။


ထို့နောက် အာရုံမှာစွဲထင်ပြီးခဲ့သောစကားသံအချို့ကိုပြန်ကြားယောင်ပြီး ပုံရိပ်များကလည်း ပီပြင်သောရုပ်ရှင်ပြကွက်တွေလိုတရိပ်ရိပ်မြင်ယောင်လာခဲ့၏။


``ကျွန်တော့်တစ်သက်လုံး Julietကိုစောင့်ရှောက်ပါမယ်၊ကတိပေးပါတယ်´´


``.....´´


``ကျွန်တော့်ကြောင့် Julietဘယ်တော့မှဝမ်းမနည်းစေရပါဘူး´´


တစ်ချိန်က သူပေးခဲ့ဖူးတဲ့ကတိစကားတွေ...။


ဆယ်နှစ်ဆယ်မိုး ရင်းနှီးခဲ့ကြတဲ့သံယောဇဥ်တွေ...။


လွယ်လွယ်လေးမဟုတ်ခဲ့ဘူး။သူနဲ့Julietရဲ့ကြားကပတ်သက်မှုဟာ လက်ပြနှုတ်ဆက်လိုက်ရုံနဲ့မပြီးဘူး။သူ့နှုတ်က လေးလေးနက်နက်ပေးဖူးတဲ့ကတိတွေ အခုဘယ်ရောက်ကုန်တာလဲ?ခဏလေးဝေးကွာစဥ်မှာ သူဘယ်လိုတောင်ပြောင်းလဲနိုင်ရတာလဲ?ခဏလေးသာတွေ့ဖူးတဲ့၊ဘယ်ကရောက်လာမှန်းတောင်မသိတဲ့ ကလေးတစ်ယောက်အပေါ်သူဘာတွေကိုတိမ်းညွှတ်နေတာလဲ?


မသိဘူး...။Julietဘာမှမသိတော့ဘူး။


``အား!!´´


နားနှစ်ဖက်ကိုပိတ်ကာအော်ပစ်လိုက်ပြီး မျက်ဝန်းဆီမှာလည်း မျက်ရည်တွေပြည့်အိုင်စီးကျလို့လာခဲ့သည်။


မရဘူး ခိုက်။

ရှင်ဒီလိုလုပ်လို့မရဘူး။လုံးဝမရဘူး။

ကျမကို လွယ်လွယ်ပြတ်သားလို့မရဘူး။

ဘာကြောင့်လဲဆိုတာ...ရှင်သိပါတယ်။


``ကျမတို့ပြောစရာစကားတွေရှိလာပြီထင်တယ် Darling...အဟင်း!´´


နာနာကျင်ကျင်ရယ်သွမ်းသွေးသောခြောက်ကပ်ကပ်ရယ်သံက လုံးဝကိုအသက်မဲ့နေသယောင်နှင့်.

..၊စူးတောက်သောမျက်ဝန်းအကြည့်တွေကကြောက်ဖို့လည်းကောင်း၏။


ကမ္ဘာမှာ သူမအတွက်အပြင်းထန်ဆုံးသောလွှမ်းမိုးမှုနက္ခတ်ရိုင်းက သဝန်တိုတတ်လွန်းခြင်း။


ပြီးတော့ ရရှိချင်သောအရာကို ပိုင်ဆိုင်လိုစိတ်ပြင်းပြခြင်း။


ထို့ကြောင့်...

ထိုသို့သောအကြောင်းတရားတို့ကြောင့်...သူမဆက်လုပ်မည့်အရာတွေက တစ်စုံတစ်ဦးသောအပြစ်မဲ့သူလေးအပေါ် ငြိုးမျက်မုန်းမာန်တို့သင့်စေတော့မည်ဆိုပါလျှင်...။


~~~~~ 🍭🍭🍭🍭 ~~~~~


အိမ်ထဲ၌ဟိုယောင်သည်ယောင်လျှောက်ကြည့်နေရင်း ဦးအပြင်ထွက်သွားတာသေချာလောက်မည့်အချိန်ကိုစောင့်နေမိ၏။အရေးကြီးကိစ္စရှိနေပုံမို့ သူအခုချိန်ဆိုသွားတော့သွားလောက်ပါပြီ။


ဒါနဲ့ ချစ်ရိပ်ကဘယ်နားမှာဘာအလုပ်လုပ်ရမှာတုန်း! သူတို့ကဘာမှလည်းမခိုင်းကြဘူး။


အိမ်ထဲ၌ကိုယ်စီသွားလာအလုပ်လုပ်နေကြသူတွေကိုကြည့်ကာ ငြူငြူစူစူလေးတွေးနေမိ၏။ယခုတော့ အခန်းကြီးထဲမှာနေ့နေ့ညညပိတ်လှောင်ထားတာမျိုးမရှိဘဲ အိမ်ကြီးပေါ်လွတ်လွတ်လပ်လပ်သွားလာလို့ရနေတာတော်သေးသည်။


ဒါနဲ့နေပါဦး

ဟိုလူကြီးကလည်းရက်စက်လိုက်တာ~


တကယ်ပဲ အဲ့လိုကြီးမှာခဲ့တာလား?

တစ်ခုခုအမှားလုပ်မိတာနဲ့ သူတို့ကငါလေးကိုဝိုင်းရိုက်ကြမှာလားမသိဘူး။


``ဟင့်!ကြောက်လိုက်တာနော်

ဒီကြောက်စရာအိမ်ကြီးထဲကနေ ငါဘယ်လိုထွက်ရပါ့´´


``ခွမ်း!!´´


ရှင်းလင်းကျယ်ဝန်း၍ ခမ်းနားလွန်းသောအိမ်ကြီးရဲ့အပြင်အဆင်တွေကိုလိုက်ကြည့်နေရင်း ခြံထဲဘက်ထွက်ရမယ့်တံခါးပေါက်ကိုလိုက်ရှာနေစဥ် ရုတ်တရက်ပဲ ခွမ်းခနဲကွဲကျသံကိုကြားလိုက်ရ၏။ထိုအသံလာရာကိုသေချာလိုက်ကြည့်တော့ မီးဖိုဆောင်ဟုယူဆရသောနေရာမှဖြစ်သည်။


ဒါဆိုဒီလမ်းကအိမ်အရှေ့ဘက်ကိုမရောက်ဖူးပဲ

ချစ်ရိပ်လမ်းမှားနေတယ်~


သို့သော်လည်း စူးစမ်းတတ်သည့်ခြေလှမ်းလေးက ထိုအသံလာရာဘက်ဆီဆက်လျှောက်လာခဲ့တော့...


``ဟင်!´´


တွေ့လိုက်ရသောမြင်ကွင်းက လူကိုတုန်လှုပ်သွားစေ၏။ဘာအမှားလုပ်လိုက်၍လည်းမသိ အစေခံမိန်းမငယ်လေးကို အစေခံခေါင်းဆောင်ဖြစ်ဟန်တူသောမိန်းကလေးတစ်ဦးက ဒေါသမျက်နှာကြီးဖြင့်ပြောဆိုဆူငေါက်နေသည်။လဲကျနေသောမိန်းကလေးရဲ့ဘေးရှိ ကြွေပြားကြမ်းခင်းထက်လည်း ဟင်းအနှစ်ဟုယူဆရသည့်အရည်တွေပြန့်ကျဲလို့နေ၏။ပြီးတော့ ထိုမိန်းကလေးရဲ့လက်ပေါ်မှောက်ကျခဲ့လို့ပဲထင့်၊ အပူလောင်ဒဏ်ရာတွေနီရဲနေတာမို့ ချစ်ရိပ်အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။


ဟိုမိန်းမကတော့သနားညှာတာခြင်းအလျဥ်းမရှိ။လက်ညှိုးငေါက်ငေါက်ထိုး၍ပြောဆိုအော်ဟစ်နေဆဲ။ဘေးလူတွေကလည်း ကိုယ်မဟုတ်လို့တော့သေးတယ်ဆိုတဲ့အကြည့်မျိုးနဲ့ ပြပွဲတစ်ခုလိုရပ်ကြည့်နေလေရဲ့။ထို့ကြောင့်ချစ်ရိပ်လည်းဒေါသဖြစ်သွားမိကာ ရှေ့သို့ဆက်တိုးသွားလိုက်ပြီး...


``ဒီမှာ ရှင်တော်တော့နော်

အဲ့လောက်ပြောပြီးရင်တော်ရောပေါ့၊ဒီမှာသူဒဏ်ရာရထားတယ် မမြင်ဘူးလား´´


ချစ်ရိပ်စကားကိုတော့ သူခွန်းတုံ့မပြန်ပါ။မပြန်ဆို နားလည်းမလည်ဘူးထင်ပါ့။သို့သော် ချစ်ရိပ်သူ့ကိုရန်တွေ့တယ်ဆိုတာလောက်တော့သူသိမှာပါ။


ထိုအထင်ကြောင့်ကျေနပ်သွားကာ သူ့ကိုကျောခိုင်းလိုက်ပြီး တစ်ဖက်၌လဲကျနေသူဘက်သို့လှည့်၍...


``လာ!ထ

ငါနဲ့လိုက်ခဲ့နော်

ဒဏ်ရာကိုရေဆေးပြီး ဆေးထည့်ရမယ်လေ´´


``ဟင့်!ဟင့်´´


ခေါ်တဲ့သူကသတ္တိရှိစွာခေါ်နေတာတောင်လိုက်မယ့်သူကမလှုပ်ရဲပေ။ပြီးတော့ဟိုမိန်းမရဲ့မျက်နှာကိုမော့ကြည့်ကာငိုရှိုက်နေ၏။ကြည့်ရတာဒီအိမ်ကအစေခံတွေ သူမကိုသိပ်ကြောက်ကြတယ်ထင်ရဲ့။


ဟိုက်!ဒုက္ခပါပဲ။အချိုးမပြေတာများလုပ်မိလေပြီလား?ချစ်ရိပ်အမှားလုပ်မိရင်ရောဒီလိုပဲပြောဆိုရိုက်နှက်မှာလား။


အို!တွေးမနေပါဘူးလေ။

ဘာပဲဖြစ်ဖြစ်အခုကိစ္စကအားနည်းသူဘက်မှာရပ်တည်ပေးတာ။


ချစ်ရိပ်မမှားဘူး...ဟွန့်!


``ကဲပါ...သူ့ကိုကြည့်မနေနဲ့

လာ! သွားရအောင်၊ဆေးသွားထည့်မယ်´´


မိမိအား ရန်စွာကာ တစ်ဖက်မိန်းကလေးကိုတွဲထူ၍ထွက်သွားသော ထိုမိန်းမငယ်ကိုစူးစူးဝါးဝါးသောစိုက်ကြည့်နေမိသည်က နူဝမ်။သူ့စကားကိုခွန်းတုံ့မပြန်နိုင်ပေမယ့် ကျွမ်းကျင်စွာနားလည်သောကြောင့် ရင်မှာမကျေနပ်မှုတွေတလိပ်လိပ်တက်လာရ၏။နူဝမ်က ဒီအိမ်မှာရှိသမျှအစေခံအားလုံးရဲ့ခေါင်းဆောင်ဖြစ်ပြီး အစေခံတွေနဲ့ပတ်သက်သမျှ မည်သည့်အရေးကိစ္စကိုမဆိုစိတ်တိုင်းကျဆုံးဖြတ်နိုင်သော အာဏာလည်းရှိသည်။ယခု အားလုံးကကြောက်ရွံရသူကို ဒီချာတိတ်ကဘယ်လိုအချိုးမျိုးနဲ့ဆက်ဆံလိုက်ပါသလဲ။


သူမတကယ်ဒေါသထွက်ပါတယ်။သို့သော် ဒီချာတိတ်ကိုတော့တခြားအစေခံတွေလိုပြောဆိုပိုင်ခွင့်မရှိခဲ့။ဘာကြောင့်လဲ?


အစေခံတွေနဲ့တန်းတူဝတ်စုံဝတ်ထားပေမယ့် တခြားအစေခံတွေနဲ့မတူတဲ့အခွင့်အရေး ဒီချာတိတ်မှာရှိနေတယ်။သူ့ကိုထိရင်ငါနဲ့ငြိမယ်လို့မနက်ကတင် သခင်လေးမှာသွားခဲ့သည်မဟုတ်လား။


ဟမ်း!အခုတော့သခင်လေးရဲ့အရေးပေးမှုကြောင့် မာန်တက်ပြနေလိုက်ဦးပေါ့။မကြာခင်မှာ သခင်မရောက်လာမှနင့်ကိုဘယ်လိုပညာပေးမလဲဆိုတာကြည့်ကြသေးတာပေါ့~


ဒီအိမ်ရဲ့သခင်မနေရာမှာ ပိုင်ရှင်ရှိပြီးသားမှန်းနင်ကောင်းကောင်းသိစေရမယ်။


``တောက်´´


~~~~~ 🍭 ~~~~~


``မငိုပါနဲ့တော့နော်

ငါနင့်ကိုဆေးထည့်ပေးမယ်လေ...နော်´´


လက်မှာနီရဲနေသည့်ဒဏ်ရာကြီးကိုဖိကိုင်ရင်းတရှုံ့ရှုံ့ငိုနေသေးသည့် မိန်းကလေးကိုဘယ်လိုချော့ရမှန်းချစ်ရိပ်မသိတော့ဘဲ ပျာပျာသလဲလေးဖြစ်နေမိ၏။ထိုစဥ် သူကမျက်ရည်တွေစိုစွတ်နေသောမျက်ဝန်းဖြင့်ချစ်ရိပ်ထံကြည့်လာပြီး...


``ကျေးဇူးတင်ပါတယ်´´


``ဟယ်! မြန်မာ...မြန်မာလိုပြောတတ်တယ်ဟုတ်လား?ကြည့်စမ်း!အဆင်ပြေလိုက်တာ´´


တကယ်ပင်အားရဝမ်းသာလေသံလေးဖြင့်ပြောမိတော့ သူကချစ်ရိပ်ကိုမဝံ့မရဲလေးပြုံးပြလာပြီး...


``မိုးကမြန်မာလူမျိုးပါ

မြန်မာနိုင်ငံကနေရောက်လာခဲ့တာ´´


``သြော်!´´


``သိပ်မကြာသေးဘူး။လွန်ခဲ့တဲ့နှစ်ဝက်လောက်ကမှဒီကိုရောက်တာပါ´´


``ဘာလို့လာခဲ့တာလဲ

ကိုယ့်နိုင်ငံမှာလည်းအလုပ်တွေရှိရဲ့သားနဲ့´´


``မလာလို့မှမရတာ

မိုးကိုမိုးရဲ့မိထွေးက clubတစ်ခုမှာရောင်းစားခဲ့တာပါ။အဲ့ကနေမှ ဒီစံအိမ်ကိုရောက်ခဲ့တာ...ဆက်ပြီးအသက်မရှင်တော့လောက်အောင်စိတ်တွေညစ်နေတဲ့အချိန်မှာ သခင်လေးကကူညီပြီးဒီအိမ်မှာခေါ်ထားပေးတာ...သူကလည်းမြန်မာလူမျိုးဆိုတော့လေ...အချင်းချင်းကူညီပေးတဲ့သဘောပါ´´


အံမယ်!ဒီလိုကျတော့လည်း ဦးမာဖီးယားကသဘောကောင်းသား...အဟိ!!


``ဒါနဲ့ခုနကအစ်မကိုသတိထားနော်...သူ့နာမည်က နူဝမ်တဲ့...ဒီအိမ်မှာသူကအစေခံတွေရဲ့ခေါင်းဆောင်ပဲ၊အားလုံးကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ပြီးတော့ဒီအိမ်ရဲ့စည်းကမ်းက တစ်ယောက်ရဲ့အရေးကိုတစ်ယောက်ဝင်စွက်ဖက်ခွင့်မရှိပါဘူး´´


``ဟင်!ဘယ်လိုကြီးလဲ´´


``အဲ့လိုပါပဲ၊ဒီအိမ်ကအေးစက်တဲ့ဝင်္ကပါလိုမျိုး ကြောက်ဖို့ကောင်းတယ်...ရောက်လာပြီးတဲ့သူတွေကအစေခံစာချုပ်သက်တမ်းမပြည့်မချင်းအိမ်ရဲ့ပြင်ပကိုထွက်ခွင့်မရှိဘူး´´


``ဟယ်!ဒါဖြင့် သက်တမ်းကဘယ်လောက်တုန်း´´


``တစ်နှစ်ပါ၊ဒီအချိန်အတွင်းမိုးတို့ရဲ့အသက်ကိုတောင်စံအိမ်သခင်ကပဲပိုင်တာမလို့ ဒီအိမ်ထဲမှာသေသွားလည်း ကျန်ရစ်မိသားစုကအရေးယူပိုင်ခွင့်မရှိပါဘူး´´


အောင်မလေး!!ဆန်းကြယ်ချက်တွေ။ချစ်ရိပ်ဖြင့်ကြားတောင်မကြားဖူးပေါင်။ 


``ဒါကြောင့်စံအိမ်ထဲမှာကိုယ့်အလုပ်ကလွဲလို့တခြားအရာကိုမစပ်စုပါနဲ့၊သတိရှိရှိနဲ့အမှားကင်းအောင်နေရမယ်...ပြီးတော့ခုနလိုမျိုးကိစ္စကိုကျေးဇူးတင်ပေမယ့် အဲ့အတွက်နဲ့အစ်မနူဝမ်ရဲ့စိတ်ထဲနင့်ကိုအမြင်မကြည်ဘူးဖြစ်နေရင် ရှေ့လျှောက်နင့်ကိုအပြစ်ရှာပြီးနှိပ်စက်နေလိမ့်မယ်´´


``ဒီနေရာကလည်းနော်

မာဖီးယားအိမ်လို့မပြောရဘူး၊ကြောက်ဖို့ကောင်းလိုက်တာ´´


ချစ်ရိပ်ရဲ့စကားကြောင့် မိုးကမျက်မှောင်လေးကျုံ့သည်။ပြီးနောက် အံ့သြသလိုကြည့်လာပြီး...


``ဘယ်သူ့ကိုမာဖီးယားလို့ပြောတာလဲ´´


``ဦးလေ

ဦးခိုက်ရန်ရှင်း´´


``မဟုတ်တာ

သခင်လေးခိုက်ကအရမ်းကောင်းတဲ့သူပါ၊ပြီးတော့ဒီနေရာက ထိုင်းနိုင်ငံစီးပွားရေးလောကရဲ့ထိပ်တန်းcompanyကြီးဖြစ်တဲ့ Winner Groupစံအိမ်တော်ပါ´´


``အမ်!!´´


``နင်မသိဘူးလား´´


``ဟင့်အင်း!ငါက သူ့ကိုမာဖီးယားလူဆိုးလို့ပဲထင်တာ´´


ချစ်ရိပ်ရဲ့စကားကြောင့် သူတော်တော်ကြီးအံ့သြသွားသလိုပင်။ဘယ်သိပါ့မလဲ?ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်က မိန်းမငယ်လေးတစ်ယောက်ကိုညကြီးအချိန်မတော်ဖမ်းပြီး အိမ်ထဲပိတ်ထားမယ်ဆိုတာ~


နှုတ်ခမ်းလေးစူကာတွေးမိပေမယ့် ချစ်ရိပ် ဦးရဲ့အကြောင်းတွေကိုတစ်စွန်းတစ်စတော့သိလိုက်ရပါသည်။


ဒီတစ်ချိန်လုံး သူ့ကိုအထင်လွဲလာမိတာပေါ့။သူကချစ်ရိပ်ထင်နေသလို မာဖီးယားလူဆိုးကြီးတော့မဟုတ်ခဲ့ဘူးပဲ။


~~~~~ 🍭🍭🍭🍭 ~~~~~


လုပ်ငန်းခွင်မှာဖြစ်ပေါ်နေသည်ဟူသော ကန့်ကွက်ဆန္ဒပြမှုတွေကိုသွားရောက်ဖြေရှင်းညှိနှိုင်းခဲ့ပြီးမှ သူ companyသို့ပြန်လာခဲ့တော့ အချိန်အားဖြင့်အတော်လေးနောက်ကျနေခဲ့သည်။ဝန်ထမ်းတွေပင် အလုပ်ဆင်းသွားကြပြီမို့ သူလည်းခဏအနားယူရင်း လိုအပ်တဲ့ဖိုင်တွဲတစ်ချို့ကိုစစ်ဆေးရန် ရုံးခန်းအတွင်းသို့ဝင်လာခဲ့၏။တစ်ယောက်တည်းပဲနေလို၍ bodyguardတွေအပြင် dawnနဲ့davidကိုပါမြေညီထပ်ကားပါကင်မှာပဲစောင့်ခိုင်းခဲ့သည်။


``ကျွီ!´´


ခပ်မှန်မှန်ခြေလှမ်းတို့ဖြင့်လျှောက်လာရင်း ရုံးခန်းသို့အဝင်၌ တစ်စုံတစ်ရာမူမမှန်သောအခြေအနေကဆီးကြိုနေ၏။အခန်းတစ်ခုလုံးက မီးရောင်တွေမရှိ။နေရာတိုင်းကမှောင်မဲနေသည်။


လျင်လှသောသူမို့ အခြေအနေကိုချက်ချင်းရိပ်စားမိပါ၏။


အခန်းထဲမှာလူစိမ်းတစ်ယောက်ရှိနေပြီ။


``.....´´


သိလိုက်ပေမယ့် သူ့အတွက်မဆန်းသောအခြေအနေမို့ လှုပ်လှုပ်ရှားရှားလည်းဖြစ်မနေပါ။မီးကိုလည်းဖွင့်ဖို့မကြိုးစားဘဲ စိတ်ကိုအဆင်သင့်ပြင်ရင်းသာ အခန်းသို့တလှမ်းချင်းဆက်ဝင်လာခဲ့ရင်း အခန်းရဲ့အလယ်နားလောက်ရောက်သည့်အခါ...


``.....´´


အသံမပေးပါဘဲ နောက်ကျောပြင်ဆီမှချဥ်းကပ်ဖက်တွယ်လိုက်သော လက်တစ်စုံရဲ့အထိအတွေ့...။ပြီးတော့ နှစ်အတော်ကြာအောင်ရင်းနှီးခဲ့ဖူးသည်တိုင် ယခုထိမပြောင်းလဲသောကိုယ်သင်းရနံ့က နှာခေါင်းဝ၌လာကျီစယ်စဥ်မှာတော့ သူဇွတ်အတင်းရုန်းထွက်ခြင်းမပြုမိလိုက်ဘဲ ငြိမ်လျက်ရပ်နေရင်းမှ...


``မင်း ပြန်လာပြီလား??´´


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၁၃ဆက်ပါမည်။


ချစ်သည်းတို့အတွက်တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေရရှိစေရန်သာရည်ရွယ်ရေးသားသော...


WineSatt Cho(🍋Lëmoñ🍋)


rate now: