book

Index 1

အခန်း ၁

🍭`ချစ်တတ်ခြင်းက မင်းနဲ့မှ...´🍭

                              (Or)

                                  ဂျစ်တူးရဲ့ `ဦး´


========== ♡ အခန်း  ၁ ♡ ==========


``Cheer!´´


``ယေး!!

Happy Birthday!!´´


Music clubထဲပျံ့လွင့်နေသည့် သီချင်းသံခပ်ဆူဆူနှင့်အတူ လူငယ်တစ်စုရဲ့အော်ဟစ်ပျော်ရွှင်သံတို့ကလည်း ဆူဆူညံညံ။ကောင်လေးတွေသာမက ကောင်မလေးတွေလည်းပါဝင်သောထိုအုပ်စုဟာ clubထဲ၌ အကဲဆုံး။ယခုလည်း သူတို့ထဲမှအဖွဲ့ဝင်တစ်ယောက်ရဲ့မွေးနေ့အား ခွက်တွေမြှောက်ကာ အားပေးကျင်းပနေခြင်းပင်။


``နောက်ဆုံးတော့ ငါ `ချစ်ရိပ်ဖန်ဆင်း´လေး၁၈နှစ်ပြည့်ခဲ့ပြီလေ...ဟား!ဟား!´´


``ကဲ!ငါတို့ထဲက အငယ်ဆုံးလေးလည်းအသက်ပြည့်ပြီ၊အရွယ်ရောက်ပြီဆိုတော့ နောက်ဆိုငါတို့clubကိုခိုးပြီးလာစရာမလိုတော့ဘူး´´


``ဒါပေါ့၊ဒီနေ့ကစပြီး officialကဲပြီ´´


``ဟဲ့!ငါတို့ထဲမှာအသက်မပြည့်တဲ့သူကျန်သေးလား´´


``မကျန်ဘူး၊လုံးဝမကျန်ဘူး´´


``ok! 

ဟေးး!´´


``အမိတို့ အာပြဲကြီးတွေသိပ်အော်မနေနဲ့

ဟိုမှာ CCTVရှိတယ်မြင်လား၊ငါ့ဦးလေးကြည့်နေလိမ့်မယ်´´


``အမယ်လေးနော်!သူ့ဦးလေးကိုများငါတို့ကကြောက်ရမှာဆိုတော့´´


ချစ်ရိပ် ခပ်လှောင်လှောင်လေးပြောမိတော့ သူငယ်ချင်းကောင်လေးရဲ့မျက်နှာကရှုံ့ရှုံ့မဲ့မဲ့။ဒီclubက သူ့ဦးလေးအပိုင်မို့လည်းချစ်ရိပ်တို့ဒီလို မိုးမြင်လေမမြင်အော်ဟစ်ဆူညံနေခြင်းပါ။ကိုယ့်နယ်မြေဆိုတော့ သိတယ်မဟုတ်လား...ဟင်း!ဟင်း!။


``ဟဲ့!ဒီမှာကုန်သွားပြီ

ငါ့ကိုထပ်ထည့်ပေး´´


``အမလေး!ဘယ်အငတ်တိုင်းပြည်ကများကျလာသလဲ မိချစ်ရိပ်ရယ်´´


ပြောပြောဆိုဆိုနှင့်သူငယ်ချင်းက ချစ်ရိပ်ရဲ့ခွက်ထဲသို့ Alcoholအပြင်းစားတွေထပ်ထည့်ပေးလေ၏။သည်တော့မှ ချစ်ရိပ်နှစ်နှစ်ကာကာဖြင့် ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီး အားပါးတရမော့ပစ်သည်။


``ရားး!

ဒီအရသာလေး ငါကြိုက်လိုက်တာ

မြည်းစမ်းချင်ခဲ့တာ သိပ်သိပ်ကြာပြီ´´


``အံမယ်!နင်အရင်ကခိုးသောက်ဖူးတယ်မလား

မသိတာကျလို့´´ 


``ငါသောက်တာဒါမဟုတ်ဘူးဟ

ဒယ်ဒီသောက်နေကျဝိုင်တွေ...ဟီး!ဟီး!´´


``....´´


``ဒါလေးကမှ ငါ့အကြိုက်

I love it,l love it´´


မျက်လုံးစုံမှိတ်လျက် ခွက်လေးကိုရင်ခွင်ပိုက်ကာ ပြောနေသည့်သူမပုံစံက တကယ့်ကလေးပေါက်စလိုအသွင်။သူငယ်ချင်းတွေထဲမှာ သူမကအငယ်ဆုံး၊မိသားစုထဲမှာလည်း တစ်ဦးတည်းသောမို့ အားလုံးကအသည်းအသက်မကချစ်ကြသည်ချည်းပင်။သို့ကြောင့်လည်း ခပ်ဆိုးဆိုးအနိုင်ယူမှုလေးတွေနှင့် ဂျစ်တိဂျစ်ကန်အရွယ်ရောက်လာခဲ့လေသူ...။


အမည်နာမက `ချစ်ရိပ်ဖန်ဆင်း´။ဟုတ်တယ်၊သူမက ရောက်ရှိလေရာအရပ်မျက်နှာမှာ ချစ်ခြင်းရဲ့အရိပ်ကိုဖန်ဆင်းနိုင်သူ...၊ဂျစ်ကန်ကန်ဆိုးသွမ်းတတ်သလောက် တစ်ကြိမ်တစ်ခါမြင်မိရုံနှင့် မချစ်မိဘဲမနေနိုင်စေတဲ့ ကလေးဆိုးလေးပေါ့။


``လာ!ငါတို့ခဏသွားကရအောင်လေ´´


``ok!´´


ဘာကိုမဆိုနှစ်ခါပြန်မတိုင်ပင်ရသောသူငယ်ချင်းတွေမို့ သွားလေရာတပူးတတွဲဖြစ်နေတာလည်းမဆန်း။ယခုလည်းတစ်ဖွဲ့လုံးလက်တွေချိတ်ကာ musicသံအလန်းစားဖြင့် ကခုန်နေသည့်လူအုပ်ကြားထဲတိုးဝှေ့ရင်း ဝင်ရောက်ခုန်ပေါက်နေကြပြန်သည်။


``အား!babyအမိုက်စားလေးကွ

ချစ်ဖို့ကောင်းလိုက်တာ´´


``ကလေးလေး!ကိုကြီးတို့ဆီလာပါလား´´


``ဟေ့!မင်းအသက်ရောပြည့်သေးရဲ့လား´´


ကခုန်နေသည့်အထဲမှ လူတစ်ချို့ချစ်ရိပ်တို့အနားဝိုင်းနေပြီး ရိသဲ့သဲ့စနောက်နေ၍ အနည်းငယ်တော့အာရုံကနောက်လာရပါပြီ။သို့သော်ဒီလိုနေရာမှာက ဆန်းလည်းမဆန်းသည့်အခြေအနေမို့ တော်ရုံကိစ္စနဲ့ပြသာနာမဖြစ်ချင်တော့ စိတ်ကိုထိန်းကာမသိချင်ယောင်ဆောင်ထားလိုက်သည်။တစ်ခုခုဆို ကိုယ့်သူငယ်ချင်းရဲ့မျက်နှာကလည်းရှိသေးရဲ့မဟုတ်လား။ဒါ သူ့ဦးလေးပိုင်တဲ့clubလေ။


``ဟဲ့!နိုရာ...ငါတို့သွားပြန်ထိုင်ရအောင်ဟာ´´


``ဘာလို့လဲဟ ခဏလေးပဲရှိသေးတာ´´


``ဘေးမှာလေ၊အာရုံတွေလာနောက်နေတယ်

ဟိုကောင်တွေကလည်း အရေးဆိုအားကိုးရမှာမဟုတ်ဘူး...ကြည့်ဦး´´


ချစ်ရိပ်ပြောတာလည်းမမှားပါ။သူများတွေကိုယ့်လာကြောင်တာလည်းမပြောနဲ့။ကိုယ့်ကောင်တွေကည်း သူများမိန်းကလေးတွေကိုလိုက်ကြောင်နေတာကိုး။


``အေး!အေး!လာလေ သွားမယ်´´


``ဘေဘီတို့ကလည်းကွာ ခဏလေးနေပါဦး

ကိုကြီးတို့ကချစ်လို့ပါ´´


``တောက်!

ဟေ့လူကြီးတွေ...ချစ်ရိပ်တို့ကပြသာနာမဖြစ်ချင်လို့အေးဆေးရှောင်တာနော်၊ရှင်တို့သိပ်တရားလွန်မလာနဲ့´´


``ချစ်ရိပ်?

အိုးဟို!ဘေဘီ့နာမည်လေးကချစ်ရိပ်တဲ့လား

မိုက်တယ်ကွာ´´


``တောက်!

သူငယ်ချင်းတို့ လာသွားမယ်´´


အတင်းအကျပ်ဝင်ရောနေသူတွေအားခပ်စူးစူးကြည့်ကာ သူငယ်ချင်းတွေလက်ကိုလည်းဆွဲ၍လှည့်ထွက်လာခဲ့၏။ဒါကိုဟိုလူတွေက ရယ်ကာမောကာဖြင့် အနောက်မှတောက်လျှောက်ပါလာသည်။ကခုန်သည့်ဘက်နှင့်အနည်းငယ်အလှမ်းကွာလာစဥ် ထိုသူတွေက ချစ်ရိပ်တို့အုပ်စုရှေ့မှပိတ်ရပ်ပြန်ပြီး...


``ဘယ်သွားမလို့လဲ

ကိုကြီးတို့လိုက်ပို့မယ်လေ´´


``ဒီမှာ ဒါကျမဦးလေးရဲ့clubနော်

ရှင်တို့ပြသာနာမတက်ချင်ရင်အေးဆေးနေ´´


``သြော်၊ဟုတ်လား...အဟက်!´´


ခပ်တည်တည်ဖိန့်တော့လည်း သူတို့ကရယ်မြဲတိုင်းရယ်သည်။ခက်ပြီ၊ဒီလူတွေနဲ့တော့...တကယ်ကိုစိတ်ရှည်ဖို့သိပ်ခက်လာလို့ ခေါင်းကြီးတွေကိုသာရိုက်ခွဲပစ်လိုက်ရင် ကိုယ်ပဲမကောင်းရှိဦးမယ် ဟွန်းး!


``ဒီမှာအစ်ကိုတို့ရယ် ညီမလေးတို့ကိုအနှောင့်အယှက်မပေးပါနဲ့၊ညီမတို့ကဒီအတိုင်းအပျော်ပဲလာတာ...အဲ့လိုမျိုးတွေဝါသနာမပါဘူးနော်၊sorryပါရှင်´´


``ဟုတ်ပါတယ်၊တွဲကဖို့အဆင်ပြေတဲ့သူတွေရှိမှာပါ...သွားရှာပါနော်´´


နိုရာနဲ့ခြယ်ခြယ်ကတော့ ပြေလည်စွာညှိနှိုင်းတောင်းပန်နေလေပြီ။ချစ်ရိပ်ကတော့ ကိုယ်မမှားရင်ဘယ်သူ့ကိုမှခေါင်းမငုံ့တတ်သူမို့ ခပ်တည်တည်။ဘယ်လိုမှပြေလည်အောင်ပြောမရသည့်ထိုလူကြီးတွေကတော့ ပြီတီတီမျက်နှာထားတွေဖြင့် နိုရာ့လက်ကိုဆတ်ခနဲလှမ်းဆွဲလေ၏။ထို့နောက် ပါးတစ်ဖက်ကိုပါ ပိုင်စိုးပိုင်နင်းနမ်းပစ်သည်မို့ ချစ်ရိပ်တို့မှာလည်း တအံ့တသြနှင့် ကြောင်သွားရစဥ်...


``အို့!ရှင်...ရှင်ဒါဘာလုပ်တာလဲ´´


``မင်းကိုသဘောကျတယ်

ကိုယ်နဲ့လိုက်ခဲ့´´


``မဟုတ်ဘူး၊ကျမကအဲ့လိုမိန်းကလေးမဟုတ်ဘူး´´


``ဟေ့ကောင်ရေ!မင်းကလည်းကြာတယ်ကွာ´´


``ဟိတ်လူကြီးတွေ ကျမသူငယ်ချင်းကိုလွှတ်နော်´´


``လာကြပါဦး၊ဒီမှာ ကျမတို့ကိုနှောင့်ယှက်နေလို့´´


``အဟင့်!ချစ်ရိပ်ငါ့ကိုကယ်ပါဦး´´


ဟိုကသူ့လက်ကိုအားကြီးနဲ့ဆွဲနေ၍ နိုရာမှာငိုမဲ့မဲ့နှင့်ပြောလေ၏။ဘေးကလူတွေကိုအော်ပြောလည်း သိပ်ပြီးအဖက်လုပ်သူမရှိပါ။ဒီလိုနေရာမှာ ဒီလိုအခြေအနေကဂရုပြုရလောက်အောင်မဆန်းသေးဘူးမဟုတ်လား။လူတွေကရှုပ်သလို အသံတွေကလည်းညံလွန်း၍ ချစ်ရိပ်ရဲ့အသံသေးသေးလေးကအချည်းနှီးမျှသာ။


တော်ပါပြီ။သည်းခံနိုင်စွမ်းတို့လည်းအတိုင်းအတာလွန်ပြီမို့ ဒေါသတွေကဆိုးဆိုးရွားရွားပေါက်ကွဲစွာဖြင့် ရမ်းကားသောလူကြီးထံခပ်စူးစူးကြည့်လိုက်ပြီး ခြေလှမ်းတို့ကလည်းအနီးရှိစားပွဲဆီဦးတည်သွားခဲ့ရသည်။ထို့နောက်...


``ခွမ်း!´´


``ဟာ!!´´


``ချစ်ရိပ်´´


တပြိုင်နက်ထွက်ပေါ်လာသောအသံတွေနှင့်အတူ ဘေးပတ်ဝန်းကျင်ဟာလည်းတိတ်ကျသွားခဲ့၏။ယခုမှအခြေအနေကိုစူးစမ်းသောမျက်ဝန်းတို့ချစ်ရိပ်တို့ရှိရာဘက်ဆီလှမ်းကြည့်လာလေပြီ။နီးစပ်ရာစားပွဲပေါ်က ဝိုင်ပုလင်းကိုသွားယူပြီး ထိုလူရမ်းကားရဲ့ခေါင်းပေါ် အားကုန်ရိုက်ချလိုက်သည်မို့ဖြာခနဲကျဆင်းလာသောသွေးတို့ကမြင်မကောင်း။


``ချစ်ရိပ်ရယ်...

ပြသာနာတက်တော့မှာပဲ´´


ဒေါသကြောင့်သာ လက်မြန်မြန်ဖြေရှင်းလိုက်ပေမယ့်တကယ်တမ်းကျတော့ သွေးထွက်သံယိုမြင်ကွင်းကြောင့် ချစ်ရိပ်လည်းအံ့သြမှင်သက်သွားကာ ကြောက်လည်းကြောက်မိသည်။သို့သော်ကိုယ်ကမမှားသည်မို့ စိတ်ကိုတော့မရမကတင်းထား၏။ထိုလူကလည်းခြေလှမ်းတို့ယိုင်နဲ့သွားပေမယ့် ဒဏ်ရာကိုသူ့လက်ဖြင့်ဖိအုပ်ရင်း ချစ်ရိပ်ထံစူးစူးရဲရဲကြီးစိုက်ကြည့်၍...


``မင်း! မင်းကများငါ့ကို...´´


``မှတ်ပြီလား?လူရမ်းကားကောင်ရဲ့´´


``ဟေ့ကောင်!သွေးတွေကျနေပြီ ရရဲ့လား´´


``မသေသေးပါဘူး၊အသက်နဲ့အဝေးကြီး၊ငါ့လက်စ ငါသိတယ်´´


``တောက်!တကယ့်အရိုင်းအစိုင်းပဲ´´


``ဟင်း!ရိုင်းမှန်းသိရင် သွေးတိုးမစမ်းနဲ့

ဒီ့ထက်ပိုပြီးအခြေအနေဆိုးသွားမယ်´´


``ချစ်ရိပ်

ဘာဖြစ်တာလဲ´´


အခုမှပဲအားကိုးရသောသူငယ်ချင်းကောင်တွေ အနားကိုတစ်အုံကြီးပြေးလာပြီး...


``ဟေ့ကောင်တွေ

မင်းတို့ငါ့သူငယ်ချင်းတွေကိုနှောင့်ယှက်ရဲတယ်ဟုတ်လား?မင်းတို့ကို ငါ့ဦးလေးနဲ့တိုင်မယ်´´


``.....´´


``မန်နေဂျာလာခဲ့စမ်း´´


``အေး!ငါကလည်း မင်းတို့အုပ်စုကိုလုံးဝမကျေနပ်ဘူး၊ဒီကိစ္စရဲစခန်းမှာရှင်းမယ်´´


သည်လိုနှင့် နှစ်ဖက်အုပ်စုလူအကုန်လုံး ရုတ်ရုတ်သဲသဲဖြင့် သက်ဆိုင်ရာရောက်သွားတော့၏။


ထားပါလေ၊ဖြစ်ချင်ရာသာ ဖြစ်။

ချစ်ရိပ်မမှားဘူး ဟွန့်!


~~~~~ 🍭🍭🍭🍭 ~~~~~


``ကားအဆင်သင့်ဖြစ်ပါပြီ Boss´´


``ok!သွားရအောင်´´


စကားဆုံးသည်နှင့် သူ နေရာမှထထွက်လာခဲ့ပါသည်။ဘယ်သူ့ကိုမှအရေးတယူနှုတ်ဆက်ခဲ့ခြင်းလည်းမရှိ။လူရှုပ်သည့်နေရာတွေကိုသိပ်စိတ်မဝင်စားလှသည့် သူအဖို့ကတော့ ညပါတီလိုပွဲမျိုးဟာ စိတ်ပျက်ဖွယ်အတိ။သို့သော်လည်း ခမ်းနားတဲ့ပွဲတွေမှာ သူ့နာမည်ဟာမပါမဖြစ်ရယ်မို့ တစ်နေ့တစ်နေ့သွားရတဲ့ပွဲပေါင်မနည်း။အကြာကြီးမဟုတ်ဘဲခဏတဖြုတ်ရောက်သွားရုံနဲ့တောင် နောက်တစ်နေ့ရဲ့ သတင်းစာမျက်နှာမှာ ဒီအကြောင်းကရောက်နေပြီ။


ဟုတ်သည်။`သူ´ဆိုတာအဲ့ဒီလိုလူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်။အရွယ်ငယ်ငယ်နဲ့အောင်မြင်နေတဲ့အပြင် ခံ့ညားချောမောတဲ့ရုပ်သွင်ကြောင့် အနားမှာခြံရံတဲ့ပန်းပွင့်ပေါင်းလည်းများရဲ့။သို့သော်သူကဖြင့် နှလုံးသားရေးရာမှာ အေးစက်လွန်းပါတယ်။အရာရာအောင်မြင်သလောက် အချစ်ဆိုတဲ့ထိုအရာနဲ့တော့ ယနေ့ထက်တိုင်အလှမ်းဝေးနေဆဲပဲ။ဘာကြောင့်လဲတော့ သူလည်းမသိပါ။ချစ်တယ်ဆိုတဲ့ခံစားချက်က ဘယ်သူ့အပေါ်မှာမှ လှိုက်လှိုက်လှဲလှဲပေါ်ထွက်မလာသေးတာ။


အင်း!ဒါကလည်း ငယ်ကတည်းက မေတ္တာဆိုတဲ့အရာတွေနဲ့ကင်းကွာခဲ့ရလို့ပဲထင်ရဲ့။မချစ်တာမဟုတ်ဘဲ မချစ်တတ်တာ။တစ်စုံတစ်ယောက်အပေါ် ဘယ်လိုချစ်ပေး၊ဂရုစိုက်ပေးရမယ်ဆိုတဲ့ဘာသာရပ်ကို သူ,မသင်ယူခဲ့ဖူးတာပါ။


``Boss! ဒါမနက်က Time Media Groupရဲ့reportပါ၊ဒါက interviewရဲ့video edit´´


တခြားသောအကြောင်းအရာတွေကိုတွေးဖို့ကလည်း အချိန်၅မိနစ်လောက်အပြင်ထပ်မပိုပါလေ။အခုပဲကြည့်!ပါတီကပြန်တဲ့လမ်းမှာတောင် ကားထဲအလုပ်လုပ်နေတုန်း။အချိန်အားဖြင့် အတော်ညနက်နေ၍ Bangkokမြို့ရဲ့ကားလမ်းကတော့အနည်းငယ်ရှင်းလင်းစပြုနေပါပြီ။သူဒီမှာနေခဲ့တာ ၁၅နှစ်ရှိပြီမို့ မြင်ကွင်းတိုင်းကဆန်းတော့မဆန်းပါ။သို့သော်လည်း အဲ့ဒီ့လမ်းမကြီးပေါ်တစ်ခါမှအချိန်ပေးပြီးမလျှောက်ခဲ့ဖူးတာတော့အသေအချာ။အသက်၁၈နှစ်အရွယ်ကတည်းက ဒယ်ဒီ့ခြေရာနင်းကာ စီးပွားရေးလောကထဲပစ်ဝင်ခဲ့ရတော့ လူငယ်ဘဝဆိုတာလည်း companyရုံးခန်းထဲမှာပဲကုန်ဆုံးခဲ့ရတာကိုး။


``မနေ့ကကိစ္စ ဘာသတင်းထွက်သေးလဲ´´


``ထုံးစံအတိုင်းပါပဲ၊bossက အစိုးရပိုင်းကိုချုပ်ကိုင်ပြီး productရဲ့qualityစစ်ဆေးမှုအပိုင်းတော်တော်များများကို အဆင့်ကျော်ခဲ့တာလို့ black list chatတွေထွက်နေပါတယ်´´


``အဟင်း!တော်တော်လေးကိုကျေနပ်မနေဘူးထင်တယ်´´


``ဟုတ်! Bossရဲ့အသွားအလာကိုလည်းသူတို့အမြဲစောင့်ကြည့်တယ်၊မသိနိုင်တဲ့တစ်ချိန် အလစ်ဝင်ပြီးသူ့အရှုံးကိုညစ်မှာစိုးရတယ်၊ကျွန်တော်တို့သတိထားပါ့မယ်´´


``ကိစ္စမရှိပါဘူး´´


``David ကားကိုအရှိန်လျှော့လိုက်လေ

ကီလိုအရမ်းများနေပြီ၊အန္တရာယ်များတယ်´´


သူ့ကိုပြောရင်းမှ တစ်ဖက်သို့လှည့်ပြောလိုက်သော PAကြောင့် သူလည်းတစ်ချက်သတိထားမိပါ၏။ကားအရှိန်ကပုံမှန်ထက်မြန်နေတာလည်းသိသည်။သို့သော် Davidရဲ့ပုံစံကတစ်မျိုးပဲမို့ သူတစ်စုံတစ်ရာကိုချက်ချင်းအဓိပ္ပာယ်ပေါက်သွားကာ...


``ဘာဖြစ်လို့လဲ david

တစ်ခုခုပြသာနာရှိနေလား´´


``ဟုတ်တယ် boss

ကားကcontrolမရဘူး၊ကျွန်တော့်အထင်hackခံရပြီထင်တယ်´´


``ကျစ်!´´


ဒါကြောင့်ကိုး။ရှင်းလင်းတဲ့လမ်းပေါ်ဖြစ်နေလျက် မကျော်တက်ဘဲခပ်ခွာခွာကနေလိုက်လာတဲ့ကားတစ်စီးရှိနေခဲ့တာ။လူနာမည်ကသာ ခိုက်ရန်ရှင်း။လက်တွေ့ဘဝကဖြင့် ခိုက်ရန်တွေမရှင်းလှတာ မြင်တဲ့အတိုင်းပါပဲ။ပြောရရင် အခုလိုဖြစ်ရပ်မျိုးဟာလည်း ဒါပထမဆုံးမဟုတ်ခဲ့။စီးပွားရေးလောကမှာ ဧက္ကရာဇ်တစ်ပါးလိုအောင်မြင်သလောက် အတိုက်အခိုက်များလွန်းတဲ့သူမို့အမြဲသတိရှိရှိနေရတာလည်း တကယ်ပုံသေသားကျနေတဲ့ဘဝတစ်ခုပဲ။ဒီတော့ အသက်နဲ့နီးစပ်တဲ့လုပ်ကြံမှုမျိုးဆိုတာက သူ့အတွက်ရိုးလွန်းပါရဲ့လေ။


``Boss ဘယ်လိုလုပ်မလဲ´´


``စိတ်အေးအေးထား´´


``တီ!တီ!´´


သူတို့ဘက်အခြေအနေကိုရိပ်မိလို့ပဲထင့်၊တစ်ဖက်ကားကလည်း အခုမှအနားကိုမရောက်ရောက်အောင်ကျော်တက်လာကာ မီးတွေတောက်ပြရင်းဟွန်းသံပေးလေ၏။ထို့နောက် ကားချင်းကပ်လိုက်၊ခွာလိုက်ဖြင့် တမင်ကိုအန္တရာယ်များအောင်လုပ်နေ၍ ကားချင်းငြိမိမလိုတွေဖြစ်ပြီး လမ်းတစ်လျှောက် အခြေအနေကရုတ်ရုတ်သဲသဲ။


``ထိန်းထားလိုက်

မင်းဖယ်! ငါမောင်းမယ်´´


``Boss! မဖြစ်ဘူး´´


ပြောနေလည်းဂရုမစိုက်ပါ။ခိုက်က ခပ်မြန်မြန်လှုပ်ရှားကာ နောက်ခန်း၌ထိုင်နေရင်းမှ အရှေ့ကိုလွှားခနဲရောက်သွားလေပြီ။ထို့နောက် ကားရဲ့စတီယာကိုဖမ်းထိန်းကာ Davidနဲ့လူချင်းလဲဖို့ပြင်သည်။လှုပ်လှုပ်ရှားရှားတွေနှင့်အသက်အန္တရာယ်ကိုရင်ဆိုင်ရသည့်သူတို့ပုံစံက ပြောရရင် သည်းထိတ်ရင်ဖိုအက်ရှင်ပြကွက်တစ်ခုပမာပင်...။


``တီ!´´


ညနက်ပြီမို့ကားလမ်းမှာအသွားအလာကျဲပါးတာကံကောင်းပါသည်။သို့ကြောင့်လည်း လမ်းပေါ်ပရမ်းပတာဖြစ်နေသောကားနှစ်စီးက ထင်တိုင်းကျဲနေနိုင်ခြင်းလေ။ကားမောင်းတဲ့အတတ်ကတော့ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီးသားမို့ အခုလိုအနေအထားမျိုးကို သူကောင်းကောင်းထိန်းနိုင်ပါ၏။


သို့သော်လည်းအခြေအနေကထိန်းဖို့တော့အတော်ခက်သည်။ဒီအရှိန်ကိုရပ်တန့်ရန် တစ်ခုခုလုပ်မှဖြစ်မည်မို့ နေရာတွေအတော်များများဖြတ်ကျော်လာပြီးတဲ့နောက် လမ်းဆုံတစ်ခုအရောက်၌ ရုတ်တရက်ဆို ဂငယ်ပြန်ကွေ့ချလိုက်သည်။ပြင်းလွန်းသည့်အရှိန်ဟာ ကားကိုပင်နှစ်ပတ်သုံးပတ်လည်ထွက်သွားစေပြီး လမ်းပလက်ဖောင်းတစ်ခုဆီချိတ်မိလေတော့ အရှိန်ကလည်းတန့်ခနဲရပ်သွားချေပြီ။


``Boss အဆင်ပြေရဲ့လား´´


``ရတယ်၊ဘာမှမဖြစ်ဘူး´´


သူ့ဆီကအဖြေစကားရမှ ဟိုနှစ်ယောက် ကားပေါ်က အလျင်အမြန်ပြေးဆင်းကာအခြေအနေကဲခတ်တော့ တစ်ဖက်လူတွေကလှစ်ခနဲမောင်းပြေးသွားလေပြီ။


``မလိုက်နဲ့

ဘယ်သူတွေမှန်းသိတယ်၊နောက်မှရှင်းတာပေါ့´´


``okပါ boss´´


``Hello!

ငါတို့(....)လမ်းဆုံမှာ၊အခုချက်ချင်းမြန်မြန်လာခဲ့´´


``....´´


``Bossအန္တရာယ်ကင်းတယ်´´


ဒီနေ့ပါတီမှာညနက်နေ၍ သူ့ရဲ့bodyguardတွေမပါခဲ့မှန်းသိလို့တစ်ဖက်လူက အခွင့်အရေးယူတာပဲထင်ရဲ့။ဘာမှကြီးကြီးမားမားမထိခိုက်သွားတာမို့ သိပ်စိတ်ပျက်သွားမှာပဲ။


စီးပွားရေးလောကမှာ စစ်မှန်တဲ့မိတ်ဆွေမရှိတတ်မှန်းနားလည်ပေမယ့် ခပ်ပါးပါးprojectလေးတစ်ခုဆုံးရှုံးတာကိုတောင် ဒီလောက်အထိသရုပ်ပျက်နေတယ်ပေါ့။


အဟင်း!ခင်ဗျားနဲ့ကျုပ်ထပ်ဆုံကြဦးမှာပါ...Mr.Zhang.


~~~~~ 🍭🍭🍭🍭 ~~~~~


``တောက်!´´


ခမ်းနားလှပသည့်ဧည့်ခန်းကျယ်ကြီးထဲဝယ် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း တက်တခေါက်ခေါက်ဖြစ်နေသူတစ်ဦးရှိနေ၏။ဧည့်ခန်းဆိုဖာထက်မှာတော့ မျက်နှာငယ်လေးတွေဖြင့်ထိုင်နေသည်က မိန်းကလေးနှစ်ဦး။တစ်နည်းပြောရရင် ပုံစံတူအမြွှာသားအမိနှစ်ယောက်။အမေဖြစ်သူက သမီးရဲ့အပြစ်ကြောင့်လိုက်ပြီးမျက်နှာငယ်နေရသလို သမီးကတော့သူ့အပြစ်နဲ့သူမို့ ပိုဆိုးသည်။နှစ်ယောက်စလုံးခေါင်းလေးတွေငုံ့နေရင်း တက်ခေါက်သံတစ်ချက်ကြားတိုင်း ကိုယ်လေးတွေကဆတ်ခနဲတုန်တက်သွားရသည့်အဖြစ်။


``ဒယ်ဒီ!

ပြောစရာရှိပြောပါ၊ဒီလိုလမ်းလျှောက်နေတာခြေထောက်မညောင်းဘူးလား´´


``ဘာရယ်!´´


``ကိုကို´´


ကြည့်!သမီးအပေါ်လေသံနည်းနည်းမာမိသည်နှင့် အသံစာစာလေးက auto remoteနဲ့နှိပ်လိုက်သလိုချက်ချင်းကပ်ပါလာပြီ။အဲ့ဒါတွေကြောင့်ပေါ့၊ဒီသမီးတစ်ယောက်က ထိန်းမနိုင်သိမ်းမရဆိုးနေ၊ကဲနေတာ။


``သမီး ဒီတစ်ခါတော့သိပ်တရားလွန်သွားပြီ

ဘယ့်နှယ်မိန်းကလေးတန်မဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့ခေါင်းကိုရိုက်ခွဲရသလား..ဒါလူကြားလို့မှမကောင်း´´


``ဟ!ဒယ်ဒီကလည်း သူ့တို့ဘက်ကအရင်လွန်တာကျတော့မပြောဘူး၊အဲ့ကောင်တွေကလူရမ်းကားတွေ..သမီးသူငယ်ချင်းကိုလက်ဆွဲတယ်၊ဖက်တယ်၊နမ်းတယ်လေ´´


``အေး!အဲ့လိုကောင်တွေရှိတဲ့နေရာကို နင်တို့သွားလို့ တွေ့တာမဆန်းဘူး ချစ်ရိပ်ဖန်ဆင်း၊လူရမ်းကားတွေရှိတဲ့နေရာကိုသွားတဲ့လူကလည်း အဲ့ဒီ့လိုအဆင့်ပဲကွ၊နားလည်လား?´´


``ဒယ်ဒီ!!´´


``ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်

ဒီလိုပုံစံမျိုးနဲ့ဆို နောက်ဒယ်ဒီတို့သမီးကိုဘယ်လိုစိတ်ချရမှာလဲ ပြော´´


``ကိုကိုရယ် တော်ပါတော့

ဒီနေ့ကသမီးလေးမွေးနေ့လေ အဲ့ဒါကြောင့်...´´


``တော်တော့ နွဲ့ဆိုး

ဒီတစ်ခါတော့မင်းလည်းသူ့ဘက်မပါရဘူး၊မင်းကိုယ်တိုင်က အဲ့သလောက်အလိုလိုက်နေလို့ဒီကလေးကြာလေပျက်စီးနေတာ၊မဖြစ်ဘူး...ဒီတစ်ခါတော့ သမီးကိုအပြစ်ပေးတော့မယ်´´


``အဟင့်!ဟင့်!ဒယ်ဒီ့ကချစ်ရိပ်မချစ်ဘူး အီး!ဟီး!´´


ကဲ!အဲ့ဒါသာကြည့်၊နည်းနည်းများမဆူမပြောလိုက်နဲ့...သူ့ကိုမချစ်ပါဘူးဆိုတဲ့စကားနဲ့သာကိုင်ပေါက်သည်။အမေတူသမီး! တကယ့်ကိုမှရေမရောတဲ့ နွဲ့ဆိုးလက်သစ်။


ဒီတစ်ခါတော့ လင်းညတကယ်ပဲစိတ်ဆိုးမိတာအမှန်ပါ။ပြောရရင်ကိုယ့်သက်တမ်းရဲ့တစ်ဝက်နီးပါးဟာကလေးထိန်းဘဝနဲ့ကုန်ဆုံးခဲ့ရတာ။မိန်းမရတုန်းကလည်း ကလေးလိုဆိုးလိုက်တာမှအလွန်။အဲ့ကလေးဆိုးကမွေးလာတဲ့ကလေးကျတော့ ပိုဆိုးတာမှ ဟိုးဘက်ကမ်းပါလွန်။အခုကြည့်!လူကိုရိုက်လိုက်လို့ ရဲစခန်းမှာလိုက်ထုတ်ရပြီးခံဝန်ထိုးရသတဲ့!ဒါဘယ်လိုတောင်ရှက်စရာကောင်းလိုက်တဲ့ဖြစ်ခြင်းလဲ။တစ်သက်နဲ့တစ်ကိုယ်ထိန်းသိမ်းလာသမျှ ထိပ်တန်းသိက္ခာတွေ အဲ့မှာရေစုန်မျောတာပဲ။နွဲ့ဆိုးလေးဘယ်လောက်ပဲဆိုးခဲ့ပါစေ ရဲစခန်းအထိတော့လိုက်မထုတ်ခဲ့ရရိုးအမှန်ပါ။အခုဒီသမီးကျမှ...ဟူး!!


``သမီးရယ် မငိုပါနဲ့ တိတ် တိတ်!

ဒယ်ဒီကသမီးကမချစ်လို့ပြောတာမဟုတ်ဘူးလေ၊သိရဲ့သားနဲ့´´


``အဟင့်!ဒယ်ဒီက မာမီ့ကိုပဲချစ်တာ´´


``သမီးလေးလည်းလွန်တယ်လေ

ဒယ်ဒီ့ကိုတောင်းပန်လိုက်´´


``ချစ်ရိပ်မမှားဘူး...ဟွန့်!´´


အသံစူးစူးလေးဖြင့်အော်ကာ ဆောင့်အောင့်ထွက်သွားလေတော့ ကူပြောပေးနေသည့်အမေတောင် စိတ်မရှည်ချင်မိ။တစ်အိမ်လုံးမှာ သူကဗိုလ်။ဒီအိမ်တင်မဟုတ်၊ဟိုဘက်အဘိုးအဘွားတွေအိမ်မှာလည်းထူးမခြားနားပါပဲ။ဘုရား!ဒီကလေးဘယ်သူ့စကားကိုမှ နားထောင်မှာလဲ?ဘယ်သူ့အတွက်မှလိမ္မာဖို့ကြိုးစားလိမ့်မလဲ။


ကြည့်ရတာ ရှင်ရှင်တော့ဆိုးခဲ့သမျှဝဋ်တွေလည်ပြီထင်ပါရဲ့။


``ဟင်း!´´


တွေးရင်းမှသက်ပြင်းလေးငွေ့ငွေ့ချမိတော့ ကိုကိုကရှင်ရှင့်နံဘေး၌ဝင်ထိုင်လိုက်ကာ လက်ဖျားလေးထံဖွဖွဆုပ်ကိုင်၍...


``ဘာလို့သက်ပြင်းတွေဒီလောက်ချနေတာတုန်းကလေးရဲ့...ကိုယ်ပါလွင့်ထွက်တော့မယ်´´


``ကိုကို့ကိုသနားလို့

အဆိုးတုန်းကလည်း ကိုကိုဒီလိုပဲပြသာနာတွေရှင်းခဲ့ရတာ...အခုထိလည်း...´´


``အဟင်း!အဆိုးလေး အခုမှသနားရကောင်းမှန်းသိပြီပေါ့´´


``တောင်းပန်ပါတယ်

သမီးကိုဒီ့ထက်ပိုပြီးလိမ္မာအောင် အဆိုးပြောပေးမယ်နော်၊ကိုကိုစိတ်လျှော့ပါ´´


``မဖြစ်ဘူး၊ကလေးက သူ့ကိုအရမ်းအလိုလိုက်ထားတော့ရုတ်တရက်တင်းကျပ်လိုက်ရင်ပိုဆိုးလိမ့်မယ်၊ဒါပေမဲ့ဒီကိစ္စကိုဘာမှမဟုတ်သလိုထားလိုက်ရင်လည်း နောင်ပိုပြီးရဲတင်းလာမှာ ကိုကိုစိုးရိမ်တယ်´´


``ဒါဆို ကိုကိုဘာလုပ်မလို့လဲ´´


``သမီးကိုစည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့သေချာထိန်းသိမ်းနိုင်မယ့်သူဆီအပ်ရမယ်၊ဒါကိုယ်ပေးမယ့်အပြစ်ပဲ´´


သူ့စကားကြောင့် ရှင်ရှင်နားမလည်သလိုလေးမျက်မှောင်ကျုံ့မိရပါသည်။စည်းကမ်းတင်းကျပ်မယ့်သူဆီအပ်မယ်ဆိုတဲ့သဘောက သမီးကိုတခြားပို့ပစ်မယ်လို့ သူဆိုလိုနေတာလား?


``ကိုကို သမီးကိုအိမ်မှာမထားတော့ဘူးလို့ပြောတာလား´´


ရင်တထိတ်ထိတ်မေးခွန်းလေးဆုံးတော့ သူကခေါင်းကိုဆတ်ခနဲငြိမ့်သည်။


``ကိုကိုဘာတွေစဥ်းစားနေတာလဲ

မဖြစ်နိုင်ဘူးနော်၊သမီးကိုဘယ်မှမသွားခိုင်းရဘူး၊ပြီးတော့ မိဘတွေကိုယ်တိုင်ကမဆုံးမ,နိုင်လို့တခြားသူဆီအပ်ပါတယ်ဆိုတာ ဘယ်လိုတောင်လူကြားမကောင်းလိုက်သလဲ...ကလေးလည်းမျက်နှာငယ်ရမယ်၊ပြီးတော့ မိဘဖြစ်တဲ့အဆိုးတို့လည်း...´´


``ကျစ်!ကိုယ်ပြောတာခဏတဖြုတ်ပါကွာ

ဒီကိစ္စအတွက်သူ့အမှားသူဆင်ခြင်စေချင်တာ၊အဘိုးအဘွားတွေဆိုလည်းသိတဲ့အတိုင်း အားလုံးသူ့သဘောလေ´´


``ဒါပေမဲ့ကလေးကိုမဖြစ်မနေတခြားပို့ဖို့မှမလိုတာ၊အဆိုးလက်မခံဘူး´´


သမီးအတွက်စီစဥ်ဖို့အရေး ဇနီးနဲ့အရင်တိုက်ပွဲဖြစ်ရပါပြီ။ဘယ်လိုပဲဖြစ်ဖြစ် အခုကိစ္စကိုဒီအတိုင်းတော့မထားလိုက်နိုင်တာမို့ စိတ်ထဲမှတ်မှတ်သားသားဖြစ်သွားအောင်လုပ်မှဖြစ်မှာ။သမီးကိုပို့မယ့်နေရာဟာလည်းတခြားတော့မဟုတ်ပါ။အဆင်ပြေမယ့်နေရာက ကျိန်းသေရှိပြီးသား။


`တိမ်ဝဠာ´စံအိမ်တော်...။အလွန်စည်းကမ်းတင်းကျပ်လှသည်ဟုလူသိများသော နေရာ။မန္တလေးမြို့ရဲ့အထင်ကရစံအိမ်ဖြစ်ပြီး နှစ်ကာလတွေဘယ်လိုပြောင်းလဲပါစေ၊ခေတ်သဘောတွေဘယ်လိုဆန်းသစ်သော်ငြား မြန်မာယဥ်ကျေးမှုကိုတန်ဖိုးထားထိန်းသိမ်းတတ်သော အမျိုးသမီးနှစ်ဦးလည်းထိုအိမ်၌ရှိသည်။မန္တလေးတစ်မြို့လုံးမှာ ပိုးထည်တိုက်တွေလက်ညိုးထိုးမလွဲပိုင်ဆိုင်ပြီး စိန်တိုက်တွေလည်းများစွာပိုင်သော ထိုအိမ်ရဲ့သခင်မကြီးနဲ့လင်းညတို့ လွန်ခဲ့တဲ့၅နှစ်...၊သမီးငယ်စဥ်ကတည်းကရင်းနှီးခဲ့ကြသည်။သူတို့စိန်တိုက်ရဲ့နှစ်ပတ်လည်ပွဲတစ်ခုကို လင်းညတို့hotelမှာကျင်းပရင်း သိခဲ့ကြတာပေါ့။သမီးကိုလည်း အရင်ကတည်းကမြင်ဖူးသည်။ပြီးတော့ ထိုအမျိုးသမီးက မန္တလေးတက္ကသိုလ်ရဲ့မြန်မာစာပါမောက္ခဟောင်း။ဒီတော့ ကလေးတွေကိုဆုံးမရာမှာပါရမီရှိသည်လေ။သမီးကအနည်းငယ်ဆိုးချင်မှန်းသိတော့ သူ့ဆီလာအပ်လို့ရတယ်လို့ အရင်ကပြောဆိုစနောက်နေခဲ့သမျှ...အခုတော့တကယ်ပဲလုပ်ရတော့မည်ထင်ရဲ့။


``အဟင့်

ဒယ်ဒီရက်စက်တယ်´´


လှေကားအကွယ်လေး၌ ဒူးလေးပိုက်ကာထိုင်နေရင်းမှ ခပ်တိုးတိုးကျိတ်ငိုမိပါ၏။ဒယ်ဒီတို့ရှေ့ကနေဆောင့်အောင့်ထွက်လာခဲ့တာ အချော့ခံချင်လို့ပါလေ။ပြီးတော့ ဒယ်ဒီ့ကိုတောင်းပန်ရမည်ဆိုသောအသိလေးနှင့် ပြန်ပြေးဆင်းလာခဲ့တော့ ကြားလိုက်ရသည့်စကားက ရင်ဝဆောင့်ကန်သလို။


ချစ်ရိပ်ကို တခြားအိမ်ပေးပစ်မယ်တဲ့!

ဟင့်!ဒယ်ဒီက ချစ်ရိပ်ကိုမလိုချင်တော့ဘူး။မချစ်တော့ဘူး။


ဝမ်းနည်းလာသည့်စိတ်နဲ့အတူထိုနေရာလေးမှာပဲထိုင်ငိုနေမိ၏။တကယ်တော့ဒီကိစ္စမှာချစ်ရိပ်လွန်သွားခဲ့ပါသည်။ဒယ်ဒီ့ကိုလည်းအရှက်ရအောင်လုပ်မိသည်။သို့သော်လည်း အခုလိုရက်ရက်စက်စက်တော့မနှင်သင့်ဘူးမဟုတ်လား။ပြီးတော့ တိမ်ဝဠာစံအိမ်အကြောင်းချစ်ရိပ်အသိဆုံး။အဲ့ဒီ့အိမ်ကဘွားဘွားနဲ့အန်တီကြီးကသိပ်စည်းကမ်းကြီးပြီး ရှေးရိုးဆန်တာ။အဲ့ဒီ့အိမ်ကိုရောက်သွားရင်တော့ ချစ်ရိပ်ဘဝသွားပါပြီ...အဟင့်!


မဖြစ်ဘူး၊မဖြစ်ဘူး။ချစ်ရိပ်အဲ့ဒီ့အိမ်ကိုမသွားနိုင်ဘူး။ဒယ်ဒီက ချစ်ရိပ်ကိုဒီအိမ်မှာမထားချင်တော့တာမဟုတ်လား။ချစ်ရိပ်ဒီအိမ်မှာမရှိတော့ရင်ပြီးပြီပေါ့။


ငိုနေရင်းမှပြတ်သားသောဆုံးဖြတ်ချတစ်ခုကိုချ၍ အိမ်အပေါ်ထပ်ဆီတက်လာခဲ့၏။အခန်းထဲရောက်သည်နှင့် ကျောပိုးအိတ်လေးထဲသို့ တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေထည့်သည်။အဓိကကတော့နှုတ်ခမ်းနီ။အိမ်ပေါ်ကဆင်းလည်း လှနေမှဖြစ်မှာလေ။ပြီးတော့ ရေမွှေးနဲ့cream puff။ကိုယ့်အတွက်မရှိမဖြစ်လေးတွေထည့်ပြီးမှ ကျောပိုးအိတ်လေးကို ဗီရိုထဲပြန်ထည့်ထားလိုက်သည်။အဝတ်အစားတွေဘာတွေက မလိုအပ်ပါ။ချစ်ရိပ်တို့ခေတ်ရဲ့အိမ်ပြေးနည်းက ဒီလိုပဲပေါ့ပေါ့ပါးပါး။


~~~~~ 🍭🍭🍭🍭 ~~~~~


`Yangon International Airport´´


လူတွေအဆက်မပြတ်ဖြတ်သန်းသွားလာနေသောခပ်အေးအေးရပ်ဝန်းထဲ ကျောပိုးအိတ်လေးလွယ်ကာ ခြေစုံရပ်နေမိသော သူမ...။ပထမဆုံးသွားဖူးတဲ့နိုင်ငံခြားခရီးတော့မဟုတ်သည်မို့ ဒီအငွေ့အသက်ကဆန်းတော့မဆန်း။ဟိုးငယ်စဥ်ကတည်းက ဦးဦးနေလတို့ဆီသွားလည်ဖူးသလို၊ထိုင်းနိုင်ငံကိုလည်း ငယ်ငယ်ကတော့တစ်ခါသွားဖူးပါသည်။အခုကဒယ်ဒီနဲ့စိတ်ဆိုးထားတာမို့ သူသိလောက်တဲ့နေရာကိုရှောင်ရမည်။အဲ့တော့ ချစ်ရိပ်သွားမယ့်နေရာက...


``Ring Ring!´´


``hello!´´


``.....´´


``ဟင့်အင်း!ငါမလာနိုင်ဘူး

ဒယ်ဒီကဟိုကိစ္စကြောင့်ငါ့ကိုအပြစ်ပေးထားတယ်´´


``....´´


``အင်း!ငါဘယ်မှမသွားရဘူး´´


``....´´


``အသံတွေကလား

အမ်း! ငါ...ငါ...ဟိုဟာ..ရုပ်ရှင်ကြည့်နေတာ´´


``အေး!ဒါပဲ ဒါပဲ´´


ပြောပြီးသည်နှင့်ဖုန်းကိုပိတ်ကာ Airplane moodပါချပစ်လိုက်၏။သူငယ်ချင်းတွေကိုလည်းပြောမနေတော့ပါ။ဒီခရီးကိုချစ်ရိပ်တစ်ယောက်တည်းပဲသွားပစ်မှာ။မာမီ့ရှေ့ကနေတော့ ခါတိုင်းသူငယ်ချင်းတွေနဲ့သွားတွေ့မလိုပုံစံမျိုးနဲ့ပဲထွက်လာခဲ့တာပါ။


တကယ်က ဒယ်ဒီတို့ရှာမတွေ့အောင်ပုန်းနေလိုက်တော့မှာ...ဟွန့်!

ချစ်ရိပ်ဖန်ဆင်းကိုဘာမှတ်!

ဒယ်ဒီပဲအဲ့ဘွားဘွားကြီးတို့အိမ်ပို့နိုင်မလား?ချစ်ရိပ်ကပဲပြေးနိုင်မလား စိန်လိုက်!


ညစ်ကျယ်ကျယ်အတွေးလေးနှင့်အတူ ပါးချိုင့်လေးပေါ်သည်အထိပြုံးကာ လွန်ခဲ့တဲ့လကမှပူပူနွေးနွေးရထားသည့် နိုင်ငံသားမှတ်ပုံတင်ကတ်လေးကိုထုတ်ကြည့်လိုက်သည်။ထို့နောက်နိုင်ငံကူးရမည့်လက်မှတ်လေးတွေအားသေချာကိုင်၍ ကျောပိုးအိတ်ကြိုးစလေးကိုတင်းတင်းဆုပ်ရင်း ပန်းနုရောင်ရှူးဖိနပ်လေးဆင်မြန်းသော ခပ်သွက်သွက်ခြေလှမ်းများက ပြည်ပထွက်ခွာရမည့်နေရာဆီ...။


~~~~~ 🍭🍭🍭🍭 ~~~~~


အခန်း >>> ၂ ဆက်ပါမည်။


ချစ်သည်းတို့အတွက် တစ်ခဏတာသောစိတ်အပန်းဖြေမှုလေးတွေသာရရှိနိုင်စေရန်ရည်ရွယ်ရင်းဖြင့်...


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: