book

Index 6

အပိုင်း (၆)

🎭မာဖီးယားရဲ့ ဇနီးဆိုးလေး (OR)

                    ကျွန်တော့်ဇနီး ကောင်ဆိုးလေး🎭

"မလိုက်နိုင်ဘူး! ဒီမှာပဲနေမယ် ခင်ဗျားအပိုတွေလုပ်မနေနဲ့ ပြန်ခြင်ခင်ဗျာပါသာပြန် ကျွန်တော်တော့မလိုက်နိုင်ဘူး..."

"အော်.... ဒီကောင်မလေး... မိထင်ထင်! သွား ခုလိုက်သွား.... ဘယ့်နယ့်တော်... ယောက်ျားယူပါတယ်ဆို ယောက်ျားနောက်မလိုက်ခြင်ဘူးဆိုလို့ ရရိုးလား.. သွား ခုလိုက်သွား... ဟိုကိုမလိုက်သွားရင် ဒီမှာနေရမယ်လို့လည်း မထင်နဲ့"

"ဟ့! မေ့!"

"သွား ညည်းအဝတ်စားတွေပို့လိုက်ပြီးပြီ လူပဲကြွတော်မူ"

ထင်ထင် ဟိုလူကြီးနဲ့လိုက်နေရမယ်ဆိုတဲ့ တစ်ချက်ကို မတွေးလိုက်မိတာဖြစ်သည်။ သူမပေါ့ပျက်ပျက်နေသမျှ ဒီတစ်ခါတော့ ဟာကွက်ဖြစ်သွားသည်။ 

"ကျစ် ထင်ထင် သမီး...."

"ဟမ် ဗျာ..."

ထင်ထင် မခေါ်စဖူးခေါ်နေမှူကြောင့် ယောင်ပြီးတောင် ထွက်သွားလိုက်မိသည်။ 

"မေပြောပြမယ် သမီးကအခုပဲလက်ထပ်လိုက်ပြီး တရားဝင်ယောက်ျားလည်းရှိသွားပြီ ဒါကိုယောက်ျားနဲ့အတူမနေပဲ တစ်ကွဲတစ်ပြားနေတော့ ပတ်ဝန်ကျင်ကဘယ်လိုပြောမလည်း..."

"ဂရုစိုက်မနေပါနဲ့မေရာ....."

"ဖြန်း ဟဲ့ မနေလိုရမလား... ညည်းကိုလင်ပြစ်မလို့လက်ညှိုးဝိုင်းထိုးကြမှာလေ အရင်ကတည်းက ညည်းလိုဟိုမရောက်ဒီမရောက် ချက်ခြင်းကြီးလက်ထပ်သွားလို့ ဟိုထင်ဒီထင်ဖြစ်နေကြရတဲ့အထဲ သွားသွားလိုက်သွားလိုက်"

ထင်ထင် အမေရိုက်လိုက်တဲ့ လက်မောင်းလေးကိုင်ပြီး မျက်နှာလေးမဲ့ရှုံ့ကာ

"ဟင့် မေကခု ကျွန်တော်ကို နှင်နေပြီပေါ့ ဟုတ်လား... မနေစေခြင်ရင်မနေပါဘူးလို့ ဘယ်တုန်းကတည်းက နှင်ချခြင်နေတာလည်းမသိဘူး.. အခုမှပွင့်အန်ထွက်လာတယ် ဟင့်"

"အယ်... ဒီကောင်မလေး.... ငါလုပ်ရသေအုန်းမယ်..... ဟွန်းနော်... ဟွန်း..."

ဇိုင်း လက်ကြီးတပြင်ပြင်လုပ်နေတဲ့ ဒေါ်မိမိကြောင့် စောနကရိုက်ထားလို့ရဲနေတဲ့ သူမလေးလက်မောင်းကိုကြည့်ပြီး

"ဟို တော်ပါတော့အန်တီ ထင်ထင်လည်း လိုက်မယ်ပြောနေပြီးပဲ နောက်မှ ကျွန်တော် သေချာနားလည်အောင်ရှင်းပြလိုက်ပါ့မယ် သူသိပ်နားမလည်သေးလို့"

"ဘာနားမလည်တာလည်း... လူကို ခင်ဗျား အရူးမှတ်နေလား..... နားလည်တယ် နားလည်တယ်သိလား..."

"ဟဲ့ ပြောနေရင်းနဲ့ နေ နေ ငါလုပ်မှ ဒင်းက"

"မေ့နော်..."

"အန်တီ တော် တော်ပါဗျာ... ထင်ထင်! မင်းလည်းတော်တော့ ခုလိုက်မှာမဟုတ်လား..."

"လိုက်မှာ လိုက်မှာ နောက်မှ သမီးရယ်ပြန်လာခဲ့ပါအုန်းဆို ထင်ထင်တို့က လှည့်ကိုမကြည့်ဘူးဟွန့်"

ထင်ထင် ဝမ်းနည်းတာရော ငိုခြင်လာတာကြောင့် ပြောပြီးတာတဲ့ ထထွက်လာလိုက်သည်။

ဇိုင်း မိခင်ဖြစ်သူရဲ့ စေတနာကိုနားမလည်ပဲ ပြောသွားတဲ့ သူမလေးကြောင့် သူအန်တီကိုအားတော့နာမိသည်။

"ခွင့်လွှတ်ပါအန်တီ ထင်ထင်ကို စိတ်ချပါ ကျွန်တော်သေချာလေးထိန်းသိမ်းပေးပါမယ့်"

"အေးကွယ်... တစ်သက်လုံးအလုပ်မခိုင်းပဲ အလိုလိုက်ထားတာ ခုတော့ မျက်နှာပျက်ရပြီကွယ်.."

"အာ.. မဟုတ်တာအန်တီရာ... ကျွန်တော်ကို ဒီလောက်ထိ မတွေးပေးပါနဲ့ ကျွန်တော် ထင်ထင်ကိုစတွေ့ကတည်းက သူ့ပုံစံကိုသိပါတယ် ဒါကြောင့်မို့ သည်းခံဖို့လည်း ဆုံးဖြတ်ထားပါတယ်"

ဒေါ်မိမိ သူစိမ်းက ဘယ်လိုပဲပြောနေပါစေ ကိုယ့်သမီးလေး ကိုယ့်အပေါ်စိတ်ကွက်သွားမှာကိုတော့ စိုးရိမ်းမိသည်။ ဝမ်းနည်းမှူတို့နဲ့အတူ မျက်ရည်တို့ ဝေ့သည်လာပြီး ​ခက်မြန်မြန်ပြုံးလိုက်ကာ

"အဟွန်း... သွားတော့လေ သား... သွားသွား မိုးတောင်အတော်ချုပ်နေပြီ မင်းတို့ လူငယ်တွေပွဲရှိသေးတယ်မဟုတ်လား.."

"ဟုတ်ကဲ့ ကျွန်တော် စိတ်ချရတဲ့ အိမ်စေနှစ်ယောက်ထားခဲ့ပါတယ် သူတို့ကိုအားမနာနဲ့နော်အန်တီ သူတို့က ယုံကြည်လို့ရပါတယ်"

"ရပါတယ် သားရယ်..."

"အဟွန်း... ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားပြီနော်"

"အေးအေးသား... ဖြေးဖြေးလည်းမောင်းသွား"

"ဟုတ်ကဲ့"

ဒေါ်မိမိ ကိုယ့်သမီးက မသိတက်မလိမ္မာသလောက် သမက်ဖြစ်သူရဲ့ သိတက်မှူကြောင့် သူမဖြေသာနေ​သေးသည်။ ငယ်စဥ်ကအလိုလိုက်မိတာ ခုလိုချိန်ကျမှ နောင်တရနေမိသည်။

"အဲ့လောက်ကြာနေရအောင် ဘာတွေပြောနေလို့လည်း..."

ဇိုင်း ကားထဲဝင်လိုက်တယ်ဆို အလိုမကျသံလေးနဲ့ပြောနေတဲ့ သူမလေးကြောင့် စက်နှိုးလိုက်ရင်း....

"မင်းလို အရိုင်းအစိုင်းမှမဟုတ်တာ...."

"ဘာ!"

ဇိုင်းအသံကျယ်ကြီးနဲ့အတူ သူ့ဘက်ကိုမာန်ပါပါလှည့်လာတဲ့သူမလေးကြောင့်

"ဟ့ ဘာဖြစ်တာလည်း လန့်တာကွာ... ကျစ်"

"ခင်ဗျားအပိုလုပ်မနေနဲ့ ခင်ဗျားကျွန်တော့်ကိုပြောတာ အတော်ကြီးလွန်သွားပြီနော်"

ဇိုင်း အတော်လေးထိသွားပုံရတဲ့ ကောင်မလေးကြောင့် ရယ်လိုက်ရင်း

"အဟက် ဘာလည်း ငါ့ကိုထိုးအုန်းမို့လား..."

"ဟုတ်တယ် ထိုးမို့! ဒါမယ့် မထိုးတော့ဘူး ကျွန်တော့်လက်နာယုံပဲရှိမှာ ခင်ဗျားက နားထူဖြစ်နေပြီလေ"

"ဘာကွ!"

"အဟက် နာတာ နာတာ.... အဟွန်း..."

"အေး မင်းပြောထားပါ နောက်ကျမှ အန်တီအိမ်ပြန်ခြင်တယ်ဆို noပဲ"

"အဟွန်း... ကျွန်တော့်မှာ ခြေလက်တွေမပါတော့ဘူးဆိုတော့ အင်းပေါ့"

ဇိုင်း ပြန်ပြောမနေပဲ လှစ်ခနဲပြုံးလိုက်ပြီး ကားကိုတက်မောင်းလာလိုက်သည်။

ဇိုင်း သူတမင်သွေးတိုးစမ်းလိုက်တာဖြစ်သည်။ ဒီကောင်မလေး ဘုဘောက်ပြောတက်ပင်မယ့် သူ့အမေတော့တကယ်ခင်တွယ်တာပဲ။

>>>>>>>>>>>>>>>>>

ဇိုင်း ကားပါကင်ထိုးပြီးတယ်ဆို ခုနက အိမ်ဝမှာချပေးခဲ့တဲ့သူမလေးကိုမတွေ့တော့တာမို့ ခြံထည်းတစ်ချက်ကြည့်ပြီး အိမ်ထဲဆက်ဝင်လာလိုက်တယ်ဆို

"ဟာ! မင်းဘယ်လိုနေနေတာလည်း...."

ဇိုင်း ဧည့်ခန်းဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်လှဲချပြီး လက်တန်းပေါ်ခြေချိတ်ရက်နဲ့ တင်အိပ်နေတဲ့သူမလေးကြောင့် သူပြောမိသွားတာဖြစ်သည်။ 

"ကျစ် တိပ်တိပ်နေဗျာ... အိပ်တုန်းလေး အနားယူရတာ ကျွန်တော် ခြေထောက်တွေအတော်ညောင်းနေသိလား... ခင်ဗျားလည်းသွားအိပ်တော့ ကျွန်တော်လည်းအိပ်ပြီ"

ဇိုင်း သူ့ကိုပြောပြီးတာနဲ့ နေရာတောင် သေချာပြင်အိပ်လိုက်တဲ့သူမလေးကြောင့် သူစုပ်သက်လိုက်ပြီး

"ကျစ် ထ ဒါမင်းအိပ်ရမယ့်နေရာမဟုတ်ဘူး... အပေါ်မှာရှိတယ်လာ"

"ကျစ် နေပါဗျာ... ဒီနေရာကလည်း အတော်အဆင်ပြေနေပါပြီ ကျွန်တော့် ကုတင်ထက်တောင်မိုက်သေးတယ် အိပ်အိပ် အချိန်မနည်းတော့ဘူး..."

ဇိုင်း သူ့ကိုမျက်လုံးမှိတ်ရပ်နဲ့ အမိန့်တောင်ပြန်ပေးလိုက်သေးတဲ့ သူမလေးကြောင့် 

"ကျစ် မင်းအိပ်နေကြကအဆင်ပြေပင်မယ့် ဗိုက်ထဲက ကလေးက အဆင်မပြေဘူးကွ ထ အပေါ်လိုက်အိပ်"

ထင်ထင် လူကတကယ်နုံးချိနေပြီမို့ အိပ်လိုက်ဖို့ဆုံးဖြတ်ပြီးသားကို အနားလာပြီး တဂျီဂျီလုပ်နေတဲ့ လူကြီးကြောင့် ခေါင်းကိုစုံကုပ်က ထထိုင်လိုက်ပြီး

"ဟာ... ခင်ဗျားဘာဖြစ်နေတာလည်း! ဒီမှာညစ်နေတာနော် အမေနဲ့အဆင်မပြေလာရတဲ့အထည်း နေစရာမရှိလို့လာနေတာသိလား.. သဘောပေါက် ကျစ် တကယ်ပဲ..."

ဇိုင်း သူ့ကိုအပျက်ထပြောပြီးတာနဲ့ ပြန်ပြီးဘုန်းဆ်ုလှဲလိုက်တာ အောက်ကဆိုဖာအအိသားနဲ့ပြန်တောင် မြောက်ခြင်သွားသည်။ အထဲကကလေးတော့ ဘယ်လိုနေတယ်ဆိုတာ မတွေးနိုင်တော့ပါ။ 

"ကျစ်"

ဇိုင်း စုပ်သက်လိုက်ပြီး ပြန်ကွေးပြီးအိပ်နေတဲ့ သူမလေးနားခြေလှမ်းရှည်တွေနဲ့ သွားလိုက်ပြီး

"အမယ်လေး! ဟင်"

ထင်ထင် ရုပ်တရက် ခန္ဓာကိုယ်ကြွတက်သွားတာမို့ လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ်ဆို ဟိုလူကြီးရင်ခွင်ထဲရောက်နေတာမို့ အတင်းထမို့လုပ်ပြီး

"ဘာ ဘာလုပ်တာလည်း အင်း ချပေး... ဘာလုပ်တာလည်းဗျ!"

"ပြောစကားနားမထောင်လို့ ငါကိုယ်တိုင်ပဲခေါ်သွားတော့မယ်"

ထင်ထင် သူမကိုပြောလည်းပြော တကယ်ကြီးလည်း သွားနေတာမို့ ယောက်ျားလေးလို့သက်မှတ်ထားပင်မယ့် ကိုယ့်ခန္ဓာကိုယ်ကို ဒီလူကြီးပွေ့ထားတယ်ဆိုတဲ့အသိက တစ်မျိုးကြီးမို့

"အာ... နေ နေ ကျွန် ကျွန်တော်ပါသာသွားမယ် ရတယ် ရတယ် ချ ချပေး..."

ဇိုင်း သူ့လက်ပေါ်မှာ ပြာလောင်ခက်နေပြီး စကားတွေပါထစ်နေတဲ့ သူမလေးကြောင့် ပြုံးလိုက်ရင်း

"အဟွန်း... နေပါစေ... ပွေ့လက်စနဲ့ကိုယ်ပဲပွေ့သွားလိုက်တော့မယ်.. မင်းပဲပင်ပန်းနေပြီဆို အဟွန်း..."

"ဟင့်အင်း မပင်ပန်းပါဘူး... တကယ် တကယ်သိလား..."

ဇိုင်း သူငုံ့ကြည့်လိုက်တော့ သူရင်ခွင်ထဲကနေ အတင်းပြုံးပြနေတဲ့သူမလေးကြောင့် သူလှစ်ခနဲပြုံးလိုက်ပြီး အသည်းယားသွားပြီး သူ့ခေါင်းငုံ့လိုက်တယ်ဆို

"ဒုပ်! အ့ မင်း..."

ဇိုင်း နာကျင်သွားတဲ့ နှာခေါင်းကိုလက်နဲ့အုပ်ဖို့လုပ်ပင်မယ့် သူမလေးကိုချီထားရတာမို့ သူ့မှာအတော်ခံရခက်နေသည်။

"ခံလေ... ခင်ဗျားဘာသာ နှာဖူးလာထတာ ခံပေါ့"

ဇိုင်း သူ့လက်ပေါ်ကနေ သူ့ကိုကြိမ်းနေတဲ့သူမလေးကြောင့် စိတ်လည်းတိုနာလည်းနာမို့ 

"အေး မင်းနဲ့ငါ နောက်မှတွေ့မယ် ဆင်း!"

"ဟ့ ဘာလိုလုပ်လိုက်တာလည်း... ဖြေးဖြေးချလေ"

ထင်ထင် လက်ပေါ်ကနေ အတင်းပြစ်ချလိုက်တာကြောင့် မနည်းလှမ်းထောက်လိုက်ရသည်။ သူကြီးကတော့ ဓာတ်လှေကားထည်းဝင်သွားပြီဖြစ်သည်။

"ဘယ်လိုလူကြီးလည်းမသိဘူး... သူပဲနှာဖူးလာထပြီးတော့"

ဇိုင်း ဓာတ်လှေကားတံခါးပိတ်သွားတာနဲ့

"အ့ အာ... ကျစ် တော်တော် လက်သံပြောင်တဲ့ကောင်မလေး...အ့ ကျစ်ကျစ်"

ဇိုင်း နှာခေါင်းကိုအုပ်ကိုင်မို့လုပ်ကြည့်ပင်မယ့် ထိတာနဲ့နာနေတဲ့ နှာခေါင်းကြောင့် ကိုင်လို့လည်းမရပါ။

>>>>>>>>>>>>>>>>>

"ဒီးးးးးးးးဒီးးးးးးး"

အမှောင်အတိကျနေသော အခန်းတစ်ခုထည်းတွင် ဖုန်းမီးရောင်လေးသာထင်းလင်းနေသည်။ ထို့နောက် တုန်ခါနေသော ဖုန်းပေါ်သို့ ပတ်တီးအထက်ထက်နဲ့လက်တစ်စုံလှမ်းကိုင်လာကာ

"ဟယ်လို ကလေး...."

"ခင်ဗျားရဲ့ တစ်ခုတည်းသော ဝင်ငွေအများဆုံး စင်တာပေါက်ကွဲလို့တဲ့ သွားကြည့်ပါအုန်း..."

"ဘာ!"

"အဟွန်း...... အဲ့လောက်တောင်ပဲလား.... မှတ်ထားလိုက် ဇိုင်းဆိုတဲ့ကောင်က အရင်က အမြဲငိုနေတက်တဲ့ကလေးမဟုတ်တော့ဘူးဆိုတာ.... တီးးးးးးး"

ဖုန်းအလင်းရောင်တစွန်းတစကျရောက်နေလို့ မြင်နေရတဲ့ မျက်ဝန်းတောက်တောက်ကြီးက ကြောက်စရာအတိ ကျသွားပြီဖြစ်တဲ့ဖုန်းကို အေးစက်စွာ စိုက်ကြည့်နေရာမှ

"ခွမ်း!"

>>>>>>>>>>>>>

"ဟာ!"

ဇိုင်း သူအခန်းထဲဝင်လိုက်တာနဲ့ အိပ်ယာထက်မှာ ခြေပစ်လက်ပစ်အိပ်ပျော်နေတဲ့သူမလေးကြောင့် အတော်လေး ကြောင်သွားမိသည်။ ဘယ်လိုလုပ်ဝင်လာပါလိုက်။ အိပ်နေတာကလည်း မိန်းကလေးပီပီသသ ခြေကားယားလက်ကားယားပင်။ ဒီကောင်မလေးမွေးလာမယ့် ကိုယ့်ရဲ့ရင်သွေးအစား ရင်လေးမိသည်။

"ကျစ်"

ဇိုင်း စုပ်သက်ပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။ ဒီနေ့ရခဲ့တဲ့ ဒဏ်ရာတွေကလည်း နည်းတာမှမဟုတ်တာ...

ဇိုင်း ရေချိုးပြီးတာနဲ့ သူ့အကျင့်တိုင်း အိပ်ရင် အင်္ကျီဝတ်မအိပ်တက်တာမို့ စောင်သပတ်ပတ်ရက်နဲ့ပဲ သူမလေးရဲ့ ခြေထောက်ကားကြီးကို ဘေးအနည်းငယ်တိုးပြီး ဝင်အိပ်လိုက်သည်။ ဘဝမှာ တစ်ယောက်တည်းသာ အိပ်လာသူမို့ စိတ်ထည်းတော့ တစ်မျိုးပင်

"ဟူး........"

◾◾◾◾◾◾◾◾◾◾◾◾◾◾◾

အရေးသားနဲ့ စာလုံးပေါင်းမှားရင်ခွင့်လွှတ်ပါရှင့်🙏

သည်းခံဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးပါရှင့်🙏❤

#မြူခိုးဝေဝေ

🎭မာဖီးယားရဲ့ ဇနီးဆိုးလေး (OR)

                    ကျွန်တော့်ဇနီး ကောင်ဆိုးလေး🎭

အပိုင်း (၆)

"မလိုက်နိုင်ဘူး! ဒီမှာပဲနေမယ် ခင်ဗျားအပိုတွေလုပ်မနေနဲ့ ပြန်ခြင်ခင်ဗျာပါသာပြန် ကျွန်တော်တော့မလိုက်နိုင်ဘူး..."

"အော်.... ဒီကောင်မလေး... မိထင်ထင်! သွား ခုလိုက်သွား.... ဘယ့်နယ့်တော်... ယောက်ျားယူပါတယ်ဆို ယောက်ျားနောက်မလိုက်ခြင်ဘူးဆိုလို့ ရရိုးလား.. သွား ခုလိုက်သွား... ဟိုကိုမလိုက်သွားရင် ဒီမှာနေရမယ်လို့လည်း မထင်နဲ့"

"ဟ့! မေ့!"

"သွား ညည်းအဝတ်စားတွေပို့လိုက်ပြီးပြီ လူပဲကြွတော်မူ"

ထင်ထင် ဟိုလူကြီးနဲ့လိုက်နေရမယ်ဆိုတဲ့ တစ်ချက်ကို မတွေးလိုက်မိတာဖြစ်သည်။ သူမပေါ့ပျက်ပျက်နေသမျှ ဒီတစ်ခါတော့ ဟာကွက်ဖြစ်သွားသည်။ 

"ကျစ် ထင်ထင် သမီး...."

"ဟမ် ဗျာ..."

ထင်ထင် မခေါ်စဖူးခေါ်နေမှူကြောင့် ယောင်ပြီးတောင် ထွက်သွားလိုက်မိသည်။ 

"မေပြောပြမယ် သမီးကအခုပဲလက်ထပ်လိုက်ပြီး တရားဝင်ယောက်ျားလည်းရှိသွားပြီ ဒါကိုယောက်ျားနဲ့အတူမနေပဲ တစ်ကွဲတစ်ပြားနေတော့ ပတ်ဝန်ကျင်ကဘယ်လိုပြောမလည်း..."

"ဂရုစိုက်မနေပါနဲ့မေရာ....."

"ဖြန်း ဟဲ့ မနေလိုရမလား... ညည်းကိုလင်ပြစ်မလို့လက်ညှိုးဝိုင်းထိုးကြမှာလေ အရင်ကတည်းက ညည်းလိုဟိုမရောက်ဒီမရောက် ချက်ခြင်းကြီးလက်ထပ်သွားလို့ ဟိုထင်ဒီထင်ဖြစ်နေကြရတဲ့အထဲ သွားသွားလိုက်သွားလိုက်"

ထင်ထင် အမေရိုက်လိုက်တဲ့ လက်မောင်းလေးကိုင်ပြီး မျက်နှာလေးမဲ့ရှုံ့ကာ

"ဟင့် မေကခု ကျွန်တော်ကို နှင်နေပြီပေါ့ ဟုတ်လား... မနေစေခြင်ရင်မနေပါဘူးလို့ ဘယ်တုန်းကတည်းက နှင်ချခြင်နေတာလည်းမသိဘူး.. အခုမှပွင့်အန်ထွက်လာတယ် ဟင့်"

"အယ်... ဒီကောင်မလေး.... ငါလုပ်ရသေအုန်းမယ်..... ဟွန်းနော်... ဟွန်း..."

ဇိုင်း လက်ကြီးတပြင်ပြင်လုပ်နေတဲ့ ဒေါ်မိမိကြောင့် စောနကရိုက်ထားလို့ရဲနေတဲ့ သူမလေးလက်မောင်းကိုကြည့်ပြီး

"ဟို တော်ပါတော့အန်တီ ထင်ထင်လည်း လိုက်မယ်ပြောနေပြီးပဲ နောက်မှ ကျွန်တော် သေချာနားလည်အောင်ရှင်းပြလိုက်ပါ့မယ် သူသိပ်နားမလည်သေးလို့"

"ဘာနားမလည်တာလည်း... လူကို ခင်ဗျား အရူးမှတ်နေလား..... နားလည်တယ် နားလည်တယ်သိလား..."

"ဟဲ့ ပြောနေရင်းနဲ့ နေ နေ ငါလုပ်မှ ဒင်းက"

"မေ့နော်..."

"အန်တီ တော် တော်ပါဗျာ... ထင်ထင်! မင်းလည်းတော်တော့ ခုလိုက်မှာမဟုတ်လား..."

"လိုက်မှာ လိုက်မှာ နောက်မှ သမီးရယ်ပြန်လာခဲ့ပါအုန်းဆို ထင်ထင်တို့က လှည့်ကိုမကြည့်ဘူးဟွန့်"

ထင်ထင် ဝမ်းနည်းတာရော ငိုခြင်လာတာကြောင့် ပြောပြီးတာတဲ့ ထထွက်လာလိုက်သည်။

ဇိုင်း မိခင်ဖြစ်သူရဲ့ စေတနာကိုနားမလည်ပဲ ပြောသွားတဲ့ သူမလေးကြောင့် သူအန်တီကိုအားတော့နာမိသည်။

"ခွင့်လွှတ်ပါအန်တီ ထင်ထင်ကို စိတ်ချပါ ကျွန်တော်သေချာလေးထိန်းသိမ်းပေးပါမယ့်"

"အေးကွယ်... တစ်သက်လုံးအလုပ်မခိုင်းပဲ အလိုလိုက်ထားတာ ခုတော့ မျက်နှာပျက်ရပြီကွယ်.."

"အာ.. မဟုတ်တာအန်တီရာ... ကျွန်တော်ကို ဒီလောက်ထိ မတွေးပေးပါနဲ့ ကျွန်တော် ထင်ထင်ကိုစတွေ့ကတည်းက သူ့ပုံစံကိုသိပါတယ် ဒါကြောင့်မို့ သည်းခံဖို့လည်း ဆုံးဖြတ်ထားပါတယ်"

ဒေါ်မိမိ သူစိမ်းက ဘယ်လိုပဲပြောနေပါစေ ကိုယ့်သမီးလေး ကိုယ့်အပေါ်စိတ်ကွက်သွားမှာကိုတော့ စိုးရိမ်းမိသည်။ ဝမ်းနည်းမှူတို့နဲ့အတူ မျက်ရည်တို့ ဝေ့သည်လာပြီး ခက်မြန်မြန်ပြုံးလိုက်ကာ

"အဟွန်း... သွားတော့လေ သား... သွားသွား မိုးတောင်အတော်ချုပ်နေပြီ မင်းတို့ လူငယ်တွေပွဲရှိသေးတယ်မဟုတ်လား.."

"ဟုတ်ကဲ့ ကျွန်တော် စိတ်ချရတဲ့ အိမ်စေနှစ်ယောက်ထားခဲ့ပါတယ် သူတို့ကိုအားမနာနဲ့နော်အန်တီ သူတို့က ယုံကြည်လို့ရပါတယ်"

"ရပါတယ် သားရယ်..."

"အဟွန်း... ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားပြီနော်"

"အေးအေးသား... ဖြေးဖြေးလည်းမောင်းသွား"

"ဟုတ်ကဲ့"

ဒေါ်မိမိ ကိုယ့်သမီးက မသိတက်မလိမ္မာသလောက် သမက်ဖြစ်သူရဲ့ သိတက်မှူကြောင့် သူမဖြေသာနေသေးသည်။ ငယ်စဉ်ကအလိုလိုက်မိတာ ခုလိုချိန်ကျမှ နောင်တရနေမိသည်။

"အဲ့လောက်ကြာနေရအောင် ဘာတွေပြောနေလို့လည်း..."

ဇိုင်း ကားထဲဝင်လိုက်တယ်ဆို အလိုမကျသံလေးနဲ့ပြောနေတဲ့ သူမလေးကြောင့် စက်နှိုးလိုက်ရင်း....

"မင်းလို အရိုင်းအစိုင်းမှမဟုတ်တာ...."

"ဘာ!"

ဇိုင်းအသံကျယ်ကြီးနဲ့အတူ သူ့ဘက်ကိုမာန်ပါပါလှည့်လာတဲ့သူမလေးကြောင့်

"ဟ့ ဘာဖြစ်တာလည်း လန့်တာကွာ... ကျစ်"

"ခင်ဗျားအပိုလုပ်မနေနဲ့ ခင်ဗျားကျွန်တော့်ကိုပြောတာ အတော်ကြီးလွန်သွားပြီနော်"

ဇိုင်း အတော်လေးထိသွားပုံရတဲ့ ကောင်မလေးကြောင့် ရယ်လိုက်ရင်း

"အဟက် ဘာလည်း ငါ့ကိုထိုးအုန်းမို့လား..."

"ဟုတ်တယ် ထိုးမို့! ဒါမယ့် မထိုးတော့ဘူး ကျွန်တော့်လက်နာယုံပဲရှိမှာ ခင်ဗျားက နားထူဖြစ်နေပြီလေ"

"ဘာကြ!"

rate now: