book

မြူခိုးဝေဝေ

Author

  • Name : မြူခိုးဝေဝေ
  • Total Books : 2
  • Rating :

အသက်၂၀မပြည့်ခင်က ကျွန်မကိုယ်တိုင်ခံစားလာရတဲ့ နောင်တတစ်ချို့ပါနော် ဒီစာလေးက အသက်၂၀မပြည့်ခင် မောင်လေး ညီမလေးများကို အတွေ့အကြုံတွေ ဝေမျှတဲ့စာလေးပါ မကြာခင်ကာလမှာ အသက်၂ဝပြည့်တော့မှာမို့ ရင်တုန်နေမိတယ် တစ်မျိုးမထင်လိုက်ပါနဲ့နော် စာအုပ်တစ်ခုမှာဖတ်ခဲ့ဖူးတယ် ဆယ်ကျော်သက်အရွယ်မှာအခြေကောင်းအောင်မကျိုးစားခဲ့ရင် ၂၀ ကျော်ရင်နောင်တရလိုက်မယ်တဲ့၊ အဲ့အချိန်ဖတ်တုန်းကတော့ ဖတ်ပြီးပြီရောပင်မယ့် တကယ် ၂၀ပြည့်တော့မယ်အချိန်မှာ ဘာကိုတွေးကြောက်နေမှန်းမသိဘူး အရင်က သူများတွေအသက်မေးလိုက်ရင် ၁၈ပါ၁၉ပါဖြေနေကြက ၂၀ပါလို့ ဂုဏ်ယူဝင့်ကြွားစွာဖြေဖို့ ခဲရင်လာပြီ ဘာကြောင့်လည်း ရှက်လာတာပါ ကိုယ့်အနာဂါတ်က မှုန်ဝါးနေလို့ပါ ကိုယ်ကမိသားစုကိုမှီခိုနေရတဲ့သူတစ်ယောက်ဖြစ်နေတုန်းမို့ပါ ကိုယ်ပိုင်ဝင်ငွေနဲ့ ဘယ်အရာမှ မပိုင်ဆိုင်ဘူးသေးလို့ပါ ခုထိကိုယ်က အိမ်ရဲ့မှီခိုလို့ ထင်နေတုန်းမို့ပါ အသက်၂၀မှ သင့်ဘဝရဲ့ရည်မှန်းချက်ကိုမသိသေးရင် နောက် ၃၀ နောက်၄၀ အဲ့အနာဂါတ်ကပိုမှုန်ဝါးသွားပါပြီ အထင်ပုဂ္ဂိုလ်တစ်ဦးပြောဘူးတယ် သူကအသက်၄၀မှ သူဘာဖြစ်ခြင်တာကိုသိတာတဲ့ ဒါမယ့် ကိုယ့်မှာအဲ့လောက်ထိ ရည်မှန်းချက်နောက်ကိုလိုက်ဖို့ ခွန်အားနဲ့အချိန်ရှိပါအုန်းမလား အသက်သာ ၂၀ပြည့်လာမယ် အသက်ကြီးခါတာပဲရှိမယ် အသိဉာဏ်ကအခုထိမရင့်ကျက်သေးဘူး ပြောခြင်တာက ကိုယ်ငယ်စဥ်က ကိုယ့်ရဲ့သင်ဆရာကြားဆရာတွေပြောဘူးတဲ့ အချိန်မဖြုန်းကြနဲ့တဲ့ အဲ့ချိန်ကပေါ့ပေါ့ပါပဲ အလေးနက်လည်းထားတယ် ဒါမယ့် ဘာကိုဘယ်လိုအချိန်ဖြုန်းရမှန်းမသိခဲ့ဘူး၊ ဘယ်အရာကနေစသင်ယူသင့်တာမသိခဲ့ဘူး မသိပေါင်းများစွာကို ကျွန်မနှစ်ဆယ်ပြည့်ခံနည်းမှ သိနေရတယ် လွန်ခဲ့တဲ့ တစ်လလောက်ကထိ မွေးနေ့ မွေးနေ့နဲ့ ပြည့်မယ့်နေ့ကို လကမချိုးရေနေမိတယ် စောင့်ရတာကြာလိုက်တာပေါ့၊ ဒါမယ့်ခုတော့ မပြည့်ခြင်သေးဘူး ၂၀ဆိုတဲ့အသက်နဲ့လိုက်အောင်ညအသိဉာဏ်နဲ့ လက်စုပ်လက်ကိုင်ပြနိုင်တာ ဘာတစ်ခုမှမရှိသေးဘူး အရာရာကပေါ့ပျက်ပျက်နဲ့ပြီးခဲ့တယ် ခုတော့ ကျွန်မလမ်းလေးတစ်ခုကိုဖောက်နေပါပြီ အဲ့လမ်းကိုစဖောက်စမှာ ကျွန်မလက်လျှော့ဘူးတယ် ဆက်မဖောက်ခဲ့ဘူး အရမ်းခက်ခဲပြီး နာကျင်လွန်းလို့ မခံစားဘူးတာတွေခံစားရတယ် လူတွေရဲ့ရိုက်ခက်မှူဒဏ်ကို ကြောက်လို့ ဒါမယ့် ခုလမ်းလေးကို ပြန်ဖောက်နေပါပြီ ကျွန်မနားထဲဆွဲနေတာက "သင်ဟာ ပထမဖြစ်ရမယ်လို့ ဆုံးဖြတ်ထားစရာမလိုဘူး သင်ဟာ အမြဲအသစ်တွေကိုစလုပ်တဲ့သူဖြစ်ရမယ်တဲ့" ဒါကတော့ ကျွန်မဘဝရဲ့ အသက်၂၀မပြည့်ခင် ခံစားလာရတဲ့ သိမြင်လာရတဲ့ နောင်တတစ်ချို့ပါ။ ဒီနေ့ အသက်၂၀ပြည့်ပြီ ဘဝရဲ့ရည်မှန်ချက်ကမရောက်သေးပါဘူးရှင့် ဒါမယ့် ရည်မှန်းချက်နှစ်ခုကိုတော့ ကြိုးစာတက်လှမ်းနေဆဲပါ။ #မြူခိုးဝေဝေ

Book Thumb Book Details Status Rating Release Date

Name    : ကျွန်တော့ဇနီးကောင်ဆိုးလေး

Language : Burmese

14 Chapters

Romance, Action

30 Sep 2022

Name    : ကိုကိုမို့ ချစ်တာလို့

Language : Burmese

45 Chapters

Romance

26 Apr 2022

Page 1 of 1