book

Index 9

𝐏𝐚𝐫𝐭-9

.....❦︎လွန်းကဇိမ်းအပိုင်❦︎.....

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

        


“ဟက်ချိုး....”


“ဟင်.... သခင်လေး နှာတွေချေနေတယ်.... မိုးမိခဲ့တာလား”


ကြီးမို့အပြောကို ဇိမ်းခေါင်းလေးသာ ငြိမ့်ပြလိုက်သည်။


“သခင်လေးက နည်းနည်းဆို ဖျားလွယ်တယ်လေ.... အဝတ်အစားအရင်သွားလဲလိုက်နော် ကြီးမို့ ရေနွေးနဲ့ သောက်ဆေးလေးယူခဲ့မယ်”


“ဟုတ်”


ဇိမ်းလဲ နှာတစ်ရှုံ့ရှုံ့နှင့် အပေါ်သို့ တက်လာခဲ့လိုက်သည်။ ထို့နောက် မိုးမိထားတာကြောင့် ရေချိုးဖို့ပြင်လိုက်သည်။


“ရေနွေးကတော့ရပြီ... ဆေးကတော့ အခန်းထဲရှိလောက်မယ်ထင်ပါတယ်”


ကြီးမို့ ရေနွေခွက်လေးအားကိုင်ကာ ဇိမ်းအခန်းသို့ တက်လာလိုက်သည်။


ဒေါက် ဒေါက်....


“သခင်လေး.... ကြီးမို့ပါ”


ဒေါက် ဒေါက်.....


တံခါးဘယ်လောက်ခေါက်ခေါက် မဖွင့်လာတာကြောင့် ကြီးမို့လဲ စိုးရိမ်ကာ သော့အပိုတစ်ချောင်းအားယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

တံခါးလဲပွင့်သွားရော အခန်းထဲရှိ ဇိမ်းအား ရှာလိုက်သည်။


“ဟင်..... သခင်လေး.....”


အဝတ်ဗီရိုထောင့်နားမှ လဲကျနေတဲ့ ဇိမ်း။


“လာကြပါအုံး.... သခင်လေးမူးလဲသွားလို့”


ကြီးမို့ရဲ့အသံကြောင့် အိမ်အောက်ထပ်ရှိ အိမ်အကူများ ပြာပြာသလဲဖြစ်သွားကြသည်။ လွန်းလဲ အသံကြောင့် အခန်းထဲမှ ထွက်လာလိုက်ပြီး အသံကြားရာ အပေါ်ထပ်သို့ အိမ်အကူတစ်ချို့နှင့် အပြေးလေးတက်သွားလိုက်သည်။


“ကောင်မလေးတွေ သခင်လေးကို သေချာကြည့်ထားကြ.... ကြီးမို့ ဆရာဝန်ကိုဖုန်းခေါ်လိုက်အုံးမယ်”


“ဟုတ် ဟုတ်”


ဒီလိုနဲ့ လွန်းနဲ့အိမ်အကူမလေးတွေလဲ ဇိမ်းအားထူကာ မလိုက်ကြပြီး အိပ်ရာပေါ်သို့ တင်ပေးလိုက်ကြသည်။

ခဏကြာတော့ ဆရာဝန်နှင့်အတူ ကြီးမို့လဲ အပေါ်သို့တက်လာသည်။


“ကောင်မလေးတွေ လုပ်စရာရှိတာသွားလုပ်တော့”


“ဟုတ်”


“လွန်းကတော့ နေခဲ့အုံး”


အိမ်အကူတွေနှင့်အတူ လှည့်ထွက်ဖို့ပြင်နေတဲ့ လွန်းအားတားလိုက်သဖြင့် သူမမျက်လုံးအဝိုင်းသားလေးဖြစ်သွားရသည်။


“ရှန်....”


“နေခဲ့အုံးလို့”


“ဟုတ် ဟုတ်”


လွန်းလဲ ကြီးမို့ဘေး၌ ရပ်ကာ ဇိမ်းရဲ့အခြေအနေအား ရပ်စောင့်နေလိုက်သည်။


“ထုံးစမ်အတိုင်းအအေးမိသွားတာပါ...”


“ဟုတ်တယ် ဒီနေ့မိုးနည်းနည်းမိသွားလို့.... ဒါကိုရေကချိုးလိုက်တော့ ပိုဆိုးတာပေါ့”


မိုးမိတယ်ဆိုလို့ လွန်းတစ်ယောက် ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်နေသည်။ အခုလိုမိုးမိရတာ သူ့ကြောင့်မို့‌လေ။


“ဆေးတစ်ချောင်းတော့ ထိုးပေးထားပါတယ်.... ဒါကတော့ သောက်ဆေးတွေပါ....”


“လွန်း သောက်ဆေးတွေကိုသေချာမှတ်ထားနော်”


“ဟုတ်.... ဟုတ်”


လွန်း ကြောင်အအလေးနှင့် ခေါင်းလေးအား ငြိမ့်လိုက်သည်။


“ဒါက မနက်အစာစားပြီးသောက်ဖို့.... ဒါကတော့ ညအစာစားပြီးသောက်ဖို့ တစ်ရက်ကိုနှစ်ကြိမ်ဘဲ”


“ဟုတ်....”


“သေချာလေးဂရုစိုက်ပေးလိုက်အုံးနော်.... လူနာက လွယ်လွယ်နဲ့ဆို ဖျားတက်ပြီ”


“ဟုတ်”


“သုံးလေးရက်လောက်တော့ အေးအေးဆေးဆေးနားခိုင်းလိုက်ပါအုံး”


“ဟုတ်”


“ဆရာ... ဟို... သူ့ရဲ့ရောဂါအခြေအနေကကော ဘယ်လိုလဲ”


ကြီးမို့စကားကြောင့် လွန်းတစ်ယောက် မျက်လုံးလေးပြူးကာ လန့်သွားရသည်။ 


ဦးဇိမ်းက ရောဂါရှိတယ်တဲ့လား။


“ရောဂါက အခြေအနေတွေ ကောင်းလာတာမို့ ဆရာတောင် မေ့နေပြီ...."


“အဟွန်း....”


“ရောဂါအခြေအနေကတော့ ကောင်းပါတယ်.... ဒီရက်ပိုင်းစိတ်ချမ်းသားရာတွေရှိနေလို့ ထင်တယ်”


“ဘာလို့လဲ ဆရာ”


“နှလုံးကပုံမှန်ပြန်ဖြစ်နေပြီ.... နောက်ဆို အရှင်းတောင်ပျောက်ရင်ပျောက်သွားနိုင်တယ်”


“အဟွန်း.... အဲ့လိုတာဆို ကောင်းတာပေါ့ ဆရာရယ်”


“ဟုတ်တာပေါ့.... ဒါဆို ဆရာလဲ သွားတော့မယ်လေ တစ်ခုခုဆိုရင် ဖုန်းဆက်လိုက်‌နော်”


“ဟုတ်.... ကျေးဇူးပါ ဆရာ”


“ရပါတယ်ဗျာ....”


“ဟုတ်.... ဒါနဲ့ သခင်လေးနေမကောင်းဖြစ်တာ သူ့မိဘတွေကို အသိမပေးပါနဲ့နော်”


“ဟုတ် ဟုတ်....”


“ဒါဆို.... လွန်းဒီမှာနေခဲ့အုံးနော်... ကြီးမို့ ဆရာ့ကိုလိုက်ပို့လိုက်အုံးမယ်”


“ဟုတ်”


ဒီလိုနဲ့ ကြီးမို့တို့ထွက်သွားတော့ လွန်းလဲ ဇိမ်းအနားသို့ လာခဲ့လိုက်သည်။

သူမလဲ ဘာလုပ်ရမှန်းမသိတာနှင့် ဇိမ်းမျက်နှာသာ စိုက်ကြည့်နေလိုက်သည်။


နေမကောင်းပေမယ့်လဲ သူ့ရဲ့ချောမောတဲ့မျက်နှာသွင်ပြင်က ပြောင်းလဲမသွားပေ။ မျက်ခုံးနက်နက်နှင့်နှုတ်ခမ်းမွှေးရေးရေးလေးတွေက လေးထောင့်မကျတကျမျက်နှာနှင့် အလွန်လိုက်ဖက်သည်။


“အဟမ်း.... လူကိုခိုးကြည့်နေတာ ဒီလောက်ဆို ရပ်သင့်ပြီနော်”


မျက်လုံးမှိတ်လျက်ဖြင့် ပြောလာတဲ့ဇိမ်းကြောင့် သူမလန့်လဲလန့်သွားသလို ရှက်လဲရှက်သွားသည်။


ဘာလဲ သူကမေ့လဲနေတာမဟုတ်ဘူးလား။


“အား...."


“ဟင်....”


ရုတ်တရက်ထအော်လိုက်တာကြောင့် လွန်းစိတ်ပူသွားကာ ဇိမ်းဘက်သို့ လှည့်လာခဲ့လိုက်သည်။


“ဘာဖြစ်တာလဲ.... ဘယ်နားနာလို့လဲ”


“ဒီနား...."


ဇိမ်း သူ့ဘယ်ဘက် နှလုံးသာရှိသည့်နေရာသို့ လက်လေးပုတ်ပြလိုက်သည်။


“လာနောက်မနေနဲ့ ဦးဇိမ်း”


“မနောက်ဘူး တစ်ကယ်”


ထိုအချိန်မှ သူမခဏက ဆရာဝန်အပြောအား သတိရသွားသည်။


“ဟို.... ဦးဇိမ်းက နှလုံးမကောင်းလို့လား... ဆေးကဘယ်မှာလဲ ယူပေးမယ်လေ အခုသောက်လို့ရတယ်မလား”


ပြာပြာသလဲနှင့် ပြောလာတဲ့ လွန်းကြောင့် ဇိမ်းတစ်ယောက် ဝမ်းသာပီတိဖြစ်စွာ ပြုံးလိုက်သည်။


“စတာ.... နှလုံးမကောင်းလို့ နာတာမဟုတ်ဘူး....”


“တော်ပြီ တော်ပြီ.... ဆက်မပြောတော့ဘူ"


“အဟွန်း....”


“ဟို.... ဦးဇိမ်းကို တောင်းပန်ပါတယ်”


“ဟင်.... ဘာလို့လဲ”


“အခုလို နေမကောင်းဖြစ်အောင်လုပ်မိလို့”


“အဟွန်း.... ရပါတယ်ဗျာ.... မဟုတ်လဲ ကိုယ်က အချိန်ဖြစ်ဖျားနေတာ"


လွန်း ဇိမ်းမျက်နှာလေးအား စိုက်ကြည့်ကာ သူ့နဖူးလေးအား မဝံ့မရဲဖြင့် စမ်းကြည့်လိုက်သည်။


“အင်း.... ကိုယ်ပူနေသေးတာဘဲ”


“အဟွန်း....”


“ညစာစားတော့မှာလား.... ဆန်ပြုတ်သွားပြုတ်ပေးမယ်”


“အင်း.... စားမယ်လေ”


“ဒါဆို လွန်းသွားပြုတ်လိုက်အုံးမယ်”


“ကိုယ်ပါလိုက်ခဲ့မယ်”


“မလိုက်ပါနဲ့.... နေကကောင်းတာမဟုတ်ဘဲ”


“ရပါတယ်.... လိုက်ချင်လို့”


“သဘော..."


ဒီလိုနဲ့ ဇိမ်းလဲ လွန်းနောက်လိုက်လာခဲ့လိုက်သည်။


“ဟင်.... သခင်လေး”


“ညစာစားတော့မလို့တဲ့.... ဒါကြောင့်ဆန်ပြုတ်ပြုတ်ပေးမလို့”


“အော်.... ကြီးမို့ လာပို့ပေးမယ်လေ”


“ရပါတယ်.... ကျွန်တော်အခန်းထဲမှာမနေချင်လို့”


“ဟုတ်ပါပြီကွယ်”


လွန်းလဲ မီးဖိုခန်းထဲဝင်လိုက်ပြီး ဆန်ပြုတ်ပြုတ်ဖို့ပြင်လိုက်သည်။ ဇိမ်းကတော့ သူမလေးအား ထိုင်ကြည့်နေ‌သည်။


“အမေ့.... ဒီမှာ ဆန်ပြုတ်ပြုတ်ပြီးပါပြီ.... ကြက်သားတော့မပါဘူး အမေရဲ့”

“ရပါတယ်ကွယ်.... ငါ့သမီးပြုတ်ပေးထားတဲ့ဆန်ပြုတ်က ဘယ်လိုနေနေကောင်းပြီးသား"


“အဟင့်...."


သူမဆန်ပြုတ်ပြုတ်ရင်းဖြင့် တစ်ချိန်က အမေဖြစ်သူနှင့်ရှိစဉ်တုန်းက အကြောင်းတွေအားပြန်စဉ်းစားကာ ဝမ်းနည်းလာတော့သည်။


ရှိုက်သံတစ်ချို့ကြောင့် ဇိမ်းသူမအနားသို့ သွားလိုက်သည်။


“ဟင်.... လွန်းငိုနေတာလား”


“ဟင့်.... လွန်းအမေ့ကို အရမ်းလွမ်းတာဘဲ”


ဇိမ်း သူမကိုယ်လေးအား ဖက်ထားလိုက်သည်။


“လွန်းရဲ့အမေက လွန်းကို ကောင်းရာဘုံကနေ စောင့်ကြည့်နေမှာ.... လွန်းအခုလိုငိုနေတော့ လွန်းအမေကဘယ်ပျော်ပါ့မလဲ.... မငိုနဲ့နော်”


ဇိမ်း ဖက်ထားရာမှ လွှတ်လိုက်ပြီး သူမမျက်ရည်စလေးများအား သုတ်ပေးလိုက်သည်။


“မငိုနဲ့ မငိုနဲ့.....လွန်းဘေးမှာ ကိုယ်တစ်ယောက်လုံးရှိသေးတယ်လေ မဟုတ်လား”


“အင်း...."


“မငိုနဲ့တော့နော်....”


သူမ ခေါင်းလေးသာငြိမ့်ပြလိုက်သည်။

ထို့နောက် ဆန်ပြုတ်လေးလဲ ကျက်ပြီမို့ ဇိမ်းအား ထည့်ပေးလိုက်သည်။


“ရော့.... ရပြီ”


“အင်း.... ကောင်းလိုက်တာ”


“အဟွန်း.... ကောင်းရင်များများသောက်”


“ဟုတ်”


ဇိမ်း သူမအားကြည့်လိုက် ဆန်ပြုတ်သောက်လိုက်ဖြင့် နောက်ဆုံးတော့ သူလဲဆန်ပြုတ်သောက်လို့ပြီးသွားသည်။


“၈နာရီခွဲပြီ.... အိပ်တော့မှာလား”


“ကိုယ်က ၉နာရီခွဲမှ အိပ်နေကြ”


“အော်.... ဒါဆို အခုဘာလုပ်မှာလဲ”


“လွန်းကအိပ်တော့မှာလား”


“မအိပ်သေးပါဘူး”


“ဒါဆို ခြံထဲဆင်းပြီး စကားပြောရအောင်”


“သဘော”


ဒီလိုနဲ့ နှစ်ယောက်သား ခြံထဲသို့ဆင်းလာလိုက်ကြသည်။


“လွန်းက ‌၁၈နှစ်ဆိုတော့ ကျောင်းပြီးပြီပေါ့”


“အွန်း.... ၁၀တန်းတော့ အောင်ထားတယ်”


“ရိုးရိုးလား ဂုဏ်ထူးကောထွက်လား”


“ဂုဏ်ထူးက နှစ်ဘာသာတော့ပါတယ်”


“တော်သားဘဲ”


“အဟွန်း.... ဟုတ်မှာပါ”


“လွန်းကိုကြည့်ရတာ ၁၈နှစ်ကလေးမနဲ့မတူဘူး”


“ဒါဆိုဘာနဲ့တူတာလဲ.... အသက်၄၀အဘွားကြီးနဲ့တူနေလို့လား”


“အသက်၄၀ထိတော့ မဟုတ်ပါဘူး.... လွန်းကိုမသိတဲ့သူဆို ၂၀ကျော် ၂၃လောက်ရှိပြီလို့ထင်မှာ”


“ဘာလို့လဲ”


“လွန်းက အရမ်းရင့်ကျတ်လို့”


“အဟွန်း...."


ဇိမ်းရဲ့အပြောအား သူမပါးချိုင့်လေးနှစ်ဖက် နစ်ဝင်သွား‌အောင် ပြုံးလိုက်သည်။


“ဘာလို့ရီတာတုန်း.... ကိုယ်ကတစ်ကယ်ပြောတာ”


“သိပါတယ်.... ရင့်ကျတ်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး.... ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့ လောကဓံတွေနဲ့ဘဲ ဆိုင်တယ်”


“အင်း.... ဟုတ်တယ်”


“လွန်းက ငယ်ငယ်ကတည်းက ပြည့်ပြည့်စုံစုံနေခဲ့ရတာမဟုတ်ဘူးလေ.... လွန်း၁၀နှစ်လောက်ကတည်းက အဖေကနောက်မိန်းမယူသွားတာ ဒါနဲ့ဘဲ ကျန်းမာရေးမကောင်းတဲ့ အမေက အကြော်ရောင်းပြီး လွန်းကို ဆယ်တန်းအောင်အောင် ကျောင်းထားပေးခဲ့တာ”


“လွန်းရဲ့အမေက တစ်ကယ့်သူရဲကောင်း”


“ဟုတ်တယ်.... အဖေ့ထက်တော့ ပြောပြလို့မရအောင်ကို သာတယ်.... လွန်း လိုချင်တာထက် အမေလိုချင်တာကိုဘဲ ဖြည့်စည်းပေးခဲ့တာ.... တစ်ကယ်တမ်းပြောကမယ်ဆိုရင်တော့ လွန်းဘဝကအရမ်းကြမ်းတမ်းခဲ့တယ်.... ကျောင်းတောင်မှ အချိန်ပြည့်မတက်နိုင်လို့ ကျောင်းအုပ်ကအမြဲတမ်းဆူတာ.... လွန်းဘဝမှာ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းဆိုလို့ အမေရယ် ‌အန်တီထားရယ် ကိုထက်မြတ်ရယ် သုံးယောက်ဘဲရှိတာ”


“ကိုယ်လဲ ရှိပါသေးတယ်”


“ဟင့်အင်း.... လွန်းထက်အဆပေါင်းများစွာ သာတဲ့သူနဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေမလုပ်ချင်ပါဘူး”


“ကိုယ်ကလဲ လွန်းကို မိတ်ဆွေတွေ သူငယ်ချင်းတွေ မလုပ်ခိုင်းစေချင်ပါဘူး”


“သိပါတယ်....လွန်းက ဦးဇိမ်းရဲ့အိမ်က ခွေးထိန်းလေ”


“ကိုယ်ကအဲ့လိုပြောတာ မဟုတ်ဘူး.... ကိုယ်ပြောချင်တာက...”


“သခင်လေး....”


“ကျွတ်....”


အနောက်မှခေါ်သံကြောင့် ဇိမ်းတစ်ယောက် တော်တော်စိတ်ညစ်သွားသည်။


“ဒီမှာ ဖုန်းလာလို့ပါ သခင်လေး”


“ပေး...."


ဇိမ်း ဖုန်းအား ဆက်ကနဲ တစ်ခါတည်းယူလိုက်သည်။


“ဟယ်လို...."


“ဟယ်လို.... ဇိမ်းငါပါရာဇ”


“အေး ပြော ရာဇ”


“မင်းနောင် ပြန်လာပြီတဲ့”


“ဘာ!"


ထိုစကားကြောင့် ဇိမ်းရင်ထဲ စိုးရိမ်မှုများက ဝင်ရောက်လာကာ ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်သည်။

မင်းနောင်ဆိုသည်မှာ ဇိမ်းရဲ့ ငယ်စဉ်ကတည်းက မတည့်ကြတဲ့ ရန်သူတော်ပင်။ ဇိမ်းတို့မှာ သူငယ်ချင်း လေးယောက်ရှိသည်။ ဇိမ်းရယ် ရာဇရယ် နှင်းသက်ချိုရယ် နောက်ဆုံးတစ်ယောက်ကဆော့ နှင်းသက်ချိုကို ငယ်စဉ်ကတည်းက တိတ်တခိုးကြိတ်ချစ်ခဲ့ရသည့် ခွန်းစစ်မင်းနောင်ပင်။


ငါချစ်တဲ့သူကို လုတဲ့အတွက် မင်းချစ်တဲ့သူကိုလဲ ငါရအောင်ပြန်လုပြမယ်.... မင်းစောင့်ကြည့်နေလိုက်။


အတိတ်ရဲ့ စကားတစ်ချို့က ဇိမ်းရဲ့ နားထဲသို့ ပြန်ကြားယောင်လာသည်။


“ဟယ်လို.... ဇိမ်း မင်းအဆင်ပြေရဲ့လား”


“ဟမ်.... အင်း အဆင်ပြေပါတယ်”


“ဘာမှစိတ်မပူနဲ့နော်.... တစ်ခုခုဆို ငါ့ကိုပြောကြားလား"


“အင်းပါ.... ငါတစ်ခုတော့ စိုးရိမ်တယ်”


“ဘာကိုလဲ”


“သူကနှင်းသက်ချိုကို ချစ်နေတာလေ.... အရင်တုန်းက ပြဿနာဖြစ်တာကလဲ သူ့ကိုပြိုင်လုရင်းနဲ့ ဖြစ်သွားတာဆိုတော့...."


“ဘာလဲ... မင်းကနှင်းသက်ချိုကို ပြန်ချစ်နေပြန်ပြီလား”


“ဘယ်ကသာ.... သူတစ်ခါပြောဖူးတယ်.... သူချစ်တဲ့သူကို လုခဲ့တဲ့အတွက် ငါချစ်တဲ့သူကိုလဲ သူပြန်လုမယ်တဲ့”


“အဲ့တော့.... မင်းက လွန်းကိုစိုးရိမ်တယ် ဆိုပါတော့"


“ဟုတ်တယ်.... သူ့အကြောင်းလဲ မင်းသိတာဘဲ... ပြောရင်းပြောတဲ့အတိုင်း တစ်ခုမကျန်လုပ်တာ”


“ဟုတ်တယ်.... ဒါပေမယ့် အဲ့စကားတွေက လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကဟာတွေပါ.... အခုက သူလဲအသက်ကြီးနေပြီဘဲ.... အဲ့လိုမျိုးတွေ မထားလိုက်တော့ပါဘူး”


“မင်းပြောတဲ့အတိုင်း ဖြစ်လာဖို့ဘဲ မျှော်လင့်ပါတယ်"


“ဖြစ်လာမှာပါကွာ”


“အေးပါ... ဒါဆိုငါဖုန်းချပြီ”


“အိုကေ.... အော် ဒါနဲ့ မနက်ဖြန် သူ့ကိုသွားကြိုမှာ မင်းကောလိုက်ခဲ့တဲ့"


“ဘာ.... သူကငါ့ကိုလိုက်ခိုင်းတာလား”


“ဟုတ်တယ်.... သူကိုယ်တိုင်ငါ့ကို မှာလိုက်တာ.... ဘဲ မလိုက်ဘူးလား”


“ဘာလို့မလိုက်ရမှာလဲ.... ‌တစ်ဖက်ကတောင် ခေါ်နေမှတော့ ငါလဲလိုက်ရတာပေါ့”


“ဒါဆို ငါမနက်ဖြန်လာခေါ်မယ်”


“ရတယ်.... ငါ့ဟာငါလာခဲ့မယ်”


“အိုကေ အိုကေ.... ဒါဆို ဖုန်းချပြီ”


“အင်း”


တစ်ဖက်ကဖုန်းချသွားမှ ဇိမ်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။


“ဘာဖြစ်လို့လဲ.... အဆင်ပြေလား”


“အင်း.... ပြေပါတယ်.... ကိုယ်မနက်ဖြန်သွားစရာရှိတယ် စောစောအိပ်ရတော့မယ်”


“ဟုတ်လား နေကမကောင်းသေးတာကို”


“မသွားလို့မရဘူး.... သူကကိုယ်မသွားရင် ကိုယ့်ကိုကြောက်တယ်လို့ ထင်နေတော့မှာ”


“ဟင်...."


“လွန်းကို ကိုယ်တစ်ခုပြောထားမယ်.... ခွန်းစစ်မင်းနောင်ဆိုတဲ့သူနဲ့ လွန်းဝေးဝေးနေနော်”


“ခွန်းစစ်မင်းနောင်က ဘယ်သူကြီးလဲ... လွန်းတစ်ခါမှတောင် မကြားဖူးဘူး”


“နောက်ဆိုကြားဖူးသွားမှာ.... ကိုယ်‌ကြိုပြောပြထားတာ”


“ဟုတ်....”


“ဒါဆိုကိုယ်အပေါ်တက်ပြီ”


”ဟုတ်...."


“ဂွတ်နိုက်”


“အင်း...."


သူမမျက်လုံး အဝိုင်းသားလေးနှင့် ခေါင်းငုံ့ပြလိုက်သည်။


မင်းနောင် မင်းနောင်.... မင်းဘယ်လိုအကွက်တွေ ရွှေ့ချင်သေးတာလဲ.... လွန်းကိုထိရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူးနော် မင်းနောင်ရေ။


ဇိမ်းတစ်ယောက် သူတို့ငယ်စဉ်က စုရိုက်ထားတဲ့ပုံလေးထဲမှ မင်းနောင်ရဲ့ပုံအား စိုက်ကြည့်ကာ ပြောနေသည်။


မအားတာနဲ့ စာလဲရှည်ရှည်မရေးလိုက်ရသလို စာလဲမစစ်လိုက်ရပါဘူး။ စာလုံးပေါင်းမှားတာလေးတွေရှိရင် သည်းခံပြီးဖတ်ပေးကြပါ။

စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏

                                

                                      𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰


rate now: