❦︎လွန်းကဇိမ်းအပိုင်❦︎
(Loon's owned by Zame)
(intro)
မွေးကတည်းက ရွှေဇွန်းကိုက်မွေးလာကာ ဒိတ်ဒိတ်ကြဲသူဌေးကြီး ဦးဇိမ်းတေဇခေါင်ရဲ့ တစ်ဦးတည်းသော သား ဇိမ်းမြတ်သခင်။ လိုတရဘဝဖြင့် နေလာကာ အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ play boyဘဲကြီး ဇိမ်းမြတ်သခင်။
ငယ်စဉ်ကတည်းက အမေတစ်ခုသမီးတစ်ခုဖြင့် အရွယ်နှင့်မလိုက်အောင် ဘဝကို ဆင်းရဲနုံချာစွာ ဖြတ်သန်းလာခဲ့ရတဲ့ ၁၈နှစ်အရွယ် ကောင်မလေး ဆောင်းဝတီလွန်း။
အသက် ၃၂နှစ်ထိ play boy လုပ်နေသေးတဲ့ ဇိမ်းနဲ့ အရွယ်နဲ့မလိုက်အောင် ဘဝကိုရုန်းကန်နေရတဲ့ မာနခဲလေး လွန်းတို့ ဘယ်လိုတွေ ဆုံတွေ့ကြမလဲ။ မြင်မြင်ချင်းအချစ်ဆိုတာကို မယုံတဲ့ဇိမ်း လွန်းကိုမြင်ပြီးကတည်းက ချစ်မိသွားကာ သူမကို ဘယ်လိုတွေလိုက်မလဲ။ လိုချင်တာကို ရအောင်ယူတက်တဲ့ ဇိမ်းက သူသိပ်ချစ်ရတဲ့ ကောင်မလေးကို အခက်အခဲတွေကြားက ဘယ်လိုတွေ ရအောင်ယူမလဲ။
ဒီထဲမှာတော့ ဦးဇိမ်းရဲ့ချစ်တက်မှုကြီးကို မြင်တွေ့ရမှာပါ။ ဒါဆို ဇာတ်လမ်းထဲက အပိုင်းတိုလေးကို ဖတ်ပေးကြပါအုံး။
“ဒီမှာ.... လွန်းဆိုတဲ့ ဆောင်းဝတီလွန်းကလေ.... ဈေးလဲရောင်းဖူးတယ် သူများအိမ်မှာလဲ အိမ်ဖော်လိုက်လုပ်ဖူးတယ် ခြံတွေမှာလဲ အပင်တွေ လိုက်ရှင်းဖူးတယ်.... နောက်ပြီး ယောင်္ကျားလေးတွေလုပ်တဲ့ ကားစပယ်ယာကအစ လွန်းလုပ်ဖူးတယ်.... အခုဆို ရှင်တို့ကမ္ပဏီမှာတောင် အလုပ်လုပ်ဖူးပြီးသွားပြီ.... ဒါကြောင့် လွန်းမဟုတ်ဖူးတဲ့အလုပ်ဆို မရှိဘူး
အိုကေ... ”
“ဒါပေမယ့်.... မင်းမလုပ်ဖူးတာ တစ်ခုရှိတယ်”
“ဘာလဲ....”
“ငါ့မိန်းမ....”
“ဘာ!...."
“အဟွန်း...."
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰