.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“ဂျိမ်း....”
“ကျွတ်.... မိုးတွေကလဲကွာ ဘယ်လိုတွေရွာနေလဲမသိဘူး”
ဇိမ်းတစ်ယောက် ကောင်းကင်အားကြည့်ကာ လွန်းအားမျှော်နေသည်။
ခဏကြာတော့ အပြေးလေးဖြင့် ခြံထဲသို့ ဝင်လာတဲ့သူမ။ ထီးကသေးသေးလေးမို့ သူမမလှုံကာ မိုးရေများက စိုရွှဲနေသည်။
“လွန်း....”
ခေါ်သံကြောင့် သူမလှည့်ကြည့်လိုက်တော့ မျက်မှောင်ကြီးကြုတ်ကာ သူမအားကြည့်နေတဲ့ ဇိမ်း။
“ဟို.... ဒီနေ့မိုးတွေအရမ်းရွာနေလို့ နောက်ကျသွားတာပါ.... တောင်းပန်ပါတယ်”
“ဘာတွေပြောနေတာတုန်း.... မိုးတွေဒီလောက်ရွာနေတာကို ဘာလို့ ထီးစောင်းပြီးလာခဲ့တာလဲ ကိုယ်လာခေါ်မှာပေါ့”
“ဟမ်...."
သူမကတော့ လာတာနောက်ကျလို့ ဇိမ်းစိတ်ဆိုးတော့မည်ဟု ထင်ထားသည်။ အခုတော့ သူထင်ထားတာနှင့် တစ်ခြားဆီမို့ သူမအနည်းငယ် ကြောင်သွားရသည်။
“ရ ရပါတယ်...”
“ဘယ်ရမလဲ.... ခုကြည့်လေ မိုးတွေစိုခဲ့တယ်မလား”
“နည်းနည်းပါ”
“ဘယ်ကနည်းနည်းလဲ.... ဆံပင်တွေလဲစိုလို့.... လာကိုယ်သုတ်ပေးမယ်”
“ဟမ်.... ဟို ရ ရပါတယ်.... လွန်းကိုယ့်ဟာကို သုတ်လိုက်မယ်”
သူမမှာတော့ အတင်းငြင်းနေပေမယ့် ဇိမ်းကတော့ dryerအား သွားယူနေပြီ။
“ကျွတ်.... ဒီလူနဲ့တော့လေ”
ခဏကြာတော့ dryerနှင့် ရေသုတ်တဘတ်တစ်ထည်အားယူကာ ဆင်းလာတဲ့ဇိမ်း။
“လာ ဒီမှာလာထိုင်”
“ရတယ်လို့.... လွန်းဘာသာလွန်း သုတ်တက်တယ်လို့"
“ဘာလို့ ခေါင်းမာနေရတာလဲ.... ကိုယ်ကလေ ဘယ်မိန်းကလေးကိုမှ အခုလိုလုပ်ပေးဖူးတာ မဟုတ်ဘူး”
“ဘယ်မိန်းကလေးကိုမှဆိုတော့ ယောင်္ကျားလေးကိုတော့ အခုလို ဆံပင်သုတ်ပေးဖူးတယ်ပေါ့”
“အဟက်....."
သူမစကားကြောင့် ဇိမ်းတစ်ယောက် သွားစွယ်လေးပေါ်ဒီထိ ရီပစ်လိုက်သည်။
“ပေါက်ပေါက်ရှာရှာ လွန်းရယ် ဘယ်လိုများမေးလိုက်တာလဲ”
“ဟုတ်တာကို မေးတာလေ”
“ဟုတ်ပါပြီ.... လာပါ ကိုယ်ဆံခြောက်အောင် လေမှုတ်ပေးမယ်”
“ဟို.... လွန်းလေ အဲ့ဒါနဲ့တစ်ခါမှ ဆံပင်ခြောက်အောင်မလုပ်ဖူးလို့ တဘတ်နဲ့ဘဲ သုတ်ပေးလေ ရလား”
“ဘာလို့မရရမှာလဲ.... ရပါတယ်ဗျာ”
“ဟုတ်”
ဒီလိုနဲ့ ဇိမ်းတစ်ယောက် သူမဆံပင်လေးတွေအား ဂရုတစိုက်နှင့် သေချာသုတ်ပေးနေသည်။
ဒါဆို ဝမ်းသာပီတိဖြစ်စွာ ကြည့်နေသူက ဒေါ်နန်းမို့မို့အေးပင်။
ငယ်စဉ်ကတည်းက ဇိမ်းကို ထိန်းပေးခဲ့ရတာမို့ ဇိမ်းအကြောင်းကို ကြီးမို့က အားလုံးသိသည်။ မိဘနှစ်ပါးလုံးရှိပေမယ့် မိဘတွေရဲ့ အချစ်တွေကိုတော့ အချိန်ပြည့်မရခဲ့ပေ။
“အဟွန်း...."
###########
“ကလင် ကလင်....”
“ဟယ်လို”
“ထက်မြတ်လား”
“ဟုတ် အခုပြောနေတာက”
“နင့်အဒေါ် ဒေါ်ထားမေ”
“အော်.... ဒေါ်လေး ပြောလေ ဘာကိစ္စ”
“လွန်းရဲ့အမေ ထဖောက်လာလို့”
“ဟင်.... ကျွန်တော် အခုချက်ချင်းလာခဲ့မယ်”
“အေးအေး အမြန်လာခဲ့.... နင်လာမှဘဲ ဆေးရုံပို့ရတော့မှာ”
“ဟုတ် ဟုတ်”
ထက်မြတ် နာရီကိုကြည့်လိုက်တော့ ၁နာရီထိုးနေပြီမို့ ဇိမ်းကို ပြောပြီးထွက်လာဖို့ ပြင်လိုက်ပေမယ့် ဇိမ်းကလဲ ဒီနေ့ကမ္ပဏီမလာပေ။
“မပြောတော့ဘူကွာ”
ဒီလိုနဲ့ဘဲ ထက်မြတ်လဲ သူစီးနေကြ Honda Fitလေးနှင့် အမြန်ထွက်လာလိုက်သည်။
“ကျွတ်.... ဘာဖြစ်နေတာလဲကွာ”
လွန်း တစ်ခုခုကို စိတ်အလိုမကျဖြစ်နေတာကြောင့် အိမ်ရှေ့သို့ ခဏထွက်လာလိုက်သည်။
အိမ်ရှေ့ရောက်တော့လဲ မိုးတွေကမည်းမှောင်စွာဖြင့် အညိုးကြီးစွာကို ရွာနေသည်။
“အမေအဆင်ကော ပြေပါ့မလား”
“လွန်း.... ဆောင်းဝတီလွန်း”
အပေါ်ထပ်မှ အလောတကြီး ပြေးလာတဲ့ ဇိမ်းကြောင့် သူမလန့်သွားကာ သူ့နားသွားလိုက်သည်။
“လွန်းက ဒီမှာ”
“ကိုယ်ပြောတာကို စိတ်အေးအေးနဲ့နားထောင်နော်”
“အင်း”
“လွန်းရဲ့အမေ နေ့လယ်လောက်က ကိုယ်အပူတွေတက်ပြီး ခေါင်းတွေမူးလာလို့ ဆေးရုံတင်လိုက်ရတယ်”
“ဟင်....."
သူမမျက်လုံးများပြူးကျယ်သွားကာ ခြေဖျားလက်ဖျားများပင် အေးစက်ကုန်သည်။
“လာ အခုကိုယ်တို့ဆေးရုံသွားကအောင်.... ကိုယ်လိုက်ပို့မယ်”
ဇိမ်းသူမလက်လေးကို ကိုင်လိုက်ပြီး ကားရှိရာဆီသို့ ခေါ်လာလိုက်သည်။
ကားထဲရောက်တော့လဲ သူမမှာ ကြောက်ရုပ်အသွင်ဖြင့် မလှုပ်မရှက်ဖြင့် ဒီတိုင်းသာ ထိုင်နေသည်။ ကျဆင်းလာသည့် မျက်ရည်စများကိုလဲ သူမလက်ဖြင့် အသာသုတ်ယူလိုက်သည်။
ဇိမ်းကတော့ သူမလက်လေးကို ကိုင်ထားမြဲ။
ခဏကြာမောင်းနှင်လာပြီးနောက် ဆေးရုံသို့ ရောက်လာခဲ့ကြသည်။
လွန်း အသက်ကိုပြင်းပြင်းရှူကာ ကားပေါ်မှဆင်းလိုက်သည်။
ဇိမ်းကတော့ သူမလက်လေးအားကိုင်ကာ ဆေးရုံထဲသို့ခေါ်သွားလိုက်ပြီး သူမအမေရှိရာဆီသို့ သူနာပြုတွေအားမေးကာ လာခဲ့လိုက်သည်။
“အမေ....”
ခေါ်သံကြောင့် မိခင်ဖြစ်သူ ဒေါ်ဝတီထွန်းတစ်ယောက် မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်သည်။
“သ သမီး”
လွန်း အမေဖြစ်သူနား အသာလေးသွားလိုက်ပြီး မိခင်ဖြစ်သူရဲ့ လက်တွေအား ကိုင်ထားလိုက်သည်။
“အားတင်းထားနော် အမေ.... အမေ့ဘေးမှာ သမီးရှိတယ်”
“မဖြစ်ဘူး.... အမေသမီးကိုထား ခဲ့ရတော့မယ်ထင်တယ်”
တိုးလျစွာဖြင့်ပြောလာတဲ့ မိခင်ဖြစ်သူရဲ့ အသံမှာ စိုးရိမ်မှုတွေ ပါနေမှန်းသူမသိသည်။ ဒါကြောင့်လဲ မိခင်ဖြစ်သူရှေ့၌ မငိုမိအောင် မနည်းထိန်းထားရသည်။
“ဘာလို့ထားခဲ့ရမှာလဲ.... သမီးပြောပြီးပြီလေ အမေ့ကိုရအောင်ကုပေးမှာလို့.... ဆရာ အမေ့ကိုကုလို့ရသေးတယ်မလား”
လွန်း ဆရာဝန်အား မော့ကြည့်ကာ မေးလိုက်သည်။ ထိုဆရာဝန်မှာလဲ စိတ်မကောင်းစွာဖြင့် ခေါင်းလေးသာ ရမ်းပြလိုက်သည်။
“မ မရတော့ဘူ.... အမေတောင်းပန်ပါတယ်ကွယ် သမီးအပေါ်တာဝန်မကျေခဲ့ဘူး”
“ဘယ်ကသာ အမေရယ်.... အမေသမီးကို ဒီလောကကြီးထဲ ရှင်သန်ခွင့်ရအောင် ပို့ပေးခဲ့တာနဲ့တင် သမီးဘက်ကတောင် ကျေးဇူးတွေအများကြီးတင်ရအုံးမှာ....”
“အဟွန်း.... လာပါအုံး အမေ့နား”
သူမအမေခေါ်လိုက်တာကြောင့် သူမလဲ မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
“အမေ.... သမီးကို တစ်ယောက်ထဲထားခဲ့ရမှာ စိတ်မချဘူးကွယ်”
“စိတ်ချပါ အမေ.... သမီးအကြောင်းကို အမေအသိဆုံးပါ.... ဘဝ ဘယ်တော့မှ လွယ်လွယ်နဲ့အရှုံးမပေးဘူး အမေရဲ့ဆုံးမစကားတွေကို သမီးအမြဲမှတ်ထားပါတယ်”
“လိမ်မာလိုက်တာ သမီးရယ်”
“အမေ့သမီးဘဲလေ”
“အဟွန်း....”
“ချစ်တယ် အမေ”
“အတူတူပါဘဲကွယ်”
ခဏတာ ဖက်ထားပြီးတော့ တစ်ဖက်မှ အသက်ရှုသံလဲ မကြားတော့သလို ဘာမှလဲမပြောတော့တာကြောင့် သူမဖက်ထားရာမှ လွှတ်ကာ ကြည့်လိုက်သည်။
“စိတ်မကောင်းပါဘူး လူနာကဆုံးသွားပါပြီ”
“အမေ.... အမေ့.... အဟင့်....”
သူမ မိခင်ဖြစ်သူရဲ့ လက်လေးအားကိုင်ကာ လဲကျသွားတော့သည်။
စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ အမေရယ်....။
သူမမှာတော့ အသံမထွက်ဘဲ ထိုနေရာလေး၌ ကြိတ်ငိုနေလေသည်။
“ကလင် ကလင်....”
ထိုအချိန် အလိုက်မသိစွာ ဝင်လာတဲ့ဖုန်းကြောင့် ဒေါ်ထားတစ်ယောက် ဒေါ်ထားတစ်ယောက် စိတ်တိုတိုနှင့် ကိုင်လိုက်သည်။
“ဟယ်လို... ဘယ်သူလဲ”
“ငါပါ ဒေါ်ဝတီထွန်းတို့အိမ်ကို ရောင်းလိုက်ပြီလို့ အဲ့ဒါ... အခုချက်ချင်းပစ္စည်းတွေ လာရွှေ့လို့ ပြောလိုက်အုံး.... အိမ်ထဲမှာလဲ လူတစ်ယောက်မှ မရှိဘူး”
“ကျွတ်...."
ဒေါ်ထားတစ်ယောက် မျက်မှောင်ကြီးကြုတ်ကာ ကျွတ်တစ်ချက်သပ်လိုက်ပြီး ဖုန်းအား ချပစ်လိုက်ရသည်။
ဘယ်လိုပြောရမှပါလိမ့်။
“ဘယ်သူလဲ ဒေါ်လေး”
“ဘယ်သူရှိရမှာလဲ လွန်းတို့ရဲ့ အိမ်ပိုင်ရှင်လေ.... အိမ်ကို သူများကို ရောင်စလိုက်ပြီတဲ့ အဲ့ဒါ အခုချက်ချင်းလာရွှေ့တဲ့”
“ကျွတ်.... ဒီအချိန်ကြီးမှတဲ့လား”
“ဟုတ်တယ်.... ဘယ်လိုလုပ်ကြမလဲ”
“သမီးအခုသွားလိုက်ပါမယ်....”
“ဟင်...."
သူတို့ပြောသံကို ကြားလိုက်ရတဲ့ လွန်းတစ်ယောက် မျက်ရည်စများအား သုတ်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။
“ဖြစ်ပါ့မလား သမီး”
“ဖြစ်ပါတယ်.... အမေ့အတွက် လိုအပ်တာလေးတွေ ကူညီပေးပါအုံး”
“အင်းအင်း"
လွန်း မိခင်ဖြစ်သူအား တစ်ချက်ကြည့်လိုက်ပြီး နဖူးလေးအား တစ်ချက်နမ်းလိုက်သည်။
“ဒါဆို လွန်းသွားအုံးမယ်.... ပြီးမှပြန်လာခဲ့မယ်”
“အေးပါကွယ်”
“ကိုယ်လိုက်ပို့မယ် လွန်း"
“အင်း...."
ဒီလိုနဲ့ လွန်းလဲ ဇိမ်းရဲ့ကားပေါ်တက်လိုက်ပြီး သူမရဲ့အိမ်သို့ မောင်းလာခဲ့လိုက်သည်။
“ဟင်...."
ဟိုရောက်တော့ အိမ်ရှေ့၌ ပစ္စည်းများက ပွကျဲလန်နေသည်။
“အော်.... လာပြီပေါ့”
“ဒါက"
သူမမိုးရေထဲမှ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေအား ကြည့်ကာ မေးလိုက်သည်။
“မြင်တဲ့အတိုင်းဘဲ.... အိမ်ရှင်တွေက အခုချက်ချင်း အိမ်ကိုဖျက်ပေးဆိုလို့ ညည်းတို့ပစ္စည်းတွေကလဲ ထားစရာရှိတာမဟုတ်လို့ အခုလို ပစ်လိုက်ရတာ”
သူမမှာတော့ ပြန်ပြောဖို့ အားလဲမရှိတော့တာကြောင့် ဘာမှပြောမနေတော့ဘဲ ပစ္စည်းတွေအား တစ်ခုချင်းစီ ကောက်ကာလိုက်သိမ်းနေသည်။
ဒါကို အိမ်ထဲမှအလိုက်မသိတဲ့ ယောင်္ကျားကြီးနှစ်ယောက်မှာ ပစ္စည်းတွေအား ကန်လိုက်နှင့် ဆက်ပစ်နေသေးသည်။
“ဒီမှာ လူရောက်နေပြီလေ.... ပစ္စည်းတွေကို ပစ်စရာလိုသေးလို့လား”
ဇိမ်း မခံနိုင်တော့တာကြောင့် ထိုလူနှစ်ယောက်အား အော်ပြောလိုက်သည်။
“မင်းကဘာလဲ....”
ခါးထောက်ကာ မေးလာတဲ့ ထိုလူအား ဇိမ်း စူးစိုက်ကြည့်လိုက်သည်။
“ခွပ်...."
ဇိမ်း ထိုလူရဲ့ နှုတ်ခမ်းထောင့်နားသို့ အားပြင်းပြင်းဖြင့် တစ်ချက်ထိုးလိုက်သည်။
“မင်း...."
တစ်ယောက်အထိနာသွားတာကြောင့် လေးယောက်ပေါင်းပြီး ဇိမ်းအား ပြန်ခုခံဖို့ပြင်လိုက်စဉ် ဇိမ်းခါးကြားထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။
“ဟင်.... သေ သေနတ်”
“လာစမ်းပါ.... မကျေနပ်ဘူးမလား လာထိုးလေ”
ထိုလူလေးယောက်နှင့် အိမ်ပိုင်ရှင်မှာ မျက်စိများပြူကျယ်သွားရပြီး လန့်သွားရသည်။
လွန်းလဲ မော့ကြည့်လိုက်တော့ သေနတ်နှင့် ချိန်ထားတဲ့ ဇိမ်းကြောင့် သူမပါလန့်သွားရသည်။
“ထွက်သွားတော့..."
“သွားမယ် လာလာ”
အိမ်ပိုင်ရှင်မှ ဦးဆောင်ကာ ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်သည်။
“အဲ့ဒါအစစ်ကြီးလား”
“အစစ်နဲ့တော့တူတာဘဲ...."
“အစစ်တွေလုပ်မနေနဲ့ အမြန်လာ”
“ဟုတ် ဟုတ်”
ထိုလူတွေ ထွက်သွားမှ ဇိမ်းလဲ သူ့သေနတ်အား ခါးကြားထဲပြန်ထိုးထားလိုက်ပြီး လွန်းအနားသို့ လျှောက်လာလိုက်သည်။
“ဘာမှအားမငယ်နဲ့နော် ကိုယ်ရှိတယ်.... လွန်းမှာနေစရာမရှိရင် ကိုယ့်အိမ်မှာ လိုက်နေလို့ရတယ်”
ဇိမ်းရဲ့စကားကြောင့် လွန်းသူ့အား စိုက်ကြည့်လိုက်သည်။
“ဟို.... ကိုယ်ပြောတာက အလုပ်သမားနဲ့အလုပ်ရှင် ဆက်ဆံရေးလို အိမ်မှာ လာနေလို့ ပြောတာပါ.... ကြီးမို့လဲ အဖော်ရတာပေါ့.... လိုက်နေမယ်မလား”
“ဟင့်အင်း..... လွန်းအိမ်ငှားရှာလိုက်အုံးမယ်”
“မိန်းကလေးတစ်ယောက်ထဲ ဘယ်လိုလုပ်ဖြစ်မှာလဲ.... ကဲပါ အခုလောလောဆယ် ကိုယ့်အိမ်မှာဘဲ လိုက်နေ"
ဇိမ်းပြောရင်းဖြင့် ပစ္စည်းတွေအား ဝိုင်းကူသိမ်းကာ ကားနောက်ခန်းသို့ ထည့်လိုက်သည်။
ထို့နောက် သူမလေးကိုပါ ကားထဲသို့ ထိုင်ခိုင်းစေလိုက်သည်။
“ဘယ်ကိုအရင်သွားမလဲ ဆေးရုံလား အိမ်ကိုလား"
“ဆေးရုံ”
ဒီလိုနဲ့ ဆေးရုံသို့ လာခဲ့လိုက်ကြသည်။
“ရောက်ပြီလား သမီး”
“ဟုတ်”
“ဘယ်လိုလုပ်ကြမလဲ.... ဒီနေ့ဘဲ ဘုန်းကြီးပင့်ပြီး တစ်ခါတည်း မြေမြှုပ်မလား ဘယ်လိုလုပ်ချင်လဲ”
“မိုးလဲ သိပ်မရွာတော့ဘူဆိုတော့ အဲ့လိုဘဲလုပ်ကြတာပေါ့”
“အင်း.... ဘုန်းကြီးကတော့ သုံးပါးလောက်ပင့်လိုက်မယ်.... သမီးမှာ....”
“ရှိပါတယ်...."
ပိုက်ဆံရှိလားမေးဖို့ကို ထောက်နေတဲ့ ဒေါ်ထားကြောင့် သူမအရင်ပြောလိုက်သည်။
“အင်းပါ.... ဒါဆိုလဲ အဲ့လိုလုပ်ကြတာပေါ့.... ဒါနဲ့ အိမ်ကိစ္စက”
“ကျွန်တော့အိမ်ခေါ်ထားမှာပါ.... သူကကျွန်တော့အိမ်မှာ အလုပ်လုပ်တာဆိုတော့လေ”
“အော်.... ကောင်းပါတယ် တကူးတကသွားစရာမလိုတော့ဘူလေ”
သူမကတော့ အမေဖြစ်သူရဲ့ မျက်နှာလေးကိုသာ ငေးစိုက်ကြည့်နေမိသည်။
ဒီလိုနဲ့ တစ်နေ့တည်းမှာဘဲ မိခင်ဖြစ်သူရဲ့ အာသုဘကို လွန်းကိုယ်တိုင်လိုက်ပို့လိုက်ပြီး အစအဆုံးကို သေချာလုပ်ပေးလိုက်သည်။
ဒေါ်ဝတီထွန်း
အသက် ၄၅နှစ်
“ဟူးးးး”
သူမမျက်ရည်အဝိုင်းသားလေးနှင့် ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
ကောင်းရာဘုံမှာ ပျော်ရွှင်စွာနဲ့နေပါ အမေ.... သမီးကိုစိတ်ချပါ အလုပ်ကြိုးစားပြီး အမေ့အတွက် လတိုင်းကောင်းမှုကုသိုလ်လုပ်ပေးမှာပါ.... ချစ်တယ်အမေရယ် အမြဲတမ်းအပြင်ထွက် အလုပ်လုပ်နေရတော့ ဒီစကားကိုအမြဲမပြောဖြစ်ခဲ့ဘူး.... အမေသမီးကို ကောင်းရာဘုံကနေ စောင့်ကြည့်နေမယ်လို့ သမီးယုံပါတယ်။
လွန်း မခင်ဖြစ်သူရဲ့ အုတ်ကူလေးအား ကန်တော့လိုက်သည်။
“သွားရအောင်လေ လွန်း.... မိုးကခဏနေပြန်ရွာတော့မှာ”
“အွန်း.... ဒါဆို အန်တီထားနဲ့ ကိုထက်မြတ် လွန်းသွားပြီနော်"
“ကောင်းပါပြီကွယ်.... ဖြည်းဖြည်းနော် ဘာမှအားမငယ်နဲ့ တစ်ခုခုဆို အန်တီထားတို့ရှိတယ်နော်”
“ဟုတ်”
“တစ်ခုခုဆို ငါ့ကိုလာပြောနော် ကြားလားလွန်း”
“ဟုတ်”
“ဒါဆို လွန်းသွားပြီ”
“အင်းအင်း"
ဒီလိုနဲ့ လွန်းတစ်ယောက် ဇိမ်းနှင့်အတူ သူတို့အိမ်သို့ ထွက်လာခဲ့လိုက်သည်။
တီ တီ.....
“သခင်လေးပြန်လာပြီ”
ကြီးမို့တစ်ယောက် အိမ်ရှေ့၌ထွက်၍ ဇိမ်းအားကြိုနေသည်။
“သမီးလွန်းကို ပါလာတာကို”
“ကြီးမို့.... လွန်းနေဖို့ အခန်းတစ်ခန်းပြင်ပေးလိုက်ပါ.... နောက်ဆို သူလဲဒီမှာဘဲ နေတော့မှာ”
“ဟုတ်လား... ကောင်းတာပေါ့ကွယ်.... ဟိုကလေးမတွေနဲ့က စကားပြောလို့ အဆင်ပြေဘူး နောက်ဆို သမီးနဲ့စကားတွေအများကြီးပြောလို့ရပြီ.... လာ လာ သမီး ကြီးမို့ဘေးကပ်ရက်အခန်းကို သမီးအတွက်ပြင်ပေးမယ်”
“ကျွန်တော့အခန်းဘေးမှာ ပြင်ပေးလိုက်ပါ"
ဇိမ်းရဲ့အပြောကြောင့် လွန်းမျက်လုံးလေးအဝိုင်းသားနှင့် သူ့အားမော့ကြည့်လာသည်။
“ဟို.... ကြီးမို့ရဲ့အခန်းဘေးမှာဘဲ နေပါ့မယ် အဲ့အခန်းကိုဘဲ ပြင်ပေးပါနော်”
ကြီးမို့လဲ သူမရဲ့စကားကြောင့် ဇိမ်းအားဆစ်ချက်ကြည့်လိုက်သည်။
“သူ့သဘောတိုင်းဘဲ ပြင်ပေးလိုက်ပါ.... သူစိတ်ချမ်းသာရင်ပြီးတာဘဲ”
“ကျေးဇူးတင်ပါတယ် ဦးဇိမ်း”
“အဟွန်း...."
တစ်ခါတစ်လေမှ ခေါ်တက်တဲ့နာမ်စားကြောင့် ဇိမ်းတစ်ယောက် ကျေနပ်ကာ ပြုံးသွားရသည်။
“ရပါတယ်.... နောက်ဆို လိုအပ်တာရှိရင် ကိုယ့်ကိုပြော ဘာမှအားမနာနဲ့နော်”
“အင်း.... ဒါဆို လွန်းအခန်းထဲဝင်တော့မယ်နော်”
“ကောင်းပါပြီ”
ဇိမ်းတစ်ယောက် သူမအခန်းထဲဝင်သွားသည်အထိ လိုက်ကြည့်နေမိသည်။
မင်းကအရွယ်နဲ့မလိုက်အောင် ဘာလို့အဲ့လောက်ထိ ရင့်ကျတ်နေရတာလဲ....။
ဇိမ်း သူမရဲ့မိခင်ဆုံးပါးမှုအတွက် ဝမ်းလဲနည်းရသလို အခုဆိုသူမလေးက သူ့အိမ်ကိုရောက်လာတာကြောင့် အနီးကပ်စောင့်ရှောက်ပေးလို့ရပြီမို့ ဝမ်းလဲသာနေမိသည်။
Daddyကတစ်ကယ်တော့ ကလေးထိန်းချင်တာပါ။ လွန်းကိုမရင့်ကျတ်ခိုင်းစေချင်နေတာ။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰