book

Index 7

𝐏𝐚𝐫𝐭-7

.....❦︎လွန်းကဇိမ်းအပိုင်❦︎.....

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

        

“အမေ အိပ်ပြီနော်”


“ဟုတ်ပြီ... ”


လွန်းတစ်ယောက် မျက်လုံးလေးမှိတ်ကာ အိပ်ဖို့ပြင်လိုက်စဉ် အတွေးထဲ၌ ပေါ်လာသူက ဇိမ်းပင်။

သူမလည်ပင်း၌ ဇိမ်းဆွဲပေးထားတဲ့ ဆွဲကြိုးလေးအား တစ်ချက်ကိုင်လိုက်သည်။


“ဒါကို ဘာလို့ လွန်းကိုပေးတာလဲ”

“ကိုယ့်ရဲ့ချစ်ခြင်းတွေနဲ့ နေ့ရက်တိုင်းကိုပျော်ရွှင်ခိုင်းစေချင်လို့”


“အဟွန်း...."


လွန်းတစ်ယောက် နေ့လယ်တုန်းက ဇိမ်းပြောခဲ့သည့်စကားမးလေးများအား ပြန်ကြာယောင်ကာ ပြုံးလိုက်မိသည်။


ဟင်.... ဘာလဲ ငါပြုံးနေတာလား..... မဟုတ်သေးပါဘူး ရင်တွေတောင်ခုန်နေတယ်.... မလုပ်နဲ့လွန်း ဒီလူရဲ့အပြောတွေအောက်မှာ ‌နင်ကြွေသွားလို့ လုံးဝမဖြစ်ဘူး ဟူးးးးး။


သူမ လေပူတစ်ချက်အား မှုတ်ထုတ်လိုက်ပြီး မျက်လုံးကိုအတင်းမှိတ်ကာ အိပ်ပစ်လိုက်သည်။


#############


“အိမ်ရှင်တို့..... အိမ်ရှင်တို့”


အိမ်ရှေ့၌ ခေါ်သံကြောင့် ဇိမ်းတစ်ယောက်နိုးလာကာ နာရီအား တစ်ချက်လှည့်ကြည့်လိုက်သည်။


6:15 AM


ဇိမ်းထိုအသံအား ကောင်းကောင်းသိပါသည်။


“ဒီကလေးမ ဘာလို့အစောကြီးလာရတာလဲ”


ဇိမ်း အိပ်ရာပေါ်မှ ထလိုက်ပြီး ဝရံတာသို့ ထွက်လာလိုက်သည်။

ခြံစောင့် ဦးရန်မိုး တံခါးအားဖွင့်ပေးနေသည်။


ဇိမ်းကတော့ ရေတန်းချိုးလိုက်ပြီး အဝတ်အစားလဲကာ ဆင်းလာလိုက်သည်။


“Harryလေးရေ လာလာ”


ဇိမ်း အောက်ထပ်သို့ဆင်းဆင်းချင်း ခြံအနောက်မှ အသံအားကြားလိုက်ရသည်။


“အဟွန်း....”


ဇိမ်းတစ်ချက်ပြုံးလိုက်ပြီး သူမနားလေးသို့ လာခဲ့လိုက်သည်။


“ဘာလုပ်နေတာလဲ”


“ဟင်....”


သူမအသံကြောင့် လှည့်ကြည့်လိုက်တော့ သူ့အားလက်ပိုက်ကာ ရပ်ကြည့်နေတဲ့ ဇိမ်း။


“ဒီနေ့ဘာလို့ အစောကြီးလာတာလဲ”


“မနေ့က အလုပ်မှ ပြီးအောင်မလုပ်သွားရတာလေ.... ဒါကြောင့် ဒီနေ့အချိန်ပိုဆင်းပေးတာ”


“အဟွန်း.... ဟုတ်ပါပြီ ဒါနဲ့ အစောကြီး လာတာဆိုတော့ မနက်စာကောစားခဲ့ရဲ့လား”


“သူများကစားပြီးပါပြီ.... ရှင်သာ အခုမှ အိပ်ရာထတာ”


“မနေ့ညကပေါ့ အတွေးတွေထဲမှာ လာ‌နှောင့်ရှက်နေတဲ့ ဆောင်းဝတီလွန်းဆိုတဲ့ ကလေးမကြောင့်လေ ညှဉ့်နက်မှ အိပ်ရတာ”


ဇိမ်းရဲ့အပြောကြောင့် သူမစိတ်ထဲတစ်မျိုးလေး ဖြစ်သွားရသည်။


“ထားပါ.... ရှင့်မှာအခုလုပ်စရာမရှိဘူးလား”


“ရှိတယ်....”


“ဒါဆိုသွားလုပ်တော့လေ”


“ဒါပေမယ့် အဲ့အလုပ်တွေမလုပ်ခင် ကိုယ်မင်းကိုပြောစရာရှိတယ်”


“ပြော....”


“ကိုယ့်ကိုလေ ရှင်ရှင်ရှင်နဲ့ မခေါ်ပါနဲ့လား.... အဲ့လိုခေါ်ရင် ကိုယ်နဲ့မင်းနဲ့က သက်တူရွယ်တူတွေကြနေတာဘဲ”


“ဒါဆို.... ဦးလေးလို့ ခေါ်ရမှာလား ဒါမှမဟုတ် အဘလို့ခေါ်ရမှာလား အဘိုးလို့ခေါ်ရမှာလား”


“အဟွန်း.... ကိုယ်နောက်နေတာ မဟုတ်ဘူး”


“လွန်းကိုလဲ နောက်တယ်ထင်နေတာလား.... ရှင့်ကိုစိတ်က သိပ်ကြည်သေးတာမဟုတ်ဘူး ပြောစရာရှိတာအမြန်ပြော”


“ဒီလို.... ကိုယ်က မင်းထက် ၁၄နှစ်တောင်ကြီးတယ်ဆိုတော့”


“နေ နေ နေပါအုံး.... ခဏက ရှင်ဘာပြောလိုက်တယ် ရှင်ကလွန်းထက် ၁၄နှစ်တောင် ကြီးတယ်ဟုတ်လား”


“ဟုတ်တယ်လေ ကိုယ့်အသက် ၃၂နှစ်ရှိပြီ.... ဘာလဲ ကိုယ့်ကို ၂၅လောက်ဘဲရှိတယ်လို့ ထင်နေတာလား”


“ထင်စရာလား ရှင့်ကို အသက်၄၀လောက်ရှိတဲ့ အဘိုးကြီးလို့ ထင်နေတာ”


“အဟား.... မင်းကလေ ကိုယ့်ကိုဆို ကောင်းတာကို မပြောဘူး”


“ကဲပါ... ခဏကဟာ ဆက်ပြော”


“အင်း.... ဆိုတော့ မင်းကိုယ့်ကို ဦး.... လို့ခေါ်ပါလား”


“ဘာပြောတယ် ဦးဟုတ်လား”


“အင်းလေ”


“ဘာဦးလဲ မခေါ်ချင်ပါဘူး....”


သူမစကားလေးကြောင့် ဇိမ်းမျက်နှာလေး အနည်းငယ် ညိုးသွားသည်။ ဒါကိုသတိထားမိတဲ့ လွန်းက


“ဦးဇိမ်း”


“ဟင်....”


သူမခေါ်လိုက်တဲ့ နာမ်စားလေးကြောင့် ဇိမ်းရင်ထဲ လှိုက်ကနဲဖြစ်သွားရသည်။


“ဒီနာမည်ကို ဘယ်သူမှမခေါ်ဖူးဘူးထင်တယ်”


“အင်း.... ဟုတ်တယ်”


“ဒီလိုဘဲ ခေါ်လိုက်တော့မယ်.... ဒီနာမည်က မရှုပ်ဘူး”


ဇိမ်းတစ်ယောက် မျက်နှာလေးမှာ တဖန်ပြန်ညိုးသွားပြီး ခေါင်းလေးငုံ့သွားသည်။


“ဘာလဲ.... ရှင်က ဒီနာမည်ကို မကြိုက်သေးဘူးလား”


“အင်း.... အမှန်တိုင်းပြောရရင် ကိုယ်ဒီနာမည်ကိုသိပ်မကြိုက်ဘူး”


“ဒါဆို ဘာနာမည်ခေါ်စေချင်တာလဲ... ဦးတွေဘာတွေတော့ မလုပ်နဲ့နော် ခေါ်ရတာ ပါးစပ်ယားတယ်”


“ကိုယ်စဉ်းစားနေတာ”


“ဘာလဲ”


“လွန်းကို ခေါ်ခိုင်း‌စေချင်တဲ့နာမည်”


“ဘာနာမည်လဲ”


“Daddy”


ဇိမ်း သူမနားလေး၌ ကပ်ကာ ပြောလိုက်သည်။


”ဘာ!”


“အဟွန်း.... ဒါဆို Daddyသွားပြီနော်”


“ရှင်....”


လွန်းတစ်ယောက် မျက်မှောင်လေးကြုံ့ကာ ကျန်ရစ်ခဲ့တော့သည်။


“ဒီလူကြီး ရူးများရူးနေလား မသိဘူး.... အလကားလူကြီး”


လွန်းတစ်ယောက် ပွစိပွစိပြောရင်းဖြင့် အိမ်ထဲသို့ ဝင်သွားတဲ့ ဇိမ်းရဲ့ကျောပြင်အား ကြည့်နေသည်။


#############


ဒွီ....


“ဟယ်လို”


“ဟယ်လို..... နှင်းသက်ချိုလား သမီး”


“ဟုတ်ပါတယ်... ဒါနဲ့ ဘယ်သူပါလဲ”


“အန်တီလေ ‌ဇိမ်းရဲ့အမေ ငွေရည်မြတ်ပါ”


“ဟင်.... အန်တီငွေရည်မြတ် ဘယ်လို....”


“အန်တီ သမီးကို ပြောစရာရှိလို့ပါကွယ်”


“ဟုတ် ပြောပါ အန်တီ”


“ဒီလို.... သားကလဲ သမီးထွက်သွားကတည်းက မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်ကို တစ်ကယ်မချစ်ဘဲ တွဲနေတာ သမီးရယ်.... ဘယ်လိုမှ ပြောလို့မရဘူး”


“ဇိမ်းအရင်က အဲ့လိုမဟုတ်ပါဘူး”


“ဟုတ်တယ် သမီးရယ် အဲ့ဒါ.... သမီးပြန်လာပြီးပြောပေးပါအုံး”


“နောက်လလဆိုရင်တော့ သမီးပြန်လာတော့မှာ.... ဒါပေမယ့် အခုလောလောဆယ်တော့ ဇိမ်းကိုဖုန်းဆက်ကြည့်ချင်တယ် အန်တီ”


“ဒါမှ ဒုက္ခဘဲသမီးရယ်”


“ဘာလို့လဲ အန်တီရဲ့”


“သားက သူကိုင်တဲ့ ဖုန်းနံပါတ်ကို အန်တီတို့ကိုတောင် ပေးမထားဘူး... နောက်ပြီး သူ့မှာ ဖုန်းနံပါတ်တွေကလဲ အများကြီး”


”ဟုတ် ဟုတ်.... ဒါဆို သမီးအတက်နိုင်ဆုံး အမြန်ပြန်လာခဲ့ပါ့မယ်”


“အေးပါကွယ်.... အားလုံး နေကောင်းကြတယ်မလား”


“ကောင်းပါတယ်.... အန်တီတို့ကော”


“အန်တီတို့လဲ ကောင်းပါတယ်ကွယ်”


“ဟုတ်.... ဒါဆို သမီးဖုန်းချပြီနော် အန်တီ လုပ်စရာလေးတွေ ရှိသေးလို့ပါ”


“ဟုတ်ပါပြီ....”


“ဟုတ်”


တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ဒေါ်ငွေရည်မြတ်  သားဖြစ်သူအိမ်သို့ သွားရန်ပြင်လိုက်သည်။


“လွန်း.....”


‌အနောက်မှ ခေါ်သံကြောင့် သူမလဲ လှည့်ကြည့်လိုက်သည်။


“ဘာကိစ်စလဲ”


“ကိုယ်ဒီနေ့ ကမ္ပဏီသွားရမယ်.... အဲ့ဒါကြောင့် အိမ်ကို ကောင်းကောင်း စောင့်ရှောက်ပေးထားနော်”


“ရှင့်ရဲ့ အိမ်အကူတွေကကော”


“လေးယောက်က ထွက်သွားပြီလေ... အဲ့တော့ နောက်ထပ် အိမ်အကူက နှစ်ယောက်ဘဲ ကျန်တော့တာ.... သူတို့ကလဲ သူတို့အလုပ်တွေနဲ့ မအားဘူး”


“ဟုတ်ပါပြီ.... လောလောဆယ် အိမ်အကူအဖြစ် ခဏတာ လုပ်ပေးပါ့မယ်”


“ကိုယ်က အဲ့လိုပြောတာမဟုတ်ပါဘူး”


“သိပါတယ်.... ဒါဘဲမလား”


“အင်း...."


ဇိမ်း သူမမျက်နှာလေးအား စူးစိုက်ကြည့်နေတာကြောင့် သူမလဲ မနေတက်တော့ကာ သူ့အရှေ့မှ ထွက်သွားဖို့ ပြင်လိုက်စဉ် 


“အား...."


ခြံထဲက ပန်းပင်တွေကို ရေလောင်းထားတာ မကြာသေးတာမို့ တမံတလင်းတွေမှာ ရေနှင့်ချော်နေသည်။ ဒါကိုမသိတဲ့ လွန်းကတော့ ဇိမ်းအကြည့်တွေအား မခံနိုင်ကာ လှည့်ထွက်လိုက်စဉ် တမံတလင်းပေါ်၌ ချော်လဲသွားတော့သည်။


သို့ပေမယ့် ဇိမ်း သူမကိုယ်လေးအား အမိအရ ဖမ်းယူလိုက်သည်။ ထို့နောက် မလွှတ်ပေးသေးဘဲ သူမမျက်နှာလေးအား ကြည့်ကာ ဇိမ်းရဲ့ခေါင်းဟာဆိုရင် လွန်းမျက်နှာပေါ်သို့ တဖြည်းဖြည်း ငုံ့ကျလာသည်။


“ဟင်.... ဒါ....."


ဒေါ်ငွေရည်မြတ် ခြံထဲက မြင်ကွင်းကြောင့် ဒေါသများက အလိမ့်လိုက်ထွက်လာတော့သည်။


“တီ တီ.....”


ခြံရှေ့မှ ကားဟွန်းတီးသံကြောင့်သာ ဇိမ်း သူမကိုယ်လေးအား လွှတ်ပေးလိုက်ရသည်။ မဟုတ်လို့ကတော့ တစ်သက်လုံးသာ ဖက်ထားပစ်လိုက်ချင်မိသည်။


စိတ်လျော့ထား.... သူမကိုပိုင်ဆိုင်ရတဲ့ တစ်နေ့မှ မလွှတ်တမ်း အဝကိုဖက်ထားပစ်လိုက်မယ်။


‌ဇိမ်း စိတ်ထဲမှ ပြောလိုက်ပြီး ထိုကားအား တစ်ချက်လှည့်ကြည့်လိုက်သည်။


“ကျွတ်.... ဘာလာလုပ်ပြန်တာလဲ မသိဘူး”


ခြံထဲသို့ တစ်လိမ့်လိမ့်ဝင်လာတဲ့ ထိုကားနားသို့ ဇိမ်းသွားလိုက်သည်။


“သား...."


“ဘာကိစ္စ”


“နောက်လဆို နှင်းသက်ချိုပြန်လာတော့မှာ”


“အဲ့တော့..."


“သားအခုလို မိန်းကလေးတွေကို ကစားမနေပါနဲ့တော့.... မကြာခင်....”


“တော်တော့..... ကျွန်တော်ပြောပြီးပြီလေ.... ကျွန်တော်က ကလေးမဟုတ်တော့ဘူလို့ အသက်၃၂နှစ်ရှိနေပြီ ဒါကြောင့် အရင်လို နေရာတကာ အမေတို့ ဆန္ဒတွေအတိုင်း မလုပ်ပေးနိုင်တော့ဘူ”


“ဒါပေမယ့်....”


“တော်လိုက်တော့.... ကျွန်တော် ပြတ်ပြတ်ဘဲ ပြောမယ် ကျွန်တော့မှာ သိပ်ချစ်ရလွန်းလို့ လက်ထပ်ဖို့ထိ ရည်ရွယ်ထားတြဲသူရှိနေပြီ.... ဒါကြောင့် ကျွန်တော့ဘဝကို အရင်လို လာမချုပ်ချယ်ပါနဲ့တော့ အမေတို့ အတင်းယူခိုင်းနေတဲ့ နီင်းသက်ချိုကိုလဲ ကျွန်တော်မယူနိုင်ဘူး.... နောက်ဆို အိမ်ကိုခဏခဏမလာပါနဲ့ စိတ်ရှုပ်လွန်းလို့”


ဇိမ်းပြောပြီးသည်နှင့် ဘောင်းဘီအိတ်ထဲသို့ လက်ထည့်ကာ ကျော့ကျော့မော့မော့နှင့် အိမ်ထဲသို့ ဝင်သွားတော့သည်။


“တောက်....”


ဒေါ်ငွေရည်မြတ် လွန်းရှိရာဘက်သို့ အကြည့်စူးစူးဖြင့် တစ်ချက်ကြည့်လိုက်သည်။

လွန်းမှာတော့ သူ့ကိုမျက်တောင်မခက်တမ်းကြည့်နေတဲ့ ဒေါ်ငွေရည်မြတ်ကြောင့် လန့်သွားရသည်။


ဘာလဲ.... ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ။


ခဏကြာ စူးစိုက်ကြည့်ပြီးမှ ဒေါ်ငွေရည်မြတ် ထိုနေရာလေးမှ ထွက်လာလိုက်တော့သည်။

ဒေါ်ငွေရည်မြတ်ထွက်သွားတော့မှ ဇိမ်းလဲ အဝတ်အစားလဲကာ အောက်သို့ ဆင်းလာခဲ့လိုက်သည်။


“လွန်း....”


“ကျွတ်...."


ဇိမ်းရဲ့ ခေါ်သံကြောင့် လွန်းမှာ ခြံထဲမှ အပြေးလေးလာခဲ့လိုက်သည်။


“ဘာလဲ”


“ညနေဘယ်အချိန်ပြန်မှာလဲ”


“၅နာရီ”


ဇိမ်း သူကမ္ပဏီမှ ပြန်လာရင် သူမလေးကို တွေ့ချင်သေးသည်။ သို့ပေမယ့် အခုတော့ တွေ့နိုင်တော့မည်မဟုတ်ပါ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ၅နာရီ၌ meetingရှိနေသည်။


“ကျွတ်.... ဒါမှ ဒုက္ခဘဲ.... လွန်း ၆နာရီမှ ပြန်လို့မရဘူးလား”


“မရဘူး.... ၆နာရီက မိုးအရမ်းချုပ်သွားမှာ နောက်ပြီး အိမ်မှာ အမေက တစ်ယောက်ထဲ”


“အင်းပါ.... ဒါဆိုကိုယ်သွားပြီ”


“အင်း”


ဇိမ်း သူ့‌အရှေ့၌ ခေါင်းလေးငုံ့ပြနေတဲ့ သူမလေးအား တင်းကျပ်အောင် ဖက်ထားပစ်လိုက်သည်။


“ဟင်.... ဘာလုပ်တာလဲ လွှတ်”


“ခဏလေးပါဘဲ”


“ကျွတ်.... သူများမြင်ရင် မကောင်းဘူး လွှတ်ပေးပါ”


ဇိမ်း ခဏကြာ ဖက်ထားပြီးမှ သူမကိုယ်လေးအား လွှတ်ပေးလိုက်သည်။


“အဟွန်း.... ဒီနေ့အလုပ်လုပ်ဖို့ အားရှိသွားပြီ”


လွန်းက‌တော့ ဇိမ်းအား မျက်စောင်းလထိုးလိုက်သည်။


“နောက်ဆို အဲ့လိုမလုပ်ပါနဲ့ လွန်းမကြိုက်ဘူး”


သူမပြောပြီးသည်နှင့် ခြံထဲရှိ ခွေးလေးတွေနား ပြန်လာခဲ့လိုက်သည်။


မင်းအဲ့လိုမလုပ်နဲ့ဆို ကိုယ်ကပိုလုပ်ချင်နေတယ် လွန်းရေ။


ဇိမ်း သူမလေးအား တစ်ချက်ကြည့်ကာ ကားပေါ်သို့တက်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။


“ဟွန့်.... လူကိုများ ဖက်ချင်တိုင်းဖက်ရအောင် သူပိုင်တဲ့အရုပ် ထင်နေလား မသိဘူး.... ဘယ်လိုလူလဲကို မသိဘူး”


လွန်းမှာတော့ ပွစိပွစိနှင့် ကျန်ရစ်ခဲ့တော့သည်။


ဒီလိုနဲ့ လွန်းတစ်ယောက် ဇိမ်းအိမ်မှာ အလုပ်လုပ်တာ နှစ်ပတ်လောက်ရှိသွားခဲ့ပြီ။ ဇိမ်းအကြောင်းကိုလဲ သူမအနည်းငယ် သိလာသည်။ အိမ်ကြီး၌လည်း အိမ်အကူအသစ်တွေ ထပ်ရောက်သည်။ ဒီတစ်ခ့တော့ ထိုအိမ်အကူတွေနှင့် သူမအလွန်တည့်သည်။ ထိုအိမ်အကူတွေထဲမှ ရွာကအခုမှပြန်ရောက်တဲ့ အိမ်တော်ထိန်း ကြီးမို့ဆိုသည့် ဒေါ်နန်းမို့မို့အေးနှင့် ပို၍ပင် တည့်သည်။ ဦးဇိမ်းရဲ့ တဇွတ်ထိုးဆန်မှုတွေကိုလဲ သူမကသာ ခွင့်လွှတ်ပေးဖို့ အမြဲပြောသည်။ ကြီးမို့နှင့် တွေ့ခွင့်ရတာ သူမ ‌အမေနောက်တစ်ယောက် ကောက်ရလိုက်ရသလိုပင်။


“ဂျိမ်း.... ဂလုန်း....”


“ကျွတ်.... မိုးတွေကလဲ ဘယ်အညိုးနဲ့များ ဒီလောက်ထိ ရွာနေတာပါလိမ့်”


လွန်းတစ်ယောက် အမေဖြစ်သူနားမှ ထိုင်ကာ ပြောနေလေသည်။


“ဒီနေ့ သမီးအလုပ်မသွားဘဲ နေလိုက်ရမလား မသိဘူး”


“သွားလိုက်ပါ သမီးရယ်”


“အမေနေမကောင်းဘူးလေ”


“အဲ့ဒါ မနေ့ကပါ  ဒီနေ့ကောင်းသွားပါပြီ”


“ဟုတ်လို့လား အမေရယ်... အမေ့ကိုကြည့်ရတာ မျက်နှာတွေလဲ ဖြူဖက်ဖက်နဲ့ အားမရှိတဲ့ပုံဘဲ”


“ရပါတယ်ဆိုကွယ်.... သွားပါ သမီးအလုပ်က အရေးကြီးတယ်လေ သွားလိုက်နော်”


“မဖြစ်ဘူးနော် အမေ”


“သွားလိုက်ပါ.... အလုပ်ဆိုတာ လေးစားရတယ် သမီးရဲ့..... သွားလိုက်နော် လိမ်မာပါတယ်”


သူမ မသွားချင်ပေမယ့် အမေဖြစ်သူမှာ အတင်းဇွတ်သွားခိုင်းနေတာကြောင့် သူမလဲ သွားဖို့သာ ပြင်လိုက်ရသည်။


“ဒါဆို စိတ်ချမယ်နော်”


“အွန်းပါ သမီးကလဲ”


ဒီလိုနဲ့ သူမ အမေဖြစ်သူရဲ့ နဖူးလေးအား တစ်ချက်နမ်းလိုက်ပြီး ထီးလေးစောင်းကာ ထွက်လာလိုက်သည်။


“ကျွတ်.... ဒီနေ့မှ ဘယ်လိုကြီးဖြစ်နေမှန်းကို မသိဘူး”


သူမ ရင်ထဲလေးလေးကြီးနှင့် နေရခက်နေသည်။ ဒီလိုနဲ့ဘဲ သူမလဲ ဇိမ်းရဲ့အိမ်သို့ ထွက်လာခဲ့လိုက်သည်။


“ဘာကိစ်စလဲ ရာဇ”


အိမ်ကို ရုတ်တရက်ရောက်ချလာတဲ့ ရာဇကြောင့် ဇိမ်းတစ်ယောက် အံဩနေရသည်။


“ငါမင်းကို ပြောစရာရှိတယ်”


“ပြော...."


“မင်း လွန်းကို ကစားဖို့သပ်သပ်လား ဒါမှမဟုတ် တစ်ကယ်ချစ်တာလား”


“အဲ့ဒါ မင်းနဲ့ဆိုင်လား”


“ဆိုင်တယ်... ဘာလို့လဲဆိုတော့ ငါလဲလွန်းကိုချစ်နေပြီ”


“ဘာ!”


“ဟုတ်တယ် ဒါကြောင့် မင်းသူ့ကို ကစားဖို့ သပ်သပ်ဆို သူမကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့”


“ဒါဆိုငါလဲ ပြောရတော့မှာပေါ့..... လွန်းကို မင်းလက်လျော့လိုက်တော့”


“ဘာလို့လဲ”


“လွန်းကငါ့အပိုင်ဘဲ”


“မင်းအဲ့လိုလုပ်လို့မရဘူး.... မင်းသူ့ကိုမချစ်ဘဲ အခုလိုတွေလုပ်နေတာ သူ့ဘက်ကမတရားဘူး နောက်ပြီး သူကငယ်သေးတယ်”


“ငယ်တော့ကော ဘာဖြစ်လဲ.... ငါချစ်ရင် ငယ်တာတွေကြီးတာတွေ ဂရုမစိုက်ဘူး.... ငါသူမကို ရအောင်ယူမှာမို့ မင်းဘက်ကကြိုပြီး လက်လျော့လိုက်ပါတော့”


“ဒါဆိုငါတစ်ခုမေးမယ်....  မင်းသူ့ကိုချစ်လား”


“ချစ်လို့ဘဲ သူ့ကိုရအောင်ယူမယ်လို့ ပြောတာပေါ့”


“မင်းတစ်ကယ်ချစ်တာဟုတ်ပါတယ်နော်”


“ငါကလိမ်တဲ့ရုပ်ပေါက်နေလို့လား”


“မဟုတ်ပါဘူး... မင်းတစ်ကယ်သူ့ကိုချစ်တာဆိုရင် ငါလက်လျော့မှာပါ... မင်းနဲ့လဲ ငါသူ့ကို ပြိုင်မလုချင်ဘူး”


“အင်း.... ကျေးဇူးဘဲ”


“မလိုပါဘူး.... ငါနောက်တစ်ပါတ် US ကိုသွားတော့မှာ... ဒါကြောင့် မသွားခင်လေး သူမကိုချစ်တဲ့အကြောင်းတွေ ပြောသွားချင်လို့.... ဒါပေမယ့် အခုမင်းလဲ သူ့ကိုတစ်ကယ်ချစ်တာဆိုတော့ ငါလက်လျော့လိုက်ပါပြီ.... မင်းသူမကို သေချာဂရုစိုက်နော်”


“စိတ်ချပါ.... မင်းဘယ်နေ့သွားမှာလဲ ငါလေဆိပ်ထိလိုက်ပို့ပေးမယ်”


“နောက်အပါတ် ဗုဒ္ဓဟူးနေ့လောက်”


“အင်း....”


“ဒါဆို ငါပြန်ပြီ”


“အင်း... ဖြည်းဖြည်း”


ဟူးးးးး


ရာဇကတော့ သက်ပြင်းရှည်တစ်ချက်ချကာ ထွက်လာခဲ့လိုက်သည်။ သူငယ်ချင်းအရင်းကြီးနဲ့ ပြိုင်လုရမယ့် ကိစ္စကိုတော့ ရာဇတစ်ယောက်မလိုချင်ပါ။ ချစ်သူဆိုတာ အသစ်ရှာလို့ရတယ် မိတ်ဆွေကောင်းဆိုတာ အသစ်ရှာလို့ မရဘူးလေ။ ဒါကြောင့်လဲ သူလက်လျော့လိုက်ပြီး ထွက်လာခဲ့လိုက်ရသည်။


စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏

                                

                                      𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰


rate now: