.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
ကလင် ကလင်....
“ဟယ်လို....”
“ဟယ်လို သားလား”
“အင်း.... ဘာပြောစရာရှိလို့လဲ”
“မနက်ဖြန်အမေတို့ သားအိမ်ကိုလာခဲ့မလို့....”
“အင်း.... ဒါဘဲမလား”
“နေအုံး အမေပြောစရာရှိသေးတယ်”
“ပြော”
“ဒေါ်ညိုတို့ကို ဘာလို့အလုပ်ထုတ်လိုက်တာလဲ”
“အော်.... တစ်နေ့တောင်မကုန်သေးဘူး သူတို့က အမေ့ကို ပြောပြီးကြပြီပေါ့”
“သူတို့ကိုအပြစ်ပြောဖို့ မစဉ်းစားနဲ့..... မင်းလုပ်ပုံလဲ ကြည့်အုံးလေ..... သားကိုအမေတစ်ခုပြောထားမယ်.... သားအရင်က ဘယ်မိန်းကလေးနဲ့ ဘယ်လိုရှုပ်ရှုပ် အမေစိတ်မဝင်စားဘူး ဒါပေမယ့် နောကမဆုံးမှာတော့ နှင်းသက်ချိုကိုဘဲ လက်ထပ်ရမှာနော်”
“ဒါကျွန်တော့ရဲ့ကိစ္စပါ.... အမေတို့ဝင်စွတ်ဖက်စရာမလိုဘူး”
ဇိမ်းပြောပြီးသည်နှင့် ဖုန်းအားတန်းချလိုက်သည်။ ဇိမ်းဆိုတာ ငယ်ငယ်ကတည်းက ရွှေဇွန်းကိုက်မွေးလာရသလို မိဘတွေရဲ့ ပုံစံခွက်ထဲကိုလဲ တည့်တည့်မက်ဝင်ခဲ့ရသေးသည်။ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ သူ့ကို စီးပွားရေးလိုင်းပြောင်းပေးကာ နိုင်ငံခြားကို အတင်းလွှတ်ခဲ့သည်။ ဒါတွေကြောင့် ဇိမ်းဟာ သူ့မိဘတွေကိုအရွှဲ့တိုက်ချင်တာနှင့် မိန်းမလဲရှုပ် မကောင်းတာတွေလဲလုပ်ပြီး မိဘတွေနှင့် အိမ်ခွဲနေလိုက်သည်။
“တောက်.....”
ဇိမ်း တောက်တစ်ချက်ခေါက်လိုက်ပြီး သူ့အခန်းထဲသို့ ဝင်လာလိုက်သည်။
“နှင်းသက်ချို”
ဇိမ်း ထိုနာမည်လေးအား နှုတ်ခမ်းဖျားမှ တီးတိုးရွှတ်လိုက်သည်။
နှင်းသက်ချိုဆိုတာ သူနဲ့ဟိုးငယ်စဉ်ကတည်းက ပေါင်းသင်းလာခဲ့ကြပြီး နှစ်ဖက်မိသားစုမှာလဲ အိမ်နီးချင်းဖြစ်ကာ နှစ်အိမ့်တစ်အိမ်လိုနေခဲ့ကြသည်။ ဇိမ်း သူမနာမည်ကို ကြားမှ သူ၁၆နှစ်လောက်ကပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်လာသည်။
“ငါအသက်ပြည့်ရင် နင့်ကိုယူမှာနော် နှင်း”
“ယူလေ.... ငါကအသက်ပြည့်ရင် နိုင်ငံခြားသွားမှာ”
သူမပါးစပ်က နိုင်ငံခြားသွားမည်ဟုဆိုတိုင်း ဇိမ်းတစ်ယောက် ရင်ထဲကို ဗြောင်းဆန်သွားရသည်။ သို့ပေမယ့် အခုတော့ မဟုတ်တော့ပါ။ ငယ်ချစ်ဦးဖြစ်တဲ့ သူမကို ဇိမ်းမချစ်တော့ပေမယ့် ဦးနှောက်ထဲတွင်တော့ သူမနာမည်က အလိုအလျောက်မှတ်မိနေစေသည်။
“ကျွတ်.... မေ့လိုက်တော့”
ဇိမ်း ကျွတ်တစ်ချက်သပ်ကာ ခေါင်းခါလိုက်ပြီး အိပ်ရာပေါ်၌ ခဏလဲနေလိုက်သည်။
“အမေ့ ဒါဆို သမီးသွားအုံးမယ်နော်”
“အေးကွယ်.... ဖြည်းဖြည်းသွားနော် မြို့ထဲဆိုတော့ လမ်းတွေက ရှုပ်မှာ”
“ဟုတ်.....
“ခြေထောက်ကမကောင်းသေးတာကိုနော် သမီးကတော့”
“ရပါတယ် အမေရဲ့..... ဘာမှမဖြစ်ပါဘူး”
“ဘာမှမဖြစ်ဘူးသာ ပြောနေတာ ခြေထောက်က ထော့နဲ့ထော့နဲ့နဲ့”
“ရပါတယ်ဆို အမေကလဲ”
“အင်းပါ.... သမီးအဆင်ပြေရင်ပြီးတာပါဘဲ”
“ဟုတ်..... ဒါဆိုသွားပြီ”
“အင်းအင်း”
လွန်းတစ်ယောက် ထုံးစမ်အတိုင်း အပေါ်ထပ်လက်ရှည်လေးဝတ်ကာ အုပ်ထုပ်လေးစောင်းလိုက်ပြီး မြို့ထဲရှိ ဆန်နှင့် တစ်ခြားလိုအပ်တာတွေ ဝယ်ဖို့ထွက်လာလိုက်သည်။ ဒီနေ့အတွက် စားစရာဆန်တစ်စေ့မှမရှိတော့တာကြောင့် သွားဝယ်ဖို့သာ ပြင်ရသည်။ ခြေထောက်က သိပ်မကောင်းချင်။
“ဆိုက်ကားငှားရမယ်ထင်တယ်”
တီ တီ.....
ပြောနေတုန်းရှိသေး အနောက်မှ ဆိုင်ကယ်ဟွန်းတီးသံကြောင့် သူမလှည့်ကြည့်လိုက်သည်။
“ဟင်.... ကိုထက်ပိုင်”
“ဘယ်သွားမလို့လဲ”
“မြို့ထဲမှာ ဆန်သွားဝယ်မလို့”
“ဒီမှာဝယ်လဲရတာဘဲကို”
“ရပ်ကွက်ဆိုင်တွေက ဈေးကြီးတယ်”
“ဟုတ်ပါပြီ.... ဒါနဲ့ ခြေထောက်က”
“ချော်လဲထားတာ”
“အော်.... ဒါနဲ့ အဲ့ခြေထောက်ကြီးနဲ့ မြို့ထဲသွားမှာပေါ့”
“အင်းလေ”
“ကျွတ်.... မဖြစ်သေးပါဘူး လာ ငါလိုက်ပို့မယ်”
“ရပါတယ်.... ကိုထက်မြတ်ကအားတာမှမဟုတ်ဘဲ”
“အမယ်လေး.... အားပါတယ်.... လာပါ အမြန်တက်”
သူမလဲ ထက်မြတ်ရဲ့အနောက်မှ တက်ထိုင်လိုက်သည်။
“ဒါဆို စထွက်ပြီ”
“အင်း....”
ဒီလိုနဲ့ သူတို့နှစ်ယောက် ဆန်ဝယ်ဖို့ ထွက်လာခဲ့လိုက်ကြသည်။
ကလင် ကလင်....
“ကျွတ်....”
ဇိမ်း အိပ်ရာဘေးနာရှိ ဖုန်းလေးအား မကိုင်ချင် ကိုင်ချင်ဖြင့် ကိုင်လိုက်သည်။
“ဟယ်လို....”
“ဇိမ်း ငါပါရာဇ”
“ပြော ဘာကိစ္စ”
“မနက်ဖြန် ငါ့အမေမွေးနေ့မို့ လက်ဆောင်ပစ္စည်းသွားဝယ်မလို့ အဲ့ဒါ လိုက်ခဲ့ပေး”
“ငါက လိုက်ခဲ့ပြီး ဘာလုပ်ရမှာလဲ”
“ဘာမှမလုပ်ရဘူး.... ငါတစ်ယောက်ထဲဆို ပျင်းလို့”
ဇိမ်း ခဏစဉ်းစားလိုက်သည်။ အခုသူလဲ ဘာလုပ်ရမှန်းမသိနှင့် ပျင်းနေတာကြောင့် လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
“အင်း.... လိုက်မယ်လေ.... ဘယ်ကိုလာခဲ့ရမှာလဲ”
“ငါ့အိမ်ဘဲလာခဲ့လိုက်”
“အိုကေ”
ဇိမ်း ဖုန်းချပြီးသည်နှင့် ကားဂိုထောင်ထဲမှ ကားတစ်စီးအား ထုတ်လိုက်ပြီး ထွက်လာခဲ့သည်။
########
“ရောက်ပြီ”
“ငါဆိုင်ကယ်အပ်လိုက်အုံးမယ်”
“အင်း.... ဒါဆို လွန်းဟိုနားကသစ်ပင်အောက်မှာ စောင့်နေလိုက်မယ်”
“အင်းအင်း”
“ညီလေးရေ ဒီမှာဆိုင်ကယ်”
“ဟုတ်ဟုတ် လာပြီ”
ထက်မြတ်လဲ ဆိုင်ကယ်အပ်ထားလိုက်ပြီး လွန်းရှိရာဆီသို့ လာခဲ့လိုက်သည်။
“သွားမယ် လွန်း”
“အင်း....”
ဒီလိုနဲ့ နှစ်ယောက်သား ဈေးထဲသို့ ဝင်လာခဲ့ကြသည်။
“ဆန်ကဘယ်မှာဝယ်မှာလဲ”
“ဝိုး.... လှလိုက်တာ”
လွန်း ထက်မြတ်အပြောအားမကြားဘဲ အင်္ကျီဆိုင်ရှိ ဂါဝန်လေးတွေအား ငေးကြည့်နေမိသည်။
သူမဂါဝန်တွေ မဝတ်ရတာ တော်တော်ကြာခဲ့ပြီလေ။
“လွန်း.... ဆောင်းဝတီလွန်း”
“ဟမ်....”
“ငေးမနေနဲ့ ဝယ်စရာရှိတာအမြန်ဝယ်”
“အင်းပါ”
ဒီလိုနဲ့ သူမလဲ ဆန် ဆီ ဆား ထားခံမည့် အစားအသောက်အချို့အား ဝယ်လိုက်သည်။
“အန်တီ ဒီခရုဆီက တစ်ပုလင်းဘယ်လောက်လဲ”
“၃၈၀၀ပါ သမီး”
“ဟင်.... ၃၅၀၀မဟုတ်ဘူးလား”
“ဘယ်ကသာ ၃၅၀၀တုန်း အစ်မတို့ဝယ်တဲ့ဈေးတောင် ၃၅၀၀ရှိတယ် အရင်းတိုင်းတော့မပေးနိုင်ပါဘူး”
ဆိုင်ရှင်အစ်မကြီးစကားကြောင့် သူမမျက်ခုံးများက အလိုလိုတွန့်သွားသည်။
“လွန်း....”
“ဘာလဲ”
“နင်ကအဲ့ခရုဆီကိုဘာလုပ်မှာလဲ”
“သူများတွေပြောတာ အဲ့ဒါလေးကို ဟင်းထဲမှာထည့်ချက်ရင်ကောင်းတယ်ဆိုလို့လေ”
“ဒါနဲ့ နင်ကဝယ်မှာမို့လို့လား”
“ဈေးများရင်တော့ မဝယ်ပါဘူး”
“အခုကော ၃၈၀၀တဲ့ ဝယ်မှာလား”
“အမ်.... ဟို အစ်မ ၃၆၀၀ထားပေးလေ”
“အမယ်လေးဟယ် ခရုဆီတစ်ဘူးကို ၃၆၀၀နဲ့ ဈေးလာစစ်နေရတယ်လို့.... ညည်းကို ၃၆၀၀နဲ့ရောင်းလိုက်တော့ ၁၀၀အမြတ်နဲ့ ငါတို့ကဘာသွားစားမှာလဲ”
“ကျွန်မကလဲ စစ်လို့ရမလား မေးကြည့်တာပါ မရရင်မယူဘူး”
“ကြွ ကြွ.... ညည်းမယူလဲ တစ်ခြားလူတွေယူမှာ”
ထိုအန်တီကြီးအပြောကြောင့် လွန်းတစ်ယောက် နှုတ်ခမ်းလေးစူကာ မျက်မှောင်ကြုတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
“ဟွန့်.... မရရင်မယူဘူးပေါ့”
“ဟူးးးး”
ထင်မြတ်ကတော့ ဘေးနားလေးမှ သက်ပြင်းသာချနေရသည်။
“ဘာဝယ်အုံးမှာလဲ လွန်း”
“ဟိုနားလေးက ဂါဝန်လေးတွေ မေးကြည့်ရင် ကောင်းမလားလို့”
“တော်ပါတော့ လွန်းရယ် နင်ဝယ်နိုင်တာလဲ မဟုတ်ဘဲ ရှောက်မေးကြည့်ရင် ဆိုင်ရှင်တွေဘဲ ဒေါသထွက်ရတယ်.... အလကား မယူဘဲ သွားမေးမနေနဲ့”
“အွန်းပါ... သိပါတယ်”
လွန်းတစ်ယောက် စိတ်တိုတိုနှင့် ဈေးထဲမှ အရင်ထွက်လာခဲ့လိုက်သည်။
“ဟိတ်... စောင့်အုံးလေ လွန်း.... အဟင်း ငါ့ကိုကြတော့ ပစ္စည်းတွေသယ်ခိုင်းပြီး သူကြတော့ အရင်ထွက်သွားတယ်”
ထက်မြတ်လဲ ပွစိပွစိနှင့် အနောက်မှ လိုက်လာခဲ့လိုက်သည်။
“ငါတို့ တစ်ခုခုစားမလား ဇိမ်း”
“သဘောဘဲ”
“မင်းကလဲ ပျော်ပျော်ရွှင်ရွှင်နေစမ်းပါဟ”
“ငါအခုကော မပျော်နေလို့လား”
“ထားပါ.... သွားမယ် ဟိုနားက ကော်ဖီဆိုင် အခုမှဖွင့်ထားတာ.... reviewကောင်းကောင်းလဲရထားတဲ့ဆိုင် အဲ့ဆိုင်သွားမယ်”
“အင်း....”
ဇိမ်းနဲ့ရာဇလဲ လက်ဆောင်ပစ္စည်းဝယ်ပြီးပြီမို့ ထိုကော်ဖီဆိုင်လေးသို့ လာခဲ့လိုက်ကြသည်။
ဇိမ်း ကော်ဖီဆိုင်ထဲဝင်ဝင်ချင်း သူအကြည့်များက ဆ်ုတံခါးဝနားက တန်းစီချိတ်ထားတဲ့ ဆွဲကြိုလေးတွေဆီပင်။
“fancy ဆွဲကြိုးလေးတွေဘဲ”
“အစ်ကိုတို့ လိုချင်လို့လားဗျ.... ကိုင်ကြည့်လို့ရတယ်လေ”
“ဟုတ် ဟုတ်..... တစ်ကုံးဘယ်လောက်လဲ”
ရာဇ ဆွဲကြိုးလေးအားကိုင်ကာ မေးလိုက်သည်။
“တစ်ကုံး တစ်သောင်းခွဲ နှစ်သောင်း သုံးသောင်း အစားစားရှိပါတယ်”
“အော်....”
ဇိမ်း ထိုဆွဲကြိုးလေးတွေထဲမှ Mapleရွက်ဝါလေးကို ဖန်နဲ့ပြုလုပ်ထားပြီး အပေါ်မှကော်ရည်ပြန်အုပ်ထားတဲ့ ဆွဲသီးလေးအား သူခဏတာငေးကြည့်နေမိသည်။
ထို့နောက် သူဆွဲသီးလေးအားကိုင်ကာ
“ဒါယူမယ်”
“ဟုတ်..... ဒါလေးကိုတော့ ၂၅၀၀၀ဘဲပေးပါ”
“အင်း”
ထိုလူမှာလဲ ဆွဲသီးလေးနှင့်ကြိုးလေးကို တပ်ပေးလိုက်ပြီး ဘူးအနက်လေးထဲသို့ သေသပ်စွာထည့်ပေးလိုက်သည်။
“ရပါပြီ အစ်ကို”
“အင်း....”
ဇိမ်း ဆွဲကြိုးဘူးလေးအား လှမ်းယူလိုက်ပြီး ပိုက်ဆံရှင်းလိုက်သည်။
“ဘယ်သူ့ကိုပေးမလို့လဲ ဇိမ်း”
“လူတစ်ယောက်ကို”
“ဟင်... ဘယ်သူလဲ ဟိတ်ကောင် ငါ့ကိုတော့ မလျှိုထားရဘူးနော်”
“နောက်တော့သိမှာပေါ့”
“ဟာ.... အဲ့လိုမလုပ်နဲ့လေ သူငယ်ချင်းအချင်းချင်းကို”
“နောက်တော့သိရမှာပေါ့ကွာ.... လာပါ ငါဗိုက်ဆာနေပြီ”
“မင်းအကျင့်နော်....”
ဒီလိုနဲ့နှစ်ယောက်သား ကော်ဖီဆိုင်အပေါ်ထပ်သို့ တက်လာခဲ့လိုက်ကြသည်။
“လွန်း... နင့်ကို ငါမုန့်လိုက်ကျွေးမယ် စားမလား”
“ဘာမုန့်လဲ”
“ကော်ဖီဆိုင်လေ အခုမှဖွင့်ထားတာ.... ကောင်းတယ်လို့တော့ ပြောကြတာဘဲ သွားမလား”
“ဈေးကြီးလား”
“ငါဝယ်တိုက်မှာပါ.... လာ”
ထက်မြတ် သူမလက်အားဆွဲကာ ကော်ဖီဆိုင်လေးထဲသို့ ဝင်လာခဲ့လိုက်သည်။
“အပေါ်တက်ရအောင်နော်”
“ဘာကိုအပေါ်တက်မှာလဲ အောက်မှာစားလဲရတာဘဲလေ”
“ဟာ.... ကိုထက်မြတ်ကလဲ တစ်ခါလေးဘဲ ဒီလိုဆိုင်ထဲဝင်ဖူးတာ အပေါ်တက်ရအောင်ပါ”
“အေးအေး... သွား”
“အဟီး.....”
ဒီလိုနဲ့ ထက်မြတ်နဲ့ လွန်းလဲအပေါ်တသို့ တက်လာခဲ့လိုက်ကြသည်။
“ဝိုး.... ဆိုင်ကြီးကတော်တော်မိုက်တယ်နော်”
“အင်း....”
လွန်းတစ်ယောက် ဆိုင်တစ်ဆိုင်လုံးအားပတ်ကာ ကြည့်နေလေသည်။
“ရှောက်ကြည့်မနေနဲ့တော့ လာထိုင်မယ်”
“အင်းပါ”
ထက်မြတ် လွန်းလက်လေးအားဆွဲကာ စားပွဲဝိုင်းတစ်ခု၌ ထိုင်ခိုင်းစေလိုက်သည်။
“ဟင်...."
ထိုမြင်ကွင်းကိုမြင်သွားတဲ့ ဇိမ်းကတော့ သဝန်တိုစိတ်တွေပြင်းပျကာ ဒေါသများက အလိုလိုထွက်လာသည်။
“တောက်....”
ရုတ်တရက်ဆိုသလို တောက်ခေါက်လာတဲ့ ဇိမ်းကြောင့် သူငယ်ချင်းဖြစ်သူ ရာဇ ကြောင်သွားရသည်။
ဇိမ်း မျက်မှောင်ကြီးကြုတ်ကာ တစ်နေရာသို့စူးစိုက်ကြည့်နေတာကြောင့် ရာဇလဲ သူကြည့်သည့်နေရာသို့ လှည့်ကြည့်လိုက်သည်။
“ကိုထက်မြတ်”
“ဘာလဲ”
“လွန်းကိုလဲ ကိုထက်မြတ်ရဲ့ ကိတ်မုန့်လေးနည်းနည်းကျွေးပါလား”
“နင့်မှာလဲ ရှိတယ်လေ”
“ဟာ.... လွန်းရဲ့ကိတ်က စတော်ဘယ်ရီလေ ကိုထက်မြတ်ရဲ့ကိတ်က ချောကလတ်လေ ဘယ်တူပါ့မလဲ”
“ကဲပါ ရော့ရော့”
ထက်မြတ် အဆင်သင့်ဟလာတဲ့သူမပါးစပ်ထဲသို့ ချောကလတ်ကိတ်တစ်ဇွန်းအား ခွံ့ကျွေးလိုက်သည်။
“အဟီး.... ဒါလဲကောင်းသားဘဲ”
တစ်ခြားလူနဲ့ကြတော့ အမြဲပြုံးနေတက်ပြီး သူနဲ့ကြမှ မှုံကုပ်နေတဲ့ လွန်းကြောင့် ဇိမ်းတစ်ယောက် ဒေါသများကထွက်လာရသည်။
ထို့နောက် ဆက်မကြည့်နိုင်တော့တာကြောင့် သူထိုင်နေရာမှထလိုက်ပြီး လွန်းရှိရာဆီသို့ ထွက်လာလိုက်သည်။
“ဆောင်းဝတီလွန်း”
“ဟင်...”
လွန်းကော ထက်မြတ်ကော အသံကြောင့် မော့ကြည့်လိုက်ကြသည်။
“သခင်လေး”
“ရှင်....”
“လာခဲ့”
ဇိမ်း သူမလက်လေးအားအတင်းဆွဲကာ ခေါ်လာလိုက်သည်။
“နေအုံးလေ ဟိုမှာမုန့်တွေကုန်အောင်မစားရသေးဘူး”
သူဘာပြောပြော ဇိမ်းကတော့ ဂရုမစိုက် သူမလက်အား အတင်းဆွဲကာ အောက်သို့ခေါ်လာလိုက်သည်။
ထက်မြတ်နှင့် တစ်ဖက်ဝိုင်းမှ ရာဇမှာတော့ ကြောင်တောင်တောင်နှင့် ငေးကြည့်နေကြသည်။
“ဘာလုပ်တာလဲ လွန်းလက်ကိုလွှတ်”
“မလွှတ်ဘူး”
သူမမှာခြေထောက်ကလဲနာနေတာနှင့် ဇိမ်းရဲ့အတင်းဆွဲခေါ်ခြင်းကို ခံလိုက်ရတာကြောင့် လမ်းဆက်မလျှောက်နိုင်တော့ဘဲ လှေကားအဆင်း၌ လှဲကျသွားတော့သည်။
“အား....”
“ဟင်....”
သူမခြေထောက်လေးအားကြည့်ကာ မျက်ရည်ဝဲနေလေသည်။
ထိုအချိန်မှ ဇိမ်းသူမခြေထောက်၌ ဒဏ်ရာရှိနေမှန်းသိသွားတော့သည်။
“ဆောရီးပါ.... လွန်းခြေထောက်ကဒဏ်ရာနဲ့ဆိုတာ ကိုယ်မသိလိုက်မိဘူး”
“ဖယ်....”
လွန်း ဇိမ်းလက်တွေအား ဖယ်ပစ်လိုက်ပြီး လှေကားလက်ရမ်းလေးတွေအားအသုံးပြုကာ ရပ်လိုက်သည်။
“မဖြစ်သေးဘူး”
ဇိမ်း သူမကိုယ်လေးအားပွေ့ချီပစ်လိုက်တော့သည်။
“ဟင်.... ဘာလုပ်တာလဲ ဘေးမှာလူတွေရှိတယ် အောက်ချပေး”
“မချပေးဘူး....”
ဇိမ်းပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက် သူမကိုယ်လေးသာပွေ့ချီရင်းဖြင့် ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ သူမမှာတော့ ဘေးလူတွေဝိုင်းကြည့်နေသည်ကိုရှက်ကာ ဇိမ်းရင်ခွင်ထဲ၌ ခေါင်းလေးအံ့ထားရသည်။
ဇိမ်း ဆိုင်ရှေ့ သူ့ကားနားရောက်မှ ကားတံခါးအားဖွင့်ကာ သူမကိုယ်လေးကို ကားရှေ့ခန်းသို့ ထိုင်ခိုင်းစေလိုက်သည်။
“ဘာလုပ်တာလဲ”
ဇိမ်းမှာတော့ သူမအပြောအားနားမထောင်ပေ။
“လွန်းအခုချက်ချင်းခုန်ချလိုက်မှာနော်”
“ကိုယ်မေးစရာရှိတယ်”
သူမမှာလဲ ဇိမ်းအပြောအားပြန်နားထောင်ဘဲ တစ်ဖက်သို့ လက်လေးပိုက်ကာ လှည့်နေသည်။
“လွန်းလို့.... ကိုယ်မေးစရာရှိတယ်”
ဇိမ်းဒီတစ်ခါတော့ သူမပုခုံးလေးကို အသာကိုင်ကာ။သူ့ဘက်သို့ လှည့်ခိုင်းလိုက်သည်။
“လွန်း ကိုယ်ပြောတာ သေချာနားထောင်.... လွန်းနဲ့ထက်မြတ်ပိုင်နဲ့က ဘယ်လိုပတ်သက်တာလဲ”
“ဘာကိုဘယ်လိုပတ်သက်မှာလဲ.... လွန်းနဲ့ကိုထက်မြတ်နဲ့က မောင်နှမတွေလိုဘဲ.... မယုံရင် ရပ်ကွက်ထဲကကြိုက်တဲ့သူကို သွားမေးလို့ရတယ်”
“ဒါဆို ဟိုတစ်နေ့က ထက်မြတ်ပိုင်ပြောတဲ့ဟာကကော”
“အာ.... အဲ့ဒါကလဲ ကိုထက်မြတ် လွန်းကိုစနေတာ... လွန်းမခံချင်မှန်းသိလို့ တစ်မင်စတာ”
“တစ်ကယ်လား”
“လွန်းက ဘာရမှာမလို့ လိမ်မှာလဲ”
“အဟွန်း.... ဟုတ်ပါပြီ.... တစ်ကယ်မောင်နှမပတ်သက်မှုမျိုးနော်”
“လုပ်ပြန်ပြီ ဟုတ်တယ်လို့”
“အင်းပါ”
“ဒါနဲ့.... လွန်းကိုဘာလို့ ဆွဲခေါ်လာတာလဲ”
“ဟို.... ပေးစရာရှိလို့”
“ဘာကြီးလဲ”
“ဒီမှာ”
ဇိမ်း ဆွဲကြိုးဘူးလေးအား သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဟင်.... လှလိုက်တာ”
“ဟုတ်တယ်.... ဒါက Mapleရွှက်လေ သူ့မှာအဓိပ္ပာယ်ရှိတယ်”
“ဘာအဓိပ်ပာယျလဲ”
“နေ့ရက်တိုင်းမှာမင်းကိုဘဲ ချစ်မြတ်နိုးပေးသွားပါ့မယ်တဲ့.... နောက်တစ်ခုက ကိုယ့်ရဲ့ချစ်ခြင်းတွေနဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ”
“ဒါကို ဘာလို့ လွန်းကိုပေးတာလဲ”
“ကိုယ့်ရဲ့ချစ်ခြင်းတွေနဲ့ နေ့ရက်တိုင်းကိုပျော်ရွှင်ခိုင်းစေချင်လို့”
“ဟွန့်.... ဒါမျိုးတွေ တစ်ခြားမိန်းကလေးတွေကိုဘဲ သွားလုပ် လွန်းကိုတော့ လာမလုပ်နဲ့ မကြွေဘူး”
“အဟက်.... ကိုယ်ကလဲ မကြွေခိုင်းပါဘူး.... ကိုယ်ပေးတဲ့ ဒီဆွဲကြိုးလေးကိုဘဲ လက်ခံခိုင်းစေချင်တာ.... လက်ခံမယ်မလား”
“မလက်ခံဘူးလို့ ပြောလဲ အတင်းယူခိုင်းမှာဘဲမလား”
“ဟဲဟဲ.... ဟုတ်တယ် လာပါ ကိုယ်ပန်ပေးမယ်”
ဇိမ်း သူမလည်ပင်းထက်၌ ထိုဆွဲကြိုးလေးအား ပန်ပေးလိုက်သည်။
“အဟွန်း.... လွန်းနဲ့ အဲ့ဆွဲကြိုးနဲ့ အရမ်းလိုက်တယ်”
“အပိုတွေ....”
“လိုတောင်လိုသေးတယ်”
“ရှင်နဲ့သာ စကားပြိုင်ပြောရင် ဘယ်တော့မှ နိုင်မှာလဲမဟုတ်ဘူး အဲ့တော့ အခုဘာကိစ္စရှိသေးလဲ”
“ဘာကိစ္စမှမရှိတော့ပါဘူး”
“ဒါကိုများ လူကိုအတင်းကြီးဆွဲခေါ်လာတာ”
“ဆောရီးပါ”
“ထားပါ.... သွားတော့မယ်”
“ကိုယ်လိုက်ပို့မယ်လေ”
“ရတယ် မလိုက်ပို့နဲ့တော့”
ပြောပြီးသည်နှင့် လွန်းတစ်ယောက် ကားပေါ်မှ ဆင်းလိုက်တော့သည်။
“အဟွန်း.... လူကိုတောင် မနှုတ်ဆက်သွားဘူး”
ဟူးးးး လွန်းရယ် မင်းစိတ်နဲ့တော့ ကိုယ်ရူးတော့မှာဘဲ.... ကိုယ်မင်းကိုဆုံးရှုံးရမှာ အရမ်းကြောက်တယ် ကိုယ်ဘယ်လိုလုပ်ရမလဲ။
Mapleရွှက်လေးတွေရဲ့ အဓိပ္ပာယ်ကို BL Authorဆီက ခွင့်ပြုချက်မယူဘဲ ရေးခဲ့မိလို့ တောင်းပန်ပါတယ်။ ပန်းလေးတွေရဲ့ အဓိပ္ပာယ်ကိုသိချင်ရင် BL Author Levender pan-7ရဲ့ page မှာသွားရှာဖတ်လို့ရပါတယ်နော်။ ဒါကကြုံတုန်းမို့ ပြောပြတာပါ။
ဒီနေ့စာမစစ်လိုက်လို့ စာလုံးပေါင်းမှားရင်ခွင့်လွှတ်ပါ။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰