book

Index 5

𝐏𝐚𝐫𝐭-5

.....❦︎လွန်းကဇိမ်းအပိုင်❦︎.....

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

        

ဒေါက် ဒေါက်....


“သခင်လေး ဒေါ်ညိုပါ”


ဇိမ်း အိပ်ရာပေါ်၌ အိပ်ပျော်နေတဲ့ သူမလေးအား တစ်ချက်ကြည့်လိုက်ပြီး အခန်းတံခါးဝဆီသို့ လျှောက်လာလိုက်သည်။


“ဘာကိစ်စလဲ”


“နေ့လယ်စာ အဆင်သင့်ဖြစ်ပြီလို့ လာပြောတာပါ”


“အင်း.... ဆင်းလာခဲ့မယ်”


“ဟုတ်.... ဟို ဒါနဲ့ ခွေးထိန်းတဲ့ ကလေးမက သခင်လေးအခန်းထဲမှာလား”


ဇိမ်း ဒေါ်ညိုအမေအားမဖြေဘဲ သူမမျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်သည်။


“ဟို.... ဒါဆို ဒေါ်ညိုသွားပြီနော်”


ဒေါ်ညိုဆိုတာ ဇိမ်းအကြောင်း ကောင်းကောင်းသိသည်မို့ ထိုနေရာလေးမှ အမြန်ဆုံးထွက်လာလိုက်သည်။


ဇိမ်း အခန်းတံခါးအား ပိတ်လိုက်ပြီး လွန်းရှိရာဆီသို့ လာခဲ့လိုက်သည်။


“လွန်း.... ဆောင်းဝတီလွန်း....”


ခေါ်သံကြောင့် သူမမျက်လုံးများက ဖြည်းညှင်းစွာ ဖွင့်လာခဲ့သည်။


“ဟင်.... ရှင်”


“နိုးပြီလား”


“ဖယ်....”


သူမအိပ်ရာပေါ်မှ အမြန်ဆင်းလာလိုက်ပြီး တံခါးဝနားသို့ သွားလိုက်သည်။

ဒီတစ်ခါတော့ တံခါးဟာ လော့မချထားပေ။


“မေးစရာရှိတယ်...."


“အင်း”


“ခွေးတွေကို ဆက်ထိန်းပေးရအုံးမှာလား”


“ဒါပေါ့....”


လွန်း အိမ်အောက်သို့ ချက်ချင်းဆင်းလာလိုက်သည်။


“လွန်း ကိုယ့်ကိုစောင့်အုံးလေ”


ဇိမ်းတစ်ယောက်ကတော့ ခေါင်းလေးရမ်းရင်းဖြင့် ဆင်းလာဖို့ ပြင်လိုက်စဉ် အခန်းထဲမှ ဖုန်းသံအား ကြားလိုက်ရသည်။ 


“ကလင် ကလင်.....”


“ကျွတ်....”


ဇိမ်း ကျွတ်တစ်ချက်သပ်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားလိုက်ရသည်။


“ဘာလွန်းဆိုလဲမသိပါဘူး.... ခွေးထိန်းဖြစ်ပြီး သခင်လေးကိုမြူဆွယ်နေတာ....”


“ဟင်.... တစ်ကယ်လား”


“တစ်ကယ်ပေါ့ အခုတောင် သူသခင်လေး အခန်းထဲမှာရှိတယ်”


“ကောင်မလေးက မထင်ရဘူးနော်.... အသက်ငယ်ငယ်လေးနဲ့ လုပ်ရဲ‌တယ်တော့”


“ဟုတ်ပ”


လွန်း အိမ်အောက်သို့ ဆင်းလာချင်း မီးဖိုခန်းထဲမှ အိမ်အကူတွေရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေအားကြားကာ သူမဒေါသများအလွန်ထွက်လာတော့သည်။

သူမစိတ်မထိန်းနိုင‌်တော့ကာ မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။


“ဒီမှာ သူများအတင်းကို ကွယ်ရာမှာ စုပြောရတာ ဝါသနာပါတာလား”


“ဟင်.... မင်း”


ရုတ်တရက်ဆိုသလို ပြောလာတဲ့ လွန်းအသံကြောင့် အိမ်အကူတစ်စုမှာ လန့်သွားတော့သည်။


“ငါတို့ပြောတာကော မဟုတ်လို့လား....”


“ရှင်တို့အပေါက်ကို ကိုယ့်ဟာကိုယ်ပိတ်မလား ကျွန်မလာပိတ်ပေးရမလား”


လွန်းဆိုတာ ငယ်ငယ်ကတည်းက ဘဝကိုခက်ခဲစွာရုန်းကန်ခဲ့ရတာကြောင့် ပြောရဲဆိုရဲရှိသလို အရွယ်နဲ့မလိုက်အောင်လဲ ရင့်ကျက်သေးသည်။


“မပိတ်တော့ ဘာဖြစ်ချင်လဲ.... ဟွန့် နင့်ကိုနင် သခင်လေးအခန်းထဲဝင်တာနဲ့ သူဌေးမဖြစ်ပြီလို့ ထင်‌နေတာလား.... ခွေးထိန်းကများ”


“ဘာ!...."


ဒီတစ်ခါတော့ သူမ‌ဒေါသများ အလွန်းထွက်လာကာ ထိုသို့ပြောလာတဲ့ အိမ်အကူတစ်ယောက်အား ပါးရိုက်လိုက်သည်။


“ဖျန်း....”


“ဟင်.... နင် ဖျန်း....”


ထိုအိမ်အကူမှာလဲ သူ့အသားနာသွားသဖြင့် လွန်းပါးလေးအား ပြန်ရိုက်လိုက်သည်။

ဒီလိုနဲ့ နှစ်ယောက်သား ဒေါသမထိန်းနိုင်ကာ ထိုနေရာလေး၌ ရန်ထဖြစ်ကြတော့သည်။


လွန်းမှာ တစ်ယောက်ထဲမို့ ပိုအထိနာရသည်။ ဒေါ်ညိုမှာတော့ သူစခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် နှစ်ယောက်လုံးအား တားနေရသည်။ သို့ပေမယ့် တစ်ဖက်မှ အိမ်အကူသုံးယောက်လောက်က လွန်းအား ကြွေပြားတွေပေါ်သို့ တွန်းပစ်လိုက်ပြီး ဆံပင်တွေဆွဲနေကြသည်။ လွန်းဘက်ကတော့ ဘယ်လောက်ဘဲပြန်ခုခံခံ သူမဘက်ကသာ ခံနေရသည်။ 


ခွလွမ်း.....


ထိုအချိန် ထမင်းစား စားပွဲပေါ်မှ တင်ထားသည့် ဖန်ခွက်လေးမှာ ဒေါ်ညိုလက်ချက်ကြောင့် အောက်သို့ ကျသွားတော့သည်။


“ဟင်....”


ဇိမ်း အသံကြောင့် အိမ်အောက်သို့ အမြန်ဆင်းလာလိုက်သည်။ ထိုအချိန် သူမြင်တွေ့လိုက်ရတာက လွန်းကို အပေါ်ကနေ၍ အိမ်အကူသုံးယောက်က ဆံပင်တွေဆွဲ ပါးတွေရိုက်နေသည်ကိုပင်။ ထိုအချိန်၌ တိုက်တိုက်ဆိုင်ဆိုင် ဇိမ်းရဲ့ သူငယ်ချင်းရာဇမင်းဟိန်းလဲ အိမ်ထဲသို့ ဝင်လာခဲ့သည်။


“ဟင်...."


ဇိမ်းကော ရာဇကော သူတို့အနားပြေးသွားလိုက်ကြသည်။


ရာဇ လွန်းအပေါ်မှ ရှိနေတဲ့ ထိုအိမ်အကူတွေအား ဆွဲဖယ်ပစ်လိုက်သည်။ သို့ပေမယ့် ထိုအိမ်အကူတွေမှာ လွန်းအပေါ်မှ မဖယ်ပေးပေ။


“ဒါ ဘယ်လိုဖြစ်နေတာလဲ”


“ဟင်...."


ဇိမ်းအသံကြားလိုက်ချိန်မှသာ ထိုအိမ်အကူတွေအားလုံး လန့်သွားကြပြီး လွန်းအပေါ်မှဖယ်ကာ ဒေါ်ညိုဘေး၌ ကုပ်ကုပ်လေးရပ်နေလိုက်ကြသည်။


“ဒီကညီမ အဆင်ပြေလား”


ရာဇ ‌လဲကျနေတဲ့ လွန်းအား ပုခုံးလေးမှ ကိုင်ကာ ထူပေးဖို့အပြင် ဇိမ်း ရာဇလက်တွေအား ပုတ်ချပစ်လိုက်သည်။


“အဆင်ပြေလား လွန်း”


လွန်းတစ်ယောက် ကျဆင်းလာတဲ့ မျက်ရည်စက်လေးတွေအား ခပ်ကြမ်းကြမ်း သုတ်ဖယ်ပစ်လိုက်ပြီး  ဇိမ်းလက်တွေကိုလဲ ဖယ်ပစ်ကာ ထလိုက်သည်။

ထို့နောက် အိမ်အကူတွေအပါအဝင် ဇိမ်းကိုပါ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ထွက်လာခဲ့လိုက်သည်။


“ဒေါ်ညို”


ဇိမ်းရဲ့ အသံဟိန်းဟိန်းကြောင့် ဒေါ်ညိုကော အိမ်အကူသုံးယောက်ပါ ကိုယ်လေးပင်တုန်သွားပြီး လန့်သွားကြသည်။


“ဘာဖြစ်ကြတာလဲ”


“ဟို...."


ဇိမ်းကတော့ ဒေါ်ညိုအပြောအား စောင့်နေပေမယ့် ရာဇကတော့ အိမ်အပြင်ဘက်သို့ ခြေထောက်လေးထော့နဲ့"ဖြင့် ထွက်သွားသည့် သူမလေးအား စိတ်ပူလာကာ သူပါလိုက်သွားဖို့ပြင်လိုက်သည်။

ရာဇ ခြံအပြင်ဘက်သို့ ရောက်တော့ ထိုကောင်မလေးမှာ လမ်းထိပ်သို့ရောက်တော့မည်။


“ဟိတ် ကလေးမ”


ရာဇ အနောက်မှအပြေးလေးဖြင့် လိုက်သွားလိုက်သည်။


“ကလေးမ နေပါအုံး”


ရာဇ သူမလက်လေးအား လှမ်းဆွဲလိုက်သည်။

ထို့နောက် သူမမျက်နှာလေးကိုကြည့်လိုက်တော့ ပါးပြင်လေးတွေမှာ အရိုက်ခံထားရတာကြောင့် နီရဲနေလေသည်။ 


“ဘာမှမဖြစ်ဘူး ခဏနေပျောက်သွားမှာ”


“အဟင့်...."


“မငိုနဲ့ မငိုနဲ့ ဘာမှမဖြစ်ဘူး”


ရာဇ သူမကိုယ်လေးအား သူ့ရင်ခွင်ထဲသို့ထည့်ကာ ခေါင်းလေးကိုပွတ်ပေးရင် လမ်းဘေး၌ပင် ချော့နေလေသည်။


“ထွက်သွား.... ခင်ဗျားတို့လေးယောက်လုံး ဒီခြံအရိပ်တောင် မနှင်းမိစေနဲ့.... နှင်းမိလို့ကတော့ ခင်ဗျားတို့ခြေထောက်နှစ်ချောက်းလုံးကို ဖြတ်ပစ်မှာ”


ဇိမ်းပြောပြီးသည်နှင့် ခြံအပြင်သို့ထွက်လာခဲ့လိုက်သည်။


“ဟင်....”


ခြံပြင်ရောက်တော့ မလှမ်းမကမ်းမှ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဇိမ်းတစ်ယောက် ရင်ထဲ အောင့်သက်သက်ဖြစ်သွားရ‌သည်။


“ရာဇ”


ဇိမ်းရဲ့ခေါ်သံကြောင့် ရာဇ လွန်းကိုယ်လေးအား ဖက်ထားရာမှ လွှတ်လိုက်ပြီး သူ့အားကြည့်လာခဲ့သည်။


“အိမ်ပြန်မယ် လွန်း”


ဇိမ်း လွန်းအနားသို့ သွားလိုက်ပြီး သူမလက်လေးအားဆွဲကာ ခေါ်လိုက်သည်။


“လွှတ်.... ကျွန်မအလုပ်ထွက်မယ်.... ရှင့်ရဲ့ပိုက်ဆံငါးသိန်းလဲ ပြန်ပေးမယ်”


“မရတော့ဘူ...."


ဇိမ်းပြောရင်းဖြင့် သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။


“ဘာလုပ်တာလဲ အောက်ချပေး”


“မချပေးဘူး”


“ဇိမ်း မင်းမိန်းကလေးတစ်ယောက်ကို အဲ့လိုအတင်းကြီးမလုပ်ပါနဲ့”


“မင်းအပူမပါဘူး ရာဇ.... ကိစ္စရှိရင် နောက်မှအိမ်လာခဲ့ အခုပြန်တော့”


ဇိမ်း ပြောပြီးသည်နှင့် သူမကိုယ်လေးအားပွေ့ကာ အိမ်သို့ ပြန်လာခဲ့လိုက်တော့သည်။

ခြံထဲလဲဝင်လိုက်ရော အထုပ်ကိုယ်စီနှင့် မျက်နှာကြီးမှာမဲ့ကာ အိမ်အပြင်သို့ ထွက်လာကြသည့် အိမ်အကူလေးယောက်အား သူမမြင်လိုက်ရသည်။


“ဟင်....”


ဒေါ်ညိုကတော့ သူ့ဟာသူ ခေါင်းလေးငုံ့ကာ ထွက်သွားလိုက်ပေမယ့် ကျန်တဲ့သုံးယောက်မှာတော့ လွန်းအား ဂျိုကြည့်ကြည့်ပြီးမှ ထွက်သွားကြသည်။


ဇိမ်း သူမအား သူ့အခန်းရှိရာသို့ ခေါ်ခဲ့လိုက်ပြီး ဆိုဖာပေါ်၌ ထိုင်ခိုင်းစေသည်။


“ကိုယ်တောင်းပန်ပါတယ်.... ကိုယ်မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့မိတာ”


လွန်းကတော့ သူ့အပြောတွေအား မကြားသလိုနေကာ ဘေးသို့လှည့်နေသည်။


“ခြေထောက်မှာ ဒဏ်ရာကြီးကော.... ဘာဖြစ်သွားတာလဲ”


သူဘာပြောပြောလွန်းကတော့ ခေါင်းလေးအား တစ်ဖက်သို့ လှည့်ထားစဲပင်။

ဇိမ်း ဆေးသေတ္တာဘူးလေးအား ယူလိုက်ပြီး သူမခြေဖဝါးလေးသို့ အရက်ပြန်ဖြင့် သုတ်လိုက်သည်။


“အား...."


ထိုအခါမှာတော့ သူမစပ်သွားကာ အသံလေးထွက်လာတော့သည်။


“အဟွန်း....ဆောရီး ဆောရီး အရက်ပြန်များသွားလို့”


ဇိမ်း သူမခြေထောက်လေးအား ပတ်တီးလေးစီးပေးလိုက်ပြီး သူမမျက်နှာလေးကို တစ်ချက်ကြည့်လိုက်သည်။ ပါးတွေမှာ နီရဲနေပြီး နှုတ်ခမ်းထောင့်‌နားလေး၌ သွေးစအချို့ ထွက်နေသည်။


“တောက်....."


သူ့ရဲ့ တောက်ခေါက်သံကြောင့် သူမလန့်သွားကာ ဇိမ်းအားလှည့်ကြည့်လိုက်သည်။


“ကိုယ်တစ်ကယ် တောင်းပန်ပါတယ်.... မနက်ကလဲ ကိုယ်စိတ်မထိန်းနိုင်လို့ နမ်းလိုက်မိတာပါ”


“ရှင့်ဘက်ကမထိန်းနိုင်တာနဲ့ အခုလိုလုပ်စရာလား.... ကျွန်မဘက်ကို နည်းနည်း စဉ်းစားပါအုံး.... ကျွန်မကရှင့်ရဲ့ကားထဲက မိန်းမလိုမဟုတ်ဘူး စိတ်မထိန်းနိုင်တာနဲ့.... အဟင့်”


“ကိုယ်တစ်ကယ်တောင်းပန်ပါတယ်.... လွန်းစိတ်ဆိုးပြေအောင် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ”


“ကျွန်မက စိတ်ဆိုးတာ မဟုတ်ဘူး ရှင့်ကို စိတ်ပျက်သွားတာ”


“ဒါဆိုလဲကွာ.... လွန်းကိုယ့်အပေါ်စိတ်မပျက်အောင် ဘယ်လိုလုပ်ပေးရမလဲဟင်.... လုပ်ပါလွန်းရယ် ကိုယ့်တစ်သက်မှာ မနေ့တစ်နေ့ကမှ မြင်ဖူးတဲ့သူကို ရင်ထဲကနေ လှိုက်လှိုက်လဲလဲနဲ့ ဒူးထောက်တောင်းပန်နေတာဆိုလို့ လွန်းကပထမဆုံးပါ”


ဇိမ်းရဲ့အပြောကြောင့် သူမမှာ ‌ကြောင်သွားရသည်။


“ဘာတွေလာပြောနေတာလဲ”


“လုပ်ပါလွန်းရယ် ကိုယ့်ကိုစိတ်မပျက်ပါနဲ့နော် ”


“အိမ်ပြန်ချင်တယ်”


“ပြန်ခိုင်းမှာပါ.... ဒါပေမယ့် ကိုယ့်ကိုစိတ်မပျက်လိုက်ပါနဲ့နော်.... နော်လို့.... လွန်းကိုယ့်အပေါ် စိတ်မပျက်အောင် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ.... လွန်းကိုယ့်ကို ပြန်နမ်းမလား”


“ဘာ!..."


ဇိမ်းရဲ့စကားကြောင့် သူမမျက်လုံးများပြူးကျယ်သွားကာ ဒေါသထွက်‌သွားတော့သည်။


“ဟဲဟဲ.... စတာပါ”


“ဖယ်.... အိမ်ပြန်မယ်”


သူမ မတ်တပ်လေးရပ်ကာ ထွက်သွားဖို့ ပြင်လိုက်စဉ် ဇိမ်း သူမအား တားလိုက်သည်။


“ကိုယ်လိုက်ပို့မယ်”


“မလိုဘူး"


“လွန်းအခုလို ပုံစံနဲ့ ဘယ်လိုသွားမှာလဲ”


“ဘာမှမဖြစ်ဘူး.... "


“လွန်းကဘာမှမဖြစ်ပေမယ့် ကိုယ်ကတော့ဖြစ်တယ်.... လွန်းတစ်ခုခုဖြစ်ရင် ကိုယ်ရင်ကျိုးရမှာ”


ဇိမ်းပြောရင်းဖြင့် သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။


“ဟင်.... ဘာလုပ်တာလဲ အောက်ချပေး”


“မချပေးဘူး...”


“ရှင်.... ကျွန်မစိတ်တိုလာပြီနော်”


“ကလေးမ.... မင်းက ငယ်ငယ်လေးဘဲရှိသေးတာကို ဘာလို့ လူကြီးကို ရှင်တွေကျွန်မတွေ ပြောနေရတာလဲ”


“အဲ့ဒါ ရှင့်အပူမပါဘူး"


“ဟာ.... ပြောပြန်ပြီ ငရဲကြီးမယ်နော်"


“ကြီးပစေ.... ရှင့်ကိုပြောတာဘဲ ကြီးချင်လဲကြီးပေါ့”


“အဟွန်း.... မင်းက စကားကို ကန့်လန့်တော်တော်ပြောတာဘဲ”


“ဒီမှာ လူကြီး ကျွန်မကို အခုချက်ချင်းချပေးမှာလား မချပေးဘူးလား”


“မချပေးဘူး”


ဇိမ်း ပြောရင်းဖြင့် သူမကိုယ်လေးအားပွေ့ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။


“ဦးဘသောင်း"


“ဗျာ”


“ကားထုတ်”


“ဟုတ်”


ဦး‌ဘသောင်းဆိုသူ ကားဂိုထောင်ထဲရှိ ကားတစ်စီးအား ထုတ်လိုက်သည်။

ဇိမ်း ကားထဲ၌သူမအား ထိုင်ခိုင်းစေလိုက်ပြီး သူကိုယ်တိုင်လဲ ကားနောက်ခန်း၌ ဝင်ထိုင်သည်။


“....... အဲ့လမ်းကိုမောင်းပေးပါ”


“ဟုတ်”


“ရှင်က ကျွန်မရဲ့အိမ်ကိုသိတယ်ပေါ့”


“ဘာလို့မသိရမှာလဲ.... ကိုယ်ကလေ လွန်းအကြောင်း အကုန်သိတယ်”


“ဟွန့်.... အကုန်သိလဲ လွန်းကတော့ အထင်မကြီးဘူး”


“အဟက်.... ကိုယ်ကလဲ အထင်မကြီးခိုင်းပါဘူး”


“တော်ပါ.... နောက်နေ့ကစပြီး လွန်းကို အလုပ်ခိုင်းဖို့မဟုတ်ရင် ပိုက်ဆံတွေ ရှင့်ကိုပြန်ပေးပြီး အလုပ်ထွက်မယ်”


“ဟာ.... အဲ့လိုတော့မလုပ်ပါနဲ့.... ပုံမှန်တိုင်းဘဲ အလုပ်လုပ်ပါနော်”


“အွန်း....”


ခဏကြာမောင်းနှင်ပြီးတော့ လွန်းတို့အိမ်ရှေ့သို့ ရောက်လာခဲ့သည်။

ထရံကာသွပ်မိုးအိမ်လေးကို ကြည့်ကာ ဇိမ်းစိတ်ထဲတစ်မျိုးလေးဖြစ်သွားရသည်။ အိမ်လေးမှာ ဇိမ်းတို့ရဲ့ ဧည့်ခန်းလောက်ပင်ရှိမည်။ 

တံခါးများကလဲ မခိုင် မိုးကလဲမလုံ ထိုအိမ်လေး၌ သူမဘယ်လိုများနေပါလိမ့်။

အစက လွန်းနေတဲ့အိမ်ကို ဇိမ်းရဲ့တပည့်တစ်ယောက်အပိုတွေ ထည့်ပြောတယ်ထင်ခဲ့ပေမယ့် အခုကိုယ်ကိုတိုင်တွေ့လိုက်ရမှ သူမလေးအား ပို၍ပင် သနားမိသွားသည်။


“သွားပြီ.... နောက်နေ့ဆို အခုလိုလိုက်ပို့စရာမလိုပါဘူး..."


သူမပြောပြီးသည်နှင့် ကားပေါ်မှ ဆင်းလာလိုက်သည်။ ထို့နောက် ရှုပ်ပွနေတဲ့ဆံပင်လေးအား အနည်းငယ်ပြင်လိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။


“ဟင်.... သမီး ဒါဘယ်လို”


ခြေထောက်၌ ပတ်တီးကြီးစီးထားသော လွန်းအား စိတ်ပူကာ ဒေါ်ဝတီထွန်းတစ်ယောက် အလန့်တကြားမေးလိုက်သည်။


“ဟို.... ချော်လဲခဲ့လို့ပါအမေရယ်.... ဒါကြောင့် ကျောက်ခဲနဲ့ခြစ်မိသွားတာ ဘာမှမဖြစ်ပါဘူး”


“အော်.... အွန်းပါ ဂရုစိုက် သမီးရေ.... ဒါနဲ့ နှုတ်ခမ်းနားက”


“ဟို.... ဒါကလေ.... မတော်တဆ ခိုက်မိသွားလို့ပါ”


“အမေ့ကိုအမှန်တိုင်းပြောနော်”


“တစ်ကယ်ပါ.... လိမ်စရာလားလို့ အမေကလဲ”


“ဟုတ်ပါပြီ.... ပြန်လာတာစောတယ်နော်”


“ဟုတ်.... ဒီနေ့ ခြေထောက်ဒဏ်ရာနဲ့မို့ စောစောပြန်ခဲ့တာ”


“အင်းပါ.... အစစအရာရာ ဂရုစိုက်ပါသမီးရေ....”


“ဟုတ်ကဲ့ပါ အမေရဲ့”


“ဆေးတွေဘာတွေကော ထည့်ထားရဲ့လား”


“ထည့်ထားပါတယ်”


“အင်းအင်း...."


“ဘာမှစိတ်မပူနဲ့နော်”


“အင်းပါ”


###############


“ဘာ!”

“ဒါဆို ဒေါ်ညိုပြောချင်တာက သားက မိန်းမတစ်ယောက်အတွက်နဲ့ အခုလိုအလုပ်ထွက်ခိုင်းတယ်ပေါ့.... ဟုတ်လား”


“ဟုတ်...”


“အဲ့မိန်းမက ဘာမို့လို့လဲ”


“ဘာမို့လို့လဲတော့ မသိဘူး.... သခင်လေးအခန်းထဲကို တစ်မနက်လုံးဝင်သွားတာ တွေ့လိုက်တယ်”


“ဘာ.... တောက် တွေ့ကြသေးတာပေါ့.... ခွေးထိန်းက ခွေးထိန်းလိုမနေနိုင်ဘူး.... ငါနဲ့ကောင်းကောင်းကြီးတွေ့ကြတာပေါ့”


ဇိမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ငွေရည်မြတ်တစ်ယောက် အံကြိတ်ကာ ပြောလိုက်သည်။


စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏

                                

                                      𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰


rate now: