.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“ကလင် ကလင်”
“ဟယ်လို”
“ဇိမ်း ငါပါရာဇ”
“အင်း.... ပြောလေ”
“မင်းကို စောင့်နေတာကြာနေပြီ.... မင်းမလာတော့ဘူလား”
“အင်း..... မလာတော့ဘူ”
“ဘာလို့လဲ.... ဒီနေ့ရောက်တဲ့အသစ်လေးတွေက မင်းအကြိုက်တွေနော် ဖြူဖြူဖွေးဖွေးလေးတွေ ချစ်စရာလေးတွေကြီးဘဲ”
“တော်ပါပြီကွာ စိတ်မပါဘူး”
“အေးပါကွာ ဒါဆို ဖုန်းချပြီ”
“အင်း”
တစ်ဖက်မှ ဖုန်းချလိုက်သည်နှင့် ဇိမ်းလဲ ဖုန်းကိုချကာ အိမ်ယာပေါ်သို့ ပစ်လဲလိုက်တော့သည်။
“ဆောင်းဝတီလွန်း ဆောင်းဝတီလွန်း မင်းကဘယ်လိုမိန်းကလေးမျိုးလဲ”
###########
“ငါးသိန်း ကွက်တိဘဲ”
လွန်း ကြမ်းပြင်လေးပေါ်၌ ထိုင်ကာ ပါလာသည့်ပိုက်ဆံများအား ရီနေလေသည်။ ထိုအချိန် မိခင်ဖြစ်သူ သူမနားသို့ ရောက်လာခဲ့သည်။
“ဟင်.... ပိုက်ဆံတွေအများကြီး.... သမီး ဘယ်ကရလာတာလဲ”
“ဘယ်ကရရမှာတုန်း အမေရဲ့ တစ်လစာကြိုပေးမယ်ဆိုတဲ့ ခွေးထိန်းအလုပ်ကနေပေါ့”
“ဟင်.... အဲ့အလုပ်က ပိုက်ဆံဒီလောက်တောင်ရတာလား”
“ဟုတ်တယ် အမေရဲ့ တစ်လကိုငါးသိန်းရတယ်လေ ထိန်းရမယ့် ခွေးတွေကလဲ လေးကောင်တောင်”
“ငါးသိန်းဆိုတာကတော့ တော်တော်များတဲ့ ပမာဏဘဲ.... အလုပ်ကို သေချာလုပ်နော် သမီး”
“ဟုတ်..... ဒါနဲ့ အမေသိလား”
“ဘာကြီးတုန်း သမီးရဲ့”
“နောက်ဆိုလေ သမီးတို့ သူများတွေဆီက ပိုက်ဆံချေးစရာမလိုတော့ဘူ”
“အဟွန်း....”
မိခင်ဖြစ်သူမှာတော့ သဘောလေးကျကာ တစ်ချက်ရီလိုက်သည်။
“အိမ်လခလဲ သူ့လနဲ့သူ ပေးနိုင်တော့မယ်....”
“ဒါတွေက သမီးတော်လို့ပေါ့ကွယ်”
“ဟုတ်ပါဘူး.... အမေတော်လို့ သမီးပါတော်လာတာ”
“အဟွန်း.... ဟုတ်ပါပြီကွယ်”
“အဟွန်း...."
မီးမရှိ မိုးမလုံ ထိုအိမ်လေးထဲ၌ သားအမိနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရယ်သံမှာ အမှောင်ညအပေါ် လွှမ်းမိုးသွားတော့သည်။
###########
အော် အီးအီးအွတ်.....
“ဟင်.... ကြက်တွန်နေတာလား”
လွန်းတစ်ယောက် တိုင်ကပ်နာရီလေးအား တစ်ချက်ကြည့်လိုက်သည်။
6:45AM
“သေလိုက်ပါတော့ လွန်းရေ”
မနေ့ညက အတွေးလွန်နေသည်နှင့် ညှဉ့်နက်မှ အိပ်ပျော်သွားတာ အခုတော့ အိပ်ရာထ နောက်ကျပြီလေ။
အလုပ်က ၇နာရီအရောက်မို့ သူမ အိမ်ရာမှ ကုန်းရုန်းအမြန်ထလိုက်ပြီး မျက်နှာသစ်သွားတိုက်ကာ အဝတ်လဲလိုက်သည်။ ထို့နောက် အမေဖြစ်သူ မျက်နှာသစ်ဖို့ ရေတစ်ပုံးနှင့် ခွက်တစ်ခုအား အိပ်ယာဘေးနားလေး၌ ချခဲ့လိုက်ပြီး မနက်စာဝယ်ပေးဖို့အတွက် လမ်းထိပ်သို့ ထွက်လာခဲ့လိုက်သည်။
“ကျွတ်..... ဘယ်နှစ်နာရီရှိပြီလဲ ဒေါ်ညို”
“၇နာရီထိုးဖို့ ၁၂မိနစ်အလိုပါ”
“ခွေးထိန်းမယ့်တစ်ယောက်ကို ဘယ်အချိန်ခေါ်ထားတာလဲ”
“၇နှစ်နာရီအရောက်ခေါ်ထားတာပါ”
“ကျွတ်.... အချိန်ကိုမလေးစားဘူး”
ဇိမ်း ကျွတ်တစ်ချက်သပ်ကာ အပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။
“တွေ့ကြသေးတာပေါ့ ကလေးမ”
ဇိမ်း ကော်ဖီတစ်ခွက်သောက်ရင်း ဝရံတာပေါ်၌ ထိုင်ကာ လွန်းအလာအား စောင့်နေလိုက်သည်။
“အမေ”
“အွန်း ပြောလေ သမီး”
“သမီးဒီမှာ မုန့်ဟင်းခါးထားခဲ့တယ် အရည်သပ်သပ်အဖက်သပ်သပ်မို့ အမေစားချင်တဲ့အချိန်မှစားလို့ရတယ်နော်”
“ဟုတ်ပါပြီ.... သွားတော့လေ သမီးရဲ့ နောက်ကျနေလိမ့်မယ်”
“ဟုတ် ဟုတ်.... ဒါဆိုသမီးသွားပြီ.... တာ့တာ”
လွန်း အမေဖြစ်သူအား တာ့တာပြ နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တော့သည်။
“၇နှစ်ရာထိုးဖို့ ငါးမိနစ်.... သေလိုက်ပါတော့ အဲ့အိမ်ကို ဘယ်လိုသွားရမှာပါလိမ့်”
လွန်း ဇိမ်းအိမ်သို့လမ်းလျှောက်သွားလျှင် အနည်းဆုံး၂၀မိနစ်နီးပါး ကြာမည်။ ကားငှားသွားလျှင်တော့ ထိုမျှလောက် မကြာပါ။
“ကျွတ်.... အလုပ်စလုပ်ရမဲ့နေမှ အဆူတော့ ခံရတော့မှာဘဲ.... မတက်နိုင်ဘူးအေ အိမ်ကိစ္စလဲ ရှိသေးတာကို ဒီလောက်လေးတောင် နားမလည်နိုင်ရင်လဲ အဲ့ဘိုးတော် လူလုပ်မနေနဲ့တော့”
သူမ ပွစိပွစိပြောကာ လမ်းလျှောက်သာ လာခဲ့လိုက်ရသည်။
၇နှစ်နာရီက ကျော်နေပြီ ဘာဖြစ်နေတာပါလိမ့်.... လမ်းမှာ တစ်ခုခုဖြစ်နေတာမြန်းလား။
ဇိမ်း သူမအားသွားကြည့်ဖို့ ပြင်လိုက်စဉ် ခြံတံခါးမှ အပြေးလေးဖြင့် ပြေးလာတဲ့ သူမကို မြင်လိုက်ရသည်။
“ဟင်.... အနောက်ကဘာလိုက်လာလို့ပါလိမ့်”
ဇိမ်း အိမ်အောက်သို့ ချက်ချင်းဆင်းလာလိုက်သည်။
“ကလေးမ”
“ဟင်....”
“မင်းအနောက်ကဘာလိုက်လာလို့လဲ”
“ရှန်.... ဟို ဘာမှမလိုက်လာပါဘူး”
“ဒါဆိုဘာလို့ ပြေးလာတာလဲ”
“နောက်ကျနေပြီမို့လေ"
“နောက်ကျတာတော့ သိသားဘဲေနာ်”
“အဟွန်း....”
လွန်း ဇိမ်းအားကြည့်ကာ မချိုမချဉ်လေးပြုံးပြလိုက်သည်။
“နောက်ဆို မနောက်ကျစေနဲ့”
“ဟုတ်.... ဒါဆိုသွားပြီ”
သူမ လက်လေးပြကာ ထွက်လာခဲ့လိုက်သည်။
“အဟွန်း.... ဘယ်လိုကလေးမလေးပါလိမ့်”
ဇိမ်း တစ်ချက်ပြုံးလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
“Maxရေ”
“ဝုတ် ဝုတ်”
“အဟီး.... မင်းကတော်တော်ချစ်ဖို့ကောင်းတာဘဲ”
လွန်း ခွေးလေးတွေအား ပထမဆုံး မျက်နှာအရင်သစ်ပေးရသည်။ ထို့နောက် မနေ့က ဒေါ်ညိုဆိုသည့် အန်တီကြီးသင်ပေးထားတဲ့အတိုင်း ခွေးတွေရဲ့ သန့်ရှင်းရေး အစားအစာ အားလုံးကို ဂရုစိုက်လုပ်နေသည်။
“သခင်လေး မနက်စာစားလို့ရပါပြီ”
ဇိမ်းတစ်ယောက် ဒေါ်ညိုပြောသည့်စကားအား မကြားနိုင်အောင်ပင် ခြံထဲ၌ ခွေးတွေနှင့် ဆော့နေတဲ့ လွန်းအားငေးကြည့်နေမိသည်။
“သခင်လေး....”
“ဟမ်... အင်း ဘာကိစ္စလဲ”
“မနက်စာပြင်ပြီးပါပြီ”
“အင်း လာခဲ့မယ်”
“ဟုတ်”
ဇိမ်း သူမလေးအား ခဏတာငေးကြည့်နေပြီးမှ မနက်စာစားဖို့ လာခဲ့လိုက်သည်။
“ဝုတ် ဝုတ်... ဝုတ်”
ခွေးတွေမှာ ခြံတံခါးအားကြည့်ကာ ဟောင်နေတာကြောင့် လွန်းလဲ ထိုခွေးတွေအား ကြိုးချည်ထားလိုက်ပြီး ခြံတံခါးနားသို့ လာခဲ့လိုက်သည်။
“ဟင်.... ထက်မြတ်ပိုင်”
“လွန်း.... နင်ဘယ်လိုလုပ်”
“လွန်းက ဒီမှာအလုပ်လုပ်တာ”
“အော်....”
“နင်ကကော”
“ငါဘာပြောထားလဲ ငါ့ကိုနင်လို့မခေါ်နဲ့လို့”
“ဟဲဟဲ ဆောရီး ကိုထက်မြတ်ကကော ဒီမှာဘာလာလုပ်တာလဲ”
“ဒါက ငါအလုပ်ရှင်သခင်လေးရဲ့အိမ်လေ”
“အော်.....”
ခွေးဟောင်သံကြောင့် ဇိမ်းအပြင်ဘက်သို့ ထွက်လာခဲ့စဉ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်မှောင်ကြီးကြုတ်သွားတော့သည်။
ဘာလဲ သူတို့နှစ်ယောက်ကသိနေတာလား။
“ထက်မြတ်ပိုင် ဘာကိစ္စလဲ”
“သခင်လေး မနေ့ညက ပရောဂျက်အသစ်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အိမ်ကိုလာပို့လို့ ပြောထားလို့ပါ”
“အင်း....”
ဇိမ်း ခြံတံခါးအား ဖွင့်ပေးလိုက်သည်။
“ဒါနဲ့ မင်းနဲ့သူနဲ့က သိတာလား”
“ဟုတ် လွန်းနဲ့ ကျွန်တော်နဲ့က အိမ်နီးနားချင်းတွေလေ.... နောက်ပြီး... သူနဲ့ကျွန်တော်နဲ့ကို အိမ်ကပေးစားနေကြတာ.... သူကမူနေလို့ပါ မဟုတ်ရင် ကျွန်တော်နဲ့ရပြီးတာ ကြာပေါ့"
“ဘာ...."
“ထက်မြတ် ဘာတွေရှောက်ပြောနေတာလဲ”
“မဟုတ်လို့လား”
ထက်မြတ်ကတော့ ဘာရယ်မဟုတ် လွန်းကိုစချင်တာနှင့် ပြောလိုက်သည်။ သို့ပေမယ့် ဇိမ်းကတော့ ဒါကိုအတည်ယူကာ ဒေါသများထွက်လာတော့သည်။
“ဟုတ်လား ဆောင်းဝတီလွန်း”
“မဟုတ်ပါဘူး.... သူရှောက်ပြောနေတာ”
“တောက်.... ပေး"
ဇိမ်း ထက်မြတ်လက်ထဲမှ ဖိုင်တွေအား ဆွဲယူပစ်လိုက်သည်။
ထက်မြတ်တစ်ယောက်ကတော့ ကြောင်တိကြောင်တောင် ရပ်နေမိသည်။
“ဒီနေ့ငါကမ္ပဏီမလာဘူး"
“ဟုတ်"
ဇိမ်းပြောပြီးသည်နှင့် တစ်ဖက်က ဖိုင်ကိုကိုင်လိုက်ပြီး ကျန်တစ်ဖက်က လွန်းရဲ့လက်အားကိုင်ကာ ဆွဲခေါ်သွားတော့သည်။
“ဟင်.... ဟိတ်လူ ဘာလုပ်တာလဲ လွန်းကိုလွှတ်ပေး”
ဇိမ်းကတော့ သူမအပြောတွေအား နားမဝင်ဘဲ အပေါ်ထပ် သူ့အခန်းဆီသို့ ခေါ်လာခဲ့လိုက်သည်။
အခန်းထဲလဲရောက်ရော တံခါးအားချက်ချင်းလော့ချလိုက်သည်။
“ဘာလုပ်တာလဲ....”
“ဒီနေ့တစ်နေကုန် ကိုယ့်နားမှာဘဲ နေရမယ်”
“ဘာရယ်... ဒီမှာ လွန်းကလေ ခွေးဘဲထိန်းတာ လူမထိန်းပေးဘူး”
“အဟက်.... ဒါဆို အခုလူကော ထိန်းပေး”
“ကျွတ်.... ဦးလေးကြီး ရှင်ကလေ ဘယ်လိုလူလဲ”
“မင့်လူလေ”
“ဘာ.... ဟူးးး တော်ပြီ တော်ပြီ မပြောတော့ဘူ”
လွန်း အခန်းတံခါးပေါက်နားသို့သွားကာ တံခါးအားဖွင့်လိုက်သည်။
“ဟင်.... ဘာလို့မပွင့်တာလဲ”
“တံခါးက လော့ချထားတာလေ”
“ဘာလို့လဲ”
“မင်းထွက်ပြေးသွားမှာစိုးလို့”
“စိတ်ချ.... လွန်းကလေ အလုပ်မပြီးမချင်း ဒီအိမ်ကနေ ဘယ်ကိုမှ မထွက်သွားဘူး ဟုတ်ပြီလား”
“အဲ့လိုပြောတာမဟုတ်ဘူး.... ကိုယ်က မင်းကို နေ့ကောညကော တစ်နေကုန် ကိုယ့်နားမှာဘဲ ရှိခိုင်းစေချင်တာ”
“ဆုတောင်းလေ.... ရှင်အဲ့လိုမျိုး မိန်းကလေးဘယ်နှစ်ယောက်ကို ပြောပြီးသွားပြီလဲ”
“ဆောင်းဝတီလွန်းတစ်ယောက်ဘဲ”
“ကျွတ်.... ဘာတွေလာပြောနေမှန်းလဲမသိဘူး.... ရှင်လေ ကိုယ့်အသက်အရွယ်ကိုလဲ နည်းနည်းပြန်ကြည့်ပါအုံး.... အခုလို မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ကစားနေမယ့်အစား ရှင်နဲ့လိုက်ဖက်မယ့်သူကို သေချာရှာပြီး ယူသင့်ပြီနော်”
“သိတယ်လေ.... ဒါကြောင့် အခုဘယ်မိန်းကလေးနဲ့မှ အဆက်အသွယ်မလုပ်တော့ဘူလေ”
“ဒါဆို လွန်းကိုလဲ လာမကစားနေနဲ့”
“မင်းကို ကစားနေတာလို့ ဘယ်သူပြောလဲ”
“ဘယ်သူမှမပြောဘူး.... ဒါပေမယ့် ရှင့်ကိုကြည့်တာနဲ့ သိပြီးသား”
“အဟွန်း.... ”
“ရီမနေနဲ့.... လွန်းပြောထားမယ် လွန်းကလေ အပျိုကြီးလုပ်မှာ ဟုတ်ပြီလား.... နောက်ပြီး ဦးလေးကြီးရဲ့အပြောတွေကို ကြွေတဲ့ထဲမှာ လွန်းမပါဘူး အို... ကေ...."
“အဟက်.... အပျိုကြီးလုပ်မှာ ဟုတ်လား”
“ဟုတ်တယ်”
“အပျိုကြီးလုပ်မယ်လို့ပြောရအောင် မင့်အသက်ကဘယ်လောက်လဲ”
“၁၈နှစ်လေ မကြာခင် ၁၉ပြည့်တော့မှာ”
“အဟက်.... မင်းက ကလေးဘဲရှိသေးတာကို”
“စကားများမနေပါနဲ့.... လွန်းကို တံခါးဖွင့်ပေးပါ အပြင်ထွက်ချင်တယ်”
“ကိုယ်ပြောပြီးပြီလေ မင်းဒီနေ့တစ်နေကုန် ကိုယ့်အနားမှာဘဲ နေရမယ်လို့”
“ကျွတ်.....”
သူမမျက်မှောင်လေးကြုတ်ကာ နှုတ်ခမ်းလေးစူလိုက်သည်။
“အဲ့လိုမလုပ်နဲ့ ကိုယ်အသဲယားတယ်”
“လွန်းပြောပြီးပြီလေ လွန်းကိုမဟုတ်တဲ့စကားတွေ လာလာမပြောပါနဲ့”
“ဒါဆို ကိုယ်လဲပြောလိုက်မယ်.... ကိုယ့်အရှေ့မှာ အဲ့လိုစိတ်စိုးစိတ်ကောက်တဲ့ ပုံလေးတွေ ခဏခဏမလုပ်ပါနဲ့.... ကိုယ်ကစိတ်ထိန်းနိုင်တာမဟုတ်ဘူး”
လွန်း ဇိမ်းအား မျက်စောင်းလေးထိုးကာ တစ်ဖက်သို့ လှည့်သွားလိုက်သည်။
ဇိမ်းကတော့ ထက်မြတ်လာပို့သည့် စာရွက်စာတမ်းတွေအားကြည့်ကာ အလုပ်စလုပ်ဖို့ ပြင်လိုက်သည်။
ကျွတ်.... ဒီဘိုးတော် အကျင့်ကိုမကောင်းဘူး.... ငါဘယ်လိုလုပ်ရမလဲ ဒီနေရာမှာဒီလိုကြီး နေနေလို့ကတော့ မဖြစ်သေးဘူး။
သူမ နောက်ဆုံးတစ်ခေါက် တံခါးဖွင့်ပေးဖို့ ဇိမ်းအား ပြောရန်ပြင်လိုက်သည်။
“ဒီမှာ.... လွန်းကို တံခါးဖွင့်ပေးပါတော့ လွန်းအပြင်ထွက်ချင်တယ်လို့.... အခုလို လွန်းဒီမှာရှိနေတော့ ရှင်လဲ အလုပ်လုပ်ရတာ အနှောင့်အယှက်ဖြစ်တယ်လေ မဟုတ်လား... နော်ပါ လွန်းအပြင်ထွက်ချင်တယ်လို့ တံခါးဖွင့်ပေးပါ ဦးလေးကြီးရယ်.... အပြင်မှာ ခွေးလေးတွေ ရှိသေးတယ်လေ နောက်ပြီး အိမ်အကူတွေမြင်သွားရင် မကောင်းဘူး...”
လွန်းကသာ အာပေါက်မတက် ပြောနေရသည်။ တစ်ဖက်မှ ဇိမ်းကတော့ laptop တစ်လုံးနှင့် သူအပြောအား မကြားသလို နေနေသည်။ လွန်းလဲစိတ်မရှည်တော့တာကြောင့် ဇိမ်းထိုင်နေရာ ဆိုဖာနားသို့ လျှောက်လာလိုက်သည်။
“ဒီမှာ လူကြီး ပြောနေတာ ကြားလား.... တံခါးဖွင့်ပေးတော့လို့.... လွန်းစိတ်မရှည်လာတော့ဘူနော်.... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ... အပြင်မှာ ခွေးတွေ ဟင်.....”
ဇိမ်း စိတ်မရှည်တော့ဘဲ ဘေးနား၌ ပွစိပွစိလုပ်နေသည့် သူမအား ဆိုဖာပေါ်သို့ ဆွဲချကာ ပေါက်ပေါက်ဖောက်နိုင်လွန်းတဲ့ ထိုနှုတ်ခမ်းလေးတွေအား စုပ်ယူနမ်းရှိုက်လိုက်သည်။
“အွန့်....”
လွန်းတစ်ယောက် အသက်ရှူကျပ်လာကာ ဇိမ်းအား တွန်းပစ်လိုက်သည်။
“ရှင်....”
ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့် လွန်းလန့်သွားကာ မျက်ရည်လေးဝဲလျက်ဖြင့် ဇိမ်းအား ကြည့်လာခဲ့သည်။
“နောက်ဆို ကိုယ့်အရှေ့မှာ မင်းစကားသိပ်မများနဲ့.... စိတ်မရှည်ရင် ကိုယ်ကလက်မပါဘူး ပါးစပ်နဲ့ဘဲ အပြစ်ပေးမှာ”
မိန်းကလေးတစ်ယောက်ကို လွယ်လွယ်နဲ့နမ်းပြီး စကားကို ဘာမှမဖြစ်သလို ပြန်ပြောနေတဲ့ ထိုလူအား လွန်း တော်တော် စိတ်ပျက်မိသွားသည်။
လွန်းရှက်လဲရှက် ကြောက်လဲကြောက်နှင့် ဘာမှပြန်မပြောနိုင်တော့ဘဲ မတ်တပ်လေးသာ ရပ်နေမိသည်။
“ညောင်းရင် ကိုယ့်ဘေးနားမှာ လာထိုင် ကိုယ့်ဘေးနား မထိုင်ချင်လဲ တစ်ခြားနေရာတွေ သွားထိုင်လို့ရတယ်”
လွန်းတစ်ယောက် တံခါးပေါက်နားဆီသာ သွားလိုက်ပြီး တံခါးလေး၌သာ ထိုင်ချလိုက်သည်။
“အောက်က ကြွေပြားတွေနော်.... အေးတယ် တော်ကြာလေဖြတ်သွားမှဖြင့် ကိုယ်ရင်ကျိုးနေရမယ်”
လွန်းကတော့ ဘာမှပြန်မပြောဘဲ မကြားသလိုသာ နေလိုက်ပြီး ဆက်ထိုင်နေလိုက်သည်။ ပါးပြင်ထက်၌လည်း မျက်ရည်များက တစ်ပေါက်ပြီး တစ်ပေါက်ကျနေသေးသည်။ ခဏကြာတော့ ငိုရတာလဲ ပင်ပန်းသွားတာကြောင့် ထိုနေရာလေး၌ပင် တံခါးလေးအား မှီရင်းဖြင့် အိပ်ပျော်သွားတော့သည်။
“လွန်း.... ဆောင်းဝတီလွန်း”
ဇိမ်း ဘယ်လောက်ခေါ်ခေါ် မထူးလာတဲ့ လွန်းကြောင့် စိတ်ပူသွားကာ သူမအနားသို့ အပြေးလေးလာခဲ့လိုက်သည်။
“လွန်း.... ဟူးးး တော်ပါသေးတယ် အိပ်ပျော်သွားတာဘဲ”
ဇိမ်း သူမကိုယ်လေးအား ပွေ့ချီကာ သူ့အိပ်ယာပေါ်ဆီသို့ တင်ပေးလိုက်ပြီး စောင်လေးခြုံပေးထားလိုက်သည်။
နောက်ဆို အဲ့လိုတွေ မလုပ်ပါနဲ့ ကလေးရယ်.... ကိုယ်ကမင်းနဲ့ဆို စိတ်ကထိန်းနိုင်တာ မဟုတ်ဘူး။
ဇိမ်း အိပ်ပျော်နေတဲ့ သူမမျက်နှာလေးအားကြည့်ကာ ပြောလိုက်သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰