.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“မင်းတို့အပြင်မှာ နေခဲ့ကြ”
“ဟုတ်”
ဇိမ်း သူ့အနောက်မှ တောက်လျှောက်လိုက်လာကြသည့် တပည့်ဖြစ်သူများအား အပြင်၌ နေခဲ့ခိုင်းလိုက်သည်။
“မင်းကဘာလုပ်နေတာလဲ အထဲဝင်ခဲ့လေ”
“ရှန်....”
“အထဲဝင်ခဲ့လို့”
“ဟုတ် ဟုတ်”
လွန်း ကြောင်တောင်တောင်နှင့်သာ အထဲသို့ဝင်လာခဲ့လိုက်သည်။
“နာမည်က”
“ဆောင်း ဆောင်းဝတီလွန်းပါ”
“အဟွန်း....”
ဇိမ်း သူ့အရှေ့၌ ကြောင်တောင်တောင်နှင့်ရပ်နေတဲ့ သူမလေးနားသို့ လျှောက်လာခဲ့လိုက်သည်။
ဒီ နာဘူးကောင် ငါ့ကိုကော မဟုတ်တာလုပ်ဖို့မြန်း ကြံနေတာလား မသိဘူး။
လွန်းကြောက်ကြောက်နှင့် ခေါင်းလေးအား ငုံ့ထားလိုက်သည်။
ဇိမ်း သူမနားလဲ ရောက်ရော ခေါင်းကိုငုံ့ထားတဲ့ သူမအား မေးစေ့လေးမှ ကိုင်ကာ အပေါ်သို့ မော့ခိုင်းစေလိုက်သည်။
“ဟင်..... ဘာလုပ်တာလဲ”
လွန်း သူ့မေးစေ့အား ကိုင်ထားတဲ့ ဇိမ်းလက်တွေအား ပုတ်ချပစ်လိုက်သည်။
“အဟွန်း.... မင်းကငယ်သေးသားဘဲ”
ဇိမ်း သူမမျက်နှာလေးအား အသေအချာကကြည့်ကာ ပြောလိုက်သည်။
“အခုက အပြစ်ပေးမှာ ဆူမှာလား”
“အပြစ်လဲ မပေးဘူး ဆူလဲမဆူဘူး”
“ဒါဆို ဘာလို့ ခေါ်ခဲ့တာလဲ”
“ငါ့ကိုစိုးမိုးနိုင်လွန်းတဲ့ မင်းမျက်နှာကို သေချာကြည့်ချင်လို့”
“ကျွတ်..... နာဘူးကောင်”
လွန်း ဇိမ်းမကြားအောင် တိုးတိုးလေးပြောလိုက်သည်။
ဒီဘိုးတော်နဲ့တော့ အဆင်မပြေသေးဘူး။
“ဟို.... ဒီကမ္ပဏီက ဘယ်သူ့ဟာလဲ ရှင့်ဟာလား”
“ဘယ်သူ့ဟာလို့ထင်လဲ”
“ကျွန်မကမေးတာလေ ရှင်ကဘာလို့ ကျွန်မကိုပြန်မေးနေတာလဲ”
“အဟွန်း.... မင်းက ငစွာဘဲ”
“ဘာ!.... ”
လွန်း ဒေါသထွက်သွားကာ ဇိမ်းအား စိုက်ကြည့်လိုက်သည်။
“ကျွတ်..... ကျွန်မအလုပ်ထွက်မယ်”
“အဟက်..... ကလေးမ မင့်ကြည့်ရတာ သန့်ရှင်းရေးတောင် ကောင်းကောင်းမလုပ်နိုင်တာကို အလုပ်ထွက်ချင်သေးတယ်.... ထားပါအုံး အလုပ်ထွက်ပြီးရင် မင်းကဘာသွားလုပ်မှာလေ မင်းပုံစံနဲ့ ဘာမှလဲ လုပ်တက်မဲ့ပုံမပေါ်ပါဘူး”
“ဘာ! ဒီမှာ.... လွန်းဆိုတဲ့ ဆောင်းဝတီလွန်းကလေ.... ဈေးလဲရောင်းဖူးတယ် သူများအိမ်မှာလဲ အိမ်ဖော်လိုက်လုပ်ဖူးတယ် ခြံတွေမှာလဲ အပင်တွေ လိုက်ရှင်းဖူးတယ်.... နောက်ပြီး ယောင်္ကျားလေးတွေလုပ်တဲ့ ကားစပယ်ယာကအစ လွန်းလုပ်ဖူးတယ်.... အခုဆို ရှင်တို့ကမ္ပဏီမှာတောင် အလုပ်လုပ်ဖူးပြီးသွားပြီ.... ဒါကြောင့် လွန်းမဟုတ်ဖူးတဲ့အလုပ်ဆို မရှိဘူး အိုကေ... ”
“အဟွန်း..... ဒါပေမယ့်.... မင်းမလုပ်ဖူးတာ တစ်ခုရှိတယ်”
“ဘာလဲ”
“ငါ့မိန်းမ”
“ဘာ!...."
“အဟွန်း...."
“ရှင်.... တောက် သွားပြီ”
ဒေါသထွက်ကာ ထွက်သွားတော့မည့် သူမအား ဇိမ်းတားလိုက်သည်။
“နေအုံး”
“ဘာလုပ်တာလဲ လက်ကိုလွှတ်”
“ကိုယ်ပြောစရာရှိတယ်.... အခုမင်းနဲ့ကိုယ်နဲ့ တွေ့တာ နှစ်ခါရှိပြီနော်”
“အဲ့တော့"
“အဲ့တော့ နောက်တစ်ခါထပ်တွေ့ရင် မင်းကိုအလွှတ်မပေးတော့ဘူ”
“အဲ့တော့ကြောက်ရမှာလား...”
“ဘာ မင်း”
“ကျွတ် စိတ်ညစ်စရာတွေ"
လွန်း ဇိမ်းရဲ့လက်တွေအား ပုတ်ချလိုက်ပြီး တံခါးအား ဖွင့်လိုက်စဉ်
“အမေ့ရေ!.....”
တံခါးရဲ့တစ်ဖက်မှ ဝင်လာသည့်သူနှင့် တိုက်မိသွားတော့သည်။
“ဟင်.... ရလား မိန်းကလေး”
မြေပြင်ပေါ်သို့လဲကျသွားသည့် လွန်းအား ရာဇ လက်လှမ်းကာ မေးလိုက်သည်။
“ရတယ်"
လွန်း ခပ်ပြတ်ပြတ်ပြောလိုက်ပြီး သူ့အားလှမ်းလာတဲ့လက်ကို ပြန်ပုတ်ချကာ ထွက်လာလိုက်သည်။
“ဟ.... ဒီမိန်းကလေးက ဘာလဲဟ လက်တောင်ရှက်သွားတာဘဲ”
ရာဇ သူလှမ်းပေးလိုက်မိတဲ့ လက်လေးအား ပြန်ကြည့်ကာ ပြောနေလေသည်။
“ဘာကိစ်စလဲ ရာဇ”
“ဒီမှာလေ ငါ့အဖေ စာရွက်စာတမ်းတွေလာပို့ခိုင်းလို့”
“အင်း အဲ့မှာထားခဲ့လိုက်"
“ဒါဆိုငါသွားပြီ”
“အင်း....”
ဇိမ်း ရာဇထွက်သွားသည်နှင့် အခန်းတံခါးပေါက်နားသို့ လျှောက်လာလိုက်သည်။
“သမီး ဘယ်လိုလဲ bossကသမီးကို ဆူသေးလား”
“ဆူတော့မဆူပါဘူး ဒါပေမယ့်.... သမီးအလုပ်ထွက်လိုက်ပြီ”
“ဟင်....."
“ဒါကြောင့် နှုတ်ဆက်ပါတယ် အန်တီ”
“အေး အေးပါကွယ်”
“ဟုတ်”
သူမ ထိုအန်တီကြီးအား နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“ကောင်းတယ် ဒီလိုကမ္ပဏီမှာ အလုပ်မလုပ်ရလဲ ဘာမှမဖြစ်သွားဘူး ဟူးးးး အလုပ်အသစ်ပြန်ရှာရတော့မယ်”
လွန်းတစ်ယောက် နေပူကျဲကျဲ ပလတ်ဖောင်းပေါ်မှ ငိုင်တိငိုင်တိုင်ဖြင့် လျှောက်လာခဲ့လိုက်သည်။
ထိုအချိန် သူမတွေ့သည်က ဓာတ်တိုင်ပေါ်က အလုပ်ခေါ်လွှာတစ်စောင်ပင်။
သူမလဲ စိတ်ဝင်စားသည်နှင့်အနီးကပ်ကြည့်လိုက်တော့
“ခွေးထိန်းဖို့.... တစ်လငါးသိန်း"
သူမမျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
“ခွေးထိန်းတာလေးကို ငါးသိန်း.... ခွေးလေးကချစ်စရာလေးဘဲ"
Corgiအမျိုးအစားလေးမို့ သူမမြင်မြင်ချင်း ထိုခွေးလေးအား နှစ်သက်နေမိသည်။
“ပုပုလုံးလုံးလေး.... အဟီး...."
သူမ ထိုခွေးပုံကဲ့ အောက်ကစာတွေအား ပြန်ဖက်ကြည့်လိုက်သည်။
“ရေချိုးပေးရမယ် အစာကျွေးရမယ် သူနဲ့ကစားပေးရမယ် ..... အင်း ဒါတွေကပုံမှန်ဘဲကို....မှတ်ချက် သုံးလတိတိလုပ်နိုင်မှသာ ဆက်သွယ်ရန်..... တစ်လစာကြိုပေးမည် ဝိုး..... မိုက်တယ်ဟ လုပ်လိုက်ရမလား”
အလုပ်လက်မဲ့ဖြစ်နေရတာကလဲ တစ်ကြောင်း လစာလဲကြိုရမည်က တစ်ကြောင်းနှင့် သူမလုပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
လွန်း ထိုစာရွှက်လေးအား ဆွဲဖြုတ်လိုက်ပြီး စာရွှက်ပေါ်မှ ဖုန်းနံပါတ်အား ခေါ်ဖို့ လမ်းဘေးမုန့်ဆိုင်သို့ လာခဲ့လိုက်သည်။
“ဦးလေး ဖုန်းခေါ်လို့ရလား”
“ရတယ် သမီး”
“ဟုတ်”
သူမလဲ ဆိုင်ရှေ့စားပွဲပေါ်၌ တင်ထားသော ကြိုးဖုန်းလေး၌ ဖုန်းနံပါတ်လေးအား ရိုက်ထည့်ကာ ခေါ်လိုက်သည်။
ကလင် ကလင်.....
“ဟယ်လို.... ဘယ်သူပါလဲ"
“ဟယ်လို.... ဟို.... ခွေးထိန်းဖို့ အလုပ်ခေါ်စာတွေ့လို့ပါ”
“အော်..... ဟုတ်တယ် စိတ်ဝင်စားလို့လား”
“ဟုတ် စိတ်ဝင်စားပါတယ်”
“ဒါဆို ဒီနေ့ညနေ ၄နာရီလောက် အိမ်လာခဲ့ပါလား.... လိုအပ်တာလေးတွေကို ပြောပြရအောင်မို့ပါ”
“ဟုတ်.... လိပ်စာလေးတစ်ချက်လောက် ပြောပေးပါလား”
“ကောင်းပါပြီ..... အိမ်လိပ်စာက ......... ရပ်ကွက် .......... လမ်း အိမ်အမှတ်........ ပါ"
“ဟုတ်.... အဲ့ဒါဆို ဒီညနေလာခဲ့မယ်နော်”
“အင်း.... ဒါနဲ့.....”
“ဟုတ်”
“မှတ်ချက်ကိုကော ဖတ်ပြီးပြီလား”
“ဟုတ် ဖတ်ပြီးပါပြီ”
“ဒါဆိုလုပ်မှာ သေချာတယ်နော်"
“သေချာပါတယ် တစ်ကယ်လုပ်မှာပါ”
“ညနေပိုင်း အိမ်လာကြည့်မှ တစ်မျိုးမပြောင်းရဘူးနော်”
“စိတ်ချပါ မပြောင်းပါဘူး ဟို ဒါနဲ့.... တစ်လစာကြိုပေးမယ်ဆိုတာက တစ်ကယ်လားဟင်”
“တစ်ကယ်ပါ”
“ဟုတ် ဟုတ်"
“ဒါဆို ဖုန်းချပြီ”
“ဟုတ်”
ဟူးးးး
လွန်း ဖုန်းချပြီးမှာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရသည်။
“ခွေးတွေဆိုတာ ငါနဲ့တည့်ပါတယ်....”
သူမခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့် အိမ်သို့ တည့်တည့်မတ်ပြန်လာခဲ့လိုက်သည်။
ကလင် ကလင်.....
“ဟယ်လို”
“ဟယ်လို သခင်လေး”
“အင်း.... ဘာကိစ္စလဲ”
“သခင်လေးရှာခိုင်းထားတဲ့ ခွေးထိန်းပေးမယ့်သူ ပေါ်လာပါပြီ”
“ဘယ်လိုလူလဲ မိန်းကလေးလား ယောင်္ကျားလေးလား”
“ဖုန်းဆက်လာတာကတော့ မိန်းကလေးအသံပါ.... ဘယ်လိုလူလဲတော့ ကြီးညိုလဲ မသိဘူး”
“အင်း ဟုတ်ပြီ ညနေခေါ်ထားပြီမလား”
“ဟုတ် ခေါ်ထားပါပြီ”
“ဒါဆို ကောင်းပြီ ကျွန်တော် ညနေစောစောပြန်လာခဲ့မယ်”
“ဟုတ်”
ဇိမ်း ဖုန်းချလိုက်ပြီး ဖုန်းထဲရှိ သူ့ခွေးလေးတွေအား ကြည့်လိုက်သည်။
မင်းတို့ကို ထိန်းမယ့်သူတော့ ရောက်လာပြီ။
သူခွေးထိန်းလိုက်ရှာနေခဲ့တာ တစ်လတိတိရှိသွားခဲ့ပြီ။ လစာကြိုပေးမယ်ဆိုလဲ သူ့ခွေးတွေအားကြည့်ပြီး မည်သူမှမလုပ်ချင်ကြပေ။
“ဒီတစ်ခေါက်တော့ သေချာဆွဲထားမှ ဖြစ်မယ်”
#############
“ကိုယ့်ဟာကို ထွက်မှာလား ကျွန်မကိုယ်တိုင် အိမ်ပေါ်ကနေ နှင်ချရမှာလား”
“မလုပ်ပါနဲ့....ကျွန်မတောင်းပန်ပါတယ် သမီးလေးအလာကို စောင့်ပေးပါနော်”
“ဟာ.... အလာတွေဘာတွေမစောင့်နိုင်ဘူး ပိုက်ဆံမပေးနိုင်ရင်တော့ အခုချက်ချင်းဆင်း”
လွန်း အိမ်ရေီ့သို့ရောက်တော့ အိမ်ထဲမှ ဆူညံသံတွေကြောင့် သူမစိုးရိမ်သွားကာ အထဲသို့ အပြေးလေးဝင်လာခဲ့လိုက်သည်။
“ဒါကဘာဖြစ်နေတာလဲ”
“အော်.... ဒါရှင့်သမီးလား..... ရောက်လာပြီဆိုတော့လဲ ပြောစရာရှိတာပြောရတာပေါ့..... ငါကဒီအိမ်ကို မထားဆီက တစ်ဆင့်ပြန်ဝယ်လိုက်တဲ့သူပါ အခုအိမ်လခ နှစ်လစာမပေးနိုင်ရင် မင်းတို့ကို ဆက်မငှားနိုင်တော့ဘူ ဒါကြောင့် အခုချက်ချင်းအိမ်ပေါ်ကဆင်းပေးပါ”
“အခုချက်ချင်းကြီးဆင်းပေးလိုက်တော့ ကျွန်မတို့က ဘယ်မှာသွားနေရမှာလဲ”
“အဲ့ဒါမင်းတို့အပိုင်းလေ”
“အဲ့လိုမလုပ်ပါနဲ့.... ကျွန်မတို့မှာ နေစရာဆိုလို့ ဒီအိမ်လေးဘဲရှိတာ အမေကလဲ ကျန်းမာရေးကောင်းတာမဟုတ်ဘူး.... ရွှေ့ရပြောင်းရမလွယ်လို့ပါ”
“ငါအဲ့ဒါတွေမသိဘူး.... အခုချက်ချင်း ပိုက်ဆံပေးရင်ပေး မပေးနိုင်ရင်ထွက် ရှင်းရှင်းလေးဘဲ”
“ဒါဆို ဒီလိုလုပ်ပါလား”
“ဘာလဲ”
“ကျွန်မ ဒီညနေ လေးသောင်းချက်ချင်းပေးမယ်”
“လေးသောင်းမဟုတ်ဘူး ငါးသောင်း”
“ဘာ..... တစ်လနှစ်သောင်းလေ နှစ်လဆိုလေးသောင်းပေါ့”
“အဲ့ဒါ မထားတုန်းကဘဲ ရမယ် ငါ့ဆီမှာကတော့ တစ်လနှစ်သောင်းခွဲ နှစ်လဆိုငါးသောင်း”
လွန်းတစ်ယောက် ဒေါသများအလွန်ထွက်လာတော့သည်။ သို့ပေမယ့် သူမ ဘာမှမလုပ်နိုင်တာကြောင့် ခေါင်းငုံ့သာငြိမ်ခံနေလိုက်ရသည်။
“ဟုတ်ပြီလေ ငါးသောင်းဆိုငါးသောင်းပေါ့ ကျွန်မပေးပါမယ်.... ဒါပေမယ့် ဒီညနေလေးထိ စောင့်ပေးပါ”
“အိုကေလေ.... မနက်ဖြန်တော့မကူးစေနဲ့နော်”
“စိတ်ချ”
ထိုအချိန်မှ အိမ်ပိုင်ရှင်အသစ်လဲ အပြင်သို့ ထွက်သွားလိုက်တော့သည်။
ဟူးးးး
“သမီး"
“ရှင် အမေ”
“သမီး အဲ့ပိုက်ဆံကို ဘယ်လိုသွားရှာမှာလဲ”
“စိတ်ချပါအမေ.... သမီးဒီညနေ အလုပ်တစ်ခုပြောထားတာရှိတယ် အဲ့အလုပ်က အလုပ်မလုပ်ခင် တစ်လစာကြိုရမှာ”
“ဟင်.... အဲ့လိုအလုပ်လဲရှိသေးတာလား”
“ရှိတာပေါ့”
“ရှိတော့လဲ ကောင်းတာပေါ့ သမီးရယ်.... ဒါနဲ့ ဘာအလုပ်တဲ့လဲ”
“ခွေးထိန်းရမှာ အဲ့အိမ်ကခွေးကို အစာကျွေး ရေချိုးပေး ကစားပေးပေါ့”
“အော်....”
“ဒီညနေ လာခဲ့ဖို့ခေါ်ထားတယ်.... အဲ့ဒါ သွားရအုံးမှာ"
“အင်းအင်း.... ဒါနဲ့ သမီးကျောင်းပြန်တက်ဖို့ စိတ်မကူးတော့ဘူလား”
“မတက်တော့ပါဘူး အမေရယ်.... ဆယ်တန်းအောင်ထားပြီးပြီဘဲ ရပြီဘဲဟာကို"
“အမေ့သမီးကို ဘွဲ့လေးတော့ ယူခိုင်းစေချင်တယ်သမီးရယ်.... ပိုက်ဆံအတွက်ကို စိတ်မပူပါနဲ့ အမေအခု ကျန်းမာရေးက နည်းနည်းသက်သာလာပြီ ဒါကြောင့် အကြော်ပြန်ရောင်းရင် သမီးကိုကျောင်းပြန်ထားလို့ရပါတယ်”
“ဟာ.... အမေကလဲ အဲ့အလုပ်တွေကို အမေ့ကိုမလုပ်ခိုင်းစချေင်လို့မှ ကျောင်းတောင်မတက်ပါဘူးဆို.... အခုတော့ ပြန်လုပ်မလို့တဲ့လား”
“သမီးအတွက်ပါ”
“သမီးအတွက် မလိုပါဘူး အမေရဲ့.... အမေသာ ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ချမ်းသာအောင် နေပါနော်”
“အင်းပါ သမီးရယ်”
သားအမိနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားလိုက်ကြသည်။
ဒီလိုနဲ့ ညနေ၄နာရီသို့ ရောက်ရှိလာခဲ့သည်။
“သမီးသွားပြီနော် အမေ”
“အေးအေး.... ဖြည်းဖြည်းသွားနော်”
“ဟုတ်”
သူမ လက်ကောက်ဝတ်နားလေး၌ ရေးထားတဲ့ အိမ်လိပ်စာအတိုင်း လမ်းလျှောက်လာခဲ့လိုက်သည်။
“ဒီလမ်းဘဲ”
လမ်းမထက်၌ ရှင်းလင်းကာ ခြံရှေ့တွေ၌ အဆင့်မြင့် ကားတွေမှာ တစ်စီးပြီးတစ်စီး ရပ်ထားကြသည်။
“ဒါရိုးရိုးရပ်ကွက်တော့ မဟုတ်လောက်ဘူး”
သူမပြောသည့်အတိုင်း ထိုရပ်ကွက် စိတ်ငြိမ်ပြီး လူချမ်းသာအများစုသာ နေထိုင်ကြသည့်ရပ်ကွက်ပေ။
“ဝိုး.... အိမ်တွေကလဲ ရှယ်ဘဲ”
အင်ဂျီနီယာတွေနှင့် သေချာတိုင်ပင်ကာ ဆောက်လုပ်ထားသည့် ထိုအိမ်ကြီးတွေအား ငေးကြည့်ကာ သူမလျှောက်လာခဲ့လိုက်သည်။
“တွေ့ပြီ.... ဒီအိမ်ဘဲဖြစ်လောက်မယ်”
တိုက်အရောင်ဆန်းဆန်းနှင့် ခြံအကျယ်ကြီး အရှေ့၌ သူမရပ်လိုက်သည်။
“လှလိုက်တာ”
မီးခိုးရောင်နှင့်အနက်ရောင်ကို သေချာစပ်ကာ သုတ်ထားတဲ့ ထိုတိုက်ကြီးဟာ လှရက်လွန်းတာကြောင့် သူမမှာ အချိန်တော်တော်ကြာ ငေးမိနေခဲ့သည်။
“ဟိတ် ကလေးမ ဘာကိစ္စလဲ”
ထိုအချိန် ခြံကြီးထဲမှ အန်တီကြီးတစ်ယောက် ရောက်လာကာ သူမအား မေးလိုက်သည်။
“ဟမ်.... ရှန်.... ဟို ခွေးထိန်းဖို့ ခေါ်ထားတဲ့သူပါ”
“အော်..... လာလာ သမီး”
“ဟုတ်”
သူမလဲ ခြံထဲသို့ ကုပ်ကုပ်လေးဝင်လာခဲ့လိုက်သည်။
“ဒီမှာ ခဏထိုင်နေအုံးနော် အိမ်ပိုင်ရှင်ကို ခေါ်ခဲ့ပေးမယ်”
“ဟုတ်”
သူတို့ရဲ့အိမ်တစ်အိမ်စာလောက်ရှိတဲ့ ဧည့်ခန်းကြီး၌ သူမကြောက်ကြောက်ဖြင့် ထိုင်နေလိုက်သည်။
“ဒေါက် ဒေါက်”
“သခင်လေး ခွေးထိန်းမယ်ဆိုတဲ့သူ ရောက်ပါပြီ”
“အင်း.... ဆင်းလာခဲ့မယ်”
“ဟုတ်”
ဇိမ်း အိပ်ရာပေါ်၌ မှေးနေရာမှ ထလိုက်ပြီး အောက်သို့ ဆင်းလာခဲ့လိုက်သည်။
“ဒီမှာပါ”
လွန်း တစ်ဖက်သို့လှည့်ကာ ပြုံးပြလိုက်ချိန်
“ဟင်.... ဒီလူ”
“မင်း...."
လွန်း ဇိမ်းကို မ့င်လိုက်သည်နှင့် ချက်ချင်းဆိုသလို အပြုံးများက ပျောက်ကွယ်သွားကာ နားထဲသို့ ဇိမ်းရဲ့စကားအချို့အား ကြားယောင်လာသည်။
မင်းကိုနောက်တစ်ခါတွေ့ရင် အလွှတ်မပေးတော့ဘူ။
ဟင်.... ငါ့ကိုဖမ်းထားတော့မှာလား ဘယ်လိုလုပ်ရမလဲ။
“မင်းဒီမှာ အလုပ်လုပ်မှာသေချာလား”
ဒုက္ခဘဲ ဘယ်လိုပြန်ဖြေရမှာလဲ အိမ်လခကလဲရှိသေးတယ် ကျွတ်..... ဘယ်လိုနေနေကွာ မလုပ်ရင်မဖြစ်တော့ဘူ ။
“ဟို.... သေချာတယ်”
“အိုကေလေ.... ဒါဆို အိမ်အနောက်လိုက်ခဲ့ မင်းထိန်းရမယ့် ခွေးလေးတွေလိုက်ပြပေးမယ်”
“ဟုတ်”
သူမ ဇိမ်းအနောက်သို့ ကုပ်ကုပ်လေးဖြင့်ညလိုက်သွားလိုက်သည်။
အိမ်အနောက်လဲရောက်ရော
“ဟင်....”
“ဝုတ် ဝုတ်....."
“ရှူး..... တိတ်တိတ်နေကြ ဒါမင်းတို့ကိုထိန်းပေးမယ့်သူလေ.... ကောင်းကောင်းကြိုဆိုရမှာပေါ့”
ဇိမ်းရဲ့အပြောလဲပြီးရော ခွေးလေးကောင်မှာ သူမအား ဟောင်နေရာမှ ရပ်သွားတော့သည်။
“သူတို့ဘာအမျိုးလဲဆိုတာတော့ မင်းသိမှာပါ”
“မသိဘူး...."
“ဒုက္ခဘဲ..... ဒီဘက် နှစ်ကောင်က Alsatianမျိုး.... သူ့သခင်ကလွှဲလို့ ကျန်တဲ့သူကသူ့ရန်သူဘဲ”
“ဟင် ဒါဆို...."
“စိတ်မပူပါနဲ့ ရင်နှီးအောင် လုပ်ပေးမှာပါ.... ဒီဘက်ကတစ်ကောင်ကတော့ Huskyမျိုး သူကတော့ ဟိုကောင်တွေလောက် မဆိုးဘူး ယဉ်တယ်..... ဒီသေးသေးလေးကတော့Corgiမျိုး ကိုယ့်အချစ်ဆုံးမို့ သူ့ကိုတော့ ပိုပြီးမှဂရုစိုက်ပေး.... သူ့နာမည်က Harry ဟိုနှစ်ကောင်နာမည်က Rubyနဲ့ Holly ဟိုတစ်ကောင်က Max”
“အော်.... အင်း ဟို.... နာမည်တွေက ခက်တယ်နော်”
“ကိုယ်ပေးထားတာမဟုတ်ဘူး.... သူတို့ကိုဝယ်ခဲ့ကတည်းက နာမည်တွေက ပေးပြီးသား”
“အော်.....”
“ဟိတ်ကောင်တွေ.... မင်းတို့ အမေရပြီနော် နောက်ဆို အဖေ့ကို ခဏခဏမျှော်မနေနဲ့တော့”
“ဝုတ်ဝုတ်...."
“အဟွန်း...."
လွန်းတစ်ယောက် ဇိမ်းအပြောအား နားမလည်စွာဖြင့်ရပ်ကြည့်နေမိသည်။
“သူတို့ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ခဏနေ လာသင်ပြလိမ့်မယ်”
“ဟုတ်”
“အခုလောလောဆယ်တော့ မင်းကို သူတို့နဲ့ ရင်းနှီးအောင်လုပ်ပေးမယ်”
“အွန်း....”
ဇိမ်း ပထမဆုံး သူ့အချစ်ဆုံးဖြစ်တဲ့ Maxဆိုသည့် အဖြူအညိုစပ် ခွေးလေးအား ခေါ်လိုက်သည်။
“Maxရေ လာလာ”
ဇိမ်း ခေါ်လိုက်သည်နှင့် ထိုခွေးလေးမှာ အမှီးလှုပ်တုပ်လှုပ်တုပ်နှင့် ထွက်လာခဲ့သည်။
“လာခဲ့.... ဒါမင်းရဲ့အမေနော် မှတ်ထား ဆောင်းဝတီလွန်းတဲ့”
ထိုခွေးလေးမှာ လွန်းအားစိုက်ကြည့်နေသည်။
“အဟွန်း....”
“ကိုင်လေ”
“ဟမ်.... ကိုင်ရမှာလား”
“ကိုင်ကြည့်ရမှာပေါ့ ဒါမှမင်းကို ဟောင်လားမဟောင်လားသိမှာ”
လွန်းလဲ ဇိမ်းအပြောကြောင့် ထိုခွေးလေးအား သူ့ခေါင်းလေးသို့ ဖွဖွလေးကိုင်ကြည့်လိုက်သည်။
“အဟွန်း.... မဟောင်ဘူးဘဲ”
ဇိမ်း တစ်ချက်ပြုံးလိုက်ပြီး နောက်တစ်ကောင်အား လှောင်အိမ်ထဲမှ ထုတ်လိုက်သည်။
ဒီတစ်ခါတော့ ထိုခွေးလေးမှာ အပြင်ဘက်ရောက်သည်နှင့် လွန်းအား အားရပါးရဟောင်ပစ်တော့သည်။
“ဝုတ် ဝုတ် ဝုတ်...."
“တိတ်စမ်း"
ထိုခွေးတွေကို ဘယ်လိုထိန်းထားသလဲတော့မသိပါ။ ထိုခွေးတွေမှာ ဇိမ်းတစ်ချက်အော်လိုက်သည်နှင့် ဆက်မဟောင်ရဲကြတော့ပေ။
“သူလဲ ခေါင်းကိုဖွဖွလေးပွတ်ကြည့်”
ဒီတစ်ခါမှာတော့ လွန်းထိုခွေးအား မကိုင်ရဲပေ။ ခွေးက သူ့ခေါင်းလောက်ထိ ရှိတာမို့ သူမကိုင်ရမှာ ကြောက်နေမိသည်။
“မကြောက်နဲ့ ဒီလိုလုပ်မှ သူတို့နဲ့ မင်းနဲ့ခင်မှာ”
ဇိမ်းအပြောကြောင့် သူမလဲ ကြောက်စိတ်တွေကိုဖယ်ကာ ကိုင်ကြည့်လိုက်သည်။
“ဟင်.... မဟောင်ဘူးတော့”
“အဟွန်း.... သူတို့က မင်းကိုနှစ်သက်တယ်နဲ့တူတယ်”
ဒီလိုနဲ့ နောက်ထပ်ခွေးနှစ်ကောင်ကိုလဲ ထိုနည်းအတိုင်း ရင်းနှီးအောင် လုပ်ပေးလိုက်သည်။ သို့ပေမယ့် အနည်းငယ်စိမ်းနေသေးတာကြောင့် အစားအစာနှင့် ပိုရင်းနှီးအောင် လုပ်လိုက်ရသေးသည်။
“အဲ့တော့ ခွေးတွေနဲ့လဲ ရင်းနှီးပြီဆိုတော့ ပြန်လို့ရပြီပေါ့နော်”
“အွန်း....”
“ဟို.... ဒါနဲ့ တစ်လစာကြိုပေးမှာဆို”
“ပေးမှာပါ”
ဇိမ်း သူ့ခါးကြားထဲက ပိုက်ဆံအိတ်လေးအား ထုတ်လိုက်ပြီး တစ်သောင်းတန်အုပ် ငါးအုပ်အား သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဟင်...."
သူမမှာတော့ ပိုက်ဆံအအုပ်လိုက်ကို မကိုင်ဖူး၍ ငေးကာကြည့်နေမိသည်။
“အလုပ်ကိုသေချာလုပ်နော်”
“အင်းပါ....”
“တစ်ဝက်တစ်ပြက်နဲ့ ထွက်လို့မရဘူးဆိုတာလဲ ဦးနှောက်ထဲထည့်တာအုံး”
“အင်း....”
“ကိုယ်မနက်ပြောတဲ့စကားလဲ မမေ့နဲ့အုံး”
“ဘာလဲ....အလွှတ်မပေးဘူးဆိုတာလား.... ဒီမှာ အလွှတ်မပေးဘူးလို့ ပြောရအောင်လေ ကျွန်မက ဦးလေးကြီးရဲ့သမီး မဟုတ်ဘူး”
“အဟက်.... ကိုယ်ကလဲ မင်းကို ကိုယ့်သမီးမလုပ်ခိုင်းပါဘူး.... မိန်းမလောက်ဆိုတော်သေးပေါ့ မဟုတ်လား”
“ဘာ!....”
“အဟွန်း....”
“တောက်.... ဘယ်လိုလူလဲမသိဘူး အသက်ကမြင့် သင်္ချိုင်းကုန်းတစ်ဖက်လှမ်းနေပြီ အခုချိန်ထိ စကားပြောကမရင့်ကျက်ဘူး”
“ဘာ ဘာ ဘာ ကိုယ့်ကို ဘယ်လိုပြောလိုက်တယ် အသက်ကမြင့် သင်္ချိုင်းကုန်းတစ်ဖက်လှမ်းနေပြီ ဟုတ်လား”
“ဟို.... အဲ့လိုသဘောမျိုး မဟုတ်ပါဘူး”
“အဲ့အသက် သင်္ချိုင်းကုန်းလှမ်းတော့မယ့်သူက မင်းကိုရအောင်ယူမှာနော် ဆောင်းဝတီလွန်း”
“ဘာရယ်.... အဲ့မှာ အိမ်မက်မက်နေလိုက်လေ... အလကားဘိုးတော် မိန်းကလေးတိုင်းကို လိုက်ကစားချင်နေတာ”
“အဟွန်း.... ကိုယ်ကမိန်းကလေးတွေကို ကစားဘဲကစားတာ ရအောင်ယူမယ်လို့ပြောဖူးတာ မင်းပထမဆုံးဘဲ”
“အဲ့တော့ လွန်းက ဝမ်းသာပေးရမှာလား”
“ဒါပေါ့”
“ဆုတောင်းလေ.... စိတ်ပျက်တယ် ဘယ်လိုလူနဲ့ လာတွေ့နေလဲ မသိဘူး.... ကိစ္စပြီးပြီဆိုတော့ သွားပြီ”
“အဟွန်း.... ကိုယ့်နာမည်က ဇိမ်းမြတ်သခင်နော် နောက်ဆို ဒီလူတွေ ဦးလေးတွေ ဦးလေးကြီးတွေ ရှောက်ခေါ်မနေနဲ့”
လွန်းကတော့ ဇိမ်းအား မျက်စောင်းလေးတစ်ချက်ထိုးလိုက်ပြီး ထွက်လာလိုက်တော့သည်။
“နာမည်ကိုက အထက်စီးဆန်ဆန် ဇိမ်းမြတ်သခင်တဲ့လား အဲ့တော့ ငါကသူအိမ်ကလူတွေ ခေါ်သလို သခင်လေးဇိမ်းမြတ်သခင်လို့ လိုက်ခေါ်ရမှာကြနေတာဘဲ အလကားဘိုးတော်”
လွန်းကတော့ ပွစိပွစိနှင့် ခြံကြီးထဲမှထွက်လာလိုက်တော့သည်။
“အဟွန်း.... မင်းနဲ့ကိုယ်နဲ့က ရေစက်ရှိလို့ ထင်တယ် ဒါနဲ့ဆို သုံးခါရှိနေပြီ.... ဒီတစ်ခါတော့ မင်းကိုအလွှတ်မပေးတော့ဘူ ဆောင်း ဝ တီ လွန်း”
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰