❦︎လွန်းကဇိမ်းအပိုင်❦︎
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
ကျွီ.....
“သခင်လေးရောက်လာပြီ....”
အတွင်းရေးမှူး ထက်မြတ်ပိုင်အပြောကြောင့် ဟိုတယ်ဝန်ထမ်းများအားလုံး အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဝတ်လိုက်ကြပြီး တံခါးဝ၌ တန်းစီကာ ဇိမ်းအားအသင့်စောင့်နေလိုက်ကြသည်။ တစ်ခြားဝန်ထမ်းတွေအတွက်တော့ ဇိမ်းဟာ သူတို့ရဲ့ bossဖြစ်ပေမယ့် ထက်ပိုင်အတွက်တော့ ဇိမ်းဟာ သူ့သခင်ပင်။ အတွင်းရေးမှူးထက်မြတ်ပိုင် ဇိမ်းရဲ့ကားတံခါးအား ဖွင့်လိုက်ပြီး အနောက်မှ ဒီနေ့ရဲ့ အချိန်ဇယားများကို တင်ပြနေသည်။
“မောနင်းပါ သခင်လေး”
“အင်း...."
“ဒီညကော ဘယ်barသွားမှာလဲ”
“ထုံးစမ်းအတိုင်းပေါ့”
ဇိမ်းသွားနေကြ barကတော့ သူကိုယ်တိုင်ဖွင့်ထားတဲ့ Zameဆိုသည့် barပင်။
“meetingမှာလူစုံပြီလား”
“ဟုတ် စုံပါပြီ သခင်လေးတစ်ယောက်ဘဲ ကျန်ပါတော့တယ်”
“အင်း ဒီညနေ ကားဂိတ်ဘက်လူရှင်းထား ပစ္စည်းဝင်မှာ”
“ဟုတ်.... ကျွန်တော်လူလွှတ်ထားလိုက်ပါမယ်”
“အင်း"
ဇိမ်းဆိုတာ BS ခေါ် Bright Star groupရဲ့ CEOဟုလူသိများသော်လည်း သူရဲ့နောက်ကွယ်က ဥပဒေနှင့်မလွှတ်တဲ့ လုပ်ငန်းတစ်ချို့ကို လုပ်ကိုင်နေမှန်း မည်သူမှမသိပေ။
“မင်္ဂလာပါ boss”
“မင်္ဂလာပါ boss”
ဇိမ်း ဟိုတယ်ထဲသို့ ဝင်လာသည်နှင့် ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းက ခေါင်းငုံ့ကာ သူ့အားနှုတ်ဆက်နေကြသည်။
“အင်း"
ဇိမ်းကတော့ ဝန်ထမ်းတွေရဲ့ နှုတ်ဆက်မှုကို အင်း ဟုတစ်လုံးတည်းနှင့်သာ ပြန်ပြောလိုက်ပြီး အပေါ်သို့တက်လာခဲ့တော့သည်။
ဇိမ်းဆိုတာ တစ်ခါတစ်လေတော့လဲ သွေးအေးတာ နှစ်ယောက်ပင်မရှိပေ။
“ဟိုတယ်ဘက်မှာ ဘာလိုလဲ”
“သန့်ရှင်းရေးဝန်ထမ်းတွေ လိုနေပါတယ် ဟိုတစ်လောက ဝန်ထမ်းနှစ်ယောက် အလုပ်ထွက်တာကြောင့်ပါ”
“အင်း ဒါဆို ဒီတစ်ပတ်အတွင်း သန့်ရှင်းရေးဝန်ထမ်းနှစ်ယောက်ရှာလိုက်”
“ဟုတ်”
“လစာကို တစ်လနှစ်သိန်းပေးလိုက်”
“ဟုတ်”
ဇိမ်း အစည်းအဝေးအခန်းရှေ့သို့ ရောက်နေပြီဖြစ်တာကြောင့် ထက်ပိုင်နှင့် စကားအပြောအား အဆုံးသတ်လိုက်ပြီး အထဲသို့ဝင်လာခဲ့လိုက်သည်။
ဇိမ်းအစည်းဝေးအခန်းထဲသို့ဝင်လာသည်နှင့် အထဲရှိလူများက မတ်တပ်ရပ်လိုက်ကြသည်။
“ရပါတယ် ထိုင်ကြပါ”
အခန်းထဲရှိလူများအား ထိုင်ခိုင်းစေလိုက်ပြီး သူကိုယ်တိုင်လဲ အစည်းဝေးစားပွဲ၏ထိပ်ဆုံး၌ ထိုင်လိုက်သည်။
“အားလုံးကို စောင့်ခိုင်းစေလိုက်ဪတဲ့အတွက် တောင်းပန်ပါတယ်”
“လူလဲစုံပြီဆိုတော့ စကြတာပေါ့”
ဒီလိုနဲ့ အစည်းဝေးကို စတင်လိုက်ကြသည်။
“အမေရေ.... လွန်းပြန်ရောက်ပြီ”
“ကြာလိုက်တာကွယ် သမီးရယ်....”
ခေါက်ဆွဲဆိုင်သို့ နောက်တစ်ခါပြန်သွားဝယ်နေရသ၍ သူမမှာ အိမ်ပြန်နောက်ကျနေလေသည်။
“ဟုတ်တယ်.... ခေါက်ဆွဲဆိုင်မှာ လူများနေလို့လေ”
လွန်း သူမအမေ စိတ်ပူမည်စိုး၍ လူများနေသည်ဟုသာ ပြောလိုက်ရသည်။
“အော်....."
“လာ.... ဒါဆိုစားစို့လေ သမီးပြင်ပေးမယ်”
”အင်းအင်း”
သူမ ပန်းကန်လေးထဲသို့ ခေါက်ဆွဲကြော်လေးတွေအားထည့်လိုက်သည်။
“ဒီမှာ စားလို့ရပါပြီ”
“သမီးကော....”
“သမီးက စားခဲ့ပြီ”
“ဟုတ်လို့လား အမေ့ကိုအမှန်ပြောနော်”
“တစ်ကယ်.... ဆိုင်မှာစောင့်ရတာကြာနေတာနဲ့ တစ်ပွဲထိုင်စားခဲ့တာ”
တစ်ခုခုစားခဲ့တာတော့ ဟုတ်ပါသည်။ သို့ပေမယ့် ခေါက်ဆွဲကြော်တော့မဟုတ်ဘဲ တစ်ရာတန်ပေါင်မုန့်နှစ်လုံးကို ရေနွေးကြမ်းနှင့်မော့သောက်ခဲ့သည်။
“အွန်းပါ.... စားခဲ့ပြီဆိုလဲ ထပ်စားလိုက်အုံး အမေတစ်ယောက်ထဲမကုန်ပြီ”
“ဒါဆို အမေဝအောင်အရင်စားလိုက်နော် သမီးပြီးမှစားလိုက်မယ်”
“ဟုတ်ပါပြီ”
“အဟွန်း.....”
လွန်းမိခင်ဖြစ်သူအား တစ်ချက်ပြုံးပြလိုက်သည်။
“အော် မေ့နေတာ သမီးသွားစရာရှိသေးတယ်....”
“ဘယ်တုန်း သမီးရဲ့”
“ဒေါ်ထားပေါ့ သူ့အကြွေးတွေကြေဖို့အတွက် သူအလုပ်ရှာပေးထားတယ်တဲ့ အဲ့ဒါ ဒီနေ့နေ့လယ်လာခဲ့ဆိုလို့....”
“အော်.....”
“ဒါဆို သမီးသွားအုံးမယ်.... အမေ ခေါက်ဆွဲကြော်တွေ မကုန်ရင် အုပ်စောင်းအောက်မှာ ချန်ထားလိုက်နော်....”
“အင်းအင်း”
“ဒါဆို သမီးသွားပြီ.... နည်းနည်းနောက်ကျမယ်နော် တာ့တာ”
လွန်း မိခင်ဖြစ်သူအား တာ့တာပြကာ နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့တော့သည်။
လွန်း လမ်းထိပ်က အကြွေးရှင် ဒေါ်ထားအိမ်သို့ တည့်တည့်မတ်လျှောက်လာလိုက်သည်။
“အန်တီထား....”
“ဟေ ဘယ်သူလဲ”
“လွန်းပါ”
“ရောက်လာပြီကို.... လာ အထဲဝင်အုံး”
“တော်ပါပြီ မဝင်တော့ဘူ.... ဘယ်မှာဘာအလုပ်လုပ်ရမှာလဲ ပြော”
“ခဏကမှ ငါ့တူဖုန်းဆက်လာတာ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာ သန့်ရှင်းရေးဝန်ထမ်းလိုလိုတဲ့..... အဲ့ဒါ ညည်းလုပ်ချင်လားလို့”
”လစာကဘယ်လောက်တဲ့လဲ”
“တစ်လနှစ်သိန်းတဲ့”
“ဟင်.....”
တစ်လနှစ်သိန်းဆိုသည်နှင့် သူမမျက်လုံးများ ပြူကျယ်သွားတော့သည်။ သူလုပ်ခဲ့သမျှ အလုပ်တွေထဲမှာ ဒီအလုပ်ကပိုက်ဆံအများဆုံးပင်။
“ဘယ်လိုလဲ လုပ်မှာလား”
“အင်းအင်း.... လုပ်မယ် လုပ်မယ်”
“ဒါဆို ငါ့တူကိုဖုန်းဆက်လိုက်တော့မယ်.....”
“ဟုတ်ဟုတ် ထက်မြတ်ပိုင်ကိုပြောပေးပါအုံး ကျေးဇူးပါလို့”
“ဘာထက်မြတ်ပိုင်လဲ ငါ့တူကညည်းထက် အသက်ကြီးတယ်နော်”
“အွန်းပါ.... သိပါတယ်....”
“အဟင်း..... ညည်းကိုတော့ မပြောချင်ဘူး”
“ဒါဆို အလုပ်လုပ်ရမယ့်အချိန်ကြရင် လွန်းကိုလာပြောလိုက်နော်”
“အင်း....”
“ဒါဆိုလွန်းသွားပြီ.... ကျေးဇူးပါ အန်တီထား”
“မလိုဘူး”
“အဟွန်း...."
ဒေါ်ထားဆိုတာ လွန်းအတွက် တစ်ခါတစ်ရံတော့ အမုန်းဆုံးလူသားဖြစ်နေပေမယ့် တစ်ခါတစ်ရံတော့လဲ မိခင်တစ်ယောက်လိုပင် သူမအား မသိမသာ ဂရုစိုက်တက်သည်။
“ဟူးးးး ဒီနေ့တော့ ဘာလုပ်ရမလဲ”
အလုပ်အတည်တကျမရှိတဲ့ သူမက နေ့တိုင်းလိုလို မြို့ထဲ လျှောက်ပတ်နေရပြီး ကြုံရာအလုပ်လေးတွေကို လိုက်လုပ်နေရသည်။
“ကျွတ်.... နေကလဲပူလိုက်တာ”
သူမ မြို့ထဲလျှောက်သွားနေရင်း ဧပြီလရဲ့ နေပူရှိန်အား သူမမခံနိုင်တော့ကာ လမ်းထိပ်ရှိ ကုက္ကိုလ်ပင်အောက်သို့ ဝင်နားရန်ပြင်လိုက်သည်။
သို့ပေမယ့် ကံတရားက သူမအား နားဖို့ခွင့်မပြုပါ။ ထိုကုက္ကိုလ်ပင်အောက်၌ ကားတစ်စီးရပ်ထားတာကို သူမတွေ့လိုက်သည်။
“ကျွတ်..... ဒါမှဒုက္ခဘဲ”
ဒီဘက်လမ်းက လူပြတ်လို့မှ သူမ အေးအေးဆေးဆေးနားလို့ရအောင် တစ်ခြားလမ်းက အပင်တွေဆီ မသွားခဲ့ဘဲ ဒီအပင်အောက်မှ လာခဲ့ရပါသည်ဆိုမှ အခုတော့။
လွန်းအရှေ့မှကားအား တစ်ချက်ကြည့်လိုက်သည်။
ထိုကားက သူမအတွက် အတော်ထူးဆန်းလွန်းနေတာကြောင့် သူမကားနားသို့ လျှောက်လာခဲ့လိုက်သည်။
သူမစိတ်ထင်တော့ ကားပျက်သွားလို့ အကူအညီတောင်းဖို့ ကားကိုရပ်ထားသည်ဟု တွေးကာ လာခဲ့ခြင်းပေ။ သို့ပေမယ့် ကားနားလေးရောက်မှ သူမသိလိုက်တာက ကားကပျက်နေတာမဟုတ်ဘဲ ကားထဲမှ လူနှစ်ယောက် အပြန်အလှန်နမ်းနေကြသည်ကိုပင်။
“ဟင်”
ဇာတ်ကားထဲ၌ မင်းသားနဲ့မင်းသမီးနမ်းသည့်အခန်းတွေကိုသာ ကြည့်ဖူးသည့်သူမက အခုလို အပြင်မှာ တစ်ကယ်နမ်းနေကြသည်ကို မြင်လိုက်ရသည့်အတွက် သူမအတော်လေးကိုလန့်သွားရသည်။
ထိုကားနားမှ ထွက်လာဖို့အပြင် ကားတံခါးဖွင့်သံကို သူမကြားလိုက်ရသည်။
“ဟင်.... ဒုက္ခဘဲ”
သူမလဲ ပုန်းစရာနေရာမရှိတာနှင့် ကားအနောက်၌ ခဏကွယ်ကာပုန်းနေလိုက်သည်။
“ဟယ်လို ဘယ်သူလဲ”
ကျယ်လောင်စူးရှတဲ့အသံကြောင့် လွန်းကိုယ်လေး ဆက်ခနဲဖြစ်ကာ တုန်သွားသည်။
“အော်..... baeလား ပြောလေ bae”
“ဟင်....”
ခဏက ဒေါသသံနှင့်ပြောနေသည့်ထိုလူက ချက်ချင်းဆိုသလို လေသံကိုလျော့လိုက်ပြီး bae ဟုဆိုလိုက်သည်။
“ကိုယ်တို့ညကြရင် ဆုံနေကြ barမှာတွေ့မယ်လေ နော်”
“........”
“ဟုတ်ပါပြီ ဒါဆို bye”
“........”
“ချစ်တာပေါ့ baeကလဲ”
“အဟွန်း.....”
ထိုလူဖုန်းချပြီးသည်နှင့် ကားထဲသို့ ဝင်ဖို့အပြင် လေလှနှ်နှစ်ဖက်နှင်းချင်တဲ့ ထိုလူအား လွန်းအမိအရ သေချာကြည့်လိုက်သည်။
“ဟင်.... ဒီလူ”
မနက်က သူမနဲ့ကားတိုက်မလို ဖြစ်သွားတဲ့သူ။
“ဒါကြောင့်ကို... စကားပြောတာကိုက ချို..... နေတာဘဲ..... နာဘူးကောင်ကြီး ကားထဲကမိန်းကလေးကိုတောင် နမ်းလို့မပြီးသေးဘူး ညကြရင် နောက်တစ်ယောက်နဲ့ ပြန်ဆုံအုံးမှာတဲ့လား..... ဒါကြောင့် ယောင်္ကျားဆို ဘယ်ယောင်္ကျားမှကို မကောင်းတာ”
လွန်းတစ်ယောက် အဖေဖြစ်သူ နောက်မိန်းမယူသွားသည်နှင့် ယောင်္ကျားဆို ဘယ်ယောင်္ကျားကိုမှ အထင်မကြီးတော့ပါ။ အခုလိုတွေ့လိုက်ရတော့ ပိုဆိုးပင်။
“သန့်သန့်ပြန့်ပြန့်နဲ့ဆိုတော့ လူကောင်းမှန်းထင်နေတာ.... တစ်ကယ်တော့ နာဘူးကောင်ဘဲ”
လွန်းတစ်ယောက် ကိုယ့်ဟာကို မှတ်ချက်ချရင်းဖြင့် ကားနားလေးမှ တိတ်တစ်စိတ်ထွက်လာလိုက်တော့သည်။
“ဟူးးးးး လူဆိုတာလဲ အမျိုးမျိုးဘဲကို”
###############
ကလင် ကလင်....
“ဟယ်လို”
“ဟယ်လို သခင်လေး”
“ဘာလဲ”
“သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကိုတော့ ရပါပြီ.... အဲ့ဒါ မနက်ဖြန်ဆိုတာနဲ့ အလုပ်တန်းဆင်းခိုင်းရလိုက်မလား”
“အင်း ဆင်းခိုင်းလိုက်”
“ဟုတ်”
“နောက်ဆို ဒီလိုကိစ္စသေးသေးလေးတွေကို ငါ့ကိုလာမမနဲ့ မင်းဟာမင်းလုပ်လိုက် ကြားလား”
“ဟုတ်”
“ဒါဆိုဖုန်းချပြီ”
“ဟုတ်”
တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ထက်ပိုင် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
“ဟူးးးး”
ကလင် ကလင်.....
ထိုင်ဖို့အလုပ် ဖုန်းသံကြောင့် ထက်ပိုင် ဖုန်းအားပြန်ကိုင်လိုက်ရသည်။
“ဟယ်လို”
“ထက်ပိုင်”
“ဟုတ် သခင်လေး”
“ဟိုတယ်အတွက် သန့်ရှင်းရေးဝန်းထမ်း ဘယ်နှစ်ယောက်ရပြီလဲ”
“တစ်ယောက်ပါ သခင်လေး”
“ဒါဆို အဲ့တစ်ယောက်ကို မနက်ဖြန် ကမ္ပဏီဘက်လွှတ်လိုက် ဒီဘက်က သန့်ရှင်းရေးဝန်ထမ်းလိုနေလို့”
“ဟုတ်”
“နောက်တစ်ယောက်ကိုတော့ ဟိုတယ်ဘက်မှာဘဲထားလိုက် ကြားလား”
“ဟုတ် သခင်လေး”
“ဒါဆိုငါဖုန်းချပြီ”
“ဟုတ်”
ဒီတစ်ခါတော့ ထက်ပိုင် ထိုင်ခုံပေါ်၌ ဇိမ်ပြေနပြေထိုင်ချလိုက်တော့သည်။
ဟူးးးးး
5:30 PM
“ငါးနာရီတောင်ခွဲပြီ.... ဒီနေ့တော့ ဘာမှလဲ မလုပ်ခဲ့ရဘူး”
လွန်း အိမ်ရှေ့ ကုလားထိုင်လေးပေါ်၌ ထိုင်ကာ ပြောနေလေသည်။
“လွန်းရေ.... ဆောင်းဝတီလွန်း”
“ကျွတ်..... ဒီကောင်ကတော့လေ ငါ့နာမည်ကို တစ်ရပ်ကွက်လုံးကြားအောင် အော်ခေါ်နေပြန်ပြီ”
အိမ်ထဲမရောက်ခင် အိမ်အပြင်ကတည်းက လွန်းနာမည်အား အကျယ်ကြီး အော်ခေါ်တက်တာဆိုလို့ ဒေါ်ထားရဲ့တူတော်မောင် ထက်မြတ်ပိုင်ပင်။
“ဘာကိစ်စလဲ”
“အော်.... နင်ကဒီမှာကို”
“စကားများမနေနဲ့ ဘာကိစ္စလဲ”
“လွန်းနော် ငါကနင့်ထက်ငါးနှစ်တောင်ကြီးတယ်”
“အွန်းပါ သိပါတယ်...."
“ဒါဆိုရိုရိုသေသေပြော”
“အေအေ နောက်တစ်ခါပြောမယ်”
“အဟင်း....”
“ကဲပါ ဘာကိစ္စလဲလို့”
“ဒီလို မနက်ဖြန်နင် BSမှာ သန့်ရှင်းရေးဝန်ထမ်းသွားလုပ်ရမှာ”
“BSကဘာကြီးလဲ”
“ဟာ.... နင်ကလဲ ပိန်းလိုက်တာ.... BS လေ Bright Star groupလေ”
“အော်.....”
“အဲ့ဒါ ငါလိပ်စာပေးလိုက်မယ် မနက်ဖြန် မနက်၈နာရီမထိုးခင် ဟိုကိုအရောက်သွားပြီး သန့်ရှင်းရေးလုပ်ထားရမှာ”
“အင်း.... ဒါဘဲလား”
“ဒါဘဲလား မပြောနဲ့.... ဟိုရောက်ရင် နင်သတိထားပြီးနေနော် ရုံးရဲ့ကော်ရက်တာတစ်လျှောက်ကို သေချာပြောင်အောင်တိုက် လှေကားတန်းတွေကစ ဖုန်မရှိစေနဲ့..... အဲ့ကမ္ပဏီကbossက အရမ်းဇီဇာကြောင်တာ ဖုန်လေးနည်းနည်းရှိတာနဲ့ နင့်ကိုပြောလို့ပြီးမှာ မဟုတ်ဘူး”
“အွန်းပါ စိတ်မပူနဲ့.... လွန်းကသန့်ရှင်းရေးတွေမှ အများကြီးလုပ်ခဲ့ဖူးတယ် ဟုတ်ပြီလား”
“အင်းပါ ငါကအကောင်းနဲ့ပြောတာ”
“သိပါပြီ.... ဒါဘဲမလား”
“အင်း ရော့ဒီမှာ လိပ်စာကတ် မနက်ဖြန် စောစောသွားနော်”
“အင်း.... ဒါဆို လွန်းအထဲဝင်ပြီ အမေ့ကို ဆေးတိုက်ရအုံးမှာမို့”
“အေးအေး.... တာ့တာ”
“တာ့တာ တာ့တာ”
လွန်း ထက်ပိုင်အား လက်ပြနှုတ်ဆက်လိုက်ပြီး အထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
“အမေ....”
“အော်... သမီး”
“အမေ့ကို သမီးပြောစရာရှိလို့”
“အင်း ပြောလေ”
“သမီး ကမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းသွားလုပ်မလို့”
“အင်း.... သမီးသဘောဘဲ.... အမေ့သမီးလေးလဲ ပင်ပန်းဆင်းရဲတာတွေဘဲ လုပ်နေရတယ်”
“ရပါတယ်အမေရယ် ဘာမှမဖြစ်ဘူး”
လွန်း ပြောရင်းဖြင့် အမေဖြစ်သူအား ဖက်ထားလိုက်သည်။
“အမေ့နားမှာ သမီးအမြဲတမ်းရှိတယ်”
“အဟွန်း.....”
##########
“ကျွတ်....”
“ဇိမ်း မင်းဒီနေ့ ငြိမ်လှချည်လား”
သူငယ်ချင်းဖြစ်သူ ရာဇမင်းဟိန်းရဲ့အပြောကြောင့် ဇိမ်းလဲ ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြည့်နေလိုက်သည်။
ဒီနေ့တစ်နေကုန် မနက်က ကားတိုက်မလိုဖြစ်ခဲ့သည့် ထိုကလေးမဆီဘဲ စိတ်ကရောက်နေသည်။ မျက်လုံးမှိတ်လိုက်တိုင်းလဲ သူမရဲ့ လျှာထိုးအုပ်ထုပ်အောက်က မျက်ဝန်းညိုညိုတွေအား ခဏခဏပြန်မြင်ယောင်နေမိသည်။ စိတ်ပြေလက်ပျောက် barသွားကာ ကောင်မလေးတွေနှင့် ပျော်ပါးနေပေမယ့်လဲ စိတ်ကတော့ ထိုကလေးမဆီပင်။
ဘယ်လိုတွေတောင် စိုးမိုးနိုင်ရတာလဲကွာ။
“ကျွတ်..... ငါဘာဖြစ်နေလဲ မသိဘူး ရာဇ”
“ဘာလဲ အသစ်တွေ့ထားလို့လား”
“မသိတော့ဘူကွာ”
ဇိမ်း အရှေ့မှ ဝီစကီတစ်ခွက်အား မော့ချလိုက်တော့သည်။
“Daddy”
ချွှဲနွှဲ့နွှဲ့အသံကြောင့် ဇိမ်း အနောက်သို့လှည့်ကြည့်လိုက်သည်။
ဂျူဂျူးဈာန် ဇိမ်းရဲ့ လက်ရှိရည်းစား။
“ဘာကိစ်စလဲ”
“Daddyဘဲဒီည barမှာ တွေ့မယ်ဆို”
”ကိုယ်မင်းနဲ့ ဆက်မတွဲချင်တော့ဘူ”
“ဘာ!...."
“ဒီနေ့ကစပြီး မင်းနဲ့ကိုယ့်ရဲ့ ဇာတ်လမ်းကပြီးသွားပြီ မင်းအိမ်ပြန်လိုက်တော့ ဂျူဂျူးဈာန်”
“အဟွန့်.... ပြန်ဆိုတော့ပြန်ရမှာပေါ့ ဂျူဂျူးဈာန်တို့ကလဲ ယောင်္ကျားတစ်ယောက်ကို တွယ်ကပ်ရတာမကြိုက်ဘူး”
ထိုကောင်မလေးမှာ ပြောပြီးသည်နှင့် barအပြင်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
“ဖြောင်းဖြောင်း..... တော်တယ်ကွာ ဇိမ်း”
သူငယ်ချင်းဖြစ်သူ ရာဇ ဇိမ်းအား လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
“အခုကော ဘယ်တစ်ယောက်ကို ပြန်လိုက်မှာလဲ”
“အုပ်ထုပ်နဲ့တစ်ယောက်"
“ဟင်...."
ရာဇ ဇိမ်းအပြောအား နားမလည်စွာကြည့်နေမိသည်။
“ဒီညတော့ ငါပြန်တော့မယ် နောက်နေ့ပြန်တွေ့ကြတာပေါ့”
“အင်း.... bye”
“bye”
ဇိမ်း သူငယ်ချင်းဖြစ်သူအား နှုတ်ဆက်လိုက်ပြီး အိမ်သို့ ပြန်လာခဲ့လိုက်တော့သည်။
နောက်တစ်နေ့မနက်
“အမေ သမီး သွားပြီနော်”
လွန်းမိခင်ဖြစ်သူအား နှုတ်ဆက်လိုက်သည်။
“အေးကွယ် ဖြည်းဖြည်းသွားနော် သမီး”
“ဟုတ်”
ထို့နောက် အိမ်ထဲမှ ထွက်လာလိုက်တော့သည်။
ပိုက်ဆံက သိပ်မရှိတော့တာမို့ ညနေအလုပ်ကပြန်လာလျှင် နောက်အလုပ်တစ်ခုကို ထပ်လုပ်ရအုံးမည်။
“ဟူးးးး ဒီနေ့အဆင်မပြေရင် နောက်နေ့အဆင်ပြေမှာဘဲလို့ ထင်ခဲ့တာ ပိုတောင်ဆိုးနေသလိုဘဲ ကျွတ်.....”
သူမကျွတ်တစ်ချပ်သပ်ကာ ပြောလိုက်ပြီး ထွက်လာလိုက်တော့သည်။
သွားရတာ ဝေးတာကြောင့် သူမ ဆိုက်ကားသာ ငှားစီးပြီးထွက်လာခဲ့လိုက်ရသည်။
“ဝိုး...."
ကမ္ပဏီရှေ့လဲ ရောက်ရော သူမမျက်လုံးလေးအဝိုင်းသားနှင့် ငေးကြည့်နေမိသည်။
“ကမ္ပဏီကအကြီးကြီးဘဲဟ”
“ဒီမှာ ကလေးမ ပိုက်ဆံပေးအုံး”
“အော်.... ပေးမှာပါ ဦးလေးကလဲ ရော့”
သူမ ဆိုက်ကားဆရာလက်ထဲသို့ အကြွေတန်လေးတွေအား ထည့်ပေးလိုက်ပြီး ကမ္ပဏီတံခါးပေါက်ဆီသို့ ဝင်လာခဲ့လိုက်သည်။
“ဒီမှာ ဒီမှာ ကလေးမ မင်းကဘယ်သူလဲ”
လုံခြုံရေးလူကြီးနှစ်ယောက် သူမနားသို့ ရောက်လာကာ မေးလိုက်ကြသည်။
“ဟို.... ကျွန်မက ဒီမှာ သန့်ရှင်းရေးလုပ်ဖို့ ခေါ်ထားတဲ့သူပါ”
“အော်...”
သန့်ရှင်းရေးဝန်ထမ်းဆို သိပ်အလေးမထားတာကြောင့် လွန်းအား ကမ္ပဏီထဲသို့ ပေးဝင်လိုက်သည်။
သူမကမ္ပဏီထဲမဝင်ခင် ကြမ်းတိုက်နေတဲ့ အန်တီကြီးတစ်ယောက်အား တွေ့လိုက်သည်။
“ဟို.... အန်တီ”
ထိုအန်တီကြီးဟာလဲ ခေါ်သံကြောင့် လွန်းဘက်သို့ လှည့်ကြည့်လာသည်။
“ဒီက သမီးက”
“ဟို.... သမီးကို သန့်ရှင်းရေးလုပ်ဖို့ ခေါ်ထားတာပါ”
“အော်.... လာလာ ဒါဆို အန်တီနဲ့လိုက်ခဲ့..... အန်တီကလဲ ဒီကသန့်ရှင်းရေးဝန်ထမ်းဘဲ”
“အော်.....ဟုတ် ဟုတ်”
ဒီလိုနဲ့ သူမလဲ ထိုအန်တီကြီးနှင့်အတူ ကြမ်းတိုက်ဖို့ ပစ္စည်းများယူခဲ့လိုက်ပြီး ကမ္ပဏီ အောက်ထပ်သို့ ဝင်လာခဲ့လိုက်သည်။
“သမီးရေ... ကြမ်းတွေကော ဖုန်တွေကော သေချာတိုက်နော်”
“ဟုတ်...."
သူမလဲ ပထမဆုံးနေ့၌ အကောင်းဆုံးလုပ်ရမည်ဟု ဆုံးဖြတ်ကာ အလုပ်ကို အသေအချာလုပ်နေလိုက်သည်။ ဒီလိုနဲ့ အချိန်ခဏကြာတော့ ကမ္ပဏီဝန်ထမ်းများ ရောက်လာတော့သည်။ ဝန်ထမ်းတွေအားလုံး အထဲရောက်သည်နှင့် လွန်းနှင့် ထိုအန်တီကြီးမှာ ကြမ်းနောက်တစ်ခါ ပြန်တိုက်ရသည်။
ခဏကြာတော့ ကမ္ပဏီရဲ့ CEO ဇိမ်းရောက်လာတော့သည်။ လွန်းနဲ့ ထိုအန်တီကြီးကတော့ အဝေးကပင် ကားပေါ်မှဆင်းလာသည့် ဇိမ်းအား ကြည့်နေကြသည်။
ဟင်.... ဟိုလူကြီးဘဲ။
လွန်း ဇိမ်းအား အံ့ဩစွာဖြင့် ကြည့်နေမိသည်။ သူကသာမသိတာ လွန်းနှင့်ထိုလူကြီးဆုံတာ ဒါနှင့်ဆို သုံးခါရှိနေပြီ။
“တောက် ဒီတံမြတ်စည်းက ဘယ်လိုလုပ် ဒီနားမှာရှိနေတာလဲ”
“ဟင်.... သွားပြီ”
“ဒီနေ့သန့်ရှင်းရေးလုပ်တဲ့သူတွေ လာခဲ့စမ်း”
ဇိမ်းရဲ့ အသံစူးစူးကြောင့် လွန်းလန့်သွားကာ ကိုယ်လေးပင် တုန်သွားရသည်။ ထိုတံမြတ်စည်းက သူမ မသိဘဲ ကမ္ပဏီတံခါးပေါက်ထောင့်၌ ထားမိသွားသည်လေ။
“သွားမယ် သမီး”
လွန်း ကြောက်ကြောက်ဖြင့် ထိုအန်တီကြီးရဲ့ လက်မောင်းလေးအားကိုင်ကာ အနောက်မှ ကုပ်ကုပ်လေးလိုက်သွားလိုက်သည်။
“ဒီနေ့တော့ သူတို့အလုပ်ပြုတ်တော့မယ်ထင်တယ်”
“ဟုတ်ပ"
ကမ္ပဏီဝန်ထမ်းမလေးနှစ်ယောက်ရဲ့ တိုးတိုး တိုးတိုးနဲ့ပြောနေတဲ့ အပြောကြောင့် လွန်းမှာ ပို၍ပင်စိုးရိမ်ကာ ကြောက်လာရသည်။
“ဒီနေ့ သန့်ရှင်းရေးလုပ်တာ ဘယ်သူလဲလို့”
“ဒီ ဒီ ဒီမှာပါ”
လွန်း ထိုအန်တီကြီးအနောက်မှနေ၍ လက်လေးကိုမြှောက်ပြလိုက်သည်။
“ဟင်”
အုပ်ထုပ်အနက်လေးအား စောင်းထားတဲ့ကောင်မလေးက ဇိမ်းမနေ့က တွေ့ခဲ့သည့် တစ်ယောက်ဖြစ်နေတာကြောင့် သူအံ့ဩသွားတော့သည်။
“မင်း...."
“ဟို.... ကျွန် ကျွန်မ တောင်းပန်ပါတယ် ကျွန်မကလေ ဒီကိုအခုမှ သန့်ရှင်းရေးစလုပ်တာမို့ အမှတ်တမဲ့ တံမြတ်စည်းကို ထားလိုက်မိတာပါ”
“အဟွန်း....”
ခေါင်းကို ငုံ့ကာ သူ့အားတောင်းပန်နေတဲ့ ထိုကလေးမက သူ့ကိုယ်သူ ကျွန်မတဲ့လား။ ဘယ်လိုကလေးမလေးပါလိမ့်။
“မင်း ငါ့နောက်လိုက်ခဲ့”
ဇိမ်း သူမလေးအား ကြည့်ကာ ရီချင်စိတ်ကိုမနည်းထိန်းလိုက်ပြီး ပြောလိုက်သည်။
“ရှန်.... သွားပြီ”
ဇိမ်းကတော့ ပြောပြီးသည်နှင့် အရှေ့မှ ထွက်သွားတော့သည်။
လွန်းကတော့ အနောက်မီ ကြောင်အအလေးဖြင့်သာ ရပ်နေမိသည်။
“ဟိုတစ်ယောက် ကြားလား”
“ဟုတ် ဟုတ်”
နောက်တစ်ခေါက်ပြန်ပြောလာမှ လွန်းလဲကြောက်ကြောက်နှင့် လိုက်သွားတော့သည်။
အရှင်ဘုရား.... ကိစ္စကြီးကြီးမားမားတွေ မဖြစ်ပါစေနဲ့။
သူမလက်အုပ်လေးချီကာ ဆုတောင်းရင်းဖြင့် ဇိမ်းတက်သွားရာ အပေါ်သို့ တက်လာခဲ့လိုက်သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰