book

Index 18

𝐏𝐚𝐫𝐭-18(final part)

.....❦︎လွန်းကဇိမ်းအပိုင်❦︎.....

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

  


ဒွီ.....


“သခင်လေးရယ် ဖုန်းကိုင်ပေးပါ”


ကြီးမို့တစ်ယောက် ဇိမ်းအားအကြောင်းစုံပြောပြဖို့ ဖုန်းဆက်လိုက်ပေမယ့် တစ်ဖက်မှ မကိုင်လာပေ။


############


“ဒါဆို ငါတို့သွားပြီ...."


“အေးအေး.... ဘိုင့်”


“ဘိုင့်.....”


အားလုံးနှုတ်ဆက်လိုက်ပြီး မင်းနောင်ကတော့ လေယာဉ်ပေါ်တက်သွားတော့သည်။ ကားနှင့်သွားလို့ရပေမယ့် သူကတော့ ကားနှင့်မသွားခဲ့ပါ။ တစ်ယောက်ထဲကားစီးပြီး ထွက်လာရင် မိဘတွေစိတ်ပူနေမည်ကိုမလိုလားလို့ပေ။


“ဒါဆိုငါလဲသွားပြီ ရာဇ”


“အေးအေး”


ဇိမ်း ရာဇကိုလဲ နှုတ်ဆက်ကာ ကားပေါ်သို့တက်လာခဲ့လိုက်သည်။


“ဟင်.... ဖုန်းဝင်ခေါ်တွေပါလား၊ ဘယ်သူခေါ်ထားတာပါလိမ့်”


ဇိမ်း ဖုန်းအားကားထဲထားခဲ့သဖြင့် အခုမှ ကြည့်မိလိုက်သည်။ ထို့နောက် ထိုအဝင်ခေါ်အား ပြန်ခေါ်ကြည့်လိုက်သည်။


ဒွီ.....


“ဟယ်လို”


“ဟယ်လို သခင်လေးလား”


“အင်း၊ ကြီးမို့လား ဘာကိစ္စရှိလို့လဲ”


“ဒီလိုသခင်လေးရဲ့.... *&#$*&#$”


ကြီးမို့တစ်ယောက် ခဏကအဖြစ်အပျက်များအား ဇိမ်းကိုတစ်ခုမကျန်ပြောပြလိုက်သည်။

ဇိမ်း ကြီးမို့အပြောတွေအားကြားပြီးသည်နှင့် ဖုန်းကိုတန်းချကာ ကားဂိတ်သို့မောင်းလာခဲ့လိုက်သည်။ ဒီရက်ပိုင်းက ကားအသွားအလာသိပ်မရှိတာမို့ သူမ လွိုင်ကော်သို့ ကားနှင့်သာ သွားမည်ဟု သူခန့်မှန်းမိလိုက်သည်။ ဒီလိုနဲ့ ကားဂိတ်သို့သာ လီဗာကိုအဆုံးထိတင်ပြီး ထွက်လာခဲ့လိုက်တော့သည်။


ခဏကြာတော့ဇိမ်း ကားဂိတ်သို့ ရောက်လာခဲ့သည်။


“လွန်း လွန်း ဘယ်မှာလဲ.... အခုလိုထားသွားလို့မရဘူးနော်”


ဇိမ်း ကားဂိတ်ရောက်သည်နှင့် ကားအားရပ်ပစ်လိုက်ကာ လွန်းအားလိုက်ရှာတော့သည်။


“အစ်ကို အစ်ကို”


“ဟုတ် ဘာကိစ္စရှိလို့လဲဗျ”


“လွိုင်ကောဘက်သွားမယ့်ကား ထွက်သွားပြီလား”


“နောက်မိနစ်၂၀နေရင်ထွက်တော့မှာ၊ အခုတော့ မထွက်သေးဘူး”


ထိုစကားကြောင့် ဇိမ်းမျက်နှာလေးမှာ ဝင်းကနဲဖြစ်သွားတော့သည်။


“ဘယ် ဘယ်မှာလဲဟင်”


“ဟိုး...ဘက် ထောင့်ဆုံးကကားပါ”


“ဟုတ် ဟုတ် ကျေးဇူးပါဗျာ”


ဇိမ်းတစ်ယောက် ထိုကားရှိရာသို့ အလျင်အမြန်ပြေးလာခဲ့သည်။ ထို့နောက် လူများအပြည့်ဖြစ်နေသည့် ထိုကားပေါ်သို့တက်ကာ လွန်းကိုလိုက်ရှာတော့သည်။


“လွန်း.... ဘယ်မှာလဲ လွန်း”

“ဟင်.....”


ကားနောက်ဆုံးတန်းရဲ့ ပြတင်းပေါက်နား၌ အပြင်ဘက်သို့ငေးကာ ထိုင်နေသည့် လွန်းကိုသူတွေ့လိုက်ရသည်။


“လွန်း....”


သူမကိုလဲ တွေ့သည်နှင့် သူမနာမည်လေးအား အော်ခေါ်ကာ သူမနားသို့ အပြေးလေးဖြင့်သွားလိုက်သည်။ တစ်ခြားခရီးသည်များမှာတော့ ဇိမ်းရဲ့အော်သံကြောင့် ကြောင်သွားကြသည်။


“ဟင်.... ဦးဇိမ်း”


“ဘာလို့အခုလို လုပ်ရတာလဲ လွန်းရယ်”


“ရှင်ကကော ဘယ်လိုလုပ်”


“ကိုယ့်ကိုပြန်မမေးပါနဲ့၊ ကိုယ်မေးတာကိုဘဲဖြေ”


“မဖြေဘူး၊ ဘာလို့လိုက်လာရတာလဲ ပြန်တော့”


“မပြန်ဘူး၊ လွန်းမပါရင် မပြန်ဘူး”


“ဦးဇိမ်း”


“သွားမယ်လွန်း"


“လွန်းကတော့ မလိုက်ဘူး”


“ကိုယ်ပွေ့ပြီးခေါ်ရမှာလား၊ ကိုယ့်ဟာကို လိုက်မှာလား”


“ဘယ်လိုမှမခေါ်နဲ့၊ မလိုက်ဘူး”


လွန်း ပြောလဲပြီးနော် ထိုင်ခုံလက်ကိုင်လေးအား အတင်းကိုင်ထားတော့သည်။


“ရတယ်လေ”


ဇိမ်းကတော့ သူပြောသည့်အတိုင်း ကိုယ့်ဟာကိုမလိုက်တာကြောင့် ထိုင်ခုံလက်ကိုင်အား အတင်းကိုင်ထားတဲ့သူမလက်တွေကို ဆွဲဖြုတ်လိုက်ပြီး ပွေ့ချီလိုက်တော့သည်။


“ဟင်.... ဘာလုပ်တာလဲ၊ ဘမှာလူတွေရှိတယ်လေ”


“မသိဘူး”


“လွှတ်”


“ဘယ်လိုလူလဲ မိန်းကလကမလိုက်ချင်တာကို အတင်းကြီးခေါ်နေတာ”


ဘေးနားမှလူတွေရဲ့ အပြောကြောင့် ဇိမ်းထိုလူတွေအား တစ်ချက်ကြည့်လိုက်သည်။


“ကျွန်တော့မိန်းမပါ၊ စိတ်ကောက်ပြီး အိမ်ကထွက်သွားဖို့လုပ်နေတာ၊ အဲ့ဒါကြောင့်ပြန်လိုက်ချော့ရတာ၊ မသိရင်အေးဆေးနေပါ”


ဇိမ်း သူမကိုယ်လေးအား ပွေ့ချီရင်းဖြင့် ပြောလိုက်ကာ ထိုကားထဲမှထွက်လာလိုက်တော့သည်။


“ဝိုး....."


“အဲ့လိုကြီးလား”


“မိုက်လိုက်တာ”


ကားထဲမှ ခရီးသည်များ၏ တစ်ယောက်တစ်ပေါက်ပြောသံကြောင့် လွန်းမှာ ရှက်စိတ်များဝင်လာတော့သည်။


ဇိမ်းသူမကိုယ်လေးအား ကားနားလေးထိရောက်အောင် ပွေ့ချီသွားလိုက်ပြီး သူ့ရဲ့ကားထဲသို့ ထိုင်ခိုင်းစေလိုက်သည်။


“လွန်းကိုထွက်သွားခွင့်ပြုပါ ဦးဇိမ်း”


“ဘာလို့လဲ၊ ကိုယ့်အမေကြောင့်လား၊ ဒါမှမဟုတ် ကိုယ့်ကိုမုန်းတယ်လို့ ကြီးမို့ကိုပြောခိုင်းပြီး ထွက်သွားမလို့လား.... အဲ့လောက်နဲ့တော့ ကိုယ်ကထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး.... ဘာလို့လဲဆိုတော့ လွန်းဆိုတာ ဇိမ်းအတွက်မွေးဖွားလာပြီး ဇိမ်းရဲ့အပိုင်မို့ဘဲ”


ထိုစကားကြောင့် လွန်းတစ်ယောက် ဇိမ်းအား မျက်စောင်းထိုးလိုက်သည်။


“အဟွန်း...."


ဇိမ်းကတော့ သူမပုံလေးအား တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး ထိုနေရာမှ တရားရုံးဆီသို့ ထွက်လာခဲ့လိုက်သည်။


“ဟင်.... ဦးဇိမ်း ဒါက ဘယ်နေရာလဲ”


“တရားရုံးလေ”


“ဟင်.... ဘာလုပ်မလို့လဲ”


“နောက်တော့သိမှာပေါ့”


ဇိမ်း ဖုန်းအားတစ်ချက်လှမ်းယူလိုက်ပြီး ရာဇဆီသို့ ဆက်သွယ်လိုက်သည်။


“ဟယ်လို....”


“ဟယ်လို ရာဇ ငါပါဇိမ်း”


“အေး ပြော”


“တရားရုံးကို ခဏလာခဲ့အုံး”


“ဘာဖြစ်လို့လဲ”


“ကိစ္စလေးရှိလို့ အမြန်လာခဲ့နော်”


“အေးအေး၊ လာပြီ ဘာလဲကိုမသိဘူး ကျွတ်”


ရာဇတစ်ယောက် ကျွတ်တစ်ချက်သပ်ကာ ဖုန်းကိုချပစ်လိုက်တော့သည်။ ဇိမ်းကတော့ ဖုန်းချပြီးသည်နှင့် ဘေးခုံရှိ လွန်းဘက်သို့လှည့်လာခဲ့သည်။


“လွန်း....”


“မခေါ်နဲ့အုံး၊ လွန်းမေးစရာရှိတယ်”


“မေးလေ”


“တရားရုံးက ဘာလို့ခေါ်လာတာလဲ”


“လက်ထပ်ဖို့လေ”


“ဘာရယ်!”


သူမမှာ မျက်လုံးများကပြူးကျယ်သွားပြီး လန့်သွားရသည်။


“ဟုတ်တယ်”


ဇိမ်း ပြောရင်းဖြင့် သူအိတ်ကပ်ထဲမှ ဘူးလေးတစ်ဘူးအားထုတ်လိုက်သည်။


“လွန်း.... ကိုယ့်ကိုလက်ထပ်ပါလား”


“ဟင်...”


လက်စွပ်ဘူးလေးအားကိုင်ကာ သူမအားပြောလာသည့် ဇိမ်းကြောင့် သူမရင်ထဲ လှိုက်ကနဲ ဖြစ်သွားရသလို အကြောင်းမဲ့သပ်သပ်ဝမ်းနည်းလာခဲ့သည်။


“လွန်းကိုယ့်ကို ချစ်တယ်မလား”


“အခုချိန်မှာ အဲ့ဒါတွေမေးရမှာ မဟုတ်ဘူး၊ လွန်းကိုထွက်သွားခွင့်ပြုပါ ဦးဇိမ်း၊ ဟင့်....”


ပြောရင်းဖြင့် မျက်ရည်များက ကျလာသည့် သူမလေးကြောင့် ဇိမ်းတစ်ယောက်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပေ။


“လွန်းရယ် မငိုပါနဲ့လား.... ကိုယ်ဘဝမှာ အကြောက်ဆုံးကဘာလဲသိလား၊ လွန်းကိုဆုံးရှုံးရမှာကိုဘဲ”


ဇိမ်းပြောရင်းဖြင့် သူမကိုယ်လေးအား ဖက်ထားလိုက်သည်။


“လွန်းကိုတစ်ကယ် အဆုံးရှုံးမခံနိုင်ဘူး”


“ဒါပေမယ့် လွန်း ရှင့်ဘဝထဲကိုဝင်လာရမှာ ဖိအားအရမ်းများတယ်”


“ဘာလို့လဲ ကိုယ့်မိသားစုကြောင့်လား”


သူမခဏတာငြိမ်သွားသည်။ ချစ်ရဲ့သားနဲ့ ခွဲနေရမှာထက်စာရင် နှစ်ယောက်လုံးစကားကို ပွင့်ပွင့်လင်းလင်းပြောသင့်သည်ဟု သူမထင်လိုက်သည်။


“ဟုတ်တယ်၊ ဦးဇိမ်းရဲ့မိသားစုကြောင့်ဘဲ၊ လွန်းလို တစ်ကောင်ကြွက်နဲ့ ဦးဇိမ်းလို အရာအားလုံးပြည့်စုံတဲ့သူနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”


“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ ဒါတွေကိုထားလိုက်တော့ လွန်း၊ ကိုယ်လွန်းကိုတစ်ခုမေးမယ်”


ဇိမ်း သူမမျက်နှာလေးအား စိုက်ကြည့်လိုက်သည်။


“လွန်းကိုယ့်ကိုချစ်လား”


“မချစ်ရင် အခုလိုလိုက်လာစရာလား”


“အဟွန်း.... ဒါဆိုရပြီလေ၊ လွန်းဘက်ကသာ ကိုယ့်ကိုချစ်ရင် ကိုယ်တို့နှစ်ယောက်ကြားကို ဘယ်လိုအနှောင့်အယှက်မှ အဝင်လာမခံတော့ဘူ၊ လွန်းကိုယ့်ကိုယုံတယ်မလား”


“အင်း”


“အဟွန်း.... ဒါဆိုကိုယ်တို့လက်ထပ်ကြရအောင်၊ ဒါမှ လူကြီးတွေလဲ ဘာမှမလုပ်နိုင်တော့မှာ”


“ဒါပေမယ့်.... လွန်းအတွက် လက်ထပ်ဖို့ကိစ္စက”


“ကိုယ်နားလည်ပါတယ်၊ လွန်းအတွက် အခုလိုချက်ချင်းကြီးဆုံးဖြတ်ချက် ချဖို့ဆိုတာ ခက်ခဲနေမှန်း၊ ဒါပေမယ့် ကိုယ်တို့အချစ်တွေကခိုင်မြဲပါတယ်”

ကိုယ့်ကိုလက်ထပ်ပါနော် လွန်း၊ နောင်ကြုံလာမယ့်အခက်အခဲတွေကို အတူယဉ်ဆိုင်ကြရအောင်”


“အင်း....”


“အဟား.... ပျော်လိုက်တာ လွန်းရယ်”


ဇိမ်း နှလုံးသားနှင့်ဆက်သွယ်ထားသည့် လက်သူကြွယ်လေး၌ စိန်လက်စွပ်လေးအား စွပ်ပေးလိုက်သည်။

ထို့နောက် သူမနဖူးလေးအား အနမ်းပေးလိုက်သည်။


“ချစ်တယ် လွန်း”


“အဟွန်း..... လွန်းလဲ ဦးကိုချစ်ပါတယ်”


“ဟင်.... လွန်းကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်”


“ဦးလို့”


“အဟွန်း.... ချစ်လိုက်တာကွာ”


ပြောရင်းဖြင့် သူမကိုယ်လေးအား ဖက်ထားလိုက်တော့သည်။ ထိုနေ့လယ်ပိုင်းလေးကတော့ တရားရုံးသွား လက်မှတ်ထိုးကာ ရာဇကို တောင်းပန်ရင်းဖြင့်ပင် ကုန်ဆုံးသွားတော့သည်။

ထို့နောက်တော့ ဇိမ်းသူ့မိဘတွေအား ပြောစရာတွေရှိတာကြောင့် မိဘတွေရှိရာအိမ်သို့ လွန်းနှင့်အတူထွက်လာခဲ့လိုက်သည်။


“တောက်.... ဇိမ်းမြတ်သခင် ဇိမ်းမြတ်သခင်၊ ငါ့ကိုမျက်နှာပျက်အောင်လုပ်သွားတဲ့ကောင်”


ဇိမ်းအိမ်ထဲမဝင်မှီ ဖခင်ဖြစ်သူ၏ အသံအားကြားလိုက်ရသည်။

ဘယ်လိုဘဲဖြစ်ဖြစ် အထဲကိုတော့ဝင်ရမည်ဖြစ်တာကြောင့် အသံကြားရာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်တော့သည်။


“အဖေ”


“လာစမ်း မင်း၊ ခွပ်”


အဖေဖြစ်သူရဲ့ဆွဲထိုးခြင်းကိုခံလိုက်ရ‌တာကြောင့် ဇိမ်းတစ်ယောက်ကြောင်သွားတော့သည်။


“မင်းဘာတွေရှုပ်ထားတာလဲ”


“ဘာရှုပ်လို့လဲ”


“တာချီလိတ်ဘက်ကကိစ္စလေ”


“အော်.... နယ်စပ်ကိစ္စလား”


“ဟုတ်တယ်၊ မင်း နယ်စပ်ဘက်မှာ တရားမဝင်တာတွေ လုပ်နေတယ်ဆို”


အဖေဖြစ်သူမှာ အခုမှဒီကိစ္စကို သိလိုက်ရသဖြင့် ဒေါသများအလွန်ထွက်ကာ မျက်နှာကြီးမှာ မှုန်ကုပ်နေလေသည်။


“အင်းလေ၊ ဘာဖြစ်လို့လဲ ကိုယ့်ဟာကိုလုပ်တာဘဲ”


“အေး.....  အဲ့ကြိယ့်ဟာကိုလုပ်တာက ငါ့ခေါင်းပေါ်ရောက်လာတာ မင်းသိလား”


“ဘာလို့လဲ”


“နယ်စပ်ဘက်က တရားမဝင်လက်နက်တွေပို့နေတဲ့ မင်းရဲ့ကားကို သက်ဆိုင်ရာက ဖမ်းမိသွားတာလေ.... အဲ့ကားပိုင်ရှင်က မင်းကိုဖုန်းမဆက်ရဲလို့ဆိုပြီး ငါ့ကိုဖုန်းဆက်လာတာ၊ တော်သေးတာပေါ့၊ အဲ့ကားကိုဖမ်းမိသွားတဲ့ ရဲအရာရှိက ငါ့မိတ်ဆွေဖြစ်နေလို့ မင်းကိုထောင်ထဲမပို့လိုက်တာ၊ မင်းဘာလို့ဒီလောက်ဆိုးနေရတာလဲ ဇိမ်း”


ဦးဇိမ်းသုခနိုင် စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ ထိုအချိန် ဧည့်ခန်းထဲသို့ ဝင်ရောက်လာတဲ့အသံတစ်ခု။


“ဆိုးမှာပေါ့၊ အဲ့လိုဆိုးအောင် မင်းတို့ဘဲလုပ်ခဲ့တာလေ”


“ဟင်.... အမေ”


“အဖွား”


“အမယ်လေး.... ငါ့မြေးကချောလာလိုက်တာကွယ်”


“အဟွန်း.... အဖွားဘယ်လိုလုပ်”


“မင်းတို့ရဲ့ မင်္ဂလာကိစ္စကို စီစဉ်ပေးဖို့ပေါ့ကွယ်”


“ဟင်.... တစ်ကယ်လား အဖွား”


“တစ်ကယ်ပေါ့ကွယ်”


“အမေ့ မဖြစ်ဘူးနော် ”


အဖွားဖြစ်သူရဲ့စကားကြောင့် ဒေါ်ငွေရည်မြတ်တစ်ယောက် ထလာကာ တားလိုက်သည်။


“ဘာလို့လဲ၊ မင်းတို့သားကို မင်းတို့လိုချင်တဲ့ ပုံစံခွက်ထဲကို ဝင်အောင် ဆွဲသွင်းနေတာ ငါမသိဘူးမထင်နဲ့၊ အခုတော့ မရတော့ဘူ၊ သူ့အသက်လဲကြီးနေပြီ၊ သူလုပ်ချင်တာကို လုပ်လို့ရပြီ”


ထိုစကားကြောင့် ဇိမ်းရဲ့မိဘတွေများ ချက်ချင်းဆိုသလို မျက်နှာကြီးများက မှုန်ကုပ်သွားတော့သည်။


“အဖွား”


“ပြောလေ မြေး”


“ကျွန်‌တော် ကျွန်တော့ချစ်သူနဲ့ တရားရုံးမှာ လက်မှတ်ထိုးပြီးသွားပြီ”


“ဟင်.... ”


“ဇိမ်း မင်းရူးနေလား”


“နေစမ်းပါ”


ဒေါသထွက်ထွက်နှင့် ထလာတဲ့ ဦးဇိမ်းသုခနိုင်အား ဒေါ်မြတ်မြတ်ချယ် တားလိုက်သည်။


“သားရဲ့ချစ်သူက အခုဘယ်မှာလဲ”


“ကားထဲမှာနေရစ်ခဲ့တယ်”


“အို.... ကားထဲမှာထားခဲ့ရတယ်လို့၊ ဖယ်စမ်း၊ ငါသွားခေါ်အုံးမယ်”


အဖွားဖြစ်သူရဲ့ အပြုအမူကြောင့် ဧည့်ခန်းထဲရှိ လူများအားလုံး ကြောင်သွားရသည်။

ဒေါ်မြတ်မြတ်ချယ်ကတော့ ကားရှိရာဆီသို့ လျှောက်လာလိုက်သည်။


“ဒေါက်‌ ဒေါက်”


“ဟင်....”


လွန်းကားတံခခေါက်သံကြောင့် ကားမှန်လေးအား ချလိုက်သည်။


“ဟို.... ဘယ်သူလဲမသိဘူး”


“ကားပေါ်က ဆင်းလာခဲ့ပါအုံး”


လွန်းလဲ ကြောက်ကြောက်ဖြင့် ကားပေါ်မှ ဆင်းလာလိုက်သည်။


“အဟွန်း.... မြေးမလေးက အချောလေးဘဲ၊ ချစ်းရာကောင်းလိုက်တာ၊ အဖွားက ဇိမ်းရဲ့ အဖွားပါ”


“ရှင်!”


လွန်းတစ်ယောက် မျက်လုံးလေးများပြူးကျယ်ကာ လန့်သွားတော့သည်။


“လာ အဖွားတို့အိမ်ထဲသွားရအောင်”


ဒေါ်‌မြတ်မြတ်ချယ် လွန်းလက်လေးအား ဆွဲကာ အိမ်ထဲသို့ ခေါ်လာခဲ့လိုက်သည်။


“ညည်းတို့လင်မယားကို ငါတစ်ခုပြောမယ်၊ ညည်းတို့ သူ့ကိုချွေးမအဖြစ်လက်ခံနိုင်လား”


“အို.... ဘယ်လိုမေးလိုက်တာလဲ အမေရယ်၊ လက်ခံနိုင်စရာလား”


“မင်းကကော”


ဒေါ်မုတ်မြတ်ချယ် မျက်ခုံးလေးပင့်ကာ ဦးသုခနိုင်အားမေးလိုက်သည်။


“အမေ့သမီးပြောတဲ့အတိုင်းဘဲ”


“ရတယ်လေ၊ ဒါဆို USဘက်က နိုင်ငံခြားရှယ်ယာဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ပဏီကိုငါသိမ်းမယ်”


“ဗျာ!”


ထိုစကားကြောင့် ဦးဇိမ်းသုခနိုင်တစ်ယောက် ရင်ထဲထိတ်လန့်သွားကာ မျက်လုံးများက ပြူးကျယ်သွားတော့သည်။ ထိုကမ္ပဏီက သူ့အသက်နဲ့ရင်းပြီးကို မနည်းတည်ထောင်ခဲ့ရတဲ့ ကမ္ပဏီပင်။ 


“ဘယ်လိုလဲ”


“ဒါပေမယ့် အဲ့ကမ္ပဏီကကျွန်တော့ဟာလေ”


“အဲ့ကမ္ပဏီဖြစ်လာအောင် ဘယ်သူကထောက်ပံပေးခဲ့တာလဲ”


ဒီလိုကြတော့လဲ ဦးဇိမ်းသုခနိုင်တစ်ယောက် မျက်နှာမှာ ညိုးသွားတော့သည်။ ထိုကမ္ပဏီဖြစ်တည်လာဖို့အတွက် ယောက်ခမဖြစ်သူက အများဆုံးပန့်ပို့ပေးခဲ့သည်လေ။


“အဲ့တော့ အမေပြောချင်တာက”


“သူ့ကို ချွေးမအဖြစ်လက်ခံနိုင်ရင် အဲ့ကမ္ပဏီအပါအဝင် လက်ရှိ ငါ့ရဲ့ နိုင်ငံခြားခရီးသွားလာရေးကမ္ပဏီကိုပါ မင်းကိုပေးမယ်”


“ဟင်"


“ဗျာ! တစ်ကယ်ပြောတာလား”


“တစ်ကယ်ပေါ့”


ထိုးကားကြောင့် ဦးဇိမ်းသုခနိုင်တစ်ယောက် အလွန်ပင်ဝမ်းသာသွားတော့သည်။


“မင်းကတော့ lucky girlဘဲဟေ့၊ သားမင်းနဲ့သူ့ကို အဖေသဘောတူတယ်နော်၊ မင်းတို့ယူပြီးရင်လဲ အဖေခြံနဲ့အိမ်နဲ့ ကားအသစ်နှစ်စီး လက်ဖွဲ့အဖြစ်ပေးမယ်ကွာ.... နောက်ဆို မင့်အဖေက ဒီထက်ပိုပြီး ပိုက်ဆံရှာနိုင်တော့မှာ အဟား....”


ဦးဇိမ်းသုခနိုင် အပျော်လွန်ကာ သားဖြစ်သူအား ပြေးဖက်ပစ်လိုက်တော့သည်။ တစ်ခါတည်း ချွေးမဖြစ်သူကိုပါ ဖက်ထားလိုက်သည်။


“နောက်ဆို အန်ကယ်က သမီးအဖေဖြစ်ပြီနော်”


“ရှင်”


“အခုတော့ စိမ်းနေသေးမှာပေါ့ ၊ ထားပါ.... မိန်းမ မင့်ချွေးမကို လာကြည့်အုံးလေ”


“စိတ်မဝင်စားဘူး"


ပြောပြီးသည်နှင့် ဒေါ်ငွေရည်မြတ် အိမ်အပေါ်ထပ်သို့ တက်သွားတော့သည်။


“ဘာမှစိတ်ထဲမထားနဲ့နော် သမီး၊ အန်ကယ့်မိန်းမက အဲ့လိုဘဲ နည်းနည်းမာနကြီးတယ်”


“ဟုတ်”


“အဟွန်း.... ဒါဆိုရင် မင်္ဂလာပွဲကို ဘယ်တော့ကျင်းပချင်လဲ မနက်ဖြန်လား တစ်ဘက်ခါလား၊ ဘယ်နေရာကျင်းပချင်လဲ၊ ကြိာက်တဲ့နေရာကိုပြောနော် အဖေကိုယ်တိုင် မင်းတို့ကို စီစဉ်ပေးမှာ”


ထိုစကားကြောင့် ဇိမ်းလဲအတိုင်းမသိ ဝမ်းသာသွားတော့သည်။


“သား အဖေမင်းကို ပြောစရာတစ်ခုရှိတယ်”


“ဟုတ်”


“နောက်ဆို တရားမဝင်တဲ့အလုပ်တွေ မလုပ်ပါနဲ့နော်"


“မလုပ်တော့ပါဘူး ကတိပေးတယ်”


“တစ်ကယ်နော်”


“အင်း...."


“အဟွန်း....”


“ဒါဆို အဖွားတို့ မင်္ဂလာပွဲအတွက်စီစဉ်ကြတာပေါ့နော်”


“ဒါပေါ့ ယောက်ခမကြီးရဲ့”


“အဟင်း.... မျက်နှာနှစ်မျိုးနဲ့ကောင်”


“အဟဲ...."


ထိုညလေးကတော့ ဇိမ်းအတွက်ကော လွန်းအတွက်ပါ အပျော်ရွှင်ဆုံးညဟု ဆိုရပေမည်။ လွန်းအတွက်‌ကတော့ အဖေမေတ္တာငတ်နေသည့်အတွက် ဇိမ်းအဖေရဲ့အပြောတွေအား ရင်ထဲနွေးထွေးသွားရသည်။


ဒီလိုနဲ့ နောက်သုံးရက်နေတော့ သူတို့မင်္ဂလာပွဲလေးကို ဇိမ်းပိုင်တဲ့ ဟိုတယ်၌ပင် တခမ်းတနားနှင့် ပြုလုပ်ခဲ့ကြသည်။


“ကျွန်တော် ဇိမ်းမြတ်သခင်သည်၊ ကျွန်တော့ရဲ့အကြင်သူဖြစ်သူ မဆောင်းဝတီလွန်းအား၊ မဖောက်မပြန်ဖြင့်၊ သေတဖန်သက်တဆုံး၊ အမြဲချစ်ခင်စွာ ပေါင်းသင်းသွားပါမည်ဟု၊ ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များနှင့်အတူ မိဘများရှေ့၌ ကတိသစ္စာပြုပါသည်၊ ထိုကတိသစ္စာကို ဖောက်ပျက်မိပါက ဘဝဆက်တိုင်း လွန်းအိမ်က ခြံစောင့်ခွေးလေးဖြစ်ရပါစေ”


“ဦး ဘယ်လိုတွေပြောနေတာလဲ၊ ငရဲတွေကြီးကုန်တော့မှာဘဲ”


“ဘာမှမဖြစ်ပါဘူး”


အောက်ဧည့်ပရိတ်သက်များမှာတော့ ဇိမ်းအပြောကြောင့် တဟားဟားနှင့်ရီနေကြလေသည်။


“အဟွန်း....”


ထို့နောက် တစ်ယောက်နှင့်တစ်ယောက် လက်စွပ်လေးများ ဝတ်ပေးလိုက်သည်။


“ချစ်တယ် လွန်း အရမ်းအရမ်းကိုချစ်တာ သေမတက်ကိုချစ်တာ”


“ဟွန့်.... မယုံဘူး”


“ဒီညယုံအောင် ပြရမလား”


“ဦးနော်”


“ဟဲဟဲ စတာပါ”


“အဟင်း...."


ဒီလိုနဲ့ ထိုနေ့လေးကတော့ သူတို့နှစ်ယောက်အတွက် မေ့မရနိုင်ဆုံးနေ့လေးပင်။ မင်္ဂလာဆောင်ပြီးတော့ သူတို့လဲ နဂိုနေရာ ဇိမ်းရဲ့ခြံသို့သာ ပြန်လာခဲ့လိုက်ကြသည်။


“လွန်း ဒီပုံလေးကို ဧည့်ခန်းဝင်ဝင်ချင်းမှာ ချိတ်ရမယ်ထင်တယ်”


ဇိမ်း သူတို့ရဲ့ မင်္ဂလာဓာတ်ပုံလေးအား ကိုင်ကာ ပြောနေလေသည်။


“ဒါလေးချိတ်ပါ၊ ဒါလေးက သဘာဝပိုဆန်တယ်”


တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သွားလေးတွေပေါ်သည်ထိ ပြုံးနေကြသည့်ပုံလေးအား ကြည့်ကာ လွန်းမှပြန်ပြောလိုက်သည်။


“လွန်းသဘောအတိုင်းပါဘဲဗျာ”


“အဟွန်း...."


ဇိမ်းလဲ ထိုဓာ်ပုံလေးအား ဧည့်ခန်းဝင်ဝင်ချင်း၌ ချိတ်ထားလိုက်ပြီး လွန်းပုခုံးလအားဖက်ကာ နှစ်ယောက်သား ထိုဓာတ်ပုံလေးကို ကြည့်နေလိုက်ကြသည်။


လအနည်းငယ်ကြာသော်


“ကျွတ်.... ယူတာမြင့် တစ်နှစ်တောင်မပြည့်သေးဘူး၊ လူကိုပစ်ထားလိုက်တာ၊ ဦးဇိမ်း အစုတ်ပလုတ်”


လွန်း ဝရံတာ၌ မျက်မှန်လေးပန်ကာ အလုပ်လုပ်နေသည့် ဇိမ်းအားကြည့်ကာ ပြောနေလေသည်။ ဇိမ်းအခုလိုဘဲ အလုပ်လုပ်နေတာ နှစ်ရက်လောက်ရှိနေပြီ။ ဒါကြောင့် လွန်းလဲသူ့ကိုပစ်ထားတယ်ဆိုကာ စိတ်တိုနေမိသည်။


“ဘယ်လိုလုပ်ရမှာပါလိမ့်၊ ဒီလူကြီးကငါရှိတယ်ဆိုတာကော သတိရသေးရဲ့လား မသိဘူး”


လွန်းလဲ ရင်ထဲ၌မခံစားနိုင်တာကြောင့် ထက်မြတ်အားဖုန်းခေါ်ကာ ပြောပြဖို့ ပြင်လိုက်သည်။


ဒွီ.....


“ဟယ်လို”


“ဟယ်လို အစ်ကိုထက်မြတ်”


“အော် လွန်းပါလား၊ ဘာကိစ္စ"


“ဟိုလေ၊ လွန်းတစ်ခုမေးစရာရှိလို့”


“အင်း မေးလေ”


“ဒီရက်ပိုင်း အစ်ကိုထက်မြတ်တို့ရဲ့ သခင်လေးကလေ အလုပ်တွေအရမ်းများနေတာလား”


“မများပါဘူး၊ ပုံမှန်ပါဘဲ၊ ဘာဖြစ်လို့လဲ”


“ဘာဖြစ်ရမှာလဲ၊ ဦးဇိမ်းပေါ့ လွန်းကိုပစ်ထားတာ နှစ်ရက်လောက်ရှိပြီ သိလား”


“ပစ်ထားမှာပေါ့၊ နင်က သူ့အရင်ကောက်မလတွေလိုမှ မချွှဲတက်တာ”


“ဘာရယ်”


“ဟုတ်တယ်လေ၊ သူဟိုးးးးအရင်ကတွဲဖူးတဲ့ ကောင်မလေးတွေဆို၊ daddy daddyနဲ့ လိုက်လိုက်ချွှဲတာ၊ အဲ့တော့ သခင်လေးမျက်နှာကြီးက ပြုံးဖြီးလို့”


“ဟွန့်....”


“မယုံရင် နင်အခုသွားချွဲကြည့်လိုက်၊ နင့်ကိုလေး လုံးဝပစ်ထားမှာ မဟုတ်ဘူး”


“ဒါပေမယ့် လွန်းမှ အဲ့လိာတွေမချွဲတက်တာ”


“အဲ့တာမှခက်တာဘဲ၊ ကဲပါ ငါပြောတဲ့အတိုင်း daddyဆိုပြီး နူးနူးညံ့ညံ့အသံလေးနဲ့ တစ်ခါလောက်သူ့လည်ပင်းလေးကိုဖက်ပြီး သွားချွှဲကြည့်လိုက်၊ တစ်ခုခုမထူးရင် ငါ့ကိုကြိုက်သလိုလုပ်”


“အေးပါ.... တစ်ခုခုဖြစ်လာရင်လဲ ကိုထက်မြတ်တာဝန်ဘဲ”


”စိတ်ချ”


လွန်းလဲ ဖုန်းချလိုက်ပြီး ထက်မြတ်ပြောသည့်အတိုင်း သွားချွှဲကြည့်ဖို့ ဇိမ်းရှိရာ ဝရံတာဆီသို့ တက်လာခဲ့လိုက်သည်။

ဝရံတာနားလဲ ရောက်ရော လွန်းတစ်ယောက် ကြောက်ကြောက်နှင့် သူလည်းပင်းလေးအား အနောက်မှ သိုင်းဖက်လိုက်သည်။


“da daddy”


“ဟင် လွန်း”


လွန်းရဲ့ထူးဆန်းတဲ့အပြုအမူနဲ့ ခေါ်သံကြောင့် ဇိမ်းတစ်ယောက် ကြောင်သွားတော့သည်။


“ဟွန့်.... daddyက လူကိုပစ်ထားတယ်”


“ဟမ်”


“daddyလို့"


“ဗျာ.... လူကိုအသဲ‌ယားအောင်လုပ်တယ်ပေါ့"


ဇိမ်း ပြောရင်းဖြင့် သူမကိုယ်လေးအား သူ့ပေါင်ပေါ်သို့ ဆွဲချလိုက်သည်။


“ဟင်..... ဘာလုပ်မလို့လဲ ဦး”


“ဘာဦးလဲ၊ ခဏကကြတော့ daddyလို့ခေါ်နေပြီးမှ”


“အဲ့တာက”


“ရှူး..... ကိုယ့်စိတ်တွေမထိန်းနိုင်တော့ဘူ”


“ဟင်.... ဦး အွန့်....”


ဇိမ်း သူမနှုတ်ခမ်းလေးတွေအား စုပ်ယူနမ်းရှိုက်ကာ ဝရံတာမှ အခန်းဆီသို့ ထွက်လာခဲ့လိုက်တော့သည်။


လွန်းဆိုတာ ဇိမ်းအတွက်မွေးဖွားလာခဲ့ပြီး ဇိမ်းတစ်ဦးတည်းတာပိုင်သည်။

လွန်းကိုလုဖို့ ကြိုးစားတဲ့လူတိုင်းက ဇိမ်းမြတ်သခင် သတ်မှတ်ထားတဲ့ ဥပဒေအရအပြစ်ပေးခံရမည်။

ဒါဟာ ဆောင်ဝတီလွန်းဆိုတဲ့ လွန်းကိုချစ်လွန်းလို့ပင်။

                 

                    ပြီးပါပြီ

####################################


အစကနေအဆုံးထိ စောင့်ပြီးဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ရှည်ရှည်ဝေးဝေးတော့မပြောတော့ပါဘူး။ ကျွန်တော့ရဲ့ စာဖတ်သူတွေကို တစ်ကယ့်စိတ်ရင်းကနေ တစ်ကယ်ကိုကျေးဇူးတင်ပါတယ်။


စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ🙏                                         


                  ☟︎︎︎ᶠᵒʳ ʳᵉᵃᵈᵉʳˢ☟︎︎︎

☞︎︎︎................❦︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎♡︎♥︎❦︎...............☜︎︎︎   

                                        

          🙆Loved all my readers🙆

         

                              𝐀𝐔𝐓𝐇𝐎𝐑-𝑺𝑶𝑰


rate now: