book

Index 17

𝐏𝐚𝐫𝐭-17

.....❦︎လွန်းကဇိမ်းအပိုင်❦︎.....

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

        

ကလင် ကလင်.....


ကြီးမို့ဖုန်းသံကြောင့် ဧည့်ခန်းဆီသို့အပြေးလေးဖြင့် ထွက်လာခဲ့သည်။


“ဟယ်လို”


“ဒေါ်မို့လား”


“ဟုတ်ပါတယ်....”


“ဇိမ်းရဲ့အမေပါ.... ပြောစရာလေးနည်းနည်းရှိလို့”


“ဟုတ်”


“မနက်ဖြန် ဆောင်းဝတီလွန်းဆိုတဲ့ကလေးမနဲ့ ကျွန်မတွေ့ချင်တယ်.... အဲ့ဒါ ဒေါ်မို့ သားမသိအောင် အဲ့ကလေးမကို အပြင်ခေါ်ခဲ့ပေးပါ....”


“ဟုတ်”


“မနက်၁၀နာရီလောက် ကျွန်မခြံရှေ့မှာ စောင့်နေမယ်”


“ကောင်းပါပြီ....”


“ဒါဆို ကျွန်မဖုန်းချပြီ.... ဒီကိစ္စကို သားမသိစေနဲ့နော်”


“ဟုတ် ဟုတ်”


တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ကြီးမို့တစ်ယောက် စဉ်းစားခန်းဝင်ရတော့သည်။


“ဘာလို့ သခင်မက လွန်းကိုတွေ့ချင်ရတာလဲ.... မနေ့ကဘာကိစ္စတွေ ဖြစ်သွားတာပါလိမ့်”


ဒေါ်ငွေရည်မြတ် လွန်းအားလာရှာတိုင်း လွန်းမှာ ဇိမ်းနှင့်သာ ရှိနေတာကြောင့် အခုလိုဖုန်းဆက်ပြီးပြောလိုက်ရခြင်းပင်။


##################


“အထဲမှာ ဇိမ်းရှိလား”


“ဒီကဘယ်သူလဲ”


“မင်းနောင်လို့ ပြောလိုက်ပါ”


“ဟုတ်”


မနက်ဖြန်ဆိုရင် မင်းနောင် ပြင်ဦးလွင်သို့သွားရတော့မည်။ မိခင်ဖြစ်သူမှာ ကျန်းမာရေးအခြေအနေကြောင့် ကိုယ်တိုင်ဖွင့်လှစ်ထားသည့် Hope private schoolအား ဆက်လက်မအုပ်ချုပ်နိုင်တော့တာကြောင့် သားဖြစ်သူ မင်းနောင်ကဘဲ ကမ္ပဏီကိစ္စတွေအား ပစ်ကာ ပြင်ဦးလွင်သို့သွားရတော့မည်။

ဒါကြောင့် မသွားခင် တစ်ချိန်ကမတည့်ခဲ့ကြတဲ့ သူငယ်ချင်းဖြစ်သူ ဇိမ်းအား လာနှုတ်ဆက်ခြင်းပင်။


“သခင်လေး မင်းနောင်လာပါတယ်”


“မင်းနောင်.... ဘာကိစ္စပါလိမ့်.... ဝင်လာခိုင်းလိုက်”


“ဟုတ်”


ထက်မြတ် အပြင်ဘက်ရှိ မင်းနောင်နားသို့ လာခဲ့လိုက်သည်။


“သခင်လေးက ဝင်ခဲ့ပါတဲ့”


“အင်း..."


မင်းနောင်လဲဝင်သွားရော အလုပ်စားပွဲရှေ့၌ သူ့အားရပ်စောင့်နေတဲ့ ဇိမ်း။


“ဘာကိစ်စလဲ”


“လာနှုတ်ဆက်တာ”


“ဘာ”


မင်းနောင်ရဲ့အပြောကြောင့် ဇိမ်းကြောင်သွားရသည်။


“ဒီလို.... မနက်ဖြန်ဆို ငါပြင်ဦးလွင်သွားတော့မှာ အချိန်ကတော့ နှစ်နှစ်သုံးနှစ်လောက်ကြာမှာ....”


“ဘာကိစ္စနဲ့သွားမှာလဲ”


“အမေ့ရဲ့ ကျောင်းကိုသွားဦးစီးပေးရမှာလေ.... ကျောင်းလဲဦးစီးရင်းကျောင်းဆရာလဲလုပ်ရင်းပေါ့”


“ဒါဆို.... ဒီက ကမ္ပဏီတွေကကော”


“ကမ္ပဏီတွေက အဖေဦးစီးနိုင်တယ်”


“မင်းနိုင်ငံခြားမှာ ပညာသွားသင်တာ ပြင်ဦးလွင်မှာစာသွားသင်ဖို့အတွက်လား”


“မဟုတ်ပါဘူး.... အခုဟာက အခြေအနေအရ ဒီလိုလုပ်မှအဆင်ပြေမှာမို့လေ”


“ဒါနဲ့ ငါ့ကိုဘာလို့လာနှုတ်ဆက်တာလဲ.... ဘာလဲ ပြင်ဦးလွင်သွားတာတောင် အလွှတ်မပေးချင်ဘူးဆိုတဲ့ သဘောလား”


“အဟက်...."


ဇိမ်းရဲ့ ကလေးဆန်ဆန်အပြောကြောင့် မင်းနောင် ဟက်ကနဲရီချလိုက်သည်။


“ဘာရီတာလဲ”


“မင်းကအခုချိန်ထိ ကလေးစိတ်မပျောက်သေးတာကို”


“ဘာ! မင်း မသေချင်နဲ့နော် မင်းနောင်”


“ကဲပါ စိတ်လျော့.... ငါလာရတဲ့အဓိကအကြောင်းအရင်းက မင်းကိုနှုတ်ဆက်မလို့.... နောက်ပြီး ငါကအညိုးကြီးတယ်ဆိုတာ ဟိုတုန်းကပါ.... အခုက အသက်လဲ ၃၀ကျော်နေပြီ ၁၆နှစ်ကလို ကလေးဆန်တဲ့လုပ်ရက်တွေ မလုပ်တော့ပါဘူး”


“အဲ့တော့...."


“အဲ့တော့.... ငါမရှိတုန်း နှင်းသက်ချိုကို ညီမလေးတစ်ယောက်လို ဂရုစိုက်ပေးပါလို့.... မင်းသူ့ကိုဘယ်လောက်ဘဲမုန်းမုန်း နည်းနည်းလေးဘဲဖြစ်ဖြစ် ဂရုစိုက်ပေးပါနော်”


“အင်း.... ဒါဘဲလား”


“မဟုတ်ဘူး....”


“ဘာကျန်သေးတာလဲ”


“ငါ့ကို အရင်ကလိုဘဲ ပြန်ခေါ်စမ်းပါ”


ထိုစကားကြောင့် ဇိမ်းတစ်ယောက် စိတ်ထဲအနည်းငယ်ခုသွားရသည်။ တစ်ကယ်ဆို ဟိုအရင်ကအမှားလုပ်ခဲ့သူက ဇိမ်းပင်။ အခုတော့ ပြန်ခေါ်ဖို့အတွက်ကို မင်းနောင်ကအရင်စပြောသတဲ့လား။


“ငါမင်းကို အားနာလို့ပါ”


“ဘာအားနာတာလဲ....”


“အရင်က နှင်းသက်ချိုနဲ့ငါနဲ့...."


“အဲ့ဒါ အရင်ကကိစ္စလေ အခုကအခုဘဲ.... ဘာမှအားမနာနေပါနဲ့.... မင်းလဲအခုဆို ချစ်ရမယ့်သူရှိနေပြီ‌ဘဲ.... နှင်းသက်ချိုလဲ တစ်ချိန်ကြရင် မင်းကိုလက်လျော့နိုင်လောက်မှာပါ.... ငါကတော့....”


“ငါကတော့ နှင်းသက်ချိုမှနှင်းသက်ချိုဘဲ မလုပ်နဲ့နော်”


“မလုပ်ပါဘူး.... ကျောင်းကဆရာမလေးတွေကိုဘဲ ညိုးပြီးသား”


“ဟ မင်း.... ဆရာမဆိုပြီး ကျောင်းသူလေးတွေတော့ မလုပ်လာနဲ့အုံးနော်”


“အဟား.... စိတ်ချ ငါကမင်းလို ကလေးမထိန်းဘူး....”


“အဟွန့်.... မင်းက ကလေးထိန်းရတဲ့အရသာကို မသိလို့ပါ”


“တော်စမ်းပါကွာ.... ကလေးတွေကို စိတ်မဝင်စားဘူး”


“အေးပါ.... ပြီးမှ ခလေးကိုမှချစ်တာပါ ခလေးမရှိရင် သေတော့မယ်ဆိုပြီး ဖြစ်လာကြည့်စမ်း ငါမင်းကိုလျှာလာဖြတ်မှာ”


“စိန်လိုက်လေ...."


“အဟွန်း.... ဒါနဲ့ မင်းကလူကို ဒီတိုင်းဘဲ နှုတ်ဆက်တာပေါ့”


“ငါကဘယ်လိုနှုတ်ဆက်ရအုံးမှာလဲ”


“နှုတ်ဆက်တဲ့အနေနဲ့ ငါတို့သူငယ်ချင်းတွေစုပြီး တစ်ဝိုင်းလိုက်ကျွေး ဘယ်လိုလဲ”


“အိုကေပါ...."


“ဒါဆို ညကြရင် ငါ့ရဲ့ barမှာ လူစုထားလိုက်မယ်”


“အိုကေ အိုကေ”


“ဒါဆို ဒီနေ့ကစပြီး ငါတို့ကအရင်ကလို သူငယ်ချင်းတွေပြန်ဖြစ်ပြီပေါ့”


“ဒါပေါ့ကွ”


“အဟွန်း...."


ဇိမ်းနဲ့မင်းနောင် တစ်ယောက်နှင့်တစ်ယောက် ဖက်လိုက်ကြသည်။


“အရာအားလုံးအတွက် တောင်းလဲတောင်းပန်သလို ကျေးဇူးတင်ပါတယ် မင်းနောင်”


“မလိုပါဘူးကွာ.... သူငယ်ချင်းတွေဘဲ”


“အေးပါ...”


“ဒါဆို ငါပြန်တော့မယ်.... ညကြမှတွေ့ကြတာပေါ့”


“အင်းအင်း.... ဘိုင့်”


နှစ်ယောက်သားလက်ပြနှုတ်ဆက်လိုက်ကြသည်။


“ထက်မြတ်”


“ဗျာ...."


“လွန်းကော”


“ခေါင်းမူးလို့ဆိုပြီး အိမ်ပြန်သွားပြီလေ”


“ဟင်...."


ဇိမ်း သူ့ကိုလဲ ဘာမှမပြောဘဲနဲ့ အခုလိုထွက်သွားတဲ့ လွန်းကြောင့် စိတ်ထဲအနည်းငယ်ခုသွားသည်။


“ငါလဲပြန်ပြီ.... လုပ်စရာရှိတာ မင်းဘဲလုပ်လိုက်တော့”


“ဟုတ်”


ဇိမ်း အပေါ်ကုတ်ကာဆွဲယူလိုက်ပြီး ကားသော့အားယူကာ ထွက်လာလိုက်တော့သည်။


“ကျွတ်.... ဒီကောင်မလေးကတော့လေ.... ဘယ်ကိုမှမသွားပါနဲ့ဆို အခုတော့လုပ်ချလိုက်ပြန်ပြီ”


ဇိမ်း ကားလီဗာအားအဆုံးထိတင်ကာ မောင်းထွက်လာတော့သည်။ ခဏကြာမောင်းနှင်ပြီးတော့ သူလဲအိမ်သို့ပြန်ရောက်လာခဲ့သည်။


“ကြီးမို့ လွန်းကော”


“ဟင်.... လွန်းက သခင်လေးနဲ့ပါသွားတာလေ မဟုတ်လား”


“ပါသွားတော့ဟုတ်တယ်.... ဒါပေမယ့် သူခေါင်းမူးတယ်ဆိုပြီး အိမ်ကိုအရင်ပြန်လာခဲ့တာလေ”


“ဟုတ်လား.... ဒါပေမယ့် လွန်းပြန်မရောက်သေးဘူး”


ထိုစကားကြောင့် ဇိမ်းတစ်ယောက် ခေါင်းမီးတောက်သွားတော့သည်။


“ဘယ်ရောက်သွားတာပါလိမ့်.... ကျွတ်”


ဇိမ်း ကားအားပြန်ထုတ်လိုက်ပြီး လွန်းအားရှာဖို့ပြင်လိုက်သည်။


“ဘယ်တွေရှောက်သွားနေရတာလဲ လွန်းရယ် ”


ဇိမ်းတစ်ယောက် ကမ္ပဏီနဲ့အိမ်နဲ့သွားတဲ့လမ်းအားလိုက်ရှာပေမယ့် မတွေ့ပေ။

ဒါကြောင့် ထက်အြတ်အားဖုန်းဆက်ကာ လူလွှတ်ရှာခိုင်းဖို့ပြင်လိုက်သည်။


ဒွီ....


“ဟယ်လို”


“ဟယ်လို ထက်မြတ်"


“ဟုတ်”


“လွန်းပျောက်သွားလို့ အဲ့ဒါ လူလွှတ်ပြီး တစ်မြို့လုံးပတ်ရှာကြ....”


“ဟုတ် ဟုတ်”


ဇိမ်းလဲပြောပြီးသည်နှင့် ဖုန်းချကာ အရင်ဆုံး သူတို့နေခဲ့တဲ့ ရပ်ကွက်လေးအား သွားရှာဖို့ပြင်လိုက်သည်။

လူမှာလဲ စိတ်တွေအရမ်းပူနေတာကြောင့် ဇောချွေးတွေပင်ထွက်လာသည်။

ဒီလိုနဲ့ သူတို့ရပ်ကွက်သို့မောင်းအလာ လူအနည်းငယ်သာရှိသည့် လမ်းထောင့်လေး၏ ခရေပင်အောက်၌ လွန်းနှင့်တူသည့်မိန်းကလေးတစ်ယောက်အား တွေ့လိုက်ရသည်။


“ဟင်.... လွန်းလား”


ဇိမ်း ထိုနေရာလေး၌ ကားအား ချက်ချင်းထိုးရပ်လိုက်ပြီး ဆင်းလာလိုက်သည်။


“အဟင့်.... လွမ်းတယ် အမေရယ်”


သူထင်ထားသလိုပင်။ ထိုမိန်းကလေးမှာ လွန်းဖြစ်နေသည်။


“လွန်း”


ဇိမ်း လွန်းနာမည်အား ခေါ်လိုက်ပြီး သူမကိုယ်လေးအား တင်းကျပ်အောင် ဖက်ထားလိုက်တော့သည်။


“လွန်းရယ်.... ကိုယ်ကတော့ လွန်းတစ်ခုခုဖြစ်ပြီးအထင်နဲ့ စိတ်တွေပူလိုက်ရတာ.....”


ဇိမ်းတစ်ယောက် ပြောရင်းဖြင့်မျက်ရည်များက အကြောင်းမဲ့သပ်သပ်ကျဆင်းလာခဲ့သည်။


“ဟင်.... ဦးဇိမ်း ငိုနေတာလား”


“ဒါပေါ့ ကိုယ်ကလွန်းတစ်ခုခုဖြစ်ပြီဆိုပြီး စိတ်တွေအရမ်းပူနေခဲ့တာ”


“ဟို.... လွန်းတောင်းပန်ပါတယ်နော် လွန်းက”


“ရတယ်.... အခုလွန်းကိုပြန်တွေ့ပြီဘဲ ကိုယ်တို့အိမ်ပြန်ရအောင်နော် လွန်း”


“အင်းအင်း...."


“နောက်ဆို အခုလိုမလုပ်ပါနဲ့နော် တစ်နေရာရာသွားချင်တယ်ဆိုရင် ကိုယ့်ကိုပြောသွားနော်”


“ဟုတ်”


“အဟွန်း.... သွားရအောင်”


ဇိမ်း သူမလက်လေးအားဆွဲကာ ခေါ်လာတော့သည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံး၌လည်း သူမလက်လေးအား အလွှတ်မပေးပေ။


“ရောက်ပြီ.... လွန်းခေါင်းမူးနေတယ်ဆို နားလိုက်နော်”


“ဟုတ်”


“ကိုယ်ညကြရင် သူငယ်ချင်းနဲ့တွေနဲ့ ချိန်းထားလို့ သွားရအုံးမယ်.... လွန်းညကြရင် စောစောအိပ်နော် ထမင်းလဲစားအုံးနော်”


“အွန်း....”


“ဒါဆိုသွားနားတော့”


“ဟုတ်”


ဇိမ်း သူမလေးအခန်းထဲဝင်သွားသည်အထိ လိုက်ကြည့်နေမိသည်။


###############


7:00 PM


“ကျွန်တော်သွားလိုက်အုံးမယ်.... လွန်းကို စောစောအိပ်ခိုင်းနော် ကြီးမို့”


“ဟုတ်”


ဒီလိုနဲ့ ဇိမ်း ခြံထဲမှ ထွက်လာလိုက်တော့သည်။

ကားသာမောင်းနေရတာ စိတ်ကတော့ သူမလေးဆီပင်။

ခဏကြာကားမောင်းပြီတော့ ဇိမ်း barသို့ရောက်လာခဲ့သည်။ သူသီးသန့်ထားတဲ့ မြေအောက်ကားပါကင်၌ ကားအားထားခဲ့လိုက်ပြီး အထဲသို့ ဝင်လာခဲ့လိုက်သည်။


“ဟာ... bossမလာတာတောင် တော်တော်ကြာပြီနော်”


“ဒီရက်ပိုင်း သိပ်မအားလို့”


“အော်....”


“မင်းနောင်တို့ရောက်နေပြီလား”


“ဟုတ် ရောက်ပါပြီ VIP အခန်းထဲမှာပါ”


“အင်း...."


ဇိမ်း မင်းနောင်တို့ရှိရာအခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။


“ဟာ.... လူတောင်စုံနေပြီ”


“မင်းကဘာလုပ်နေတာလဲ ကြာလိုက်တာ”


“ကိစ္စလေးရှိလို့ပေါ့ကွာ”


ဒီလိုနဲ့ ဇိမ်းရာဇရဲ့ဘေး၌ ဝင်ထိုင်လိုက်သည်။


“ဇိမ်း”


“ပြောလေ”


“မနေ့က အမေအရမ်းစိတ်တိုသွားတယ်”


နှင်းသက်ချိုအား ဇိမ်းတစ်ယောက် စူးစိုက်ကြည့်လိုက်သည်။


“အဲ့တော့”


“ရှင်...."


“ကဲပါ ဒီနေ့က မင်းနောင်ကိုနှုတ်ဆက်တဲ့နေ့မို့ ပျော်ပျော်ရွှင်ရွှင်နေရအောင်... တစ်ခြားကိစ္စတွေ မပြောပါနဲ့”


“ဟုတ်တယ် ဟုတ်တယ်”


ဇိမ်းရဲ့အပြောအား ရာဇမှ ထောက်ခံလိုက်သည်။


“ဟို... ဒါနဲ့ ဇိမ်း မင်းနဲ့ မင်းနောင်နဲ့က ဘယ်လိုတည့်သွားကြတာလဲ”


“ဒီလိုဘဲလေ”


ဇိမ်း မင်းနောင်အားကြည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။


“အခုလို တည့်သွားတော့လဲ ကောင်းတာပေါ့ သူငယ်ချင်းတွေအားလုံး စည်းစည်းလုံးလုံးဖြစ်သွားပြီ”


“ကဲ ဒါဆို မင်းနောင်ပြင်ဦးလွင်သွားတော့မယ်အနေနဲ့ Cheers...."


“Cheers.....🥂"


ဒီလိုနဲ့ ထိုညကတော့ စကားတွေပြောစနောက်ရင်းဖြင့် ဇိမ်းတစ်ယောက် ည၁၁နာရီမှ အိမ်ပြန်ရောက်သည်။

လူကလဲ မူးထူနေပြီမို့ အိမ်အပေါ်ထပ်သို့ ချက်ချင်းတက်ကာ အိပ်ပစ်လိုက်ရသည်။


နောက်တစ်နေ့မနက်


“ကိုယ့်သူငယ်ချင်းကို လေဆိပ်လိုက်ပို့ရမှာမို့ ကိုယ်သွားပြီ”


“ဟုတ်.... ဟို ခဏနေလွန်းသွားစရာရှိလို့ ”


“ကိုယ်ပြန်လာမှသွားလေ ကိုယ်လိုက်ပို့ပေးမယ်”


“ရတယ်... ဒီနားတင်ဘဲ”


“ဟုတ်ပါပြီ.... ဒါဆိုကိုယ်လေဆိပ်ကနေ ကမ္ပဏီတန်းသွားလိုက်တော့မယ်”


“ဟုတ်” 


“မြန်မြန်တော့ပြန်လာနော်  ”


“အွန်းပါ”


ဒီလိုနဲ့ ဇိမ်းသူမလေးအား နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။ ဒီနေ့က ဇိမ်း လေဆိပ်ကနေ ကမ္ပဏီကိုတန်းသွားမည်။ ဒါကြောင့် လွန်းလဲ စိတ်ဖြောင့်ဖြောင့် ဒေါ်ငွေရည်မြတ် ချိန်းထားတာကို သွားနိုင်မည်။


“တစ်ခုခုဆို ကြီးမို့ကိုပြောနော် သမီး”


“ဟုတ်....”


“ဒါနဲ့ အခုသွားတော့မလား”


“ဟုတ်.... လမ်းထိပ်မှာစောင့်နေတယ်တဲ့”


“အွန်းအွန်း.... ဒါဆို ဖြည်းဖြည်းသွားနော် ကြီးမို့လိုက်ပို့ရအုံးမလား”


“ရပါတယ် ကြီးမို့ရဲ့...."


“ဟုတ်ပါပြီ”


“ဒါဆို သမီးသွားပြ‌ီနော်”


“ဟုတ်ပြီ”


ဒီလိုနဲ့ သူမလဲ လမ်းထိပ်သို့ ထွက်လာခဲ့လိုက်သည်။ တစ်လမ်းလုံးလဲ ဒေါ်ငွေရည်မြတ်ကဲ့အကြောင်းအားတွေးကာ ခြေဖျားလက်ဖျားတွေအေးစက်လာပြီး ကိုယ်ပင်တုန်ရီနေသည်။ တစ်ကယ်ဆို သူမ ဒေါ်ငွေရည်မြတ်အား သွားမတွေ့ချင်ပါ။ ဒါပေမယ့်လဲ အခုတော့ သွားတွေ့နေရပြီ။ ခဏကြာ‌လမ်းလျှောက်ပြီးတော့ လွန်း ကားရှေ့သို့ ရောက်လာခဲ့သည်။


“ရောက်လာပြီပေါ့”


“ဟုတ်...."


ဒေါ်ငွေရည်မြတ် သူမအား ကားပေါ်သို့တက်ကာ ထိုင်ခိုင်းစေလိုက်သည်။


“အန်တီ လိုရင်းကိုဘဲပြောမယ်”


“ဟုတ်”


လွန်းတစ်ယောက် ခေါင်းလေးငုံ့ကာ ဒေါ်ငွေရည်မြတ်ရဲ့ အပြောတွေအား သေချာနားထောင်နေသည်။


“အန်တီ့သားကို အန်တီတို့က ဟိုးငယ်ငယ်ကတည်းက လိုလေစိတ်မရှိအောင် အသေအချာထားခဲ့တာ.... ဒါကြောင့် သူ့ရဲ့ဘဝကို အန်တီတို့က ဟိုးအမြင့်ဆုံးကိုဘဲ ရောက်ခိုင်းစေချင်တယ်..... အခုသူယူမယ့် မိန်းကလေးကိုလဲ အရာအားလုံးပြည့်စုံတဲ့ မိန်းကလေးမျိုးဘဲ ဖြစ်ခိုင်းစေချတယ်.... ဆွေမရှိမျိုးမရှိနဲ့ အလုပ်အကိုင်မရှိ သားကိုလဲ ဘာမှမထောက်ပံ့ပေးနိုင်တဲ့ မိန်းကလေးမျိုးနဲ့ အန်တီတို့က သဘောမတူပေးနိုင်ဘူး”


“ဒီမှာ အန်တီ.... အန်တီသိအောင်လဲ ကျွန်မတစ်ခုပြောလိုက်မယ် လွန်းဆိုတာကလေ ဆွေမရှိမျိုးမရှိ ဘာအလုပ်အကိုင်မှလဲ မရှိဘူး ဟုတ်တယ်.... ဒါပေမယ့် ကိုယ်ကျင့်တရားကတော့ အပြည့်ရှိတယ်.... အားနည်းတဲ့သူကို မထိတထိနဲ့ မခနဲ့သင့်မှန်းလဲ လွန်းကကောင်းကောင်းသိတယ်”


“ခနဲ့သလို ဖြစ်သွားရင်တော့ ဆောရီးပါ.... အဲ့တော့ အခုအန်တီ ပြောချင်တာက”


“ဦးဇိမ်းနဲ့ လာမပတ်သက်ပါနဲ့ ဟုတ်တယ်မလား”


“အဟွန့်.... ဘယ်ဆိုးလို့လဲ နားလည်သားဘဲ၊ ဒီတော့ ဘယ်လိုလဲ”


“အန်တီ့သဘောအတိုင်းပါဘဲ၊ မပတ်သက်နဲ့ဆို မပတ်သက်ပါဘူး၊ လွန်းဒီနေ့ဘဲ ဦးဇိမ်းအိမ်ကနေ ထွက်သွားပါ့မယ်၊ ဒါပေမယ့် တစ်ခုတော့ပြောခဲ့အုံးမယ်၊ ငွေဆိုတာမတည်မြဲတဲ့အရာမို့ အဲ့လောက်ထိ တမ်းတမ်းစွဲဖြစ်မနေပါနဲ့၊ သူဌေးဘဲဖြစ်ဖြစ် ဆင်းရဲသားဘဲဖြစ်ဖြစ် တစ်နေ့သေရင် မြေကြီးထဲမြုပ်ရင်မြုပ် မမြုပ်ရင်လဲ မီးသကြိုခံရမှာဘဲ၊ အားလုံးကအတူတူဘဲ၊ ဒါကြောင့် မသေခင်လေး ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို မနိမ်နေဘဲနဲ့ ကုသိုလ်လေးဘာလေးလုပ် သေသွားလို့ကတော့ ဘယ်ငွေမှလဲ လာမကယ်နိုင်သလို ပြည့်စုံလွန်းတဲ့ ချွေးမလဲလာမကယ်နိုင်ဘူးနော် ”


“မင်း...."


“အဟွန့်...."


လွန်းကတော့ ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

ကားထဲ၌ ကျန်ရစ်သူ ဒေါ်ငွေရည်မြတ်တစ်ယောက်ကတော့ မျက်နှာကြီးများ နီရဲကာ လွန်းအားဒေါသတွေ ထွက်နေရှာသည်။ ဘယ်လိုဘဲဖြစ်ဖြစ် အခုတော့ ရှင်းထုတ်လိုက်နိုင်ပြီမို့ အနည်းငယ်တော့ ဝမ်းသာနေမိသည်။


လွန်းကတော့ ကျဆင်းတော့မည့်မျက်ရည်များအား အချိန်မှီထိန်းထားလိုက်ပြီး အိမ်သို့အရောက်ပြန်လာခဲ့သည်။ ထို့နောက် အခန်းထဲသို့ဝင်ကာ အဝတ်တွေအား ထည့်နေလိုက်သည်။


ဒေါက် ဒေါက်....


“ကြီးမို့ပါ သမီး”


“ဟုတ် ဝင်ခဲ့လေ”


ကြီးမို့ အခန်းတံခါးလေးအား အသာဖွင့်လိုက်ပြီး အထဲသို့ဝင်လာခဲ့လိုက်သည်။


“ဘယ်လိုလဲ သမီး.... သခင်မက သမီးကိုဘာပြောလိုက်လဲ”


“ဦးဇိမ်းနဲ့မပတ်သက်ဖို့ဘဲပေါ့”


“ဟင်.... အဲ့တော့ သမီးက”


“မပတ်သက်နဲ့ဆိုမှတော့ မပတ်သက်ဘဲနဲ့ နေပေးရမှာပေါ့ ကြီးမို့ရယ်.... ဒီပတ်ဝန်းကျင်မှာ နေရတာလဲ လွန်းတော်တော်စိတ်ပင်ပန်းနေပါပြီ”


“သမီးရယ်”


ကြီးမို့ လွန်းအား ဖက်ထားပေးလိုက်သည်။


“အဟင့်...."


ဒီတစ်ခါတော့ သူမမျက်ရည်များက မထိန်းထားနိုင်တော့ပေ။


“ကြီးမို့ ဦးဇိမ်းကို တစ်ခုလောက်ပြောပေးပါ”


“အင်း...."


“လွန်းကိုလိုက်မရှာပါနဲ့လို့၊ လွန်းက ဦးဇိမ်းလိုလူမျိုးကို အရမ်းမုန်းသွားတာမို့ ဒီအိမ်ကနေ ထွက်သွားတာပါလို့၊ ပြောပေးပါနော် ကြီးမို့”


“အေးပါကွယ်.... ဒါပေမယ့် ရုတ်တရက်ကြီး”


“ဘာမှမဖြစ်ပါဘူး.... "


“ဒါနဲ့ သမီးကဒီကထွက်သွားတော့ ဘယ်ကိုသွားမှာလဲ.... ပြောတော့ အမျိုးတွေမရှိဘူးဆို”


“လွိုင်ကောဘက်မှာ အမေ့မိတ်ဆွေတွေ ရှိပါတယ်၊ သူတို့က လွန်းကို သမီးလေးအရက်းတစ်ယောက်လို စောင့်ရှောက်ပေးကြတယ်”


“ဒါဆိုရင်တော့ ကောင်းတာပေါ့”


“ဟုတ်၊ အဝတ်လဲထည့်ပြီးပြီဆိုတော့ သမီးသွားတော့မယ်၊ ရုတ်တရက်ကြီး မနှုတ်ဆက်ဘဲ သွားလိုက်ရလို့ တောင်းပန်ပါတယ် ကြီးမို့”


“ရပါတယ်ကွယ်....၊ ဒါ‌တွေကို ကြီးမို့နားလည်ပါတယ်”


“ဟုတ်၊ ဒါဆိုသမီးသွားပြီ၊ အမြန်ဆုံးဒီကထွက်သွားမှဘဲ စိတ်အေးနိုင်တော့မှာ”


လွန်း အဝတ်ထုတ်လေးအား ဆွဲယူလိုက်ပြီး ခြံပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။


ဒီလောက်ဘဲ ကံပါတာဆိုတော့လဲ နှုတ်ဆက်ပါတယ် ဦးဇိမ်းရယ်။


လွန်းလဲ သူ့ကိုယ်သူ ဘာလို့ဒီလိုလူနဲ့မှ ပတ်သက်မိခဲ့ပါလိမ့်ဆိုပြီး မစဉ်းစားတက်တော့ပေ။ ဘယ်လိုဖြစ်နေပါစေ ဒီနေရာမှာနေရတာထက် လွိုင်ကောဘက်မှာ သွားနေရတာက ပို၍သူမကို စိတ်သက်သာရာရစေမည်။ 


ချစ်တယ် ဦးဇိမ်း။


စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏

                                

                                      𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰


rate now: