.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“လွန်းရေ.... ဒီကိုလာပါအုံး”
ခြံထဲမှ အသံကြောင့် လွန်းတစ်ယောက် ခြံထဲသို့ အပြေးလေးဖြင့် လာခဲ့လိုက်သည်။
“ဘာဖြစ်တာတုန်း ဦးဇိမ်း”
“ဒီမှာကြည့်”
လွန်းလဲ ဇိမ်းလက်ညိုးထိုးပြရာ သစ်ပင်ဆီသို့ ကြည့်လိုက်တော့ ကြောင်လေးတစ်ကောင်။
“ဟင်.... ကြောင်လေး”
“အင်း.... ချစ်စရာလေးနော်”
“ဟုတ်တယ်.... ယူပေး ဦးဇိမ်း”
လွန်း ဇိမ်းရဲ့အင်္ကျီစလေးအားဆွဲကာ ပြောလိုက်သည်။
“မယူပေးဘူး”
“ဟာ... ဘာလို့လဲ”
“အဲ့ကြောင်လေးသာ လွန်းရသွားရင် လွန်းက ကိုယ့်ထက်ကြောင်ကိုပိုချစ်သွားမှာစိုးလို့”
“ဟ လုပ်ပြီ.... ကြောင်ကကြောင် လူကလူလေ ဦးဇိမ်းရဲ့”
“မရဘူး.... ကဲပါ လွန်းရယ် လွန်းဒီကြောင်ကိုလိုချင်ရင်တောင် ယူလို့မရဘူး”
“ဘာလို့လဲ”
“အဲ့ကြောင်က တစ်ကယ်တော့ ဟိုဘက်ခြံကကြောင်”
“အော်.... ဒါဆိုဟိုဘက်ခြံကိုပို့ပေးလိုက်လေ”
“အင်းအင်း”
ဇိမ်း ထိုကြောင်လေးအား သစ်ပင်ပေါ်မှယူလိုက်သည်။
“ပွေ့ကြည့်အုံးမလား”
“တော်ပါပြီ.... သံယောဇဉ်တွေ တွယ်မိနေအုံးမယ်”
“အဟွန်း....”
သူမရဲ့အပြောအား ဇိမ်းတစ်ယောက် သဘောကျစွာပြုံးလိုက်မိသည်။
တီ တီ....
ထိုအချိန် အိမ်ရှေ့မှ ကားဟွန်းတီးသံအား ကြားလိုက်ရသည်။
“ဘယ်သူပါလိမ့်”
“လွန်းသွားဖွင့်လိုက်ရမလား ဦးဇိမ်း”
“ရတယ် တစ်ခြားလူသွားဖွင့်လိမ့်မယ်”
“အင်း....”
ဇိမ်း ထိုကြောင်လေးအား အုတ်တံတိုင်းရဲ့ တစ်ခြားတစ်ဖက်ရှိ သစ်ပင်ပေါ်၌ တင်ပေးလိုက်သည်။
“လွန်းဒီမှာ နေခဲ့အုံးနော်.... ကိုယ် ခြံရှေ့က ဘယ်သူလဲဆိုတာ သွားကြည့်လိုက်အုံးမယ်”
“ဟုတ်”
ဇိမ်းအိမ်ထဲသို့ တစ်လိမ့်လိမ့်ဝင်လာတဲ့ ထိုကားနှစ်စီးအား ကြည့်လိုက်သည်။
“အရှေ့က အမေ့ရဲ့ကား အနောက်ကဘယ်သူ့ကားပါလိမ့်”
ထိုကားနှစ်စီးမှာ ဇိမ်းရဲ့အရှေ့၌ပင် ရပ်လိုက်သည်။
ထို့နောက်ရှေ့ကားပေါ်မှ ဇိမ်းရဲ့ အဖေနှင့်အမေဆင်းလာခဲ့သည်။ နောက်ကား၌တော့ နှင်းသက်ချိုနှင့်သူ့ရဲ့အမေဖြစ်သူ ဒေါ်ဝင်းမာချို။
“သား....”
သားဖြစ်သူကိုမြင်သည်နှင့် မိဘနှစ်ပါးမှာ သားဖြစ်သူနားသို့ ပြေးလာခဲ့ကြသည်။
“ဒါက...”
“သမီးနှင်းသက်ချိုနဲ့သားရဲ့ ကိစ္စကို လာဆွေးနွေးကြတာ”
“ဘာ!”
“ဘာဖြစ်လို့လဲ သားရဲ့.....”
မိခင်ဖြစ်သူ ဒေါ်ငွေရည်မြတ် သားဖြစ်သူရဲ့ လက်လေးအားကိုင်ကာ ပြောလိုက်သည်။
“ကျွန်တော့ဘက်ကတော့ ဘာကိစ္စမှ ဆွေးနွေးစရာမရှိဘူး.... ဒါကြောင့် ပြန်လိုက်ပါတော့”
“မင်းဘယ်လိုပြောလိုက်တာလဲ ဇိမ်း”
“မြင်တဲ့အတိုင်းဘဲလေ.... ကျွန်တော်က အရင်ကလို ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက် မဟုတ်တော့ဘူ.... ၃၂ရှိနေပြီ အရင်လို ဟိုဟာလုပ် ဒါလုပ်ဆိုပြီး အမိန့်တွေ လာမထုတ်ပါနဲ့တော့.... ဒီတစ်ခါတော့ သည်းခံမှာမဟုတ်တော့ဘူ”
“မင်း....”
ဇိမ်း မိခင်ဖြစ်သူရဲ့ လက်တွေအား ပုတ်ချလိုက်ပြီး နှင်းသက်ချိုတို့သအမိရှိရာဆီ လျှောက်လာလိုက်သည်။
“ဆောရီးပါ အန်တီ.... ကျွန်တော် အန်တီ့သမီးနဲ့ ဘာကိစ္စမှ ဆွေးနွေးစရာမရှိတာမို့ ပြန်လိုက်ပါတော့နော်.... နောက်ပြီး ကျွန်တော့မှာက လက်ထပ်ရမယ့်သူရှိပြီးသားပါ”
ထိုစကားကြောင့် နှင်းသက်ချိုတို့ သားအမိမှာ မျက်နှာကြီးများ ရဲတက်လာပြီး ဒေါသများထွက်လာတော့သည်။
“တောက်.... ဦးဇိမ်းသုခနိုင် ရှင်ကျွန်မတို့ကို ဘယ်လိုလူစားမျိုးထင်နေတာလဲ.... ဘယ့်နဲ့ ဒီလိုသားမျိုးနဲ့များ ကျွန်မသမီးကို လက်ထပ်ပေးရမယ်လို့.... ကျွန်မဘက်ကတော့ သဘောမတူနိုင်ဘူး”
“ဟို.... ကျွန်တော်တို့ဘက်က တောင်းပန်ပါတယ်.... သားကလေ”
“တော်ပြီ ဘာမှဆက်မပြော ပါနဲ့တော့.... ဒီအဖြစ်အပျက်ကို မရှိခဲ့ဘူးလို့ဘဲ သတ်မှတ်လိုက်မယ်.... ကျွန်မတို့သွားပြီ.... လာ သမီး ပြန်မယ်”
ဒေါ်ဝင်းမာချိုတစ်ယောက် ဇိမ်းတို့အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ကားပေါ်သို့တက်သွားတော့သည်။
“ဘယ်လိုလုပ်ကြမလဲ အစ်ကို”
“တောက်....”
ဦးဇိမ်းသုခနိုင် နှင်းသက်ချိုတို့သားအမိ ခြံထဲမှ ထွက်သွားသည်နှင့် ဇိမ်းအနားသို့ လျှောက်လာကာ ထိုးပစ်လိုက်တော့သည်။
“ခွပ်.... ငါတို့နဲ့ အနေဝေးသွားတော့ မင်းကလုပ်ချင်သလို လုပ်နေတာပေါ့”
ဇိမ်း နှုတ်ခမ်းထောင့်နားက သွေးစတွေအား လက်ခုံဖြင့် တစ်ချက်သုတ်လိုက်သည်။
လွန်းကတော့ ဇိမ်းထိုးခံလိုက်ရတာကြောင့် သွားကြည့်ချင်ပေးချင်ပေမယ့် သူ့မိဘတွေအားကြည့်ကာ မသွားနိုင်ခဲ့ပေ။
“ပြောစမ်းပါအုံး.... မင်းမှာ လက်ထပ်ရမယ့်သူ ရှိပြီးသားဆို ဘယ်သူလဲ.... ဟို ခွေးထိန်းဆိုတဲ့ တစ်ယောက်လား”
“ဘယ်ကခွေးထိန်းလဲ”
ဦးဇိမ်းသုခနိုင် မျက်မှောင်ကြီးကြုတ်လျက်ဖြင့် မေးလိုက်သည်။
“ရှင့်သားကိုမေးလေ.... ရှင့်သားပိုသိမှာပေါ့”
“ဘယ်သူလဲ ဇိမ်း”
“လွန်း.... ဒီကို ခဏလာပါအုံး”
နောင်လဲမိတ်ဆက်ပေးရမယ့်အတူတူ အခုကတည်းက တစ်ခါတည်းမိတ်ဆက်ပေးလိုက်ဖို့ ပြင်လိုက်သည်။
လွန်း ခေါ်သံကြောင့် ဇိမ်းနားသို့ ကုပ်ကုပ်လေးဖြင့် လျှောက်လာလိုက်သည်။ ဇိမ်း သူ့နားရောက်လာတဲ့ လွန်းအား လက်ကလေးကိုကိုင်ထားလိုက်သည်။
“သူဘဲ.... ကျွန်တော်ချစ်လို့ လက်ထပ်မယ့်သူ”
“သူ့အသက်ဘယ်လောက်လဲ”
“၁၈”
“ဘာ!”
ဦးဇိမ်းသုခနိုင် မျက်လုံးများပြူးကျယ်သွားကာ လန့်သွားရသည်။
“မဖြစ်ဘူး.... မင်းဒီလောက်ငယ်တဲ့သူနဲ့ ယူလို့မဖြစ်ဘူး”
“ဘာလို့လဲ.... ဒါကျွန်တော့ရဲ့ ရွှေးချယ်ခွင့်လေ”
“မင်းထက် ၁၄နှစ်တိတိငယ်တဲ့ အဲ့ကလေးမကိုယူလိုက်ရင် ပတ်ဝန်းကျင်က လူတွေဘယ်လိုပြောကြမလဲ”
“ပတ်ဝန်းကျင်ကို ကျွန်တော်ဂရုမစိုက်ဘူး”
“မင်းဂရုမစိုက်ပေမယ့် ငါကတော့ ဂရုစိုက်တယ်.... ငါတို့ဆိုတာ မျိုးရိုးစဉ်ဆက် နာမည်နဲ့ဂုဏ်နဲ့ငွေနဲ့နေလာခဲ့တာ မင်းလက်ထပ်မှ ငါတို့နာမည်မပျက်ချင်ဘူး”
“ဒါကတော့ မတက်နိုင်ဘူး.... ကျွန်တော်ကတော့ သူ့ကိုဘဲ ယူမှာ”
“ရတယ်လေ.... မင်းသူ့ကိုယူရင် ငါတို့လဲ မင်းကို အမွေပျက်စွန့်လွှတ်တယ်.... နောက် ဘယ်တော့မှ ငါ့ကိုအဖေလို့ လာမခေါ်နဲ့”
ဦးဇိမ်းသုခနိုင် ဒေါသထွက်ထွက်နှင့် ပြောချင်ရာပြောခဲ့လိုက်ပြီး ကားပေါ်သို့ တက်လာလိုက်တော့သည်။
“မင်းကတော့လေ....”
ဒေါ်ငွေရည်မြတ်လဲ ပြာပြာသလဲနှင့် ကပေါ်သို့ တက်လာခဲ့လိုက်သည်။ ထို့နောက်တော့ ထိုကားလေးမှာ ခြံထဲမှ မောင်းထွက်သွားတော့သည်။
လွန်းတစ်ယောက် ဇိမ်းရဲ့မိဘတွေ ထွက်သွားတော့မှ ဇိမ်းရဲ့လက်တွေအား ဖယ်ချလိုက်ပြီး အခန်းရှိရာသို့ အပြေးလေးလာခဲ့လိုက်သည်။
“လွန်း... နေအုံးလေ”
လွန်းကံမကောင်းစွာဖြင့် သူအခန်းထဲမဝင်မှီ ဇိမ်းမှ သူမလက်အား လှမ်းဆွဲလိုက်သည်။
“လွှတ်.... ဦးဇိမ်းနဲ့လွန်းနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူး.... ဒါကြောင့် လွန်းတို့အရင်လိုဘဲ ပြန်နေကြရအောင်”
“မရဘူး.... လွန်းကလွှဲလို့ ကိုယ်ဘယ်သူ့ကိုမှ မယူနိုင်ဘူး”
“ဖယ်ပါ”
လွန်း သူမခါးကို သိုင်းဖက်လာတဲ့ ဇိမ်းကြောင့် မနေတက်ကာ ဖယ်ခိုင်းလိုက်သည်။
“ကိုယ်ပြောပြီးပြီနော် ကိုယ်လွန်းကလွှဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်တော့သလို ဘယ်သူ့ကိုမှ မယူနိုင်ဘူး”
“အဲ့လိုတွေ လုပ်မနေပါနဲ့ ဦးဇိမ်း.... လွန်းနဲ့ဦးဇိမ်းနဲ့ကာဘယ်လိုမှမဖြစ်နိုင်ဘူး.... နောက်ပြီး”
ဇိမ်း သူမပြောလို့မှမဆုံးသေး သူမနှုတ်ခမ်းတွေအား နမ်းပစ်လိုက်တော့သည်။
“အွန့်.... ဖယ်”
လွန်း ဇိမ်းရဲ့ကိုယ်အား တွန်းပစ်လိုက်သည်။
“နောက်ဆို မဖြစ်နိုင်တာတွေကို သိပ်မပြောနဲ့ လွန်း ကိုယ်မကြိုက်ဘူး.... နောက်ဆိုပါးစပ်နဲ့တင်မဟုတ်ဘူး ခန္ဓာကိုယ်ပါပါလာလိမ့်မယ်.... ခြိမ်းခြောက်တာမဟုတ်ဘူး ကြိုပြောပြတာ”
လွန်း ဇိမ်းအားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အခန်းထဲသို့ ဝင်သွားလိုက်တော့သည်။
မင်းကိုယ်မှ ချစ်မိတာမို့ ထားသွားမှာကို မလိုချင်ဘူး လွန်းရယ်။
##############
ဒွီ.....
“ဟယ်လို”
“ဟယ်လို.... ယောက်ခမကြီး နေကောင်းလားဗျာ”
“အစ်ကို”
ယောင်္ကျားဖြစ်သူရဲ့ ခပ်နောက်နောက်စကားကြောင့် ဒေါ်ငွေရည်မြတ် လက်လေးအားပုတ်ကာ တားလိုက်ကသည်။
“အေးပါ.... ငါ့ကိုလာနောက်နေ”
“အဟွန်း.... ကျွန်တော်ပြောစရာရှိလို့ပါ အမေ”
“ပြော....”
“အမေ့မြေးပေါ့”
“ငါ့မြေးလေးဘာဖြစ်လို့လဲ နင်တို့သေချာဂရုမစိုက်ကြဘူးလား”
တစ်ဖက်မှ စကားတောင်မဆုံးသေး စိုးရိမ်တကြီးပြောလာတဲ့ ဇိမ်းရဲ့ အဘွားဖြစ်သူကြောင့် လင်မယားနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍သာ သက်ပြင်းချလိုက်ရသည်။ ဒေါ်မြတ်မြတ်ချယ်ဆိုသည့် ဇိမ်းရဲ့အဘွားဟာ ဇိမ်းအပေါ်ကို အသက်ထက်မျှတုန်နေအောင်ချစ်သည်။
“အမေရယ် ကျွန်တော်ပြောတာကိုလဲ ဆုံးအောင်နားထောင်ပါအုံး”
“အေးပါ ပြော”
“အမေ့မြေးလေ သူ့အိမ်ကအိမ်အကူနဲ့ ချစ်သူတွေဖြစ်နေပြီတဲ့”
“ဟင်! အိမ်အကူနဲ့ ဟုတ်လား ”
“ဟုတ်တယ်.... အဲ့အိမ်အကူကလဲ အခုမှ ၁၈နှစ်ရှိသေးတာ... သားကလေ သူ့ကိုဘယ်လောက်တောင် သဲသဲလှုပ်ဖြစ်နေလဲဆိုရင် အဲ့ကလေးမကိုယူရင် အမွေပြတ်စွန့်လွှတ်မယ်ဆိုတာတောင် တုပ်တုပ်တောင်မလှုပ်ဘူး.... အဲ့ကလေးမကလဲ သားကိုချူစားဖို့မြန်းချဉ်းကပ်လာတာလားမသိ.... အဲ့ဒါကို အမေ့မြေးက တမ်းတမ်းစွဲကိုဖြစ်နေတော့တာ”
“နေပါအုံးအေ.... ငါ့မြေးက လအမဟုတ်ပါဘူး.... သူကတော်ရုံမိန်းကလေးဆို မချစ်တက်ဘူး.... ဒီမိန်းကလေးက သူ့အတွက်ထူးခြားလို့ဘဲနေမှာ”
ထိုအပြောကြောင့် ဒေါ်ငွေရည်မြတ် ဖုန်းအားဆွဲယူလိုက်ရသည်။
“ဘယ်ကသာ ထူးခြားရမှာလဲ.... ကျွန်မတို့သဘောတူထားတဲ့ နှင်းသက်ချိုဆိုတဲ့သမီးလေးနဲ့ တစ်ခြားစီဘဲ.... အသက်ကလဲငယ်သေး၊ ရင့်ကျက်မယ့်ပုံလဲမပေါ်၊ ဝတ်တာကလဲ ဘောင်းဘီပွပွနဲ့ အင်္ကျီပွပွ၊ အဆိုးဆုံးကတော့ အိမ်အကူဖြစ်နေတာဘဲ”
“ညည်းတို့ကလဲဟယ်.... သူများကိုပြောဖို့ဆို ထိပ်ဆုံး”
“အဲ့လိုမဟုတ်ပါဘူး”
“ငါလဲ အဲ့လိုစုတ်စုတ်ပြတ်ပြတ်ဘဝကနေ တက်လာခဲ့ရတာပါ.... ကဲပါ မြေးကသဲသဲလှုပ်ချစ်မှတော့ ညည်းတို့က ဘာကိုကန့်ကွက်ချင်သေးတာလဲ”
“ဒါပေမယ့် ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်လေ အမေရဲ့”
“ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ဘဲ.... ကြာတော့သူ့ဟာသူအဆင်ပြေသွားမှာပါ ”
“ဒါပေမယ့်လဲ သူတို့က အသက်အရမ်းကွာတယ်လေ... သားကမြင့်၃၂ရှိနေပြီ ဟိုကလေးမ အခုမှ၁၈ဘဲရှိသေးတာ.... သားက သူ့အရွယ်နဲ့လိုက်ဖက်မယ့် နှင်းသက်ချိုလိုမိန်းကလေးကိုဘဲ ယူသင့်တာလေ မဟုတ်ဘူးလား”
“မဟုတ်ဘူး.... ညည်းအဖေနဲ့ငါနဲ့တောင် ၁၁နှစ်ကွာတယ်... နောက်ပြီး ညည်းတို့သူ့ကို ချုပ်ချယ်ခဲ့တာတွေ များနေပြီ အိမ်ထောင်ဖက်ကိုတော့ သူ့သဘောတိုင်းရွှေးပါစေ”
“အိမ်ထောင်ဖက်ဆိုတာ သူနဲ့တစ်သက်လုံး ဆိုးတူကောင်းဖက် ပေါင်းသင်းရမှာလေ”
“အေး အဲ့ဒါကြောင့်မို့ သူချစ်တဲ့သူနဲ့ ယူပစေလို့....”
“ဒါပေမယ့်”
“တော်ပြီ.... ငါနောက်အပါတ် မြန်မာပြည်ပြန်ခဲ့မယ်... ငါ့မြေးချွေးမကို ငါကိုယ်တိုင်လာတွေ့မယ်....ဒါဘဲ”
ပြောပြီးသည်နှင့် ဖုန်းတန်းချသွားသည့် အမေဖြစ်သူကြောင့် ဒေါ်ငွေရည်မြတ်တို့လဲ ဘာမှမတက်နိုင်ပေ။
“ကျွန်မကတော့ သားကိုအဲ့လိုမိန်းမမျိုးိဲ့ သဘောမတူနိုင်ဘူးနော်”
“ငါလဲ သဘောမတူနိုင်ပါဘူး”
“ဒါဆို တစ်ခုခုကြံအုံးလေ ရှင်ကလဲ... လူကောင်ကြီးပြီး ဘာမှသုံးစားလို့မရဘူး”
“မင်းနော် စကားပြောဆင်ခြင်”
“ဒါဆို တစ်ခုခုကြံအုံးလေ”
“ငါလဲ ကွံနတောဘဲ”
“တော်ပြီ... ကျွန်မအပေါ်တက်နှင့်ပြီ”
ဒေါ်ငွေရည်မြတ် ဒေါသထွက်ထွက်နှင့်သာ အပေါ်သို့တက်လာခဲ့လိုက်တော့သည်။
##########
“ဒေါက် ဒေါက်”
“လွန်း.... တံခါးဖွင့်အုံး.... ညနေတောင်စောင်းနေပြီ နေ့လယ်စာလဲ မစားသေးဘူး....”
လွန်းကတော့ ထိုအပြောတွေအား ဂရုမစိုက် ကြိတ်ပြီးသာ အိပ်နေလေသည်။
“လွန်း ကိုယ်ပြောတာကြားလား.... ကိုယ်နောက်တစ်ခါဆို ပါးစပ်နဲ့မပြောတော့ဘူနော်.... လွန်းတံခါးမဖွင့်ရင် ကိုယ်တံခါးသော့ကို ဖျက်ပြီးဝင်လာမှာနော်”
“ကျွတ်....”
ပြောရင်ပြောတဲ့အတိုင်း လုပ်တက်တဲ့ ဇိမ်းကြောင့် သူမလဲ ကျွတ်တစ်ချက်သပ်ပြီး ထွက်လာခဲ့လိုက်ရသည်။
“ဘာလဲ”
“ထမင်းစားမယ်လို့”
“မဆာဘူး”
“မဆာလဲ စားရမယ် လာ”
ဇိမ်းသူမလက်အား ဆွဲလိုက်သည်။
“လွှတ်လို့ မဆာပါဘူးဆို”
“ကျွတ်”
ဇိမ်း စိတ်မရှည်တော့ကာ သူမကိုယ်လေးအားပွေ့ချီလိုက်တော့သည်။ ထို့နောက် ထမင်းစားခန်းဆီသို့ ခေါ်လာလိုက်သည်။
ဇိမ်း သူကိုယ်တိုင် ထမင်းခူးခပ်ပေးကာ သူမအရှေ့သို့ ချပေးလိုက်သည်။ သူမကတော့ တစ်ဖက်ကိုသာ နှုတ်ခမ်းလေးစူလျက်သားနှင့် လှည့်ထားသည်။
“ကိုယ့်ဟာကို စားမှာလား ကိုယ်ခွံ့ကျွေးရမှာလား”
“လွန်းပြောပြီးပြီလေ လွန်းဗိုက်မဆာဘူးလို့”
“နေ့လယ်စာလဲ မစားသေးဘူး အခုဆို ညနေတောင် တော်တော်စောင်းနေပြီ... ဒါကိုဗိုက်မဆာဘူးဆိုတာ ဖြစ်နိုင်ပါ့မလား”
“သူ့ဟာသူ မဆာလို့ မစားတာလေ”
“လွန်းရယ် စိတ်တိုလို့ အပြစ်ပေးမယ်ဆို ကိုယ့်ကိုပေးပါ.... ကိုယ့်ကိုကိုယ်တော့ အခုလိုတွေမလုပ်ပါနဲ့.... လွန်းတာတစ်ခုခုဖြစ်ရင် ကိုယ်သေမှာလွန်းရဲ့”
အသံလေးညိုးငယ်စွာဖြင့် ပြောလာတာကြောင့် လွန်းရင်ထဲလဲ မကောင်းတော့ပေ။
“စားမယ် စားမယ်.... ဟုတ်ပြီလား”
“အဟွန်း.... ဟုတ်ပြီ ဟုတ်ပြီ များများစားနော်.... ကိုယ့်ကိုကိုယ်အပင်ပန်းမခံနဲ့ မကျေနပ်တာရှိရင် ကိုယ့်ကိုပြော ကြားလား”
သူမခေါင်းသာ ငြိမ့်ပြလိုက်သည်။
“ဒါဆိုဖြည်းဖြည်းစား ကိုယ့်စောင့်ပေးမယ်”
“ရတယ် မလိုဘူး”
“လွန်းမလိုပေမယ့် ကိုယ်ကတော့လိုတယ်”
ပြောပြီးသည်နှင့် ဇိမ်းတစ်ယောက် သူမဘေးခုံ၌ ထိုင်လိုက်တော့သည်။
“အဟွန်း.... ချစ်တယ် လွန်း”
သူ့အပြောအား လွန်းကတော့ မျက်စောင်းထိုးစမြဲပင်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰