.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
တီ တီ.....
ဇိမ်း ဒီနေ့ခေါင်းတွေထိုးကိုက်ကာ မူးနေတာကြောင့် ကမ္ပဏီမှ စောစောပြန်လာခဲ့သည်။
“ဦးဇိမ်း စောလှချည်လား”
“အင်း....”
အင်းဟု တစ်လုံးတည်းသာပြော၍ လှည့်ထွက်သွားသဖြင့် လွန်းတစ်ယောက် စိတ်တိုလာတော့သည်။
“ဦးဇိမ်း နေအုံး”
“ဘာတုန်း”
“ဘာလို့ လူကိုရှောင်နေတာလဲ”
“လွန်းဘဲ ကိုယ့်ကိုမုန်းတယ်ဆို.... အဲ့တော့ ကိုယ်ကလဲ လွန်းနဲ့ဝေးဝေးနေပေးနေတာလေ”
“ဘယ်သူကမုန်းတယ်ပြောလို့လဲ”
“လွန်းဘဲပြောတာလေ”
“မမုန်းပါဘူး”
“အဲ့တော့ ချစ်လားဆိုတော့လဲ မချစ်ဘူးဆို”
“အေးလေ.... ပုံမှန်ဘဲလို့”
ဇိမ်း မျက်နှာလေးညိုးစွာဖြင့် သူ့အားကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“ကျွတ်.... ”
လွန်းကျွတ်တစ်ချက်သပ်၍သာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
“အား ကျွတ် ကျွတ်.... မနေ့ကသောက်တာများသွားလို့ထင်တယ်”
ဇိမ်း ရေချိုးလိုက်ဖို့ ရေချိုးခန်းထဲသို့ တန်းဝင်လာခဲ့လိုက်သည်။
လွန်းကတော့ ဇိမ်းရဲ့အခန်းလေးကိုသာ စွေစောင်းစွေစောင်းဖြင့် ကြည့်နေလေသည်။
“ဟွန့်.... ဒီကတော့ သူ့ကိုခေါ်လိုက်ရတာ သူကတော့ အဲ့လိုပေါ့”
လွန်းတစ်ယောက် နှုတ်ခမ်းလေးစူစွာဖြင့် လှေကားပေါ်၌ ထိုင်လိုက်ပြီး ပြောလိုက်သည်။
ခဏကြာတော့ ဇိမ်းညစာစားဖို့ ဆင်းလာခဲ့သည်။ ထုံးစမ်းအတိုင်း လွန်းကတော့ သူ့အနောက်မှ လိုက်လာခဲ့သည်။
“ဦးဇိမ်း ညစာစားတော့မှာလား”
“အင်း”
“လွန်းပြင်ပေးမယ်နော်”
“အင်း”
“လွန်းနဲ့စကားမပြောချင်ဘူးပေါ့”
“အင်း”
“ကျွတ်.... လွန်းကိုမုန်းတယ်ပေါ့”
“ဟင့်အင်း”
“အဟွန်း....”
တစ်အင်းအင်းပြောနေတဲ့ သူက ဒီနေရာမှာကြတော့ ဟင့်အင်း ပြောလိုက်သဖြင့် လွန်းတစ်ယောက် ပျော်သွားကာ မျက်နှာလေးထက်၌ အပြုံးလေးတစ်ပွင့်ပေါ်ထွက်လာသည်။
“အခုလိုကြီးဘဲ နေနေမှာလား”
“အင်း”
“လုပ်ပြန်ပြီ အင်း”
ဇိမ်းကတော့ သူမလေးအား ဂရုမစိုက်သလိုနှင့် ထမင်းစားပွဲပေါ်၌ ဝင်ထိုင်လိုက်တော့သည်။ လွန်း ဇိမ်းအား ထမင်းခူးထည့်ပေးလိုက်ပြီး သူကိုယ်တိုင်လဲ ဘေး၌ဝင်ထိုင်လိုက်သည်။
“သမီးကော တစ်ခါတည်းစားလိုက်လေ”
“တော်ပြီ ကြီးမို့ ခဏနေမှ ကြီးမို့တို့နဲ့အတူ စားတော့မယ်”
“အင်းအင်း....”
လွန်းလဲ ဇိမ်းဘေးမှာ ထိုင်သာထိုင်နေရတာ သူ့ဘက်က ဘာစကားမှမပြောလာသဖြင့် သူမလဲ စိတ်ညစ်ကာ ခွေးတွေဆီသာ သွားဖို့ပြင်လိုက်ရသည်။
“မင်းတို့အဖေကြီးက ငါ့ကိုစကားမပြောဘူး သိလား.... သူကအရမ်းရက်စက်တာဘဲ....”
လွန်းတစ်ယောက် ခွေးလေးတွေအားကြည့်ကာ နှုတ်ခမ်းလေးစူလျက်နှင့်ပြောနေလေသည်။
“တော်ပြီ.... နင်တို့လဲ ငါ့ကိုဘာမှမကူညီနိုင်ဘူး.... သွားပြီ”
ပြောပြီးသည်နှင့် လွန်းတစ်ယောက်ထရပ်လိုက်ချိန် အောက်ကကြွေပြားတွေမှ အခုလေးတင်ကြမ်းတိုက်ထားတာကြောင့် ချောနေကာ သူမလဲကျသွားတော့သည်။
“အား.... သေပါပြီ.... ခြေထောက်တော့ကျိုးပြီလားမသိပါဘူး”
လွန်းတစ်ယောက် ရှေ့သို့ ခြေခေါက်လဲသွားတာကြောင့် ငိုမဲ့ငိုမဲ့ဖြင့် ပြောလိုက်သည်။
“ဟင်....”
“ဘာအသံပါလိမ့်”
ဇိမ်း အနောက်ဘက်မှ အသံကြောင့် ထမင်းစားနေရာမှထကာ အပြေးလေးဖြင့် အိမ်နောက်ဘက်သို့ ထွက်လာခဲ့သည်။
ဟိုရောက်တော့ ရှေ့သို့ မောက်လျက်ဖြင့်လဲကျနေတဲ့လွန်း။
“လွန်း....”
ဇိမ်း သူမအနားသို့သွားကာ ချက်ချင်း ထူလိုက်သည်။
“ဘာဖြစ်သွားသေးလဲ ဘယ်နားနာသွားတာလဲ ဘယ်လိုဖြစ်တာလဲ”
စိုးရိမ်တကြီးနှင့် မျက်လုံးကြီးပြူးကာ မေးလာတဲ့ ဇိမ်းကြောင့် လွန်းတစ်ယောက် ရီချင်စိတ်ကိုမနည်းထိန်းလိုက်ကသည်။
“ဖယ်ပါ ဘာမှမဖြစ်ဘူး”
လွန်း ဇိမ်းရဲ့လက်တွေအား ဖယ်ပစ်လိုက်သည်။
“စကားမပြောချင်ဘူးဆို.... သွားလေ လူကိုလဲ စိတ်ပူမနေနဲ့”
ဇိမ်း ဘာမှမပြောဘဲ သူမလေးအားစိုက်ကြည့်လိုက်သည်။ ထိုနောက် မပြောမဆိုနှင့် ဇိမ်း သူမကိုယ်လေးအား ပွေ့ချီလိုက်တော့သည်။
“ဟင်.... ဘာလုပ်တာလဲ”
“ခြေထောက်ခေါက်သွားတယ်လေ”
“ဒါပေမယ့် လွန်းလမ်းလျှောက်နိုင်တယ်လေ”
“မင်းလျှောက်နိုင်ပေမယ့် ကိုယ်စိတ်မချဘူး”
“ဟွန့်....”
နှုတ်ခမ်းလေးစူကာ လူအားမျက်စောင်းထိုးသွားတဲ့ သူမလေးကြောင့် ဇိမ်းအသဲယားလာသည်။ ထို့နောက်တော့ သူမကိုယ်လေးကိုယ်သာ ပွေ့ချီလျက်ဖြင့် အပေါ်ထပ်သို့ ခေါ်လာခဲ့လာခဲ့လိုက်သည်။
“အောက်ထပ်မှာ ဆေးထည့်လဲ ရပါတယ်နော်”
“ခဏနေ တစ်ခြားလူတွေ ညစာလာစားတော့မှာ”
“အဲ့ဒါနဲ့ဘာဆိုင်လို့လဲ”
“ဆိုင်တယ်လေ.... ညစာလာစားမယ့်လူတွေထဲမှာ ယောင်္ကျားလေးတွေလဲပါတယ်”
“အဲ့တော့”
“အဲ့တော့ တစ်ခြားလူတွေ မင်းရဲ့ပေါင်တွေ ဒူးတွေကိုမြင်သွားမှာပေါ့”
“မြင်ပါစေပေါ့”
“မင်း..... ထားလိုက်တော့ ထားလိုက်တော့ ဒီတစ်ခါတော့ အလွှတ်ပေးလိုက်မယ် ”
ဇိမ်း ပြောပြီးသည်နှင့် သူမလေးအား အပေါ်ထပ် ဧည့်ခန်းထဲ၌ ထိုင်ခိုင်းစေလိုက်သည်။
ဇိမ်း သူမဒူးခေါင်းနားလေးက သွေးအနည်းငယ်စို့တက်နေသော ဒဏ်ရာလေးအား အရက်ပြန်နှင့်ဆေးပေးလိုက်ပြီး အနာဂတ်ပလာစတာကပ်ပေးထားလိုက်သည်။
ခြေကျင်းဝတ်ကလဲ ရောင်နေသေးတာမို့ ဆေးအနည်းငယ် လူးပေးလိုက်သေးသည်။
“ပြီးပြီ.... ဂရုစိုက်”
ပြောပြီးသည်နှင့် ထွက်သွားတော့မယ့်ဇိမ်းအား လွန်းတစ်ယောက် တားလိုက်သည်။
“ဦးဇိမ်း နေအုံး”
“ဘာကိစ္စရှိသေးလို့လဲ”
“ကျွတ်.... အဲ့လိုကြီးမနေပါနဲ့....”
“ဒါဆိုဘယ်လိုနေရမှာလဲ”
“အရင်ကလိုဘဲခေါ်ပြောလေ.... အဲ့လိုကြီးကြတော့ လွန်းမနေတက်လာဘူး ကြားလား”
“အင်း....”
“လုပ်ပြန်ပြီ.... ဦးဇိမ်း”
“ပြော”
စိတ်မပါတပါဖြင့်ပြောလာတဲ့ ဇိမ်းကြောင့် လွန်းမျက်မှောင်လေးကြုတ်ကာ ဇိမ်းအနားသို့ ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာခဲ့လိုက်သည်။
“ဒီကတော့ အဖြေပေးမလို့ကို တစ်ဖက်က စကားတောင် ကောင်းကောင်းမပြောဘူးဆိုမှတော့ မပေးဘဲနေရတာပေါ့”
“ဟင်....”
လွန်းရဲ့အပြောကြောင့် ဇိမ်းတစ်ယောက် ပျော်သွားကာ ချက်ချင်းသူမဘက်သို့ လှည့်လာခဲ့လိုက်သည်။
“တစ်ကယ်ပြောနေတာလားဟင် လွန်း”
“အွန်းပေါ့”
“အဟွန်း.... ဒါများ ဘာလို့ထလာတာတုန်း လာလာထိုင်”
“ဟွန့် အခုကြမှ”
ဇိမ်း သူမလေးအား ဆိုဖာပေါ်၌ ထိုင်ခိုင်းစေလိုက်သည်။
“ကဲ ပေးတော့”
“စိတ်ပြောင်းသွားပြီ မပေးချင်တော့ဘူ”
“ဟာ.... လွန်းကလဲ အဲ့လိုမလုပ်ပါနဲ့”
“စတာ.... လွန်းပြောတာကို ဦးဇိမ်းသေချာနားထောင်နော်”
“အင်း....”
ဇိမ်းတစ်ယောက် ကြွေပြားပေါ်၌ ဒူးထိုင်ချလိုက်ပြီး လွန်းအားမော့ကြည့်ကာ သူမအပြောအား အသေအချာနားထောင်နေသည်။
“ဦးဇိမ်း လွန်းကိုဘယ်လောက်ချစ်မှန်း လွန်းသိပါတယ်.... ဒါပေမယ့်လေ....”
“ရပြီ ဆက်မပြောပါနဲ့တော့.... ဒီလောက်ဆို ကိုယ်နားလည်ပြီ....”
“ဘာကိုနားလည်တာလဲ”
“လွန်းဆက်ပြောမယ့်ဟာကို ကိုယ်နားလည်ပြီလို့”
“ဒါဆိုလဲ ချစ်တယ်ဆိုတဲ့စကားကို မပြောတော့ဘူကွာ”
“ဟင်.... လွန်း လွန်းဘာပြောလိုက်တယ်”
“လွန်းက ဦးဇိမ်းကို ချစ်တယ်လို့ အဖြေပေးမလို့လေ ဒါပေမယ့် ဦးဇိမ်းက လွန်းကိုဆက်မပြောနဲ့ နားလည်ပြီဆိုတော့လဲ ဆက်မပြောရုံပေါ့”
“ဟာ.... အဲ့လိုမလုပ်ပါနဲ့ ပြောပါနော်”
“ဦးဇိမ်းဘဲ နားလည်တယ်ဆို”
“အဲ့ဒါက လွန်းကိုယ့်ကို မချစ်နိုင်ဘူးလို့ ပြောမယ်ထင်လို့”
“အဟွန်း....”
ဇိမ်းရဲ့မျက်နှာလေးညိုးစွာ ပြောလာတဲ့အပြောကြောင့် လွန်းတစ်ယောက် ရီပစ်လိုက်သည်။
“ဒါနဲ့ လွန်းကိုယ့်ကိုတစ်ကယ်ချစ်တာပါနော်”
“တစ်ကယ်မဟုတ်ဘူး အလကားပြောတာ ဟုတ်ပြီလား”
“ဟာ.... လွန်းကလဲ”
“ဟွန့်.... ဘာလဲမသိဘူး ချစ်တယ်ဆိုတဲ့စကားကို အလကားပြောစရာလား.... လွန်းကို ရှင့်လိုများထင်နေတာလား”
“ကိုယ်ကအရင်ကသာ မိန်းမတွေရှုပ်ဖူးတာပါ.... လွန်းနဲ့တွေ့ပြီးတော့မှ ဘယ်မိန်းကလေးနဲ့မှ မရှုပ်တော့တာ”
“ယုံပေးရမှာပေါ့”
“တစ်ကယ်ပြောတာ လွန်းရဲ့”
“အဟွန်း.... ဟင်.....”
ဇိမ်းတစ်ယောက် မပြောမဆိုနှင့် သူမကိုယ်လေးအား တင်းနေအောင် ဖက်ထားလိုက်သည်။
“လွန်းသိလား.... ကိုယ်လွန်းကို စတွေ့ကတည်းက သဘောကျခဲ့တာ.... လွန်းကိုယ့်ကမ္ပဏီမှာ အလုပ်လာလုပ်တော့ ကိုယ်အရမ်းပျော်ခဲ့ရတာ ဒါပေမယ့်.... လွန်းကအလုပ်စလုပ်တဲ့ရက်မှာတင် အလုပ်ပြန်ထွက်သွားတာဆိုတော့ ကိုယ်တစ်ကယ်စိတ်မကောင်းဖြစ်ခဲ့တာ.... ”
“အဟွန်း....”
“အရမ်းချစ်တယ် ကိုယ့်ရဲ့ခလေးလေး”
“ဟွန့်.... အခုလေးတင်အဖြေပေးတာကို ခေါ်တာတွေက”
“ချစ်လို့ပါ”
“တော်ပါတော့”
“မတော်နိုင်ပါဘူး.... လွန်းကိုချစ်တဲ့အကြောင်းတွေ ကိုယ်ကအများကြီးပြောပြချင်သေးတာ”
“နောက်မှပြောပါတော့.... အခုတော့ အိပ်တော့မယ်”
ပြောရင်းဖြင့် မတ်တပ်ထရပ်လိုက်တဲ့ သူမကိုယ်လေးအား ဇိမ်းတစ်ယောက် စွေ့ကနဲပွေ့ချီလိုက်သည်။
“ဟင်.... ဘာလုပ်တာလဲ ဦးဇိမ်း”
“ခြေထောက်နာနေတယ်မလား.... အခန်းထဲလိုက်ပို့မလို့လေ”
“ရပါတယ်.... အောက်မှာကလူတွေရှိတယ်လေ”
“လူတွေရှိတော့ ဘာဖြစ်လဲ.... ကိုယ့်ကောင်မလေးကိုယ် အခန်းထဲလိုက်ပို့တာ ဘာဖြစ်မှာမို့လို့လဲ”
“ဟာ.... ဦးဇိမ်း”
“အဟွန်း.... စတာ....၊ ကဲပါ.... ကိုယ်လိုက်ပို့ပေးမယ်နော်”
“မပို့ပေးနဲ့ဆိုလဲ ပို့မှာဘဲမလား”
“ဒါပေါ့”
ဇိမ်း သူမကိုယ်လေးအား ပွေ့လျက်နှင့်ပင် နဖူးလေးသို့ အနမ်းပေးလိုက်သည်။
“ဦးဇိမ်း.... ဘယ်လိုဖြစ်နေတာလဲ”
“ကိုယ့်ချစ်သူကိုယ် နမ်းတာဘဲ ဘာဖြစ်လို့လဲ”
“ရှင်နော် အခုလေးတင်အဖြေပေးတာကို ကမ်းတက်မလာနဲ့”
“ဘာရှင်တုန်း...”
“ရှင့်ကိုခေါ်တာလေ”
ဒီတစ်ခါတော့ ဇိမ်း သူမနဖူးသို့မဟုတ်ဘဲ နှုတ်ခမ်းလေးသို့ အနမ်းပေးပစ်လိုက်သည်။
“ဦးဇိမ်း”
သူမ ဇိမ်းအား စူးစိုက်စွာကြည့်လိုက်သည်။
ထို့နောက် ဘာမှပြန်မပြောတော့ဘဲ ဇိမ်းပွေ့ချီရာသာ ငြိမ်၍လိုက်ခဲ့လိုက်သည်။
ဇိမ်း အောက်ထပ်ရောက်တော့ သူမကိုယ်လေးအား အိပ်ခန်းရဲ့ ကုတင်ပေါ်၌ တင်ပေးလိုက်သည်။
“လွန်း.... စိတ်စိုးသွားတာလား”
“သွားပါ.... နောက်ဆို အခုလိုမလုပ်ပါနဲ့ လွန်းလုံးဝမကြိုက်ဘူး”
“အွန်းပါ... နောက်ဆို လွန်းမကြိုက်တာ ဘာတစ်ခုမှမလုပ်ဘူးနော်”
“ဒါနဲ့.... ကားပေါ်မှာ နမ်းနေတဲ့တစ်ယောက်က ဘယ်သူလဲ”
“ဟင်....”
ဇိမ်း သူမရဲ့စကားကြောင့် ကြောင်သွားရသည်။
“ဘယ်ကနမ်းတဲ့တစ်ယောက်တုန်း”
“ကားပေါ်မှာလေ.... လမ်းလယ်ခေါင်ကြီးမှာ နမ်းနေလိုက်တာများ မိုးမမြင်လေမမြင်.... ပတ်ဝန်းကျင်ကိုလဲ မကြည့်”
“ကိုယ်မမှတ်မိတော့ဘူ”
“ဘယ်မှတ်မိပါ့မလဲ.... တစ်ယောက်မှမဟုတ်တာ..... မိန်းကလေးတွေ ဘယ်လောက်များထိတောက် နမ်းခဲ့လဲမသိဘူး”
“ကိုယ်ဘက်ကစိတ်ပါပါနဲ့နမ်းတာဆိုလို့ လွန်းကပထမဆုံးဘဲ တစ်ကယ်ပြောတာ.... ကိုယ်ဝန်ခံပါတယ် ကိုယ်တစ်ခြားမိန်းကလေးတွေနဲ့လဲ နမ်းခဲ့ဖူးတယ်... ဒါပေမယ့် အဲ့အနမ်းတွေက သူတို့ဘက်ကစနမ်းတဲ့ အနမ်းတွေဘဲ”
“တော်ပါ.... အဲ့လိုတွေပြောတော့ လွန်းရှင့်ကိုမုန်းချင်လာပြီ”
“ဟာ ဟာ.... မုန်းတော့မမုန်းလိုက်ပါနဲ့ လွန်းရယ်”
မျက်ရည်လေးဝဲတက်လာတဲ့ သူမလေးအား ဇိမ်းတစ်ယောက် ပွေ့ဖက်ထားပေးလိုက်သည်။
“လွန်းငိုချင်ရင် ငိုချလိုက်... ဘာလို့လဲဆိုတော့ နောက်နေ့ကစပြီး လွန်းငိုရတော့မှာ မဟုတ်ဘူး”
“ဘာလို့လဲ”
နာသံပါလေးနှင့် ပြောလာတဲ့သူမ။
“ဘာလို့လဲဆိုတော့ ကိုယ်ကနောက်နေ့ကစပြီး လွန်းကိုမငိုအောင်ထားမှာမို့”
ပြောရင်းဖြင့် သူမနဖူးလေးအား တဖန်အနမ်းပေးလိုက်ပြန်သည်။
“အိပ်တော့နော် ဂွတ်နိုက်....”
“အင်း....”
“အဟွန်း....”
ဇိမ်း သူမကိုယ်လေးအား အိပ်ရာပေါ်ရောက်သည်ထိ တင်ပေးကာ စောင်ခြုံပေးလိုက်သည်။
“ကိုယ်သွားပြီ”
“အင်း...”
ထို့နောက်တော့ ဇိမ်းလဲ အခန်းမီးလေးကို မှိတ်ပေးလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
ချစ်တယ် လွန်းရယ်.... နောက်ဆုံးတော့ ကိုယ့်ရဲ့ရည်မှန်းချက်က လွန်းနဲ့မှ အောင်မြင်သွားပြီ လွန်းရယ်။
ဇိမ်း ဝရံတာပေါ်၌ မတ်တပ်ရပ်ကာ စီးကရက်တစ်လိပ်အားဖွာရင်းဖြင့် စိတ်ထဲ၌ ဆိုလိုက်သည်။
##############
“ဟင်! အမေ ဒီကလစ်က”
မင်းနောင် မိခင်ဖြစ်သူ၏ ခေါင်း၌ပန်ထားတဲ့ ကလစ်လေးအား ကြည့်ကာ အလန့်တကြားမေးလိုက်သည်။
ထိုသို့မေးရခြင်းမှာလဲ အကြောင်းရှိနေသေးသည်။ မိခင်ဖြစ်သူရဲ့ ခေါင်း၌ ပန်ထားတဲ့ ကလစ်ဟာ တစ်ခြားတော့မဟုတ်။ သူနေ့လယ်တုန်းက ဝယ်မလိုလုပ်တုန်း ချာတိတ်တစ်ယောက် လုကာ ဝယ်သွားသည့် ကလစ်မို့ပင်။
“အမေ့ရဲ့ ကျောင်းကကောင်မလေးတွေ လာပေးသွားတာလေ.... သူတို့သူငယ်ချင်းတစ်စု ဒီကိုယ်ရောက်တုန်း ဆရာမကို လက်ဆောင်ပေးချင်လို့ဆိုပြီး တကူးတကကို လာပေးသွားတာ”
“ဟင်.... ဒါဆို”
နေ့လယ်တုန်းက တွေ့ခဲ့တဲ့ ချာတိတ်က အမေတို့ကျောင်းကမြန်းလား။
“ဘာဖြစ်လို့လဲ သား”
“ဗျာ.... ဟို ဘာမှမဖြစ်ပါဘူး”
“အင်း အင်း.... ဒါဆိုအမေအိပ်ရာဝင်တော့မယ်နော်”
“ဟုတ် ဂွတ်နိုက်နော် အမေ”
“အေးပါကွယ် ဂွတ်နိုက်”
မိခင်ဖြစ်သူ အပေါ်တက်သွားမှ မင်းနောင်တစ်ယောက် စဉ်းစားခန်းဝင်နေတော့သည်။
###########
“တောက်..... ဇိမ်း ဇိမ်း တော်တော်ဖြစ်နေတာ တွေ့ကြသေးတာပေါ့”
မိခင်ဖြစ်သူ ဒေါ်ငွေရည်မြတ်တစ်ယောက် ဇိမ်းတို့အိမ်ရဲ့ အိမ်အကူတစ်ယောက်ဆီမှ ဖုန်းဆက်လာသဖြင့် ဇိမ်းနဲ့လွန်းအကြောင်းကို အကုန်သိသွားတော့သည်။
“ဒီလိုသာဆို အခြေအနေတွေက ပိုဆိုးကုန်တော့မှာ.... မဖြစ်ဘူး စီစဉ်စရာရှိတာစီစဉ်ပြီး ပြောစရာရှိတာသွားပြောရတော့မယ်”
ဒေါ်ငွေရည်မြတ် ထိုညကတော့ ကောင်းကောင်းပင် အိပ်လို့မပျော်ခဲ့ပါ။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰