.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“လွန်း ကိုယ့်ဘက်လှည့်ပါအုံး”
“လက်ကိုဖယ်လိုက်နော်”
လွန်း ဇိမ်းရဲ့လက်တွေအား ဖယ်ချပစ်လိုက်သည်။
“ကိုယ့်ကိုလေ နည်းနည်းမှတောင် မစဉ်းစားပေးတော့ဘူလား”
“ဘာကိုလဲ”
“ကိုယ်လွန်းကို ချစ်တယ်လို့ ပြောထားတာလေ”
“ပြောပြီးပြီလေ လွန်းကတော့ ရှင့်ကိုမုန်းတယ်လို့”
ဇိမ်းတစ်ယောက် မျက်နှာလေးမှာ သိသာစွာ ညိုးကျသွားသည်။
ထို့နောက် ဘာမပြောညာမပြောနှင့် ကားပေါ်မှ ဆင်းကာ အိမ်ထဲသို့ တန်းဝင်သွားတော့သည်။
ဟင်.... ငါ့ကိုစိတ်စိုးသွားတာလား.... စိတ်စိုးစရာဘာရှိလို့လဲ။
လွန်းတစ်ယောက် ကြောင်တောင်တောင်လေးဖြင့် ကားပေါ်မှ ဆင်းလာလိုက်သည်။
“ဟင်.... သမီးလွန်း ဘယ်တွေရှောက်သွားနေတာလဲ သမီးရယ်”
“ရှင်.... ဟို ဘယ်မှမသွားပါဘူး”
“ဟုတ်လား.... သခင်လေး မျက်နှာမကောင်းဘူး.... သမီးနဲ့သခင်လေး တစ်ခုခုဖြစ်ထားကြတာလား”
“ရှင်.... ဘာမှမဖြစ်ထားပါဘူး”
“အေးပါကွယ်..... သခင်လေးက သမီးနဲ့မှ ပြုံးတက်လာတာလေ ဒါကြောင့် သူ့ကိုဂရုစိုက်ပေးပါသမီးရယ်”
“ဟုတ် ဟုတ်”
သူမကတော့ ကြောင်အအလေးဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။
“သမီးအချိန်ရရင် ကြီးမို့နဲ့ စကားခဏလောက်ပြောရအောင်လေ ရလား”
“ဟုတ်.... ရပါတယ်”
“ဒါဆိုလာ”
ကြီးမို့တစ်ယောက် လွန်းအား ခြံထဲသို့ ခေါ်သွားလိုက်သည်။
“သခင်လေးက လူကသာ ချမ်းသာနေတာ စိတ်ကမချမ်းသာရဘူး”
“ဘာလို့လဲဟင်”
“မိဘတွေကြောင့်ပေါ့..... စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ အချိန်တိုင်းအလုပ်နဲ့ဘဲ ကုန်နေတော့ သခင်လေးကို ဂရုစိုက်ဖို့အချိန်မရကြဘူးလေ.... ကြီးမို့က သခင်လေးကို ဟိုးငယ်ငယ်ကတည်းက ထိန်းကျောင်းလာတော့ သူ့အကြောင်းကို ကြီးမို့အသိဆုံးဘဲ..... သူကလိုချင်တာကို မရရအောင် ယူတက်တယ်လေ..... ဒါတွေကလဲ မိဘတွေကြောင့်ပါ မအားတာနဲ့ဘဲ လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ထားကြတာ..... သူ့မိဘတွေက သခင်လေးကို ဘယ်လောက်တောင် ဂရုမစိုက်လဲဆိုရင် ကျောင်းကမိဘတွေတွေ့ဆုံပွဲလုပ်တာတောင် ကြီးမို့ကသူ့မိဘအဖြစ်လိုက်သွားရတဲ့အထိဘဲ ”
“ဟင်.... အဲ့လောက်တောင်လား”
“ဒါတင်မဟုတ်ဘူး.... သခင်လေးက ဖျားလွယ်တာကို မိုးရေထဲအကြာကြီးသွားဆော့တော့ အကြီးအကျယ်နေမကောင်းဖြစ်ပြီး ဆေးကုံတင်ရတဲ့အဆင့်တောင် ရှိခဲ့ဖူးတယ်.... အဲ့တုန်းကလဲ သူ့မိဘတွေက နေပြည်တော်ရောက်နေတယ်ဆိုပြီး မလာခဲ့ကြဘူးလေ..... တစ်နည်းအားဖြင့် ပြောရရင် သခင်လေးက မိဘနှစ်ပါးရှိရက်နဲ့ မိဘမေတ္တာငတ်နေတဲ့ လူမျိုးပေါ့..... သခင်လေးငယ်ငယ်တုန်းကပေါ့ သူတို့အိမ်မှာ ခွေးတွေအများကြီးမွေးထားတာလေ.... တစ်နေ့တော့ အဲ့ထဲက ခွေးတစ်ကောင်ကသေသွားရော သူကလဲ အဲ့ခွေးလေးကို သံယောဇဉ်အတော်ရှိတာဆိုတော့ အဲ့ခွေးလေးကို ကယ်ဖို့ ကြီးလာရင် ဆရာဝန်လုပ်မှာဆိုပြီး ငိုပါလေရော..... အဲ့ကိစ္စက မကြီးသေးဘူး နောက်တစ်နေ့ လန်ဒန်က သူ့အဖွားလဲဆုံးသွားရော သူ့အဖွားကိုကယ်ဖို့ ဆရာဝန်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ သူ့အသက် ၁၆နှစ်ထိဘဲ”
“ဘာလို့ ၁၆နှစ်ထိလဲ.... ဦးဇိမ်းက ဆေးအမှတ်မမှီလို့လား”
“ဘယ်ကသာ ဆေးအမှတ်မမှီလို့ ဟုတ်ရမှာလဲ.... သူကဆိုးသာဆိုးတာ စာကတော့ အသကုန်ကြိုးစားတာ.... ဆယ်တန်းတုန်းကလဲ ဂုဏ်ထူးငါးဘာသာနဲ့ ဆေးမှတ်လဲမှီတယ်”
“ဒါဆို ဘာလို့...”
“သူ့မိဘတွေပေါ့....."
အတိတ်သို့တဖန်
“မတက်ရဘူး.... ဆေးကျောင်းဆိုတာ မင်းနဲ့လုံးဝမအပ်စပ်ဘူး”
“ကျွန်တော်ကဆရာဝန်ဖြစ်ချင်လွန်းလို့ ဆယ်တန်းတောင် ဆေးမှတ်မှီအောင် ဖြေခဲ့တာလေ”
“အဲ့ဒါ မင်းဟာမင်းဖြေတာလေ.....အမေပြောပြီးသား.... မင်းဆယ်တန်းအောင်တာနဲ့ နိုင်ငံခြားကိုပို့မယ်လို့”
“မရဘူး.... သားနိုင်ငံခြားကို လုံးဝမသွားနိုင်ဘူး”
“မသွားနိုင်လဲ သွားရမှာဘဲ.... မင်းက ငါတို့မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခဲ့တဲ့ BS groupကြီးကို ဆက်ခံရမယ်..... ဆရာဝန်တစ်ယောက် မဖြစ်ရဘူး”
“မဆက်ခံနိုင်ဘူး.... တစ်ကယ်လို့ မဖြစ်မနေ စီးပွားရေးဘဲ လုက်ရမယ်ဆိုရင်တောင် အဲ့စီးပွားရေးကိုပျက်စီးအောင်လုပ်မှာ ”
“ခွပ်....”
ဇိမ်းပြောလို့အပြီးမှာ အဖေဖြစ်သူ ဦးဇိမ်းသုခနိုင် ဇိမ်းရဲ့ပါးသို့ တစ်ချက်ထိုးလိုက်သည်။
“အို.... အစ်ကိုဘယ်လိုလုပ်လိုက်တာလဲ”
ဇိမ်းရဲ့ အဒေါ်ဖြစ်သူ ဇိမ်းအား ချက်ချင်းပင် သွားထူပေးလိုက်သည်။
“တော်တော်နာသွားမှာဘဲ.... သွေးတွေတောင် ထွက်နေပြီ”
“မနက်ဖြန်မနက် မင့်အဖိုးရှိတဲ့ USကိုသွားဖို့ပြင်ပါ”
ဦးဇိမ်းသုခနိုင် ပြောပြီးသည်နှင့် ထွက်သွားတော့သည်။ အမေဖြစ်သူမှာလဲ သားအားတစ်ချက်ပင်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။
“သားရယ်.... မင်းကတော့လေ.... လာလာထ တီလေး မင်းကိုဆေးထည့်ပေးမယ်”
ဇိမ်းကတော့ မျက်ရည်များကျကာ အဒေါ်နောက်သို့ လိုက်သွားလိုက်ရသည်။
ဒီလိုနဲ့ နောက်နေ့မနက်ရောက်တော့ ဖခင်ဖြစ်သူဘက်က အဖိုးရှိရာ USသို့ မသွားချင်ဘဲ ထွက်လယခဲ့လိုက်ရသည်။
အမေဘက်ကအမျိုးတွေထဲမှာကော အဖေဘက်ကအမျိုးတွေထဲမှာကော တစ်မျိုးလုံးတစ်ဆွေလုံးထဲမှာ သားယောင်္ကျားလေးဆိုလို့ ဇိမ်းတစ်ယောက်ထဲရှိတာကြောင့် အားလုံးကသဲသဲလှုပ်ဂရုစိုက်ခဲ့ရာ အခုအသက်၃၂ထိ မိန်းမတောင် မယူခဲ့ရပေ။
လက်ရှိသို့
“တစ်မျိုးလုံးရဲ့ အချစ်တွေကို တစ်ယောက်ထဲသိမ်းပိုက်ခဲ့တာဆိုတော့ ဒီလောက်တော့ရှိတာပေါ့.... အားလုံးကတော့ သခင်လေးကို စီးပွားရေးဘဲ လုပ်ခိုင်းစေချင်ကြတာလေ ”
“ဒါနဲ့ စကားမစပ် ဦးဇိမ်းမှာ အဒေါ်တွေ အဖိုးအဖွားတွေက အခုချိန်ထိ ရှိသေးတာလား”
“ရှိသေးတာပေါ့ သမီးရဲ့..... အဒေါ်တွေကလဲ အများကြီးဘဲ.... သခင်လေးရဲ့ အဖေဘက်ကအဖိုးတစ်ယောက် အမေဘက်ကလဲ အဖွားတစ်ယောက်ရှိသေးတယ်လေ ”
“အော်....”
“ဒါတင်မဟုတ်ဘူး.... သူတို့အမျိုးတွေက တစ်ကယ့် အသိုင်းအဝိုင်းကြီးတွေ သူ့ရဲ့အဖိုးအဖွားတွေဆို နိုင်ငံခြားက သူတို့စပ်တူလုပ်ထားတဲ့ ကမ္ပဏီတွေများ နည်းတာမဟုတ်ဘူး.... အဒေါ်တွေဆိုလဲ ကွန်ဒိုတွေဆောက်ထားတာမှ အများကြီး ဟိုတယ်တွေဆိုလဲ သူတို့ပိုင်တဲ့ဟိုတယ်တွေမှ မြို့တိုင်းလိုလိုရှိတယ်”
“ဝိုး.... မိုက်လိုက်တာ”
“တစ်မျိုးလုံးက စီးပွားရေးမျိုးတွေလေ.... အားလုံးက စီးပွားရေးလုပ်ငန်းကိုယ်စီနဲ့.....”
ဒီလိုကြတော့ လွန်းတစ်ယောက် အလိုလိုနေရင် ကိုယ့်ကိုကိုယ် အားငယ်လာရသည်။
“ဒါနဲ့ ဦးဇိမ်းမှာ တစ်ဝမ်းကွဲ မောက်နှမတွေမရှိဘူးလား”
“ဘယ်ရှိမလဲ သမီးရဲ့.... သူ့အဒေါ်တွေဆို အလုပ်လုပ်နေတာနဲ့တင် ယောင်္ကျားယူဖို့လဲ အချိန်မရှိကြဘူးလေ..... အခုသခင်လေးရဲ့ အဖေနဲ့အမေတွေတောင်မှ သူတို့မိဘတွေပေးစားလို့ ယူထားကြတာ”
“အော်..... ဒါဆို ဦးဇိမ်းက တစ်မျိုးလုံးမှာ တစ်ယောက်ထဲပါလာတဲ့ သားပေါ့”
“ဒါပေါ့.... အားလုံးရဲ့အချစ်ကို ခံနေရပေမယ့် အဲ့အချစ်တွေကလဲ စိတ်ထဲဘဲရှိကြတာ အပြင်မှာ တစ်ယောက်မှ မထုတ်ပြကြဘူး..... ဒါကြောင့်လဲ သခင်လေးက ပြုံးရမှာကိုတောင် မေ့နေတာ.... သူမပြုံးတာတောင် တော်တော်ကြာပြီ သမီးနဲ့မတွေ့ခင်အထိပေါ့”
လွန်းတစ်ယောက် ကြီးမို့စကားကြောင့် အနေရခက်သွားသည်။
“တစ်ကယ် ပြောတာသမီးရဲ့.... အရင်ကဆို သခင်လေးကအဲ့လိုမဟုတ်ဘူး.... ရုပ်တည်ကြီးနဲ့ ပြုံးလဲမပြုံးဘူး.... ကြီးမို့တောင် ဒီကိုပြန်ရောက်ရောက်ချင်း သခင်လေးပြုံးနေတာတွေ့တော့ လန့်တောင် လန့်သွားသေးတယ်..... ဒါကြောင့် သခင်လေးကို ပျော်အောင်ထားပေးပါ သမီးရယ်.... သူ့မှာက နှလုံးရောဂါအခံလဲ ရှိသေးတယ်.... သမီးကြောင့်မို့သာ အခုပျောက်ကာစဖြစ်နေတာ.... သခင်လေးကို ဂရုစိုက်ပေးပါနော် သမီး သူက လူတစ်ဦးဦးဆီက ဂရုစိုက်ပေးတာကို အရမ်းလိုချင်တာ.... နော် သမီးသခင်လေးကို ဂရုစိုက်ပေးနော် ကြီးမို့တောင်းဆိုပါတယ်"
“ဟုတ်.... စိတ်ချပါ...”
“ဒါနဲ့ ဒီနေ့သခင်လေးဘာဖြစ်လာတာလဲ.... ကြီးမို့ကို ပြောပြလို့ရရင် ပြောပြပေးပါလား”
“ဟို.... ဒါက သမီးသူ့ကို မုန်းတယ်လို့ ပြောလိုက်မိလို့ပါ”
“တစ်ကယ်လဲ သခင်လေးကိုသမီးက မုန်းတာလား”
“မမုန်းပါဘူး ကြီးမို့ရယ်.... ဦဇိမ်းအကြောင်းကို မသိတာလဲ မဟုတ်.... တစ်ခါတစ်လေ တဇွတ်ထိုးလုပ်တက်တာကလွှဲလို့ ဦးဇိမ်းကကောင်းပါတယ်”
“ဟုတ်ပါတယ်.... ဒါကြောင့် သခင်လေးကို မမုန်းရဘူးနော် သမီး”
“ဟုတ်”
“အဟွန်း..... ဒါဆို ကြီးမို့အထဲအရင်ဝင်နှင့်ပြီ”
“ဟုတ်”
ကြီးမို့အထဲဝင်ပြီးသည်နှင့် လွန်းလဲ အိမ်ထဲဝင်ဖို့ပြင်လိုက်သည်။
ထို့နောက် သူ့အခန်းထဲဝင်ကာ အိပ်ရာပေါ်၌ ခဏလဲလိုက်သည်။
လွန်းမျက်လုံးလေးအား မှိတ်လိုက်ပြီး ဇိမ်းအကြောင်းအား စတင်စဉ်စားတော့သည်။
တစ်ခါတစ်ခါ ဇိမ်းရဲ့အကြည့်တွေမှာ အထီးကျန်ဆန်လွန်းသည်ကို သူ့မျက်လုံးထဲ၌ တွေ့မြင်ရသည်။ တစ်ကယ်လဲအထီးကျန်ဆန်ခဲ့ရတာကို။ ဂရုစိုက်မှုကိုလဲ အလိုရှိသလို လိုချင်တာကိုလဲ မရရအောင်ယူတက်တဲ့ ဇိမ်းက တစ်ကယ်တော့ သနားစရာကောင်းလွန်းပါသည်။
ဦးဇိမ်းလိုချင်တဲ့ ဂရုစိုက်မှုမျိုးကို လွန်းပေးနိုင်ပါတယ်.... ဒါပေမယ့် အချစ်ကိုတော့ လွန်းမပေးနိုင်ဘူး ဦးဇိမ်းရယ်.... လွန်းနဲ့ဦးဇိမ်းနဲ့ဆိုတာ မိုးမြေလို ကွာခြားတယ်။
သူမ အကြောင်းမဲ့သပ်သပ် မျက်ရည်များက ပြိုကျလာတော့သည်။
လွန်းရယ်.... ဘာလို့ ကိုယ့်ကိုမှ မုန်းနေရတာလဲ.... တော်ပါသေးတယ် ကိုယ့်ကိုပစ်မသွားလို့ ပစ်သွားလို့ကတော့ ကိုယ်သေပြီဘဲ။
ဇိမ်း ပြောရင်းဖြင့် စီးကရက်တစ်လိပ်အား ဖွာလိုက်ပြီး ဝီစကီတစ်ခွက်ကို မော့ချလိုက်သည်။
ထိုညလေးကတော့ နှစ်ယောက်လုံးကို ဝမ်းနည်းအားငယ်တဲ့ စိတ်တွေကို ဖုံးလွှမ်းပေးခဲ့သည်။
နောက်တစ်နေ့မနက်
ဇိမ်းအိပ်ရာအစောကြီးထကာ ကမ္ပဏီသွားဖို့ ပြင်နေလေသည်။
ဘာကြောင့်လဲဆိုတော့ သူလွန်းနဲ့ မဆုံမိအောင်မို့ပင်။ ဒါမှလဲ ဇိမ်းသူ့ခံစားချက်တွေကို အနည်းငယ်ချုပ်ထိန်းနိုင်ပြီး သူမလေးအပေါ် နောက်တစ်ခါ အမှားမလုပ်မိအောင်မို့ပင်။ သူမပါးစပ်က ထွက်လာတဲ့ မုန်းတယ်ဆိုတဲ့စကားလုံးကိုလဲ ထပ်မကြားချင်ပါ။ သူမလေး အနားမှာရှိတာနဲ့တင် သူ့အတွက်အရာရာပြီးပြည့်စုံနေပြီမို့ နောက်တစ်ခါထွက်မသွားအောင် သူ့ရဲ့ခံစားချက်အား ထိန်းချုပ်ထားရမည်လေ။
“စောလှချည်းလား သခင်လေး”
“ဟုတ်.... ကျွန်တော် ဒီနေ့ကမ္ပဏီမှာ လုပ်စရာလေးတွေရှိလို့ပါ.... ဒါနဲ့ မနက်စာရပြီလား”
“ရပါပြီ.... ဒီနေ့သခင်လေးအကြိုက် အုန်းနို့ခေါက်ဆွဲလေး ချက်ထားတယ်”
“ဟုတ်.... ကျေးဇူးပါ ကြီးမို့”
“ဟင်....”
ကျေးဇူးဆိုတဲ့စကားကို တစ်ခါမှမပြောတက်တဲ့ ဇိမ်းက အခုတော့ ထူးထူးဆန်းဆန်း ပြောလာတာကြောင့် ကြီးမို့တစ်ယောက် အံဩသွားရသည်။
“ဘာဖြစ်လို့လဲ”
“ဟမ်.... ဟို ဘာမှမဖြစ်ပါဘူး”
“ဒါဆို ကျွန်တော်စားတော့မယ်နော်”
“ဟုတ် ဟုတ်”
ဇိမ်း မနက်စာစားနေတုန်း အနောက်မှ လွန်းရောက်လာခဲ့သည်။
“ဟို.... ကျွန်တော်စားပြီးပြီ သွားတော့မယ်နော်”
“ဟမ်.... ဘယ်လောက်မှတောင် မစားရသေးဘူးလေ သခင်လေးရဲ့”
“ဝပြီမို့လို့ပါ.... သွားပြီ”
ဇိမ်း လွန်းအား တစ်ချက်ပင်မကြည့်ဘဲ ထွက်လာခဲ့လိုက်တော့သည်။
လွန်းကတော့ မျက်မှောင်ကြီးကြုတ်လျက်ဖြင့် ဇိမ်းအားတောက်လျှောက် လိုက်ကြည့်နေသည်။
ဘာလဲ.... ငါ့ကိုရှောင်တာလား။
“ဒုက္ခဘဲ လောလောနဲ့ထွက်သွားတာ ကားသော့ကကျန်ခဲ့ပြီ”
ကြီးမို့ကားသော့အား ကိုင်ကာ သွားပေးဖို့အလုပ် လွန်းတားလိုက်သည်။
“နေနေ ကြီးမို့ သမီးသွားပေးလိုက်မယ်”
“အင်းအင်း.... ရော့”
လွန်းကားသော့လေးအား ကိုင်ကာ အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“ကျွတ်.... ဘယ်မှာထားခဲ့တာလဲကွာ”
“ဒါရှာနေတာလား”
လွန်းကားသော့လေးအား မြှောက်ပြကာ ဇိမ်းအားကြည့်လိုက်သည်။
“အင်း.... ကျေးဇူးဘဲ”
ဇိမ်း သူမလက်ထဲက ကားသော့အား ယူလိုက်ပြီး ကားတံခါးဖွင့်လိုက်သည်။
“နေအုံး”
ကားထဲသို့ဝင်တော့မည့်အလုပ် တားလိုက်တဲ့ လွန်းကြောင့် ဇိမ်းသူမအား စူးစိုက်ကြည့်လိုက်သည်။
“ရှင်ဟာလေ.... အသက်ကမြင့်ကြီးလှပြီ စိတ်ကကောက်နိုင်တုန်း.... လူကြားထဲအနမ်းခံရတာက ဒီကလူပါနော်.... ဒါကို ရှင်ကြီးက ကောက်နေသေးတယ်”
သူမရဲ့အပြောကြောင့် ဇိမ်းရီချင်စိတ်ကို မနည်းထိန်းလိုက်ပြီး ရုပ်ကိုတည်နိုင်သလောက်တည်ထားလိုက်သည်။
“ကိုယ်က စိတ်မကောက်ပါဘူး.... ကိုယ့်ကို့မုန်းနေတဲ့သူကို ထပ်မနှောင့်ယှက်ချင်လို့”
ထိုစကားကြားတော့ လွန်းရင်ထဲတောင် မကောင်းပေ။
“မုန်းတာမဟုတ်ပါဘူး”
“ဒါဆိုဘာလဲ.... မမုန်းဘဲနဲ့ မုန်းတယ်လို့ ဘာလို့ပြောမှာလဲ.... လွန်းကိုယ့်ကိုမုန်းလို့ ဒီလိုပြောတာဘဲလေ မဟုတ်လား”
“မဟုတ်ဘူး.... လွန်း ဦးဇိမ်းကို မမုန်းပါဘူး..... မနေ့ညက စိတ်တွေတအားဝိုလို့ ပြောမိပြောရာ ပြောလိုက်တာ”
“မမုန်းဘူးဆိုတော့ ချစ်တယ်ပေါ့ ”
“အင်း”
လွန်းကြောင်တောင်တောင်နှင့် ခေါင်းကိုငြိမ့်ပြလိုက်သည်။
“ဟင်.... ဝစ်ကယ်ပြောတာလား”
“ဟမ်.... ဟာ မှားကုန်ပြီး မုန်းလဲမမုန်းသလို ချစ်လဲမချစ်ဘူး ပုံမှန်ဘဲ”
“သိပါတယ်..... လွန်းဆိုတာ ဇိမ်းမြတ်သခင်တစ်ယောက်ထဲကိုဘဲ မချစ်နိုင်တာ”
“ဟာ.... ဒီလူကြီးကတော့လေ”
“ထားပါ သွားပြီ”
ဇိမ်း မျက်နှာလေးညိုးစွာဖြင့် ကားပေါ်သို့ တက်သွားတော့သည်။
လွန်းလဲ ကားမှန်လေးထဲက သူ့မျက်နှာလေးသာ ငေးကြည့်နေမိသည်။
ဦးဇိမ်းနဲ့ ပတ်သက်ရင် လွန်းရင်ခုန်ခဲ့ရတာ အကြိမ်ကြိမ်ပါဘဲ ဦးဇိမ်းရယ်။
############
ကလင် ကလင်.....
“ဟယ်လို.... ပြောလေ အမေ ဘာမှာမလို့လဲ”
“အပြန်ကြရင် အချိုတည်းဖို့ မုန့်ချိုလေးဝယ်ခဲ့အုံးလို့ မှာမလို့ပါ”
“ဟုတ် ဟုတ်..... ဝယ်ခဲ့မယ်လေ”
“ဟုတ်ပြီ ဒါဆိုအမေဖုန်းချပြီနော် ”
“ဟုတ်”
မင်းနောင် အမေဖြစ်သူမှာသည့် အချိုတည်းဖို့ မုန့်အားဝယ်ရန် ထိုးမုန့်ဆိုင်သို့ မောင်းလာခဲ့လိုက်သည်။ မင်းနောင်ရဲ့ မိသားစုမှာ အချိုတည်းဖို့ဆို ကိတ်မုန့်တွေဘာတွေမစားဘဲ ထိုးမုန့်တို့သာစားသည်။ မင်းနောင် ထိုးမုန့် ဆိုင်ထဲသို့မဝင်ခင် ဆိုင်ဘေးကပ်ရက်မှ fancyဆိုင်လေးသို့ အကြည့်ရောက်သွားသည်။
မင်းနောင် ထိုဆိုင်လေးထဲမှ ကလစ်အပြာလေးအား ကြည့်ကာ မိခင်ဖြစ်သူအား သတိရမိသွားသည်။
“အမေက ကလစ်တစ်ခုလောက်လိုချင်တယ်လို့ ပြောဖူးတယ်.... တစ်ခုလောက်ဝယ်လိုက်အုံးမှ”
မင်းနောင် ထိုဆိုင်လေးထဲသို့ ဝင်လာခဲ့လိုက်သည်။ ဆိုင်ထဲရောက်သည်နှင့် ထိုကလစ်အပြာလေးရှိရာသာ လူကတန်းရောက်သွားတော့သည်။
မင်းနောင်လဲ ထိုကလစ်လေးအား ကိုင်လိုက်ရော မိန်းကလေးတစ်ယောက်မှာလဲ ထိုကလစ်လေးအား အပေါ်မှနေ၍ မင်းနောင်လက်ကို ကိုင်လိုက်လေသည်။
“ဟင်.... ချာတိတ် ဒါကဦးယူထားတာ”
ဆံပင်ဂုတ်ထောက်လေးနှင့် အရပ်မှာလဲ သူ့ပုခုံးလောက်သာ ရှိတာမို့ ထိုကလေးမလေးဟာ အသက်ငယ်ငယ်လေးရှိသေးသည်ဟု ခန့်မှန်းကာ ချာတိတ်ဟုခေါ်လိုက်သည်။
“ဟို.... ဒါက သက်အရင်ယူထားတာပါနော်”
“ဟင်..... ဒါက ဦးအရင်ကိုင်မိတာလေ”
“သက်လဲ အဲ့ကလစ်ကိုကိုင်လိုက်တာဘဲ.... ကလစ်ကိုမကိုင်မိဘဲ ဦးလေးကြီးလက်ကို ကိုင်မိသွားတာလေးဘဲ ရှိတာ”
“မဟုတ်သေးပါဘူး.... ဒါက ဦးအရင်ကိုင်မိတာ”
“သက်အရင်ကိုင်တာပါဆို..... ဦးလေးကြီးနော် လူကိုကလေးဆိုပြီး အနိုင်ကျင့်မယ်မကြံနဲ့”
“ဟ.... ဦးကဘာပြောမိလို့လဲ.... ကဲပါ ချာတိတ်လိုချင်တယ်ဆို ယူလိုက်ပါ”
“အဟီး.... ကျေးဇူးပါ ဦးလေးကြီး”
လိုချင်တာရသွားတော့ ထိုကလေးမလေးမှာ သွားတန်းဖွေးဖွေးလေးတွေပေါ်သည်ထိ သူ့အားရီပြကာ ထိုကလစ်လေးအားယူပြီး ထွက်သွားတော့သည်။
“အဟွန်း....”
ဘာရယ်မဟုတ် မင်းနောင် ထိုကလေးမလေးရဲ့ အမူအရာလေးအားကြည့်ကာ ပြုံးနေလေသည်။
ဒီလိုနဲ့ မင်းနောင်လဲ တစ်ခြားကလစ်လေးသာ ဝယ်ခဲ့လိုက်ပြီး ထိုဆိုင်ထဲမှ ထွက်လာလိုက်တော့သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰