.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
ကလင် ကလင်....
“ဟယ်လို”
“ဘာလဲ”
ဇိမ်းတစ်ယောက် တစ်ဖက်မှဖုန်းအား စိတ်မရှည်တရှည်ဖြင့် အော်လွှတ်လိုက်သည်။
“ဟို.... သခင်လေး ကျွန် ကျွန်တော် ထက်မြတ်ပါ”
“ပြော”
“ဟို.... လွန်းအဆင်ပြေလားလို့ပါ.... ကျွန်တော်လာခဲ့ရအုံးမလားလို့”
“ဘာကိစ္စလာမှာလဲ.... မလိုဘူး”
“ဟုတ် ဟုတ်.... ဒါဆိုဖုန်းချပြီနော်”
“အင်း....”
ဇိမ်းဖုန်းချပြီးသည်နှင့် လွန်းမျက်နှာလေးအား ပြန်ကြည့်လိုက်သည်။
ထို့နောက်တော့ သူလဲထိုနေရာ၌ ထိုင်နေရတာကြာနေပြီမို့ ရေဆာလာကာ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။
“ဟို.... ဒေါက်တာ”
“ဟုတ် ပြောလေ”
“ကျွန်တော် အပြင်ခဏသွားမလို့ အဲ့ဒါ အခန်းထဲကလူနာကို တစ်ချက်လောက်ကြည့်ပေးထားပါအုံးနော်”
“ကောင်းပါပြီ”
“ဟုတ်”
ဆရာဝန်ကို မှာခဲ့တာတောင် ဇိမ်းတစ်ယောက် သူမလေးအား စိတ်မချပေ။
ဇိမ်းလဲထွက်သွားရော လွန်းချက်ချင်းထလာခဲ့သည်။ သူမသတိပြန်ရနေတာ ကြာပြီ။ သို့ပေမယ့် ဘေးနားလေးမှ ဇိမ်းရှိနေတာကြောင့် သူမမှာသတိမရချင်ယောင် ဆောင်နေရသည်။ အခုတော့ ဇိမ်းလဲထွက်သွားသည်မို့ သူမလဲ ကုတင်ပေါ်မှ ဖြည်းဖြည်းချင်းထလာကာ တံခါးဖွင့်လိုက်ပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ အပြင်ဘက်၌လဲ သူ့အလုပ်နှင့်သူလုပ်နေကြသည်မို့ ဘယ်သူမှ သူမအား ဂရုမစိုက်နိုင်ပေ။ ဒါကိုအခွင့်ကောင်းယူပြီး လွန်းတစ်ယောက် ဆေးရုံအပြင်ဘက်သို့ ခိုးထွက်လာခဲ့လိုက်သည်။ အပြင်လဲရောက်ရော ဇိမ်းအားတွေ့လိုက်သဖြင့် သူမချက်ချင်း taxiတစ်စီးပေါ်၌ ဝင်ထိုင်လိုက်တော့သည်။
“ကားဆရာ ဒီလမ်းတည့်တည့်ကိုမောင်းပေးပါ.... အမြန် အမြန်”
“ဟုတ် ဟုတ်”
ဒီလိုနဲ့ လွန်းလဲ ထက်မြတ်နှင့် ဒေါ်ထားတို့ရှိရာ အိမ်သို့မောင်းလာခိုင်းလိုက်သည်။
တစ်ဖက်က ဇိမ်းမှာတော့
“ဟင်.... လွန်း လွန်းဘယ်ရောက်သွားတာလဲ....ဒေါက်တာ”
“ဟုတ်.... ဘာဖြစ်လို့လဲ”
“လူနာကော”
“လူနာအထဲမှာလေ”
“လာကြည့်လိုက်အုံး”
ထိုဒေါက်တာလဲ အခန်းထဲလိုက်ကြည့်တော့ မရှိတော့သဖြင့် ခေါင်းမီးတောက်သွားတော့သည်။
“ဟို.... လူနာက သတိရလာလို့ တစ်ခြားနေရာသွားနေတာ ဖြစ်ရင်ဖြစ်မှာပေါ့”
“CCTVရှိတယ်မလား”
“ရှိပါတယ်”
“သွားကြည့်မယ်”
“ဟို.... CCTVခန်းက ဝင်ချင်တိုင်းဝင်လို့မရပါဘူး”
“ဘာ.... ဝင်ချင်တိုင်းဝင်လို့ မရဘူး ဟုတ်လား”
“ဟုတ်ပါတယ်”
“ဦးဇိမ်းသုခနိုင်ကိုသိလား”
“မြတ်သခင်ဆေးရုံရဲ့ ဥက္ကဌလေ.... သူကြောင့်မို့ ဒီဆေးရုံဖြစ်လာတာ”
“အေး.... အဲ့ဦးဇိမ်းသုခနိုင်က ငါ့အဖေဘဲ”
“ဟင်.... ဟူတ်လို့လား”
“ကျွတ်.... ငါဒေါသမထွက်ခင် ငါ့ကို CCTVအခန်းထဲအမြန်ခေါ်သွားပေး”
“မခေါ်သွားခင် တစ်ခုလောက်မေးပါရစေ”
“ဟူးးး မေး”
“နာမည်က”
“ဇိမ်းမြတ်သခင် BSကမ္ပဏီရဲ့ CEO ဒီလောက်ဆိုရင်တော့ နားလည်သင့်ပြီ”
ထိုအခါမှ ဒေါက်တာလဲ မျက်လုံးများက ပြူးကျယ်သွားကာ CCTVခနါးသို့ တည့်တည့်မတ်ခေါ်လာတော့သည်။
“ဆောရီးပါဗျာ.... ကျွန်တော်က မသိလို့”
ဇိမ်းမှာတော့ ထိုဒေါက်တာအပြောအား ဂရုမစိုက် CCTVသာအသေအချာလိုက်ကြည့်နေမိသည်။
“ဟင်.... တွေ့ပြီ”
ဆေးရုံခန်းထဲကနေ ကုပ်ကုပ်လေးထွက်သွားတဲ့ လွန်းအား ဇိမ်းအသေအချာလိုက်ကြည့်နေမိသည်။
အပြင်ထွက်ပြီး ဘယ်သွားတာပါလိမ့်။
ဇိမ်း ထိုနေရာလေး၌ ချက်ချင်းထွက်လာခဲ့လိုက်ပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။
“ကြီးမို့”
“ပြောပါ သခင်လေး ဘာဖြစ်လို့လဲ”
“လွန်း ဒီကိုလာသေးလား”
“မလာဘူးကော သခင်လေး”
“ကျွတ်.... ဒီကလေးမလေး ဘယ်သွားတာပါလိမ့်”
ဇိမ်း ထက်မြတ်အား မေးကြည့်ဖို့ ဖုန်းဆက်ကြည့်လိုက်သည်။
ကလင် ကလင်.....
“ဟယ်လို ထက်မြတ်”
“ဗျာ သခင်လေး”
“လွန်းကို တွေ့မိသေးလား.... လွန်းပျောက်နေလို့”
ထက်မြတ်တစ်ယောက် ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။ ခဏက အဒေါ်ဖြစ်သူ သူ့အား ဖုန်းဆက်လာသည်။ လွန်းအခု သူတို့အိမ်မှာရှိနေတဲ့အကြောင်း နောက်ပြီး သူအခု သူတို့အိမ်မှာရှိနေတာကို ဇိမ်းအားမပြောနဲ့ဆိုတဲ့အကြောင်း။ အခုတော့ တစ်ဖက်လူရြဲအပြောကို ထက်မြတ်ဘယ်လိုပြန်ဖြေရမလဲပင် မသိတော့ပေ။
ဘယ်လိုဖြစ်ဖြစ်ကွာ.... ပြောပြလိုက်တော့မယ်။
“ဟို.... သခင်လေး လွန်းက ကျွန်တော်တို့အိမ်မှာပါ”
“ဟင်.... ဟုတ်ပြီ ဟုတ်ပြီ”
ဇိမ်း ဖုန်းအားချက်ချင်းချလိုက်ပြီး လွန်းရှိရာဆီသို့ အလျင်အမြန်ပင် ထွက်လာခဲ့လိုက်သည်။
###########
“ကျေးဇူးပါ အန်တီထား”
“မလိုပါဘူး.... ထမင်းစားပြီးပြီလား”
“မစားသေးဘူး”
“ဒါဆို စားမယ်လေ”
“ဟုတ်”
လွန်းလဲ ဒေါ်ထားနှင့်ပင် ထမင်းဝိုင်း၌ထိုင်ကာ ဗိုက်ဆာဆာနှင့် အားရပါးရ စားလိုက်တော့သည်။ ထိုအချိန် အိမ်ရှေ့မှ ကားဟွန်းတီးသံကို ကြားလိုက်ရသည်။
တီ တီ....
“ဘယ်သူပါလိမ့်”
လွန်း ထမင်းစားနေရာမှထကာ တံခါးဝနားမှ လှမ်းကြည့်လိုက်သည်။
“ဟင်.... ဒီကားက ဦးဇိမ်းရဲ့ကားဘဲ.... သူကဘယ်လိုလုပ်”
“ဘယ်သူလဲ သမီး”
“ရှင်.... ဟို.... သမီးရဲ့အလုပ်ရှင်ပါ”
“ဘာ.... သူကဒီထိတောင် လိုက်ရှာရဲသေးတယ်ပေါ့.... လာစမ်း ဒေါ်ထားနဲ့ တွေ့ကြတာပေါ့”
ဒေါ်ထားတစ်ယောက် လက်ဆေးလိုက်ပြီး ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“ဟင်.... အန်တီထား နေအုံးလေ”
လွန်းတားပေမယ့်လဲ မရပါ။ အန်တီထားကတော့ ခြံရှေ့ကို ဗြုန်းဆိုင်းထွက်သွားတော့သည်။
“ဟင်.... အဒေါ် လွန်းဒီအိမ်မှာလား”
“မင်းပေါ့.... ငါ့တူမလေးကို လူကြားထဲ မရှက်မကြောက်နမ်းလိုက်တာ”
“ဟို....."
“သွားပါပြီ.... အန်တီထားပြောမှဘဲ တစ်ရပ်ကွက်လုံးသိတော့မယ်”
လွန်း ဒေါ်ထားအားတားဖို့ ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“ဟင်.... လွန်း”
ဇိမ်း လွန်းကိုမြင်သည်နှင့် လွန်းအနားသို့ အပြေးလေးသွားလိုက်သည်။ သို့ပေမယ့်လဲ မရပါ။ ကြားထဲမှ အဒေါ်ဖြစ်သူ ဒေါ်ထားက ဝင်ရပ်လိုက်သည်။
“ထွက်သွားစမ်း..... အရှက်မရှိတဲ့ကောင်..... အခုချက်ချင်း ငါ့အိမ်ရှေ့ကထွက်သွားနော်”
“မထွက်သွားဘူးကွာ..... လွန်း ပြန်မလိုက်မချင်း လုံးဝမထွက်သွားဘူး”
“အောင်မှာ..... လုပ်ချင်ရာလုပ်ခဲ့ပြီးမှ လွန်းပြန်မလိုက်မချင်းတွေ ဘာတွေလာလုပ်မနေနဲ့”
“တော်ပါတော့ အန်တီထားရယ်.... ဒီလူနဲ့စကားဆက်ပြောနေရင် အနခတီထားဘဲမောနေလိမ့်မယ်..... သမီးတို့အထဲဝင်ရအောင်နော်”
“အင်း....”
လွန်း ဒေါ်ထားလက်လေးအားဆွဲကာ အထဲသို့ ဝင်လာခဲ့လိုက်တော့သည်။
“လွန်း လွန်းနေအုံးလေ”
လွန်းကတော့ ဇိမ်းအပြောတွေအား ဂရုမစိုက်ကာ အိမ်ထဲသို့ တည့်တည့်မတ်ဝင်လာခဲ့လိုက်သည်။
“လွန်း.....”
ခြံတံခါးကလဲ သော့ခက်သွားသည်မို့ ဇိမ်းတစ်ယောက် အခက်တွေ့နေတော့သည်။
ဒီလိုနဲ့ ထက်မြတ်အားအကူအညီတောင်းဖို့ ဖုန်းခေါ်ရပြန်သည်။
ကလင် ကလင်.....
“ဟယ်လို”
“ဟယ်လို ထက်မြတ် ငါ့ကိုကူညီအုံး”
“ဘာဖြစ်လို့လဲ သခင်လေး”
“လွန်းက ငါ့နဲ့ပြန်မလိုက်ခဲ့ဘူးတဲ့.... နောက်ပြီး သူ့အဒေါ်ကလဲ ငါ့ကိုအတင်းပြန်လွှတ်နေတာ ကူညီပါအုံးထက်မြတ်ရာ ငါလစာတိုးပေးပါ့မယ်”
“တစ်ကယ်လား.... ဒါဆို ကူညီပေးပါမယ်”
“အေးပါ.... ကျေးဇူးပါကွာ”
“ရပါတယ်.... ကျွန်တော်အခုချက်ချင်း အိမ်ပြန်လာခဲ့မယ်”
“အေးအေး”
ဇိမ်းကတော့ မဲ့ရှုပ်မဲ့ရှုပ်နှင့် သူတို့အိမ်ရှေ့၌ ရပ်စောင့်နေလေသည်။ ခဏကြာတော့ ထက်မြတ်လဲ ရောက်လာခဲ့သည်။
“ထက်မြတ် ကူညီပါကွာ”
“ဟုတ်.... ကူညီမှာ ပြောထားတာတော့ မမေ့နဲ့နော်”
“အင်းပါ မမေ့ဘူး”
ထက်မြတ် အိမ်ထဲသို့ ဝင်လာကာ လွန်းအားရှာလိုက်သည်။
“လွန်း”
“ဒီမှာ”
အိမ်ရှေ့ ဧည့်ခန်းထဲက အသံကြောင့် ထက်မြတ်လဲ ဧည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
“လွန်း"
“ပြော”
“နင်သခင်လေးနောက် မလိုက်ရင်တောင် ထွက်တွေ့လိုက်ပါနော်”
“မတွေ့ပါဘူး ဘာလို့တွေ့ရမှာလဲ.... သူဘဲအရင်အမှားလုပ်ထားတာလေ လွန်းကအဲ့ဒါကို သည်းခံနေရမှာလား.... လွန်းကိုများ သူပိုင်တဲ့အရုပ်ထင်နေလား မသိဘူး သူ့စိတ်ရှိတဲ့အတိုင်းဘဲ လုပ်နေတာ..... ဒီတစ်ခါတော့ လုံးဝခွင့်မလွှတ်နိုင်ဘူး”
“ဟာ.....လွန်းကလဲ”
“ဘယ်လိုဖြစ်နေတာလဲ ထက်မြတ် နင်ကလဲ သူ့ဘက်ကဘဲလား”
အဒေါ်ဖြစ်သူကပါ ဝင်ပြောလာသဖြင့် ထက်မြတ်တစ်ယောက် လက်ကိုခါပြကာ ငြင်းလိုက်ရသည်။
“မ မဟုတ်ပါဘူး”
“ဒါဆိုသွားတော့.... ကြောင်အိမ်ထဲမှာ ဟင်းတွေရှိတယ် ကိုယ့်ဟာကို ယူစားလိုက်တော့”
“ဟုတ်”
အဒေါ်ဖြစ်သူဆို တုန်နေအောင်ကြောက်ရတဲ့ ထက်မြတ်တစ်ယောက် မီးဖိုချောင်ထဲသို့သာ ကုပ်ကုပ်လေးဝင်သွားလိုက်ရသည်။
ဇိမ်း အိမ်ထဲသို့ မျှော်နေတုန်း ဖုန်းသံကြောင့် ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။
“အေး ထက်မြတ် ဘာတဲ့လဲ”
“ပြောလို့မရဘူး သခင်လေးရေ.... ဒီတစ်ခါတော့ သူလုံးဝခွင့်မလွှတ်နိုင်ဘူးတဲ့”
“ကျွတ်....”
ဇိမ်း ဖုန်းကိုချလိုက်ပြီး ထိုအိမ်ရှေ့၌သာ မျက်နှာလေးညိုးစွာဖြင့် ရပ်စောင့်နေမိသည်။
ဒီလိုနဲ့ တစ်နာရီပြီးတစ်နာရီကုန်လာတာ အခုဆို ည၇နာရီကိုတောင် ရောက်လာခဲ့ပြီ။ ဇိမ်းလဲ မနီးမဝေးဆိုင်လေးကနေ ဘီယာတွေ ဝယ်လာပြီး ထိုင်သောက်နေလိုက်တာ ၇နာရီလဲရောက်ရော ၅ဘူးနီးပါးကုန်သွားပြီ။ လူကလဲ မူးနေပြီ။
“လွန်း နင်သခင်လေးကို ထွက်တွေ့သင့်တယ်နော်”
“မတွေ့ဘူး”
ထိုအချိန်အိမ်ရှေ့မှ အသံတစ်ခုကို ကြားလိုက်ရသည်။
စိတ်မစိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်.....
ကိုယ့်စိတ်ကအရင်ဒီလို မဟုတ်ဘူးကွယ့် မင်းနဲ့မှ
ပြောင်းလဲကုန်ပြီ..... အားလုံးလဲငါမယုံနိုင်
မင်းလေးကိုဘယ်သူမှမပေး မပေးမပေးနိုင်ဘူး.....
မင်းငါ့အသဲငါ့အချစ်ဘဲ မင်းလေးဟာငါ့အတွက်ဘဲ
လွန်တယ်လို့မင်းထင်လား....
“ဟင်.... ဒါသခင်လေးအသံဘဲ”
လွန်းကတော့ ဂရုမစိုက်ပေ။
အဘိဓမ္မာတရားမှာ အချစ်မှာနှေးကန်ရင်
ခံသွားနိုင်တယ်......
တစ်ယောက်ယောက်က ဝင်လာပြီး လုသွားမှာလဲ
ဒီကောင်လေးကြောက်နေတယ်....
ချစ်တဲ့သူမင်းဟာလဲ ဘုရားပေးတဲ့ဆုပါဘဲ
အိုမရှိမဖြစ်ဘူး.....
မင်းလေးကငါ့အချစ်ဘဲ မင်းလေးဟာငါ့အတွက်ဘဲ
လွန်တယ်လို့ မင်းမထင်နဲ့
မင်းနဲ့ကြမှဘဲ သိပ်ချစ်သွားပြီကွယ်
ဘယ်လိုဖြစ်တာလဲ.....
မင်းကထူးလို့လား ကိုယ်ကရူးလို့လား
ဒါကိုတော့မပြောနိုင်ဘူး....
“ဘာအသံတွေလဲ”
ဒေါ်ထားတစ်ယောက် အိမ်ရှေ့မှ ဇိမ်းရဲ့အသံကြောင့် ဘုရားရှိခိုးလို့ပင် မရတော့ပေ။
ဒီလိုသာ သီချင်းကြီးဘဲဆက်ဆိုနေရင် ပတ်ဝန်းကျင်ကိုလဲ အားနာစရာဖြစ်လာတာမို့ လွန်း အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
မင်းလေးနဲ့တွေ့ရတာဟာ
ငါ့အတွက်အားလုံးဘဲလို့ ဖြစ်များဖြစ်နေပြီလား.....
မင်းငါ့အသဲငါ့အချစ်ဘဲ မင်းလေးကငါ့အတွက်ဘဲ
လွန်တယ်လို့ မင်းမထင်နဲ့.....
“ဦးဇိမ်း"
အသံကြောင့် ဇိမ်းမူးနေတာပင် ပျောက်သွားတော့သည်။
“ဟင်.... လွန်း နောက်ဆုံးတော့ ထွက်လာပြီပေါ့”
“သူများအိမ်ရှေ့မှာ ဘယ်လိုတွေလာဆိုနေတာလဲ”
“ရင်ထဲကခံစားချက်တွေကို သီချင်းနဲ့ ဖွင့်ဆိုနေတာလေ”
“မဟုတ်တာတွေ လာမပြောနဲ့တော့.... အခုအိမ်ပြန်လိုက်ပါတော့ ဦးဇိမ်း”
“မပြန်ဘူး လွန်းမပါရင် မပြန်ဘူး”
“လွန်းကတော့ လုံးဝမလိုက်ဘူး”
“ကိုယ်တောင်းပန်ပါတယ်.... ကိုယ်အနူးညွှတ်တောင်းပန်ပါတယ်.... လွန်းရယ် ကိုယ်ကချစ်လွန်းလို့ မှားမိတာပါ”
“ဘာတွေလာပြောနေတာလဲ.... ရှင် လွန်းအပေါ်ကို နည်းနည်းလေးတောင် မစဉ်းစားဘူးလား.... စိတ်ထဲရှိတဲ့အတိုင်းလုပ်နေရအောင် လွန်းက ရှင်ပိုင်တဲ့ အရုပ်မဟုတ်ဘူး”
“ကိုယ်သိပါတယ်.... အခုကိုယ်တစ်ကယ်တောင်းပန်ပါတယ်.... ကိုယ့်အမှားကို ကိုယ်သိပါပြီ”
“တော်လိုက်ပါတော့.... လွန်းကို ဘယ်လိုတောင်းပန်ပန် လွန်းကတော့ ရှင့်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
“ရတယ်.... ခွင့်မလွှတ်ရင်နေပါ ကိုယ့်ကို တစ်ယောက်ထဲတော့ မထားခဲ့ပါနဲ့နော်”
“မသေချာတော့ဘူ.... လွန်းအလုပ်ထွက်တော့မယ်....”
“မလုပ်ပါနဲ့.... ကိုယ်အနူးညွှတ်တောင်းပန်ပါတယ်”
ဇိမ်း မျက်ရည်များက ဝဲကာ လွန်းအရှေ့၌ ဒူးထောက်လိုက်သည်။
“ကိုယ့်ကို ကြိုက်သလို အပြစ်ပေးပါ ကိုယ်ခံယူပါ့မယ်”
လွန်းမှာ ဇိမ်းရဲ့အပြုအမူကြောင့် မျက်လုံးများကပြူးကျယ်သွားရသည်။
“ဟင်.... နင်တို့ သခင်လေးက ဒီလိုကြီးလား”
ဒေါ်ထားလဲ ဇိမ်းရဲ့အပြုအမူကြောင့် လန့်သွားရသည်။
“သခင်လေးက လွန်းကိုချစ်နေတာထင်တယ်..... သူ့တစ်သက်မှာ တစ်ခါဘဲ မိန်းကလေးတစ်ယောက်ရှေ့မှာ ဒူးထောက်တောင်းပန်ဖူးတာ”
“အခုလိုကြတော့လဲ သူကသနားစရာဘဲ”
“ဟုတ်တယ်”
“ငါပါမှ ရတော့မယ်ထင်တယ်”
ဒေါ်ထားတစ်ယောက် ခြံရှေ့သို့ ထွက်လာခဲ့လိုက်သည်။
“သမီး”
“ဟင်.... အန်တီထား”
“ပြန်လိုက်သွားလိုက်ပါလား သမီးရယ်”
“ရှင်....”
လွန်းမှာ သူ့အဒေါ်အား ကြောင်ကြည့်လာခဲ့သည်။
“လိုက်သွားလိုက်နော်.... သူ့ကိုကြည့်ရတာ လူကောင်းပါဘဲ သမီးရယ်”
“ဟင့်အင်း....."
“လုပ်ပါ လွန်းရယ် ပြန်လိုက်ခဲ့ပါနော်”
“မလိုက်ဘူး.... လူတစ်ယောက်ကို စိတ်ရှိတိုင်းလုပ်တက်တဲ့ ရှင့်လိုလူနောက် လွန်းပြန်မလိုက်နိုင်ဘူး”
“မလုပ်ပါနဲ့ လွန်းရယ်.... ကိုယ့်ဘဝမှာလေ လွန်းမရှိရင် မနေနိုင်လို့ပါ.... ကိုယ့်ကိုအတ္တကြီးတယ် ပြောပြော အဲ့အတ္တက ချစ်လွန်းလို့ အချစ်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ အတ္တပါလွန်းရယ်”
“လိုက်သွားလိုက်ပါ ဟိုကတောင် စိတ်ရင်းနဲ့တောင်းပန်နေတာဘဲ သမီးရယ်”
“ဟုတ်တယ် လိုက်သွားလိုက်ပါလွန်းရယ်.... သခင်လေးက ဘယ်သူ့ကိုမှ အခုလိုတောင်းပန်ဖူးတာ မဟုတ်ဘူး”
“အခုလောလောဆယ်တော့ ခဏလိုက်သွားလိုက်ပေါ့.... နောက်အဆင်မပြေတော့ ပြန်လာပေါ့ သမီးရယ်”
ဘေးနားလေးမှ ဝိုင်းပြောနေသည်မို့ သူမလဲ ဘာလုပ်ရမလဲကို မသိတော့ပေ။
“ဒါဆို.... လွန်း ရှင့်အိမ်ကို ခဏတော့ လိုက်ခဲ့မယ်.... အရင်ကလိုအချိုးတွေတော့ လာမလုပ်ပါနဲ့”
“မလုပ်ဘူး မလုပ်ဘူး.... လွန်းသာ ကိုယ့်ဆီပြန်လာပေးပါနော် အရင်အကျင့်တွေ တစ်ခုမကျန်ပြင်ပါ့မယ်”
“ပြီးတာဘဲ.... တစ်ခုတော့သိထား လွန်းရှင့်ကို အရမ်းမုန်းတယ်”
သူမစကားကြောင့် ဇိမ်းရင်ထဲ အောင့်ကနဲဖြစ်သွားရသည်။ သို့ပေမယ့်လဲ သူမနှင့် ပြန်နီးစပ်ခွင့်ရမှာ ဖြစ်တာကြောင့် ရင်ထဲကစိတ်ကို ခဏဖယ်ကာ ကားတံခါးလေးအား ဖွင့်ပေးလိုက်သည်။
“ဒါဆိုသွားပြီနော်.... အဒေါ်နဲ့ ထက်မြတ်”
“ကောင်းပါပြီ”
“ဟုတ်”
“ဒါနဲ့ကားက မောင်းနိုင်ရဲ့လား သခင်လေး”
“ရတယ် မောင်းနိုင်တယ်”
“ဟုတ် ဟုတ်”
“သွားပြီ”
ဒီလိုနဲ့ ဇိမ်းလဲ သူ့အိမ်တို့မောင်းလာခဲ့လိုက်တော့သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰