.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
ဒေါက် ဒေါက်.....
“ဦးဇိမ်း ညနေစာစားလို့ရပြီ”
သူမတံခါးကောခေါက်ကာ ပြောလိုက်ပေမယ့် တစ်ဖက်မှ ဘာမှပြန်မပြောလာသဖြင့် သူမလဲစိတ်ပူသွားတော့သည်။
“ခဏကတည်းနေမကောင်းဘူး ပြောနေတာ တစ်ခုခုများဖြစ်နေတာများလား”
လွန်း တံခါးလေးအား ဖွင့်ကြည့်လိုက်တော့ လော့မချထားတာကြောင့် ပွင့်သွားသည်။ သူမလဲ အထဲသို့ အမြန်ဝင်လာ ဇိမ်းအား လိုက်ရှာတော့သည်။
နောက်ဆုံးတော့ အိပ်ယာပေါ်၌ ကွေးကွေးလေး အိပ်နေတဲ့ ဇိမ်းအား တွေ့လိုက်ရသည်။ ပါးစပ်ကလဲ ချမ်းတယ် ချမ်းတယ်ဟုညည်းကာ ကိုယ်တွေမှာလဲ တုန်နေသည်။
“ဟင်.... ဦးဇိမ်း”
လွန်း ဇိမ်းအနားသို့ အပြေးလေးသွားလိုက်ကာ သူ့အားစောင်လေး ခြုံပေးလိုက်သည်။ ထိုအခါမှ ခဏကအသံများက ပျောက်ကာ ကိုယ်မှာလဲ မတုန်တော့ပေ။ ထို့နောက် နဖူးလေးအား စမ်းကြည့်လိုက်တော့ ပူထူနေတာကြောင့် အဖျားတက်နေမှန်း သူမသိသွားသည်။
“မဖြစ်ဘူး ဆရာဝန်ခေါ်ရမယ်”
ပြောရင်းဖြင့် သူမထွက်သွားဖို့အလုပ် ဇိမ်းစီမှ အသံတစ်ချို့ကိုကြားလိုက်ရသည်။
“မသွားပါနဲ့”
“ဟင်....”
“မသွားပါနဲ့ လွန်း.... ကိုယ့်ကို တစ်ယောက်ထဲထားမသွားပါနဲ့ လွန်း....”
လွန်းသူ့အား သေချာကြည့်လိုက်တော့ အိမ်မက်ယောင်နေတာပင်။
“မထားသွားပါဘူး ဦးဇိမ်းရယ်”
သူမပြောရင်းဖြင့် ဇိမ်းအနားသို့ ပြန်သွားကာ သူ့လက်လေးအား ဆုပ်ကိုင်ထားလိုက်သည်။
ထိုအချိန်မှသာ ဇိမ်းဆီမှ အသံများက ရပ်သွားတော့သည်။
ဒါကြောင့် သူမလဲ ဆရာဝန်သွားခေါ်ဖို့ မပြင်တော့ဘဲ ဇိမ်းအနား၌ ခဏထိုင်နေလိုက်သည်။
ခဏကြာတော့ သူမလဲ ကြွေပြားပေါ်၌ထိုင်ကာ ဇိမ်းလက်လေးအားကိုင်ရင်းဖြင့် အိပ်ပျော်သွားတော့သည်။
ကလင် ကလင်.....
“ဟယ်လို....”
“ဟယ်လို.... ဦးဇိမ်းသုခနိုင်ရေ ရှင့်သားကိုရှင် ပြောပါအုံး”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ.... ရှင့်သားလေ အိမ်ဖော်မကို ကြိုက်နေတာတဲ့”
“ဘာ! သေချာလို့လား”
“မသေချာရင် ရှင့်ကိုဖုန်းမဆက်ဘူး.... အဲ့ဒါဘယ်လိုလုပ်ကြမလဲ”
“ငါဖြေရှင်းပေးမယ်.... ဒါနဲ့ ကောင်မလေးက အကျင့်ကောင်းတယ်မလား”
“ဘာလဲ အကျင့်ကောင်းရင် ရှင်ကပေးစားမလို့လား”
“ပေးစားသင့်ရင် ပေးစားရမှာပေါ့”
“မရဘူးနော်.... ရှင်သဘောတူပေမယ့် ကျွန်မကတော့ လုံးဝသဘောမတူနိုင်ဘူး.... ဘယ့်နဲ့ အိမ်ဖော်နဲ့များ သားကိုပေးစားရမယ်လို့”
“ကဲပါ.... ဒီကိစ္စကို ငါ့တာဝန်ထား မင်းသာ မင့်ကျန်းမာရေးဂရုစိုက် ဟုတ်ပြီလား”
“အင်းပါ.... ကျွန်မကမဖြစ်သင့်တာတွေ ဖြစ်မှာစိုးလို့ပါ.... ရှင့်သားအကြောင်းလဲ ရှင်သိရဲ့သားနဲ့ သူလိုချင်တဲ့အရာဆိုရင် ဘယ်လိုတောင် ရအောင် ယူတက်လဲဆိုတာ ရှင်အသိဘဲလေ”
“သိပါတယ်ကွာ.... ဒါဘဲမလား ငါဖုန်းချပြီ”
“အေး”
တစ်ဖက်မှ ယောင်္ကျားဖြစ်သူ ဖုန်းချသွားသည်နှင့် ဒေါ်ငွေမြတ်ရည်တို့ ဒေါသများကထွက်လာတော့သည်။
ရှင်ကသာ အေးဆေးနိုင်တာ ကျွန်မကတော့ မအေးဆေးနိုင်ဘူး ဦးဇိမ်းသုခရေ။
############
“ဟင်.... ဘယ်နှစ်နာရီတောင် ရှိနေပြီလဲ မသိဘူး”
လွန်း တစ်ရေးနိုးလာတော့ အိပ်ရာဘေးမှ နာရီလေးအား တစ်ချက်ကြည့်လိုက်သည်။
“ဟင်.... ခုနှစ်နာရီ.... ဒုက္ခပါဘဲ ခွေးတွေလဲ အစာမကျွေးရသေးဘူး”
သူမဇိမ်းလက်လေးအားလွှတ်လိုက်ပြီး ထသွားဖို့အလုပ် ဇိမ်းမှ သူမလက်ကိုပြန်ကိုင်လိုက်သည်။
“ဟင်....”
“မသွားပါနဲ့”
ဒီတစ်ခါတော့ အိမ်မက်ယောင်တာ မဟုတ်ဘဲ ဇိမ်းမျက်လုံးများ ဖွင့်ကာ ပြောလာသည်။
“ဘာလို့လဲ.... ခွေးတွေအစာကျွေးရအုံးမှာလေ”
“တစ်ခြားလူကို ခိုင်းလို့ရတယ်”
”ဒါက လွန်းအလုပ်လေ.... နောက်ပြီး ဦးဇိမ်းအဖျားတွေတက်နေတာ ဆရာဝန်ကိုလဲ ခေါ်ရအုံးမယ်”
“ဆရာဝန်ခေါ်စရာ မလိုပါဘူး.... လွန်းသာ ကိုယ့်လက်ကိုကိုင်ထားရင် အဖျားတွေကော အားလုံးပျောက်သွားပြီ”
“ကျွတ်.... လုပ်ပြန်ပြီ အဲ့လိုတွေ ရှောက်ရှောက်မပြောနဲ့ ဦးဇိမ်း”
“ကိုယ်အတည်ပြောတာ ရှောက်ပြောနေတာ မဟုတ်ဘူး”
“ကဲပါ ဦးဇိမ်းရယ် အဲ့လိုတွေ လုပ်မနေနဲ့ ပိုနေမကောင်းဖြစ်သွားလိမ့်မယ်”
“မရဘူးကွာ”
“ဘာလို့ ကလေးအကျင့်တွေ လုပ်နေရတာလဲ”
“လွန်းနဲ့မို့ပါ”
“ကျွတ်..... ဒီလူနဲ့တော့လေ.... ဦးဇိမ်းရယ် လိမ်မာပါတယ် ကလေးလဲမဟုတ်ဘဲနဲ့ ဘာလို့အဲ့လိုတွေလုပ်နေရတာလဲ....”
“ကဲပါ.... သွားချင်ရင်သွားပါ.... အဲ့ခွေးတွေက ကိုယ့်ထက်ပိုအရေးကြီးမှန်း အခုမှသိတော့တယ်”
“ဟို.... အဲ့လိုမဟုတ်ဘူးလေ”
“သွားပါ သွားပါ.... ရပါတယ်”
လွန်းတစ်ယောက် ဇိမ်းအား ခါးထောက်ရင်းဖြင့် ကြည့်လိုက်သည်။
ဇိမ်းမှာတော့ မျက်နှာလေးညိုးစွာဖြင့် တစ်ဖက်သို့ လှည့်သွားသည်။
“ခဏနေ ချက်ချင်းပြန်လယခဲ့မယ် ဟုတ်ပြီလား.... ခဏလေးဘဲ”
သူမပြောရင်းဖြင့် ဇိမ်းအခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
“အဟွန်း.... လူကိုပစ်မထားရက်ဘဲနဲ့”
ကလင် ကလင်.....
“ကျွတ်”
ဇိမ်းမြည်နေတဲ့ ဖုန်းလေးအား ကျွတ်တစ်ချက်သပ်ကာ ကိုင်လိုက်သည်။
“ဟယ်လို....”
“ဟယ်လို.... ထက်မြတ်ပါ သခင်လေး”
“အေး ပြော”
“မနက်ဖြန် အစည်းအဝေးရှိတယ်နော် သခင်လေး”
“အင်း.... လာခဲ့မယ် ဒါဘဲမလား”
“ဟုတ်.... အော် ဒါနဲ့ ဦးခွန်းစစ်သွေးအစား သူ့သား ခွန်းစစ်မင်းနောင် အစည်းအဝေးကို လာမယ်လို့ပြောတယ်”
“ဟုတ်ပြီ....”
“ဟုတ်.... ဒါဆို ကျွန်တော်ဖုန်းချပြီ”
“အင်း....”
တစ်ဖက်မှ ဖုန်းချသွားသည်နှင့် ဇိမ်းခေါင်းထဲ၌ အတွေးပေါင်းစုံက ချက်ချင်းဝင်လာခဲ့သည်။
“မင်းနောင်..... ဦးခွန်းစစ်သွေးရဲ့သားကို”
############
“သားနောင်”
“ဟုတ် ပြောလေ အဖေ”
“သားနောင် မိန်းမလေးဘာလေး မယူတော့ဘူလား”
“အပူမရှာချင်ပါဘူး အဖေရယ်”
“အမယ်.... ငါ့သားရယ် မင်းကလဲ ဘဝမှာ ကောင်းကောင်းဆိုးဆိုး ကိုယ့်ဘေးနားနေနိုင်မယ့် အဖော်မွန်ကောင်း တစ်ယောက်တော့လိုတာပေါ့”
အမေဖြစ်သူပါ ဝင်ပြောလာတော့ မင်းနောင်တို့ နေရခက်လာတော့သည်။
“ဟာ.... အမေကလဲ မလိုချင်ပါဘူးဆို”
“အမေကိုယ်တိုင် ရှာပေးရမှာလား”
“မလိုချင်ပါဘူး အမေရယ်.... သားဘဝမှာ အမေနဲ့အဖေရှိရင် ပြီးပြီလေဗျာ”
“အမေတို့က တစ်သက်လုံး ဒီလိုကြီး သားအနားမှာနေနေမှာ မဟုတ်ဘူးလေ.... အိုနာသေဆိုတဲ့ ဘေးကနေ မလွှတ်ဘူး သားရဲ့”
“ဘယ်လိုဘဲနေနေ ကျွန်တော်ကတော့ မိန်းမမယူဘူးနော် ဘယ်လိုမှ မယူနိုင်ဘူး”
“မိန်းမရေ မင့်သားနဲ့တော့ ခက်ပြီ”
“ထားလိုက်ပါတော့ အစ်ကိုရယ် ရှင့်သားက သိတဲ့အတိုင်းဘဲ”
“ဟုတ်ပ.... တော်ပြီ ပြောရတာဘဲ မောတယ် မပြောတော့ဘူ”
အဖေဖြစ်သူမှာ စိတ်ဆိုးသလို လုပ်ကာ ထွက်သွားသဖြင့် ခွန်းစစ်တို့ စိတ်မကောင်းဖြစ်ရပြန်သည်။
“အမေလဲ သွားပြီ.... သားကိုစိတ်ဆိုးတယ်နော် သိလား”
“ဟာ.... အမေ.... ဒုက္ခပါဘဲ”
ခွန်းစစ်ဆိုတာ နှင်းသက်ချိုကလွှဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်တော့ပေ။ သို့ပေမယ့် နှင်းသက်ချိုက သူ့ကိုပြန်မချစ်နိုင်တာကြောင့် သူလက်လျော့ခဲ့တာကြာခဲ့ပါပြီ။ယခု ဇိမ်းကိုမကျေနပ်ရတဲ့ အကြောင်းအရင်းကလဲ ဇိမ်း နှင်းသက်ချိုကို ပြန်မကြိုက်ဘဲ ဒဏ်ရာတွေပေးနေလို့ပင်။ မဟုတ်လို့ကတော့ သူလဲ ဇိမ်းအား ကောင်းကောင်းမွန်မွန် ငယ်သူငယ်ချင်းအဖြစ်နဲ့ ပြန်ပေါင်းသင်းနိုင်ပါသည်။ ငယ်ငယ်တုန်းကပြောခဲ့တဲ့ စကားတွေဟာလဲ မရင့်ကျက်သေးတဲ့ အရွယ်မို့ ပြောမိပြောရာ ပြောလိုက်ခြင်းပေ။ စိတ်ထဲတော့ မရှိတော့ပါ။ မနက်ဖြန် အစည်းအဝေးကိုလဲ အတက်နိုင်ဆုံး ဇိမ်းနဲ့ ပြဿနာမဖြစ်မိအောင် သွားဖို့ စီစဉ်ထားသည်။
“ဟူးးးး”
လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ဒီပတ်ဝန်းကျင်၌ စီးပွားရေးလုပ်ငန်းရှင်မလုပ်ဘဲ အမေဖြစ်သူဖွင့်ထားတဲ့ ပြင်ဦးလွင်က private school၌ ကျောင်းဆရာသာ သွားလုပ်ပစ်လိုက်ချင်သေးသည်။
################
“လွန်း...."
လွန်း ညစာပြင်နေတုန်း အနောက်မှ အသံကြောင့် သူမလှည့်ကြည့်လိုက်သည်။
“ဦးဇိမ်း ဘာကိစ္စလဲ”
“မနက်ဖြန် ကိုယ်နဲ့ ကမ္ပဏီလိုက်ခဲ့ပါလား”
“ဟမ်.... ရူးနေလား ဦးဇိမ်းရဲ့..... ကမ္ပဏီကိုာဘာလို့လိုက်ရမှာလဲ”
“ကိုယ်ကနေသိပ်မကောင်းသေးဘူး.... နေမကောင်းပေမယ့်လဲ ကမ္ပဏီကမသွားရင် မရဘူးလွန်းရဲ့ အစည်းအဝေးရှိလို့”
“အဲ့တော့ ခဏသွားပြီး ပြန်လာလိုက်ပေါ့”
“မရဘူး.... လွန်းမရှိရင် ကိုယ်အစည်းအဝေးလဲ တက်နိုင်မှာ မဟုတ်ဘူး”
“အရင်ကလဲ ဒီလိုဘဲတက်လာတာလေ မဟုတ်လား”
“အရင်ကနဲ့အခု မတူဘူးလေ.... လုပ်ပါလွန်းရယ် ခဏလေးဘဲလိုက်ခဲ့ပေးပါနော်”
“အာ.... ဟုတ်ပြီ ဟုတ်ပြီ လိုက်ခဲ့မယ်”
“အဟွန်း.... ကျေးဇူးပါ လွန်းရယ်”
“မလိုပါဘူး.....”
“ဟုတ်ပါပြီ”
ဒီလိုနဲ့ ထိုညတော့ လွန်းကိုယ်တိုင်ပြုတ်ထားသည့် ဆန်ပြုတ်လေးအား သောက်လိုက်ပြီး အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့မနက်
“လွန်း အဆင်သင့်ဖြစ်ပြီလား”
“အင်း.... သွားမယ်”
“ကြီးမို့ ဒါဆို ကျွန်တော်တို့ သွားပြီနော်”
“ကောင်းပါပြီကွယ်”
ဒီလိုနဲ့ နှစ်ယောက်သား ခြံထဲမှ ထွက်လာခဲ့လိုက်တော့သည်။
“အဟွန်း.... ”
ကြီးမို့တစ်ယောက် ဇိမ်းရဲ့ အသက်ဝင်စွာပြုံးနေတဲ့ အပြုံးလေးတွေအားကြည့်ကာ ဝမ်းသာနေရသည်။
ဇိမ်းရဲ့အပြုံးတွေဟာ လွန်းနဲ့တွေ့မှ အသက်ဝင်လာတာမျိုး။
“ရောက်ပြီ....”
ဇိမ်း လွန်းအား ကားတံခါးဖွင့်ပေးလိုက်သည်။
ဇိမ်းနဲ့လွန်းလဲ ကမ္ပဏီထဲသို့ ဝင်လာရော ဝန်ထမ်းအားလုံးရဲ့အကြည့်က သူတို့ဆီပင်။
ဇိမ်းကတော့ သူ့ဟာနဲ့သူ ဘယ်သူ့ရဲ့အကြည့်ကိုမှ ဂရုမစိုက်ဘဲဝင်သွားပေမယ့် လွန်းကတော့ ဘေးကလူတွေအား ခေါင်းလေးငုံ့လျက်သားနှင့်ကြည့်ကာ ကြောက်စိတ်များကလဲ ဝင်နေသည်။
“ဘာမှမကြောက်နဲ့ ကိုယ်ရှိတယ်”
ဇိမ်း သူမလက်လေးအားကိုင်လိုက်ပြီး သူ့ရုံးခန်းရှိရာသို့ လာခဲ့လိုက်သည်။
“ဟင်.... လွန်း”
“ကိုထက်မြတ်”
“ဘယ်လိုလုပ်....”
“အစည်းအဝေးဘယ်ချိန်စမလဲ”
ဇိမ်းရဲ့ ကြားဖြတ်စကားကြောင့် ထက်မြတ် လွန်းအားဆက်မမေးတော့ဘဲ ဇိမ်းဘက်သို့ လှည့်လာခဲ့သည်။
“၉ခွဲပါ သခင်လေး”
“အင်း.... လုပ်စရာမရှိရင် သွားတော့လေ.... အစည်းအဝေးခန်းမှာ လူစုံရင်လာခေါ်လိုက်”
“ဟုတ်.... ဒါဆိုခွင့်ပြုပါအူံး”
ထက်မြတ် ခေါင်းလေးငုံ့လျက်သားနှင့် ထွက်လာခဲ့လိုက်သည်။ လွန်းအရှေ့မှာဆို အမြဲပြုံးနေတက်တဲ့ဇိမ်းက တစ်ခြားလူတွေနဲ့ကြတော့ နောက်တစ်ယောက်လိုပင် ပြောင်းလဲသားသည်ကို သူမကြောင်တောင်တောင်နှင့် ကြည့်နေသည်။
“လွန်း....”
“ဟမ်...."
“ဘာတွေငေးနေတာလဲ”
“ဘာ ဘာမှမငေးပါဘူး”
“အဟွန်း.... အဲ့မှာထိုင်နေအုံးနော် ကိုယ်လုပ်စရာလေးတွေရှိသေးတယ်”
“ဟုတ်”
သူမ ဆိုဖာပေါ်၌ ခဏထိုင်နေလိုက်သည်။
ခဏကြာတော့ ထက်မြတ်လဲ လာခေါ်နေပြီဖြစ်တာကြောင့် ဇိမ်းအစည်းအဝေးခန်းထဲသို့ သွားရန်ပြင်လိုက်သည်။
“လွန်း နေခဲ့အုံးနော်”
“ဟုတ် ဟုတ်”
“ပျင်းရင်လဲ ရှောက်ပတ်ကြည့်နေ.... ဘာမှမဖြစ်ဘူး တစ်ခုခုဆို ကိုယ်ဟိုထောင့်နားက အခန်းမှာရှိနေမယ် ဟုတ်ပြီလား”
“ဟုတ်”
ဒီလိုနဲ့ ဇိမ်းလဲ သူမအားနှုတ်ဆက်လိုက်ပြီး အစည်းအဝေးခန်းသို့ ထွက်လာခဲ့လိုက်သည်။
“မဟုတ်မှ ဒီလူငါ့ကိုများ တစ်ကယ်ကြိုက်တာလား.... သက်သက်ကစားဖို့လား"
လွန်းတစ်ယောက် ထိုင်ရင်းဖြင့် စဉ်းစားနေလေသည်။
ခဏနေတော့ သူမလဲပျင်းလာတာကြောင့် အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် မင်းနောင်အစည်းအဝေးခန်းမှ ထွက်လာသည်နှင့် ထိပ်တိုက်တွေ့တော့သည်။
“လွန်း”
“ဟင်.... ရှင်”
“အဟွန်း.... ခေါ်ပြန်ပြီ ရှင်”
“အဟင်း.... ဆောရီးပါ”
“ရပါတယ်.... ဒါနဲ့ဒီကိုက ဘယ်လိုလုပ်”
“ဦးဇိမ်းနဲ့အတူ လိုက်လာတာပါ”
“အော်...."
“ဟို.... ဒါဆိုလွန်းကိုခွင့်ပြုပါအုံး”
“ကောင်းပါပြီ...”
လွန်း မင်းနောင်အား တစ်ချက်ကြည့်ကာ လှည့်ထွက်ဖို့အလုပ် အပေါ်သို့ ဖိုင်တွေအားကိုင်ကာ တက်လာတဲ့ ဝန်ထမ်းတစ်ဦးနှင့် သူမတိုက်မိသွားတော့သည်။
“သတိ...."
“ဟင်....”
မင်းနောင် လဲကျတော့မည့်သူမလေးအား အချိန်မှီ ဖမ်းထိန်းပေးလိုက်သည်။
“ဟုတ်.... ဒါဆိုနောက်တစ်ခါကြ အေးအေးဆေးဆေးစကားပြောကြတာပေါ့”
“ကောင်းပါပြီ”
“ဟင်....”
ဇိမ်း ရှယ်ယာဝင်တွေအား နှုတ်ဆက်ကာ ထွက်အလာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ထဲဗြောင်းဆန်သွားတော့သည်။
“ဒါကဘယ်လိုဖြစ်နေတာလဲ”
ဇိမ်းရဲ့ စူးရှ ပြတ်သားတဲ့အသံရဲ့နောက်ကွယ်၌ ဒေါသများကပါဝင်နေသည်။ ထိုအသံကြောင့် အစည်းအဝေးအခန်းရှိ ဝန်ထမ်းအချို့အပါအဝင် လွန်းကော မင်းနောင်ပါလန့်သွားကြသည်။
“ဟင်.... ဦးဇိမ်း”
“လာခဲ့....”
ဇိမ်း သူမလက်အားအတင်းဆွဲကာ ခေါ်သွားတော့သည်။ မင်းနောင်ကတော့ ဇိမ်းရဲ့အပြုအမူကြောင့် အတော်လေးလန့်သွားရသည်။ လွန်းကို ဖမ်းထိန်းပေးလိုက်တယ်ဆိုတာကလဲ သူမအောက်သို့ မပြုတ်ကျအောင် စိတ်သန့်သန့်နှင့်သာ ကူညီခြင်းပေ။ လွန်းမှမဟုတ်ပါ။ တစ်ခြားလူဆိုလဲ သူကူညီပေးပါလိမ့်မည်။
ဟူးးးး ဇိမ်း ဇိမ်း ငယ်ငယ်ကတည်းကအကျင့်က အခုထိမပျောက်ပါလား။
မင်းနောင်လဲ သက်ပြင်းချ၍သာ အောက်သို့ဆင်းလာခဲ့လိုက်သည်။
“လွှတ်လို့.... လွန်းလက်နာတယ် လွှတ်”
လွန်း အားကုန်သုံးကာ ဇိမ်းရဲ့လက်အား ခါချလိုက်သည်။
ဇိမ်းကတော့ သူမအားစူးစိုက်ကြည့်ကာ ရုတ်တရက် သူမကိုယ်လေးအား စွေ့ကနဲ ပွေ့ချီလိုက်သည်။
“ဟင်.... ဦးဇိမ်း ဘာလုပ်တာလဲ ဒါကမ္ပဏီနော်”
ဇိမ်းမှာတော့ သူမအပြောအား ဂရုမစိုက်ပေ။ ဒီတစ်ခါတော့ လွန်းသည်းမခံနိုင်တော့ပါ။ ဒီနေရာက ကော်ဖီဆိုင်လဲ မဟုတ်သလို သူ့အိမ်လဲမဟုတ်ပေ။ ကမ္ပဏီဖြစ်နေတာကြောင့် သူ့ဂုဏ်သိက္ခာ ထိခိုက်မည်ကိုလဲ စိုးရိမ် ကိုယ့်အတွက်ကိုယ်လဲ ပြန်စိုးရိမ်ကာ သူ့လက်ပေါ်မှ လွန်းကိုယ်လေး အတင်းရုန်းလိုက်သည်။ ထိုအချိန်မှ ဇိမ်းလဲ သူမကိုယ်လေးအား ဆက်မထိန်းနိုင်တော့တာကြောင့် အောက်သို့ ချပေးလိုက်ရတော့သည်။
“အနုနည်းသုံးနေတုန်း မင်းကငြင်းတယ်ပေါ့.... ရတယ်”
“ဟင်”
ဇိမ်း ထိုနေရာလေး၌ပင် သူမနှုတ်ခမ်းတွေအား စုပ်ယူနမ်းရှိုက်ပစ်လိုက်တော့သည်။
“အွန့်...."
လွန်းမှာ သူ့ရင်ဘတ်တွေအား ထုကာ တားနေပေမယ့်လဲ မရပေ။
“ဟင်...."
ဝန်ထမ်းများနှင့်အတူ မင်းနောင်နဲ့ ထက်မြတ်တို့ မျက်လုံးမျက်စံပြူးကာ ရပ်ကြည့်နေကြသည်။
ခဏကြာတော့ ဇိမ်း ငံကျိကျိအရသာကို ခံစားလိုက်ရတာကြောင့် နမ်းနေရာမှ ဖယ်ကာ သူမမျက်နှာလေးအား ကြည့်လိုက်သည်။
သူမမှာ အံကိုကြိတ်လျက် ဇိမ်းမျက်လုံးတွေအားစိုက်ကြည့်လိုက်ပြီး မျက်ရည်များက အတားအဆီးမဲ့ ဆက်တိုက်ပြိုကျလာတော့သည်။
ထို့နောက်တော့ ခေါင်းတွေမူးကာ ထိုနေရာလေး၌ပင် လဲကျသွားတော့သည်။
“ဟင်.... လွန်း လွန်းထပါအုံး.... မဖြစ်ဘူး”
ဇိမ်း သူမကိုယ်လေးအား ပွေ့ချီကာ ဆေးရုံသို့ ပြေးရတော့သည်။
############
“ဆရာ ဘယ်လိုလဲ သူမဘာဖြစ်သွားတာလဲဟင်”
“ဟို.... လူနာက ဓမ္မတာလာနေလို့ပါ သွေးအားနည်းပြီး မူးလဲသွားတာပါ”
“စိုးရိမ်စရာ ရှိလား... သွေးတွေဘာတွေကော လိုလား”
“သွေးကတော့ မလိုပါဘူး.... သံဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ များများစာပေးပေါ့..... ဥပမာ အမဲသားတို့ အစိမ်းရောင်အရွက်တို့ ပဲအမျိုးမျိုးတို့ပေါ့”
“ဟုတ် ဟုတ်.... ဟို ဒါနဲ့ ဓမ္မတာလာတယ်ဆိုတာက ဘာကိုပြောတာလဲ”
“ဟင်...."
ဆရာဝန်မှာ ဇိမ်းရဲ့အပြောကြောင့် မျက်လုံးများပြူးကာ လန့်သွားရသည်။ သူဘဲခဏကတော့ စိုးရိမ်စရာရှိလား ဘာလား မေးနေပြီး ဓမ္မတာလာတာကိုကြတော့ မသိဘူးတဲ့လား။
“ဟို.... ဘယ်လိုပြောရမလဲ မိန်းကလေးတွေ လစဉ်ဖြစ်တက်တဲ့ ကိစ္စလေ”
“မိန်းကလေးတွေ လစဉ်ဖြစ်တက်တဲ့ကိစ္စ.... ဘာကိစ္စလဲဗျ”
“တစ်ကယ်မသိတာလား”
“ဟုတ် တစ်ကယ်မသိလို့ပါ”
ဟူးးးး
ဆရာဝန်မှာလဲ ကိုယ့်နဖူးကိုယ်ရိုက်ရင်းသာ သက်ပြင်းချနေတော့သည်။
ဒီလို.....
ဆရာဝန်မှာလဲ သူရှင်းပြတက်သလောက် ယောင်္ကျားလေးတစ်ယောက် နားလည်လောက်အောင် ရှင်းပြလိုက်ရသည်။
“အော်.... ဒါဆို Menstruationလာတာပေါ့”
“အင်း.... ဟုတ်တယ်”
“အော်.... ဟုတ် ကျေးဇူးပါ”
“အဟင်း.... မလိုပါဘူး.... ဒါဆိုခွင့်ပြုပါအုံး”
“ဟုတ်”
ဆရာဝန်မှာလဲ ဇိမ်းအား မချိုမချဉ်လေးပြုံးပြလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
ဇိမ်း ဆရာဝန်ထွက်သွားတော့ သူမနားသို့သွားကာ မျက်နှာလေးအား စိုက်ကြည့်နေသည်။
“ဟူးးးး ဒါမျိုးတွေ လွန်းအစားကိုယ့်ဆီမှာ လာဖြစ်ရင် ကောင်းမှာဘဲ.... လွန်းမခံစားရတာပေါ့.... ဒါနဲ့ ဒါမျိုးက ဘာလို့ ယောင်္ကျားလေးတွေမှာ မဖြစ်ရတာလဲ ခဏကဆရာဝန်ကို မေးလိုက်သင့်တယ်”
ဇိမ်း တစ်ယောက် ကိုယ့်ကိုကိုယ် မကျေမနပ်နှင့် ပြောကာ စဉ်းစားခန်းဝင်နေတော့သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰