.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“ဘာ! ဒါဆိုသားက သူ့အိမ်ဖော်မနဲ့ တွဲနေတာပေါ့”
“အဲ့လိုဘဲ ပြောရမှာပေါ့ အန်တီမြတ်ရယ်”
“မဖြစ်ဘူး... သားကိုတော့ အိမ်ဖော်နဲ့ပေးမစားနိုင်ဘူး”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
“သားနဲ့သမီးကိစ္စကို အမြန်ဆုံးစီစဉ်ရမယ်”
“ဒါပေမယ့် ဇိမ်းဘက်က လက်ခံပါ့မလား”
“ရတယ်.... ဇိမ်းကိုအန်တီရအောင် ပြောပေးမယ်”
“ဟုတ်.... ဒါနဲ့ ဇိမ်းကအိမ်ခွဲနေတာလား”
“ဟုတ်တယ်....”
“ဘာဖြစ်လို့လဲဟင်”
“ပြောရမယ်ဆိုရင်တော့ အရှည်ကြီးဘဲသမီးရေ.... နောက်မှအေးအေးဆေးဆေး ပြောကြတာပေါ့”
“ဟုတ် ဟုတ်.... ဒါနဲ့ ဦးလေးကော”
“မင့်ဦးလေးကတော့ ပြင်ဦးလွင်ဘက်မှာ မြေကွက်သွားကြည့်တယ် သမီးရေ”
“အော်.... ဟို သမီးကို ဇိမ်းရဲ့အိမ်လိပ်စာလေးပေးပါလား”
“ပေးရမှာပေါ့.... အိမ်က သိပ်တော့မဝေးပါဘူး....”
“ဟုတ်”
ဒေါ်ငွေရည်မြတ် ဇိမ်းရဲ့အိမ်လိပ်စာအား ရေးပေးလိုက်သည်။
“ဒါဆို.... အခုသမီး သူ့အိမ်သွားလိုက်အုံးမယ်.... ဒါနဲ့ သူအခုအိမ်မှာရှိပါ့မလား”
“အန်တီလဲ မပြောတက်ဘူး.... ဒါပေမယ့် သွားကြည့်လိုက်ပေါ့”
“ဟုတ် ဟုတ်.... ဒါဆို သမီးသွားပြီနော်”
“ကောင်းပါပြီ”
ဒီလိုနဲ့ နှင်းသက်ချိုလဲ ဇိမ်းရဲ့အိမ်ရှိရာသို့ လာခဲ့လိုက်သည်။
“Hollyရေ လာ လာ”
“အဟား.... မင်းကတော်တော်ဆော့တာဘဲ”
Hollyဆိုတဲ့ခွေးမှာ လွန်းကိုတော်တော်ခင်ရှာသည်။
အခုလဲ လွန်းရဲ့ခါးလောက်ထိ မြင့်တဲ့အရွယ်အစားဖြင့် သူမကိုယ်ပေါ်သို့ အပြေးလေးတက်လာနေသည်။
တီ တီ....
“ဟင်.... ဘယ်သူပါလိမ့်”
“နေနေ ဦးလေးသွားဖွင့်လိုက်မယ်”
“ဟုတ်”
ခြံစောင့်ဦးလေးမှာ ခြံတံခါးအား အလျင်အမြန်ပင်သွားဖွင့်လိုက်သည်။
“ဦးဇိမ်းရဲ့ကားလဲ မဟူတ်ဘူး.... ဘယ်သူပါလိမ့်”
ခြံထဲသို့ တစ်လိမ့်လိမ့်ဝင်လာတဲ့ ထိုကားဖြူလေးအား လွန်းအသေအချာကြည့်နေမိသည်။
ခဏကြာတော့ ကားထဲကအမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ ကိုယ်ကျပ်ဝတ်စုံ ဒူးဖုံးအနက်နှင့် ခွေလိမ်နေတဲ့ ရွှေအိုရောင် ဆံနွယ်တွေအား အရှေ့ကို အနည်းငယ်ချထားသည်။ နေကာမျက်မှန်ကလဲ တပ်ထားပြီး အသားအရည်မှာလဲ ဝင်းဖြူနေသေးသည်။ အရပ်ဆိုတာကလဲ ခန့်မှန်းရရင် ငါးပေကိုးလောက်ရှိမည်။ ခန္ဓာကိုယ်ကလဲ သွယ်သွယ်လေးမို့ အရပ်ရှည်ရှည်နှင့် အတော်ကြည့်လို့ကောင်းတဲ့ အမျိုးသမီးပင်။
လွန်းသူမအားကြည့်ရင်းဖြင့် သူစိတ်ထဲ အလိုလို သိမ်ငယ်စိတ်များက ဝင်လာသည်။ လွန်းဆိုတာ အသားအရည်မှာသိပ်မဖြူပေ။ အရပ်ဆိုလဲ ပုတဲ့ထဲတော့မပါပေမယ့် သူမလောက်တော့ မရှည်။ အဝတ်အစားဆိုလဲ ဘောင်းဘီနှင့် တီရှပ်ကလွှဲလို့ ကျန်တာမဝတ်တက်။
လွန်းတစ်ယောက် နှင်းသက်ချိုအား အချိန်ကြာမြှင့်စွာငေးကြည့်နေသည်။
ဘယ်လောက်တောင် ငေးကြည့်နေခဲ့လဲဆိုရင်တော့ သူမဘေးနားက Hollyလေး နှင်းသက်ချိုဆီသို့ ပြေးသွားကာ ဟောင်နေသည်ကိုပင် မသိခဲ့ပေ။
“ဝုတ် ဝုတ်..... ဝုတ်”
“ရှူး ရှူး.... သွားစမ်း ဘယ်က ခွေးကြီးတုန်း”
“ဝုတ် ဝုတ် ဝုတ်....”
“အား....”
ထိုခွေးလေးမှာ နှင်းသက်ချိုအား ကိုက်ဖို့ပြင်လိုက်စဉ် သူမကားပေါ်သို့ အလျင်အမြန်ပြန်တက်သွားလိုက်သည်။
“ဟင်..... Holly”
“အဟီး....”
အိမ်အကူတစ်ချို့ နှင်းသက်ရဲ့ဖြစ်သွားပုံအားကြည့်ကာ ကြိတ်ရီနေကြသည်။ လွန်းကတော့ ရီချင်စိတ်ကိုမနည်းထိန်းလိုက်ပြီး ခွေးအနားသို့ အပြေးလေးလာခဲ့သည်။
“Holly လာခဲ့”
ထိုခွေးလေးမှာ လွန်းတစ်ခါခေါ်လိုက်သည်နှင့် သူမအနားသို့ အပြေးလေးသွားလိုက်သည်။
“တောက်.... ဘယ်လိုခွေးလဲ မသိဘူး.... ဇိမ်းကလဲ ဘာလို့ ဒီခွေးတွေအိမ်မှာ မွေးထားတာလဲ မသိဘူး”
“ဟို.... ဆင်းလာလို့ ရပြီနော်”
လွန်းအပြောအား နှင်းသက် မျက်စောင်းလေးထိုးကာကားပေါ်မှ ဆင်းလာလိုက်သည်။
“ဝုတ် ဝုတ်....”
သူလဲ ကားပေါ်မှဆင်းလိုက်ရော Hollyလေးမှာ အဆက်မပြတ်ပြန်ဟောင်လာပြန်သည်။
“Holly မဟောင်ရဘူးလေ”
“ဟာ... တော်ပြီ မဆင်းတော့ဘူ.... ဇိမ်းအိမ်မှာရှိလား”
“မရှိဘူး”
“ဒါဆို နှင်းသက်ချိုလာသွားတယ်လို့ ပြောလိုက်.... သွားပြီ”
“ဟုတ်....."
ပြောပြီးသည်နှင့် နှင်းသက်ချိုတစ်ယောက် မျက်ခုံးများကျုံ့ကာ ထွက်သွားတော့သည်။
“အဟီး..."
လွန်းလဲ သူမထွက်သွားမှ အားရပါးရ ရီနိုင်တော့သည်။
“Hollyနော် မင်းတော်တော်ဆိုးတယ်”
လွန်း Hollyခေါင်းလေးအား ပွတ်ပေးကာ ပြောလိုက်သည်။
########################
“သခင်လေး.... ခွန်းစစ်မင်းနောင်က တွေ့ချင်လို့တဲ့”
“အင်း.... ဝင်လာခိုင်းလိုက်”
“ဟုတ်”
ဘာကိစ္စပါလိမ့်။
“ဇိမ်းမြတ်သခင်.... သေချာမနှုတ်ဆက်လိုက်ရမလို့ ကမ္ပဏီထိလာနှုတ်ဆက်တာပါ”
“အင်း.... အခုနှုတ်ဆက်ပြီးပြီဆိုတော့ ပြန်လိုက်တော့ပေါ့”
“အဟွန့်.... လူကိုအတင်းနှင်ထုတ်နေမှတော့ တစ်ခုခုကိုစိုးရိမ်နေတယ် ထင်တယ်”
“ကိစ္စမရှိရင် ပြန်လိုက်ပါတော့”
“ပြန်မှာပါ.... ဒါပေမယ့် ငါပြောမယ့်ဟာကိုတော့ သေချာနားထောင်ပေးပါ ဇိမ်း..... ငါတစ်ချိန်ကပြောခဲ့တဲ့စကားကို မင်းမှတ်မိမှာပေါ့”
“အတိတ်တွေကိုမေ့ထားတာ ကြာပြီ”
“ဒါဆို အစဖော်ပေးရမှာပေါ့.... ဒါနဲ့ ဆောင်းဝတီလွန်းက ချစ်စရာလေးနော်”
“ဘာ!.... မင်း.... လွန်းကိုထိလို့ကတော့ မင်းအသေဘဲနော် မင်းနောင်.... သူငယ်ချင်းအရင်းကြီးလဲ ငါငဲ့မှာမဟုတ်ဘူး”
“သိပါတယ်.... အဲ့လိုမငဲ့တာကိုမှ ပိုကြိုက်တာ.... မင်းတို့ရဲ့ဆက်ဆံရေးကို ကြည့်ရတာ ပုံမှန်ဘဲထင်တယ်.... ဒါဆိုငါကြိုးစားလို့ရတာပေါ့”
“မင်း.... အခုချက်ချင်းငါ့အရှေ့ကနေ ထွက်သွားလိုက်တော့နော် မင်းနောင်.... မဟုတ်ရင် ငါဆွဲထိုးမိလိမ့်မယ်”
“အဟွန့်..... မင်းကိုငါအခု စကားနဲ့ဘဲ ပြောရသေးတာတောင် မင်းဒီလောက်ခံစားနေရတာ.... လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ငါ့ဆို ဘယ်လောက်တောင် ခံစားခဲ့ရမလဲ မင်းစဉ်းစားကြည့်ပါလား”
“အခုမင်း နှင်းသက်ချိုကို စိတ်ဝင်စားသေးတယ်ဆိုရင် လိုက်လို့ရပြီနော်”
“မလိုက်တော့ဘူ.... အခုကလိုက်ရမယ့်သူါသစ်ပေါ်လာပြီ”
“စိန်လိုက်ပေါ့.... လွန်းဆိုတာ ဇိမ်းကလွှဲလို့ ဘယ်သူမှမပိုင်ဆိုင်စေရဘူး”
“စောင့်ကြည့်ကြသေးတာပေါ့”
မင်းနောင် ဇိမ်းမျက်လုံးများအား စူးစိုက်ကြည့်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“တောက်....”
မင်းနောင် မင်းနောင် လွန်းကိုလိုချင်ရင် ဇိမ်းကိုအရင်ဖြတ်ပြီးမှ ရမယ်ဆိုတာ မင်းမသိသေးဘူးထင်တယ်။
ထိုနေ့တော့ ဇိမ်းစိတ်ထဲခုပြီး နေလိုကလဲသိပ်မကောင်းသေးတာကြောင့် အိမ်သို့ စောစောပြန်လာလိုက်သည်။
“ဟင်!”
ဇိမ်း ခြံရှေ့လဲရောက်ရော အိမ်ထဲမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြုံးပြကာ စကားပြောနေကြတဲ့ လွန်းနဲ့မင်းနောင်အား တွေ့လိုက်ရသည်။
“တောက်....”
ထိုမြင်ကွင်းကိုမြင်သည်နှင့် ဇိမ်းမျက်ခုံးများက အလိုလိုတွန့်သွားကာ တောက်တစ်ချက်ခေါက်လိုက်ပြီး ကားဟွန်းကိုဆွဲကာ တီးပစ်လိုက်သည်။
“တီ တီ......”
“အော်.... ဇိမ်းပြန်ရောက်ပြီထင်တယ်”
“ဟုတ်လောက်မယ်”
“ဒါဆို ကိုယ်လဲပြန်ပြီနော်”
“ရှန်.... ဟို ဦးဇိမ်းကိုလာတွေ့တာ မဟုတ်ဘူးလား”
“အဟွန်း.... ဇိမ်းကိုအကြောင်းပြပြီး လွန်းနဲ့သူငယ်ချင်းဖြစ်ချင်လို့ လာမိတ်ဆက်တာပါ”
“ရှင်....”
“အဟွန်း.... ရှန်တွေကော ရှင်တွေကော ကိုယ့်ကို ဦးနောင်လို့ဘဲ ပေါ့ပေါ့ပါးပါးခေါ်နော်”
လွန်းကတော့ ကြောင်အအလေးဖြင့် ခေါင်းလေးသာ ငြိမ့်ပြလိုက်သည်။
ထိုအချိန် ဇိမ်းသူတို့နား၌ ကားကိုရပ်ပစ်လိုက်ပြီး လွန်းရှိရာဆီသို့ လျှောက်လာလိုက်သည်။
“ဘာကိစ်စလဲ”
“ဒီလိုပါဘဲ.... မိတ်ဆက်စရာလူအချို့ကို လာမိတ်ဆက်တာပေါ့.... ဒါဆို ကိုယ်ပြန်ပြီနော် လွန်း....”
မင်းနောင် လွန်းအား နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
တောက်.... ဒီကောင် ငါ့အိမ်ကိုဘယ်လိုသိသွားတာပါလိမ့်။
“လွန်း”
“ရှင်...."
“လွန်းကို သူဘာပြောသွားသေးလဲ.... ကိုယ့်ကိုတစ်ခုမကျန်ပြန်ပြော”
“ဟို.... သူကဦးဇိမ်းနဲ့ တွေ့ချင်လို့ဆိုပြီး ရောက်လာတာဘဲ.... နောက်တော့ လွန်းနာမည် လွန်းအသက်တွေကိုမေးတယ်”
“လွန်းကဖြေလိုက်လား”
“အင်း..."
ဇိမ်းတစ်ယောက် မျက်မှောင်ကြီးကြုတ်လိုက်သည်။
“နောက်တော့ကော ဘာပြောသေးလဲ”
“ဦးဇိမ်းလဲရောက်ရော သူကပြန်တော့မယ်တဲ့.... ဒါကြောင့် ဦးဇိမ်းနဲ့တွေ့ချင်လို့ လာတာမဟုတ်ဘူးလားဆိုတော့....ဇိမ်းကိုအကြောင်းပြပြီး လွန်းနဲ့သူငယ်ချင်းဖြစ်ချင်လို့ လာမိတ်ဆက်တာပါတဲ့”
“တောက်.... နောက်ကော"
“အဲ့ဒါကြောင့် လွန်းကကြောင်သွားပြီး ရှင်.... လို့ပြောလိုက်တော့.....ရှန်တွေကော ရှင်တွေကော ကိုယ့်ကို ဦးနောင်လို့ဘဲ ပေါ့ပေါ့ပါးပါးခေါ်နော်တဲ့”
“ဘာ.... ဒီကောင် တော်တော်ဖြစ်နေတာ.... အဲ့တော့ လွန်းက သူ့ကို ဦးနောင်လို့ခေါ်မှာလား”
“ဟိုကခေါ်ခိုင်းမှတော့ ခေါ်ရမှာပေါ့ မဟုတ်ဘူးလား”
“လွန်း...."
ဇိမ်း မျက်လုံးများပြူးကာ သူ့အားကြည့်လိုက်သည်။
“အဟွန်း..... အဲ့လိုကြီးမကြည့်ပါနဲ့ လွန်းကနောက်တာ.... ဦးဇိမ်းဘဲ သူနဲ့မပတ်သက်ဖို့ပြောထားတယ်လေ.... အဲ့ဒါကြောင့် နာမည်ခေါ်ဖို့မပြောနဲ့ မတွေ့အောင် ရှောင်မှာ”
“အဟွန်း.... ကိုယ်ကစိတ်ပူလို့ပါ.... အဲ့ကောင်ကကောင်းတာမဟုတ်ဘူး”
“အွန်းပါ.... အော် ဒါနဲ့ နှင်းသက်ချိုဆိုတဲ့ အမျိုးသမီးတစ်ယောက်လာတယ်”
“ဟင်!.... ဘာကိစ္စတဲ့လဲ”
“ဦးဇိမ်းကို တွေ့ချင်လို့ပါတဲ့.... ဒါနဲ့ အဲ့တစ်ယောက်က တော်တော်ချောတယ်နော်.... အရပ်ကလဲ အရှည်ကြီး bodyကလဲ လှလိုက်တာ ပြောမနေနဲ့ အသားအရည်ဆိုလဲ ဖြူဖွေးဝင်းထိန်နေတာဘဲ.... စကားမစပ် အဲ့တစ်ယောက် ဦးဇိမ်းနဲ့ တော်တော်လိုက်တယ်.... သူနဲ့ဦးဇိမ်းနဲ့သာ ချစ်သူတွေဆိုရင် perfect coupleဘဲသိလား”
“ကိုယ်ကသူ့ကို စိတ်မဝင်စားဘူး.... ကိုယ်ပြောတာကို မေ့နေပြီထင်တယ်”
“လုပ်ပြီ.... လွန်းပြောပြီးပြီလေ လွန်းကိုအဲ့ကိစ္စတွေ မစဉ်းစားခိုင်းနဲ့လို့.... နောက်ပြီး ဦးဇိမ်းနဲ့ လွန်းနဲ့က လုံးဝမလိုက်ဖက်ဘူး ဖြစ်လဲမဖြစ်နိုင်ဘူး....”
“မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်လို့ရပါတယ်”
“အရူးမထနဲ့ ဦးဇိမ်း.... ဦးဇိမ်းကို လွန်းက အလုပ်ရှင်တစ်ယောက်ထက် မပိုဘူးနော်”
“ကိုယ်ကတော့ ပိုတယ်လေ”
“အဲ့တာ ဦးဇိမ်းအပိုင်းလေ.... လွန်းကတော့ ဦးဇိမ်းကိုမချစ်နိုင်ဘူး”
“အဟက်.... အဲ့လိုပေါ့”
“အဲ့လိုဘဲ”
“ရပါတယ်.... ဒါပေမယ့် ကိုယ့်ကိုမချစ်ဘူးဆိုရင်လဲ တစ်ခြားလူတွေကိုလဲ မချစ်ရဘူး”
“ဘာဆိုင်လဲ”
“ဆိုင်တယ်လေ.... ကိုယ့်ကိုတောင် မချစ်နိုင်မှတော့ တစ်ခြား ယောင်္ကျားလေးတွေကိုလဲ မချစ်ရဘူး.... ချစ်မိရင်တော့ ကိုယ့်အဆိုးမဆိုနဲ့”
“ကြောက်မယ်ထင်လား”
“မကြောက်ရင် စမ်းကြည့်လေ....”
“တော်ပါပြီ.... ပျင်းစရာကောင်းတယ်”
“အဟွန်း.... အဲ့လိုကလန်ကဆန်လုပ်လို့ ကိုယ်ကပိုချစ်မိတာ သိလား”
“တော်ပါ.... အရည်မရအဖက်မရတွေ မပြောနဲ့”
“အရည်မရအဖက်မရတွေဆိုပေမယ့် အချစ်တွေ ရတယ်လေ မဟုတ်လား”
“ဦးဇိမ်း"
“ကိုယ်ပြောပြီးပြီနော် လွန်းက ကိုယ်ကလွှဲလို့ ဘယ်သူ့ကိုမှ မချစ်မိစေရဘူး”
“ဆုတောင်းလေ....”
လွန်းပြောရင်းဖြင့် ထွက်သွားဖို့အလုပ် ဇိမ်း သူမလက်လေးအား လှမ်းဆွဲလိုက်ပြီး သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။
“ဟူးးးး အခုမှနေသာတော့တယ်”
“ဟင်.... ဘာလုပ်တာလဲ”
“ကိုယ်နေလို့မကောင်းဘူး”
“ဒါဆို ဘာလို့ လွန်းကိုပွေ့ထားလဲ”
“လွန်းပိန်သွားလာ ဝသွားလာ သိရအောင်မို့လေ”
“ပြန်ချပေးပါ ဦးဇိမ်း.... တစ်ခြားလူတွေမြင်သွားရင် မကောင်းဘူး.... နောက်ပြီး လွန်းကိုအဲ့လိုလုပ်တာ မကြိုက်ဘူး”
“ဒါပေမယ့် ကိုယ်ကြိုက်တယ်လေ”
“ဦးဇိမ်း!”
“အဟွန်း....”
ဇိမ်း သူမကိုယ်လေးအား ပွေ့ချီလျက်သားနှင့် အပေါ်ထပ် သူ့အခန်းရှိရာသို့ လာခဲ့လိုက်သည်။
အခန်းထဲရောက်မှသာ သူမကိုယ်လေးအား ချပေးလိုက်သည်။
“လွန်း....”
ဇိမ်း လွန်းမျက်နှာလေးအား စိုက်ကြည့်လိုက်သည်။
“သွား...."
သူမ ခေါင်းလေးငုံ့ကာ ထွက်သွားဖို့ပြင်လိုက်စဉ်
“ကိုယ်တစ်ကယ်ပြောတာ.... ကိုယ်လွန်းကို ဆုံးရှုံးရမှာ အရမ်းကြောက်တယ် သိလား”
ဇိမ်းမှာ သူမမျက်လုံးများအား စိုက်ကြည့်ရင်းပြောလိုက်သည်။ ထို့နောက်တော့ ရင်ထဲ၌ ဝမ်းနည်းမှုများက ကြီးစိုးကာ ဇိမ်းတစ်ယောက် ယောင်္ကျားလေးတန်မဲ့ မျက်ရည်များက ဝဲလာခဲ့သည်။
“ဟင်.... ဦးဇိမ်း ဘာဖြစ်တာလဲ”
“ကိုယ့်ကိုမချစ်ရင်တောင် မထားခဲ့ပါနဲ့နော်”
ဇိမ်း ရုတ်တရက် ခါးလေးကိုင်းလိုက်ပြီး လွန်းရင်ခွင်ထဲသို့ တိုးကာ ဖက်ထားလိုက်သည်။
“နော်.... မထားခဲ့ပါနဲ့နော်”
“အင်း အင်း.... မထားခဲ့ဘူး မထားခဲ့ဘူး.... အခုလောလောဆယ် လွှတ်တော့”
“အွန်းပါ.... ကတိနော်”
“ဦးဇိမ်း ဘယ်လိုဖြစ်နေတာလဲ”
“လုပ်ပါ ကတိတည်ရမယ်နော်”
“အွန်းလို့.... ကတိ ကတိ”
“ကတိဖျက်ခဲ့ရင် လွန်းတစ်သက်လုံး ကိုယ်နားမှာဘဲ နေရမယ်.... ကတိမဖျက်ခဲ့ရင်လဲ ကိုယ့်နားမှာဘဲ နေရမယ်”
“ဟွန့်.... လူလည် သွားပြီ”
“အား အား...."
တံခါးလက်ကိုင်လေးအား ကိုင်ကာထွက်သွားဖို့ အပြင် အနောက်မှ အော်လိုက်တဲ့အသံကြောင့် သူမစိုးရိမ်ကာ သူ့ဘက်သို့ ပြန်လှည့်လာခဲ့သည်။
“ဟင်.... ဘာဖြစ်တာလဲ”
လွန်း ဇိမ်းအားစိတ်ပူကာ သူ့အနားသို့ သွားလိုက်ပြီး ပြာပြာသလဲ မေးလိုက်သည်။
“အဟွန်း.... စိတ်ပူတယ်ပေါ့”
“လာနောက်နေပြန်ပြီ....”
“မနောက်ပါဘူး.... ကိုယ်နှလုံးမှာတစ်ခုခုဖြစ်နေတယ်”
“မဟုတ်တာတော့ မပြောနဲ့နော်”
“တစ်ကယ် လွန်းကိုယ့်ကို အဖြေမပေးမချင်း ကိုယ်နှလုံးသားလေးက တစ်စစ်စစ်နာကျင်နေအုံးမှာဘဲ”
“ဦးဇိမ်းမြတ်သခင်”
သူမမျက်လုံးလေး ဆွေကာ ဇိမ်းအားကြည့်လိုက်သည်။
“တိုတိုတုတ်တုတ် Daddyလို့ဘဲ ခေါ်ပါ လွန်းရယ်”
“ရှင်....."
“ကိုယ်ပြောပြီးပြီနော်.... လွန်းအဖြေမပေးမချင်း ကိုယ့်နှလုံးသားက နာကျင်နေအုံးမှာဘဲ”
“ဒါဆို လွန်းအဖြေတစ်ခါတည်းပေးလိုက်တော့မယ်လေ ”
“ဟင်.... တစ်ကယ်လား”
ဇိမ်းတစ်ယောက် မျက်နှာလေးမှာ ချက်ချင်းဝင်းသွသည်။
“အင်း.... ဦးဇိမ်းကို လွန်းမချစ်နိုင်ဘူး.... ဒါလွန်းရဲ့အဖြေဘဲ သွားပြီ”
လွန်းပြောပြီးသည်နှင့် အခန်းထဲမှ ထွက်လာလိုက်တော့သည်။
အဟွန်း.... အခုမချစ်နိုင်လဲ နောင်ချစ်လာနိုင်အောင် ကိုယ်ကြိုးစားမှာ လွန်းရဲ့..... လွန်းကို ကိုယ်ကလွှဲလို့ ဘယ်သူမှမပိုင်ဆိုင်စေရဘူး.... အတ္တကြီးလို့မဟုတ်ဘူး ချစ်လို့ ရင်ထဲကိုနစ်နစ်ကာကာ ပြောမပြတက်အောင် ချစ်လို့။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰