.....❦︎လွန်းကဇိမ်းအပိုင်❦︎.....
(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)
“ရပြီ.... ဦးဇိမ်းက ဒီဝတ်စုံနဲ့ အရမ်းလိုက်တယ် သိလား”
ဇိမ်း လွန်းရွှေးပေးထားသည့် shirtစိမ်းပုပ်ရောင်နှင့် စတိုင်ပန်အားဝတ်ကာ မှန်ထဲ၌ ကြည့်နေလေသည်။
“လွန်းရွှေးပေးထားလို့နေမှာ”
“အဟွန်း.... ဟုတ်မယ်.... အဝတ်အစားလဲ လဲပြီးပြီဆိုတော့ သွားတော့လေ နောက်ကျနေမယ်”
“ဟုတ်ပါပြီဗျာ....”
ဒီလိုနဲ့ ဇိမ်းလဲ ကားသော့အားယူကာ အပေါ်ကုတ်ကို မဝတ်ဘဲ လက်၌ချိတ်လိုက်ပြီး အိမ်အောက်သို့ ဆင်းလာခဲ့လိုက်သည်။
“ဒါဆို ကိုယ်သွားပြီနော်”
“ဟုတ်...."
ဇိမ်း သူမမျက်နှာလေးအား ခဏတာ ငေးကြည့်ေနလိုက်သည်။
“ဘာလုပ်နေတာလဲ သွားတော့လေ”
“အဟွန်း.... လွန်းမျက်နှာကိုကြည့်လိုက်တာနဲ့ ကိုယ်ဒီကနေမသွားချင်တော့ဘူ”
“အပိုတွေ ပြောမနေပါနဲ့ ဦးဇိမ်း.... သွားစရာရှိတာ အမြန်သွားပါ”
“အွန်းပါ.... လူကိုနှင်ထုတ်နေတော့တာဘဲ"
“နှင်ထုတ်တာ မဟုတ်ပါဘူး.... နောက်ကျနေမှာစိုးလို့ပါ”
“ဟုတ်ပါပြီ.... ကိုယ်အခုသွားပြီ”
ဇိမ်း သူမလေးအား လက်ပြနှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
ဒွီ....
“ဟယ်လို"
“ရာဇ ငါပါ”
“အေး.... ဘယ်ရောက်ပြီလဲ”
“ငါလေဆိပ်ကိုဘဲ တန်းသွားပြီ.... မင်းလဲ ကိုယ့်ဟာကို လာခဲ့တော့”
“အေးပါ.... မင်းမလာခေါ်ဘူးဆိုတာ ငါကြိုသိနေလို့ကို မင်းထက်အရင်စောအောင် လေဆိပ်ကိုထွက်ခဲ့ပြီးသား”
“ဘာ.... ဒါဆိုမင်းရောက်နေပြီပေါ့”
“ရောက်တော့မှာ”
“အေးပါ.... မင်းဟိုရောက်မှ ငါနဲ့တွေ့မယ်”
“ဟုတ် ဟုတ်.... စောင့်ေနတယ်နော်”
လူကိုရွှဲ့သလိုပြောပြီးသည်နှင့် ဖုန်းကိုချက်ချင်းချသွားတဲ့ ရာဇကြောင့် ဇိမ်းတစ်ယောက် ဒေါသများ ထွက်နေရသည်။
“တွေ့ပါမယ် ရာဇ”
ဇိမ်း ကားကိုလီဗာ အဆုံးထိတင်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ ခဏကြာတော့ ဇိမ်းလဲလေဆိပ်သို့ ရောက်လာသည်။ အထဲမဝင်သေးဘဲ အပြင်ကနေစောင့်နေတဲ့ ရာဇကိုပါ ဇိမ်းတစ်ခါတည်းမြင်လိုက်သည်။
“ရာဇ”
“ဟ မြန်လှချည်လား”
“ခွေးကောင်”
“ဟာ.... ရောက်တာနဲ့ဆဲတယ်.... ကျက်သရေတုံးကောင်”
“ကျက်သရေတုံးတာက မင်းလေ”
“ကဲပါ မင်းကလဲ စိတ်လျော့ပါ.... ဒါနဲ့ မင်းဒီနေ့ဝတ်ထားတာ တော်တော်သန့်နေသလိုဘဲ”
“ဟုတ်လား....”
ဇိမ်းတစ်ယောက် ရာဇအပြောကြောင့် မျက်လုံးလေးများက ဝင်းထိန်သွားသည်။
“ဟုတ်တယ်”
“အဟား.... မုန့်လိုက်ကျွေးရတော့မယ်”
“တော်ပါပြီ....”
“မရဘူးကွာ လိုက်ကျွေးမှာဘဲ”
“ကဲပါ အခုလောလောဆယ် အထဲအရင်ဝင်ရအောင်.... မင်းနောင်ရောက်နေလောက်ပြီ”
“အင်း....”
ဒီလိုနဲ့ နှစ်ယောက်သားအထဲသို့ ဝင်လာခဲ့လိုက်ကြသည်။
“ရာဇ.... ငါဒီမှာ”
“ဟင်!...."
“ဟင်!....."
တစ်ဖက်မှ လက်ပြကာလှမ်းခေါ်ေနသည့် မင်းနောင်အားကြည့်ကာ ဇိမ်းတို့နှစ်ယောက် မျက်လုံးလေးအပြူးသားနှင့် လန့်သွားရသည်။ ဘာကြောင့်လဲဆိုတော့ မင်းနောင်ဘေးမှ နှင်းသက်ချိုပါ ရပ်နေပြီး သူတို့အား ပြုံးပြနေလို့ပေ။
“နှင်း နှင်းသက်ချိုက ဘယ်လိုလုပ်”
နှင်းသက်ချိုကတော့ ဘာတစ်ခွန်းမှပြန်မပြောဘဲ ဇိမ်းအားစိုက်ကြည့်နေလေသည်။ ဇိမ်းအတွက် သူမဟာ အချစ်ဦးကော သူ့နှလုံးသားတံခါးအား ပထမဆုံးဖွင့်ပေးခဲ့တဲ့သူမို့ ဇိမ်းလဲ သူမအားကြည့်ကာ အတိတ်ကဇာတ်လမ်းတွေအား ပြန်မြင်ယောင်လာခဲ့သည်။
“တစ်ကယ်လို့.... နှင်းသာ နိုင်ငံခြားကိုထွက်သွားရင် ကိုယ်နဲ့ပြတ်ပြီ”
“ဘာ!.... ဘာလို့လဲ.... ဒါကအိမ်ကစီစဉ်လို့ အတင်းသွားရမှာလေ”
“ဒါကြောင့် ကိုယ်ပြောပြီးပြီလေ.... ကိုယ်တို့နှစ်ယောက် တွဲနေပြီဆိုတာကို အိမ်ကမိဘတွေကို အသိပေးလိုက်ပြီး နှစ်ယောက်လုံးနိုင်ငံခြားကို အတူသွားကြမယ်လို့”
“ဟင့်အင်း.... ဇိမ်းရယ် နှင်းပြောပြီးပြီလေ.... နှင်းဟိုကပြန်လာရင် ဇိမ်းကိုလက်ထပ်မယ်လို့”
“မလိုချင်ဘူး.... နှင်းကကော ဘာလို့ ကိုယ်နဲ့တွဲနေတဲ့ကိစ္စကို အိမ်ကိုအသိမပေးခိုင်းစေချင်နေရတာလဲ”
“အဲ့လိုမဟုတ်ပါဘူး.... နှင်းမိဘတွေက ပြောထားတယ်”
“ဒါဘဲ.... တစ်ခါလာလဲ နှင်းမိဘ နှင်းမိဘ.... နှင်းမိဘရဲ့စကားတွေက နှင်းအတွက် အဲ့လောက်ထိ အရေးပါနေမှတော့ ကိုယ်လဲ ဆက်မပြောတော့ဘူ.... သွားချင်တဲ့နေရာကိုသွားတော့.... ကိုယ်နဲ့မင်းနဲ့ ဇာတ်လမ်းက ဒီမှာ ပြီးသွားပြီ”
အသက်ပြည့်ရင် နိုင်ငံခြားသွားမယ်လို့ အမြဲပြောတက်တဲ့ နှင်းသက်ချိုဆိုတဲ့သူက ၁၉နှစ်ပြည့်ပြီးတာနဲ့ ၃နှစ်နီးပါးတွဲခဲ့တဲ့ ဇိမ်းကိုဖြတ်ကာ တစ်ကယ်ဘဲ နိုင်ငံခြားထွက်သွားခဲ့သည်။ အခုဟာကတော့ ၁၃နှစ်ကြာမှ ပြန်တွေ့ချင်းပေါ့။
“အဟွန်း.... ဇိမ်းက အရင်ကလို ကလေးဆန်တဲ့ Typeမဟုတ်တော့ဘူဘဲ.... ပုံစံကအရမ်းပြောင်းလဲ သွားပြီ....”
“ဟုတ်ပါ့.... ဇိမ်းက မတွေ့ရတဲ့ ၁၃နှစ်အတွင်းမှာ တော်တော်ပြောင်းလဲခဲ့တာဘဲ”
နှင်းသက်ချိုရဲ့စကားကို မင်းနောင်မှ ထောက်ခံကာ ပြန်ပြောလိုက်သည်။
“အင်း.... ဟုတ်တယ် ပုံစံလဲပြောင်းလဲသွားသလို စိတ်ကော လူကော အရာအားလုံးက ပြောင်းလဲသွားပြီ”
သုံးယောက်သားက တစ်ယောက်မျက်လုံး တစ်ယောက်စိုက်ကြည့်ကာ သွေးအေးအေးပြောနေကြတာကြောင့် ဖြစ်လာမယ့်အခြေအနေတွေအား ရာဇစိတ်ပူလာကာ စကားဖြတ်ပြောလိုက်သည်။
“ကဲ.... ဒါဆို ငါတို့ တစ်နေရာရာ သွားကြတာပေါ့.... မင်းတို့မနက်စာစားပြီးပြီလား”
“မစားသေးဘူး”
“ဒါဆို မနက်စာသွားစားကြမယ်လေ.... နော် ကောင်းတယ်မလား ဇိမ်း”
ရာဇ ဇိမ်းရဲ့ပုခုံးအား တွန်းကာ ပြောလိုက်သည်။
“သဘော"
ဇိမ်းကတော့ ခပ်ပြတ်ပြတ်သာ ပြောလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
“ဟာ.... ဒီကောင်ကတော့လေ”
“ထားလိုက်ပါ.... မင်းတို့ ကားဘယ်နှစ်စီးဘာလာတာလဲ”
“ဇိမ်းတစ်စီး ငါတစ်စီး”
“ဒါဆို ငါအိမ်ကနေ ကားမခေါ်တော့ဘူ.... မင်းတို့ကားနဲ့ဘဲ လိုက်တော့မယ်”
“အိုကေ အိုကေ.... လာလာ”
ရာဇရဲ့ ဖော်ရွေမှုကို မင်းနောင်ကော နှင်းသက်ကော သဘောကျကာ ပြုံးနေကြသည်။
“နှင်း ဇိမ်းရဲ့ကားမှာ လိုက်စီးလိုက်မယ်.... ကိုနောင်က ရာဇကားမှာ လိုက်စီးလိုက်လေ”
“အိုကေ ရတယ်လေ.... ဒါနဲ့ ဇိမ်းကသဘောတူပါ့မလား”
မင်းနောင် ဇိမ်းဘက်လှည့်ကာ ပြောလိုက်သည်။
“တစ်ကယ်ဆိုရင်တော့ ဒီကားပေါ် ဘယ်သူကိုမှ လိုက်မစီးခိုင်းစေချင်ဘူး.... အခုတော့ အားနာနာနဲ့ စီးခိုင်းရတော့မှာပေါ့.... သဘောဘဲ စီးချင်ရင်တော့ တက်ခဲ့”
နှင်းသက်ချိုဆိုတာကလဲ ဇိမ်းကိုအရယူဖို့ ပြန်လာခဲ့တာကြောင့် ဇိမ်းရဲ့စကားတွေအား နားမဝင်ဘဲ ကားပေါ်တက်ဖို့ပြင်လိုက်သည်။
“အနောက်မှာသွားထိုင်ပါ”
“ဘာလို့လဲ....”
“အရှေ့ခန်းက ထိုင်ရမယ့်ပိုင်ရှင်ရှိတယ်”
“ဟင်.... ဘယ်လို”
“စကားကို နှစ်ခါမပြောတက်ဘူး....”
ဇိမ်း နေကာမျက်မှန်အား ကောက်စွတ်ကာ ပြောလိုက်သည်။
“ဒါနဲ့.... ဘာစားကြမလဲ”
“မြန်မာပြည်ကို ၁၃နှစ်နေမှ တစ်ခါပြန်ရောက်တာဆိုတော့ မြန်မာမုန့်လေးတွေ စားချင်တယ်.... မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့”
“ဟုတ်ပြီ....”
မင်းနောင်အပြောအား ရာဇ ခေါင်းငြိမ့်ပြလိုက်ပြီး မြန်မာမုန့်တွေသာ ရောင်းတဲ့စားသောက်ဆိုင်လေးသို့ ထွက်လာခဲ့လိုက်ကြသည်။
“ဇိမ်း....”
“ကိစ္စမရှိရင် နာမည်ကို ခဏခဏမခေါ်ပါနဲ့.... အရင်ကလို ခေါ်တိုင်းထူးနေမယ့်သူ မဟုတ်တော့ဘူ”
“အဟက်....”
နှင်းသက်ချို ဇိမ်းရဲ့အပြောအား သဘောကျကာ ဟက်ကနဲ ရီချလိုက်သည်။
“ခေါ်တိုင်းထူးအောင် ပြန်လုပ်ရမလား”
“ပြန်လုပ်ရင် မင်းဘဲမောနေလိမ့်မယ်.... ဇိမ်းဆိုတာက တစ်ယောက်သောသူ ခေါ်တာကိုဘဲ ထူးတော့တာ”
“တစ်ယောက်သောသူ.... အဲ့တစ်ယောက်သောသူက ဘယ်သူလဲ”
“မင်းကိစ္စမဟုတ်ဘူးထင်တယ်”
နှင်းသက်ချို မျက်ခုံးလေးကြုံ့ကာ မကျေမနပ်ဖြစ်သွားရသည်။
ခဏကြာ မောင်းနှင်လာပြီးနောက် ရာဇတို့ကား စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်လိုက်တာကြောင့် ဇိမ်းလဲကားကို ရပ်လိုက်သည်။
“ဟင်...."
ဇိမ်း ကားပေါ်မှဆင်းဆင်းချင်း မှန်တွေဖြင့်ကာရန်ထားတဲ့ စားသောက်ဆိုင်ရဲ့အတွင်းထဲမှ လွန်းအားမြင်လိုက်ရသည်။
“ဘယ်လိုလုပ်....”
ဇိမ်း လွန်းကိုသာ စူးစိုက်ကြည့်နေပြီး သူမလေးရှိရာဆီသို့ တည့်တည့်မတ်ဝင်လာခဲ့သည်။
“ဟိတ်ကောင် ဇိမ်း.... ကျွတ်.... ဒီကောင်ကတော့လေ”
“ကဲပါ.... သူ့ကိုပြောမနေနဲ့တော့ ငါတို့လဲ အထဲဝင်စို့"
“အင်း....”
“လွန်း.....”
“ဟင်.... ဦးဇိမ်း”
“လွန်းက ဘယ်လိုလုပ် ထက်မြတ်နဲ့”
“ဒီလိုပါ သခင်လေး.... ကျွန်တော်သူ့ကို စိတ်ပြေလက်ပျောက် မနက်စာစားဖို့ ဒီကိုခေါ်လာတာပါ”
“ဟုတ်တယ်....”
“အော်.... အင်းပါ”
“ဒါနဲ့ ဦးဇိမ်းကကော ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ”
“ကိုယ်လဲ ကိုယ့်မိတ်တွေနဲ့ မနက်စာလာစားတာ”
“အော်....”
“ဟင်.... လွန်းပါလား”
စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း လွန်းအားတွေ့လိုက်ရသဖြင့် ရာဇလဲ နှုတ်ဆက်လိုက်သည်။
“ဟုတ်....”
“ရာဇ မင်းတို့ဘဲအတူတူစားလိုက်ကြတော့”
“မင်းကကော”
“ငါသူတို့နဲ့အတူတူစားလိုက်မယ်”
“ရတယ်လေ.... ဒါဆိုငါတို့ ဒီဘက်ဝိုင်းဘဲထိုင်လိုက်ကြတာပေါ့”
ရာဇ လွန်းတို့ရဲ့ ဝိုင်းဘေး၌ နေရာယူကာ ထိုင်လိုက်သည်။
“သူက....”
နှင်းသက်ချို လွန်းအားစူးစိုက်ကြည့်ကာ ရာဇအားမေးလိုက်သည်။
“သူက ဆောင်းဝတီလွန်းတဲ့.... ဇိမ်းရဲ့အိမ်က အိမ်အကူလို့ပြောရမလား.... ခွေးတွေကိုစောင့်ေရှာက်ပေးတဲ့သူပေါ့”
“အော်...."
နှင်းသက်ချိုကော မင်းနောင်ပါ ဇိမ်းအားကြည့်လိုက် လွန်းအားကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။
“အား.... ပူလိုက်တာ”
“ရော့ရော့ ရေသောက် ရေသောက်”
ဇိမ်း သူမလေးအား ရေခွက်လှမ်းပေးလိုက်သည်။
“လွန်းရဲ့ပန်းကန်ကိုယ့်ကိုပေး.... အေးအောင်လုပ်ပေးမယ်”
“ရပါတယ်”
“ဘယ်ရမလဲ.... ဒီလောက်ပူနေတာကြီးကို ဘယ်လိုစားမှာလဲ”
ဇိမ်းပြောရင်းဖြင့် သူမရဲ့ မုန့်ဟင်းခါးပန်းကန်လေးအား ယူလိုက်ပြီး သံပုရာသီးစိတ်လေးအား ညှစ်ကာ အေးသွားအောင် မှုတ်ပေးနေသည်။
“ဖူး......"
“ဟို.... ငရုတ်သီးမုန့်လေး”
“ငရုတ်သီးတွေ မစားနဲ့ ဗိုက်နာနေလိမ့်မယ်”
“နည်းနည်းလေးဘဲလေ”
“ဒါဆို နည်းနည်းဘဲနော်”
“အွန်း...."
ဇိမ်းကိုယ်တိုင် ငရုတ်သီးမုန့်အနည်းငယ်အား ထည့်ပေးလိုက်သည်။
ထို့နောက် မုန့်ဟင်းခါးအနည်းငယ်ကို မြည်းကြည့်လိုက်သည်။
“အင်း.... မပူတော့ဘူ အစပ်လဲအတော်ဘဲ.... ရော့စားတော့”
“ဟုတ်"
ဇိမ်းရဲ့အပြုအမူတွေအား ထက်မြတ်ကော တစ်ဖက်ဝိုင်းရှိ ရာဇတို့ပါ ထူးဆန်းစွာဖြင့် ကြည့်နေကြသည်။
“ဘာကြည့်ေနတာလဲ ထက်မြတ်.... မင်းကိုကော အဲ့လိုလုပ်ပေးရအုံးမှာလား”
“အဟွတ်.... မ မလုပ်ပေးရပါဘူး.... ကိုယ့်ဟာကို စားပါ့မယ်”
“အင်း...."
ဇိမ်း သူလဲစား လွန်းစားတာကိုလဲကြည့်နေသည်။
“ဇိမ်းက အဲ့ကောင်မလေးကို တော်တော်ဂရုစိုက်တာဘဲ”
နှင်းသက်ချို လွန်းအားကြည့်ကာ ပြောနေလေသည်။
“အင်း...."
ရာဇမှာလဲ လွန်းကိုစိတ်ဝင်းစားနေသည့်သူတစ်ဦးဖြစ်တာကြောင့် ထိုမြင်ကွင်းအား ရင်ထဲအောင့်သက်သက်နဲ့ပင် ကြည့်နေရသည်။
“ပြီးပြီ... ဒါဆို လွန်းတို့ပြန်ပြီနော် ဦးဇိမ်း”
“ဟင်.... ဘာလို့လဲ ကိုယ်လဲအိမ်ပြန်မှာလေ ကိုယ်နဲ့အတူပြန်လိုက်တော့"
“ဟို.... ဦးဇိမ်းမှာ ဧည့်သည်တွေနဲ့လေ”
“ရတယ်.... သူတို့က အရေးမကြီးဘူး...."
“ဟို...."
“ကဲပါ လွန်းရယ် လိုက်သွားလိုက်ပါ”
ထက်မြတ်ကပါ ပြောလာသဖြင့် သူမလဲ လိုက်သွားဖို့ပြင်လိုက်ရသည်။
“ဒါဆို သွားမယ်လေ”
“ဟုတ်....”
“ရာဇ.... ငါအရင်ပြန်နှင့်ပြီ”
“အင်းအင်း....”
ဇိမ်းရာဇ တစ်ယောက်ထဲကိုသာ နှုတ်ဆက်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
“အရှေ့မှာထိုင်”
“အင်း...."
ဇိမ်းကားတံခါးလေးအား ဖွင့်ပေးလိုက်ပြီး သူမအားကားအရှေ့ခန်း၌ ထိုင်ခိုင်းစေလိုက်သည်။
“တောက်....."
ဒါကိုမြင်လိုက်ရတဲ့ နှင်းသက်ကတော့ ဒေါသတွေ အလိတ်လိုက်ထွက်လာတော့သည်။
“သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက ရိုးရိုးသားသား ဟုတ်ရဲ့လား”
“ရိုးရိုးသားသားပါဘဲ...."
ရာဇရဲ့အဖြေအား နှင်းသက်မကျေနပ်ပေ။
ဟွန့်.... တွေ့ကြသေးတာပေါ့ ဇိမ်း။
##############
“ရောက်ပြီ...."
ဇိမ်း သူမလေးအား ကားတံခါးဖွင့်ပေးလိုက်သည်။
“ဦးဇိမ်း ကမ္ပဏီသွားမှာမလား”
“အွန်း.... သွားမှာလေ”
“ဒါဆို လွန်းအထဲဝင်ပြီ ဦးဇိမ်းလဲ သွားတော့လေ”
“သွားမှာပါ”
ဇိမ်း ရုတ်တရက်ဆိုသလို သူမကိုယ်လေးအား တင်းကျပ်အောင် ဖက်ထားလိုက်သည်။
“လွန်းကို ဆုံးရှုံးရမှာ ကိုယ်အရမ်းကြောက်တယ်"
ဇိမ်းရဲ့ စကားကြောင့် လွန်းတစ်ယောက် ကြောင်သွားရသည်။
“လွှတ်ပါအုံး.... လွန်းအသက်ရှူရကြပ်တယ်”
“ဆောရီးပါ"
“နောက်ဆို အခုလိုတွေ မလုပ်ပါနဲ့..... လွန်းတစ်ကယ်မကြိုက်ဘူး”
လွန်းတစ်ယောက် မျက်မှောင်လေးကြုတ်ကာ ပြောလိုက်သည်။
“လွန်း...."
“ပြော...."
“လွန်းကို ကိုယ်ချစ်တယ်”
“ဟင်...."
ဇိမ်းရဲ့စကားကြောင့် လွန်းတစ်ယောက် လန့်သွားရသည်။
“ဦးဇိမ်း.... ရူးနေလား”
“ဟုတ်တယ်.... ရူးတယ် လွန်းကြောင့်မို့ ကိုယ်ရူးတော့မယ်”
“လွန်းသွားတော့မယ်”
လှည့်ထွက်သွားတော့မယ့် သူမလေးအား ဇိမ်းလက်လေးကို လှမ်းဆွဲလိုက်သည်။
“နေပါအုံး လွန်းရယ် ကိုယ်အတည်ပြောနေတာ”
“ဒီလိုစကားမျိုးက လွန်းကိုလာပြောရမှာ မဟုတ်ဘူး.... ဦးဇိမ်း လူမှားနေပြီ”
“ဘာလို့ လူမှားရမှာလဲ.... ကိုယ်နဲ့လွန်းနဲ့သိတာ မကြာသေးပေမယ့် ကိုယ်တစ်ကယ် လွန်းကိုချစ်တာပါ.... ကိုယ်အသက်အရွယ်နဲ့ လွန်းကိုမပြောသင့်မှန်းသိပါတယ်.... ဒါပေမယ့် အခုချိန်မှမပြောရင် လွန်းကို ကိုယ်ဆုံးရှုံးရမှာ အရမ်းကြောက်လို့ပါ”
“တော်ပါတော့ ဦးဇိမ်းရယ်.... လွန်းကိုအခုချိန်မှာ အဲ့အကြောင်းတွေ မစဉ်းစားခိုင်းပါနဲ့လား”
“ရပါတယ်.... မစဉ်းစားခိုင်းပါဘူး.... ကိုယ်လွန်းကိုချစ်တာ လွန်းသိရင်ရပါပြီ.... မစဉ်းစားလဲရပါတယ်”
“လွန်းကို ခွင့်ပြုပါအုံး”
“အွန်းပါ.... ချစ်တယ်နော် လွန်း”
“ဘယ်လိုဖြစ်နေတာလဲ.... တစ်ခြားသူတွေကြားသွားအုံးမယ်”
“လွန်းကို ချစ်တယ်လို့”
“ဦးဇိမ်း”
သူပြောလိုက်မှ အသံပိုကျယ်သွားတာကြောင့် လွန်းမျက်လုံးလေးများပြူးကာ ဇိမ်းအနားသို့ ပြေးလာခဲ့သည်။ သူမလဲပြေးလာရော ဇိမ်းတစ်ယောက် ကားပေါ်သို့ အမြန်ပင်တက်သွားလိုက်သည်။
“အဟွန်း.... တာ့တာ သွားပြီ”
ဇိမ်း တာ့တာပြကာ ထွက်လာခဲ့လိုက်တော့သည်။
“ကျွတ်.... ဘယ်လိုလူလဲ မသိဘူး”
လွန်းမှာတော့ မျက်နှာလေးတွေနီရဲကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏
𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰