book

Index 1

𝐏𝐚𝐫𝐭-1

❦︎လွန်းကဇိမ်းအပိုင်❦︎

(𝑳𝒐𝒐𝒏'𝒔 𝒐𝒘𝒏𝒆𝒅 𝒃𝒚 𝒁𝒂𝒎𝒆)

        

“မိလွန်း..... ဆောင်းဝတီလွန်း အခုချက်ချင်း အိမ်ရှေ့ကိုထွက်လာခဲ့စမ်း”


အသံစူးစူးနှင့် အော်ခေါ်နေတဲ့သူက လွန်းအမုန်းဆုံးဖြစ်တဲ့ အိမ်ပိုင်ရှင် ဒေါ်ထားပင်။


“သမီးရေ.... မထားကတော့ အိမ်လခမရမချင်း သွားမယ့်ပုံမပေါ်ဘူး.... ဘယ်လိုလုပ်ကြမလဲ”


“ဘာမှစိတ်မပူပါနဲ့..... သမီးရှိတယ် ဒီကိစ္စကို သမီးသွားဖြေရှင်းလိုက်မယ်”


“ဖြစ်ပါ့မလား သမီးရယ်”


“ဘာလို့မဖြစ်ရမှာလဲ အမေရယ် လွန်းပါ မလုပ်နိုင်တာဘာမှမရှိဘူး....”


စိတ်ညစ်နေတဲ့ မိခင်ဖြစ်သူအား တမင်ပျော်အောင်မို့သာ ပျော်လိုက်ရသည်။ ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေကအပြည့်။


“အဟွန်း.... ဟုတ်ပါပြီ"


“ဒါဆိုသမီးသွားပြီ..."


“အေးကွယ်...."


လွန်းမိခင်ဖြစ်သူအား ပြုံးပြလိုက်ပြီး အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။


“အော်.... ထွက်လာပြီပေါ့ ငါအိမ်‌ရှေ့ကနေ ဘယ်လောက်တောင်အော်ခေါ်နေရလဲဆိုတာ ညည်းသိလား”


“သိလို့ဘဲ အခုထွက်လာတာလေ”


“အောင်မှာ.... ပြောပုံကိုက"


“ကဲပါ.... လာရင်းကိစ္စပြော”


“ဘယ်မှာလဲ ငါ့အိမ်လခ”


“နောက်အပါတ်ပေးမယ်လို့ ပြောထားတယ်လေ”


“ညည်းနောက်တစ်ပါတ်ပေးမယ် နောက်တစ်ပါတ်ပေးမယ်နဲ့ အခုတစ်လပြည့်သွားပြန်ပြီနော်....."


“နောက်တစ်ပါတ်တော့ တစ်ကယ်ပေးမှာပါ အန်တီထားကလဲ"


“ဟွန့်.... အခုကြတော့ အသံတစ်မျိုး”


“လုပ်ပါနော်.... တစ်ပါတ်ဘဲစောင့်ပေးပါ”


“မရတော့ဘူ..... အခုပေးရင်ပေး မပေးရင် အုပ်ချုပ်ရေးမှူးရုံးသွားမယ်”


ဒေါ်ထားစကားကြောင့် လွန်းတစ်ယောက် ခေါင်းမီး‌တောက်သွားတော့သည်။


“မလုပ်ပါနဲ့..... ပေးပါ့မယ် ပေးပါ့မယ်”


“ပေး...."


လွန်းတစ်ယောက် သူ့အင်္ကျီအိတ်ကပ်ထဲရှိ ပိုက်ဆံလေးတွေအား တွက်ကြည့်လိုက်သည်။


အခုလက်ထဲရှိတာက လေးသောင်း အမေ့ဆေးဖိုးက တစ်သောင်းခွဲဆိုတော့ နှစ်သောင်းခွဲကျန်မယ်..... အဲ့ထဲမှာမှ ဒီနေ့စားဖို့အတွက် ငါးထောင်ကချန်ရမယ်.... အဲ့တော့ နှစ်သောင်းကျန်မယ် အိမ်လခက သုံးလစာဆိုတော့ ခြောက်သောင်း ကျစ်..... မလောက်ဘူး။


လွန်း နဖူးထက်မှ ချွေးစလေးအားသုတ်ကာ စိတ်ညစ်နေလေသည်။


ကျန်တဲ့ နှစ်သောင်းလေးကိုသာ အိမ်လခတစ်လစာပေးလိုက်ရင် သူမတို့မှာ သုံးစရာ တစ်ပြားမှ ရှိတော့မည် မဟုတ်ပေ။


“ဘာတွေတွေးနေတာလဲ.... ပေးစရာရှိတာ အမြန်ပေး ငါ့မှာအချိန်မရှိဘူး”


“ဟိုလေ..... လွန်းမှာ အခုလောလောဆယ် နှစ်သောင်းဘဲရှိတာမို့ အရင်ဆုံး နှစ်သောင်းဘဲယူထားပါလား”


“ညည်းအိမ်လစာက သုံးလစာ ခြောက်သောင်းနော်...."


“သိပါတယ်..... ‌ဒါပေမယ့်အခု လွန်းမှာ နှစ်သောင်းဘဲရှိလို့ပါ”


“ဟုတ်ပြီ ဟုတ်ပြီ..... နှစ်သောင်းဆိုလဲနှစ်သောင်းပေါ့.... ဒါပေမယ့် နှစ်လစာပေးဖို့ကိုတော့ မမေ့နဲ့နော်”


“အင်းပါ.... မမေ့ပါဘူး”


“ပြီးတာဘဲ..... ဒါဆိုလဲ အမြန်ပေး ငါသွားစရာရှိသေးတယ်”


“ရော့....”


လွန်းလဲ ထိုပိုက်ဆံနှစ်သောင်းလေးအား မပေးချင်ပေးချင်ဖြင့် ပေးလိုက်ရသည်။


“ဒါဆို ငါသွားပြီ.... "


ဒေါ်ထားမှာတော့ လွန်းလက်ထဲမှ ပိုက်‌ဆံလေးနှစ်သောင်းအား ယူကာ ထွက်သွားတော့သည်။


“ကျွတ်..... စိတ်ညစ်လိုက်တာ ပိုက်ဆံကလဲ မရှိတော့ဘူ..... ညစာဘယ်လိုစားရမှာပါလိမ့်”


သူမခေါင်းလေးကုတ်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။


“ဘယ်လိုလဲသမီး အဆင်ပြေသွားလား”


“ဟုတ် ပြေသွားပါတယ်.... ဒါနဲ့ အမေ့ဆေးတွေကုန်ပြီမလား သမီးသွားဝယ်လိုက်အုံးမယ်”


“နေပါစေတော့ သမီးရယ်.... အမေ့ဆေးဖိုးတွေက ဈေးကြီးတယ်....”


“ရပါတယ် အမေကလဲ.... လွန်းမှာပိုက်ဆံရှိပါတယ်”


“ဒါဆိုလဲ သမီးသုံးဖို့အတွက် ထားထားလိုက်.... အမေ့ဆေးဝယ်ဖို့အတွက်ဆိုရင်တော့ ပိုက်ဆံအကုန်မခံပါနဲ့တော့.... သမီးအမေက ဆေးမသောက်လဲ သေရတော့မှာဘဲလေ”


“ဟာ.... ဘယ်လိုတောင်ပြောလိုက်ရတာလဲ အမေကလဲ.....”


“မဟုတ်လို့လား သမီးရယ်.... ဆရာဝန်လဲပြောပြီးပြီလေ.... အမေကိုဘယ်လိုမှကုလို့မရတော့ဘူဆိုတာ”


ထိုစကားကြောင့် လွန်းတစ်ယောက် မျက်ရည်လေးများဝဲလာကာ ရင်ထဲအောင့်သက်သက်ဖြစ်သွားရသည်။

ဦးနှောက်အကြိတ်တည်နေတဲ့ အမေက ခွဲစိတ်မှုလဲ မလုပ်နိုင်တော့သလို ဆေးသောက်လဲ မပျောက်နိုင်တော့ဘူဆိုတာ လွန်းသိပါသည်။ သို့ပေမယ့် ဆေးအရှိန်နဲ့မြန်း ထိန်းထားနိုင်မလားဆိုတဲ့ အတွေးနဲ့ ဆရာဝန်ညွှန်းတဲ့ဆေးတွေကို ဝယ်တိုက်နေရသည်။


“အမေရယ်..... နောက်ဆိုအဲ့လိုမျိုးမပြောပါနဲ့..... အမေကသမီးနဲ့ အချိန်အကြာကြီးအသက်ရှင်ရအုံးမှာ.... ဒါကြောင့် နောက်ဆိုဒီလိုတွေမပြောပါနဲ့တော့နော်..."


“အွန်းပါ သမီးရယ်... အမေက သမီးအရွယ်နဲ့မလိုက်အောင် အပင်ပန်းခံနေရတာကြောင့်ပါ”


“ရပါတယ် အမေရယ်.... ဆောင်းဝတီလွန်းက ဘယ်လောက်ဘဲ အပင်ပန်းခံရရ ခံနိုင်ရည်ရှိပြီးသားပါ အမေသမီးဘဲကို မဟုတ်လား”


“အဟွန်း.... ဟုတ်ပါပြီကွယ်”


“ဒါဆိုသမီးဆေးသွားဝယ်အုံးမယ်.... ဒီနေ့အမေစားချင်တဲ့ ခေါက်ဆွဲကြော်ကို ကြက်ဥနဲ့ဝယ်ခဲ့မယ်နော်....”


“အင်းပါကွယ်.....”


သူမအမေမှာ အိပ်ရာထဲမှ ခေါင်းလေးညိမ့်ကာ ပြုံးပြနေလေသည်။

လွန်းကတော့ သူမအမေရဲ့နဖူးလေးအား နမ်းရှိုက်လိုက်ပြီး ဖလန်ကွက် အပေါ်ဖုံးအင်္ကျီလေးအားဝတ်ကာ လျှာထိုးအုပ်ထုပ်အနက်ရောင်လေးအား စောင်းလိုက်ပြီး ထွက်လာခဲ့လိုက်သည်။


“ဟူးးးးး ဒီနေ့အဆင်မပြေရင် နောက်နေ့အဆင်ပြေသွားမှာပါ..... အားတင်းထား လွန်းရေ.... အမေ့မှာ အားကိုးစရာဆိုလို့ နင်ဘဲရှိတာ”


လွန်း ကိုယ့်ကိုကိုယ် အားပေးစကား ပြောလိုက်ပြီး ခေါက်ဆွဲဆိုင်ရှိရာသို့ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။


“ဒီနေ့ meetingရှိတယ် ဒါကြောင့် အင်္ကျီကို အသန့်ဆုံးထင်မယ့်ဟာ ပြင်လိုက် ငါရေသွားချိုးအုံးမယ်”


“ဟုတ်”


ဇိမ်းအိပ်ရာထသည်နှင့် သူ့အခန်းရှေ့၌ အစေခံများက အဆင်သင့်ရောက်‌နေကြသည်။ ထိုထဲမှတစ်ချို့က ဇိမ်းဝတ်ဖို့အင်္ကျီထုတ်ကြ တစ်ချို့က စီးဖို့ ဖိနပ်ထုတ်နှင့် တစ်ချို့က ရာသီဥတုကို ကြည့်ပြီး ဇိမ်းစွတ်ဖို့ ရေမွှေး‌ကို ရွှေးကြနှင့် အလုပ်ရှုပ်နေကြတော့သည်။


ဇိမ်း ရေချိုပြီး ထွက်လာတော့ အဆင်သင့်ပြင်ထားတဲ့ ဝတ်စုံအားဝတ်ဆင်လိုက်သည်။ ထို့နောက် အဆင်သင့်ပြန်ပြင်ပေးထားတဲ့ ဖိနပ်အားစီးကာ ဝတ်စုံနှင့်လိုက်မည့် နာရီ လက်စွပ်အချို့ကို ဝတ်ဆင်လိုက်သည်။ ဒီနေ့ရာသီဥတုက သာယာတာကြောင့် freshဖြစ်စေမည့် ရေမွှေးအား စွတ်လိုက်ကာ ဆံပင်ကိုသေချာတပ်တင်လိုက်ပြီး sun creamတစ်ချို့ကိုလိမ်းကာ ဆင်းလာခဲ့လိုက်သည်။


“သခင်လေး မနက်စာအဆင်သင့်ဖြစ်ပါပြီ”


“အင်း"


အစေခံတစ်ယောက်ရဲ့အပြောကြောင့် ဇိမ်း အိမ်ပေါ်ထပ်မှ ထမင်းစားခန်းဆီသို့ ဝင်လာခဲ့လိုက်သည်။ မနေ့ညက barသွားနေတာနှင့် အိပ်ရာထနောက်ကျနေသည်။ 


“တော်ပြီကွာ.... ငါမနက်စာမစားတော့ဘူ သိမ်းလိုက်တော့”


“ဟုတ်...."


“ဦးဘသောင်း"


“ဗျာ..... သခင်လေး”


“နောက်ဆို လေသံရှည်ကြီးနဲ့ မထူးပါနဲ့ ကျွန်တော်မကြိုက်ဘူး”


“ဟုတ်”


“ဒီနေ့ ကျွန်တော် ကိုယ့်ဘာသာကိုယ် ကားမောင်းသွားတော့မယ် ဒါကြောင့် ခင်ဗျားလိုက်ပို့စရာမလိုတော့ဘူ”


“ဟုတ်”

“ဒါနဲ့ ကားထုပ်ပေးရအုံးမလား”


“မလိုဘူး”


ဇိမ်း ကားဂိုထောင်ရှိ ကားများစွာထဲမှ သူ့ရဲ့ Favorite အနက်ရောင် BMWကားအားထုတ်လိုက်ပြီး ခြံကြီးထဲမှ ထွက်လာခဲ့လိုက်သည်။

ထိုကားမှာ သူ့အကြိုက်ဆုံးကားမို့ ထုတ်ခိုင်းဖို့နေနေသာသာ သူ့မိဘတွေကိုပင် မစီးခိုင်းပါ။

ဒီလိုနဲ့ ကမ္ပဏီရှိရာဆီသို့ မောင်းလာခဲ့လိုက်တော့သည်။


“ဦးလေး ‌ခေါက်ဆွဲကြော်တစ်ပွဲဘယ်လောက်လဲ”


“ရိုးရိုးဆို ၁၅၀၀ပါ ကြက်ဥနဲ့ဆို ၂၀၀၀ပါ”


“ဟမ်....”


သူမလက်ထဲက ပိုက်ဆံငါးထောင်တန်လေးအား တစ်ချက်ကြည့်လိုက်သည်။


“မနက်စာ နေ့လယ်စာ ညစာ ဒီငါးထောင်နဲ့ ဘယ်လိုလောက်မှာလဲ.....”


အမေဖြစ်သူကိုကလဲ ကောင်းတာဘဲ ကျွေးချင်တာကြောင့် လွန်းတစ်ယောက် ဘယ်လိုလုပ်ရမှန်း မသိတော့ပေ။

ထို့နောက် သူမဘာကိုမှ မစဉ်းစားတော့ဘဲ ကြက်ဥနဲ့တစ်ပွဲယူဖို့ ပြင်လိုက်သည်။


“ဟို.... ဦးလေး သမီးကိုလေ ကြက်ဥနဲ့ တစ်ပွဲပေးပါ.... အပိုလေးဘာလေးထည့်ပေးနော်”


“အမယ်လေး.... ခေါက်ဆွဲကြော်လေးတစ်ပွဲဝယ်တာများ အပိုတွေဘာတွေ လာလုပ်နေသေးတယ်”


“အော် ဦးလေးကလဲ ရမလားလို့ ပြောကြည့်တာပါ မရရင်မယူပါဘူး”


“ဒါဆို ငါကဆက်မကြော်ရတော့ဘူလား”


“ဟို အဲ့လိုပြောတာမဟုတ်ဘူးလေ.... အပိုမရရင် အပိုမယူတော့ဘူလို့ ပြောတာ ခေါက်ဆွဲကြော်ကယူမှာ အမြန်ကြော်ပေး”


သူမလဲ စိတ်တိုလာသည်မို့ အသံအနည်းငယ်မြင့်ကာ ပြောလိုက်သည်။

ခဏကြာတော့ ခေါက်ဆွဲကြော်လဲ ရပြီမို့ ‌ခေါက်ဆွဲကြော်ဘူးလေးအား ယူကာ ပြန်လာခဲ့တော့သည်။


“ဟွန့်.... ခေါက်ဆွဲကြော်ရောင်းလို့သာ တော်တော့မယ် ရွှေမြန်းရောင်းလို့ကတော့ ဘယ်လောက်တောင် ဖင်ခေါင်းကျယ်လိုက်မလဲ.... လူတွေ လူတွေ တော်တော်ကို စာနာစိတ်မရှိဘူး”


သူမပြောရင်းဖြင့် တစ်ဖက်လမ်းရှိ ဆေးဆိုင်လေးအားကူးလာခဲ့လိုက်သည်။ ထို့နောက် အင်္ကျီအိတ်ကပ်ထဲမှ စာရွက်လေးအား ထုတ်ကာပြလိုက်သည်။


“ဒီထဲကစာအတိုင်း ပေးပါ”


“အင်း....”


ထိုဆေးဆိုင်ပိုင်ရှင်လဲ စာထဲ၌ပါသည့်အတိုင်း ဆေးတွေအား တစ်ကတ်ပြီးတစ်ကတ် အိတ်ထဲသို့ ထည့်လိုက်သည်။


“အားလုံး တစ်သောင်းခုနှစ်ထောင်ကျပါတယ်”


“ဟင်.... တစ်သောင်းခုနှစ်ထောင်.... ဟိုတစ်လောကမှ လာဝယ်တာ တစ်သောင်းခွဲပါဘဲ”


“အဲ့တုန်းကနဲ့အခုနဲ့မတူဘူး..... ကဲ အခုကယူမှာလား မယူဘူးလား.... မယူရင်ပြန်ထားတော့မှာ”


“အယ်အယ် အဲ့လို့မလုပ်ပါနဲ့ ယူမှာပါ.... ပေး”


သူဆေးထုတ်လေးအား လှမ်းယူလိုက်ပြီး အိတ်ကပ်ထဲရှိ ပိုက်ဆံလေးတွေအား ရီလိုက်သည်။


“ဟို.... တစ်သောင်းခြောက်ငါးရာ မရဘူးလားဟင်”


“ဒါဆေးဆိုင်နော်....”


“သိပါတယ်.... စစ်လို့ရမလားလို့ မေးကြည့်တာပါ.... ရော့ မရလဲယူ”


သူမ နှုတ်ခမ်းလေးစူကာ ဆိုင်ရှင်အား ပေးလိုက်သည်။


“ကျွတ်..... တစ်ထောင်ဘဲကျန်တော့တယ်.... ဘယ်လိုလုပ်ရမလဲ”


တီ တီ.....


“ဟင်...."


အတွေးလွန်ကာ တစ်ဖက်လမ်းသို့ ဖြတ်ကူးလာတုန်း အရှေ့မှ လာနေတဲ့ကားအား မမြင်ဘဲ တိုက်မိသလို ဖြစ်သွားတော့သည်။


ဇိမ်း ကားအရှေ့မှ လဲကျသွားတဲ့ထိုမိန်းကလေးအား ကားထဲမှ တစ်ချက်ကြည့်လိုက်သည်။


‌“တော်ပါသေးတယ် မတိုက်မိလိုက်ဘူး”


“ဟင်.... ငါ့ခေါက်ဆွဲကြော်ဘူး”


သူမဘာသာသူမ လန့်ကာ လဲကျသွားတာကြောင့် သူမလက်ထဲ၌ ပါလာသော ခေါက်ဆွဲကြော်ဘူးနှင့် ဆေးထုတ်လေးပါ မြေကြီးပေါ်သို့ ကျသွားတော့သည်။

ဆေးထုတ်ကတော့ ဘာမှမဖြစ်သွားပေမယ့် ခေါက်ဆွဲကြော်တွေကတော့ ဘူးထဲမှ အပြင်ထွက်ကျ‌နေသည်။


“သွားပါပြီ....”


လွန်း ခေါက်ဆွဲကြော်လေးအားကြည့်ကာ မျက်ရည်များဝဲလာတော့သည်။ ထို့နောက်တော့ မထိန်းနိုင်ကာ သူမငိုချလိုက်တော့သည်။


“အဟင့်..... မရှိရှိမဲ့ ပိုက်ဆံလေးနဲ့ ကုတ်ချစ်ဝယ်ထားရပါတယ်ဆိုမှ.... အခုတော့..... ဟင့်.....”


ဇိမ်းတစ်ယောက် သူ့ကားရှေ့၌ မတိုက်မိဘဲ ထိုင်ငိုနေတဲ့ မိန်းကလေးကြောင့် စိတ်တွေညစ်လာရတော့သည်။


“meetingကရှိပါသေးတယ်ဆို အခု ဒီမိန်းကလကတစ်မျိုး”


တီ တီ.....


စိတ်မရှည်တော့တာကြောင့် ဇိမ်း ကားဟွန်းကို ဆွဲကာတီးလိုက်တော့သည်။

ထိုအချိန်မှ လွန်းလဲ အသိပြန်ဝင်လာကာ ကားအားတစ်ချက်ကြည့်လိုက်သည်။


“ကျွတ်.... အလုပ်တွေတော့ရှုပ်ပြန်တော့မယ်”


ဇိမ်းတစ်ယောက် ကျွတ်တစ်ချက်သပ်လိုက်ပြီး လွန်းအားလှမ်းကြည့်လိုက်သည်။


“ဘယ်လိုနေနေ ငါ့ခေါက်ဆွဲကြော်ကိုတော့ ပြန်လျော်ခိုင်းရယ်”


လွန်း ခေါင်းလေးအားမော့လာကာ ထိုကားနားသို့ လျှောက်လာလိုက်သည်။


ဒေါက် ဒေါက်


ကားတံခါးအား လာခေါက်တာကြောင့် ဇိမ်းကားမှန်ကို ချပစ်လိုက်သည်။


“ရော့....”


ဘာမှတောင်မပြောရသေး တစ်ဖက်မှ တစ်‌သောင်းတန် အထပ်လိုက်ပေးလာတာကြောင့် သူမမျက်လုံးများ ပြူးကျယ်ကာ ဒေါသများပါ ထွက်လာတော့သည်။


“ဒီမှာ..... ကျွန်မကပိုက်ဆံလိုချင်လို့ မဟုတ်ဘူး”


“ဒါဆို ဘာလိုချင်တာလဲ”


ဇိမ်း သူ့အား ပြူးကြောင်ကြောင်နှင့်ကြည့်နေတဲ့ ထိုကလေးမဘက်သို့ လှည့်လာခဲ့လိုက်သည်။


“ဟင်...."


“ခေါက်ဆွဲကြော်ပြန်ပေး”


လျှာထိုးအုပ်ထုပ်အောက်က သူမရဲ့မျက်ဝန်းများဟာ ရွှန်းလဲ့ကာ ဇိမ်းအား ဒေါသထွက်နေသယောင် ကြည့်နေလေသည်။ ဇိမ်း သူမနှင့်မျက်လုံးချင်းဆုံမိလိုက်တော့ ရင်ထဲ၌ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုကို ချက်ချင်းပင်ခံစားလိုက်ရသည်။ ဇိမ်း သူမအား အကြောင်းမဲ့ သပ်သပ် ခဏတာငေးကြည့်နေလိုက်မိသည်။


“ဒီမှာ ဒီမှာ.... ပြောတာကိုကြားလား” 


“ဟမ်.... အင်း ကြားတယ်”


“ဒါဆိုပြန်လျော်ပေးလို့”


“ဒီမှာလေ ပိုက်ဆံပေးနေတာဘဲ”


“ကျွန်မလိုချင်တာ ပိုက်ဆံမဟုတ်ပါဘူး ဦးလေး ကျွန်မလိုချင်တာ ဟိုမှာတွေ့လား”


ကားအရှေ့ကိုလက်ညိုးထိုးပြနေတာကြောင့် ဇိမ်းလဲကားရှေ့သို့ လှမ်းကြည့်လိုက်သည်။


“အဲ့ပျက်စီးသွားတဲ့ ခေါက်ဆွဲကြော်ကို ပြန်လိုချင်တာပါ”


“ဟုတ်ပြီလေ အဲ့ဒါဘယ်လောက်တန်လဲ”


“နှစ်ထောင်”


“ရော့ ဒီမှာနှစ်သောင်း"


“ဟင်.... မဟုတ်သေးဘူးလေ ကျွန်မတောင်းတာက နှစ်ထောင် တစ်ထောင်တန်သိတယ်မလား”


“အင်း"


“အေ အဲ့တစ်ထောင်တန်နှစ်ရွက်ဘဲတောင်းတာ”


“ဒါပေမယ့် ကိုယ့်မှာတစ်ထောင်တန်နှစ်ရွက်မရှိဘူး ဒါကြောင့် တစ်သောင်းတန်နှစ်ရွက်ယူလိုက်”


မဟုတ်သေးပါဘူး ဒီလူက ရူးနေတာလား။


“ကဲပါ တစ်သောင်းတန်နှစ်ရွက်ဘဲ ယူထားလိုက်နော်”


“ဒါပေမယ့်....”


“တစ်ခြားကြောင့် ပေးတာမဟုတ်ဘူး မင်းလဲထိမိခိုက်မိတာတွေ ရှိနေမှာစိုးလို့ပါ ဒီကိစ္စအတွက် ကိုယ့်ဘက်ကတောင်းပန်ပါတယ်”


“ဟင်....."


လွန်း ထိုလူအပြောအား အံ့ဩသွားကာ ကြောင်ကြည့်နေမိသည်။ ခဏကကားမှန်ချလိုက်တုန်းကတော့ မျက်မှောင်ကြီးကြုတ်ကာ ကြည့်နေတာကြောင့် စိတ်ထဲလန့်သွားပေမယ့် အခုကြတော လေသံက ပျားရည်ထက်ကိုချိုနေလေသည်။


“ကိစ္စရှိသေးလို့ ခွင့်ပြုပါအုံး”


“အင်း...."


ဇိမ်း သူမလက်ထဲသို့ တစ်သောင်းတန်လေးနှစ်ရွက်အား ထည့်ပေးလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။


“အဟွန်း....."


စိတ်ကူးရင် ဝတ္ထုမို့အမှားပါရင် ခွင့်လွှတ်ပါ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။🙏

                                

                                      𝑨𝒖𝒕𝒉𝒐𝒓 𝑺𝑶𝑰


rate now: