book

Index 7

အပိုင်း(၇)

ကြွေလွင့်မျက်ရည်


ဂုဏ်ပြုပွဲ ပြီးသော်လည်း အဖြူနှင့်ဆွေဆွေကတော့ မီးဖိုခန်းထဲက မထွက်ရနိုင်သေးဘဲ ပန်းကန်တွေဆေး

ကြောသိမ်းဆည်းနေသေးသည်။တစ်နေကုန် လှုပ်ရှားလုပ်ကိုင်နေရတာကြောင့် လူတစ်ကိုယ်လုံးလည်းညစ်ပတ်နံစော်နေကာ စိတ်ကလည်း သိပ်မကြည်ချင်

တော့။ခေါင်းတွေလည်း မူးနောက်ကာ ထုံမှိုင်းလာ

သည်။ ကိုယ်ပြီးမှ ကိုယ်နားရမှာ ဖြစ်သောကြောင့် မြန်မြန်သွက်သွက်လုပ်ရသည်။


"အလွှာဖြူ!!"


နောက်က ဆောင့်အော်လိုက်သံကြောင့် ခန္ဓာကိုယ်လေးပင်တွန့်သွားရသည်။


"ရှင်! မမလွှာ ဘာခိုင်းမလို့လဲ"


"......"


"အား....ဘာလုပ်တာလဲ"


ဘာမှပြန်မပြောဘဲ လက်ထဲမှာ အသင့်ရှိနေသည့် 

ကတ်ကြေးဖြင့် အဖြူ့ ဆံပင်လိပ်လိပ်ခွေခွေလေးတွေကို ဖြတ်ပစ်လိုက်သည်။အဖြူမြတ်နိုးသည့် ဆံပင်လေးတွေ မွေးဖွားစဉ်တည်းက လိပ်လိပ်ခွေခွေလေးတွေဖြစ်တာကြောင့် ပိုပြီးတန်ဖိုးထားမြတ်နိုးခဲ့သည်။ အသက်နဲနဲလေးကြီးလာတော့ ရွှေအိုရောင် လေးတင်လိုက်တော့ ပိုပြီးလှပလာကာ ဝင်းပပမျက်နှာလေးနှင့်လိုက်ဖက်နေခဲ့သည်။


ကိုယ်မြတ်နိုးတန်ဖိုးထားရာကို ဖျက်စီးခံလိုက်ရတာ

ကြောင့် အဖြူ ဘာမှမတွေးနိုင်ဘဲ စိတ်ထဲရှိရာကို လုပ်ချလိုက်သည်။


ဆံပင်ဖြတ်ပြီး ကျေနပ်သည့်မျက်နှာထားနှင့် လက်ကို ခပ်လျော့လျော့ပိုက်ကာ စားပွဲကို 

အနည်းငယ်လျောမှီထားပြီးခပ်မဲ့မဲ့လုပ်နေသော တိမ်လွှာလက်ထဲမှ ကတ်ကြေးကို ဆက်ခနဲ့ ဆွဲယူလိုက်ပြီး ခါးလယ်လောက်ရှိနေသည့် တိမ်လွှာဆံပင်တွေကိုဆွဲယူဖြတ်ပစ်လိုက်သည်။


ရုတ်တရက်ဆွဲယူခံလိုက်ရသောကြောင့် သတိမထားမိလိုက်ချိန် ကိုယ့်ဆံပင်တွေကို ပြန်အဖြတ်ခံလိုက်ရသောကြောင့် တိမ်လွှာ့ လက်ဝါးတစ်ယောက်

အပေါ်မြောက်တက်သွားပြီး အဖြူ့ပါးပြင်ပေါ်မှာ ပြင်းထန်စွာကျရောက်သွားသည်။ခနလေးအတွင်း အခြေအနေတွေက လျင်မြန်စွာပင် ဖြစ်ပျက်သွားခဲ့သည်။


"အလွှာဖြူ! နင်က ငါ့ဆံပင်ကို ဖြတ်ရဲတယ်ပေါ့လေ"


"မမတောင် အဖြူ့ဆံပင်တွေဖြတ်ပစ်သေးတာပဲ"


"နင်! နင်...ငါ့ကို ပြန်ခံပြောတယ်ပေါ့"


"ဖြန်း!..."


"အာ့!မမလွန်လာပြီနော်"


"မလွန်ဘူး ဒီထက်ပိုလုပ်ရအုံးမှာ"


ပြောပြောဆိုဆိုနှင့်အဖြူ့ဆံပင်တွေကိုစောင့်ဆွဲကာ 

တစ်ဖက်ကို တွန်းလှဲလိုက်သည်။သို့သော်လည်း အဖြူက လွှာဆံပင်တွေပြန်လည် ဆုပ်ကိုင်းထားသောကြောင့် အခြေအနေက လိုရာမရောက်ပဲ နှစ်ယောက်သားလုံးထွေးနေသေည်။ဘယ်သူမှ ဘယ်သူ့ကို အလျော့မ

ပေးသောကြောင့် အခြေအနေက ပိုမိုတင်းမာလာရသည်။


"ဒုန်း!"


"ခလွမ်း!"


"ဘုန်း!"


ရှုတ်ထွေးနေသည့် အခြေအနေတွေကြားမှာ ဘေးက ပစ္စည်းတွေပါ ဝင်တိုက်ကုန်သောကြောင့် ဆူညံသံမျိုးစုံထွက်နေသည်။


"ဟဲ့! ဘာဖြစ်နေကြတာလဲ...?? ဆွေဆွေရေ!"


ဒေါ်လရိပ် ဧည့်ခန်းမှာ အပန်းဖြေနေစဉ် ဆူညံသံများ

ကြောင့် အသံလာရာသို့ ပြေးလာခဲ့ရသည်။


"အလွှာဖြူ လွှတ်စမ်း ငါ့သမီးကို"


ဒေါ်လရိပ် ကြားက ဝင်ဆွဲလိုက်သောကြောင့် လုံးထွေးနေသည့် တိမ်လွှာနှင့် အဖြူ ကိုယ်ချင်းခွာသွားရသည်။


"အဟင့်! မာမီ သူ သမီးဆံပင်တွေဖြတ်ပစ်တယ်"


"မဟုတ်ဘူး တီလေး ..မမအရင်စတာ"


"တိတ်စမ်း! အဖြူ"


နီရဲနေသည့် မျက်လုံးအစုံက အဖြူ့ဆီကို ဒိုင်းခနဲ့ရောက်လာသောကြောင့် ခန္ဓာကိုယ်လေးတုန်သွားရသည်။အခုမှ ကြောက်စိတ်ကဝင်လာရသည်။ဒေါသကြောင့် ဘာမှမတွေးနိုင်ပဲ ပြန်လုပ်လိုက်ပြီးမှ မှားမှန်းသိလိုက်ပေမယ့် လွန်ခဲ့လေပြီ။


သွားပြီ အဖြူရေ နင်ကတော့ ရာဇဝတ်အိုး ဒုတ်နဲ့ထိုးလိုက်တာပဲ ခံပေအုံးရော့..... ဟင်း.....


"ဖြန်း!...ဖြန်း!...ဖြန်း"


ဒေါ်လရိပ်၏ဆင့်ကာရိုက်လာသည့် လက်ဝါးချက်

တွေက ပါးပြင်ထက်မှာ ပူထူကျိန်းဖိန်းနေသည်။

တစ်ဆစ်ဆစ်နာကျင်မှုက ပါးပြင်ထက်ကမဟုတ်ဘဲ 

နှလုံးသားထက်မှပင်။


"နင်...နင်...!"


တိမ်လွှာ...ဘာစကားမှပင် မပြောနိုင်လောက်အောင် ဒေါသကြီးနေကာ အဖြူ့ကိုယ်လုံးသေးသေးလေးကို ဆွဲကိုင်လှုပ်ရမ်းကာအားနှင့်စောင့်တွန်းလိုက်သည်။အရှိန်နှင့် လဲကျသွားရသောကြောင့် နောက်မှရှိနေသည့်အရာဝတ္ထုနှင့် ပြင်းထန်စွာရိုက်မိကာ မူးဝေနောက်ကျိလာသည်။ဝေဝါးနေသည့် မြင်ကွင်းနေတွေက နှစ်ထပ်တွေ...။နောက်စေ့ကိုလက်နှင့်စမ်းကြည့်မိတော့ စေးကပ်ကပ်အထိအတွေ့...သွေး..ဟုသိလိုက်ရချိန်မှာ....အမှောင်ထုထဲရောက်သွားပြီး ဘာမှသတိမရတော့ ။သိလည်းမသိချင်တော့ပေ။ ဒီအခြေအနေကနေ ဘယ်လိုနည်းနဲ့ပဲ ရုန်းထွက်လို့ရ.ရ ရုန်းထွက်ချင်မိသည်။


"မာမီ သူ ...သူ...မလှုပ်တော့ဘူး"


"ဆွေဆွေ! သူ့ကို ဆေးခန်းလိုက်ပို့ပေးလိုက် သေသွားမှဖြင့် ငါ့အစီအစဉ်တွေ အလကားဖြစ်ကုန်မယ် "


"ဟုတ်ကဲ့ မမကြီး"


"နောက်ပြီး သူ့ဆံပင်တွေကိုအနက်ရောင် ပြောင်းဆိုးပေးထားလိုက်"


"ဟုတ်ကဲ့ မမလေး"


"ဘာအစီအစဉ်လဲ မာမီ"


မဆွေ အဖြူ့ကိုကောက်ပွေ့ကာ ပြေးလေးထွက်သွားပြီဆိုမှ မရှင်းလိုက်သော စကားကို တိမ်လွှာ ပြန်မေးမိသည်။


"သမီး ပိုင်ဆိုင်မှုတွေကို ပြန်ယူမည့် အစီအစဉ်ပေါ့ကွယ် မာမီသမီးလေးကို မာမီက ကောင်းစားတာပဲ 

မြင်ချင်လို့ မာမီရဲ့ လုပ်ဆောင်မှုတိုင်းသမီးအတွက်ပဲ 

ဒါကြောင့် ဘာမှသိပ်ပြီးမမေးနဲ့နော်.. သွားနားတော့"


ပျက်ယွင်းသွားသည့်မျက်နှာကို တိမ်လွှာ မရိပ်မိအောင် ပြန်ထိန်းရင်း စကားဆိုရပြန်သည်။သမီးဖြစ်သူ ထွက်သွားပြီဆိုမှ သက်ပြင်းမောကြီး ချလိုက်သံကိုတော့ တိမ်လွှာတစ်ယောက်မကြားနိုင်တော့ပါ။


~~~ ❤ ~~~


"သမီး တိမ်လွှာ"


'ခက်ပါလား မာမီရယ် မတွေ့ချင်လို့ အခန်းထဲရှောင်းပုန်းပါမှ အသံကျယ်ဟစ်ခေါ်နေရတယ်လို့'


မကျေမနပ်ရေရွတ်ရင်း လေးကန်နေသောခြေလှမ်းများဖြင့် အခန်းပြင်ကို ထွက်လာခဲ့ရသည်။


"မာမီ ဘာကိစ္စ"


"ဘာကိစ္စလုပ်မနေနဲ့ ဟိုမှာ ဧည့်သည်ကို ဧည့်ခံလိုက်အုံး"


အိမ်အဝင်၏ တခါးပေါက်မှာရပ်နေကြသော သူမတိုနှင့် မလှမ်းမကမ်း အိမ်ရဲ့ဘေးနားလေးမှာ ပန်းခြံငယ်လေးလှပစွာ တည်ဆောက်ထားပြီး ထိုနေရာလေးမှာပဲ စားပွဲ ကုလားထိုင်များချထားကာ အေးအေးဆေးဆေးအနားယူလို့ ကောင်းမယ့်နေရာလေးတစ်ခု...။ထို ခုံလေးပေါ်တွင်ထိုင်နေသော 'မှိုင်းညို့ရှင်' ဆိုသည့် 

လူကြီး။


"အဲ့တာ မာမီဧည့်သည်လေ သမီးဧည့်သည်မှမဟုတ်တာ မာမီဘာသာ ဧည့်ခံပေါ့"


ပြောရင်းအိမ်ထဲပြန်လှည့်ဝင်လိုက်သည်။သို့သော်လည်း တိမ်လွှာ လက်တစ်ဖက်ကို အမိအရ ဆွဲကိုင်လိုက်နိုင်သူက ဒေါ်လရိပ်ပင်ဖြစ်သည်။


"သမီး! မှိုင်းက မာမီတို့မိသားစုအပေါ်မှာ ကျေးဇူးရှိတယ် ပြီးတော့ သမီးကိုလည်း ငယ်ငယ်လေးထဲက ထိန်းကျောင်းပေးလာတာ သူနိုင်ငံခြားထွက်သွားလို့သာ သမီးက မမှတ်မိတာလေ သူ့လက်ထဲမှာပဲ သမီးက 

ကြီးပြင်းလာတာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ 

နောက်ပြီး အရေးကြီးတာက သူက သမီးကိုသဘောကျနေတယ်"


"ရှင်!!"


"ရှူး! သမီးသိထား... သူ့ရဲ့ပိုင်ဆိုင်မှုတွေက သမီးအဘွားဆီက ရမယ့် အမွေတွေထက်အပုံကြီးသာတယ် 

နောက်တစ်ခု သူ့အိမ်မှာ သူကရှင်ဘုရင် ဘယ်အရာမဆို သူကပဲ ဦးဆောင်လုပ်ရတာ သမီးလေးသာ သူနဲ့ဆိုရင်..."


"ကျစ်!မာမီရာ သမီးက အခုမှ ဆယ်တန်းအောင်ခါစပဲရှိသေးတယ်လေ ဒီအဘိုးကြီးနဲ့ လာပေးစားရတယ်လို့"


စိတ်ရှုပ်ထွေးဟန်ဖြင့် ဖြန့်ချထားသည့်ဆံပင် ပွပွယောင်းယောင်းတွေကြား လက်ထိုးနှိုက်ကာ ထပ်ပြီးဖွလိုက်သည်။လျင်မြန်လှသည့် ဒေါ်လရိပ် လက်ခေါက်က 

သူမခေါင်းမှာ 'ဒေါက်ခနဲ့' ပူထူသွားရသည်။


"လေမရှည်နဲ့တော့ သွား"


အတင်းကို တွန်းထုတ်နေသော မာမီကြောင့် ထိုလူကြီးရှိရာ ဘုကြည့်ကြည့်လိုက်ပြီး မှုန်ကုပ်နေသည့် မျက်နှာထားက ပြေလျော့သွားကာ ပါးလေးတစ်ဖက် ရွဲ့စောင်းသည်ထိ မဲ့ပြုံးလိုက်ပြီး မီးဖိုးခန်းဘက် ဝင်လာခဲ့လိုက်သည်။


"ဟဲ့ သမီး!..."


"မာမီရေ...မာမီက ဧည့်သည်ကို ဘာနဲ့မှ ဧည့်ခံမထားလို့ သမီးက ပြင်ဆင်ပေးမလို့ပါ"


ထိုသို့အော်ပြောလိုက်သံကြောင့် ဒေါ်လရိပ်ကျေနပ်သွားရပြီး ဧည့်ခန်းမှာ TVလေးဖွင့်ကာ အေးဆေးနေလိုက်တော့သည်။


~~🌿~~


အဖြူစိတ်ပေးထားသည့် သံပုရာသီး အလုံးလေးများကို ဖန်ခွက်ရှည်ကြီးထဲ စိတ်ကြိုက်ညစ်ထည့်လိုက်ပြီး

ဆားဗူးလေးကို ယူကာ မှောက်ထည့်လိုက်သည်။


"ဟင်! မမ..."


"ရှူး...တိတ်နေ..ဘယ်သူမှမသိစေနဲ့"


အဖြူ အလန့်တကြားလှမ်းတားသော်လည်း တိမ်လွှာ တားမြစ်သံကြောင့် ဘာမှဆက်မပြောရတော့ဘဲ ငြိမ်နေလိုက်ရသည်။


အဖြူတော့ မျက်ခုံးလှုပ်နေပြီ မမလွှာရေ...မိအဖြူခေါင်းဆင်နင်းခံရတော့မယ်...ဟင်း...


"အဖြူ ငါ ခေါ်မှ လာပို့နော် စောင့်ကြည့်နေ"


"ဟုတ်...ဟုတ်"


ကိုယ့်အကြံအစည်နှင့်ကို ပြုံးရယ် မီးဖိုခန်းထဲမှ ခုန်ဆွခုန်ဆွလေး ထွက်သွားသည့် တိမ်လွှာ...ထိုစဉ် အခန်းထဲဝင်လာသည့် ဆွေဆွေမှာ အူမြူးနေသည့်တိမ်လွှာကို သမင်လည်ပြန် ပြန်ကြည့်ရသည့်အဖြစ်...။ 


စာပွဲပေါ်မှ ဆားပုလင်းနှင့် ရှာလကာရှည်ပုလင်းကိုကြည့်ကာ အဖြူ့မှာ သံတွေးမြိုချနေရသည်။သံပုရာအခွံတွေကလည်း နဲနဲနောနောမှ မဟုတ်ဘဲ...။ကြည့်နေရင်းကို သွားကျိန်းနေရပြီ။ မဆွေ စားပွဲနားမရောက်ခင် ထိုအခွံတွေကို အမှိုက်ပုံးထဲ လျင်မြန်စွာ ပစ်ထည့်ရသည်။ ရှာလကာရှည်နှင့်ဆားပုလင်းကို နေရာတကျပြန်ထားပြီးမှ လုပ်စရာရှိရာ ဆက်လုပ်ရသည်။မီးဖိုခန်း၏ သံဇကာကွက်များကြားထဲမှ တိမ်လွှာ လှမ်းခေါ်မည့်အချိန်ကို စောင့်ကြည့်နေရသည်က အလုပ်တစ်ခုဖြစ်နေပြန်သည်။


~~💕~~


"ဦးလေးကြီး! စောင့်နေတာကြာပြီလား"


"ဟင်!"


"ခနနော် အခုနာက လွှာ သံပုရာရည်ဖျော်ထားတယ် မအေးတတ်သေးလို့ ခနနေမှအဖြူ့ကို လာပို့ခိုင်းထားတယ် ဒါနဲ့ ဦးလေးကြီးက ဒီနေ့အလုပ်မသွားရဘူးလား"


'ဦးလေးကြီး' ချင်းထပ်နေသောကြောင့် မှိုင်းရဲ့ အလိုမကျမှုက အထင်းသားပေါ်လွင်နေသည်။ဒါကိုပင် ဟန်မပျက်ကျိတ်ရယ်ကာ ထပ်ခါထပ်ခါ ပြောနေသည့် တိမ်လွှာ ရယ်ချင်စိတ်ကို မနဲဖုံးဖိထားရသည်။


"ဦးလေးကြီး! အိမ်ကိုလာပြီး ဘာစကားမှမပြောဘဲနဲ့ လွှာပဲပြောနေရတော့ အရူးတစ်ယောက်လိုပဲ လွှာကဖြင့် ဦးလေးကြီးမဖော်ရအောင်ဆိုပြီး စကားလာပြောပေးတာကို ဦးလေးကြီးက ချေတာလား? အဲ့ဒါဆိုလည်း ဦးလေးကြီးပဲ တစ်ယောက်တည်းနေရစ်တော့! လွှာ့ စေတနာကို မရေးမလုပ်ဘူး ဦးလေးကြီးကိုစိတ်ဆိုးတယ် ဦးလေးကြီးက စိတ်ပုပ်......"


"မင်း..တော်တော့!! မင်းဘယ်သူ့ကို ပြောနေတာလဲ"


"ဒီနေရာမှာ ဘယ်သူရှိလို့လဲ လွှာနဲ့ ဦးလေးကြီးပဲရှိတာလေ အဲ့တာဆို ဘယ်သူ့ပြောနေတာလဲ သိပေါ့"


"မင်းက အခုမှဆယ်တန်းအောင်ခါစရှိသေးပေမယ့် ငါ့အသက်က ဦးလေးကြီးခေါ်ရလောက်အောင် မကြီးသေးဘူးကွ"


"အဲ့တာတော့ ဘယ်သိမလဲ ရုပ်ကြည့်ပြီးခေါ်လိုက်တာလေ ဦးလေးကြီးမကြိုက်ရင် ဘိုးလေးလို့ ခေါ်မယ်လေ ဟိ.."


"ဒုန်း!...မင်း..."


တဖြည်းဖြည်း ညိုပုတ်လာသည့် မျက်နှာထားကြောင့် လွှာ မြိုသိပ်မထားနိုင်ဘဲ ခပ်လွင့်လွင့်ရယ်လိုက်မိရာ ပိုလို့ ဒေါသကြီးလာသည်။လွှာ ရယ်လေ မှိုင်းမှာ ဒေါသဖြစ်ရလေဖြင့်..ထိုနေရာလေးတစ်ဝိုက် ညင်သာစွာတိုးဝေ့လာသည့် လေပြေအေးအေးလေးက သူတို့နှစ်ဦးကြားတိုးထိကျီစယ်နေပြန်သည်။ပွယောင်းနေသည့် ဆံစလေးတွေ လေ၏ ကျီစယ်မှုကြောင့် ခပ်လွင့်လွင့်ဝဲ့နေသည်က ကဗျာဆန်နေသယောင်...။မျက်ဝန်းနက်နက်လေးတွေနှင့်အကြည့်ချင်းဆုံမိသည့်အခိုက် မှိုင်းမှာတော့ ခုနာက ထွက်နေသည့် ဒေါသတွေက ဘယ်ဆီပုန်းလျိုးသွားလဲ မဖမ်းမိလိုက်တော့ပေ။ ဒါကိုပင်အလိုမကျဖြစ်ရကာ မျက်မှောင်ကြီး ကျုံ့ထားလိုက်သည်။


"ဦးလေး ဒေါသဖြစ်ရတာ မောနေလောက်ရောပေါ့ အမောပြေ သံပုရာရည် တိုက်မယ်နော်"


သွားတန်းလေးများပေါ်အောင် ပြုံးရယ်လိုက်တော့ မို့အစ်နေသည့်ပါးမို့ဖောင်းဖောင်းလေးတွေက မျက်စိပေါက်လေးပင် မမြင်ရလောက်အောင်ထိ ဖောင်းကြွနေကာ နီရဲရဲ နှုတ်ခမ်းပါလေးထက်က ချစ်စဖွယ်အပြုံးလေး မှိုင်းညှို့ နှလုံးသားထဲထိ တိုးဝင်ရိုက်ခတ်သွား

သည်။အိမ်ဆီသို လှမ်းကြည့်ကာ လက်ယက်ခေါ်နေပုံလေးက တကယ့်ကလေးလေးတစ်ယောက်သာသာရယ်ပါ။


တိမ်လွှာ လှမ်းခေါ်နေသည်ကို မြင်သည်နှင့် အအေး

ခွက်လေးနှစ်ခွက်ကို လင်ပန်းအသေးလေးထဲထည့်ကာ မီးဖိုးခန်းထဲမှ ထွက်သွားသည့်အဖြူ့ကို ဆွေဆွေတစ်ယောက်အော်ပြောကျန်ခဲ့ရသည်။


"ဂရုစိုက်နော် ညည်းက နမော်နမဲ့နဲ့ တစ်ခုခုဖြစ်လိုက်တော့ ညည်း သေပြီပဲ"


~~🍹~~


"အအေးရပါပြီ မမ"


"အေး! ဦးလေးကြီး သောက်အုံးနော် လွှာကိုယ်တိုင်ဖျော်ထားတာ"


အဖြူတစ်ယောက် လင်ပန်းလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားကာ ရင်တထိတ်ထိတ်နှင့် နေရာမှ မလှုပ်မယှက် စောင့်ကြည့်နေမိသည်။


မချိုမချဉ် မျက်နှာထားလေးနဲ့ လွှာကို မှိုင်း အကဲခတ်

ကြည့်ပြီး ပုံမှန်မဟုတ်တဲ့ မျက်နှာထားကြောင့် ခေါင်းတစ်ချက် ခါရမ်းလိုက်သည်။သူမမသိအောင် ပင့်သက်ရှိုက် လိုက်ပြီးမှ အားနာသမှုဖြင့် ဖန်ခွက်ကို မော့သောက်လိုက်သည်။


လည်ချောင်းတစ်လျှောက်စီးဝင်သွားသည့်အရသာက ချဉ်သလား ခါးသလားငန်သလားကို မကွဲပြားလိုက်..။

ဖော်ပြလို့မရတဲ့ အရသာကဆိုးရွားလှသည်။ရှိန်းမြချဉ်စူးနေပြီး ဘာနဲ့မှမတူနဲ့ အငန်နှုန်းကနှိုင်းစရာပင်မရှိ...။အရသာက အခုချိန်ထိအောင် စွဲကျန်နေရစ်လေသည်။


မျက်လုံးစုံမိတ်ကာ ရှုံ့မဲ့နေပြီး ဒေါသကြောင့် မျက်နှာ

ပြင်တစ်ခုလုံးနီရဲနေသည့် မှိုင်း ကို ကြည့်ပြီး 

ရယ်ချင်စိတ်ကို အတင်းအောင့်အီးကာ မျက်နှာငယ်

လေး လုပ်လိုက်ပြီး......


"ဦးလေး ဘာဖြစ်လို့လဲ မကောင်းလို့လား"


'မေးမှမေးပလေ ကလေးမရယ် '


မှိုင်းမှာတော့စိတ်ထဲက သာ မကျေမချမ်းပြောနိုင်သော်လည်း လက်တွေ့မှာ ဘာစကားမှမပြောနိုင်လောက်အောင်ပင် ပါးစပ်ထဲမှာ နေရခက်လှသည်။


"လွှာကိုယ်တိုင် ဖျော်ထားတာပါ ဦးရဲ့"


ပြောပြောဆိုဆိုနှင့် ရှေ့မှာရှိနေသည့် အအေးခွက်ကို ယူမော့သောက်လိုက်ပြီး မြိုမချသေးဘဲ 


"ဖူး..!!...ဖလူး..!!"


ပါးစပ်ထဲမှ အအေးများက အပြင်ကို ရေပန်းသဖွယ် 

ပန်းထွက်သွားရသည်။


"အား...! မင်း..!"


မျက်နှာချင်းဆိုင်ထိုင်နေကြသောကြောင့် လွှာ 

ထွေးထုတ်လိုက်သည့်အအေးများက မှိုင်းမျက်နှာပေါ် တည့်တည့်မတ်မတ် ...။ပိုလို့ရှုံ့မဲ့သွားသည့် မှိုင်းကို ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းမရကာ တစ်ခစ်ခစ်ရယ်

နေမိသူက လွှာ ရယ်သာ။ ဘေးက အဖြူ့မှာတော့ 

အဖြစ်အပျက်တွေကို မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်ရင်း ဆွံ့အနေခဲ့ရသည်။ထိုလူကြီးကိုသနားသလို မမလွှာကိုလည်း ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ နားမလည်တော့ပေ။


"ကျစ် ! မင်း....!"


မျက်နှာပေါ် စိုရွဲနေသည့်အရည်များကို သပ်ချကာ လွှာကို လက်ညှိုးထိုးလိုက်သည်က တစ်ဆက်ဆက်တုန်ရီနေသည်။ဘာစကားမှမပြောနိုင်လောက်ပင် တွေးလိုက်မိတိုင်းဒေါသဖြစ်ရသည်။ပြောစရာစကားများလာသည့်အခါနှုတ်ပိတ်သွားတတ်ဆိုတာ တကယ်မှန်သည်။

မှိုင်း စိတ်ထဲမှာ နာနာကျဉ်းကျဉ်းဆိုချင်နေသည့် စကားများက လွှာ မျက်နှာလေး မြင်လိုက်သည်နှင့်ပျောက်ရှကုန်ရသည်။ ထို့ကြောင့် နေရာမှ အမြန်လှည့်ထွက်လာခဲ့ရတော့သည်။


"ဟား...ဟား..ဟား...ခစ်ခစ်.."


တိမ်လွှာတစ်ယောက် နေရာမှာတင် ဗိုက်နှိပ်ကာ 

ရယ်မောနေခဲ့လေသည်။


သိတာပေါ့ ဦးလေးကြီးရယ် ရှင်တို့လို ရှေးလူကြီးတွေက ထက်မြတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းမမျိုးကိုမှ သဘောကျကြတာလေ...စည်းကမ်းဘောင်တွေနဲ့ အိမ်မှုကိစ္စတွေ နိုင်နင်းတဲ့လူမျိုး ရွေးချယ်ချင်ကြတာမလား...။

လွှာကတော့ လုံးဝဆန်ကျင်ဘက်ပဲ! ရှင် လွှာအနား 

ချဉ်းကပ်မရအောင် နောက်လည်း ဆက်လုပ်နေအုံးမှာပဲ ...ဘာကြောင့်လဲဆိုတော့ လွှာက တစ်ယောက်သော သူအတွက်ပဲ ...လွှာရဲ့ ချစ်ခြင်းမေတ္တာ၊ သည်းခံနိုင်မှု ၊ဂရုစိုက်မှုတွေက သူရိန်ဆိုတဲ့ လွှာရဲ့ နှလုံးသားပိုင်ရှင်အတွက်ပဲ....ရှင့်အတွက်မဟုတ်ဘူး ဦးမှိုင်းညှို့ရှင်

sorry ပါ...။


~~🥂~~


မှိုင်း ၏ ကားလေးက အိမ်ကိုမပြန်ဘဲ ကုမ္ပဏီရှိရာကို ထွက်လာခဲ့လိုက်သည်။ ချစ်စရာကောင်းလွန်းလှတဲ့ တိမ်လွှာ ပုံရိပ်လေးတွေက သူ့မျက်လုံးထဲမှာ စွဲမြဲနေဆဲ။အပြုအမူလေးတွေက တကယ့် ကလေးသာသာ..သူ့ကို မကြည်လို့ တမင်လုပ်နေမှန်း သိပေမယ့် ငြိုငြင်မှုမရှိဘဲ သူမအပြုအမူလေးအတိုင်းငြိမ်ခံနေမိပြန်သည်။သူ့နှလုံးသာသည်လည်း ကျောက်ဆစ်ရုပ်မှမဟုတ်ဘဲ ။ ရင့်ကျက်တဲ့ အရွယ်စုံအမျိုးသမီးတွေနဲ့ မိတ်ဆွေတွေဖြစ်ခဲ့၊ ရင်းနှီးခဲ့ပေမယ့် ဘယ်သူ့ကိုမှ သူ့နှလုံးသားက နေရာမပေးခဲ့သောကြောင့် အခုချိန်ထိ လူပျိုကြီးဘဝနဲ့နေလာခဲ့သည်။ ဒီကလေးသာသာလေးနဲ့တွေ့မှ မခုန်တတ်သည့်နှလုံးသားသည်လည်း ရထားတစ်စင်းလုံးခုတ်မောင်းနေသည့်အလား တုန်လှုပ်နေသည်။


လူတစ်ယောက်ညအိပ်တဲ့အခါစ အိပ်ပျော်တဲ့ အချိန်ကိုအတိအကျ မသိဘူးတဲ့ကိုယ်လည်း မင်းကို ဘယ်အချိန်ကစ , ချစ်မိသွားမှန်း အတိအကျမသိပဲနဲ့ 

တဖြေးဖြေးရုတ်တရက်ချစ်သွားမိတာပါ


မင်းထင်မှာပေါ့ ကိုယ်က ယဉ်ကျေးသိမ်မွေ့ပြီးအိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းကလေးပီသတဲ့ လူမျိုး ရွေးချယ်လိမ့်မယ်လို့ ဒါပေမယ့် အဲ့တာပညတ်ချက်တွေလို့ ကိုယ်ထင်တယ် တကယ်ချစ်မိပြီဆိုရင် မင်းဟာ ဘယ်လိုပုံစံ ဘယ်အလိုအနေအထားပဲ ဖြစ်ဖြစ် လက်ခံယူနိုင်တယ်

မင်းလို ကလေးဆန်တဲ့ ပုံစံလေးက ကိုယ့်အတွက်မရိုးနိုင်တဲ့ ပြကွက်လေးတွေပါပဲ မင်းကို ချစ်တယ်..

အရမ်းချစ်တယ် .....ကိုယ့်နှလုံးသားထဲမှာ မြဲမြံခိုင်ခံတဲ့ အမြစ်များစွာနဲ့ ကုတ်ကပ်တွယ်ညိပြီးပေါက်ရောက်နေတဲ့ အချစ်သစ်ပင်က ဘယ်မိုး၊ဘယ်ရေ၊ဘယ်သဘာဝဒဏ်ကြောင့်မှမပျက်စီးနိုင်တော့ဘူးဆိုတာ 

ကိုယ် အာမခံတယ် ဘေဘီ...။


ဒါကြောင့်ကိုယ်စိတ်ပျက်သွားအောင် မင်းဘယ်လောက်ပဲ ကြိုးစာနေပါစေ ကိုယ့်အတွက်အဖြေကတစ်ခုတည်းပဲ 'မင်းကိုပဲချစ်တယ်' အဟက်! .....


"ကိုယ်စောင့်နေမယ် ဘေဘီ မင်းကိုယ့်ကို တိုက်ခိုက်တာ မောသွားတဲ့အချိန်ထိ ကိုယ်စောင့်မယ်"


>>>>>>>

စာရေးသူ_

သံယောဇဉ်ကြိုး


rate now: