book

Pan Chu Eain

Author

  • Name : Pan Chu Eain
  • Total Books : 1
  • Rating :

ဖုန်းပြောရင်းတစ်စွန်းတစ်စကြားလိုက်ရတဲ့သူ့အကြောင်းလေးကို ထပ်ခါထပ်ခါကြားချင်မိ၍ အကြိမ်ကြိမ်ပြန်မေးရသည့် အဖြစ်က ရယ်စရာကောင်းနေသလား။ ""မတွေ့ဖြစ်ခဲ့ရင်.....""ဆိုတဲ့မှာတမ်းကလေးက အခုချိန်တည်းက အသက်ဝင်သွားခဲ့ပြီ။ "မတွေ့ဖြစ်ခဲ့ရင်...."တဲ့။ရင်မှာစိုးထိတ်ပူပန်မှုက တိုင်းဆမရ။ ဘယ်လိုများပြောထွက်ခဲ့သလဲ သူရယ်။ ပြောသူက ပြောလိုက်ပေမယ့် ခံစားသူက ရင်နှင့်အမျှပါ။ ဒီကမ္ဘာမှာ သူရှိနေတဲ့အသိနဲ့တင် ကိုယ့်ဘဝလုံခြုံချမ်းမြေ့နေတာ သူမသိလေရော့သလား။ တစ်ချိန်မှာပြန်တွေ့ဖို့ မျော်လင့်ချက်ရှိသူအတွက် "မတွေ့ဖြစ်ခဲ့ရင်...."ဆိုတာက အက်စစ်အပြင်းစားတစ်ခုလို နှလုံးသားကိုတိုက်စားဆွေးမြေ့စေတာပါ။ ပို့လိုက်တဲ့ မက်ဆေ့လေးတစ်ကြောင်းအတွက် ပြန်စာမလာတဲ့ ခံစားချက်ကို ကိုယ် ကောင်းကောင်းကြီးနားလည်ခဲ့ပါပြီ။ သူ့အကြောင်းတွေတော့ ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်လို အဖန်ဖန်အခါခါကြားချင်နေမိတာ သူ မသိပါစေနဲ့။ နှင်းတစ်စက်စက်နဲ့ညအလယ်မှာ ရုန်းကန်နေရတဲ့ သူ့အတွက် အနွေးဓာတ်လေးပေးဖို့ လက်ဖက်ရည်တစ်ခွက်လောက်ဖြစ်ဖြစ် ကိုယ် ကမ်းပေးချင်ပါသေးတယ်။ သံယောဇဉ်ကြိုး ☕

Book Thumb Book Details Status Rating Release Date

Name    : ကြွေလွင့်မျက်ရည်

Language : Burmese

21 Chapters

Drama

28 Sep 2022

Page 1 of 1