book

Index 5

အပိုင်း(၅)

ကြွေလွင့်မျက်ရည်


ဧည့်ခန်းထဲမှာ မှိုင်းညှို့ရှင် ဆိုသည့် လူကြီးနှင့် 

စကားပြောနေသောကြောင့် တိမ်လွှာ အပေါ်တက်ကာ ရေချိုးနှင့်လိုက်သည်။မာမီဆီမှ ကြားခဲ့ရသည့် 

ထူးဆန်းသောစကားကို သိချင်လွန်းလှသည်။


"...သမီးအဘွားဆီကအမွေရခဲ့မယ်ဆိုရင်

တော့ အာလုံးအဆင်ပြေသွားမယ် အဲ့ဒါရအောင်

လည်း...."


အမွေကိစ္စတွေကို သူမ ဝင်ရောက်စွက်ဖက်ခြင်းမရှိတာကြောင့် နားမလည်ခဲ့ပါ။ အဘွားဆီမှ ရသင့်ရထိုက်တာကို ရခဲ့ပြီးပြီဆိုတာသိထားသည်။ဒါဆို မာမီက ဘာလို့ အမွေရခဲ့မယ်ဆိုရင် လို့ပြောတာလဲ 

အမွေပြသနာ အရှုပ်ထုပ်တွေရှိနေတာလား ။


ကိုယ်တိုင်က အဆင့်အတန်းမြင့်မြင့်နှင့် 

လူအများကြားတင့်တယ်အောင် နေချင်လာသော

ကြောင့် ထိုကိစ္စကို စိတ်ဝင်စားမိသည်။


ရှိုင်း...


ထိုနာမည်လေး နားထဲစွဲနေမိကာ ရေရွတ်လိုက်တိုင်း အသဲထဲနှလုံးသားထဲမှာ အနွေးလှိုင်းလေး ဖြန်သန်းသွားသည်။နှလုံးသားနုနုမှာတသိမ့်သိမ့်တုန်ခတ်နေ

သည့် အားပြင်းသည့် လှိုင်းငယ်လေးမှာလည်း 

ထိုနာမည်လေး ကြားတိုင်း တုန်ရီလျက်ရှိသည်။


သူမဘဝကိုမျော်လင့်ချက် အလင်းရောင်ပေးခဲ့ပြီး 

သူမနှလုံးသား၏ အရှင်သခင်ဖြစ်သွားသည့် ထိုလူသား... ဘယ်အရပ် ဘယ်ဒေသ ဘယ်သူမှန်း 

မသိခဲ့ပေမယ့်'ရှိုင်း 'ဆိုသည့် နာမ်စားလေးသာ သိခွင့်ရခဲ့သော်လည်း သူမ စိတ်အစဉ်ကို စိုးမိုးလျက်ရှိနေခဲ့

သည်။သူမဘဝအတွက် မျှော်လင့်ချက် 

အလင်းရောင်ရော တောက်ပမှုကိုသာမက နေ့စဉ်နှင့်အမျှသူ့အကြောင်းတွေတွေးကာ လက်လွှတ်ဆုံးရှုံးရမှာစိုးသည့်အတွက် ပူလောင်မှုတွေရှိခဲ့ရသည်။


သူကရော သူမကို သတိရပါ့မလား မှတ်မိပါအုံးမလား တစ်ခါ ပြန်ဆုံတွေ့ခွင့်ရချင်မိပါသည်။သူမကို စိတ်ခံစားမှုမျိုးစုံပေးခဲ့သော ထိုလူသားကို 'သူရိန်' ဆိုသည့် 

နာမ်စားလေး ပေးခဲ့သည်။သူ ခွင့်ပြုချက်ကိုတော့ စိတ်ထဲမှာပဲတိုးတိတ်စွာ ခွင့်တောင်းလိုက်ပါသည်။


မှန်ရှေ့မှာ ထိုင်နေရင်းဖြင့် သူ့အကြောင်းလေးတွေးကာ မျက်နှာထက် အပြုံးက အလိုလိုရောက်လာပြန်သည်။သူ့အကြောင်းလေးတွေးလိုက်တိုင်း တသိမ့်သိမ့်

ကြည်နူးပျော်ရွှင်နေရသည်က အချစ်ပဲလား။


~~~~~


"သမီး"


"လာပါအုံး မာမီ အခုနာက စကားဆက္ပါအုံး"


မှိုင်းပြန်သွားသည်နှင့် တိမ်လွှာအခန်းထဲဝင်လာသည့်

ဒေါ်လရိပ်ကို မေးခွန်းနှင့်အတူ တိမ်လွှာ စီးကြိုနေသည်။


"အဟင်း သမီးက သိချင်တယ်ပေါ့ "


"ဒါပေါ့ မာမီရဲ့ သမီးအခွင့်အရေးကို ရယူနည်းလေး သိချင်တာပေါ့"


ကုတင်ပေါ်ကို အရုပ်ကလေး ယူပြီး ပွေ့ဖက်ထိုင်လိုက်သည်။ ဒေါ်လရိပ်လည်း ကုတင်ဘေးက မှန်တင်ခုံမှာ 

ဝင်ထိုင်ပြီး သမီးကို အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ 


"မာမီ! မာမီသမီးက လှပြီးသား ပြီးမှကြည့်လည်းရ

တယ် အခုပြောပြပါ"


"သမီး ဖွားဖွားက သမီးအတွက်သီးသန့်အမွေပေးခဲ့

တယ် ဒါပေမယ့်...."


အားတက်သရော ပြောနေရင်းမှ တစ်ဖက်လှည့်ကာ

ငေးမှိုင်သွားသောကြောင့် တိမ်လွှာ၏ သိချင်စိတ်က ထိန်းမရတော့ပေ။


"မာမီ ဘာ ဒါပေမဲ့လည်း..."


"သမီးရဲ့ ဦးလေးဂုဏ်ရောင်က သမီးအတွက်ပေးခဲ့တဲ့ အမွေတွေကို အဖြူ့နာမည်နဲ့ စာချုပ်ချုပ်ပြီး ယူလိုက်တယ် ဒါကြောင့် မာမီတို့ ဘာမှမရခဲ့ဘူးသမီးရယ်"


"ဟမ်!"


တိမ်လွှာ အံ့သြခဲ့ရသည်။ ဦးလေးဖြစ်သူက ဒီလို လုပ်လိမ့်မယ်လို့ တွေးထင်မထားခဲ့ပါ။


"မာမီ ဘာလို့ ပျော့ညံ့နေတာလဲ ဒီကိစ္စက ဥပဒေနဲ့ 

အလုပ်လုပ်ရတာ တိုင်လို့ရတယ်လေ"


"အဟွန်း! သမီးရယ် မာမီက သူတို့လုပ်သမျှ 

ငုံ့ခံနေမယ့်သူမှမဟုတ်တာ ဒါပေမယ့် ဂုဏ်ရောင်တို့ accident ဖြစ်ပြီး ဆုံးပါးသွားတော့ မာမီမှာ လုပ်ပိုင်

ခွင့်မရှိဘူးလေ ".


"ဒါဆိုဘယ်လိုလုပ်ကြမလဲ မာမီ"


"အဖြူ အသက်၂၀ပြည့်တဲ့အချိန်ထိ စောင့်ရမှာပေါ့ အဲ့ဒီအချိန်ရောက်မှ မာမီတို့ ပိုင်ဆိုင်မှုကို ပြန်ခွဲယူရမှာ

အဖြူ့ကို မျက်နှာသာပေးလို့မရဘူး ရောင့်တက်လာ

ပြီး သူပဲအပိုင်သိမ်းသွားမှာ စိုးရတယ်"


"ဒါပေမယ့် အဖြူက သနားဖို့ ကောင်းတယ် မာမီ"


ဒေါ်လရိပ် သမီး စကားကြောင့် မဲ့ လိုက်သည်။ အခုလို မျက်ရည်ခံထိုးပြီး အဖြူ့ကို မုန်းအောင်လုပ်နေရင်းက သနားတယ်ဆိုတဲ့ စကားက ပြောနိုင်သေးတယ်။

ဒေါသက ငယ်ထိပ်ရောက်ရချေပြီ။ စိတ်ရှိတိုင်း လုပ်လိုက်ချင်သည့် စိတ်ကို ဖြေထိန်းကာ .....


"သမီး! အဖြူကိုလည်း ဂုဏ်ရောင်တို့က နားဝင်အောင် ပြောထားတာ အဖြူလေး ဒီလောက် စကားတတ်နေတာပဲကြည့်လေ တစ်နေ့ကတောင် မာမီကို ခံပြောသေးတယ် သူက ရတနာမြိုင်ရဲ့ အရှင်သခင်မတဲ့ ဒီထဲက အမွေတွေအားလုံး သူပဲ လိုချင်တာကို ပေါ်လွင်နေတာပဲလေ"


"အဖြူမ လူပုံစံက ဘာမှမသိနားမလည်သလိုနဲ့ အဲ့လိုစိတ်ရှိမယ်ထင်မထားဘူး သမီးကတော့ သူ့ကို ညီမလေးအရင်းတစ်ယောက်လို ချစ်လိုက်တာ ဒင်းက.... တွေ့မယ် ဒီနေ့က စပြီး နင့်ကိုအရှင်မထားဘူး "


ပြောရင်းဖြင့် ဒေါသအလိပ်လိပ်ထွက် တွေ့ကာနှင့် 

ကောက်ပေါက်နေသောကြောင့် အခန်းထဲတွင် 

ခနအတွင်း ရှုပ်ပွခတ်နေတော့သည်။


"သမီးရယ် ဒီလောက်ထိ ဒေါသထွက်မနေပါနဲ့ စိတ်ကို လျော့ထား ဒီကိစ္စက သေးငယ်တဲ့အရာမဟုတ်ဘူး 

လိုချင်တာရှိရင် အရင်ပေးဆပ်ရတယ် လွယ်လွယ်ဆုံး

ဖြတ်ပြီး ချက်ချင်းထလုပ်လို့ရတဲ့အရာလည်း မဟုတ်ဘူး ဒါကြောင့် မာမီနဲ့လက်တွဲပြီး သမီးအတွက် ပိုင်ဆိုင်ခွင့်တွေပြန်ရယူကြမယ်လေနော်"


"ဟုတ်တာပေါ့ မာမီ.... စိတ်ရှည်သည်းခံ ကောင်းကျိုးမှန်တဲ့ ....ဒီကြားထဲ အဖြူရောင်ကြိုးဆိုတဲ့ မိန်းမ သတိသာထားနေတော့ "


စကားအဆုံးမှာလောဘရမ္မက်ကြီးစိုးသော မျက်ဝန်းများနှင့် နီသွေးသွေးနှုတ်ခမ်းလေး လှပစွာ မဲ့ချလိုက်

သည်။


~~~~~~🌿~~~~~~


နံရံထက်က မိသားစုဓာတ်ပုံကို မမှိတ်မသုန် ကြည့်နေ

ရင်းမှသက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။ 

ကစားကွင်း မီးလောင်မှုသည် အမှန်တကယ်သာဖြစ်

ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများ စာရင်းများကို အတိအကျချပြခဲ့သည်။ထို့နောက် ထိုနေ့က cctv မှတ်တမ်းအရ ဒေါ်လရိပ်တို့နှင့်အတူအဖြူ တို့ ကစားကွင်းကို ရောက်ရှိနေသည်က သက်သေခံနေပြန်သည်။

သို့နှင့်ပဲအဖြူလေး သေဆုံးမှုကို လက်မခံချင်ပဲ လက်ခံခဲ့ရသည်။


နောက်တစ်ကြိမ် ဓာတ်ပုံကို သေချာပြန်ကြည့်ပြီး 

အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။အပေါ်ထပ်က 

အခန်းများအားလုံးကို လုံးဝအသုံးပြုခြင်းမရှိဘဲထားခဲ့သည်။ နေ့စဉ်နှင်အမျှ သန့်ရှင်းရေး လုပ်နေသော

ကြောင့် 'သဇင်လှိုင်းခတ်' ရှိစဉ်ကလိုပင် 

သန့်ရှင်းတောက်ပြောင်နေသည်။


အခုဆို ဒီအိမ်ကြီးမှာ သူမသာ အကြီးဆုံးဖြစ်ပြီး အရာအားလုံးကို ဦးဆောင် လုပ်ကိုင်နေရသည်။ကုမ္ပဏီနှင့် 

ခြံလုပ်ငန်းများကိုတော့ လင်းသွေးအကူအညီဖြင့်

ရှိုင်းဝဠာ တွဲဖက်လုပ်ကိုင်နေသည်။ဒီမိသားစုသည်

လည်း သူမ မိသားစုပင်မဟုတ်လား။သူတို့မရှိတော့ပေမယ့် အတူရှိစဉ်ကလို သစ္စာစောင့်သိကာ 

မေတ္တာတရားကြီးမားစွာနှင့် ထိန်းသိမ်းစောင့်ရှောက်

နေခဲ့သည်။မျှော်လင့်ချက်တစ်ခုကြောင့်ဆိုလျှင် 

ပိုမှန်ပေလိမ့်မည်။


သူမစိတ်ထဲ အဖြူလေး သက်ရှိထင်ရှား ရှိနေအုံးမည်ဆိုတာ ယုံကြည်နေမိသောကြောင့်ပင်။ထိုကြောင့် သူမအတွက် ဒီအိမ်ကြီးမှာပဲဆက်လက်ရှင်သန်ကာ 

စောင့်ကြိုနေမိသည်။


"ကြီးမြ. နေမကောင်းဘူးလား"


"ကောင်းပါတယ် သားရယ်"


အောက်ထပ်ကိုဆင်းလာရင်း လှေကားဆုံးမှာရပ်တန့်

ငေးမောနေသည်မှာ မည်မှပင်ကြာသွားသည်

မသိလိုက် ရှိုင်း အလုပ်က ပြန်လာပြီး သူမကို 

မေးလိုက်မှ လက်ရှိအခြေအနေကို ပြန် သတိရ 

ရသည်။


"သား အလုပ်တွေအဆင်ပြေရဲ့လား"


ဧည့်ခန်းမှာ ထိုင်ရင်း စာရွက်တစ်ချို့ ထုတ်ကာ 

အလုပ်ရှုပ်နေသည့် သူ နှင့် မျက်နှာချင်းဆိုင်တွင်ဝင်

ထိုင်လိုက်သည်။


"ဟုတ်ကဲ့ အဆင်ပြေပါတယ် အန်ကယ်သွေး

ကလည်း ကျွန်တော့်ကို စိတ်ရှည်လက်ရှည်သင်ပြတယ်"


"ဒါနဲ့ ကုမ္ပဏီကို တိမ်တိုက် လာသေးလား"


"ကျွန်တော် ကြီးမြကို ဒီကိစ္စမပြောဖြစ်ဘူး ဦးမိုးတိမ်တိုက်က ပြသနာ ဖြစ်လို့ အလုပ်ထုတ်လိုက်တာ 

တစ်လ လောက်ရှိနေပြီဗျ "


"ပြသနာဖြစ်လို့!"


စာရွက်တွေနှင့် အလုပ်ရှုပ်နေရင်းမှ မော့ကြည့်မလာပဲ ပြောပြနေပြီးမှ အံ့သြစွာ မေးလာသည့် ကြီးမြ ၏ အသံက မူမမှန်တာကြောင့် မော့ကြည့်လိုက်သည်။

ပြီးမှ လက်ထဲက စာရင်းများကို ပြန်အာရုံစိုက်လိုက်သည်။


"ဟုတ်တယ် ကြီးကြီး နှစ်ချုပ်စာရင်းတွေ အလွှဲအမှားတွေ ဖြစ်ပြီး သူတာဝန်ယူတဲ့ အလုပ်ကို တာဝန်မခံတာကြောင့် ကျွန်တော်နဲ့ ထိပ်တိုက်တွေ့သွားတာ "


ရှယ်ယာတွေကို တစ်ဖက်လှည့်နဲ့ ပြန်ရောင်းစားနေ

သည်ကိုတော့ သူ မပြောပြလိုက်ပါ။ ကိုယ့်အပူနှင့်ကို ရှိနေသည်ကို ထပ်ပြီးအပူမဆင့်စေလိုသောကြောင့် 

ထိန်ချန်ထားလိုက်သည်။ဒါလည်း ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့အလုပ်ကိစ္စလေ။


"အဲ့ဒီနောက်တည်းက မလာတော့တာလား သူ ဘယ်မှာနေလဲ သိရလား"


"သူကတော့ အရင်ကတည်းက ကုမ္ပဏီမှာ အလုပ်ဝင်ထားတာမို့ အရင် လိပ်စာအတိုင်းပဲ ရှိနေတာ ထပ်ပြီးလည်း မေးမရဘူး ကျွန်တော် စုံစမ်းကြည့်သေးတယ် တစ်ခါ တစ်ခါဆို Hotel မှာ တည်း တတ်တယ် ဒီမြို့နဲ့ ဝေးတစ်နေရာက လာခဲ့ပုံပဲ"


စာရင်းဇယားများ တွက်ချက်ရင်းဖြင့် စိတ်ရှည်

လက်ရှည် ပြောပြနေတော့လည်း အားနာလာရသည်။

ဒီကလေးက တခြားသူပေါ်ဆို လုံးဝစိတ်မရှည်တတ်

မှန်းသူမသိသည်။သို့သော် သူမအပေါ်တော့ မိဘရင်းသဖွယ် ရိုကျိုစွာ ဆက်ဆံပြောဆိုတတ်သည်။ 


"သား ခန နားပြီးမှ ဆက်လုပ်ပါလား အပြင်ကလည်း ပမ်းလာတာပဲ ရေမိုးချိုးပြီး ခနလေး နားလိုက် ကြီးမြ ထမင်းခူးပေးထားမယ်"


"ကြီးမြစေတနာ ကျွန်တော်နားလည်ပါတယ် 

ဒါပေမယ့် ဒီကိစ္စလေး အရင်ဖြတ်ရမယ် မနက်ဖြန် မန္တလေးကို ခရီးထွက်ရအုံးမယ် တစ်ပတ်လောက်ကြာလိမ့်မယ်ထင်တယ်ဗျ ဒီတစ်ခါ အန်ကယ်သွေးလည်း 

မပါတော့ ကျွန်တော်ပဲဦးစီးရမှာ"


"ဟူး......."


မန္တလေးမှာ ကုမ္ပဏီခွဲတွေရှိနေတာကြောင့် 

အိမ်ဦးနှင့်ကြမ်းပြင်လို အမြဲကူးသန်းသွားလာနေရ

သည်။လင်းသွေးနှင့်အတူ သွားနေတာကြောင့် 

စိတ်ချပေမယ့် ဒီတစ်ခါ တစ်ယောက်တည်းသွားရမည်းကိုတော့ စိတ်မချနိုင်ပေ။ဒီကလေးက သူမ 

မိသားစုဖြစ်နေပြီ။


"သားရယ် အဖော်ခေါ်သွားပါလား သားတစ်ယောက်တည်း ကြီးမြ စိတ်မချဘူး ကိုမင်းကိုတော့ ခေါ်သွားပါသားရယ်"


"အဟွန်း.. ကျွန်တော်က အဆင်ပြေပါတယ်ဗျာ

ကြီးကြီး စိတ်ချမ်းသာအောင် ခေါ်သွားဆိုလည်း ခေါ်သွားမယ် နောက်ပြီး ကြီးမြ ကျွန်တော်မရှိတုန်း ကိုယ့်ကိုယ်ကို ဂရုစိုက် ရေချိုးမမှားစေနဲ့ အိမ်အလုပ်တွေ

လည်း တအားကြီးလုပ်မနေနဲ့နော်....ကြီးမြသက်သာ

အောင်နောက်တစ်ယောက်ထပ်ခေါ်ပေးရအုံးမယ်"


"အမလေး မလုပ်ပါနဲ့ သားရယ် ကြီးမြ အဆင်ပြေ

တယ် ဘာမှအပမ်းကြီးတာ မဟုတ်ဘူး လူတိုင်က ယုံရတာ မဟုတ်ဘူး သားရယ် အပိုတွေ မလုပ်နဲ့"


အလန့်တကြား လက်ကာပြကာ ငြင်းဆန်နေ

သောကြောင့် သူ မသိမသာ ပြုံးမိရသည်။ပြသနာတွေ

ဖြစ်ပြီးနောက်ပိုင်းမှာ အိမ်မှာ ဒရိုင်ဘာ ဦးမင်းရယ် 

ကြီးမြ ရယ် သူရယ် သုံးယောက်သာ ရှိနေခဲ့သည်။

အရင်က ပြန်လွှတ်လိုက်တဲ့ သူတွေကိုလည်း ပြန်ခေါ်ယူခြင်းမရှိတော့ပဲ သုံးယောက်သား အေးချမ်းစွာပဲ နေလာခဲ့ကြသည်။


လူတွေက ယုံရတာမဟုတ်ဘူး ဆိုတဲ့ ကြီးမြစကား

ကိုတော့ ထပ်ခါတလေကြားနေခဲ့ရသည်။


~~~~~💦


"ရှင် ဘယ်ခြေလှမ်းတွေ လှမ်းနေတာလဲ "


အခန်းထဲမှာ စီးကရက်တစ်လိပ်ကို စိန်ပြေနပြေ ရှိုက်ဖွာနေစဉ် လရိပ်၏ အလိုမကျသည့်လေသံက တိတ်ဆိတ်နေသော အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


"တိုးတိုးလုပ်ပါ သမီး ရိပ်မိနေမယ်"


"ဒီမှာ! ကုမ္ပဏီ ကို မသွားတာ ဘယ်လောက်ကြာပြီလဲ"


"မကြာသေးပါဘူး တစ်လလောက်ပေါ့"


"ဘာ! ရှင် ဘာတွေလုပ်နေတာလဲ ကျွန်မစီစဉ်သမျှ ဘာတစ်ခုမှ လွဲချော်လို့ မဖြစ်ဘူး အဖြစ်လည်း မခံနိုင်ဘူး "


"ဘာမှမလွဲချော်ဘူး စိတ်ချနေ ကုမ္ပဏီက ရှယ်ယာ

တွေ တစ်ဖက်လှည့်နဲ့ ဝယ်ထားပြီးပြီ အာလုံး 

အဆင်ပြေတယ်"


ထိုတော့မှစိတ်အေးသွားဟန်ဖြင့် မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဝင်ထိုင်ရင်း စားပွဲပေါ်က စီးကရက်ဘူးထဲမှ တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ခြေထောက်ချင်းချိတ်ကာ ထိုင်လိုက်သည်။


"ရှင့်မျက်နှာ ဘာဖြစ်နေတာလဲ အဲ့ဒီက ကုမ္ပဏီ 

အခြေအနေဘယ်လိုရှိလဲ"


"ပုံမှန်ပါပဲ"


ရှယ်ယာဝင်အများဖြစ်ပြီး အာဏာကြီးမားသည့် 

ဦးလင်းသွေးဆီမှ ရှယ်ယာများ မဝယ်နိုင်ခဲ့သော

ကြောင့် မတင်မကျဖြစ်နေသည့် စိတ်ကမျက်နှာမှာပေါ်လွင်နေသည်လား...ဒေါ်လရိပ် ချက်ချင်းအကဲခတ်နိုင်သည်။


"ဘာကို ပုံမှန်တာလဲ အခုဆို ဖရိုဖရဲဖြစ်ပြီး အားလုံး 

ဒေဝါလီခံရမယ့် အခြေအနေလေ"


စီးကရက်ပင် အေးဆေးစွာမသောက်နိုင်ပဲ ငြိမ်အေးသွားသည့်စိတ်က တစ်ဖန်ထကြွပူလောင်ရပြန်သည်။ကိုယ်တိုင်မလုပ်သည့် ဘယ်အခြေအနေမဆို စိတ်ချလို့မရ။လက်လွှတ်ရသည်ကိုပင်မရှိခဲ့။


"လင်းသွေးကို စည်းရုံးနိုင်ဖို့ ခက်ခဲလိမ့်မယ် "


"ဟွန့်"


ဒေါ်လရိပ်၏နီရဲသောနှုတ်ခမ်းတစ်စုံဟာ တစ်ဖက်ကိုမဲ့ကျသွားသည်။ ထင်ပါတယ်... လင်းသွေးဆိုတာ 

ဂုဏ်ရောင်နဲ့ သွေးသောက်ညီအကိုလို... လွယ်လွယ်

စည်းရုံးလိုမရဘူးဆိုတာ သိထားပါတယ်။


"ဒါဖြင့် ကုမ္ပဏီက အေးဆေးနေဆဲပေါ့"


"ဟုတ်တယ် ရှိုင်းဝဠာက ထက်မြတ်ပြီး ဉာဏ်ကောင်းတယ် သူရှိနေလို့လည်း လွယ်လွယ်နဲ့ လှုပ်ရှားမရခဲ့တာ အချိန်တွေကျန့်ကြာကုန်ရတာပဲ"


"ရှိုင်းဝဠာ!"


"ဘယ်သူလို့ထင်လဲ ကုမ္ပဏီကိုတောင် အပိုင်စိုးထား

တယ်ဆိုတော့"


သူမ သံယောင်လိုက်ပြောလိုက်တော့ မျက်ခုံးပင့်ကာ 

မေးလာသည့် မေးခွန်းကို ခေါင်းခါပြလိုက်လေသည်။


"အဟက်!"


ဦးမိုးတိမ်တိုက်၏ ခြောက်ကပ်ကပ်ရယ်သံကြောင့် သူမ မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ထိုနာစား ကြားရတည်းက အန္တရာယ်အငွေ့အသက်ပင်ရနေပြီ။


"မင်းရဲ့လမ်းမှာ ဆူးညောင့်ဖြစ်မလာအောင် ရှင်းပစ်ခဲ့တဲ့ ဦးသိုက်ထွန်းရဲ့သား ရှိုင်းဝဠာထွဋ်"


"ကျွန်မလမ်းမှာ ရှုတ်သမျှ ဆူးညှောင့်ခလုတ် ကို 

သေးသေးကြီးကြီး ရှင်းပစ်ရမှာပဲ လမ်းခရီးဖြောင့်ဖြူးချောမွေ့ဖို့ အမှိုက်တစ်စကို မရှိရဘူး"


"သူ့ကို လျော့တွက်မရဘူး သူက ဒီကိစ္စ မှာ ရှင်းရအခက်ဆုံး လူတစ်ယောက်ပဲ "


"သေချာလှချည်လား...ကျွန်မအထင်တော့သူက 

သာမာန်ယုန်ငယ်တစ်ယောင်ပါ အန္တရာယ်ရှိမှန်းသိရက်နဲ့ မုဆိုးပိုက်ကွန်ထဲ တိုးဝင်လာမှတော့ အသက်ရှင်လျက်ပြန်ထွက်ဖို့ဆိုတာ မရှိနိုင်ဘူးလေ"


"သတိထားရမယ် အကောင်သေးတိုင်း အထင်သေးလို့မရဘူး..... သူ့အတွက် လက်ဆောင်ကောင်းတစ်ခု 

ရှိတယ်လုံးဝ surprised ဖြစ်သွားစေရမယ် ဟား..ဟား... "


"ရှင် ဘာတွေစီစဉ်ထားတာလဲ"


"ရန်သူကိုရင်ဆိုင်ဖို့ လက်နက်မလိုဘူး ဉာဏ်ကူရုံလေးပဲ လိုချင်တာရဖို့ နဲနဲတော့ ရင်းနှီးရမှာပေါ့"


~~~~~~~~💦


ထမင်းစားပြီး ခြံထဲမှ ခုံတန်းလေးတွင် ထိုင်မိပြန်တော့ တသိမ့်သိမ့်တိုးဝင်လာသော လွမ်းဆွတ်မှုလေးက 

လှိုင်းခတ်ပြန်သည်။


"ကိုယ့်ရဲ့ ဘုရင်မလေး အေးချမ်းတဲ့နေရာကိုလွတ်လပ်စွာပျံသန်းထွက်ခွာသွားပြီ မင်းက ကိုယ့်အတွက် လမ်းပြကြယ် တစ်ပွင့်ပါ မင်းပြောခဲ့တဲ့ စကားလေးတွေ မင်းခံယူချက်တွေက မင်းရဲ့ စိတ်ရင်းကို ပေါ်လွင်စေတယ် မင်းအိပ်မက်တွေကို ကိုယ် အကောင်အထည်ဖော်ပေးပါမယ်နော် မင်းလေးပျော်နိုင်မှာပါ ကလေးလေးရယ် မင်းပုံရိပ်လေးတွေက ကိုယ့်အတွက် ခနတာတွေ့ဆုံမှုဆိုပေမယ့် အမြဲအမှတ်ရနေမှာပါ"


သူ့ခေါင်းထဲအတွေးလေးတစ်ခု ဝင်လာပြီး အခန်းထဲ

ပြန်ဝင်လာကာ laptop ကို ပြန်ဖွင့်ရင်း စိတ်ကူးရှိ

သမျှ ထုတ်ဖော်ကာ structure ပုံကြမ်းကို 

အသေးစိတ်ရေးဆွဲလိုက်သည်။ထို့နောက်Interior design နဲ့ Exterior design တို့ အားလုံးကို ညတွင်းချင်းပဲ ရေးဆွဲလိုက်လိုက်သည်။ နာရီအနည်းငယ်

အကြာမှာ သပ်ရပ်လှပသော design ပုံတစ်ခု ရလာသည်။အသုံးပြုရမည့် ပစ္စည်း စာရင်းများကို စီစစ်ကာခန့်မှန်းကုန်ကျမည့်ငွေကို တွက်ချက်ပြီးနောက် 

ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။


"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသည်"


"ကျစ် ! အစောကြီး...ဟင်!"


အလိုမကျစွာ စုပ်သပ်လိုက်ရင်းမှ ဖုန်း screen ပေါ်မှ 

ပြနေသော ဂဏန်းများက မယုံချင်စရာ။


3း 05 am


" ဒီအချိန်ရှိသွားပြီလား "


အလုပ်ထဲမှာ အာရုံဝင်စားသွားသောကြောင့် ဒီစားပွဲမှာထိုင်နေသည်ကိုပင် ခနလေးပဲဟု တွေးကာ စက်ပိတ်ထားသည့် ဖုန်းပိုင်ရှင်ကိုပင် စိတ်တိုမိခဲ့သည်။


အဟက်!


ကိုယ့်အဖြစ်ကို ပြန်သုံးသပ်ကြည့်မှ ကိုယ့်ကိုယ်ကိုပင် ဟာသဖြစ်ရသည်။

အလုပ်ပြီးပြီဆိုမှ အိပ်ချင်လာသလိုရှိကာ ရေချိုးခန်းထဲဝင်ပြီးကိုယ်လက်သန့်စင်ပြီး ရေချိုးလိုက်သည်။

မိုးလင်းရင် ခရီးထွက်စရာလည်း ရှိသေးသောကြောင့် 

အိပ်ရတော့မည်မထင်ပါ။


ရေချိုးပြီး ရှပ်အင်္ကျီလေးကို ဝတ်ကာမခြောက်သေးသည့် ဆံပင်တွေကို ထိုးဖွရင်း စားပွဲပေါ် တင်ထား

သည့် အရုပ်ကလေးကို ကိုင်ကာ ကုတင်စွန်းမှာ 

ဝင်ထိုင်ရင်း မမှိတ်တမ်း စိုက်ကြည့်နေမိသည်။


>>>>>>


စာရေးသူ_

သံယောဇဉ်ကြိုး


rate now: