book

Index 3

အပိုင်း(၃)

ကြွေလွင့်မျက်ရည်


"သမီး ပြောရမှာတော့ စိတ်မကောင်းပါဘူးကွယ် သမီးမိဘတွေက ကားမှောက်ပြီးဆုံးပါးသွားခဲ့ပြီ ဒါ့ကြောင့် အန်တီတို့က သမီးကို အတူခေါ်လာတာပေါ့ "


"ဟင် မဟုတ်ဘူး အဖြူ့မိဘတွေ မသေသေးဘူး 

ဟင့်အင် အဖြူ့ကိုမလိမ်ပါနဲ့ အဖြူက လိမ်တာ မုန်းတယ် ဒါ အမှန်မဟုတ်ဘူး"


"သမီး လက်မခံနိုင်မှန်း သိပါတယ် ဒါက အမှန်တရားပဲသမီး အန်တီကိုယ်တိုင် သမီးမိဘတွေရဲ့ စျာပနာ

အခမ်းအနားကို သွားခဲ့တာ.... သမီး ...အန်တီကို 

သေချာကြည့် သမီးကို ဘယ်တုန်းလိမ်ခဲ့ဖူးလဲ 

သမီးဖေဖေရော အန်တီရောက အမှန်တရားကို 

မြတ်နိုးသူတွေပါ သမီး ဒါကို သိရက်နဲ့ အန်တီကို 

မယုံသင်္ကာ ဖြစ်နေတာလား"


".........."


အဖြူ ဘာမှမပြောနိုင်ခဲ့ပါ။အဖြူသိသလောက် အန်တီလရိပ်က အဖြူ့အပေါ် ဘယ်တုန်းကမှ မလိမ်ညာခဲ့ဖူးပေ။ ဒါဆို.. ဒါက အမှန်တရားပေါ့...မယုံရဲသေးဘူး အဖြူ့မိဘတွေဆုံးပါးသွားတာ အဖြူ ဘယ်လို လက်ခံနိုင်ရမလဲ.... အဖြူ့မှာ မိဘတွေမရှိတော့ဘူးဆိုသည့် အတွေးတွေက နှိပ်စက်လှသည်။လက်မခံချင်ဘူး ဟင့်အင် အဖြူ လက်မခံပါရစေနဲ့ ပါးနဲ့မား အဖြူ့ကို

တစ်ယောက်တည်း ထားခဲ့ပြီလား အဖြူ ဘယ်လိုရှေ့ဆက်ရမလဲ...


"သမီး လက်မခံနိုင်သေးမှန်း အန်တီသိပါတယ် အန်တီလည်း စိတ်မကောင်ပါဘူး တူမလေးမှ အခုလို အဖြစ်ဆိုးကြီး ကြုံတွေ့ရတယ်လို့"


"ပါးနဲ့မား ကို တွေ့ချင်တယ် အဖြူ့ကို လိုက်ပို့ပေးပါ"


"သမီး သမီးရဲ့ပါးနဲ့မားက တမလွန်ရောက်သွားပြီလေ ဘယ်လိုတွေ့ ရ မှာလဲ"


ဦးမိုးတိမ်တိုက် စိတ်မရှည်လာကာ လေသံကျယ်ကာပြောလိုက်သည်။


"အဖြူ့ မိဘတွေရဲ့ အုတ်ဂူလေးဖြစ်ဖြစ် အရိုးပြာ

လေး ဖြစ်ဖြစ် အဖြူတွေ့ချင်တယ် ပါးပါးနဲ့မားမားတို့ရဲ့နောက်ဆုံး ခရီးလေးမှာ အဖြူရှိခွင့်မရခဲ့ဘူး 

အဖြူ့ကို လိုက်ပို့ပါနော်"


လက်အုပ်ချီကာ ဒူးထောက်ချလိုက်ပြီး မျက်ရည်အရွှဲသားနှင့်တောင်းပန်တိုးလျိုးနေတော့လည်း သွေးသားစပ်သည့် ဒေါ်လရိပ်ရောင် မကြည့်ရက်နိုင်တော့ပေ။

၁၀နှစ်သာသာရှိသေးသည့် ကလေးက လူကြီးစကား

ပြောလာတော့ ဦးမိုးတိမ်တိုက် မျက်စောင်းက

အဖြူ့ဆီကို အလိုမကျမှုများစွာဖြင့် ကျရောက်လာ

သည်။


"အေးပါ အန်တီလိုက်ပို့မယ် ပြီးရင် သမီးက အန်တီတို့သမီးအဖြစ်လက်ခံရမယ်နော်"


"ဟုတ်ကဲ့အန်တီ သမီးမှာ ဆွေမျိုးသားချင်းက အန်တီတစ်ယောက်ပဲရှိတာပါ သမီး လက်ခံပါ့မယ် နောက်ပြီး ကြီးကြီးမြတို့ရော..."


"အော်...သူ့ကိုတော့ ရွာပြန်ခိုင်းလိုက်တယ် သမီးရဲ့

တာဝန်တွေကို အန်တီယူနိုင်ပါတယ်လို့ ပြောလိုက်

တော့ သူလည်း စိတ်ချပြီး ပြန်သွားတာပဲကွယ်"


"ဟင့်...ဟင့်...."


တသွင်သွင် စီးကျလာသည့် မျက်ရည်တွေကို 

သုတ်လိုက်နှင့် အလုပ်ရှုပ်နေသော အဖြူ့ကို ဦးမိုးတိမ်တိုက် ဘုကြည့်ကြည့်နေသည်။တိမ်လွှာလည်း 

အဖြူ့အတွက် စိတ်မကောင်းခြင်းကြီးစွာနှင့် 

မျက်ရည်များပါ စီးကျနေတော့သည်။


~~~~~~


"မင်း ဘယ်လို လုပ်လိုက်တာလဲ လရိပ် ဒီကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ဘူး"


ဒေါ်လရိပ် အခန်းထဲကို ရှေ့က ဝင်လာခဲ့ပြီး 

စကားပြောရင်း လိုက်လာသည့် ဦးမိုးတိမ်တိုက်အခန်းထဲ ပြန်ရောက်ရောက်ချင်း ပေါက်ကွဲတော့သည်။ 

တည်ငြိမ်အေးဆေးတဲ့ အကြည့်နှင့်ပြန်ကြည့်ရင်း 

မပြုံးမရယ် နှုတ်ခမ်းတစ်စုံထွက်ကျလာသည့် စကားတစ်ခွန်းက ...


"ကျွန်မသိတယ်"


ပြတင်းပေါက်နားက ထိုင်ခုံမှာ ခြေထောက်နှစ်ချောင်း

ချိတ်ထိုင်ပြီး ဆေးလိပ်ကို မီးညှိကာ ရှိုက်ဖွာလိုက်

သည်။


"မင်း သိရက်နဲ့ ဘာလို့ လိုက်ပို့ပါမယ်လို့ ကတိပေး

လိုက်တာလဲ"


တစ်ဖက်လှည့်ကာ မီးခိုးငွေ့များကို ဖြေးညင်းစွာမှုတ်ထုတ်လိုက်ပြီး ခင်ပွန်းဖြစ်သူဘက် လှည့်ကြည့်လာ

သည်။


"ကျွန်မတို့ဘက်က အရာအားလုံးကို ပိရိသေသပ်နေရမယ် ဘယ်သူမှ သံသယဝင်ခံလို့မဖြစ်ဘူး"


"ဒါပေမယ့် သူ့ကို ဘယ်လိုပို့မှာလဲ လွယ်မယ်များထင်နေလား"


"ကျွန်မအဲ့လောက်မတုံးသေးဘူး ဒီကိစ္စက မလွယ်မှန်းသိတယ် "


"ဒါနဲ့များ...."


"ဖြစ်အောင်လုပ်ပေးရမှာပေါ့ ဒီကိစ္စတွေကို ကျွန်မပဲ

ဦးဆောင်လုပ်လာလို့ ဒီအဆင့်ထိရောက်လာတာနော် 

ရှင်က ကျွန်မဇာတ်ကွက်တိုင်း လိုက်ကနေရုံပဲ သိပ်ပြီးဝင်မစွက်ဖက်ပါနဲ့"


"........"


ဦးမိုးတိမ်တိုက်ဒေါသဖြစ်သွားမည်ဆိုတာသိသည်။ဘာမှဆက်မပြောတော့ဘဲ တံခါးကို အသံမြည်အောင်ပိတ်ကာ အခန်းထဲက ထွက်သွားတော့သည်။

ကျယ်လောင်စွာ ထွက်ပေါ်လာသည့် တံခါးပိတ်သံ 

အဆုံးမှာ အခန်းထဲမှာတိတ်ဆိတ်နေတော့သည်။


~~~~💦


"သားရှိုင်း.... ရှိုင်းဝဠာ"


အပြင်က ပြန်လာသည့် ဒေါ်အေးမြ ဧည့်ခန်းစားပွဲပေါ်က ပန်အိုးလေးကို မြင်သွားကာ တုန်လှုပ်စွာပဲ 

အော်ခေါ်နေတော့သည်။


"ကြီးမြ...ကြီးမြ ဘာဖြစ်လို့လဲ အသံတွေတောင်တုန်

နေပါလား"


"ဒီပန်းတွေ...ဒီပန်းတွေက....."


တုန်တုန်ရီရီနှင့် လက်ညှိုးထိုကာ...ချက်ချင်း ပဲ ပန်အိုးကို ယူပြီး အပြင်ထွက်သွားသည်။ရှိုင်းလည်း 

နားမလည်နိုင်စွာဖြင့် သိချင်စိတ်ပြင်းပြနေသော

ကြောင့်နောက်မှလိုက်သွားလိုက်သည်။

နောက်ဘေးက အမှိုက်အိတ်ထဲမှာ ပန်းအိုးပါထည့်

ပစ်ပြီး အပေါ်မှ သစ်ရွက်ခြောက်များနှင့် ဖုံးလိုက်

သည်။နှင်းဆီပန်းလှလှလေးများ ရစရာမရှိအောင် 

ကြေမွနေလေသည်။လူတကာမြတ်နိုးသည့် နှင်းဆီပန်းကိုမှ အထိန့်တလန့်နှင့် ကြောက်လန့်တကြားမလိုလားသည့်ဟန်ဖြင့် ဖျက်ဆီးပစ်နေသည်ကို 

ရှိုင်းတစ်ယောက် အဖြေရှာရခက်နေသည်။


"ကြီးမြ ဘာဖြစ်လို့လဲ"


"ဟင်း........!"


ကြီးမြ၏ သက်ပြင်းမောကြီးက သူ့ရင်ထဲပါ စိုးရိမ်ပူပန်မှုတို့ ဝင်ရောက်လာသည်။ခုံတန်းလေးစီနှစ်ယောက်သားယှဉ်လျှောက်သွားရင်း ဘေးချင်းကပ်ထိုင်လိုက်သည်။ကြီးမြမျက်နှာမှာ စိတ်မကောင်းခြင်းသာ ကြီးစိုးနေလေသည်။


"သမီးလေးပူတူးကနှင်းဆီရဲ့အနံ့ကိုမခံနိုင်ဘူး ...ဘုရားပန်းတင်လို့ မရဘူးအလှအိုးထိုးလို့မရဘူးတစ်ဖက်ခြံက နှင်းဆီခင်းက လေအဝေ့မှာ ပါလာရင်တောင် 

မခံနိုင်ဘူး တစ်ခါက တစ်ဖက်ခြံက ကောင်မလေးက သဇင်အတွက် လာပေးတာ...ပူတူးလေးကြောင့် 

ချက်ချင်းစွန့်ပစ်လိုက်တာတောင် စွဲကျန်နေတဲ့အနံ့ကိုပါ မခံနိုင်တာ...ဒီအနံ့ရရင် မူးမေ့လဲတတ်တယ် "


"အဲ့လောက်တောင်ပဲလား ကြီးမြ "


"ဟုတ်တယ်သား ဒါက မွေးရာပါပဲ"


"အဖြူက အမြဲထူးဆန်းတယ်နော်"


"အဟင်း...သား ပူတူးနဲ့ အတူရှိတာကြာလာရင် ပူတူးအကြောင်းတွေနားလည်လာမှာပါ"


"........"


ခြံထဲဝင်လာသော ကားနက်လေးတစ်စီးကြောင့် 

စကားပြတ်သွားပြီး အိမ်ဆီသို့ ခြေလှမ်းလာခဲ့ကြ

သည်။


"ဦးလင်းသွေး လာပါရှင် ကြွပါ"


"ဟုတ်ကဲ့ "


လင်းသွေးကိုလေးစားသမှုဖြင့်သား ဦးတပ်ခေါ်သော်လည်း အသက်သုံးဆယ် ဝန်းကျင်သာ ရှိအုံးမယ်ထင်သည်။ ဦးနေဂုဏ်ရောင်၏ ငယ်သူငယ်ချင်းလည်း ဖြစ်သည်။


သုံယောက်သား အိမ်ထဲဝင်လာပြီး ဧည့်ခန်းမှာ 

ထိုင်စေကာ ဒေါ်အေးမြ. မီးဖိုးခန်းထဲဝင်သွားပြီး 

အအေးဖျော်လာခဲ့သည်။အရှုတ်အထွေးများကြား 

တခြားအိမ်အကူများကို ပြန်လွှတ်လိုက်တာကြောင့်

ဒေါ်အေးမြ ကိုယ်တိုင်ပဲ ထလုပ်ရသည်။


"သုံးဆောင်ပါအုံးရှင်"


"ကျွန်တော် လာရင်းကိစ္စက MD ဦးနေဂုဏ်ရောင်ရဲ့ 

နောက်ဆုံးခရီးမတိုင်ခင်က ပြောကြားသွားခဲ့ ဟောဒီက ရှိုင်းဝဠာဆိုတဲ့ လူငယ်ကိုလုပ်ငန်းသဘောကို 

သင်ပေးစေချင်ခဲ့တယ် ဒါကြောင့် ကျွန်တော်ကပဲ သူ့ကို သင်ပေးပါ့မယ် ခင်များလည်း ဒီအိမ်မှာ 

ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှိနေမယ်လို ယုံကြည်လို့ 

အကြီးအကဲတစ်ယောက်ကို လာရောက်ခွင့်တောင်းတာပါ ဒေါ်အေးမြနဲ့ ရှိုင်းဝဠာထွဋ်က ဦးနေဂုဏ်ရောင်ရဲ့ မိသားစု အဖြစ်အားလုံး သိထားကြသလို 

ဦးနေဂုဏ်ရောင်ကလည်း မိသားစုဝင်အဖြစ် 

ထည့်သွင်းထားပါတယ်"


"......"


ဆွေးရီငေးမှိုင်နေသည့် မျက်ဝန်းတစ်စုံက နံရံထက်က ဦးနေဂုဏ်ရောင်တို့၏ ဓာတ်ပုံဆီ မခွာတန်းစိုက်ကြည့်နေသည်။


"ကျွန်တော့်ကို ယုံကြည်လို့ရပါတယ် ကျွန်တော်က MDပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး MDရှိစဉ်တည်းက အတူလက်တွဲပြီး ပြသနာအားလုံးကို ရင်ဆိုင်ဖြေရှင်းလာကြတာပါ "


"ဟုတ်ကဲ့ ကျွန်မစောင့်ကြည့်ပါ့မယ်"


"ရပါတယ်ဗျ စောင့်ကြည့်လို့ရပါတယ် ရှိုင်းကိုလည်း ကျွန်တော် ဂရုစိုက်သင်ကြားပေးပါ့မယ်"


ဦးနေဂုဏ်ရောင်ရှိစဉ်တည်းက ယုံကြည်စိတ်ချရသူဟုဆိုသော်လည်း အခုချိန်မှာ လူ့လောဘသားတွေက 

မျက်နှာဖုံးစွပ်ထားကြသည်က များသောကြောင့် ထိုစကားကို တမင်ရွေးပြောလိုက်ခြင်းပင် ဖြစ်သည်။


လင်းသွေးကိုယ်တိုင်က ထူးချွန်ထက်မြတ်သူဖြစ်ပြီး 

ဂုဏ်ရောင်အပေါ်တွင် ဘယ်သောအခါမှ သစ္စာဖောက်မည်မဟုတ်ပေ။ဒီလုပ်ငန်းအတွက် စိတ်ရောကိုယ်ပါ 

နှစ်ထားပြီး ကူညီလုပ်ကိုင်ပေးမယ်ဟု သာ ဆုံးဖြတ်

ချက် ချထာသောကြောင့် ခိုင်မာလှသည့် ထိုဆုံးဖြတ်

ချက်ကို ဘယ်အရာမှ ဖျက်စီးနိုင်မည်မဟုတ်ပါ။


"ရှိုင်း ဦးတို့ လုပ်ငန်းအစီအစဉ်ကိုတွေကို အရင်နားလည်အောင်လေ့လာကြမယ် ဒါနဲ့ မင်းကျောင်းက..."


"နည်းပညာနဲ့ ကျောင်းပြီးထားတာပါ "


"စီးပွားရေး လုပ်ငန်းအတွက် လေ့လာကြမယ်ဆိုရင်

ရော"


"ဦးဂုဏ်ပေးခဲ့တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မှာပါ ကျွန်တော်ကြိုးစားမယ်"


"Ok မင်းစိတ်ဓာတ်လေးစားပါတယ် အတူလက်တွဲကြတာပေါ့"


~~~~~~~~💦


သန်းခေါင်နီးပါး အချိန်တစ်ခုတွင် လေတဖြူးဖြူး 

တိုက်ခတ်လျက်ရှိနေသည့်သုဿန်တစ်ခုတွင် 

အနက်ရောင် ဝတ်ရုံတစ်စုံက တလွင့်လွင့်နှင့် ဝဲပျံနေ

သည်။ မကြာမီပင် အလင်ရောင်စူးစူးလေး ထိုအရာ

ပေါ် ကျရောက်လာသည်။တစ်ချက် တစ်ချက်ရှိုက်သံ

နှင့် လေတိုးသံက ရောထွေး ကြားနေရသည်။ 


ပါးပြင်ထက်က မျက်ရည်တွေက မီးရောင်နှင့်ထိ

တွေ့တာ ဝင်းလက်နေသည်။ဒေါ်လရိပ် အနားရောက်လာပြီး အမှောင်ထဲမှာ ကြောက်မနေစေရန် ဖလက်မီး

ဖြင့် ဖွင့်ပေးထားခြင်းပင်။


'သိပ်ပြီးအကြင်နာတရားရှိလို့ မထင်လိုက်နဲ့ မှောင်မဲထဲ မြွေကိုက်သွားရင် ဒါမှမဟုတ် တစ်ခုခု ဖြစ်သွား

ရင် ငါ့ရည်မှန်းချက်ပျက်စီးသွားမှာစိုးလို့'


အတွေးဆိုးတွေက ကြင်နာမှုကို ဖုံးလွှမ်းပြီး 

အတ္တလောဘသာ ကြီးစိုးနေခဲ့သောကြောင့် ထို အကြင်နာတရားကို မမြင်နိုင်တော့ပေ။


မားမား...အဖြူတစ်ယောက်တည်း အခုတော့ အဖော်မဲ့နေခဲ့ပြီ .......ပါးပါး..အဖြူနဲ့အတူ လာကစားပါအုံး အဖြူတစ်ယောက်တည်းကစားရတာပျင်းတယ် 

အဖြူ့ကို ဘာလို့ထားခဲ့ကြတာလဲ အဖြူ့ကို ချစ်တယ်ဆို အဖြူ့ကို ငိုအောင်မလုပ်ဘူးဆို အခုတော့ 

အဖြူ့ကို ငိုအောင်လုပ်နေကြတယ် မားနဲ့ပါးက 

အဖြူ့ကိုတကယ်မချစ်လို့လား...အဖြူလက်မခံနိုင်ဘူး ပါးတို့ မားတို့ ထားသွားတာ အဖြူ လက်မခံသေးဘူး...အဖြူ ဘယ်လိုရှေ့ဆက်နိုင်မှာလဲ


ယှဉ်လျက်ရှိသောအုတ်ဂူဖြူဖြူလေးပေါ်က ထင်ရှားစွာပေါ်လွင်နေသည့် စာလုံးတွေက လက်မခံချင်သည့် အသိကို ယူဆောင်လာသည်။ထိုစကားလုံးလေးတွေကိုလက်ကလေးနှင့် ထိကိုင်ထားကာ အသံတိတ်

စကားတွေပြောနေခဲ့သည်။


"သွားရအောင် အလွှာဖြူ ဒီမှာရပ်နေတာကြာပြီ 

အပြင်မှာလည်း အေးလာပြီ"


".......ဟင့်....."


ရှိုက်သံတစ်ချက်ထွက်လာပြီး မလှုပ်မယှက်သာ ရပ်နေသည်။ထို့ကြောင့် ဦးမိုးတိမ်တိုက် သူမကို ပွေ့ချီပြီး ကားရှိရာကို ခေါ်လာခဲ့သည်။


နှုတ်ဆက်ပါတယ် ပါးနဲ့မား အဖြူ့ကို တီလေးတို့မွေးစားလိုက်ကြပြီ အဖြူ့ကို စိတ်ချပြီး ထွက်သွားခဲ့ပြီပဲ အဖြူ ကိုယ့်ကိုယ်ကိုပဲ အားကိုနေပါ့မယ် ပါးနဲ့မား ရဲ့ 

စကားတွေ နားထောင်နေပါ့မယ်


"ဟေ့ တိတ်တိတ်နေစမ်း နားညီးတယ်"


ကားလေး မောင်းထွက်လာသည့်အချိန်ထိ 

ရှိုက်သံမပြောက်သေးသောကြောင့် ညအမှောင်ထဲမှာ ကားကို အာရုံစိုက်မောင်နေရသော ဦးမိုးတိမ်တိုက် 

အော်ငေါက်လိုက်သည်။ ထိုအခါမှ ကြောက်လန့်သည့်မျက်ဝန်းတွေနှင့် လှမ်းကြည့်ပြီး ခေါင်းငုံ့သွားသော 

အဖြူ့ကို ကြည့်ကာ ဒေါ်လရိပ် ပြုံးလိုက်သည်။


ကြောက်နေလား အဖြူ ဒီလိုပဲ ဖြစ်သင့်တာပေါ့ နင့်ဘဝတစ်လျှောက်လုံး အကြောက်တရားသာ ကြီးစိုး

နေရမယ် ဘာမှမတတ်၊မသိတဲ့ စဉ်းစားဉာဏ်မဲ့တဲ့ လူအဖြစ်သာ ရှင်သန်နေရမယ် နင့်မျက်ရည်တွေ 

ဘယ်တော့မှ မခမ်းကုန်နိုင်အောင် ဖြစ်နေစေရမယ်


ကိုယ့်အတွေကို သဘောကျကာ ခေါင်းမော့ပြီး 

ခပ်ဟဟ ရယ်ပြန်သည်။ နောက်ခန်းက 

အဖြူ့မှာလည်း ဝမ်းနည်းစိတ်ကို မြိုသိပ်ကာ ရှိုက်သံမထွက်အောင် ကျိတ်ငိုနေခဲ့သည်။


~~~~~~~~


"ဒါ...ဒါက ဘယ်လိုဖြစ်တာလဲ"


ဒေါ်အေးမြရှေ့ရောက်လာသောမီးလောင်ဒဏ်ရာ

တွေနှင့်ကြည့်ရှု ၍ပင်မရနိုင်အောင် ရုပ်ပျက်နေသော 

အလောင်းတစ်လောင်းကို မယုံကြည်နိုင်စွာပဲ ထပ်ခါထပ်ခါ ပြန်ကြည့်ကာ ထိုမေးခွန်းကိုသာ ထပ်တလဲလဲ

မေးနေသည်။


"ဟုတ်တယ် အမရယ် ကျွန်မလည်း စိတ်မကောင်းပါဘူး... ကျွန်မသမီးလေးကိုဆိုရင် ကယ်တောင်မကယ်

လိုက်နိုင်ဘူး"


"ဟင့်အင် မဟုတ်ဘူး..."


"ဒါက အမှန်တရားပဲလေ သမီးလေးစျာပနအတွက် 

ပြင်ဆင်ပေးရအုံးမှာမို့ ပြန်လိုက်အုံးမယ်"


ဒေါ်လရိပ် အနားက ထွက်သွားသည်ထိ မတုန်မလှုပ်

နှင့်ဘေးက အသက်မဲ့ ခန္ဓာကိုယ် ကိုသာ စိုက်ကြည့်နေသည်။ ကစားကွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိုမီးထဲတွင် အဖြူလေးတို့ ပါသွားသည်ဆိုလားပဲ မယုံချင်ပေမယ့် အလောင်းက ပါလာသော ဆွဲကြိုးလေးကြောင့် လက်မခံချင်ပဲ လက်ခံလိုက်ရသည်။ဒါဟာ 

ဦးနေဂုဏ်ရောင်ကိုယ်တိုင် အဖြူ့၁၀နှစ်ပြည့်မွေး

နေ့မှာဆွဲပေးခဲ့သော လည်ဆွဲလေးပင်။လော့ကတ်သီးလေးထဲက မိသားစု သုံးယောက်ဓာတ်ပုံလေးက 

သက်သေခံနေသည်။ဒီသက်သေနှင့်တော့ အဖြူလေးဆိုတာ ဒေါ်အေးမြ မယုံချင်ပေ။ တိမ်လွှာလေးလည်း မီးထဲပါသွားသည်တဲ့။ ဘယ်လို ကံကြမ္မာဆိုးကြီးပါ

လိမ့် ။ဒေါ်အေးမြတစ်ယောက်အဖြေရှာမရနိုင်ပဲ နေရာမှာ မလှုပ်မယှက်ထိုင်နေသည်။ လူသာငြိမ်နေပေမယ့် အတွေးတို့က ဂနာမငြိမ်ပေ။


"ရှိုင်း ! ဦးလင်းသွေးကို လှမ်းခေါ်လိုက်ပါ"


"ဟုတ်ကဲ့ ကြီးမြ"


"ဟဲလို"


တစ်ဖက်က ဖုန်းကိုင်လာသောကြောင့် ရှိုင်းလက်ထဲက ဖုန်းကို ကြီးမြဆီလွှဲပေးလိုက်သည်။


"ဦးလင်းသွေး ကျွန်မကို ကူညီပေးပါ"


"ဟုတ်ကဲ့ ပြောပါခင်ဗျ"


"ကစားကွင်း မီးလောင်ခံရတဲ့ ကိစ္စ စုံစမ်းပေးပါ 

အပျက်အစီး ဘယ်နှယောက်ရှိလဲ ဒက်ရာရတဲ့လူ 

ဘယ်လောက်လဲ ဘယ်နေရာလဲ အတိအကျစုံစမ်းပေးပါ"


"ဟုတ်ကဲ့ အားလုံးသိအောင်စုံးစမ်းပေးပါ့မယ်"


"ကျေးဇူးပါရှင်"


ဖုန်းချလိုက်သည်နှင့် အရင်လို ပြန်ငိုင်ကျနေပြန်သည်။ှ


"ကြီးမြ"


"ဒီကိစ္စက ဆက်စပ်မှုရှိရဲ့လား"


"ဘာကိုပြောချင်တာလဲ"


"ချက်ချင်း အိမ်ပြောင်းသွားတယ် ပြီး ပြန်ပေါ်လာပြီး ဒီအလောင်းကို လာပို့တယ်"


"ဒါက အဖြူ့မဟုတ်ဘူးလို့ပြောချင်တာလား 

ကြီးကြီး"


"ကြီးမြလည်း အတိအကျမသိပါဘူးကွယ် လင်းသွေး စုံစမ်းရခဲ့လို့ အမှန်ဆိုရင် လက်ခံရတော့မှာပေါ့"


အသံက တိုးရှတိမ်ဝင်ကာဝမ်းနည်းသံက သိသာစွာ

ပေါ်ထွက်လာသည်။ဒီအခြေအနေကြီးက ဆိုးရွားလှ

သည်။ ရေနစ်သူကိုဝါးကူထိုးခဲ့သော လောကကြီး၏ မာယာလှည့်ကွက်က ဆန်းပြာလှသည်။

ဘယ်လိုကြောင့်များ ဒီမိသားစုကိုမှ ကံဆိုးမှုတွေစုပြုံကျရောက်စေတာလဲ။ ဘယ်လို အတိတ်ကံတွေကြောင့် အဖြစ်ဆိုးတွေပဲဆက်တိုက်ကြုံတွေ့နေရသလဲ။ရှိုင်းတစ်ယောက် ထိုမေးခွန်းတွေ၏ အဖြေကိုရှာမရခဲ့ပါ။


~~~~~~~~


မြင့်မားလှသည့် တိုက်တာအဆောက်အအုံများကို 

ငေးမျှော်ကြည့်ရင်း အကြည့်တွေဝေဝါးလာရသည်။

ဝဲတက်လာသည့် မျက်ရည်တွေကို ဖယ်ရှားလိုက်ပြီး အကြည့်တွေကို တစ်နေရာတည်း စုပြီးပို့ထားပေမယ့် သူမ မျက်လုံးထဲ မြင်နေရသည်က ပြင်ပရှုခင်းများ

မဟုတ်ဘဲ မိဘနှစ်ပါး၏ ပြုံးချိုသော မျက်နှာများ၊ မိသားစု သုံးယောက် ပျော်ရွှင်ခဲ့သည့်အချိန်များ...

ထိုအရာများကိုသာ ပြန်လည်မြင်ယောင်နေသည်။

တိတ်ဆိတ်နေသော အခန်းလေးထဲ ရယ်မောသံတွေပျံ့လွင့်နေကာ လှုပ်ရှားမှုများ မြင်တွေ့နေရသည်။ 

လွတ်နေသည့် စိတ်တို့ကြောင့် အမြင်မှန်တွေ မမြင်ရ

တော့ဘဲ စိတ်အာရုံထဲမှ ရှိသည့်အရာများသာ 

ထင်ပေါ်နေခြင်းပင်ဖြစ်သည်။ 


"ညီမလေး "


နားထဲ တိုးဝင်လာသည့် အသံလေးကြောင့် မောဟိုက်တုန်ရီလာကာ မျက်ရည်များက အရှိန်မထိန်းနိုင်ဘဲ 

လိမ့်စီးလာသည်။


"ညီမလေးငိုနေတာလား... "


တိမ်လွှာ သူမ မျက်နှာလေးကို ဆွဲယူလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တော့ မျက်ရည်စတွေကို တွေ့ကာတယုတယ ဖယ်ရှားပေးသည်။ 


"မငိုပါနဲ့တော့ညီမလေးရယ် စိတ်ပြေလက်ပျောက် မမတို့ အပြင်သွားရအောင်လေ"


လှိုက်တက်လာသည့် ဝမ်းနည်းစိတ်တို့ အပြင်ထွက်ကျမလာခင် ခေါင်းကို အသာရမ်းပြလိုက်သည်။


"ညီမလေးရယ် "


အဖြူ့ခေါင်းလေးကိုဖွဖွပုတ်ပေးပြီး သူမ ရင်ခွင်ထဲ 

ဆွဲသွင်းလိုက်သော တိမ်လွှာ ...။အဖြူ့ခေါင်းမှာ 

သူမမေးလေးတင်ထားပြီးကျောပြင်လေးကိုဖွဖွ 

ပွတ်သပ်ပေးလိုက်သည်။တိမ်လွှာလည်း သူမလေး

အတွက် စိတ်မကောင်းခြင်းကြီးစွာနှင့်သာ။


သူမတို့ရှိနေသည့် ခပ်ဟဟအခန်းတံခါးလေး ပိတ်သွားသည်။


ဒေါ်လရိပ် အခန်းထဲမှ အသံများကြောင့် အသားဖွင့်ကြည့်ခြင်းပင်။ 


ကိုယ့်အခန်းကို ပြန်လာပြီး လက်နှစ်ဖက် လိမ်ပွတ်ကာ ဂနာမငြိမ်သည့် စိတ်ကို အတင်းချုပ်

ကိုင်နေမိသည်။ မှန်တင်ခုံရှေ့မှာဝင်ထိုင်လိုက်ပြီး 

ကိုယ့်မျက်နှာကို သေချာပြန်ကြည့်လိုက်သည်။

ရတနာမြိုင်၏ အရှင်သခင်မအဖြစ် မြင်ယောင်ကြည့်ရင်း ကျေနပ်ပီတိတို့ဖြင့် အကြိမ်ကြိမ်ပြုံးရမိသည်။ ထို့နောက် အတွင်းအံဆွဲလေးထဲမှ အနီရောင် ကတ္တီပါဘူးလေးကို ထုတ်ယူလိုက်ပြီး ထိုအထဲမှ စိန်ပွင့်လေးများစီခြယ်ထားသည့် တလက်လက်တောက်ပ

နေသော ဘယက်လေးတစ်ခုကို ထုတ်ယူပြီးလည်တိုင်လေးမှာ ကပ်ကြည့်ကာ သဘောကျနေသည်။

ချက်ချင်းပဲ သူမခေါင်းထဲအတွေးလေးတစ်ခုဝင်လာ

ပြီး မဲ့ပြုံးလေးတစ်ခု ဖြစ်ပေါ်လာရသည်။ 


အနိုင်ရဖို့ ဘာမဆို လုပ်ဖို့ရန်အားသန်နေသောသူမ 

အစီအစဉ်ကို ချက်ချင်းအကောင်အထည် ဖော်လိုက်သည်။


နင် အဖြူ့ကို မုန်းနေမှဖြစ်မယ် မိတိမ်လွှာ မဟုတ်ရင် ငါ့လုပ်ငန်းတွေအနှောက်အယှက် ဖြစ်လိမ့်မယ်


>>>>>

စာရေးသူ_

သံယောဇဉ်ကြိုး


rate now: