book

Index 2

အပိုင်း(၂)

ကြွေလွင့်မျက်ရည်


ခြံဝင်းထဲမှာ ဘောလုံးလေး ပစ်ပေါက် ကစားနေရင်း

ခြံရှေ့မှာ ရပ်သွားသည့် ကားလေးကြောင့် ငေးကြည့်

နေမိသည်။


"ပါးပါး တို့လား ကားက ပါးပါးကားမဟုတ်ပါဘူး 

ဘယ်သူလဲ...တီတီလရိပ်"


တစ်ခါမှမမြင်ဘူးသည့် ကားပုံစံလေးကြောင့် စဉ်းစားခန်းဝင်နေစဉ် ကားပေါ်မှ ဆင်းလာသည့် လရိပ်ရောင်ကို မြင်မှ အတွေးတို့အဆုံးသတ်သွားသည်။


"ပူတူးလေးအပြင်မှာ နေပူတယ်လေ အထဲမှာ ဆော့

မနေပဲ ဘာလို့ အပြင်ထွက်နေတာလဲ"


"ပါးနဲ့မား ပြန်မလာသေးဘူး အဲ့တာကြောင့် 

ထွက်ကြိုနေတာ"


"လာမှ ထွက်ကြိုလည်းရတာပေါ့ ဒါနဲ့ သမီး ပါးပါးတို့က ဘယ်သွားကြတာလဲ"


"အဖြူလည်း မသိဘူး ကိုကို့ကိုပါ ခေါ်သွားကြတယ်"


သိရက်နှင့် ဟန်ဆောင်မေးနေသော ဒေါ်လရိပ်ရောင် 

နှုတ်ခမ်းထက် အပြုံးတစ် ဖြစ်ထွန်းသွားရသည်။

သူ့အစီအစဉ်အောင်မြင်သွားခဲ့ပြီပဲလေ။


"သမီး မမလွှာလေးကို ကစားကွင်းလိုက်ပို့မလို့ 

သမီးရော လိုက်မလား"


"ဟုတ် သမီး ကြီးမြကို သွားပြောလိုက်အုံးမယ်"


အရင်ကလည်း တိမ်လွှာနှင့် အဖြူ့ကို ကစားကွင်းလိုက်ပို့နေကြဖြစ်သော်ကြောင့် ဒေါ်အေးမြလည်း 

အလွယ်တကူ လိုက်ခွင့်ပေးလိုက်သည်။


"မမလွှာ"


"ညီမလေးပူတူးလာ မမဘေးမှာ ထိုင်"


ကားပေါ်တွင် သူမဘေးထိုင်ရန်နေရာပေးလာသော

တိမ်လွှာ... ညီမရင်းကဲ့သို့ သွေးစည်းကာ ချစ်နေကြပုံကို ဒေါ်လရိပ် ခပ်မဲ့မဲ့ ဖြစ်ရသည်။လောဘဒေါသမရှိ

သော သမီးကို အားမရလှ။ တကယ်ဆို

အကြီးဖြစ်သည့် တိမ်လွှာလည်း ဒီအမွေတွေကို 

ပိုင်ဆိုင်ခွင့်ရ ရမှာပဲ မဟုတ်လား အခုတော့ အားလုံးက အဖြူရောင်ကြိုးအတွက်ချည်းသာ..


"သမီးပူတူးလေး ခုနာက နေပူထဲ ဆော့ထားတာဆို

တော့ ဒါလေး သောက်ပြီး အမောဖြေလိုက်"


"ဟုတ် တီလေး"


"သမီးလည်း သောက်မယ်နော် မာမီ"


"ရော့ သမီးအတွက်"


"ဟင့်အင် အဖြူ့ဆီကပဲ သောက်မယ်"


ဇွတ်တရွတ်ပါပဲအအေးဗူးကို အဖြူနဲ့ တစ်ယောက်

တစ်လှည့် သောက်နေကြတော့သည်။ဆေးခတ်ထားသည့် အအေးဗူးကို သမီးဖြစ်သူပါ ဝင်သောက်နေ

သောကြောင့် စိတ်ထဲပူပင်သွားရသော်လည်း တားလို့မဖြစ်ပြန်တာကြောင့် ဒီတိုင်းပဲ ကြည့်နေရသည်။


ခနကြာမှ နောက်ခန်းကို ပြန်လှည့်ကြည့်မိသည်။

တိမ်လွှာနှင့်အဖြူ ခေါင်းချင်ဆိုင်ကာ အိမ်မောကျနေ

လေတော့သည်။


"လွှာလေးပါ အိပ်သွားပြီ "


"ဒါလည်း ကောင်းတာပဲ မဟုတ်ရင် ငါတို့ လုပ်နေတာ

တွေ သူရိပ်မိသွားလိမ့်မယ်"


အဝေးပြေး လမ်းမကြီးထက်ကားလေးတစ်စီး 

မိုင်ကုန်တင်ကာ တရိပ်ရိပ်ပြေးလွှားနေသည်။


~~~~~~*~~~~~~


"တီ...တီ...တီ"


ဧည့်ခန်းထဲမှ ဖုန်မြည်သံက တစ်အိမ်လုံးဆူညံသွားရသည်။ မီးဖိုထဲမှာ ချက်ပြုတ်နေသော ဒေါ်အေးမြ 

တစ်ယောက် ကပျာကယာပြေးထွက်လာပြီး ဖုန်းကိုင်လိုက်သည်။ 


"ဟဲလို အမိန့်ရှိပါရှင်"


"ရတနာမြိုင် စံအိမ်ကလားဗျ"


"ဟုတ်ပါတယ်ရှင် "


"............."


"ဘုရား!!....."


တစ်ဘက်က ကြားလိုက်ရသည့် ကားတိုက်ခံရသည် ဆိုသည့်စကားကနှလုံးခုန်နှုန်းတွေပင် ရပ်တန့်သွားစေသလား...နေရာမှာတင် တောင့်တောင့်ကြီးရပ်ကာ ကိုင်ထားသည့် ဖုန်းက လွတ်ကျသွားသည်။


"ဟဲလို...ဟဲလို.. ..ကျွန်တော်ပြောတာ ကြားရလာဗျ"


ဘာကိုမှ သတိမရှိတော့ဘဲ မျက်လုံးထဲပေါ်လာသည်က ပူတူးလေး ပုံရိပ်တွေ ပြီးနောက် ဦးနေဂုဏ်ရောင်

နှင့် ဒေါ်သဇင်လှိုင်းခတ်တို့၏ ရယ်မော ပျော်ရွှင်နေကြပုံတွေ ....မနက်ဖြန်နဲ့ တမလွန်မှာ တမလွန်က ပိုပြီး နီးတယ်ဆိုတဲ့စကား တကယ်မှန်တာပဲ ခုနာလေးကမှ 

မြင်တွေ့နေရပြီး ခုချက်ချင်းပဲ လောကကြီးထဲမှာ 

မရှိတော့ဘူးတဲ့လား။


ဦးနေဂုဏ်ရောင် ဇနီးမောင်နှံ အိမ်ထောင်ရက်သားကျတည်းက အတူနေထိုင်လာကြပြီး မိသားစုရင်းချာနှင့်အဝေးမှာ ရှိနေသော သူမအတွက် ဦးနေဂုဏ်ရောင်တို့က မိသားစုရင်းချာသဖွယ် နေထိုင်လာကြသည်။

ကိုယ့်သားသမီးကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်နှင့် 

ရင်နှင့်မဆန့်အောင် ပူလောင်မွန်းကြပ်မှုကအပြည့်ဖြင့်

ထိုခနလေးအတွင်း မျက်ရည်မကျနိုင်ဘဲ တွေတွေငေး

မောကာ ချုပ်ကိုင်ဖမ်းဆုပ်ထားသည့်အလား လှုပ်၍

ပင်မရခဲ့ပါ။


အမြင်တွေဝေဝါးလာကာ ခေါင်းထဲက နောက်နောက်ကျိကျိနှင့် ပုံရိပ်တွေက အမြင်နှစ်ထပ်တွေ ဖြစ်နေ

သည်။ ကိုယ်စိတ်နှစ်ခုလုံး အားလျော့ကာ မတ်မတ်

ပင် မရပ်နိုင်တော့ပဲ နွမ်းလျပင်ပန်းသည့် စိတ်အစဉ်ကို ဖြေလျော့ကာ အားလုံးကို မေ့လိုက်ချင်ပေမယ့် 

ခွင့်မသာခဲ့ပေ။


"ဟဲလို...ကြားရင် အကြောင်းပြန်ပေးပါ ဒီမှာကလေးတစ်ယောက် အသက်ရှင်နေသေးပါတယ် ကျွန်တော်တို့ပြောတဲ့ ဆေးရုံကို လိုက်လာခဲ့ပါ"


"ဟုတ်.. ဟုတ်ကဲ့ပါ"


ရှိုင်းလေး လား ရှိုင်းလေး သူတို့နဲအတူပါသွားတာပဲ


ထိုအသံသာ သူမ မကြားခဲ့လျှင် နေရာမှာတင် 

လောကကြီးကို နှုတ်ဆက်သွားနိုင်သည်။

ကလေးတစ်ယောက် အသက်ရှင်နေသေးပါတယ် ဆိုတဲ့ စကားက သူမကို တာဝန်တစ်ခု ပေးလိုက်သည့်အလား ...စိတ်ကို ချက်ချင်း ပြင်ဆင်နိုင်ခဲ့သည်။ 

နောက်ပြီး ပူတူးလေး မိဘတွေမရှိတော့သည့် နောက် ပူတူးလေးကို သူမဆက်ပြီး စောင့်ရှောက်ရအုံးမည်။

သူမဒီလို အဆုံးသတ်လို့ မဖြစ်သေးဘူးဆိုတာ သိလာခဲ့ရသည်။သူမ အသက်ဆက်ဖို့ အကြောင်း အရင်းများ

ပင်။


အတွေးနှင့် အိမ်မှာ ကျန်ခဲ့သည့် ဒရိုင်ဘာ ဦးမင်း ဆီ သွားပြီး အကျိုးအကြောင်းပြောပြကာ ဆေးရုံကို 

ထွက်လာခဲ့လိုက်သည်။


~~~~~~~~💦


ဆေးရုံ၏ ကော်ရစ်တာထောင့်လေးမှာ စိတ်ပျက် အားလျော့နေကာ နွမ်းလျပင်ပန်နေသည့် ပုံစံဖြင့် 

ထိုင်နေသည့် ရှိုင်းဝဠာထွဋ်ဆိုသည့် လူငယ်လေး 

ခေါင်းမှာလည်းပတ်တီးအဖွေးသားနှင့် ကျောက်ပတ်တီးစီးထားသော လက်က ထင်ထင်ရှားရှားနှင့်။


"သမီးလေးကို စောင့်ရှောက်ပေးပါ "


ထိုစကားသံတွေက နားထဲမှာသာမက နှလုံးသားထဲထိ တိုးဝင်ရိုက်ခတ်နေသည်။ ပြင်းပြတဲ့ နာကျင်မှုက 

ဘယ်ဘက်ရင်အုံထက်မှာ စူးစူးရှရှ နာကျင်လှသည်။

လောကကြီးရဲ့ အမှောင်ထုက အပြစ်မဲ့သည့် 

ကလေးငယ်တွေပေါ်ပင် ကျရောက်နေသည်။

မာယာများတဲ့လောကကြီးက မေတ္တာတရားဆိုတာကိုပင် နားမလည်လေသလား ချစ်ရသူတွေဝေးကွာ

အောင်ပဲအမြဲကြံဆောင်နေလေလျော့သလား။

ပထမတစ်ခါ ရှိုင်း..ဖခင်ကို ဆုံးရှုံးလိုက်ရသည်။

အခုလည်း အဖြူ... မိဘတွေကို ဆုံးရှုံးရပြန်သည်။ သာမန်တိုက်ဆိုင်မှုမျိုးမှ ဟုတ်ပါလေစ။

ဘယ်သူ့ ဘယ်သူမှလည်း အပြစ်မဆိုချင်ပါ။ရှုတ်ထွေးနက်နဲသည့် လောကမာယာကပဲ လူသားတွေအပေါ် အနိုင်ယူနေခဲ့သည်။


"သား ရှိုင်းဝဠာ"


"ကြီးကြီးမြ"


အလောတကြီး ပြောလာကြသော ဦးမင်းနှင့် 

ကြီးမြကို တွေ့လိုက်ရမှ တင်းထားတဲ့ စိတ်ကို

ဖြေလျော့ကာ ငိုချလိုက်သည်။ကြီးမြလည်း 

သူခေါင်းလေးကို ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးရှာ

သည်။


"ကျွန်တော် မွန်းကြပ်နေပြီ လောကကြီးက 

ဘာကြောင့် ရက်စက်ရတာလဲဗျာ"


"အရာအားလုံးမှာ အကြောင်းရှိလို့ကျိုးဖြစ်ထွန်းတာပါ သားရယ် "


"ကြီးမြပြောချင်တာ ဒီကိစ္စက သွေးရိုးသားရိုး 

မဟုတ်ဘူးလား"


ဉာဏ်ကောင်းလွန်းလှတဲ့ ရှိုင်း သူမ စကားအရိပ်

အမြွက်မှာပင် အစဖော်ထုတ်နေလေသည်။


"ဘယ်သူ့ကိုမှ အပြစ်မဆိုချင်ပါဘူး လူသားတွေက 

လိုအင်ရမ္မက် ကြီးမားတာလေ ကိုယ်ရဖို့ဆို 

ဟီရိသြတ္တပဆိုတာ မရှိတော့ဘူး ဆွေမျိုးသားချင်းဆိုတာ မရှိဘူး "


" ......"


အခုမှ ဒီမိသားစုနှင့်ရင်းနှီးခဲ့သည့် ရှိုင်းဝဠာကတော့ ထိုစကား၏ အသွားအလာကို နက်နက်နဲနဲစဉ်းစားနေခဲ့သည်။


~~~~~~


"ကြီးကြီးမြ ဘာလုပ်နေတာလဲ"


"....."


ညနေမိုးချုပ်ပြီ ဖြစ်သော်လည်း အဖြူလေး 

ပြန်မလာသေးသောကြောင့် ခြံဝမှာ ထွက်ကြိုနေမိပြန်သည်။ ရှိုင်း မေးနေသည်ကိုပင် ပြန်မဖြေအား လမ်းမထက် လှမ်းမျှော်ကြည့်ရင်း အပူလုံးကြွနေသည်။


"ကြီးကြီးမြ"


"ဟင် ဘာမေးတာလဲ သား"


"အဖြူ ဘယ်သွားတာလဲ နေ့ကတည်း မတွေ့မိဘူး"


"အခု ကြီးမြလည်း ပူတူးလေး ပြန်မလာသေးလို့. 

မျှော်နေတာ မနက်က သားတို့ ထွက်သွားတော့ လရိပ်တို့ လာခေါ်သွားတာပဲကွယ်"


"......."


ရှိုင်းလည်း ကိုယ့်အတွေးနှင့်ကိုယ် ရှိနေစဉ် ကြီးမြက

တော့ လမ်းမထက် လည်ပင်းရှည်ကာ မျှော်ကြည့်နေသည်။


နေ့က နာရေးကိစ္စအတွက် စီစဉ်စရာရှိရာများ စီစဉ်နေရာကို ဒေါ်လရိပ် ရောက်လာပေမယ့် အဖြူကို 

ခေါ်မလာခဲ့ပါ။ 'ကစားကွင်းမှာပျော်နေကြတယ် 

ကလေးကို စိတ်ဒုက္ခမပေးချင်ပါနဲ့ 'ဆိုတာကြောင့် 

ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ညရောက်ပြီဆို

သော်လည်း ပြန်လာမပို့သေးသောကြောင့် ဖုန်းဆက်သွယ်ပြန်တော့လည်း မကိုင်တာနှင့်အိမ်ရှေ့ထွက်စောင့်မျှော်နေရုံမှလွှဲ၍ မတတ်နိုင်ခဲ့ပေ။ မိဘတွေ ဆုံးပါးသွားသည့် ကိစ္စကို အဖြူလေးကို ဘယ်လို အသိပေးရမလဲ..ဘယ်လို ခွန်အားတွေနှင့် သူမကိုပြောပြရမလဲ သူမလေး၏ နာကျင်မှုတွေကို မမြင်ချင်ပါ။ မိဘမဲ့ ဖြစ်သွားတဲ့ သူမလေးရဲ့ စိတ်အစဉ်ကရော ဘယ်လိုပြောင်းလဲ ခံစားရမလဲ...သနားစရာ ကလေးရယ်။ 


"ကြီးကြီးမြ အိမ်ထဲဝင်ရအောင် "


"အော် အေး"


အချိန်တွေ ဘယ်လောက်ကြာသွားသည့်မသိ။ ရှိုင်း 

သတိပေးမှ လှည့်ကြည့် လှည့်ကြည့်နှင့်အိမ်ထဲ ဝင်လာလိုက်သည်။ 


"ကြီးကြီး ကျွန်တော် ဖုန်းဆက်ကြည့်လိုက်မယ်"


"အေး"


ကြီးမြပြောပြသော နံပါတ်လေးကို နှိပ်ပြီး ခေါ်လိုက်

သော်လည်း တတူတူ မြည်သံမှလွဲ၍ တဖက်က 

ဖုန်းကိုင်မလာပေ။ဆယ်ကြိမ်မက ထပ်လဲလဲ ခေါ်ပြီး 

နောက်တစ်ကြိမ်တွင် ' လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသည်' သာ ကြားလိုက်ရသည်။


"ကျစ်"


"သား ဖုန်းက ခေါ်မရဘူးလား"


"ဟုတ် ကြီးမြ အစက ဝင်သေးတယ် နောက်မှ 

စက်ပိတ်ထားပါသည်တဲ့"


"ဟင်"


"ဒါ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ကျွန်တော်တို့ သူ့တို့အိမ် လိုက်သွားကြည့်ရအောင်"


"အေး သွားကြမယ်"


~~~~~~


ဦးမင်းကားထုတ်လာပြီး ကြီးမြနှင့်အတူ 

ဒေါ်လရိပ်ရောင်တို့ အိမ်ကိုထွက်လာခဲ့ကြသည်။ 


"ကြီးကြီးမြ စိတ်အေးအေးထားပါ အဖြူ ဘာမှ 

မဖြစ်နိုင်ပါဘူး"


တစ်လမ်းလုံး မျက်စိမှိတ် လက်အုပ်ချီထားပြီး ဘုရားစာရွတ်နေသော ကြီးမြကို နှစ်သိပ့်ပေးရပေမယ့် 

သူ့စိတ်ထဲလည်း ပူလောင်နေသည်။ သူမလေး၏ 

လုံခြုံမှု နှင့် သူမကိုစောင့်ရှောက်ဖို့တာဝန်က သူ့မှာရှိနေသည်။ တာဝန်ဆိုတာထက် သူကိုယ်တိုင်ကလည်း သူမကို ညီမလေးအရင်းတစ်ယောက်လို ချစ်မိကာ စိတ်ပူလွန်ကဲနေသည်။ အခုချိန်မှာ အားလုံးက စိုးရိမ်ပူပန်မှုတွေနှင့် ရှေ့ဆက်နေရသည့် အချိန်ကာလတစ်ခုဖြစ်

သောကြောင့် ဒီထက်ပိုပြီး ဆက်မပြောနိုင်ခဲ့တော့ပေ။


"ကြီးမြ စိတ်ထဲထင့်နေတယ် သားရယ် သမီးလေး 

ဒုက္ခရောက်နေပြီလာမသိဘူး ဟင့်"


တိုးရှတိမ်ဝင်သွားသော စကားသံတွေနောက်မှာ ရှိုက်သင့်ပါ ထွက်လာခဲ့သည်။


"ကြီးကြီး အဖြူလေးက စိတ်ဓာတ်မာကျောပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့သူပါ အဖြူ ဘာမှမဖြစ်နိုင်ပါဘူး"


"မျှော်လင့်ရမှာပဲ သားရယ်"


~~~~~~


ခြံတစ်ခါးဝက လူခေါ်ဘဲလ်ကို နှိပ်လိုက်ပြီး ခနအကြာမှ အိမ်ထဲက အမျိုးသမီးကြီးတစ်ယောက် ထွက်လာ

သည်။ဒေါ်အေးမြ မြင်ဖူးနေကျလူမဟုတ်သောကြောင့်မျက်မှောင်ကျုံ့ကြည့်ရင်း ...


"ဒီမှာ အမက.. "


"ဘယ်သူတွေလဲ ဘာကိစ္စရှိလို့ပါလဲ"


သူမကြောင်ငေးငေးရှိနေစဉ် မတင်းမလျော့တဲ့ 

လေသံနှင့် မေးလာသည့် ထိုအမျိုးသမီးကြီးကို 

စူးစိုက်ကြည့်လိုက်ပြီး


"ဒီအိမ်က ဒေါ်လရိပ်ရောင်တို့ အိမ်မဟုတ်လား"


"ဒေါ်လရိပ်ရောင်....အော် ဟုတ်ပါတယ် ဒါပေမယ့် ဒီမနက်မှာပဲ ရောင်းပြီး ချက်ချင်းပြောင်းသွားကြပါတယ် ကျွန်မတို့ကိုလည်း ဒီကို ချက်ချင်းပြောလာဖို့ ပြောတာကြောင့် ဒီညနေပဲ ပြောင်းလာခဲ့ကြတာပါ"


"ဟင်....သူတို့ ဘယ်ထွက်သွားကြတာလဲ"


"ကျွန်မ မသိဘူး သမီးနှစ်ယောက်ကို ခေါ်ပြီး 

ပစ္စည်းတွေ ကားပေါ်တင်ပြီး ထွက်သွားကြတာပဲ 

မနက်ပိုင်းတည်းက"


"ရှင်! .."


ဒေါ်အေးမြ 'ရှင် ' တစ်လုံးသာဆိုနိုင်ပြီး နေရာမှာတင် 

တောင့်တောင့်ကြီး ရပ်နေသည်။ရစ်ဝိုင်းလာသည့် 

မျက်ရည်စတွေနှင့် နှလုံးခုန်သံတွေ မူမမှန်တော့ပေ။


"ဟုတ်ကဲ့ ကျေးဇူးပါဗျ နှောက်ယှက်မိတာ တောင်းပန်ပါတယ် ကျွန်တော်တို့ကို ခွင့်ပြုပါအုံး"


ထို မိန်းမကြီးပုံစံက လိမ်နေဟန်နှင့်မတူတာကြောင့် 

ရှိုင်းကပဲ နှုတ်ဆက်ကာ ကြီးမြကို လက်တွဲခေါ်ပြီး 

ထွက်လာခဲ့လိုက်ကြသည်။


"ကြီးကြီး "


".........."


တစ်ခုခုကို အလေးအနက် စဉ်းစားနေဟန်ရှိသော်

လည်း သူမစိတ်ထဲမှာ ဟာလာဟင်းလင်းကြီးသာ ရှိနေသည်။ အတွေးတွေ အသိစိတ်တွေ ခံစားမှုတွေ 

ဘာတစ်ခုမှရှိမနေခဲ့ပါ။

ရှိုင်း အသံကြားမှ သတိဝင်လာခဲ့တော့သည်။ 


"ရတနာမြိုင်မှာ အရင်လို သာယာစည်ဝေမှုတွေ 

ပျောက်ဆုံးသွားတော့မယ် ဂုဏ်ရောင်တို့ဇနီးမောင်နှံကလည်းလောကကြီးက ထွက်ခွာသွားပြီ တစ်ရက်

တည်းမှာပဲ သမီးလေး...သမီးလေး ဘယ်များရောက်

နေမလဲ ဘယ်ကို ခေါ်သွားကြတာလဲ ဟင့် လူစိတ်မရှိတဲ့ဟာတွေ"


နင့်နင့်သည်းသည်း ဆိုနေရင်းမှ နောက်ဆုံးမှာ အသံက တိမ်ဝင်မသွားပဲ ခက်ထန်မာကျောကာ ဒေါသလှိုင်းများ ရိုက်ခတ်လာသည်။ တစ်စုံတစ်ခုကို နာကျည်းမုန်းတီးဟန်ဖြင့် မျက်ရည်တွေနှင့် ပြည့်နေသော မျက်ဝန်းမှာ ဒေါသရိပ်က လွှမ်းမိုးနေသည်။


"အဖြူ့ကိုရှာတွေ့မှာပါ ကြီးမြ စိတ်အေးအေးထားပါနော် ကျွန်တော့်တို့အဖြူ့ကို တွေ့အောင်ရှာကြမယ်

လေ"


"ကြီးမြတော့ မထင်ဘူး သားရယ် လရိပ်က 

တော်တော်ကောက်ကျစ်တာ အဖြူလေးကို ခေါ်သွား

ပြီဆိုမှတော့ တနည်းနည်းနဲ့ ဒုက္ခရောက်အောင် 

လုပ်ပြီး ရှာမတွေ့နိုင်တဲ့ နေရာမှာ ထားလိမ့်မယ်"


"အဖြူ့အတွက် အသက်အန္တရာယ်စိုးရိမ်ရလား 

ကြီးကြီး"


ဒီကိစ္စတွေအကြောင်း သိထားသော ဒေါ်အေးမြကို 

သူစိတ်ပူနေသည့်အရာကို မေးချလိုက်သည်။ 


နှုတ်ခမ်းကို တစ်ဖက်သို့ လှလှပပ ရွဲ့ချလိုက်ပြီး ခပ်ဟဟ ရယ်လိုက်သည်။


"ဟက်! ဒါတော့ စိတ်ချ အသက်၂၀ မပြည့်မချင်း 

ပူတူးလေးကို အသက်အန္တရာယ်အတွက် မစိုးရိမ်ရဘူး 

သူတို့ဘာသာ ကာကွယ်ပေးလိမ့်မယ်"


စကားဆုံးသည်နှင့် တစ်ဖက်လှည့်ကာ ငြိမ်သက်သွား

သောကြောင့် ရှိုင်းလည်း စကားမဆက်တော့ပါ။

ရှေ့က ကားမောင်းနေသည့် ဦးမင်းကလည်း ငြိမ်သက်တိတ်ဆိတ်နေသည်။ ထိုကားလေးထဲက 

လူသုံးယောက်၏ ရင်ထဲမှာက အပူလှိုင်းတွေ မုန်တိုင်းထန်နေကြသည်။


သံယောဇဉ်တွေ အစိမ်းလိုက် ဖြတ်တောက်လိုက်

သည်။နာကျင်မှုတွေဆင့်ကာ ဆင့်ကာ ထပ်ပေးပြန်

သည်။လောကကြီး၏ ရက်စက်မှုက အခန်းဆက်နှင့်

ပင် တန်းစီလာတော့သည်။


'လောကကြီးရဲ့ လှည့်ကွက်တွေက ခါးသီးလွန်းတာ

လည်း ရှိသလို ချိုမြိန်တာလဲရှိတယ် ချိုမြိန်ခြင်းကို 

မက်မောသလို ခါးသီးတာလဲ လက်ခံနိုင်ရမယ်' 


လူသားတွေက ချိုမြိန်ခြင်းကို မက်မောပေမယ့် 

ခါးသီမှုကိုတော့ ဒဏ်မခံနိုင်ကြဘူး အမြဲတမ်း ချိုမြိန်တာတွေ မရနိုင်သလို ခါးသီးခြင်းကလည်း အလှည့်ကျ ရောက်လာတတ်သည်။ မလိုချင်ပေမယ့် လွတ်ချ၍ မရ။ သိလျက်နှင့် ဖမ်းဆုပ်တွယ်ကိုင်ထားရသည်က နာကျင်လှသည်။ 


~~~~~~~💦


အာရုံထဲ တိုးဝင်လာသည့် စကားသံသဲ့သဲ့ကြောင့် 

မျက်ခွံလေးများ လှုပ်ရှားလာပြီး အသာအယာ 

ဖွင့်ကြည့်လိုက်သည်။သို့သော်လည်း စူးရှသည့် 

အလင်းတန်းကြောင့် မျက်လုံးတို့ ဖွင့်မရဘဲ ပြန်မှိတ်ထားလိုက်သည်။ ခနကြာမှ အားယူဖွင့်ကြည့်ကာ 

ပြတင်းပေါက် လိုက်ကာစကို ဆွဲကာလိုက်သည်။


မားမားကလည်းလေ ဒီနေ့မှ ဘာလို့ ပြတင်းပေါက်

ကြီး ဖွင့်ပေးထားတာလဲ... ဟင်


လိုက်ကာဆွဲပိတ်ပြီး ပြန်အလှည့် ကုတင်ပေါ်မှာရှိ

နေသော တိမ်လွှာကြောင့် မျက်ဝန်းတို့ ပြူးကျယ်ဝိုင်းစက်သွားရသည်။ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်

လိုက်တော့ ခန်းဆီးလိုက်ကာစ အိပ်ယာခင်း အခန်းအပြင်အဆင်တွေက မတွေ့မမြင်ဖူးသည့် အရာတွေ...


ဒါ ဘယ်နေရာလဲ ဘယ်ရောက်နေတာလဲ


"မမလွှာ မမ...မမလွှာ"


"ဟင်"


အိပ်ပျော်နေသည့် တိမ်လွှာကို ပုတ်နှိုးပြီး ဆွဲထူလိုက်သည်။ အိပ်ချင်မူးတူးနှင့် ထ ထိုင်လိုက်သော တိမ်လွှာ လည်း နေရာစိမ်းတစ်ခုကြောင့် မျက်လုံးတို့ ပြူးကျယ်သွားသည်။ 


"မမလွှာ အဖြူတို့ ဘယ်ရောက်နေတာလဲ"


"......"


အဖြူ့ အမေးကို ဘာမှပြန်မဖြေဘဲ ကုတင်ပေါ်က

ဆင်းပြီး ပြတင်းပေါက်ကို ပြေးဖွင့်ကာ အပြင်ကို 

ခေါင်းလေးပြူကြည့်နေသည်။လွှာ ဘာလုပ်နေလဲ 

နားမလည်သော အဖြူ တိမ်လွှာဘေး သွားရပ်ကာ 

အပြင်ကို ငေးကြည့်လိုက်သည်။တိုက်မြင့်မြင့်ကြီးများ ထူတပ်လှသော မြို့ရှုခင်းက ထွက်ပေါ်လာစ 

နေမင်းကြီးကို နောက်ခံထားကာ လှပနေပါသည်။


"ဒါ.... မန္တလေး ရောက်နေတာဘဲ"


"ဟင် "


"ဟုတ်တယ်ညီမလေး ဒါက မန္တလေးမှာရှိတဲ့ ဒယ်ဒီအိမ်ပဲ"


"အဖြူတို့က ဘာလို့ ဒီရောက်နေတာလဲ"


"ဒါတော့ လွှာလည်း မသိဘူး အောက်ဆင်းရအောင် လာ.."


ညီမနှစ်ယောက် လက်ချင်းတွဲကာ အောက်ထပ်ကို 

ဆင်းလာခဲ့ကြသည်။


"သမီးလေးတို့ နိုးလာကြပြီ မျက်နှာသစ်ကိုယ်လက်

သန့်စင်ပြီးမှ ဆင်းခဲ့ကြလေ"


"တီလေး အဖြူတို့က ဘာလို့ ဒီရောက်နေတာလဲ"


"အဟင်း ပူတူးလေး စကားတွေအရမ်းများတာပဲကွယ်တီလေးပြောတာ နားထောင် သွား မျက်နှာသစ်ချည်

ကြ လွှာလေး ညီမလေးကို ဂရုစိုက်ခေါ်သွား"


တစ်ခါတည်း စကားပိတ်လိုက်သောကြောင့် 

ဘာမှဆက်မမေးတော့ဘဲ အပေါ်ကို ပြန်တက်ခဲ့လိုက်

ကြတော့သည်။


"ရှေ့နေရောက်လာပြီလား"


"ထွက်လာပြီတဲ့ ခနနေ ရောက်လိမ့်မယ်"


ဒေါ်လရိပ် မျက်နှာမှာ ကျေနပ်သည့် အပြုံးတစ်ခုက အရာအားလုံးကို အနိုင်ရသူလို ဝင့်ဝင့်ကြွားကြွားရှိနေသည်။


~~~~~~


"လရိပ်ရေ ရှေ့နေရောက်လာပြီ"


အိမ်ရှေ့က ဦးမိုးတိမ်တိုက် အော်သံကြောင့် မီးဖိုထဲ ရှိနေသော ဒေါ်လရိပ် အပြေးကလေး ရောက်လာ

သည်။ဧည့်ခန်းမှာ ထိုင်နေကြသောခင်ပွန်းအနားဝင်

ထိုင်ကာ ရှေ့နေ ဦးစိုးသိန်းကို နှစ်လိုစွာ ပြုံးပြလိုက်

သည်။


"ကျွန်မတို့ ပြောတဲ့ကိစ္စ အဆင်ပြေမယ် မဟုတ်လား"


"ရပါတယ်ဗျာခင်များတို့နဲ့ တွေ့ခွင့်ရတာ မိဘမဲ့ဖြစ်သွားတဲ့ကလေးကတော့ ကံကောင်းတာပေါ့"


"ဟင်း..ဟင်း...ဟုတ်တာပေါ့ အဖြူလေးက အရမ်းကံကောင်းတာ"


"သမီးတို့ကို ခေါ်လိုက်လေ"


"ဟုတ် ဆွေဆွေရေ..."


"ရှင် မမကြီး"


"သမီးတို့ကို သွားခေါ်ချေပါကွယ် လှေကားအဆင်းကို ဂရုစိုက်ခေါ်ခဲ့နော်"


"ဟုတ်ကဲ့ မမကြီး"


ဆွေဆွေ ရိုကျိုးစွာ နှုတ်ဆက်ပြီး အိမ်ပေါ်တက်သွား

သည်။ဒေါ်လရိပ်တို့ ဧည့်ခန်းမှာ ရှေ့နေနှင့် 

စကားဖောင်ဖွကြာ အပြုံးများ ပြန့်လွင့်နေတော့သည်။


~~~~~~~💦


လူကြီးတွေစကားပြောနေကြစဉ် သူမတို့ ကလေးနှစ်

ယောက် ငြိမ်ငြိမ်လေး ထိုင်နားထောင်နေကြသည်။

စာပွဲပေါ်မှာလည်း စာရွက်တစ်ချို့နှင့်အလုပ်ရှုပ်နေကြ

ပြန်သည်။


အဖြူရောင်ကြိုးဆိုသည့် ရတနာမြိုင်အိမ်၏ 

အမွေဆက်ခံသူကို ဒေါ်လရိပ်တို့ စာချုပ်စာတမ်းနှင့် 

မွေးစားလိုက်ကြသည်။ထို့မှလည်း အသက်၂၀ပြည့်

ချိန် အဖြူ အမွေတွေလက်ခံရရှိလျှင် ဒေါ်လရိပ်တို့နှင့်လည်း သက်ဆိုင်လာမည်။ရှေ့နေဦးသိုက်ထွန်းသေဆုံးသွားပြီဖြစ်သော်လည်း စာချုပ်စာတအတမ်းများက ဦးသိုက်ထွန်း၏ သားဖြစ်သူထံမှာရှိနေဆဲဖြစ်သော

ကြောင့် ဒေါ်လရိပ်တို့အတွက် အခွင့်မသာခဲ့ပေ။

အဖြူ့မှာက သံယောဇဉ်တွယ်တာစရာ ဆွေမျိုးသားချင်ဆိုတာ ဒေါ်လရိပ်ပဲရှိသည်မို့ အပိုင်ချုပ်ကိုင်ထား

တော့သည်။အဖြူရောင်ကြိုး နာမည်နှင့် လိုက်လံရှာ

ဖွေနေသည်ကို ကြားသိရသောကြောင့် သူမနာမည်ကို အလွှာဖြူ ဟု ပြောင်းလဲစေလိုက်သည်။ အလွှာဖြူ သည် အဖြူရောင်ကြိုး ပါဟူသော သက်သေစာချုပ်ကိုလည်း ထပ်မံချုပ်ဆိုလိုက်ကြသည်။အရာရာကိုသေချာအကွက်ကျစီစဉ်ထားမှသာ အရှုပ်အရှင်းကင်း

ပြီးလိုရာခရီးရောက်နိုင်မည်ပဲလေ။


ရှေ့နေဦးစိုးသိန်းကတော့ သူမအကြံအစဉ်ကို 

သေသေချာချာ မသိဘဲအရာအားလုံးကို အမှားမယွင်းမရှိစေရန်ဂရုစိုက်ပေးသည်။ဒီကိစ္စက မတရားမှုမှန်းသာ သိခဲ့မည်ဆိုလျှင်...ဒီအလုပ်မျိုး သူလုပ်ရက်ပါ့မလားဆိုတာ သူကိုယ်တိုင်ပဲသိလိမ့်မည်။


အားလုံးပြီးစီးချိန်တွင် ဒေါ်လရိပ်တို့ကို နှုတ်ဆက်

ပြီးရှေ့နေဦးစိုးသိန်း ပြန်သွားတော့သည်။


"သမီး ပူတူးလေး အခုကစပြီး သမီးက အန်တီလရိပ်ရဲ့သမီးဖြစ်သွားပြီ အန်တီတို့သမီးကို မွေးစားလိုက်

ပြီနော်"


"အဖြူ့မှာမိဘတွေရှိတယ်လေ "


rate now: