book

Index 10

အပိုင်း(၁၀)

ကြွေလွင့်မျက်ရည် 


လေးလံနေသည့် မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်ကို ခပ်ဝါးဝါးမြင်ရုံသာ မြင်နေရပြီးလေဝင်တိုးစရာပင်မရှိအောင် ပိတ်လှောင်နေသည့် အခန်းတစ်ခုထဲရောက်နေမှန်း သိလိုက်ရသည်။ နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး တံခါးဆီလျင်မြန်စွာ ပြေးသွားကာ တဒုန်းဒုန်း ထုရိုက်ပြီး အော်ဟစ်နေမိသည်။


တိတ်ဆိတ်လွန်းသည့် ပတ်ဝန်းကျင်ကြောင့် 

အနည်းငယ် ထိန့်လန့်မိသွားရသည်။အဖြူ ဒီအမှောင်ခန်းထဲနေရသည်က ထူးဆန်းမှုတစ်ခု မဟုတ်တော့။ဒေါ်လရိပ်မကျေနပ်သည်ကို လုပ်မိလျှင် နေ့ဘက် ကျောက်စရစ်ခဲများပေါ် ဒူးထောက်ပြီး အပြစ်မကျေနိုင်ပဲ ဒီအမှောင်ခန်းကြီးမှာ ဗိုက်ဆာဆာနှင့် တကျွီကျွီမြည်သံနေသောကြွက်များကြားနေရသည်။ကြွက်များက 

ကုပ်ခြစ်မှုများကြောင့် လက်တွေခြေထောက်တွေမှာ

သွေးစို့သည်အထိ နာကျင်ရသည်။နာကျင်မှုတွေထပ်ခါဆင့်ပြီး အနာရွတ်များချပ်တည်နေခဲ့ပြီ။


"ကျွီ...ကျွီ..!"


အသံစုံပေးကာ တရွေ့ရွေ့နှင့် အဖြူဆီဦးတည်လာနေ

ကြပြီ။ခနတိုင်းကြုံတွေ့နေရပေမယ့် ကြုံတွေ့ရတိုင်းထိန့်လန့်ကြောက်ရွံ့နေခဲ့ရသည်။


*အား...မလာနဲ့....


ဟေ့...ရှူး....သွား..အနားမလာနဲ့


ရှူး....ရှူး...မလာနဲ့လို့...တီလေးရေ တံခါးဖွင့်ပေးပါ အဖြူကြောက်တယ်...အား...နာတယ် မကုပ်ပါနဲ့ 

နာတယ်*


"ဒုန်း..ဒုန်း!"


အဖြူ အလန့်တကြားအော်ဟစ်နေသော်လည်း ထိုအော်ဟစ်သံတွေထွက်မလာဘဲ တံခါးထုသံ နှစ်ချက် သုံးချက်သာ ကြားလိုက်ရသော

ကြောင့် လန့်ဖြန့်ကာ နောက်ကို နှစ်လှမ်းလောက်ဆုတ်မိသွားသည်။ကြွက်တွေကတော့ သူမခြေထောက်တွေမှာ ကုပ်ခြစ်နေကြဆဲ။ထိုနာကျင်မှုကိုပင် မမှုနိုင်ပဲ 

ကြောင်ရပ်နေမိသည်။


*အား......*


ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ပဲ နောက်တစ်ကြိမ် အားခေါင်ခြစ်ပြီး အော်လိုက်သော်လည်း အသံ လုံးဝထွက်မလာတော့ပေ။ပါးပြင်ထက်စိုစွတ်လာသည့်အတွက် အသိစိတ်တွေပြန်ဝင်လာပြီး တံခါးကိုမှီကာ ထိုင်ချလိုက်သည်။


*ဟင့်...ဟင့်...အီး..ဟီး...ဟီး...ပါးပါး...မားမား အဖြူကိုကယ်ပါ...ဟင့်...အီး..အဖြူ.... အဖြူ..စကားမပြောနိုင်တော့ဘူး....အဖြူ ကြောက်တယ် ပါး...အဖြူနဲ့အတူရှိနေပေးပါ...ဟင့်....မား...အဖြူ့ကို လာခေါ်ပါ အဖြူမနေချင်တော့ဘူး အဖြူနာကျင်နေပြီ....

ဆက်ပြီးအသက်မရှင်ချင်တော့ဘူး...အဖြူ့ကိုလာခေါ်ပါ ပါးနဲ့မား...*


မျက်ရည်တွေပြည့်လျှံနေသည့် မျက်ဝန်းများကို မမှိတ်လိုက်သည့်အခါ စီးကျသွားသည့် မျက်ရည်ကြောင်းတို့က ပါးပြင်ထက်မှာ ပူနွေးသွားရသည်။မွဲခြောက်ကွဲအပ်နေသည့် ပါးပြင်၏အက်ကြောင်းသေးသေးလေး

တွေက မျက်ရည်စီးကျတိုင်း အသဲခိုက်အောင် နာကျင်လှသည်။ထိုနာကျင်မှုကို သည်းမခံနိုင်သောကြောင့် 

အောက်နှုတ်ခမ်းလေးကို သွားနှင့် ဖိကိုက်လိုက်စဉ် 

ငံကျိကျိအရသာက လျာပေါ်မှာထိတွေ့သွားသည်။နှုတ်ခမ်းလေးကို လက်နှင့်အသာထိတွေ့ပြီး ကိုယ့်လက်ကို ပြန်ကြည့်မိတော့


*သွေး...သွေးတွေ*


မျက်လုံး မြင်ယောင်လာမိသည်က သွေးအိုင်ထဲမှာ လဲကျနေသည့် ဦးမင်း...နဖူးမှတစ်ဆင့် မျက်နှာတစ်ခုလုံး ခန္ဓာကိုယ်တစ်ခုလုံး သွေးရောင်လွှမ်းနေသည့် မြင်းကွင်းတွေ videoအနှေးပြကွက်များ ပြန်ကြည့်နေရသလို မြင်နေရသည်။


*ဟင့်....ဟင့်....သမီးတောင်းပန်ပါတယ် ဦးမင်း 

သမီးကြောင့်သာ မဟုတ်ရင် ဦးမင်းလည်း ဒီလိုအဖြစ်မျိုးကြုံရမှာမဟုတ်ဘူး သမီးတောင်းပန်ပါတယ် ဟင့်..သမီးက ဘယ်သူ့အတွက်မှ အသုံးမဝင်ပဲ အပြစ်မဲ့တဲ့လူတွေကို ဒုက္ခရောက်စေခဲ့တယ် တောင်းပန်ပါတယ်*


ရှိုက်ငိုရင်းဖြင့် မောပန်းကာ အိပ်မောကျသွားရသည်။

သို့သော် အတွေးတွေကတော့ရပ်တန့်မသွားခဲ့။လူတွေအိပ်မောကျချိန် ခန္ဓာကိုယ်ထဲက သွေးတွေကလည်း အမြဲမပြတ်လှည့်ပတ်စီးဆင်းနေသလို သူမအတွေးတွေကလည်း လည်ပတ်နေခဲ့သည်။


အမှောင်လွှမ်းနေသည့် အခန်းလေးထဲ အလင်းရောင်စူးစူးလေးတစ်ချက့် ဝင့်ခနဲ့ဖြစ်သွားသည်။အရောင်တလက်လက်ထနေသော အရာလေးတစ်ခု အဖြူဘေးနားရောက်လာပြီး သူမခေါင်းလေးကို ဖွဖွပွတ်ပေးနေသည်။


*မား*


မျက်ရည်တွေကြားက အရောင်လဲ့နေသော အဖြူမျက်ဝန်းလေးထဲမှာ ကြည်နူးမှုအပြည့် မျှော်လင့်ချက်အပြည့်နှင့်ရှိနေသည်။


* မား....ဟင့်...သမီး ခေါ်သံကြားရလား သမီးလေ....*


"မား ကြားရပါတယ် သမီးရယ်"


* ဟင်...သမီးအသံကို မားက ကြားရတယ်*


"သမီး သမီးအနားမှာ ပါးနဲ့မား အမြဲရှိနေတယ် သမီး ဘာမှအားမငယ်နဲ့နော် သမီးလေးသာ စိတ်ဓာတ်ကျနေမယ်ဆိုရင် တခြားသူတွေက သမီးကို ပိုပြီး နှိမ်ကြမှာပေါ့ သမီးက သန်မာတယ်ဆိုတာ သူတို့သိအောင်ပြရမယ်လေ ဒါကြောင့် သမီးလေး စိတ်ဓာတ်ခိုင်ခိုင်မာမာထား သမီးလေး မရှုံးသေးဘူး ထပ်ပြီးသာ ပျော့ညံ့နေမယ်ဆိုရင် သမီးရှုံးလိမ့်မယ်နော်"


*ဟင့်အင် သမီးမရှုံးချင်ဘူး*


"အားတင်းထားပါ သမီး.. သမီးနဲ့ မားတို့နဲ့ အတူရှိနေရမယ့်အချိန်ရောက်ရင် မား လာခေါ်မှာပေါ့ အခုတော့ အချိန်မကျသေးပါဘူး သမီးရဲ့အနာဂတ်မှာ 

အလင်းရောင်သဲ့သဲ့မြင်နေရပြီ ဒီအလင်းရောင်လေးက သမီးကို ဒီငရဲခန်းက လွတ်မြောက်စေလိမ့်မယ်အရာရာကို သည်းခံနိုင်တဲ့ သမီးလေး!.. ကံကောင်းခြင်းက သမီးဆီရောက်လာအုံးမှာပါ...ဘယ်သူမှ အမြဲတမ်း ကံမကောင်းနိုင်သလို အမြဲတမ်းလည်း ကံမဆိုးနိုင်ပါဘူး ရှေ့ဆက်မယ့် အနာဂတ်မှာ မေတ္တာတရားနဲ့သာ ဆက်လျှောက်ပါ မားရဲ့ ပူတူတူးလေး အပြုံးလေးတွေ ပြန်လည်တောက်ပလာနိုင်ပါစေကွယ်"


* မား...မား...! သမီးကို မထားခဲ့ပါနဲ့.. မား..* 


"အဖြူ!"


စူးစူးဝါးဝါး အော်သံတစ်ခုပေါ်ထွက်လာပြီးတွန့်ခနဲ့ဖြစ်သွားသည့် ခန္ဓာကိုယ်လေး လေပေါ်မြောက်သွားသည်။


"အလွှာဖြူ ! ထစမ်း.."


*ဟင်*


နောက်တစ်ခါ အော်သံကြားမှ မျက်လုံးတို့ ပွင့်လာရသည်။


"အိပ်မနေနဲ့တော့ သွား အလုပ်သွားလုပ်ချေ"


*ဟုတ်*


"ခေါင်းငြိမ့်မနေနဲ့ ပါးစပ်နဲ့ပြောစမ်း နင့်ပါးစပ်က ဘာဆို့ထားလို့လဲ"


"အာ့.. "


ဒေါသတကြီးဆိုလာသည့် စကားကြောင့် အားယူကာ ပြောလိုက်တော့ ကွဲအက်နေသည့် ပါးခမ်းသားတွေမှာ သွေးစလေးများစို့ထွက်လာပြီး အသံလုံးဝ မထွက်သောကြောင့် ဒေါ်လရိပ် လန့်ကာ အဖြူကို တွန်းထုတ်လိုက်သည်။


"နင်...နင်..စကား မပြောနိုင်ဘူးလား"


ဒေါ်လရိပ်စကားကို ထောက်ခံသလို အဖြူ

ခေါင်းငြိမ့်ပြလိုက်သည်။


"မဟုတ်ဘူး နင် လိမ်နေတာမို့လား နင့်ကို 

ထပ်ပြီးနှိပ်စက်မရအောင် တမင်ဟန်ဆောင်နေတာ"


လက်ညှိုး ငေါက်ငေါက်ထိုးကာ အော်လာသည့် ဒေါ်လရိပ်ကို အဖြူ ခေါင်းကိုသွက်သွက်ခါအောင် ခါရမ်းပြလိုက်သည်။ဒေါ်လရိပ်အော်သံကြောင့် ဦးမိုးနှင့် လွှာ အပေါ်ထပ်မှပြေးဆင်းလာကြသည်။


"လရိပ် ဘာဖြစ်တာလဲ"


"မာမီ...ဘယ်လိုဖြစ်ရတာလဲ"


ဒေါသတကြီးရှိနေသော ဒေါ်လရိပ်၏ အကြည့်တွေအောက်မှာ ခွေခေါက်လဲနေသော အဖြူ..။ဒီမြင်ကွင်မျိုးက မကြာခနမြင်ရတတ်ပေမယ့် ဒေါ်လရိပ် မျက်နှာမှာ ဒေါသထွက်နေရုံတင်မကပဲ ထိန့်လန့်နေဟန်ရှိနေပြီး အဖြူခန္ဓာကိုယ်လေးလည်း တဆပ်ဆပ်တုန်ရီနေ

သည်။


"ပြောစမ်း! နင်ဟန်ဆောင်နေတာမဟုတ်လား...နင်လိမ်နေတာ"


ဒေါ်လရိပ် ထိုင်ချလိုက်ပြီး အဖြူကိုယ်လုံးလေးကို ရိုက်နှက်ကာ မျက်ရည်များပင် စီးကျနေသည်။ဦးမိုးနဲ့ လွှာ ဘာကိုမှနားမလည်နိုင်ပဲ ရှိနေကြပြီး သက်ပြင်းခနခနချနေကြသည်။


"ပြောစမ်းပါ အဖြူရောင်ကြိုးရယ်.. ဟင့်...နင် ငါ့ကို လိမ်နေတာမို့လား ဟင့် မဟုတ်ဘူးမို့လား"


ဒေါ်လရိပ်ပြောသမျှကို တုံ့ပြန်ပြောဆိုခြင်းမရှိဘဲ ခေါင်းကိုသာ အတွင်တွင်ခါနေလေသည်။


"လရိပ် တစ်ခုခုပြန်ပြောပါအုံးကွာ"


"သူ...သူ.. စကားမပြောနိုင်တော့တဲ့"


"ဘာ!"


"ရှင်! ဘယ်လို.. ဘယ်လိုဖြစ်ရတာလဲ မာမီ အဖြူ ဘာဖြစ်သွားတာလဲ"


"မာမီလည်း မသိဘူး သမီး...ပူတူး နင်ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်"


ပျာပျာသလဲ လက်ခါပြနေသောကြောင့် 

လွှာနဲ့ဒေါ်လရိပ် စိတ်ကို မထိန်းနိုင်ပဲ ငိုချလိုက်ကြသည်။


"လရိပ်! မင်း သူ့ကို သနားနေတာလား မင်းမှာဘယ်ချိန်က အကြင်နာတရားရှိသွားတာလဲ"


စူးဝါးစွာ ထွက်ပေါ်လာသော ဦးမိုးတိမ်တိုက်၏အသံကြောင့် ဒေါ်လရိပ် ဟန်မပျက်ပဲ မျက်ရည်သုတ်ပစ်လိုက်သည်။အရေးကြီးရင် သွေးနီးကြတာပဲလေ...အဒေါ်တစ်ယောက်အနေနဲ့ တူမလေးအဖြစ်ကို မြင်ပြီး ခနတာ တုန်လှုပ်သွားခဲ့မိတာတော့အမှန်ပင်။


"အလွှာဖြူ ကိုယ့်အလုပ်ကို သွားလုပ်ချေပါ 

အဲ့မျက်ရည်တွေ ထပ်မကျနဲ့ ငါမမြင်ချင်ဘူး ဒါက နင့်ရဲ့ကံတရားပဲလေ"


အဖြူ မျက်ရည်တွေကို သုတ်ပစ်ပြီး နေရာမှ ထကာ မီးဖိုချောင်ဆီပြေးထွက်လာခဲ့သည်။နာကျင်မှုက 

ဘယ်နေရာကမှန်းမသိ ဖော်ပြမရအောင် နာကျင်သည်က အမှန်ပေ။


*အဖြူ့ကိုမှ ကံတရားကြီးက ဘာလို့ ရက်စက်နိုင်ရတာလဲ အဖြူ ဘာမကောင်းမှုတွေလုပ်ထားလို့ ဒီလိုရက်စက်စွာ ဒဏ်ခတ်ရတာလဲ အဖြူ လွတ်မြောက်ချင်ပါပြီ*


"အလွှာဖြူ သွက်သွက်လက်လက်လုပ်စမ်းပါ ညည်းနဲ့အလုပ်လုပ်ရတာ စမ်းတမ်းစမ်းတမ်းနဲ့ စိတ်ကို မရှည်ဘူး ဒါကြောင့်လည်း မမကြီးက ခနခန အဆူခံထိရတာ ညည်းကြောင့် ငါရော အဆူခံထိတာ သိရဲ့လား သွက်သွက်လေးလုပ်ပါအေ"


*အဖြူကြောင့်! အားလုံးက အဖြူကြောင့်ပဲတဲ့လား*


မျက်ဝန်းထဲမှာ ပြည့်အိုင်လာသည့် မျက်ရည်တွေကို စီးကျမလာအောင် မျက်တောင်နှင့်ပုတ်ခတ်ထုတ်ရသည်။အဖြူ မျက်ရည်ကျရင် ပိုပြီး အဆူခံထိအုံးမည်မဟုတ်လား။အဖြူ့ဘဝ ဘယ်လို ကံဆိုးမှုတွေနဲ့ ကြုံနေရတာလဲ။


~~~~~💦


ဦးမင်း၏ စျာပနကို ခမ်းနားစွာ ပြုလုပ်ပေးပြီး အိမ်အပြန်လမ်းတွင် နွမ်းနယ်နေသည့်ကြီးမြကို ကားဆီတွဲခေါ်လာခဲ့သည်။ထိုစဉ် စျာပနအခမ်းအနားပွဲတက်ရောက်လာကြသည့် မိတ်ဆွေတစ်ချို့ကြားမှာ ရိပ်ခနဲ့ မြင်လိုက်ရသည့် လူတစ်ဦးကြောင့်လျှောက်လှမ်းနေရာမှ ခြေလှမ်းတို့က တုံ့ခနဲ့ ရပ်တန့်သွားသည်။


"ကြီးကြီး ကားထဲကပဲစောင့်နေနော် ကျွန်တော် မကြာဘူး ခနပဲပြန်လာခဲ့မယ် J ကြီးကြီးကို စောင့်ရှောက်ပေးပါအုံးနော်"


"ဟုတ်ကဲ့ ရပါတယ် ကိုလေး"


မြင်လိုက်ရသည့် လူနောက်ကို အပြေးတစ်ပိုင်းနှင့် 

လိုက်လာခဲ့သော်လည်း အစအနပင်မမြင်ရအောင် 

မျက်ခြေပျက်သွားသည်။ရှိုင်း အမြင်မှားတာတော့ 

မဖြစ်နိုင်ပါ။ သူမြင်လိုက်ရသူက ဦးမိုးတိမ်တိုက်ဆိုတာ သေချာသည်။


'ခင်များမှာ ဘာအကြံတွေရှိနေတာလဲ ဦးမင်းသေဆုံးမှုက ခင်များနဲ့ သတ်ဆိုင်နေတာပဲလား ကျုပ်ရအောင်စုံစမ်းမယ် '


®®®


"ကြီးကြီး နားလိုက်ပါနော် အရမ်းပင်ပန်းနေခဲ့ပြီ"


"လောဘတွေတိုက်စားလောင်မြိုက်နေတဲ့ အတ္တသမားတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ ကံကြမ္မာကြီးကို သူတို့လိုရာ ကြိုးဆွဲနိုင်ကြတယ်ထင်နေကြတာ 

ဘယ်အရာမဆို အတုံ့အလှည့်ဆိုတာ ရှိတယ် 

ဘယ်အရာမှ အမြဲတမ်းမတည်မြဲနိုင်ဘူး အနိစ္စသဘောတရားကိုမလွန်ဆန်နိုင်ကြတဲ့ လူသားတွေက ဘာကြောင့်များ လိုအင်တပ်မက်မှုကြီးမားနေကြတာလဲ သူတို့တွေလည်း တစ်နေ့ ဆုံးရှုံးခန်းကို မလွဲမသွေရောက်ကြမှာပဲ ဒါက လည်ပတ်နေတဲ့ ကံကြမ္မာရဟတ်ကြီးရဲ့သဘောတရားပဲ ဒါကို နားမလည်နိုင်အောင်ကို အမှောင်ဖုံးလွှမ်းနေကြပြီ"


ကြီးမြ၏ဆွေးဆွေးမြေ့မြေ့စကားအဆုံးမှာ ဘာမှမတတ်နိုင်သလို သက်ပြင်းဖွဖွချလိုက်ကြသည်။


"ကြီးကြီး သိပ်ပြီးအများကြီးမတွေးပါနဲ့ နားလိုက်တော့နော်"


"အင်း...ဒါနဲ့ မင်းက.."


"ကျွန်တော်က ဦးမင်းရဲ့တူ J meပါ"


"မင်းနာမည်ကို ကြားဖူးတယ် "


"ဟုတ်ကဲ့"


"ကြီးကြီး သူ ကျွန်တော်တို့နဲ့အတူနေရင်အဆင်ပြေမလား"


ရှိုင်းအမေးကိုဘာကြောင့်လဲ ဆိုတဲ့အကြည့်နဲ့ ကြီးမြ မျက်မှောင်ကုပ်လိုက်သည်။


"ဟို ကျွန်တော်အမေက ဆုံးပါးသွားခဲ့တာကြာပါပြီ 

ကျွန်တော်တစ်ယောက်တည်း ရုန်းကန်နေရတာပါ အခုဦးမင်းကလည်းမရှိတော့ဘူးဆိုတော့ မှိခိုအားထားစရာလည်းမရှိတော့ဘူး နောက်ပြီး ဒီမှာ ဦးမင်းနေရာမှာ လူလိုမယ်ဆိုရင် ကျွန်တော်.....ကျွန်တော်ဒီမှာပဲ အလုပ်တစ်ခုလောက်လိုချင်လိုပါ"


J စကားပြောနေစဉ်ဒေါ်အေးမြ၏ စူးစမ်းသည့် အကြည့်တွေအောက်မှာJ စကားတွေတုန်နေသည်။စကားထဲတစ်ခုခုအမှားပြောမိမှာ စိုးရိမ်မိသောကြောင့် ထိန်းပြောနေခဲ့ရသည်။


"အင်း...အဆင်ပြေပါတယ်"


J မျှော်လင့်ချက်ပြည့်သွားသည့်မျက်နှာနှင့် ကျေးဇူးတင်သည့်အကြည့်တွေကို ရှောင်ဖယ်ကာ ဒေါ်အေးမြ ထ ထွက်လာခဲ့သည်။

' ဒီလူငယ်နဲ့ ပတ်သတ်ပြီး ငါ့စိတ်တွေ လေးနေပါလား...မင်းကိုစောင့်ကြည့်ရမယ် J '


"ညီ မင်းကံကောင်းတယ် ကြီးကြီးက တော်ရုံလူစိမ်းကို သိပ်ပြီးလက်မခံတတ်ဘူး"


"ကိုလေးကို ကျေးဇူးရမှာဗျ ကျေးဇူးပါဗျာ"


"ရပါတယ် ညီရာ မင်းနေဖို့ စီစဉ်ရမယ် အကိုနဲ့လိုက်ခဲ့"


အရင်က ဦးမင်းနေခဲ့သည့် ဂိုထောင်လေးမှာပဲJ အတွက် နေဖို့ထိုင်ဖို့ စီစဉ်ခဲ့ပြီး ရှိုင်း အခန်းကို ပြန်ကာ ရေချိုးလိုက်သည်။ပင်းပန်နွယ်နယ်သမျှ လန်းဆန်းသွားသော်လည်း စိတ်တွေထွေနေခဲ့သည်။ကုတင်ပေါ် အသာလေးလှဲပြီး မျက်လုံးလေး ဖွဖွမှိတ်လိုက်သည်ဆိုလျှင်ပဲ..


"sorry!"


စင်တာမှာ ဝင်တိုက်မိသည့် ကောင်မလေးက အတွေးထဲဝင်လာခဲ့သည်။မျက်နှာကိုသေချာမမြင်လိုက်သော်လည်း ရင်းနှီးသည့် အထိအတွေ့လေးကို အခုမှပြန်ပြီး သတိရမိသည်။


"ဟူး...."


မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အတွေးတွေကို ဖယ်ရှားကာ အိပ်ပျော်အောင်ကြိုးစားရတော့သည်။


~~~~~


အအေးခွက်ကိုမွှေနောက်နေရင်းဖြင့် မျက်လုံးကကဒ်လေးကိုပဲ ကြည့်နေခဲ့သည်က တိမ်လွှာရယ်ပါ။မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မျက်ခြယ်ကတော့ အအေးသောက်လိုက် တိမ်လွှာကြည့်လိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။


"တိမ်လွှာ! ငါတို့ ဒီနေ့ရုပ်ရှင်သွားကြည့်ရအောင်"


"....."


ပြောပြီး အအေးငုံ့သောက်နေတဲ့ မျက်ခြယ် စကားပြန်မရသောကြောင့် ပြန်မော့ကြည့်ပြီး မျက်လုံးလည်နေအောင်ကစားလိုက်သည်။


"တိမ်လွှာ! .."


"ဘာလဲဟာ အာရုံနောက်တယ်"


"ပြစမ်းပါအုံး ဒါက ဘာကဒ်လဲ ငါပြောနေတာတွေ မကြားနိုင်လောက်အောင် ဒါကိုပဲ စူးစိုက်နေတာ"


တိမ်လွှာ မျက်ခုံးပင့်ကာ ပုခုံးကိုဟန်ပါပါတွန့်ပြလိုက်သည်။ပြီးမှ မသောက်ရသေးသည့် ရှေ့က အအေးခွက်လေးကို ယူသောက်လိုက်သည်။


"ရှိုင်းဝဠာထွဋ်! ....ဟဲ့.. ဒါ ဘယ်သူကြီးလဲ"


"သူရိန်"


"အော် လက်စသတ်တော့ ဒီတစ်ယောက်ပဲကို နာမည်ကတော့လန်းတယ်"


"လူကပိုလန်းတယ် တစ်ခါမြင်ရုံလေးနဲ့ မျက်လုံးထဲမှာရော နှလုံးသားထဲထိစွဲလန်းနေတာ စကားတစ်ခွန်းပြောတိုင်း နှလုံးသားထဲထိ လှိုင်းလေးတုန်ခတ်သွားတာ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး မထိတထိ မျက်နှာထားလေးက အရမ်းစမတ်ကျနေရောပဲ ပြီးတော့ဘိုကေတိုတိုလေးကို သေသေသပ်သပ်ဖီးလိမ်းထားတာလေးကစိမ်းနေတာဘဲ မျက်နှာလေးကဆို နုဖပ်ပြီး နှုတ်ခမ်းစိုစိုရဲရဲလေးက မိန်းကလေးတောင် အရှုံးပေးရလိမ့်မယ်" "


"ကဲ... တော်ပြီ...အဲ့ဒီသူရိန်ကို ချီးမွမ်းခန်းဖွင့်နေရင် ဒီနေ့တစ်နေကုန်လို့ နောက်ရက်အချိန်တွေ ချေးရလိမ့်မယ် ငါလေးလည်း သူရိန်အကြောင်း အလွတ်ရနေပြီ..

နင်ပြောပုံအရဆို နင့်လူက အဘိုကြီးဆိုဒ်.."


"ဟာ! ...မိန်းမ...ဒါတော့နင်လွန်သွားပြီ ငါ့ကိုကိုကိုများ အဘိုးကြီးတဲ့ သူက ငါ့ထက် အလွန်ဆုံးလေးငါနှစ်ပဲ 

ကြီးမှာ ဒါပေမယ့် သူ့ကြည့်ရတာ အရမ်းရင့်ကျက်တဲ့ပုံပဲ"


"အေးလေ ဦးလေးကြီးလောက်တောက်ရှိမှာပေါ့"


"မျက်ခြယ်! ဒီအအေးဖိုးနင်ပဲရှင်းတော့"


လွှာ ခပ်ဆောင့်ဆောင့်လေးအော်ပြီး မျက်စောင်းလေးက မျက်ခြယ်ဆီ ဒိုင်းကနဲ့ ဒိုင်းခနဲ့ ရောက်လာသည်။နှုတ်ခမ်းလေးဆူထားပုံက တကယ့်ကလေးလေးသဖွယ်တိမ်လွှာပုံစံလေးကိုကြည့်ပြီး မျက်ခြယ်တစ်ခစ်ခစ်ရယ်နေတော့သည်။


"မျက်ခြယ်မ!"


"ခစ်...! ဟုတ်ပါပြီ လွှာရယ် "


"မျက်ခြယ်!"


"အေး ပြောလေ နင့်ရှေ့မှာ ငါတစ်ယောက်လုံးရှိနေတာကို ခေါ်နေသေးတယ် ပြောစရာရှိရာပြော"


"ငါလေသူ့ကို ဖုန်းဆက်ရင်ကောင်းမလားလို့"


"ဟဲ့ နင်က မိန်းကလေးနော် ဘယ်လောက်ပဲ 

ကြိုက်ကြိုက်သူဆက်လာတာပဲစောင့်ပါ"


"သူမှ ငါ့ဖုန်းနံပါတ်ကိုမသိတာ"


"ဟမ်! နင့်ဖုန်းနံပါတ်မပေးလိုက်ဘူးလား"


"အေး အဲ့ဒီက အရေးကြီးကိစ္စပေါ်လာလို့သူက ပြန်သွားတာ ဒီကဒ်လေးပေးပြီး ဆက်သွယ်လိုက်ပါတဲ့"


"ဟာ! ဒါဆို ဒီလူက သူ့ကိုသူ တော်တော်အထင်ကြီးတာပဲ"


"ဘာလို့လဲ?"


"မတုံးစမ်းပါနဲ့ မိတိမ်လွှာရယ် သူ့ဖုန်းနံပါတ်ပေးခဲ့တယ်ဆိုမှတော့ နင်က သူ့ဆီဆက်ကိုဆက်လိမ့်မယ်ဆိုပြီး အပိုင်တွက်ထားတာ ခုခေတ်က မိန်းကလေးက စပြီးရည်းစားစကားပြောနေကြတာကများတယ်လေအဲ့တာကြောင့် မိန်းကလေးတွေကို လိုက်စရာမလိုဘူး သူတို့ဘာသာလိုက်လာလိမ့်မယ်ဆိုတဲ့ အချိုးမျိုး ဒီလိုလူမျိုးကို လက်လွှတ်လိုက်ပါဟာ မိန်းမသိက္ခာကျတယ်"


"သူက အဲ့လိုမျိုးတော့ မဟုတ်လောက်ပါဘူး"


တွေးဆဆလေးပြောနေတဲ့ တိမ်လွှာကို မျက်ခြယ် 

မျက်စောင်းပစ်လိုက်သည်။


"မိန်းမ ငါက နင့်သိက္ခာအတွက်ပြောတာ ခုခေတ် မိန်းကလေးတွေက လိုက်ရလွယ်တယ် အထာလေးပေးလိုက်တာနဲ့ တန်းပါလာကြတာပဲ အဲ့လိုမိန်းကလေးမျိုးထဲနင်မပါစေနဲ့ တကယ်ဆို နင်ကအရင်ပဲ နင့်ဖုန်းနံပါတ်ကိုပေးလိုက်ရမှာ"


"ဟုတ်တယ်နော် ငါသာ အရင်ပေးလိုက်ခဲ့ရင် ဒီလိုစောင့်နေရမှာအဟုတ်ဘူး"


"နင်းလည်း အပိုင်တွက်ထားပါလား ဟိုက နင့်ကို သူငယ်ချင်းမိတ်ဆွေတစ်ယောက်လိုပဲ သဘောထားမယ်ဆိုရင်ရော"


"မျက်ခြယ်အပြောကို တိမ်လွှာ အအေးသောက်ရင်း ခေါင်းရမ်းပြလိုက်သည်။


"သူကြည့်တဲ့အကြည့်တွေကို ငါသိနေတယ် "


"ဟွန်း...ကည်းစားက မရသေးဘူး roပြနေလိုက်တာ မျက်စိရှက်၊ နားရှက်တယ်"


"သေချာတယ် နင်တစ်သက်လုံး အပျိုကြီးဖြစ်မှာ"


"ကောင်းတာပေါ့ဟဲ့ ချုပ်ချယ်မယ့်လူမရှိတော့ ကြိုက်တဲ့အဆင်လိုက်ငမ်းလိုရတယ်"


"နှဘူးမ"


"နင့်လောက်မဆိုးဘူး"


"တော်ပြီနင်နဲ့ စကားနိုင်မလုတော့ဘူး နင်ရုပ်ရှင်ကြည့်မယ်ဆို လက်မှတ်သွားဖြတ်ကြမယ်"


"ဒါ အကောင်းဆုံးပဲ"


အအေးဖိုးပိုက်ဆံလေးကို ခွက်လေးအောက် ဖိထားပြီး ပြန်ယူလိုက်တဲ့ လွှာ။


"ဟဲ့ ဘာလုပ်တာလဲ လွှာ"


"ခုနာက ငါပြောတယ်လေ ငါ့ကိုကိုကို အဘိုးကြီးလို့ပြောလို့ ဒီအအေးဖိုးနင်ရှင်းရမှာ ရှင်းခဲ့တော့ သွားပြီ"


"ဟဲ့ လွှာစုတ် ပလုပ်တုတ်"


မျက်ခြယ် မရှင်းလို့လည်း မရတော့ လွှာက ပိုက်ဆံအိတ်ယူကာ ထွက်သွားလေပြီ။


"သည်းခံ မျက်ခြယ် သည်းခံ ဒီလွှာတစ်ယောက်နဲ့တော့ ဟွန်း..."


~~~~~


The Queen ပရောဂျက်စာတမ်းတွေကို ပြုလုပ်နေရင်း ဘေးမှာတင်ထားသည့် ဖုန်းလေး တုန်ခါနေသည်။

unknown number တစ်ခုမို့ မကိုင်မိဘဲ ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေမိသည်။အရေးကြီးသည့်အလုပ်လက်စနှင့်ဆိုလျှင် ဘယ် unknownမှ အရေးတယူမကိုင်သည်က ရှိုင်းအကျင့်ပင်။


silent မလုပ်မိဘဲ vibrate လုပ်ထါးမိသေါကြောင့် တုန်ရီနေသံက နှောက်ယှက်နေသည်။ နှစ်ခါ သုံးခါ အဆက်မပြတ်တုန်ရီလာသောကြောင့် မနေသာတော့ပဲ ဖုန်းလေးကို ဖွင့်ကြည့်လိုက်သည်။


"ဝဠာ ငါခေါ်နေတာကြာပြီ ဘာတွေလုပ်နေတာလဲ"


"ဟက်! sorry ပါ အန်ကယ် ကျွန်တော် စာတမ်းလုပ်နေလို့"


contacts မှာ ပေါ်နေသည်က အန်ကယ်သွေး မို့ စပ်ဖြဲဖြဲလေးလုပ်ကာ ပြန်ဖြေရသေးသည်။


"အေး ငါလည်းအဲ့တာပြောမလို့ မင်းရှာခိုင်းတဲ့ မြေကွက်ကိစ္စအားလုံးအဆင်ပြေတယ် လိုချင်တဲ့ ပမာဏလည်းရနိုင်တယ် စာချုပ်အသင့်ပြင်ထားဖို့ပဲ"


"Okလေ ကျွန်တော် ပရောဂျက်ရဲ့ စာတမ်းတွေအားလုံးပြုစုပြီးပြီ မနက်ဖြန်တွေ့ကျမယ် ကော်ဖီသောက်ရင်း ကျွန်တော်ရဲ့ ဒီဇိုင်းပုံလေးကြည့်ကြတာပေါ့"


"ကြွားမယ် လုပ်ပါ ဝဠာရာ ဟား...ဟား..."


"အဟက်! ခင်များပြောသလိုပေါ့"


"Ok! Bye.....see you!"


ဖုန်းချလိုက်ပြီးနောက် အပြီးသတ်ပြီးဖြစ်သည့် ဒီဇိုင်းပုံစံငယ်လေးကို ကြည့်ကာ ပြုံးလိုက်သည်။ထိပ်စည်းစားတန်းဖြစ်သည့် The Queen ဆိုသည့်စကားလုံးလေးက လူတိုင်းကိုဆွဲဆောင်စေမည်မှာအမှန်ပင်။


ကိုယ့်စိတ်ကူးနှင့်ကြည့်နူးနေစဉ် တစ်ဖန် တုန်ခါလာသော ဖုန်းလေးကြောင့် အာရုံနောက်ပြန်သည်။numberကြည့်တော့ ခုနာကခေါ်ခဲ့သည့် unkniwn numberလေးဖစ်နေသည်။ထို့ကြောင့် နံပါတ်လေးကို သေချာကြည့်ပြီး ကိုင်လိုက်သည်။


"ဟဲလို! "


" ....."


ကိုင်ပြန်တော့လည်း တစ်ဖက်ကတုံ့ပြန်သံမကြားတာကြောင့် နားကခွာပြီး နံပါတ်ကို သေချာပြန်ကြည့်ရပြန်သည်။


တစ်ဖက်တွင်လည်း....


အရင်တစ်ခါ ခေါ်လိုက်စဉ်က မကိုင်တာကြောင့် အနည်ငယ် ပူထူသွားပေမယ့် မထိန်းနိုင်သည့် စိတ်ခံစားမှုကြောင့်နောက်တစ်ကြိမ်ထပ်ခေါ်မိပြန်သည်။ဟဲလို ဆိုသည့် အသံလေးကြားလိုက်တော့ ခုန်လှုပ်နေသည့်

နှလုံးသားလေးပင်ကပြောင်းကပြန်ဖြစ်သွားအောင် ရင်ခုန်နှုန်းတွေဒီဂရီမြင့်တက်နေခဲ့သည်။တုန်ရီနေသည့်ရင်အစုံကို လက်နှင့်ဖိရင်း ပြောစရာစကားအပြေးအလွှာရှာနေရသူက တိမ်လွှာရယ်ပါ။


တကယ်တမ်း ဖုန်းကိုင်လာပြီဆိုတော့လည်း ဘာပြောရမှန်း မသိတော့ပေ။ရင်ထဲမှာပြောချင်သည့်စကားများလာသောအခါ ဆွံ့အသွားရပြန်သည်။ဘာကိုမှဂရုမစိုက်ပဲ စိတ်ထဲရှိရာသာ တဇွတ်ထိုးပြောချလိုက်ရအောင်လည်း သူနဲ့ကိုယ်က ဘာမှသက်ဆိုင်နေသည်မဟုတ်ပေ။


"ဟဲလို ဘယ်သူပါလဲ"


တစ်ဖက်က စိတ်မရှည်တော့သည့်လေသံကြောင့် စိတ်ကိုလျော့ချလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ

အမောဖြေရသေးသည်။


"ဟို...ကိုသူရိန်လား"


"လွှာ"


ရှိုင်းကို သူရိန်လို့ ခေါ်သူက လွှာတစ်ယောက်ပဲရှိသည်မို့ လွှာမှန်းတန်းသိလိုက်သည်။ခုနာက ဘာစကားမှပြောမလာလို့ ဒေါသထွက်နေခဲ့ပေမယ့် သူမအသံလေးကြားလိုက်ရတော့ ထိုဒေါသတွေ ဘယ်ဆီကိုလွင့်ပြယ်သွားသည်မသိ။


"လွှာ မအိပ်သေးဘူးလား ညဉ့်နက်နေပြီ"


"လွှာ အိပ်မပျော်လို့. ဟို ကို..အဲ..."


"အဟွန်း ကြိုက်သလိုခေါ်ပါဗျာ ကိုယ်ခွင့်ပြုပါတယ်"


"ဟုတ်"


ချိုမြမြစကားသံလေးက ရှိုင်းရင်ကိုပြင်းပြင်းထန်ထန်လှုပ်ခတ်စေတာအမှန်ပင်။ကျောင်းပြီးတည်းက အလုပ်မှာပဲ စိတ်နှစ်ထားပြီး ဝန်းထမ်းမိန်းကလေးတစ်ချို့မှလွှဲ၍ ဘယ်မိန်းကလေးနဲ့မှ ရင်းနှီးမှုမရှိခဲသော ရှိုင်းအတွက် လွှာက ပထမဆုံးရင်းနှီးခဲ့သည့် မိန်းကလေးသာ။ဒီမိန်းကလေးကပဲ သူ့ရင်ကို အဆမတန်ခုန်စေခဲ့တာ ထူးဆန်းပါလား။အချိန်တစ်ခုအထိသူမနဲ့စကားဖောင်ဖွဲ့နေမိရင်း နာရီကြည့်မိတော့ ညဉ့်ပင်အတော်နက်နေခဲ့ပြီ။


"ညဉ့်နက်နေပြီ အိပ်တော့နော် babe "


"မနက်ကျ ကိုကို နိုးရမယ်နော်"


"ဟင်!"


"ဟမ်! ဟီး..ဘာမဟုတ်တော့ဘူး အိပ်ပြီ good night"


တစ်ဖက်က စကားပြန်ပြောမလာခင် လွှာ ဖုန်းကို အရင်ချလိုက်သည်။သူ့ကိုအထာပေးတာမဟုပေမယ့် စိတ်ကူးထဲမှာပင် စွဲမြဲနေသော နောက်ထပ်နာမ်စားလေးတစ်ခု မထင်မှတ်ဘဲ ထွက်ကျသွားခဲ့မိသည်။သူမကို အလွယ်ရသည့်အပေါစားမိန်းမလို့များထင်နေမလား။ဒါပေမယ့် နှလုံးသားက ထိန်းချုပ်ထားသမျှ ရင်ခုန်သံတွေနဲ့ရောထွေးကာ အပြင်ကိုထွက်ကျလာခဲ့သည်။


.


"ကိုကိုတဲ့!.....ဟက်...ဘယ်လိုကောင်မလေးလဲ babe ကိုယ့်စိတ်ကို လာဆွပေးနေတယ်....အပင်လေးတွေပိုမိုရှင်သန်ဖို့ ပေါင်းသင်မြေဆွပေးရတယ်တဲ့ အဲ့တာဆို သစ်ပင်လေးက ပိုပြီး ကြီးထွားရှင်သန်နိုင်တယ် ...

မင်းလည်း ကိုယ့်နှလုံးသားသစ်ပင်ကိုမှ မြေလာဆွမှတော့ကိုယ့်အချစ်တွေက ပိုပြီးရှင်သန်ကြီးထွားနိုင်တာပေါ့ "


>>>>>>>❤


rate now: