book

Index 1

အပိုင်း(၁)

ကြွေလွင့်မျက်ရည်


ရတနာမြိုင် အိမ်ကြီးထဲမှာ တိုက်ပုံအဖြူရောင်နှင့် ခန့်ထည်နေသည့် ရှေ့နေကြီး ဦးသိုက်ထွန်းတစ်ယောက် ဘေးက လူတွေဆီဝေ့ဝဲကြည့်လိုက်သည်။


ဦးနေဂုဏ်ရောင်နှင့် ဒေါ်သဇင်လှိုင်းခတ်တို့ ဇနီးမောင်နှံကတော့ ပြုံးပျော်နေကြပြီး အလည်က ၁၀နှစ်အရွယ်

ကလေး အဖြူရောင်ကြိုး လေးကတော့ ဘာမှမသိနားမလည်သလို သူတို့ပြောသမျှကို မျက်လုံးအဝိုင်းသား

လေးနှင့် ငေးကြည့်နေသည်။


ဒေါ်လရိပ်ရောင်တစ်ယောက်တစ်ချက်တစ်ချက် 

မျက်နှာပျက်သွားရသည်ကိုတော့ မည်သူမှ သတိထားမိသည်မထင်ပေ။အပြင်ပန်းက အပြုံးချိုချိုလေး 

ပြုံးနေသော်လည်း ရင်းတွင်းမှာ မုန်တိုင်းထန်နေခဲ့ရ

သည်။


ဦးနေဂုဏ်ရောင် ပိုင်ဆိုင်သည့် ကုမ္ပဏီနှင့်ပစ္စည်းအားလုံးကို အဖြူရောင်ကြိုး နာမည်နှင့် အားလုံးကို လွှဲပေးလိုက်လေသည်။ဘာမှမသိနားမလည်သည့်

ကလေးကို ပိုင်ဆိုင်မှုတွေလွှဲပြောင်းပေးခြင်းကို

ဒေါ်လရိပ်ရောင် သဘောမကျပေ။မိဘအမွေ

တွေကို သူမလည်း ရသင့်သည်မဟုတ်လား...အကိုဖြစ်သူ နေဂုဏ်ရောင်က သူမထက်နှစ်ဆပိုများတဲ့ အမွေကိုရရှိထားပြီး သူမက သုံးပုံတစ်ပုံရရှိခဲ့ခြင်းကို 

မကျေနပ်နိုင်ပေမယ့် ဦးနေဂုဏ်ရောင်ဆီက ပိုင်ဆိုင်မှုတစ်ချို့ကို မျှော်လင့်လို့ရသေးသည်။ အခုတော့....

သူမမျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရသည်။


လရိပ် ရသင့်ရထိုက်တာကို ပြန်ယူရမှာပဲ 

ဆွေမျိုးသားချင်းဆိုတာ မရှိဘူး တရားမျှတမှုဆိုတာလည်း နားမလည်ဘူး ဒီတော့ လရိပ်ကို ယုတ်မာတယ် မပြောပါနဲ့ အကိုသာ တရားမျှတရင် လရိပ်လည်း 

မိန်းမဆိုးမဖြစ်ရဘူး အခုတော့ ....လရိပ်ရောင်ဆိုတာ အကိုလုပ်သမျှ ငြိမ်ခံနေမှာမဟုတ်ဘူး


"လရိပ်"


"ရှင် အကို ဘာမေးလိုက်တာလဲ"


"ဘာပြောစရာများရှိသေးလဲ"


"မရှိတော့ပါဘူးရှင်"


ရှေ့နေကြီး အမေးကို အပြုံးချိုချိုလေးနှင့်သာ တုံ့ပြန်လိုက်သည်။ သူမရဲ့ ဘီလူးမ မျက်နှာကို ထုတ်ဖော်ဖို့အချိန်မကျသေးပါဘူး...အခုတော့ လှပတဲ့ မင်းသမီး

မျက်နှာဖုံးလေးကို စွပ်ထားရမှာပေါ့..


မုန်းလိုက်တာမမြင်ချင်တဲ့လူတွေကို ပြုံးပြနေတဲ့ 

အဖြစ် ဆိုးလိုက်တာနော်


"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး "


"ဟုတ်ကဲ့ ကြွပါဗျ"


ရှေ့နေကို အိမ်ပေါက်ဝထိ လိုက်ပို့ပြီး ဒေါ်လရိပ်ရောင်လည်း အကို့မိသားစုကိုနှုတ်ဆက်ကာ အိမ်ပြန်လာခဲ့

လိုက်သည်။

လမ်းမှာပဲ ယောက်ျားဖြစ်သူဆီကို လှမ်းပြီးဖုန်းဆက်လိုက်သည်။


"ဦးမိုးတိမ်တိုက် အခု ရှေ့နေပြန်သွားပြီး 

အမြန်လှုပ်ရှားပါ"


ကြိုတင်စီစဉ်ထားသော ကိစ္စတစ်ခု ဖြစ်တာကြောင့် အမြန်ဆုံးအဆုံးသတ်နိုင်မည်ဆိုတာ ယုံကြည်နေပါ

သည်။သူမ ခရီးလမ်းမှာ ဖြောင့်ဖြူးဖို့ ဆူးညှောင့်ခလုတ်တို့မရှိအောင် ရှင်းပစ်ရမည်ပဲလေ။ဦးသိုက်ထွန်းကလည်း သူမအတွက် ဆူးတစ်ချောင်း ဖြစ်လာနိုင်သည်မို့ အစောဆုံးရှင်းထားသည်က ပိုသေချာမည်။

ကိုယ့်အစီအစဉ်နှင့်ကို အကျေနပ်ကြီး ကျေနပ်နေမိ

တော့သည်။


~~~~~~💦


"ပါးတို့ရဲ့ မင်းသမီးလေး အခုကစပြီး ဘုရင်မလေး 

ဖြစ်သွားပြီ"


ဦးနေဂုဏ်ရောင် သမီးကို ပွေ့ချီလိုက်ပြီး ပါးမို့ဖောင်း

ဖောင်းအိအိလေးကို နမ်းရှိုက်လိုက်သည်။


"သမီးလေးက ဘုရင်မလေးဆိုတော့ ဘယ်အရာကို

မဆို သမီးလေးကပဲ ဦးဆောင်လုပ်ရတော့မယ်နော်"


"ဘုရင်မလေး အဖြူက မင်းသမီးလေး မဟုတ်တော့ ဘုရင်မ ဖြစ်သွားပြီ"


မိဘတွေစကားကို သံယောင်လိုက်ပြောကာကြည်နူး

နေသည့် သူမမျက်နှာလေးက ပကတိဝင်းပကြည်

လင်နေသည်။


ဦးမိုးတိမ်တိုက်တို့က ကုမ္ပဏီလုပ်ငန်းအများစု ဝင်ရောက်စွပ်ဖက်ကာ အားနည်းချက်ကို ချနင်းပြီး အပိုင်းသိမ်းရန်ကြံစည်နေကြောင်းကို ဦးနေဂုဏ်ရောင် သိနေ

သောကြောင့် ချို့ယွင်းအားနည်းချက် နည်းနိုင်သမျှ

နည်းအောင် ကြိုးစားရသည်။


ဒေါ်ပန်းရမုံ အမွေချန်ထားသည့် ဆေးဝါးထုတ်လုပ်

ရေးကုမ္ပဏီနှင့်အခြား Hotels များအပါအဝင် 

ရတနာမြိုင် ဥယျာဉ်ခြံ ကို သူ့ကို ပေးခဲ့သည်မှန်သော်လည်း ဒေါ်ပန်းရမုံ၏အချစ်ဆုံးမြေးဖြစ်သူ 

အဖြူရောင်ကြိုး အသက်၂၀ပြည့်ချိန် လွှဲပြောင်း

ပေးရန် နောက်ဆုံးအချိန်ကပြောသွားခဲ့သည်။

ဒေါ်ပန်းရမုံ၏ ပိုင်ဆိုင်မှုတော်တော်များများကို မြေးမလေးကိုသာ လွှဲပြောင်းပေးရန် ဆန္ဒရှိသောကြောင့် အသက်၂၀ မပြည့်ခင်အချိန်ထိ ဦးနေဂုဏ်ရောင်ကပဲ ထိန်းသိမ်းစောင့်ရှောက်ကာကုမ္ပဏီကို ဆက်လက်ဦးစီးလာခဲ့သည်။


နေဂုဏ်ရောင်နှင့် လရိပ်ရောင်ဆိုသည့် သူတို့မောင်နှမကိုတော့ အချိုးညီစွာ ပေးထားခဲ့သည်။သို့သော်လည်း လရိပ်၏ သမီး တိမ်လွှာမို့မို့ အတွက်သီးသန့်ခွဲခြားပေးခဲ့လေခြင်းမရှိသောကြောင့် မကျေနပ်ဖြစ်ကာ ကုမ္ပဏီကို လုယူရန်တိတ်တခိုး အစီအစဉ်တွေ စီစဉ်နေကြ

သည်။သူတို့ကိုပါ အသက်အန္တရာယ်ထိခိုက်လာနိုင်

သောကြောင့် အမွေကိစ္စကို စောစောစီးစီးကြိုတင်လုပ်ကိုင်ထားရခြင်းပင်။


"📲..."


"ဟဲလို "


"........"


"ဘာ! ဟုတ်ပြီ အခုလာခဲ့မယ်"


"ပါး ဘာဖြစ်လို့လဲ"


"သမီး မားဆီသွား သဇင် ကိုယ် အပြင်သွားစရာရှိလို့ 

ပြန်လာမှအကျိုးအကြောင်းပြောပြမယ် "


သမီးလေးကို ဇနီးသည်ဆီလွှဲပေးပြီး ကားလေးအရှိန်တင်မောင်းကာ ထွက်သွားလေသည်။ 


~~~~💦


"တောက်!"


ဦးမိုးတိမ်တိုက်ရဲ့ တောက်ခေါက်သံက အခန်းထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


"အခုမှဒေါသဖြစ်မနေနဲ့ ရှင့်ကို သေသေချာချာ ပိပိရိရိလုပ်ပါလို့ မှာထားရက်နဲ့ အခုတော့ အစီအစဉ်တွေ ကပြောင်းကပြန်ဖြစ်ကုန်ပြီ"


နောက်ကထွက်ပေါ်လာသည့် အသံကြောင့် စောင်းငဲ့

ကြည့်လိုက်ပြီး ထိုင်ခုံမှာပဲ နေရာပြင်ထိုင်ကာ 

ဆေးလိပ်ကို မီးညှိလိုက်သည်။စိမ်ပြေနပြေ နှင့် 

မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး


"ငါလည်း ပိပိရိရိလုပ်တာပဲ ငါလုပ်တာ ဘယ်သူမှမသိဘူး"


"ဒါပေမယ့် စာချုပ်တွေမရခဲ့ဘူးလေ အရေးကြီးတဲ့အရာတွေ မရခဲ့ပဲ ကျွန်မတို့ ဘယ်လိုရှေ့ဆက်မလဲ"


"ငါလည်း ချက်ချင်းသွားယူမလို့ပဲ သူ့သားဆိုတဲ့လူ 

ရောက်လာတာ ပြီးတော့ နေဂုဏ်ရောင်ပါ ရောက်လာတော့ ငါ ဘာမှလှုပ်ရှားလို့မရဘူး"


"အစီအစဉ်ပျက်သွားပေမယ့် အချိန်အများကြီးရှိပါ

သေးတယ် ဘယ်အရာမှနောက်မကျသေးဘူး "


"ဘယ်လိုထပ်စီစဉ်ထားတာလဲ"


ဒေါ်လရိပ်ရောင် နှုတ်ခမ်းထက်မှာ အဓိပ္ပါယ်များစွာ 

ပါဝင်နေသော ကောက်ကျစ်သော အပြုံးတစ်ခုဖြစ်ပေါ်လာပြီးနောက်...


®®®®


ဒူးနှစ်ဖက်ပေါ် တံတောင်လေးတင်ကာ ခပ်ငိုက်ငိုက်

ထိုင်သော လူကို မိခင်နောက်ကွယ်မှ ခေါင်းလေးအသာ

စောင်းငဲ့ကြည့်လိုက်သည်။


"သားရှိုင်း ဦးတို့လည်း စိတ်မကောင်းပါဘူးကွာဦးပဲအားလုံးကိုအဆင်အောင် စီစဉ်ပေးပါမယ်"


"....."


အသိမှတ်ပြုသလို အနည်ငယ်သာ မော့ကြည့်ပြီး စားပွဲပေါ်က စာရွက်ထပ်ကိုသာ အကြောင်းမဲ့ငေးကြည့်မိ

ပြန်သည်။


နံပါတ်မပါတဲ့ ကားတစ်စီး ဖခင်ကို ဝင်တိုက်လိုက်

သော မြင်ကွင်းက မျက်လုံးထဲကမထွက်ပေ။တာဝန်ယူမှု မရှိသော ကားသမားက အဝေးကိုမောင်းထွက်သွားလေသည်။ သူ ဖခင်ဆီပြေးသွားချိန် 

သွေးအိုင်ထဲမှာအသက်ကို ခက်ခက်ခဲခဲရှူနေရသည့်အခြေအနေ...ဝိုင်းကူမည့်သူမရှိ ကယ်ရာမယ့်နေ

သည့် အချိန်ခနလေးအတွင်း ကမ္ဘာပျက်မတပ်နာကျင်ခံစားရသည်။


"သား...ဒီစာချုပ်ကို လုံးဝ အပျက်ဆီမခံပါနဲ့ 

ကာကွယ်ပေးပါ သားက လူလိမ္မာလေးပါကွယ် "


နောက်ဆုံးစကားလေးကိုပြောပြီး သူ့ကို စိတ်ချလက်ချ ထားရစ်က လောကကြီးကို ကျောခိုင်းထွက်ခွာသွားလေတော့သည်။မိခင်ကို မမြင်ဖူးလိုက်သော သူ့အတွက် ဖခင်ကသာ အမိ၊ဖခင်ကသာ အဖ ဖြစ်ခဲ့ရသည်။ သားဖနှစ်ယောက် လောကဓံကိုရင်ဆိုင်ကျော်

ဖြတ်ကာ အမှောင်ထုက ရုန်းမထွက်နိုင်ချိန် အလင်း

ရောင်ပေးစွမ်းနိုင်ခဲ့သည့် ဦးနေဂုဏ်ရောင်ဆိုသည့် 

လူကြီးကြောင့် လောကအလယ် တင့်တောင့်တင့်

တယ်နေနိုင်ကာ လူအများကြား ဝင်ဆံ့နိုင်ခဲ့လေခြင်း

ပင်။သားဖနှစ်ယောက် အတူလက်တွဲ ရပ်တည်နေကြ

ရင်းမှ အခုလို ဖခင်ကရုတ်တရက်နှုတ်ဆက်သွားလေ

တော့ သားဖြစ်သူမှာ တစ်ယောက်တည်းကျစ်ရစ်ခဲ့ရ

လေသည်။


မရှိတော့ဘူး သူ့ဘဝမှာ ဘာကိုမှတွယ်တာစရာမရှိ

တော့ဘူး အားလုံးဆုံးရှုံးလိုက်ရပြီ 


သူ မျက်ရည်တစ်ပေါက် စီးကျဆင်းသွားသည်ထင်၏။


"သား မင်း ခံစားနေရတာကို နားလည်ပါတယ်သားက 

ယောက်ျားပဲ လောကဓံမုန်တိုင်းကို ကြံကြံခံရင်ဆိုင်နိုင်ရမယ် သားစိတ်ကို ပြင်ဆင်ထားပါ ကြုံလာရမယ့် 

လောကကြီးရဲ့ လှည့်ကွက်တွေက ခါးသီးလွန်းတာ

လည်း ရှိသလို ချိုမြိန်တာလဲရှိတယ် ချိုမြိန်ခြင်းကို 

မက်မောသလို ခါးသီးတာလဲ လက်ခံနိုင်ရမယ်"


"......."


"ဦးတို့ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့ သား ခနနားလိုက်အုံး"


"ဟုတ်ကဲ့"


~~~~~^~~~~~


"လောကကြီးရဲ့ လှည့်ကွက်တွေက ခါးသီးလွန်းတာ

လည်း ရှိသလို ချိုမြိန်တာလဲရှိတယ် ချိုမြိန်ခြင်းကို 

မက်မောသလို ခါးသီးတာလဲ လက်ခံနိုင်ရမယ်"


ထိုစကားက နားထဲမှာ ပဲ့တင်ထပ်နေလျက် ယိုင်နဲ့

နေသောကိုယ့်စိတ်ကို အကြိမ်ကြိမ်ပြန်လည် 

ထူထောင်နေမိသည်။ ခြံဝင်းထဲက ခုံတန်းလေးမှာ 

ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ဘဲ အတွေးများလျက် ငြိမ်သက်နေသော သူ့အပေါ်ကို အရိပ်လေး ကျရောက်လာသည်။


"ကိုကို "


ချိုသာသော အသံလေးကြောင့် မော့ကြည့်လိုက်တော့ 

အနီရောင် ဂါဝန်ဝဲဝဲလေးနှင့် ဖွေးနုအိစက်နေသည့် 

မျက်နှာလှလှလေး ရွှေဝါရောင်ဆံပင်လေးတွေက 

အဖျားလိပ်လိပ်ခွေခွေလေးနှင့် ဘာဘီရုပ်လေးသဖွယ် ချစ်စရာကောင်းလှသည်။


"ရော့"


"ဘာလဲ မီးလေး"


အဝါရောင်ဆံနွယ်လေးထက်မှာရွှေသရဖူလေးဆောင်းထားသော ဘာဘီရုပ်အရုပ်ကလေး 

သူမနှင့် ပုံစံတူအရုပ်လေးဆိုလည်း မမှားလောက်ပေ။


"အဖြူ ဝမ်းနည်းလာရင် ဒီဘုရင်မလေးကိုပြောပြ

တယ် သူ့ကို ဖက်ပြီး ငိုလိုက်ရင် စိတ်ညစ်တာတွေ 

မရှိတော့ဘူး ကိုကိုက ဘာလို့ ဝမ်းနည်းနေတာလဲ ကိုကို စိတ်ထဲရှိသမျှ သူ့ကို ပြောပြလိုက်လေ အဲ့တာဆို ကိုကို စိတ်ညစ်တာတွေမရှိတော့ဘူး"


"....."


လူကြီးလေးလို ပြောနေသော ကလေးမကြောင့် မျက်ရည်တွေကြားက ပြုံးလိုက်ရသည်။ ပြီး သူမလက်ထဲက အရုပ်လေးကို လွှဲပြောင်းယူလိုက်သည်။


"အဖြူ တဲ့လား"


"အဖြူရောင်ကြိုး"


"လှတယ် နာမည်လေးက လူကလည်း ချစ်ဖို့ကောင်းတယ် ကလေးက စိတ်ညစ်ရင် မေမေတို့ကို ပြောမပြဘူးလား ဒီအရုပ်လေးကို ပြောပြတယ်ဆိုတော့"


သူ့ရှေ့ မတ်တပ်ရပ်နေရာမှ ဘေးက နေရာလွတ်မှာ ဝင်ထိုင်လာသည်။


"ကိုယ့်အပူကို သူများတွေ ပြောပြတာထက် 

ကိုယ့်ကိုယ်ကို ပြောပြတာပိုကောင်းတယ် လူတွေက အပေါ်ယံဟန်ဆောင်တာတွေပိုများတယ် ကိုယ့်ကို လိုအပ်တဲ့သူ ရှိသလို မလိုမုန်းထားတဲ့ လူတွေလည်း 

ရှိတယ်တဲ့ တချို့တွေက ကိုယ့်ခံစားချက်ကို ပျက်ရယ်

ပြုကြလိမ့်မယ်အပေါ်ယံဟန်ဆောင်သူတွေနဲ့နေရတာထပ်စာရင်တစ်ယောက်တည်းနေရတာ ကိုယ့်ဘဝအတွက်ပိုပြီးစိတ်ချမ်းသာစရာကောင်းပြီးအေးချမ်း

တယ်"


"ဟွန်း စကားတတ်လိုက်တာ"


"ဟီး မား ပြောပြတာ ပါး တို့ မားတို့ အမြဲပြောနေသံ

ကြားနေရတာ အလွတ်ရနေပြီ"


"ဘာပဲ ဖြစ်ဖြစ် ကိုယ့်အတွက် ပညာတစ်ရပ်တိုးသွား

ပြီး ကျေးဇူးပါကလေးငယ်"


"အဖြူကလည်း သူတပါးကို လမ်းပြပေးနိုင်တဲ့လူ ဖြစ်ချင်တာ ဆရာ လုပ်တာတော့မဟုတ်ဘူးလေ မီးပွိုင့်က အဖြူနဲ့ ရွယ်တူလောက်ရှိသေးတဲ့ ကလေးတွေ သူတို့တွေ ကျောင်းမတက်ရဘူးတဲ့ သူတို့လို ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကျောင်းရတက်ရအောင် 

လုပ်ပေးချင်တာ ပညာရေးကို ဆုံးခန်းတိုင်အောင် 

သင်စေပြီး ကိုယ့်ဘဝကို ရပ်တည်နိုင်စေချင်တာ"


"အဖြူက တော်လိုက်တာ"


"ဒါပဲလေ အဖြူက ဘုရင်မ ပဲ"


"ဟုတ်ပါပြီ ကိုယ့်ရဲ့ ဘုင်မလေး"


သူမခေါင်းလေးကို ဖွဖွပုတ်ပြောလိုက်တော့ လက်ကို ခါရမ်းပြီး 


"No no ဘုရင်မဆိုတာ တပါးတည်း ဘယ့်သူ့အတွက်မှ သီးသန့် မဟုတ်ဘူး အားလုံးအတွက် အားလုံးကို 

အကောင်းမွန်ဆုံးအရာတွေ ပေးစွမ်းနိုင်တဲ့ 

ဖန်ဆင်းရှင်"


"ဟက်!"


လက်ဟန်ခြေဟန်ဖြင့်ပြောနေသောကြောင့် သူ 

သဘောကျစွာ ရယ်လိုက်သည်။ သူမကို လှောင်တာ

လည်း မဟုတ်ပါ။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်မှန်းချက်

ကြီးသလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝထားကာ စာနာစိတ်ရှိသောကြောင့် သူမလေးကို 

သဘောကျခြင်းပင်။


သူ့အတွက်တော့ သူမဆီက စိတ်ထား ခံယူချက်တို့ကို လက်ဆောင်ရလိုက်သည်။ မမေ့နိုင်တဲ့ အမြဲအမှတ်

တရရှိနေစေမည့် အချိန်လေးတစ်ခုပါ။


"သမီး ပူတူးလေးရေ"


"ရှင် ကြီးကြီးမြ သမီး ဒီဘက်မှာ"


သူမကို ထိန်းကျောင်း ပြုစုလာသည့် ဒေါ်အေးမြ သူမနာမည်လေးကို ခေါ်ရင်း အနားရောက်လာသည်။


"သမီး ထမင်းစားမယ်လေ"


"ပါးနဲ့မားရော"


"အပြင်သွားကြတယ် ခနနေရင် ပြန်လာလိမ့်မယ်"


"ပါးတို့ ပြန်လာမှပဲ စားတော့မယ်"


" ဒီက ကိုကိုကို သမီးက အဖော်လုပ်ပြီး စားပေးလိုက်

လေ"


"ဟုတ် ကိုကို လာ ထမင်းသွားစားကြမယ်"


ရှိုင်း ငြင်းချိန်ပင် မရလိုက်ပဲ သူမဆွဲခေါ်ရာနောက် ပါလာခဲ့ရသည်။


~~~~~~~


"သား ပုစွန်ကြိုက်လား"


"ဟုတ်ကဲ့ "


"ထည့်စားနော် သား ဘာမှအားမနာနဲ့"


"ဟုတ်"


ကြီးမြ ဟင်းပွဲတွေပြင်ဆင်ပေးပြီး ဟင်းတွေ 

ခပ်ထည့်ပေးနေတော့သည်။မျက်နှာချင်းဆိုင်ထိုင်နေသည့် အဖြူကတော့ ဟင်းခွက်မရှိသည့် စားပွဲရဲ့နေရာလွတ်လေးမှာ လက်နှစ်ဖက်ယှက်တင်ကာ 

ပြုံးပြုံးလေး ကြည့်နေသည်။


ကြီးမြ သူ့ကို ဟင်းထည့်ပေးပြီး သူမအတွက် ထမင်းပွဲလေးပြင်ကာ ရှေ့ချပေးလာသည်။ထမင်းဖြူကိုသာ ဆီဆမ်းထားပြီး ဘာမှမပါသေးကြောင့် သူကပဲ..


"ညီမလေး ပုစွန်စားမလား"


ရှေ့မှာရှိနေသည့် ဟင်းခွက်ထဲက ပုစွန်ကွေးလေးများ ခပ်ယူကာ ထည့်ပေးရန် လုပ်တော့ ပန်ကန်လေးမပြီး 

နောက်ဆုတ်သွားသည်။


"အဖြူက ပုစွန်နဲ့မတည့်ဘူး ကိုကိုပဲ စားပါ"


"အဟင်း...ဟုတ်တယ် သားရဲ့ ပူးတူးလေးက 

ရေ သတ္တဝါနဲ့ ဓာတ်မတည့်ဘူး သူ့အတွက် ဟင်းရွက်

ကြော်ပေးထားတယ် ဒီမှာ"


မုန်းညင်းရွက်ကြော် ပန်းကန်လေ သူမရှေ့ ချပေးလာ

တော့မှ ထိုအရွက်ကြော်များနှင့်သာ ထမင်းဆက်စား

နေသည်။အဖြူရောင်ကြိုးဆိုသည့် ကောင်မလေးဆီကထူးဆန်းမှုတစ်မျိုးပြီးတစ်မျိုးမြင်တွေ့နေရတော့

သည်။


~~~~~~~💦


"ရှိုင်း "


"ဗျာ"


"ဦးတို့အပြင်သွားရအောင်"


"ဟုတ်ကဲ့ဗျ"


အဖြူနဲ့ ဧည့်ခန်းထဲမှာ ထိုင်ရင်း အတူဆော့ပေး

နေသော ရှိုင်းဝဠာအနား မျက်နှာမသာမယာနှင့်ရောက်လာသော ဦးနေဂုဏ်ရောင် အပြင်သွားဖို့ခေါ်နေသောကြောင့် ဆော့လက်စအရုပ်များကို ချပြီး ထရပ်လိုက်သည်။


"အဖြူလည်း လိုက်မယ် "


"သမီး အဖြူလေးက အိမ်မှာပဲ ကြီးကြီးမြနဲ့ဆော့

နေခဲ့နော် မားတို့က ခနပဲ သွားမှာ သမီးက လိမ္မာတယ်"


"....."


မျက်နှာငယ်လေးနှင့် မှိုင်သွားသော သမီးလေးခေါင်းကို ဖွဖွပုတ်ပေးလိုက်ပြီး သမီးရှေ့မှာ ဒူးထောက်ထိုင်

ချကာ ခေါင်းလေးကို အသာထိန်းကိုင်ရင်းနဖူးချင်း

တိုက်လိုက်သည်။


"ပူတူးလေးကို ချစ်တယ်"


"အဖြူလည်း မားမားကို ချစ်တယ်"


ပြုံရယ်ကာဖြင့် ပြန်ဆိုလိုက်သောကြောင့် စိတ်ဆိုးပြေသွားပြီဆိုတာ သိလိုက်ရသည်။သူမလေး စိတ်ဆိုး

စိတ်ကောက်တိုင်း နဖူးချင်းတိုက်ကာ ချော့ရမြဲပဲ

မဟုတ်လား...


"ပါးလည်း သမီးကို ချစ်တယ်"


"ပါးရော မားရော ချစ်တယ်"


ပြိုင်တူ နဖူးချင်းတိုက်ကာ ဆိုလိုက်ပြီးမှ ကားပေါ်တက်လာခဲ့ကြတော့သည်။

ကားလေးကို မျက်စိတစ်ဆုံး ငေးကြည့်လက်ပြရင်း 

ကြီးကြီးမြနှင့် အဖြူ နှစ်ယောက်တည်းသာ ကျန်ခဲ့ကြသည်။


~~~~~💦


"ဦး ဘယ်သွားမှာလဲ"


"ဒီနေ့ ရက်လည်..."


"...."


သိသိသာသာမှိုင်ကျသွားသော ရှိုင်းမျက်နှာထား

ကြောင့် စကားမဆက်တော့ပဲ ကားကိုသာ အာရုံစိုက်

မောင်းနေလိုက်တော့သည်။


ဖေဖေ လောကကြီးက ထွက်သွားတာ တပတ်ပြည့်ခဲ့ပြီပဲ ကျွန်တော့်ကို စိတ်ချထားရက်နိုင်တယ်နော်

ကျွန်တော် ဖေဖေ့ကို ချစ်တယ် အခုနာက ဦးဂုဏ်တို့ မိသားစု နွေးထွေး

ပျော်ရွှင်နေတာ မြင်ရတော့ သား ကြည်နူးမိတယ်

ကျွန်တော်လည်း ဒီလို နွေးထွေးတဲ့ မိသားစုမျိုးလေး 

လိုချင်မိတယ် ။ရပိုင်ခွင့်ရှိတယ်မဟုတ်လား။


စီးကျလာသည့်မျက်ရည်တွေကို နာကျင်စွာ သုတ်ပစ်လိုက်ပြီး အပြင်ကို ငေးကြည့်ကာ မျက်ရည်တွေ

ခြောက်သည်အထိ ငြိမ်နေလိုက်သည်။


"လောကကြီးရဲ့ လှည့်ကွက်တွေက ခါးသီးလွန်းတာ

လည်း ရှိသလို ချိုမြိန်တာလဲရှိတယ် ချိုမြိန်ခြင်းကို 

မက်မောသလို ခါးသီးတာလဲ လက်ခံနိုင်ရမယ်"


ခါးသီးတဲ့ လောကဓံတရားကြီးကိုလည်း ရင်ဆိုင်နိုင်ရမှာပေါ့ မင်းမှာ ဘယ်သူမှမရှိတော့ပေမယ့် မင်းတစ်

ယောက်လုံးရှိနေသေးတာပဲ ဖိုက်တင်း ရှိုင်းဝဠာထွဋ်

အဖေပေးခဲ့တဲ့ မင်းဘဝကို အကောင်းဆုံး ကြိုးစားနေထိုင်ပါ


ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း အားငယ်နေသည့် 

စိတ်အစဉ်ကို ပြန်လည်ထိန်ချုပ်ကာ သိမ်ငယ်မှုတွေ အဝေးလွင့်သွားအောင် ဖယ်ရှားလိုက်သည်။


လမ်းမထက်မှာ တရိပ်ရိပ်ပြေးလွှားနေသောကား

လေးတစ်စီး၏ ကံကြမ္မာကိုတော့ ဘယ်သူမှ 

ကြိုမမြင်နိုင်ခဲ့ကြပါ။


>>>>>>>

စာရေးသူ_

သံယောဇဉ်ကြိုး


rate now: