book

Index 7

(Part 7)

ကမ်းပြိုအနမ်း


 တစ်ပတ်လောက် မယ်ယဥ်ကျေးအပေါ် နှောင့်ယှက်မည့် သူ မရှိတာကြောင့် ခေါင်းတစ်ခြမ်းအေးနေရသည်။ ပြန်လာရင် ဘာတွေအပူလိုက်ကပ်အုံးမှာတော့မသိ။


မယ်လေးက သူ့ကို မမျှော်ပါဘူး။ တစ်ခါတလေ ဆိုင်ရှေ့မှာ သူ့ကားများ လာရပ်ထားမလား ဆိုတာ မျှော်ကြည့်မိတတ်တာကတော့ အဆစ်ကလေးပေ။ ဒါကလည်း သူ သင်ပေးခဲ့သည့် အကျင့်။  သူ 

မယ်လေး ဘဝထဲ ဝင်မလာခင်ကဆို ပါးပါးနဲ့မားမားက မယ်လေးရဲ့ ဘဝတစ်ခုလုံး စိုးမိုးထားတာ။ ဟွန့် သူ​ ရောက်လာတော့ မယ်လေး အကျင့်ပျက်လာတာ။


''ကျေးမ''


''ဟင်''


''မနက်ဖြန် ငါ့မွေးနေ့နော် ကျေးမ''


''ဟွန့် သိသားပဲ''


''အဲ့ဒါ ငါ့အိမ်မှာ Birthday Partyလေး လုပ်မလို့၊ လာရမယ်နော်''


''မိုးဖွဲ့ကလည်း ငါ ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ မရဘူး ဆိုတာ သိသားနဲ့''


''ကျေးမ နင့်အကြောင်း ငါ သိလို့ သူငယ်ချင်းလေးယောက် ငါး​ယောက်နဲ့ လုပ်ဖော်ကိုင်ဖက်တချို့တစ်ဝက်လောက်ပဲ ဖိတ်ထားတာ၊ ငါ့မှာ သူငယ်ချင်းဆိုလို့ ကျေးမ နင်တစ်ယောက်ပဲ ရှိတာကို ၊ လုပ်ပါဟာ''


''မိုးဖွဲ့ရာ ငါ နင်လိုချင်တာ ဝယ်ပေးမယ်လေ၊ မွေးနေ့ကိုတော့ မလာတော့ဘူးလေ နော် ''


''မရဘူး ကျေးမ၊ နင် လာကိုလာရမယ် မလာရင် အပြတ် ဒါပဲ''


မိုးဖွဲ့က ယတိပြတ်ပြော၍ ပြန်သွားလေသည်။ Birthday Partyမို့ မသွားချင်ပါဘူးဆိုမှ ဇွတ်ခေါ်နေတာ ၊ မိုးဖွဲ့ သူငယ်ချင်းတွေက Socialကောင်းသူမို့ မယ်လေးတစ်ယောက်တည်း အူတူတူ ဖြစ်နေမှာ စိုးမိသည်။ မသွားပြန်ရင်လည်း မိုးဖွဲ့က စိတ်မကောင်းဖြစ်အုံးမည်။ ခဏလေး သွားပြီး ချက်ချင်း ပြန်လာလိုက်မည်လေ။


❤❤


''ကျေးမ လာ ၊ ငါက နင့်ကို အစောကြီးကတည်းက မျှော်နေတာ၊ အကြာကြီး နေရမယ်နော်''


''အင်းပါ''


မိုးဖွဲ့အတွက် Birthday Presentလေး ပေးပြီးတော့ သူမ ထိုင်ခိုင်းရာ နေရာလေးတွင် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်ကို ကြည့်လိုက်ရာ ဝိုင်အမျိုးအစား

 စုံစုံလင်လင်ဖြင့် တည်ခင်းထားသည်။ ဘဝမှာ တစ်ခါမှ မသောက်ဖူးတာမို့ ဝိုင်က ချိုလား ခါးလား မူးလား မမူးဘူးလား ဆိုတာ မယ်လေး မသိ။ မုန့်လေးတွေကိုပဲ အလွယ်ကောက်စားနေမိသည်။ 


''ကျေးမ ''


''ဟင်''


''ဘာလဲ ပျင်းနေပြီလား''


မယ်လေးလည်း မလိမ်ချင်တာနဲ့ ခေါင်းလေးညိတ်ပြတော့ သူမအကြောင်း သိနှင့်နေပြီးသော မိုးဖွဲ့က နားလည်သလို ပြုံးပြသည်။


''အင်း ''


''ကျေးမ နင့်ကို ငါ့မိတ်ဆွေ မေးနေတယ်''


''အို မိုးဖွဲ့နော် ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်နဲ့ ၊ ငါ 

မကြိုက်ဘူး၊ နင် အဲ့လို ဆက်လုပ်နေရင် 

ငါ ပြန်တော့မှာနော်''


''ခစ်ခစ် ဘာလဲ နင့်လူကြီးကို ကြောက်လို့လား''


''ကိုမဂ္ဂမိုးသောက်ကို ငါက ဘာလို့ ကြောက်နေရမှာလဲ''


''အော်ဟော် ငါက နာမည်လည်း ထည့်မပြောမိပါဘူး''


''နင်နော် ထပ်စနေရင် ငါ တကယ် ပြန်တော့မှာ''


''စတာပါ ဒါပေမယ့် သူက နင်ဝင်လာကတည်းက တောက်လျှောက် ကြည့်နေတာနော်၊ တော်တော်ကြွေနေလောက်တယ်၊ နင်က အရမ်းလှနေတာကို ကျေးမရဲ့''


မိုးဖွဲ့ ပြောသည့်စကားတွေကို မယ်လေး မသိမသလိုနေရင်း ထို​ယောကျ်ားက မယ်လေးတို့အနား ရောက်လာကာ


''မိုးဖွဲ့ ''


''အော် စည်သူ''


''ဒီဘက်က မယ်ယဥ်ကျေးမလား''


''နင် သိပြီးသား မဟုတ်ဘူးလား စည်သူ''


''မိုးဖွဲ့ နင်ကလည်း၊ ငါက မယ်ယဥ်ကျေးနဲ့ ရင်းနှီးချင်လို့ပါ ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ကျောင်းကတည်းက မယ်ယဥ်ကျေးနဲ့ ရင်းနှီးချင်နေတာ၊ ရင်းနှီးခွင့် ပေးမယ်မလား မယ်ယဥ်ကျေး ''


မိုးဖွဲ့ကို ပြောသလိုလိုနဲ့ မယ်လေးကို ရင်းနှီးချင်နေသည့် စည်သူကို မယ်လေး ဘယ်လိုပြန်ပြောလိုက်ရမလဲပဲ စဥ်းစားနေရသည်။ မရိုင်းရအောင်တော့ ခေါင်းညိတ်အသိအမှတ် ပြုလိုက်သည်။ 


''ကျွန်တော် မယ်လေးရဲ့အဖေ ဦးခွန်းခမ်းနောင်နဲ့က အသိတွေလေ၊ အခု ကျွန်တော် ဦးစီးဆောက်နေတဲ့ ဟိုတယ်ကို မယ်ယဥ်ကျေးအဖေက ဒီဇိုင်းဆွဲပေးနေတာလေ''


''အော် ပါးပါးအသိကို''


''ဟုတ်တယ် ဦးခွန်ခမ်းနောင်က တကယ့်ကို အားကိုးရတဲ့ လူတစ်ယောက်လေ၊ လေးလည်း လေးစားရတယ်၊ အလုပ်လုပ်ရာမှာလည်း  တကယ် တိကျတယ်၊ အန်ကယ်နဲ့ အလုပ်လုပ်ရတာ တကယ် အဆင်ပြေတယ်''


''ဟုတ်ကဲ့ ''


''ကျွန်တော် မယ်ယဥ်ကျေး ဝင်လာကတည်းက

 ကြည့်နေတာ၊ အနေခက်နေတဲ့ပုံပဲ ပြန်ချင်နေပြီလား''


''ဟုတ် ''


''မိုးဖွဲ့ ငါ မယ်ယဥ်ကျေးကို လိုက်ပို့ပေးရမလား''


''ဒါ ငါ့ကို မေးရမှာ မဟုတ်ဘူး ၊ မယ်လေးကို မေးရမှာ ၊ သူ ခေါင်းညိတ်မှ နင်လိုက်ပို့''


''အင်းပါ ကျွန်တော် မယ်ယဥ်ကျေးကို အိမ်လိုက်ပို့ပေးပါရစေ''


''ဟိုလေ အားတော့နာပါတယ်၊ ကျွန်မ ကားယူလာတော့ ရှင်နဲ့ လိုက်ခဲ့လို့မရလို့ပါ''


'အော် ရပါတယ် ကျွန်တော့်ကို ခင်မင်ခွင့်ပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ''


''ဟုတ် အဲ့ဒါဆို ကျွန်မ့ကို ခွင့်ပြုပါအုံး၊ မိုးဖွဲ့ ငါ ပြန်တော့မယ် ၊ နောက်မှ တွေ့ကြမယ်''


''အေးအေး ကားကို ဂရုစိုက်မောင်းနော်''


''အင်း ''


မယ်ယဥ်ကျေး စကားစ မြန်မြန်ဖြတ်၍ လှည့်ထွက်လာခဲ့သည်။ မရိုးသားသော မျက်လုံးတို့ကို ရိပ်မိနေခဲ့သည်မို့ ရှေ့ဆက်မတိုးချင်။ နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ကို နေရာပေးထားချင်နေခဲ့တာလားတော့ သူမကိုယ်သူမ အသိဆုံး ဖြစ်မှာပင်။


❤❤


''သား မနက်ဖြန်မှ ပြန်ရောက်မှာဆို''


''ကိစ္စတွေ ဒီနေ့အပြတ်ပြီးခဲ့လို့ ၊ အမြန် ပြန်လာခဲ့တာ၊ ပြီးတော့ မာမီကို ပြောစရာ ရှိသေးတယ်၊ သားတို့​မြေကျင်းထဲက လူတစ်ယောက်မှာ ဇနီးနဲ့သမီးတစ်ယောက် ရှိတယ်၊ သူက မြေပြိုရာမှာ ပါသွားတာကို သူ့ဇနီးက ကြားပြီး နှလုံးရှော့ရိုက်သွားတာ၊ ချက်ချင်း ဆုံးသွားတယ်၊ အခု သူတို့ရဲ့ သမီးလေးက တစ်ယောက်တည်း ကျန်ခဲ့တယ်၊ သားလည်း တာဝန်ယူပေးချင်တာနဲ့ တစ်ခါတည်း ခေါ်ခဲ့လိုက်တယ်''


''ဟင် ဘယ်လို ''


ဧကရီ သားရဲ့စိတ်ဓာတ်ကို ချီးကျူးမိပေမယ့် တော်ကြာ ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာမှာ စိုးရသည်။ သားအနောက်ကနေ ကြောက်ကြောက်ရွံရွံ ကြည့်နေသည့် ကလေးမက သူမကို ချောင်းချောင်း ကြည့်နေသည်။ သူမနဲ့ မျက်လုံးဆုံရော အတင်းမျက်လုံးလွဲကာ သားလက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားသည်။


''သူ့နာမည်က ဂျာဆိုင်းရွယ်တဲ့၊ အသက်က ၁၇''


''အော် သားက တာဝန်ယူမယ် ဆိုတာက ဘယ်လို တာဝန်ယူမျိုးနဲ့လဲ''


''သူက ၁၀တန်းတက်မှာတဲ့ ၊ သား သူအလုပ်မရခင်အထိ နေစရိတ်စားစရိတ် အကုန် တာဝန်ယူပေးမယ်၊ အလုပ်ရပြီး ကိုယ့်ခြေတောက်အပေါ် ကိုယ် ရပ်နိုင်ရင် သူ့ဘဝသူ ကျောင်းလို့ ရပြီပေါ့၊ သူ့ဘဝသူ ထိန်းမကျောင်းနိုင်ခင်သေးအထိတော့ သားတို့ အိမ်မှာ ခဏ ခေါ်ထားကြမယ်''


''အင်း သူက သားအပေါ် ရှုပ်ရှုပ်ယှက်ယှက်တွေ မဖြစ်လာနိုင်ဘူး ဆိုတာ သား အာမခံလား''


ဧကရီ၏ တည့်တိုးအမေးကို ဂျာဆိုင်းရွယ်က ခေါင်းကို ညွတ်ကြမတတ် ငုပ်သွားသွားလေသည်။

မဂ္ဂမိုးသောက်ကတော့ မတုန်မလှုပ်သော မျက်နှာထားဖြင့်


''စိတ်မပူပါနဲ့ သားရဲ့ နှလုံးသားကို ရှာတွေ့ထားပြီးပြီပဲ၊ ဘာလိုသေးလို့လဲ''


''သား ပိုင်ရင် ရပြီ၊ နောက်မှ ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာလို့ မာမီ အားမနာခဲ့ရင် သား မာမီ့ကို အပြစ်မဆိုကြေး''


''ဟုတ် မာမီ၊ ဂျာဆိုင်းရွယ် မာမီက ငါ့အမေ ဒီအိမ်မှာ နေမယ်ဆို မာမီ့စကားကို နားထောင်မှဖြစ်မှာ၊ ပြီးတော့ မင်းကို ကျောင်းအပ်ပေးမယ်၊ စာကြိုးစား၊ လိုအပ်တာရှိရင် မာမီကိုပြော''


''ဟုတ် အကိုကြီး''


''အေး၊ မာမီ သားရေမိုးချိုးတော့မယ်၊ အကြည်လုံးလေးနဲ့ ခွဲနေရတာ လွမ်းလှပြီ''


''အမလေး အဖြစ်သည်းချက်''


မာမီက ပိုရန်ကော ဆိုသည့် ​အကြည့်မျိုးကို မဂ္ဂမိုးသောက် အသံတိတ်ရယ်မိသည်။ အကြည်လုံးလေးကို လွမ်းတာထက် ပိုတဲ့ စကားလုံးမျိုးရှိရင် နှိုင်းပြလိုက်ချင်သည်။ အခုချက်ချင်းတောင် သွားတွေ့ပစ်လိုက်ချင်ပေမယ့် ခရီးက ပြန်လာရတော့ လန်းလန်းဆန်းဆန်း ဖြစ်အောင် ရေမိုးချိုးပြီးမှ ကချင်ပြည်နယ်က ပါလာသည့် အကြည်လုံးလေးနဲ့ လိုက်ဖက်မည်ထင်တဲ့ ကချင်အထည်တွေကို လက်ဆောင်အဖြစ် ပေးပြီး ကျေးဇူးတင်ခဆိုပြီး အာဘွားတောင်းရမည်။ မဂ္ဂမိုးသောက် ကိုယ့်အတွေးနဲ့ကို အူမြူးကာ ရေမြန်မြန်ချိုး၍ အကြည်လုံးလေးဆီ လှိမ့်ရအုံးမည်။


❤❤


''ခင်ဗျားလေးနဲ့ဆို အရမ်းလိုက်မှာ၊ ကျုပ့်ကို မြန်မြန် ဝတ်ပြ​တော့''


ဖားကန့်က ပြန်လာပြီးချက်ချင်း မယ်ယဥ်ကျေးကို အလောတကြီး ခေါ်ထုတ်ကာ ကချင်အထည်လေးတွေကို လက်​ဆောင်ပေးသည်တဲ့လေ။ တစ်ဆယ်ထည်ထက်မနည်းတဲ့ အထည်ထုပ်ကြီးကို ကြည့်ပြီး သက်ပြင်လေးအသာ ချမိသည်။


''အခု ဝယ်လာ အခု ဝတ်ပြလို့ မရဘူး၊ ချုပ်ရအုံးမှာ''


''အော် ဟုတ်သားပဲ၊ ဟားဟား ကျုပ် ဝယ်လာတဲ့ အထည်တွေနဲ့ ခင်ဗျားအရမ်းလိုက်မှာဗျ၊ အော် ချုပ်လို့ရှိရင် ခင်ဗျားဝတ်နေကျ ခါးအတိလေးတွေ ချုပ် သိလား ''


မဂ္ဂမိုးသောက် စကားကို မယ်ယဥ်ကျေး နားမလည်တာမို့ 


''ဟင် ဘာလို့လဲ''


''ခါးအတိလေးတွေ ဆိုတော့ ကျုပ် စိတ်တိုင်းကျ ညစ်လို့ ရပြီပေါ့''


''ဟာ ရှင် နှာဘူးကြီး''


''ဟော် ခါးလေးညစ်ရုံပဲကို စွပ်စွဲချက်က ပြင်းလိုက်တာဗျာ''


''ဒါတွေ ထားပါအုံး၊ ရှင့်ကို မေးစရာ ရှိတယ်''


''အင်း ''


''ရှင် ဖားကန့်က ကောင်မလေးတစ်ယောက်ကို ခေါ်လာတယ်ဆို ''


''ဟာ သတင်းတွေက မြန်လိုက်တာ''


''ဟုတ်လား မဟုတ်ဘူးလား ဆိုတာပဲ ဖြေပါ''


''အင်း သူ့မိဘတွေက ဆုံးတာ ကျုပ် အပြစ်မကင်းဘူးထင်လို့၊ ကျုပ် မြေပြိုတဲ့နေရာ ရောက်တော့ လူတွေ အော်ငိုနေကြတာ၊ အခြေအနေတွေ ငြိမ်ကျသွားတော့ ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ရောက်လာကြပြီး ကယ်ပေးတာ၊ ပျောက်တဲ့သူတွေလည်း ပြန်တွေ့ တချို့ပျောက်နေတဲ့သူတွေက အလောင်းတွေ ဖြစ်နေပြီ၊ ဒီအ​​လောင်းတွေထဲမှာ ကျုပ် ခေါ်လာတဲ့ကလေးရဲ့အဖေလည်း ပါတယ်''


''ရှင့်အပြစ်မှ မဟုတ်တာ၊ ဒါ သဘာဝတရားကြီးလေ၊ ဘယ်သူ့မှ ကြိုပြောလို့မှ မရတာ၊ ရှင့်ကိုယ် ရှင် အပြစ်ရှိသလိုကြီး လုပ်မနေပါနဲ့''


''အင်း ကျုပ် သူ့ကို တတ်နိုင်သမျှ တာဝန်ယူပေးချင်တယ်၊ ''


''ဒါတော့ ရှင့်သဘောပါ၊ အန်တီက ရှင့်ကို မနိုင်ဝန်ထမ်းမိမှာ စိုးရိမ်နေတာ''


''စိတ်မပူပါနဲ့ ဘာလဲ မယ်လေးက ကျုပ့်မာမီကို ဘန်းပြပြီး ခင်ဗျားလေးကိုယ်တိုင် ကျုပ့်ကို သဝန်တိုနေတာမလား''


''အဟက် ဖြစ်ရတယ်၊ အန်တီ စိတ်ပူပြီး လှမ်းပြောလို့ ဒီက ပြောပြရတာ၊ ဘယ်သူမှ အားယားပြီး ပြောမနေဘူး သဘောပေါက်''


''ရက်စက်လိုက်တာ ''


ယောကျ်ားလေးတန်မဲ့ အမူအရာပိုပို နှာခေါင်းရှုံပြနေပုံက အမြင်ကတ်စရာ။ အပိုတွေ တအားလုပ်။


''မယ်လေး''


''ဘာလဲ ''


''ကျုပ်က ကမာကောင်နဲ့ မတူဘူးလား''


ထူးထူးဆန်းဆန်း သူ့ဆီက အမေးစကားကြောင့် မယ်ယဥ်ကျေး ဘာဖြေရမှန်းမသိ ကြောင်ကြောင်လေး ဖြစ်နေရသည်။


''ဟင်''


''ခင်ဗျားက ပုလဲလုံးလေးလေ၊ ကမာကောင်နဲ့ ပုလဲလုံးက အမြဲအတူတူ ထာဝရပဲ၊ ကမာကောင်ထဲမှာ ပုလဲလုံးလေးက ရှိနေတာ၊ ဒီတော့ ကျုပ်အထဲမှာ ခင်ဗျား ရှိတယ်၊ ခင်ဗျားနဲ့ ကျုပ်ကကမာကောင်နဲ့ပုလဲ''


''ဘယ်အထဲလဲ''


''ရင်ဘတ်ထဲ''


''ဘာမှလဲ မဆိုင်ဘူး ခစ်ခစ် ''


သူရဲ့ ပေါကြောင်ကြောင် စကားတွေက မယ်ယဥ်ကျေး ထိန်းမနိုင်အောင် ရယ်မောမိသည်။ စကားတတ်လွန်းတာကတော့ လှ​တောသားတောင် ဆရာခေါ်ရမည်။


❤❤


ဆက်ရန်

Shareခြင်းဖြင့် အားပေးပါ

#MonePannMyau


rate now: