ကမ်းပြိုအနမ်း
အခုထိ မယ်ယဥ်ကျေးအပေါ်မှ မထသေးပဲ ပေကပ်နေနေတဲ့ မဂ္ဂမိုးသောက် မျက်နှာကြီးကို ဆွဲကုတ်ပစ်လိုက်ချင်သည့်စိတ်က တစ်ဖွားဖွား။ လူကို ကြောက်နေမှန်းသိလို့ သက်သက် ရစ်နေတာ။
''ဖယ်စမ်း''
''မေးနေတာ အရင်ဖြေအုံးလေ၊ ပေးညစ်မှာလားလို့''
''အို ဘာလို့ညစ်... အာ ဘာလို့ ကိုင်ခိုင်းရမှာလဲ၊ ဖယ်စမ်း လွှတ်''
''မယ်လေးက အခုထိ မလိမ်မာသေးဘူးပဲ၊ ကျုပ် အတင်းအကြပ် လုပ်လိုက်လို့ရတယ်၊ မလုပ်ချင်လို့ ခင်ဗျားဆီက ခွင့်ပြုချက် တောင်းနေတာ၊ အေး ကျုပ်ဆိုတဲ့ကောင်ကလည်း ကိုင်ချင်ပြီဆို ရအောင် ကိုင်လိုက်ရမှ အဟွန်း''
''အမလေး အင့် ရှင်..''
မဂ္ဂမိုးသောက် ပြောလည်းပြော လက်ကလည်း
မယ်ယဥ်ကျေး ခါးသေးသေးလေးကို ဆတ်ခနဲ ဖျစ်ညစ်လိုက်တော့ သူမဆီမှ အာမေဋိတ်အသံလေး ထွက်လာသည်။ အသံကိုက ချိုသာညက်ညောသည့် အသံမျိုး။
မဂ္ဂမိုးသောက် ဘယ်ဘက်လက်က မယ်ယဥ်ကျေး၏ နူးညံအိစက်နေသော ခါးဆီသို့ ရောက်နေသည်။ မယ်လေး မနေတတ်တော့ပဲ ရှိသမျှ
အားလေးဖြင့် သူချုပ်ထားတဲ့လက်တွေကို အတင်းရုန်းကန်လိုက်တေ့ာ သူမလက်လေးနှစ်ဘက်က လွှတ်မြောက်လာသော်လည်း မဂ္ဂလက်တွေကိုတော့ မထိန်းချုပ်နိုင်။
မယ်လေး လက်တွေကို သူမခါးဆီရောက်နေသော မဂ္ဂလက်တွေအပေါ် အုပ်မိုးလိုက်ကာ
''မရွေ့နဲ့''
''အဟင်း ဘာလို့လဲ''
''ဟာ ရှင် လက်ကမြင်းလှချည်လား၊ လွှတ်ပေးစမ်း''
''ခင်ဗျားလက်က ကျုပ့်လက်အပေါ်မှာနော်''
''ရှင် လျှောက်ကိုင်နေမှာ စိုးလို့လေ၊ ကျွန်မ တောင်းပန်ပါတယ် လွှတ်ပေးပါတော့''
''ကိုင်ချင်တယ်လေကွာ''
''ဟင့်အင်း ''
''အဟက် တကယ့်ကလေးကွာ''
မဂ္ဂမိုးသောက် သူ့ကို ရှိစုမဲ့စု အားအင်လေးတွေဖြင့် ငြင်းပယ်ရုန်းကန်နေသော မယ်ယဥ်ကျေးကို အသည်းယားလာသည်။ သူမ ထင်တာက လက်တွေကို ချုပ်ကိုင်လိုက်လို့ ဘာမှ မလုပ်ရတော့ဘူးပေါ့။ အော် ကျုပ်က သားရဲတစ်ကောင် ဆိုတာ သူမ မေ့လျော့လေသလား။
''ဟင် ရှင်''
ခဏလေးအတွင်း မယ်လေးလက်နှစ်ဘက်ကို
သူ့လက်တစ်ဖက်ဖြင့် အပေါ်သို့ အုပ်မြှောက်ချုပ်ကိုင်လိုက်ပြီး သူရဲ့ လွှတ်နေသော
လက်တစ်ဖက်က ဦးတည်ရာ ခါးအိအိလေးသို့ ပြန်ရောက်လာသည်။
ဒီတခါတော့ စကားများလွန်းတဲ့ တွန့်တိုမလေးကို
မမေးနေတော့။ ကိုယ် လုပ်ချင်တာ လုပ်နေလိုက်တော့သည်။ အစကတည်းက လုပ်ချင်တာ
လုပ်လိုက်လို့ ရသော်လည်း တွန့်တိုမလေးကို မေးမိသည့် ကိုယ့်အပြစ်။
''မယ်လေးရယ် ဒီလောက် နူးညံ့ဖို့ လိုလို့လားဗျာ''
''အဟင့် ''
''ကိုင်လို့တောင် မဝဘူး၊ ခင်ဗျားနဲ့ ညားပြီးမှပဲ အဝကိုင်တော့မယ်၊ အဲ့ဒီအချိန်ကျရင် အခုလို ငြင်းလို့
မရတော့ဘူး၊ ကျုပ်ကလည်း လွှတ်ပေးဖို့ အစီအစဥ် မရှိဘူး ''
*အခုက လွှတ်ပေးနေတာကျလို့ သူ့စိတ်ကြိုက် လုပ်နေပြီးတော့ လူကို နားထောင်ကောင်းအောင် အပြောကောင်းနေတာ*
မယ်ယဥ်ကျေးမှာ အသက်တောင်မရူရဲ ။ မြန်မြန်လွှတ်ပေးပါစေလို့သာ တိတ်တိတ်လေး ဆုတောင်းနေမိသည်။
''အသည်းယားစရာလေး''
ရင်ဖုံးအကျီက ခါးအတိလေးမို့ လှုပ်လှုပ်ရှားရှား လုပ်လိုက်သည်နှင့် အပေါ်ကို နည်းနည်းရောက်ချင်သည်။ အခု ဒင်းရဲ့လက်ကမြင်းမှုကြောင့် လက်နှစ်ဘက်ကလည်း ခေါင်းအပေါ်ရောက်နေရသည်။
ဒီတော့ ရင်ဖုံးအကျီက အပေါ်ကိုတက်နေရာ ဖြူဖြူဖွေးဖွေး အသားတစ်လေးက လှစ်ခနဲပေါ်နေသည်။ ထိုအသားဖွေးဖွေးလေးကိုပဲ မျက်လုံးကြီးပြုတ်ထွက်မတတ် ကြည့်နေပြီး သူ့လက်ဖဝါးကြီးဖြင့် ညစ်ကိုင်နေလေရာ ပါးစပ်ကလည်း အငြိမ်မနေ။ မယ်လေး မရှက်ရှက်အောင် စကားကို တမင်များ ရွေးပြောနေသလားမသိပေ။
''ကိုက်ပစ်လိုက်ချင်တယ် အဟွန်း စိတ်ကိုမနည်းထိန်းထားလို့''
''တော်ပါတော့ မယ်လေးကို အိမ်ပြန်ပို့ပေးပါ''
ချော့လို့လည်းမရ ခြောက်လို့လည်းမရ ငိုလို့လည်းမရ အခြေအနေမျိုးတွင် မျက်ရည်လေးဝဲ၍ သနားခံရုံမှတစ်ပါး အခြားမရှိ။ မယ်လေး၏ ဤအပြုအမူက အလုပ်ဖြစ်သွားသည်နဲ့တူသည်။ သူမကို အုပ်မိုးနေရာမှ ဖယ်လိုက်ပြီး မယ်လေးကိုယ်ကို ဆွဲထူကာ သူ လက်သရမ်းထားသော အကျီလေးက နွမ်းလျနေသည်။ သူကိုယ်တိုင် မယ်လေးအကျီကို အသေအချာ ပြန်ပြုပြင်ပေးပြီး ရှည်လျားနက်မှောင်ဆံနွယ်ရှည်တွေက ရှုပ်ထွေးနေသည်။
မဂ္ဂမိုးသောက် ကုတင်ပေါ်က ထသွား၍ မှန်တင်ခုံရှိရာသို့ သွားကာ ဘီးလေးတစ်ချောင်းယူလာ၍
'' ကျုပ် ဆံပင်ဖြီးပေးမယ်''
''ဟင့်အင်း ''
''မငြင်းနဲ့ မယ်လေးရာ''
လက်က မယ်လေးဆံပင်တွေကို အငြင်သာဆုံး
ဘီးလေးဖြင့် ဖြီးပေးနေသည်။ မယ်လေးကျောပြင်လေးက သူ့ရင်ခွင်ကျယ်ကြီးနဲ့ ထိကပ်နေတာကိုလည်း သူမ မနေတတ်။
''ပျော့ပြောင်းနေတာပဲ ဆံပင်လေးက''
..
''ခင်ဗျားဆီမှာ မနူးညံ့တဲ့နေရာ ဘာတစ်ခုမှမရှိဘူး ၊ ခင်ဗျားက အရမ်းလှလွန်းတယ် သိလား''
...
''ဟင် ခင်ဗျားကိုယ်ခင်ဗျား သိလားလို့ ဖြေလေ''
''ဟင်..ဟင့်အင်း မပြီးသေးဘူးလား ပြီးရင်
ဖယ်တော့၊ ၆နာရီ ထိုးတော့မယ် မားမား မျှော်နေလောက်ပြီ''
''အင်း စိတ်ချပါ၊ ကျုပ့်ကိုသာ ခင်ဗျား အမြန်ဆုံး
စဥ်းစားပေး''
''ဘာကိုလဲ ''
''အဖြေလေ ကျုပ် ခင်ဗျားကို ချစ်ရေးဆိုထားပြီးပြီ၊ ဘယ်လောက် မြတ်နိုးကြောင်းလည်း လက်တွေ့ပြပြီးပြီ''
''အို..''
မယ်ယဥ်ကျေး ခါးလေးကို မျက်စပစ်ကာ ဆိုလိုက်တော့ ခုနကမှ သူ လက်ကမြင်းတာ ခံထားရသည့် မယ်လေးအဖို့ ရှက်ရွံပြန်လာသည်။ ဒီလို တွေ့တိုင်းသာ လက်ကမြင်းခံရရင် လုံးပါးပါးရချည်ရဲ့။
❤❤
''ဟယ် ဘယ်သူများလဲလို့ မယ်ယဥ်ကျေးလေးပါလား''
ဒေါ်ဧကရီက ဧည့်သည် လာတယ်ဆိုလို့ ဘယ်သူများလဲဆိုပြီး ထွက်ကြည့်ရာ မြန်မာရင်ဖုံးလေးနဲ့ အလှကြီး လှနေသော မတော်ရသေးသည့် ချွေးမလေး။
''ဟုတ် အန်တီ ၊ ဟို မားမားက အိမ်မှာ အိမ်နီးနားချင်းနည်းနည်းလောက်ပဲ ဖိတ်ပြီး
အလှူလုပ်တော့ အုန်းနို့ခေါက်ဆွဲကျွေးတာ၊ အဲ့ဒါ
အန်တီ့တို့အိမ် သွားပို့ပေးဆိုလို့ လာပို့ပေးတာပါ အန်တီ''
''ဟယ် အုန်းနို့ခေါက်ဆွဲဆို သားမဂ္ဂအကြိုက်ပဲ၊
အဟင်းဟင်း သားက အခုထိ အိပ်တုန်း သမီးရဲ့၊
နေအုံး မာမီ နိုးပေးမယ် ၊ ဟဲ့ သား သား မဂ္ဂ အော်
ဒီကလေးနှယ် နေကဖင်ထိုးနေပြီ အခုထိမထသေး''
''ဟို..ရ..ရပါတယ် အန်တီ သမီး သူ့ကို မစောင့်တော့ဘူး၊ ချိုင့်ပဲလှဲပေးလိုက်ပါ''
''အို ဘယ်ဟုတ်မလဲ ၊ အိမ်ကို ရောက်တုန်းရောက်ခိုက် ခဏလေးနေပြီးမှ ပြန်၊ အိမ်ပြန်နောက်ကျလို့ နန်းဆူရင်လည်း မာမီ ပြောပေးမယ် ၊ ကိုရာဇာ သမီးလေးနဲ့ စကားတွေ ပြောလိုက်အုံး၊ မိန်းမ သားကို သွားခေါ်လိုက်အုံးမယ်''
''အေးအေး ကောင်းပြီ မိန်းမ ''
မာမားကလည်း မယ်လေး မသွားပေးချင်ပါဘူးဆ်ိုမှ အတင်းတွေ သွားပေးခိုင်းတာ။ ဟို့နေ့က ဟိုလူကြီး မယ်လေးကို ဘာတွေလုပ်လိုက်တယ် ဆိုတာ မားမားမှ မသိတာ။ မဂ္ဂမိုးသောက်နဲ့ မျက်နှာချင်းမဆိုင်မိအောင် တမင်ရှောင်နေခဲ့တာ။ မားက တည့်တည့် တွန်းပို့သည်။ အခုထိ ဟိုတစ်ပတ်က သူ ကျူးလွန်ခဲ့သည့် နေရာကို ကြည့်မိတိုင်း ရှက်စိတ်ဖိုလာရသည်။ သူက အရှက်မရှိဘူးဆိုတိုင်း ဟွန့်။
''သမီးက မယ်ယဥ်ကျေး ဆိုတာလား''
''ဟုတ်ပါတယ် အန်ကယ်''
''အော် ကျက်သရေရှိလိုက်တာ၊ အင်း မင်းအန်တီ ပြောပြောနေလို့ အန်ကယ်က သမီးကို တွေ့ဖူးချင်နေတာ၊ အခုလို မြင်လိုက်ရတော့လည်း သားကို စိတ်ချသွားပြီ၊ သားက ဇွတ်တရွတ်ဆန်တယ်မလား''
''ရှင့်.. အော် ဟုတ်''
အန်ကယ် စကားတွေကြောင့် ဟိုတစ်ပတ်က ဖြစ်ခဲ့တဲ့ကိစ္စကို အိုးမလုံအုံပွင့် ဖြစ်နေရသည်။ မယ်လေး ကြာရင် ရူးတော့မှာ။ ဒါ သူ့ကြောင့်။
''သားက ဇွတ်တရွတ်ဆန်တော့ သူ့ကို ထိန်းကွတ်ပေးမယ့် မိန်းကလေးမျိုးနဲ့မှ အဆင်ပြေမှာ၊ သမီးနဲ့ဆို စိတ်ချပါတယ်''
အော် ကိုယ်က သူတို့သားကို ခေါင်းမှမညိတ်သေးတာ ဇွတ်တွေ လုပ်နေကြတာ စိတ်တွေ ညစ်ပါတယ်။
''အော် သားလေးတောင် ဆင်းလာပြီ''
အန်ကယ်ဦးရာဇာ အပြောကြောင့် အနောက်ကို မလှည့်ကြည့်ပါပဲ မဂ္ဂမိုးသောက် ဆင်းလာပြီ ဆိုတာ သိလိုက်သည်။ တကယ်ဆို သူနဲ့ မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိသေး။
''မယ်လေးက ကျုပ့်ဆီ လာတယ်ဆိုတော့ အံ့သြနေတာ''
''ရှင့်ဆီ လာတာ မဟုတ်ပါဘူး ၊ မားမားက အုန်းနို့ခေါက်ဆွဲ ပို့ခိုင်းလို့ လာတာ''
ပက်ခနဲ ပြန်ပြောလိုက်ပြီးမှ သူ့မိဘအရှေ့မှာ ဆိုတာ သတိရသည်။
''အုန်းနို့ခေါက်ဆွဲ လာပို့တာလား၊ ကျုပ့်အကြိုက်ပဲ ၊ အင်း မယ်လေးတို့များ တော်ကောက်ခံရအောင် မုန့်နဲ့ လာဘ်ထိုးတာလား''
''အာ ရှင်နော်''
ပုံမှန်ဆို ပက်ခနဲ ပြန်ပြောလိုက်ပြီ ဖြစ်သော်လည်း သူ့မိဘအရှေ့မှာမို့ အပြောအဆို ဆင်ခြင်ရသည်။ သူကတော့ မိဘအရှေ့မှာ ဖြစ်စေ နောက်ကွယ်မှာ ဖြစ်စေ ပြောချင်ရာပြော လုပ်ချင်ရာလုပ်တတ်တာက သူ့ဗီဇပဲ ဖြစ်မည်။ တော်ကောက်ခံရအောင်က သူ့ကိုယ်သူ ဘုရင်များ မှတ်နေလား မသိဘူး။
သူ့မိဘတွေကတော့ ကျီစယ်နေတာဆိုပြီး ပြုံးပြုံးကြီး ကြည့်နေကြသည်။ လူကြီးသူမတွေ ရှေ့မှောက်မှာကို သူမို့ စနောက်ရဲသည်။ မယ်လေးမှာတော့ မိဘတွေကြားမှာစိုးလို့ အသံအုပ်အုပ်ဖြင့် လှမ်းသတိပေးသော်လည်း မွေးကတည်းက အရှက်တရားမပါလာခဲ့သည့်သူကတော့
''ရှင် ဘာဖြစ်ချင်နေတာလဲ''
''ခင်ဗျားနဲ့ဖြစ်ချင်နေတာ''
တကယ့် လူအရိုင်းအစိုင်း ။ ဦးရာဇာနဲ့ ဒေါ်ဧကရီတို့က သူ့သားစကားကြောင့် ထင်ပါရဲ့။ အေးဆေးစကားပြောကြဆိုပြီး ရှောင်ထွက်သွားပေးသည်။ သူတို့လည်း မျက်နှာပူတာဖြစ်မှာပေါ့။
''ခင်ဗျား မလှတဲ့နေ့ရယ်လိုကို မရှိဘူး ၊ နေ့တိုင်းကို အရမ်းလှနေတာ၊ ကျုပ့်ကို အခုတလော ဘာလို့ ရှောင်နေလဲ''
''ဘယ်သူမှ အားယားပြီး ရှောင်မနေဘူး၊ အလုပ်က အားတာ မဟုတ်ဘူး ၊ သူများတွေနဲ့ အာလာဘ သလာဘ ပြောဖို့ အချိန် မရှိဘူး ''
''ဒါဆိုလည်း အားတဲ့အချိန် ကြိုပြောအုံး''
''ဘာလုပ်မလို့လဲ''
''ခါးကို ညစ်ချင်သေးလို့''
''ဟင် ရှင်..နော် ''
သူ့အသံအကျယ်ကြီးကြောင့် ဘယ်သူတွေများ ကြားသွားမလဲ ဆိုတဲ့ စိုးရိမ်စိတ်လေးဖြင့် ဟိုကြည့်သည်ကြည့် မလုံမလဲ ရှာနေမိသည်။
''အလုပ်တွေ အားတဲ့ရက်ကျရင် ခါးကိုညစ်ချင်နေသေးလို့ ခင်ဗျား အားရင် ခွင့်ပြုပါလား''
''အဟက် ဟိုတစ်ခေါက်က ကျွန်မ ညံ့လို့ ခံရတာ၊ အခုတော့ ရှင် ကျွန်မဆီတိုးကပ်လာတာနဲ့ ငရုတ်ဆီ sprayရှိတယ် ၊ တိုးလာရဲတိုးလာကြည့်''
မယ်ယဥ်ကျေး သူဇွတ်မတိုးအောင် လက်ကိုင်အိတ်လေးထဲက ငရုတ်ဆီSprayဘူးလေးကို သူမြင်အောင် ထုတ်ပြတော့ တဟားဟား အော်ရယ်နေသည်။ မသိရင် ကိုယ်က ဂွမ်းပုံကြီးကျလို့။
''Sprayဆောင်ရအောင် ဒီနေရာက Busကားလည်း မဟုတ်ဘူး၊ ခင်ဗျားရဲ့ အိမ်ဦးနတ်အိမ်ပါဗျ''
''တော်ပြီ ရှင်နဲ့ ဆက်မပြောတော့ဘူး၊ အလကား လေကုန်တယ်၊ ဘယ်လို အရှက်သိက္ခာမရှိတဲ့လူလည်း မသိဘူး''
''အဟက် မယ်လေးက ကျုပ့်ကို နာအောင်သာ ပြောနေတာ၊ ကျုပ်က နာရမှန်းသိတဲ့အကောင် မဟုတ်ဘူး ၊ ခင်ဗျားကို ဘယ်လို နမ်းပစ်ရမလဲ ဆိုတာပဲ တွေးနေတဲ့အကောင်''
''လူရမ်းကား''
''အဟွန်း ပိုးပန်းတဲ့ချစ်စကားတွေကို ခင်ဗျားမို့ ပြောရက်တယ်''
''ပိုးပန်းတဲ့စကားတွေ မဟုတ်ဘူး ၊ ရမ်းကားပြီး ပြောနေတဲ့ စကားတွေ''
''မယ်လေးက မယုံဘူး ဆိုပါတော့၊ ယုံအောင် ကျုပ် ဘယ်လို သက်သေပြရမလဲ၊ အော် ခင်ဗျားပါးလေးကို သက်စေ့နမ်းပြရမလား နို့မို့မဟုတ်ရင် ကျုပ်အဖွားရဲ့အသက်ကို သက်စေ့နမ်းပြရမလား အော်ဟော် အဖွားက အသက်၁၀၀မှာ ဆုံးသွားတော့ ခင်ဗျားပါးနုနုလေးကို အချက်၁၀၀နမ်းပြမှ ခင်ဗျား ယုံရမှာလား''
''တော်ပြီ ရှင့်ရဲ့ နှာဘူးစကားတွေကို ထိုင်နားထောင်ပေးဖို့ အချိန် မရှိဘူး ၊ ကျွန်မ ပြန်မယ်''
''နေပါအုံး ခင်ဗျားကို လိုက်ပို့ပေးမယ်''
''မလိုဘူး''
''အဟွန်း ကျုပ်ရဲ့သားလေးနဲ့ လိုက်ပို့ပေးမှာ ၊ သားလေးကို ကျုပ်ကလွဲပြီး ဘယ်သူမှ တက်ခွမစီးဖူးဘူး၊ သူစိမ်းဆို ခင်ဗျား အဦးဆုံးပဲ၊ အင်း သားလေးကို မခွချင်ရင် ကျုပ့်ကိုခွ''
မနေ့ကမှ လောလောလတ်လတ်ဝယ်ထားသည့် Yamaha Motorcycleကြီးကို သူမွေးထားသည့် သားအတိုင်း ဖြစ်ပျက်ပြနေတာ မျက်နှာကြီးကို ကုတ်ဆွဲပစ်လိုက်ချင်သည်။ ကြားထဲ လူ့ကို ရိသဲ့သဲ့ ပြောလိုက်သေးသည်။
❤❤
ဆက်ရန်
#MonePannMyau