ကမ်းပြိုအနမ်း
''အော် ဧည့်သည် ဆိုလို့ မိုးဖွဲ့ပါလား လာလေ ထိုင်''
''ကျေးမ ငါ့အိမ်ဘက်ကိုတောင် တစ်ခါမှ မရောက်တော့ဘူး၊ အလုပ်တွေ ဇွတ်လုပ်မနေနဲ့ သိလား''
''မဟုတ်ပါဘူး မိုးဖွဲ့ရာ၊ ဒီတစ်လ ဆိုင်မှာ လူကျနေလို့ပါ ကဲ ဆိုပါအုံး လာရင်းကိစ္စ''
ငယ်ပေါင်းသူငယ်ချင်းလေး မိုးဖွဲ့ မယ်ယဥ်ကျေးတို့ အိမ်ကို အလည်လာတော့ ပျော်ရသည်။ တစ်မြို့တည်းနေ အိမ်လဲဘယ်လောက်မှ မဝေးပဲ အလုပ်ကိစ္စနဲ့ သိပ်ပြီးမတွေ့ရတဲ့ သူငယ်ချင်းလေးကို တွေ့တော့ ပျော်ရသည်။
''မားရေ ဖွဲ့အတွက် လက်ဖက်သုပ်လေး ဟီး''
''အဟင်းဟင်း ရပါတော့် ရပါ့ ခဏလေးသာစောင့်''
နန်းငယ်ထား ဆိုတာကလည်း ဖွဲ့ကို ကိုယ့်သမီးလေးလို သဘောထားတာကြောင့် စားချင်တာ ပါးစပ်ဟလိုက်တာနဲ့ လုပ်ကျွေးချင်နေသည်။ ပြီးတော့ ဖွဲ့က မားရေ အရမ်းဂွတ် ဆိုတာက ပါသေး။ ဘယ်သူမဆို ကိုယ်လုပ်ကျွေးတာ စားကောင်းတယ် ပြောမှတေ့ာ ကျွေးရမှာ စေတနာပိုရှိသည်။
''အဟွန်း ငါ့မားကို လာနိုင်စားနေတယ်''
''ကျေးမကလည်း အဖြစ်သည်းနေလိုက်တာ တကတည်း ၊ ငါ နင့်ကို မေးစရာရှိလို့''
''ဘာလဲ ''
''နင်နဲ့ မဂ္ဂမိုးသောက်ကို ပေးစားကြတော့မှာဆို''
''အာ မဟုတ်ပါဘူး ငါခေါင်းမညိတ်သေးဘူး၊
မိဘတွေက ငါ ခေါင်းညိတ်မှ စီစဥ်ကြမှာ''
''ဒါပေမယ့် မဂ္ဂက ခေါင်းညိတ်တယ်မလား''
''အင်း ''
''ဟဲ့ မဂ္ဂမိုးသောက်က Playboyနော် ကျေးမ''
''အဟွန်း ငါထင်တော့ထင်သားပဲ၊ သူ့ရုပ်နဲ့ ငါ့ကို စကားတွေလာအီနေတာ၊ ဒီလိုမျိုး ကောင်မလေးတွေ အီစီကလီတွေ လုပ်လာတာ နေမှာပေါ့ ၊ စကားတွေတတ်နေတာ Playboyမို့ကို''
''Playboyဆိုပေမယ့် နင့်ကို တကယ် ကြွေရင်ကြွေနေမှာပေါ့''
''ဘယ်ကသာ ဒီလူက ဘဝင်ရူး အလကားပါ''
''အေး ငါက သတင်းကြားကြားချင်း အံ့သြနေတာ၊ ငါ့သူငယ်ချင်း သူနဲ့ ကြိုက်နေတာ မကြားမိပါဘူးဆိုပြီး၊ ပြီးတော့မှ မိဘတွေ သဘောတူနေတာဆ်ိုပြီး ကြားရတာ''
''သူကနော် တကယ့်အလာကြီး၊ ငါ့ကို ခြိမ်းလားခြောက်လားနဲ့ ၊ သူ့ကို ဘာလို့ စဥ်းစားအုံးမယ်လို့ ဖြေတာလဲတဲ့ ပြသာနာလာရှာနေတာ''
''ကျေးမ နင် ဘာဆက်လုပ်မှာလဲ''
''ငါ သူ့ကိုမှ မဟုတ်ပါဘူး အခြားဘယ်သူ့ကိုမှ
မလိုချင်ဘူး၊ အချိန်ဆွဲလို့ရရင် ရသလောက် ဆွဲထားအုံးမယ်''
''အေးပါ ငါ့သူငယ်ချင်း ပျော်တဲ့လမ်းကိုပဲ ရွေးချယ်၊ ဘာဖြစ်ဖြစ် ငါအားပေးနေတယ် သိလား ကျေးမ''
''အဖွဲ့ နင် ဒီလို ပြောတော့ ငါ အရမ်းငိုချင်တာပဲ''
''ဟားဟား မျက်ရည်လည်း မကျပဲနဲ့''
''နင် နော် ''
❤❤
''အန်တီ မယ်ယဥ်ကျေး ရှိလားဗျ''
''ဟင် အော် အယ် မရှိ.. အော် ရှိ..''
နန်းငယ်ထားခမျာ လူကြီးဖြစ်ပြီး လိမ်လိုက်ရမလား အမှန်တိုင်းပဲပြောလိုက်ရမလား။ ဒီသမီးတစ်ယောက်နဲ့တော့လေ ခက်ပါရဲ့။ အခန်းထဲကနေ မရှိဘူးဆိုပြီး လက်ခါပြနေတာ တကယ်ခေါင်းကို
နာအောင် ခေါက်ပစ်လိုက်ချင်သည်။ မောင်မဂ္ဂမိုးသောက်က ကိုယ် ကြည့်နေသော အခန်းကို
လိုက်ကြည့်ပြီး သဘောပေါက်နေလောက်ပြီ။
''အဟင်းဟင်း ရှိပါတယ်ကွယ် ၊ အခုမှ ဆိုင်က ပြန်ရောက်တာ၊ သမီးရေ သမီး ဒီမှာ မောင်မဂ္ဂ လာနေတယ်ကွဲ့''
နန်းငယ်ထား အော်ခေါ်လိုက်တော့ မျက်နှာလေးရှုံမဲ့စွာ အခန်းထဲကနေ ထွက်လာလေသည်။ သူမ မရှိဘူး ပြောခိုင်းတာကို ကိုယ်က ရှိတယ်လို့ ပြောလိုက်တာကို စိတ်ဆိုးနေပုံ။ အော် မောင်မဂ္ဂက မရိပ်မမိပဲ နေမလား သမီးရယ်။
'' ပြော ဘာကိစ္စလဲ ၊ သူများဆီကို ခဏခဏ မလာပါနဲ့လို့ ပြောတာ မကြားဘူးလား''
''ဟဲ့ သမီး စကားကို ဘယ်လိုတွေ ပြောနေတာလဲ၊ မောင်မဂ္ဂကို အားနာစရာ''
''ရပါတယ် အန်တီ ၊ ကျွန်တော် မယ်လေးကို
မုန့်ကျွေးချင်လို့ အန်တီဆီက ခွင့်ပြုချက် လာတောင်းတာပါ''
''ဘာကို မယ်လေးလဲ၊ သူများနာမည်ကို ဒီလို မခေါ်ပါနဲ့၊ မယ်လေးဆိုတာက အရမ်းရင်းနှီးတဲ့သူတွေကိုမှ ခေါ်ခွင့်ပြုတာ''
''အော် သမီး စကားကိုကွယ် ခက်တော့တာပဲ၊ အော် မောင်မဂ္ဂ အင်း ရတယ် ခေါ်သာသွား၊ ဒါပေမယ့် ၆နာရီအရောက်တော့ ပြန်လာပို့ပေးနော်၊ မိုးအရမ်းချုပ်မှ အိမ်ပြန်လာရင် ပတ်ဝန်းကျင်က တစ်ခုခု ပြောမှာစိုးလို့''
''ဟုတ် အန်တီ စိတ်ချပါ''
''မယ်လေး လိုက်သွားလိုက်လေ''
''မားကလည်း ဟူးး''
မလိုက်ချင်ပဲနဲ့ အတင်းထည့်နေသော မားကိုလည်း မယ်လေး စိတ်မကြည်တော့ပါ။ စိတ်ဆိုးဆိုးနဲ့ အပြင်ကို ထွက်လာခဲ့တော့ ဟိုလူကလည်း အနောက်ကနေ လိုက်ပါလာသည်။
''တက်''
''ဆရာ မလုပ်နဲ့ သိတယ် ''
''ဟား တကယ့်ကလေးကွာ''
မဂ္ဂမိုးသောက် အဆင်သင့် ဖွင့်ပေးသော ကားထဲသို့ ဝင်ထိုင်လိုက်ပြီး မျက်နှာအား တစ်ဖက်သို့ အတင်းလွှဲထားလေသည်။ ကလေးဆန်ချက်ကကွာ သူမ စိတ်မကြည်ကြောင်းပြနေတာ တကယ့်ကလေး။
'' ရှင် ဘယ်ကို ခေါ်လာတာလဲ''
''အိမ်''
''ဟင် ဘယ်သူ့အိမ်လဲ''
''ကျုပ့်အိမ်ပေါ့ အဟက် အမှန်တိုင်းပြောရရင် ကျုပ်နဲ့ ခင်ဗျား ညားရင် နေရမယ့်အိမ်''
''ဟာ ရှင့်ကို ဘယ်သူ့က ယူမယ်လို့ ပြောလို့လဲ ''
''ခင်ဗျားက ကျုပ်နဲ့မှ မဟုတ်ရင် ဘယ်သူ့ကို ယူချင်လို့လဲ၊ ဒီမှာ ခင်ဗျား ဗေဒင်သွားမေးရင်တောင် ပိုက်ဆံကုန်အုံးမယ်၊ ခင်ဗျားက ကျုပ်နဲ့ပဲ ညားမှာ
မပူနဲ့''
''ရှင် စကားကို စည်းမရှိကမ်းမရှိ မပြောနဲ့ ၊ စကားအပြောကိုက စည်းကမ်းမရှိဘူး၊ ဒါ လူကြီးလူကောင်း မဆန်တာပဲ''
''စကားများလိုက်တာ ဆင်း၊ဒါ ကျုပ်တို့ နေရမယ့် အိမ်ကို ရင်းနှီးသွားအောင် လိုက်ပြပေးမယ်၊ အိမ်ကိုတော့ ဆောက်တာ မကြာသေးဘူး၊ Franceက သူငယ်ချင်းတစ်ယောက်ကို ကျုပ်နေချင်တဲ့ ဒီဇိုင်းမျိုးပြပြီး ဆောက်ခိုင်းထားတာ ၊ ဘယ်လိုလဲ သဘောကျရဲ့လား''
''ရှင့်စိတ်ကြိုက် ဆောက်တာလေ၊ ကျွန်မ စိတ်ကြိုက်မှမဟုတ်တာ''
''မယ်လေးကြိုက်မှာပါ ဘာလို့ဆို ဟောမြက်ခင်းစိမ်းလေးတွေ တွေ့လား၊ မြက်ခင်းပေါ်မှာ ကျုပ်တို့ ကလေးလေးတွေ ဆော့ကစားကြမှာ ဆိုတော့ ကျုပ်က အကျယ်ကြီး လုပ်ခိုင်းထားတာ၊ အဲ့ဒါမှမလောက်ရင် ဟိုဘက်ခြံနဲ့အိမ်ကို ဝယ်ပြီး အလယ်က အုတ်နံရံကို ဖြိုချလိုက်မယ်၊အဲ့ဒါဆို ပိုကျယ်သွားပြီ၊ ခင်ဗျားက ကလေးတစ်ယောက်ပြီးတစ်ယောက် စိတ်ကြိုက်သာမွေး အော် ပြီးတော့ အပေါ်မှာလည်း ကျုပ်တို့အခန်းနံဘေးမှာ ကလေးလေးတွေ နေဖို့ သီးသန့် အခန်းတွေ လုပ်ပေးထားတယ်၊ ဟားဟား ကလေးတွေနဲ့ ဂေဟာတောင်လုပ်လို့ရတယ်၊ မယ်လေးက ကလေးလေးတွေသာ ထိုင်မွေးပေး''
''ဟာ ရှင်.. ရှင်နော်၊ လူကို ဘာထင်နေလဲ ၊ ရှင်နဲ့ကျွန်မ ဘာမှ ဟုတ်သေးတာလဲ မဟုတ်ဘူးနော် တောက်စ်''
ဟုတ်တယ် လူက ဒေါသထွက်လွန်းလို့ အသားတွေပါတဆတ်ဆတ်တုန်နေသည်။ သူက မယ်လေးဖြစ်အင်ကို ကြည့်ပြီး ပခုံးတွေတောင် လှုပ်အောင် ရယ်နေပုံက အမြင်ကပ်ချင်စရာ။ တကယ် ဘယ်လိုလူလဲ မသိပါဘူး။
''လာ''
''ဟင် ''
လူကို မပြောမဆိုနဲ့ လက်ကို အတင်းဆွဲပြီး အိမ်ထဲသို့ အတင်းခေါ်သွားလေသည်။
''ဒါက ဧည့်ခန်း၊ ဒါက မီးဖိုချောင် ၊ အပေါ်ထပ်မှာ ကျုပ့်တို့အခန်း ရှိတယ်''
''မဂ္ဂမိုးသောက် ရှင် ဘယ်လိုလူလဲ ၊ အရှက်မရှိဘူးလား''
''အရှက်တော့ မရှိဘူး အချစ်တော့ ရှိတယ် ယူမလား''
''ယူစရာလား''
''ဟားဟား လာ လိုက်ခဲ့''
ဟော ဆွဲသွားပြန်ပြီ လူကို ဘာမပြောညာမပြောနဲ့ အရုပ်များမှတ်နေ။
''ဒါ ကျုပ်တို့ ညားရင် နေမယ့်အခန်း''
''မဂ္ဂမိုးသောက် ရှင် မရိုင်းစိုင်းနဲ့''
''မယ်လေးက ကြိုရှက်နေတာလား မရှက်ပါနဲ့ ''
''ရှင် စကားအပြောအဆို ဆင်ခြင်နော်''
''ကျုပ်က အခြားကောင်တွေလို အပိုလုပ်ပြီး ချိုချိုသာသာ မပြောတတ်ဘူး၊ လက်တွေ့ပဲပြတတ်တာ''
''အို ရှင်.. ဘာ..ဘာလုပ်တာလဲ''
မဂ္ဂမိုးသောက် ရုတ်တရက် မယ်ယဥ်ကျေးကိုယ်လုံးသွယ်သွယ်လေးကို ဇွတ်ခနဲ ပွေ့ချီ၍ သူတို့နှစ်ယောက်အခန်းဟု ရည်ညွှန်းထားသော အခန်းတံခါးကို သူ့ကိုယ်လုံးကြီးဖြင့် တိုက်ဖွင့်၍ ဝင်သွားလေသည်။
''ဒီမှာ ကိုယ်တို့ အိပ်ယာ''
''ရှင် ပြောလေကဲလေပါလား အောက်ကို ချပေးစမ်း''
''ပြစရာ ကျန်သေးတယ် ဟောဒီညာဘက်က ကျုပ့်နေရာ ဘယ်ဘက်က ခင်ဗျားဖို့''
ပြောလည်းပြော မယ်ယဥ်ကျေးအား နှစ်ယောက်အိပ် ရေမြုပ်မွေ့ယာကြီးပေါ် ချ၍ သူ့ကိုယ်လုံးကြီးကပါ ဖိချရင်း ပြောလာတော့ သူ့လေဝင်လေထွက်က မယ်လေးလည်ပင်းအား ရိုက်ခတ်နေလေသည်။
သူစိမ်းယောကျာ်းလေးနဲ့ တစ်ခါမှ လက်ပွန်းတီးမနေဖူးတဲ့ မယ်လေးအဖို့ သည်အပြုအမူက ရင်ဖိုတာထက် ပိုလွန်းနေသည်။ ရင်ဘတ်ထဲက အကောင်ပေါက်က ခုန်လိုက်တာမှ ပြောမနေနဲ့။ သူကြားသွားမှာတောင် စိုးရသည်။
''ဖယ်..ဖယ်ပေး''
''မယ်လေး''
ရုတ်တရက် နူးနူးညံ့ညံ့ခေါ်လာသော မဂ္ဂမိုးသောက်ရဲ့အသံက တကယ့်ကို ယောကျာ်းပီသ၍ သြရှရှဖြင့် နားထောင်ကောင်းသည်။
''မယ်လေးကို ကျုပ် အရမ်းချစ်တယ်၊ တွေ့တာ ဘယ်လောက်မှ မကြာသေးပေမယ့် ဘာလို့ အရမ်းချစ်မိသွားမှန်း ကျုပ့်ကိုယ်ကျုပ်တောင် မသိဘူး၊ မာမီ ပြတဲ့ဓာတ်ပုံလေးကို ကြည့်ပြီး ရူးရတယ်၊ အပြင်မှာ ပထမဆုံး တွေ့ရပြန်တော့ ကျုပ် အရူးကြီး ရူးရပြန်တယ်၊ တကယ် ဘာတွေနဲ့ ကျုပ့်ကို ရူးအောင် ပြုစားထားတာလဲ ခင်ဗျားရယ်''
*အလကား စကားတတ်တိုင်းလျှောက်ပြောနေ*
မဂ္ဂမိုးသောက် လက်တစ်ဖက်က ပိုးသားပမာ အိစက်သော မယ်ယဥ်ကျေး ပါးလေးကို တစ်ဖက် နောက်တစ်ဖက်က သူမ၏ ခါးသွယ်သွယ်လေးအား တစ်ဖက် အုပ်ကိုင်လိုက်တော့ မယ်လေးခမျာ နေမတတ်ဖြစ်ကာ ရုန်းကန်နေမိသည်။
''ရှင် လွှတ်..လွှတ်နော်''
''နူးညံလိုက်တာဗျာ ကျုပ် ခင်ဗျားကို မရှက်တမ်းဝန်ခံရရင် စတွေ့ကတည်းက ဟောဒီ ခါးသေးသေးလေးကို ညစ်ချင်ခဲ့တာ''
ပါးစပ်က ပြောလည်းပြော လက်ကလည်း မယ်လေး ခါးကို ဆတ်ခနဲ ညစ်ချလိုက်တော့ သူမမှာ မျက်လုံးလေးပြူး၍ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားရသည်။
''လူရမ်းကားကောင် ဘယ်နေရာကို လာထိတာလဲ''
''ပြီးတော့ ဟောဒီက နှုတ်ခမ်းချွန်ချွန်လေးကို စတွေ့ကတည်းက သွေးထွက်သွားအောင် ကိုက်ပစ်လိုက်ချင်တာ''
မေးတာတခြား ဖြေတာတခြား၊ မယ်လေး မေးနေတာ သူ့နားထဲ တကယ် မကြားတာလား၊ မကြားချင်ယောင်ဆောင်တာလဲ မသိ။ မယ်လေး အတင်းတွေ ရုန်းကန်နေတာတောင် သူက ပြောချင်တာပြော လုပ်ချင်တာ လုပ်နေတုန်း။ မယ်လေးမှာ အခုထိ အသက်တောင်ကောင်းကောင်းမရူရဲ။ လက်ရဲဇက်ရဲ နိုင်လိုက်တာနော်။
''ကျုပ် ကြမ်းမိရင် ခင်ဗျား ငိုတော့မယ်''
''အဟင့် သိရင် ဖယ်လေ''
''မငိုပါနဲ့ ခင်ဗျားရယ်၊ ကျုပ်က ချစ်လို့ပါဗျ၊ မငိုနဲ့ ငိုရင် ကျုပ် တကယ် နမ်းမိတော့မှာ''
မယ်လေးခမျာ ငိုလဲမငိုရဲ ရုန်းလည်းမရ သေသာသေလိုက်ချင်မိတော့သည်။
''ကျုပ့်ကို ဘယ်တော့ လက်ခံမလဲ''
''ကျွန်မ ယောကျ်ား မယူဘူးလို့ ပြောပြီးပြီလေ''
''ယောကျာ်းမယူနဲ့ ကျုပ့်ကိုပဲယူ၊ ခင်ဗျားက ကျုပ့်အနာဂတ်ကလေးလေးတွေရဲ့ မိခင်လောင်းလေးလုပ်''
''မလုပ်ဘူး ရှင် ရူးနေတာလား''
''အို့ ခင်ဗျားက ရှက်နေတာကိုး၊ မရှက်ပါနဲ့ နောက်ဆို ခင်ဗျားရဲ့ အိမ်ဦးနတ် ဖြစ်တော့မှာပဲကို''
''ရှင် ပြောလေဆိုးလေပါလား''
''အဟက် ချစ်စရာလေးဗျာ''
''လွှတ်ပေးတော့ ကျွန်မ မနေတတ်တော့ဘူး''
''လွှတ်ပေးစေချင်တာလား''
''ဟုတ် ''
''အဲ့ဒါဆို အညစ်ခံ''
''ဘာ!''
ဘာကိုအညစ်ခံရမှာ.. မဂ္ဂမိုးသောက် စကားကြောင့် မယ်ယဥ်ကျေး မျက်စိအပြူးမျက်ဆံအပြူးနဲ့ ထိတ်ထိတ်လန့်လန့် ဖြစ်နေမိသည်။ ဒီလူက ဘာကိုညစ် အို..
''ခါးကို..''
❤❤
ဆက်ရန်
#MonePannMyau