ကမ်းပြိုအနမ်း
''မဂ္ဂမိုးသောက် မင်းက မားမားဘွိုင်းလေး ဘယ်တုန်းက ဖြစ်သွားတာလဲ''
ထိုင်နေကျ Barရောက်တော့ ဟန်မင်းစျာန်ရော Lucasပါ ခနဲ့တဲ့တဲ့ စကားတွေကို မဂ္ဂ ဆေးလိပ်တချက်ဖွာ၍ အငွေ့တွေကို သူတို့မျက်နှာတည့်တည့်ကို မှုတ်ထုတ်လိုက်တော့ Lucas၏ အဆဲသံများ ပလုံစီထွက်လာသည်။
''ငါxိုး''
''စပ်စုလိုက်ကြတာလဲလွန်ရော''
''ဟေ့ကောင် ဟန်မင်းစျန်သာ သူတို့အိမ်က စီစဥ်ပေးတာ လက်ခံလိုက်ရင်တောင် ငါတို့ဒီလောက် ဖြစ်မှာ မဟုတ်ဘူး ၊ အခုက မင်းဖြစ်နေလို့ ဟေ့ကောင်ရ၊ မင်း စိတ်မပါရင် မင်းမာမီကြီးတောင် မပြောနဲ့
ငရဲပြည်က ယမမင်းကတောင် မင်းကို လာအမိန့်ပေးလို့ မရဘူး''
''ဟုတ်တယ် မဂ္ဂ မင်း ဘာလို့ လက်ခံလိုက်တာလဲ၊ ဟိုမိန်းကလေးအိမ်ကို သွားတွေ့တာတော့ လက်ခံသေးတယ်၊ ချက်ချင်းကြီး ခေါင်းညိတ်လိုက်မယ်လို့ လုံးဝ မထင်ထားဘူး ဟေ့ကောင်ကြီး၊ ဒီသတင်းကြားတုန်းက လုံးဝကို Surpriseဖြစ်သွားတာနော်''
''လက်ခံလိုက်တယ် ဆိုတာ မင်းတို့အတွက် အရမ်းထူးဆန်းသွားသလားကွာ၊ မာမီက ငါ လက်မခံမချင်း အတင်းပြောနေတော့မှာ၊ နားပူဒဏ်မခံနိုင်ဘူး၊ နောက်လည်း လက်ခံရမှာပဲကွာ၊ ဒီတော့
အခုကတည်းက လက်ခံလိုက်တာ၊ ဘာသိချင်တာ ရှိသေးလဲ''
''ဒီတော့ မင်းက မာမီကြီးစကား နားထောင်လိုက်တယ် ဆိုပါတော့၊ ဟုတ်မှလည်း လုပ်ပါကွာ၊ ငါတို့က မင်းအကြောင်း မသိတာကျလို့''
''ကျစ် အရမ်းစပ်စုတာပဲ''
''Lucas မင်းသွားမမေးနဲ့တော့၊ ဒီကောင် ဝန်ခံရမှာ ရှက်နေတာ၊ ဓာတ်ပုံ မြင်ပြီးကတည်းက ညွှန်းနေတဲ့ကောင်က အပြင်မှာ အစိမ်းလိုက်ကြီး တွေ့တော့
မရူးသွားတာမှ ကံကောင်း''
''အဟွန်း''
ဟန်းမင်းစျာန်ရဲ့ စကားကို အငြင်းစကား မဆိုလာသည့် မဂ္ဂမိုးသောက်အား Lucasရော ဟန်မင်းစျာန်ပါ တအံ့တသြဖြစ်နေရသည်။
ဒီကောင် တကယ်ကြီး ကြွေဆင်းသွားတာပဲ
❤❤
''မယ်လေး ဆိုင်ရှေ့မှာ Mercedesကားကြီး ရပ်ထားတာ ကြာပြီ မယ်လေးအသိလား''
''ဟင်''
ဆိုင်က ကောင်မလေး ငြိမ်းစုစကားကြောင့်
မယ်ယဥ်ကျေး ဆိုင်အရှေ့ကို ကြည့်လိုက်တော့
ဟိုမနေ့က တွေ့ခဲ့သည့် လူ။ နာမည်က မဂ္ဂမိုးသောက်ဆိုလား။
သူ ဘာလာလုပ်တာပါလဲနော်
မယ်ယဥ်ကျေး ကြည့်နေတုန်း မဂ္ဂမိုးသောက်က ကားအပေါ်ကနေ စတိုင်ကျကျ ဆင်းလာကာ
ဆိုင်ထဲသို့ တည့်တည့် ဝင်လာသည်။ ဟွန့် ယောကျ်ားဖြစ်ပြီး ပဲကိုများတယ်။ မယ်ယဥ်ကျေး
အမြင်ကပ်ကပ်နဲ့ သူ့ကို မြင်ရက်သားနဲ့ မခေါ်ပဲ ကိုယ်ပိုင်အခန်းကို လာနေလိုက်သည်။ သူ့ဘာသာသူ ဘယ်သူ့ကိုပဲ လာတွေ့တွေ့ ကိုယ်နဲ့မဆိုင်။
''မယ်ယဥ်ကျေး ရှိလား''
ကောင်တာတွင် ထိုင်နေသော ငြိမ်းစုကို
မဂ္ဂမိုးသောက် မေးလိုက်တော့ ဟိုက ကြောင်ကြည့်နေလေသည်။ ဒီလို ယောကျာ်းပီသပြီး ခန့်ညားတဲ့ အမျိုးသားကို ငြိမ်းစု တစ်ခါမှ မတွေ့မြင်ဖူးခဲ့။
အရယ်အပြုံးမရှိ တည်တင်းနေသော မျက်နှာထားဖြင့် မေးနေပြီး ငြိမ်းစု ဘာဖြေရမှန်းမသိ အူကြောင်ကြောင် လုပ်နေပုံကို ကြည့်ပြီး ဒေါသထွက်လာသလို မေးရိုးက တင်းကားလာသည်။
အို ဒီလူ ရုပ်သာချောတာ ဒေါသကလည်း ကြီးလိုက်တာ။
''ဟေ့ မင်းကို မယ်ယဥ်ကျေး ရှိလားလို့ မေးနေတာ
ရှိလား မရှိဘူးလား''
''ဟုတ် ရှိ..ရှိပါတယ် ကျွန်မ သွားခေါ်ပေးပါ့မယ်''
''ရတယ် ဘယ်အခန်းလဲ ဆိုတာ ငါ့ကို ပြောလိုက် ''
''ရှင့် ဟို မရ..မရပါဘူး မယ်လေးအခန်းထဲ သူစိမ်းတွေ ဝင်လို့ မရဘူး''
''ငါက သူစိမ်း မဟုတ်ဘူး ၊ ဒီမှာ အလုပ်ပြုတ်သွားချင်လား၊ လျှာရှည်နေတာရပ်ပြီး သူ့အခန်း ဘယ်မှာလဲသာ ပြောလိုက် ''
''ဟုတ်.. ဟုတ်ကဲ့ ၊ ဟို အထဲကို ဝင်ပြီး ညာချိုးအခန်းကပါ''
ငြိမ်းစု ပြောပြီးတာနဲ့ မဂ္ဂမိုးသောက်က
မယ်ယဥ်ကျေးအခန်းဆီသို့ လျှောက်သွားနှင့်လေသည်။ ဒုက္ခပဲ ငါ့ကို အလုပ်က ဘယ်သူ ဖြုတ်မှာလဲ။ သေချာတာက ငါတော့ အလုပ်ပြုတ်ကိုပြုတ်နေပြီ။
ကျွီ
''ဟင် ရှင်''
''အပြင်သွားမယ်''
''ဘာ ''
စကားတစ်ခါမှ မပြောဖူးပဲနဲ့ ပိုင်စိုးပိုင်နင်း လာပြောနေသည့် မဂ္ဂမိုးသောက်ကို မယ်ယဥ်ကျေး
အမြင်မကြည်ဖြစ်လာသည်။ ပြီးတော့ သူများအခန်းကို တံခါးခေါက်ပြီးမှ ဝင်ရတာ သူ မသိဘူးလား။
''မာမီက မင်းကို သွားကြိုဖို့ပြောလို့''
ဒေါ်ဧကရီ စကားကို နားထောင်ပြီး မယ့်ကို လာကြိုတာပေါ့လေ။
''ဆိုင်ပိတ်ချိန် မရောက်သေးဘူး''
''ပိတ်လိုက်''
''ဒီမှာ ရှင် ဘာလို့ ကျွန်မကို ဟိုလုပ်သည်လုပ်
လာပြောနေရတာလဲ၊ ဆိုင်ပိတ်ချိန် မဟုတ်လို့ မပိတ်နိုင်ဘူး၊ ပြီးတော့ ဆိုင်ပိတ်သွားလည်း ရှင့်နောက်ကို ကျွန်မ မလိုက်နိုင်ဘူး''
''ဒါတွေ နားမလည်ဘူး၊ မင်း အခုချက်ချင်း
ဆိုင်ပိတ်လိုက်တော့''
မယ်ယဥ်ကျေး ဘဝမှာ သူစိမ်းတစ်ယောက်က ပိုင်စိုးပိုင်နင်း လုပ်တာလောက် ဒေါသထွက်တာမရှိ။
''မပိတ်ဘူး''
''ကျုပ့်စကားကို နားထောင်စမ်းပါ''
''ဘာဆိုင်လို့ နားထောင်ရမှာလဲ''
''ကျုပ်က ခင်ဗျားလို စကားပြောမတော်ဘူး၊ ဒါကြောင့် ရှည်ရှည်ဝေးဝေး ပြောမနေနဲ့၊ ဆိုင်ပိတ်
ပြီးတော့ ကျုပ် ခင်ဗျားနဲ့ စကားလည်း ပြောစရာ
ရှိတယ် အိမ်လည်း ပြန်ပို့ပေးမယ်''
''မလိုဘူး၊ ကျွန်မဘာသာ ကျွန်မ ပြန်လို့ ရတယ်
နေ့တိုင်းလဲ ဒီလိုပဲ ပြန်နေကျ''
''မယ်ယဥ်ကျေး ''
''ဘာလဲ''
''ကျုပ် စိတ်မရှည်ဘူးနော်၊ ခင်ဗျား ဆက်ငြင်းနေရင် ကျုပ် ခင်ဗျားကို အတင်းကျောပိုးသွားမှာ မလုပ်ရဲဘူးမထင်နဲ့''
''ဟာ ရှင်..''
တီ တီ
ပိုင်စိုးပိုင်နင်းနဲ့ လူကို ဟိုလိုလုပ်မယ် သည်လိုလုပ်မယ် ခြိမ်းလားခြောက်လားနဲ့ တကယ် မုန်းဖို့ ကောင်းလိုက်တာ။
''ဟဲလို မား''
''သမီးရေ မောင်မဂ္ဂမိုးသောက် ရှိလား''
တစ်ဖက်က မားမားပြောတာကို ဒီလူက နှုတ်ခမ်းတဖက်တွန့်ပြနေပုံက အမြင်ကပ်ချင်စရာ။
''ဟုတ် မား''
''အေး မဂ္ဂမိုးသောက်ကို မားလွှတ်လိုက်တာ၊ သမီးတို့ အေးဆေး စကားပြောရအောင်လို့၊ ဆိုင်ကို စောစောသိမ်းလိုက်တော့''
''မားနော် မယ့်မှာ သူနဲ့ ဘာစကားမှ ပြောစရာ မရှိပါဘူး ''
''သိတယ် သိတယ် မယ်လေးတို့ ဒီလို အကြောတင်းနေမယ် ဆိုတာ သိလို့ ဖုန်းကြိုဆက်လိုက်တာ မှန်သွားပြီ၊ မယ်လေး မားပြောတာ နားထောင်ပါကွယ်၊ မောင်မဂ္ဂမှာ အလုပ်တွေ ပစ်ပြီး သမီးကို တကူးတက လာကြိုပေးတာ အားနာစရာ''
*သူ့ကို ဘယ်သူ့က လာကြိုပါလို့ ပြောနေလို့လဲ*
''ဟုတ် မယ်လေး လိုက်သွားလိုက်ပါ့မယ်''
မားမားဆီက ဖုန်းကျသွားတာနဲ့ အရှေ့ကလူဆီ ဒိုင်းခနဲ မျက်စောင်းတချက် ပစ်သွင်းလိုက်သည်။ အလကား မိဘတွေကို အပူကပ်တာ ဟွန့်။
''ငြိမ်းစုရေ ငြိမ်းစု ''
''ရှင့် လာပြီ မယ်လေး''
''ဆိုင်ကို Customer တွေ ပြန်တော့မှ သိမ်းလိုက်နော်၊ ပြီးရင် ဆိုင်တံခါး သေချာပိတ် ကြားလား''
ငြိမ်းစုကို မှာစရာရှိတာ မှာပြီးသည်နှင့် အရှေ့ကလူကို မစောင့်ပဲ လက်ဆွဲအိတ်လေး ကောက်လွယ်၍ ထွက်လာခဲ့တော့ ထိုလူလည်း မယ့်အနောက်ကအမှီ ထွက်လာလေသည်။
''ဒီလောက် အိမ်ကို ပြန်ပို့ချင်သပ ဆိုလည်း ပို့တော့''
''အိမ်ကို ပြန်ပို့မယ်လို့ ဘယ်သူ့က ပြောလို့လဲ''
''ဘာ ဒီမှာ ရှင်ကိုယ်တိုင် ကျွန်မကို အိမ်ပြန်ပို့ပေးပါမယ်လို့ ပြောတာလေ''
''အင်းလေ စကားပြောပြီးမှ အိမ်ပြန်ပို့ပေးမှာ''
''အဟင်း..''
မယ်ယဥ်ကျေးဆီက သက်ပြင်းချသံလည်း ကြားရော အရယ်အပြုံးမရှိတဲ့ ကိုယ်တော်ဆီမှ ရယ်သံထွက်လာသည်။ အော် ရယ်တတ်သေးသားပဲ။
❤❤
''ပြော ''
''အဟွန်း''
''ပြောစရာ ရှိတယ်ဆို မြန်မြန်ပြော ၊ ပြီးရင် အိမ်ပြန်ပို့တော့''
''ကျုပ် ကိုက်မစားပါဘူး၊ ကျုပ် သိချင်တာက ခင်ဗျားက ဘာလို့ စဥ်းစားအုံးမယ်လို့ ဖြေတာလဲ၊ ကျုပ်တောင် ခင်ဗျားကို ချက်ချင်း လက်ခံသေးတာပဲ၊ အခြားမိန်းကလေးတွေဆို ကျုပ်မကပ်ရင်တောင် ကျုပ့်ကို လာကပ်တဲ့ မိန်းကလေးတွေမှ အများကြီး ၊ ခင်ဗျားက ကျုပ့်ကို ချက်ချင်း လက်ခံလိုက်မယ် ထင်တာ''
''ဒီမှာ ရှင်က ဘဝင်ရူးပဲ၊ စဥ်းစားအုံးမယ် ဆိုတာတောင် ပါးနဲ့မားကို အားနာလို့ ပြောတာ၊ ကျွန်မ သဘောနဲ့သာဆိုရင် ချက်ချင်း ရှင့်ကို ငြင်းပစ်မှာ''
''ကျုပ်ကတော့ ခင်ဗျားကို ချက်ချင်းတောင် လက်ထပ်ချင်တာ''
''ကျွန်မကတော့ ရှင်နဲ့မှ မဟုတ်ပါဘူး အခြားဘယ်သူနဲ့ပဲဖြစ်ဖြစ် လက်မထပ်ဘူး၊ တနေ့နေ့တချိန်ချိန် ကျွန်မ ချစ်တဲ့သူ ပေါ်လာခဲ့ရင် သူနဲ့ပဲ လက်ထပ်မှာ''
''ဟားဟား ဒါဆိုရင် အချိန်ကုန်ခံပြီး ရှာမနေနဲ့တော့၊ အဲ့ဒါ ကျုပ်ပဲ''
''ဘဝင်ရူး မျက်နှာရူး''
''ကျုပ် ခင်ဗျားကို အမြန်ဆုံး လက်ထပ်မယ်၊ ပြီးတော့ ကလေးလေးတွေ အများကြီး မွေးမယ်''
လက်တောင်မထပ်ရသေးပဲ ကလေးလေးတွေ အများကြီးတောင် မွေးအုံးမှာတဲ့။ ဒီစကားလေး ကြားလိုက်ရတဲ့ မယ်ယဥ်ကျေးခမျာ ပါးအို့လေးတောင် နီရဲသွားလေသည်။
''စကားပြော စည်းမရှိလိုက်တာ၊ ပါးပါးက
ရှင့်အကျင့်စရိုက်ကို လေ့လာကြည့်ပါအုံးတဲ့၊ ရှင့်ပုံစံနဲ့ဆို အမှတ်ကသုညပဲ''
''ခင်ဗျားကိုတော့ ကျုပ်က အမှတ်ပြည့်ပေးထားပြီးသား၊ ကျုပ့်လိုလူမျိုးကိုတောင် ခင်ဗျားမျက်နှာလေး နှစ်ခါကြည့်မိအောင် ဆွဲဆောင်နိုင်လို့''
''အဟွန်း ဖြစ်ရတယ်''
''ကျုပ် ဆုံးဖြတ်ပြီးပြီ၊ ခင်ဗျားကို အမြန်ဆုံး လက်ထပ်မယ်၊ ခင်ဗျားကို ကျုပ့်ရဲ့ အိမ်သူသက်ထားအဖြစ် မြင်စေချင်လှပြီ''
အဟွန်း ဆိုပြီး မျက်နှာလေး ရှုံမဲသွားသည့် ရှမ်းမလေးက ကျုပ့်စိတ်ကို တကယ်ကို မရိုးမယွဖြစ်စေသည်။ ရင်ဖုံးအကျီသေးသေးလေးနဲ့ ခါးလေးကလည်း ပနံသင့်လို့။ နှာတံဆင်းဆင်းလေးကလည်း နီရဲသွားအောင် ညစ်ပစ်လိုက်ချင်တယ်။ အဆိုးဆုံးက နှုတ်ခမ်းဖူးဖူးလေး စကားပြောရင် ချွန်ချွန်ထွက်လာသည့် နှုတ်ခမ်းလေးက ဖက်နမ်းပစ်ချင်စရာ။ ဆံကေသာကလည်း ဖြောင့်စင်းသွယ်တန်းနေပြီး ခါးကို ဆင်းထောက်နေသည်။ တကယ့်ကို ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံသည့် မိန်းမမြတ်လေး။ ဘယ်ဘဝက ကုသိုလ်ထူးတွေနဲ့ ပြည့်စုံလာတာပါလိမ့်။
❤❤
''မယ်ယဥ်ကျေးက ငါ့အပိုင်ပဲ''
''နောက်ဆုံးတော့ ဝန်ခံပြီပေါ့''
''မဂ္ဂ နင် တကယ်ကြီး ကြွေသွားတာလား''
ဟန်မင်းစျာန်ရဲ့ အမြွှာ နန်းဖြူစင်က သူတို့အဖွဲ့ထဲ ပါတဲ့ရက်ပါ မပါတဲ့ရက်မပါ ။ ပါတဲ့ရက်တွေက Coffeeဆိုင်လို နေရာမျိုးတွေ့ကြရင် နန်းဖြူစင် ပါသည်။ Coin Barလိုနေရာမျိုးတွင်တော့ မိန်းကလေးဖြစ်တာကြောင့် သိပ်မလိုက်။
''အေး''
''နေပါအုံး နင် ပြောတဲ့ မယ်ယဥ်ကျေး ဆိုတာ Princess Coffeeဆိုင် ဖွင့်ထားတဲ့ ကောင်မလေးမလား''
''အေး ဟုတ်တယ် ၊ ဖြူစင် နင် ဘယ်လိုသိတာလဲ''
''ဟဲ့ သိတာပေါ့၊ ငါနဲ့သူက Uniမှာ တစ်ခန်းတည်းလေ၊ ပြီးတော့ ရှမ်းမလေး ဆိုပြီး တော်တော် နာမည်ကြီးတာ၊ Eမေဂျာက ရှမ်းမလေး လှတယ် လှတယ် ဆိုပြီး နာမည်ကြီးတော့ ငါ့ကို ပြောတယ် ထင်ပြီး ပဲတွေဇွတ်များသွားတာ၊ တကယ်က မယ်ယဥ်ကျေးကို လိုက်ပိုးကြတာ''
''ဒီလောက်တောင် လူကြိုက်များတာလား''
''အေး နင်တောင်မှ ကြွေဆင်းသွားသေးတာပဲ၊ ပြီးတော့ အမြဲ ရိုးရိုးလေးပဲ နေတော့ ဒီခေတ်မှာ ဒီလို အရိုးလေးက တကယ့်ကို ရှားသွားပြီလေ၊ ယောကျ်ားတွေများ အမြင်မကောင်းလောက်အောင်ကို ပိုးကြပန်းကြနဲ့၊ ဒါပေမယ့် မယ်ယဥ်ကျေးက ဘယ်သူ့ကိုမှ အရောတဝင်မနေဘူး၊ သူနဲ့ မသိသလိုမျိုးတောင်နေတာဟ၊ ကြာတော့ လက်လျှော့သွားကြလေရော''
''ဖြူစင် ပြောပုံအရဆို မယ်ယဥ်ကျေးရဲ့ အမေ စိတ်မချတာလဲ မဆန်းပါဘူး၊ မဂ္ဂတော့ ပြိုင်ဘက်တွေ အများကြီးရှိပုံပဲ''
''အဟက် ပြိုင်စရာ မလိုဘူး၊ မယ်ယဥ်ကျေးက ငါ့အပိုင်''
''ဟေ့ကောင် သေချာလှချည်လား''
''အဟက် အပိုမပြောဘူး၊ တကယ် လုပ်မှာ ကြည့်''
''ဟာ ဒီကောင် ''
❤❤
ဆက်ရန်
#MonePannMyau