ကမ်းပြိုအနမ်း
ဒီရက်ပိုင်း စိတ်လေးတွေဟာ အမြဲလိုလို ကြည်လင်နေသည်။ အခုလို နေ့မျိုးဟာ ကြည်လင်တာထက်ပိုပြီး တစ်လောကလုံး သာယာလှပနေတာမျိုး။ ဒီမိန်းကလေးလှလှလေးကို ချစ်ခွင့်ရခဲ့လို့ မဂ္ဂမိုးသောက်လောက် ကံကောင်းမယ့်သူ ရှိအုံးမလား။
ထိုစဥ် အပြင်သွားဖို့အတွက် လှလှပပ ဝတ်စားကာ အဝတ်လဲခန်းထဲက ထွက်လာသော မိန်းမဖြစ်သူကြောင့် မဂ္ဂမိုးသောက် မျက်မောင်းကြုတ်နေမိသည်။
''ဘယ်လဲ''
''ဟင် ဆိုင်လေ''
''ဘယ်လို ဝတ်ထားတာလဲ''
''ဘာဖြစ်လို့လဲ''
မဂ္ဂမိုးသောက်မျက်မောင်းကြုတ်ကာ ပြောလာတော့ မယ်လေး ကိုယ် ဝတ်ထားတာကို ပြန်ကြည့်မိသည်။ ဘာမှလည်း မထူးခြားပါဘူး။
''မင်း အမြဲတမ်း ထမိန်ရင်ဖုံးပဲ ဝတ်တာလေ၊ အခုက ဘယ်ကဘောင်းဘီ ဝယ်လာတာလဲ''
အဖြူရောင်ဂျင်းဘောင်းဘီအရှည်နဲ့ စပို့ရှပ်လေး တွဲဝတ်ပြီး ချစ်စရာကောင်းနေသည့် ဇနီးကို အူတိုစွာ ကြည့်နေသည်။ တစ်ခါမှ ခေတ်ဆန်ဆန် မဝတ်ဖူးတာကြောင့် အမြင်ဆန်းပြီး ချစ်ဖို့ကောင်းနေသည်။
''မိုးဖွဲ့ လက်ဆောင်ပေးထားပါ မောင်၊ ဘာလို့လဲ မလှလို့လားဟင်''
''ဟာကွာ ချစ်ဖို့ကောင်းလွန်းလို့ ရူးတော့မှာကွ၊ မရဘူး သွားပြန်လဲ၊ မလဲရင် မထွက်နဲ့၊ ကြည့်ပါအုံး ရင်ဘတ်ကလည်း ဟိုက်နေပြီ၊ သွား သွား မောင် မူးလဲတာ မြင်ချင်လို့လား''
မဂ္ဂမိုးသောက် စကားကြောင့် ကိုယ့်ရင်ဘတ်ကို ပြန်ကြည့်လိုက်တော့ မောင် ပြောသလို အဖြစ်လည်းသိပ်မဆိုးပါဘူး။ တမင်သက်သက် အဖြစ်သည်းပြနေတာ။
''ဟာ ဘယ်မှာ ဟိုက်လို့လဲ၊ ပြီးတော့ မယ်လေးက အိမ်ထောင်သည် ဖြစ်နေပါပြီ၊ ဘယ်သူကြည့်မှာလဲ''
''အိမ်ထောင်သည် ဆိုတာ လူတိုင်း သိလို့လား၊ သိတာတောင် မျက်လုံးတွေက လွှဲကြတာ မဟုတ်ဘူး၊ ကြာရင် လူသတ်မိတော့မယ်''
''မောင် ဘာမဟုတ်တာလေးနဲ့ မရစ်နဲ့နော်''
''မရဘူး သွားပြန်လဲနော်၊ မောင့်ကို စိတ်ချမ်းသာအောင် ထားစမ်းပါ၊ မယ်လေး ကျုပ် ရန်မဖြစ်ချင်ဘူးနော်၊ ခင်ဗျားနဲ့ ရန်ဖြစ်နေရတာထက် နမ်းနေရတာက ပိုကောင်းတယ်''
''ဟာ ''
မဂ္ဂမိုးသောက် အတင်းပြောတော့မှ မယ်လေး မလဲချင်လဲချင်ဖြင့် အကျီပြန်သွားလဲရသည်။ဝတ်နေကျအတိုင်း ရင်ဖုံးအကျီလေးလဲပြီး ဆူပုတ်ပုတ်ဖြင့် ပြန်ထွက်လာတော့ အခုမှ စိတ်ချမ်းသာသွားသလို သက်ပြင်လေးအသာချလာသည့် မောင်ပိုရန်ကောလေးရယ်ပါ။
''အင်း ရပြီ၊ ဒါပေမယ့် အကျီလေးက ခါးအတိလေးတွေ ဖြစ်နေတော့ ခါးလေးကို သူများတွေ မြင်ကုန်တော့မှာပဲ၊ နောက်တစ်ခါ ခါးရှည်လေးတွေ ချုပ်''
''မောင်နော် စကားကို အမျိုးမျိုး မပြောနဲ့၊ အရင်ကတော့ ခါးကိုညစ်ချင်လို့ ခါးအတိလေးတွေ ချုပ်ဝတ်ပါဆို၊ အခုကျတော့ ဘယ်နှယ်လဲ''
ခါးထောက်ပြီး အော်ပြောတော့ မဂ္ဂမိုးသောက်က မယ်ယဥ်ကျေးအနား ကပ်လာကာ ခါးအသားလေးကို ကိုင်လိုက်ပြီး
''ဒါက အရင်က ပြောတာလေ၊ အခုက ဘယ်အချိန်ညစ်ညစ် ညစ်လို့ရပြီ၊ ခါးအတိလေးတွေ မဝတ်လည်း ရတယ်''
ထုံးစံအတိုင်း လက်က မယ်လေးခါးအပေါ် အလိုလို ရောက်နှင့်နေပြီ။ ခါးသေးသေးလေးကလည်း သူ ကိုင်ညစ်လွန်းလို့ အရင်ကထက် ပိုပြီး သွယ်လျလာသည်။
''အဟင့် အမျိုးမျိုး''
''ချစ်တာကိုးဗျ ကျုပ့်မိန်းမရဲ့အလှကို ကျုပ်တစ်ယောက်တည်းပဲ ခံစားခွင့်ရှိရမယ်လေ၊ မဟုတ်ဘူးလား''
''ဟုတ်ပါပြီ ကိုလူတတ်ကြီးရယ်''
စကားတတ်လွန်းတဲ့ ယောကျ်ားဖြစ်သူကြောင့် မယ်လေး မဂ္ဂ ပါးလေးကို မနာအောင် ဖွဖွလေး ဆွဲညစ်တော့ သူမလက်လေးကို ဆွဲကာ ရင်ဘတ်ချင်းကပ်စေတော့ နီးကပ်သွားသော မျက်နှာနှစ်ခုက ပိုပြီး တိုးကပ်သွားရသည်။
''မယ်လေးကို ကျုပ့်မှာ ချစ်လိုက်ရတာဗျာ''
''မယ်လေးလည်း အတူတူပါပဲ''
''ဟင့်အင်း ကျုပ်က ပိုတယ်''
''အဟက်ဟက် ဟုတ်ပါတယ် မောင်ပဲ ပိုပါတယ်''
အပြင်သွားခါနီး လှလှပပ ဝတ်စားပြီး ရေမွှေးလေးပါ ဆွတ်ထားတော့ မယ်လေး ကိုယ်သင်းရနံ့လေးက မဂ္ဂမိုးသောက်ကို ရူးမူးအောင် ဆွဲဆောင်နိုင်သည်။
''လှလွန်းလို့ ဘယ်ကိုမှ မသွားခိုင်းချင်ဘူး၊ အပိုင်သိမ်းထားချင်လိုက်တာ''
ပြွတ်စ်
မဂ္ဂမိုးသောက် ပြောရင်း အဆက်မပြတ် နမ်းလာတော့ မယ်လေးခမျာ အသက်ပင်မရှုနိုင်တော့။ အပြင်သွားရအုံးမည် ဆိုပါမှ မောင်တစ်ယောက် ဘာဖြစ်နေတာလဲမသိ။
''အင့် အသက်ရှုကြပ်တယ် မောင်ရယ်''
''ဘာလို့လဲ မောင်က ဒီနေ့ မုန့်ဖိုး မယူရသေးဘူးလေ''
မုန့်ဖိုးယူရင်း စိတ်ကြိုက်နမ်းဆိုသော ဆောင်ပုဒ်ကို မောင်က လက်ကိုင်ထားကာ မယ်လေးကို မငြင်းရအောင် ရှယ်ချုပ်လေသည်။
''မောင်က လည်လိုက်တာ''
''အင်း မဝသေးဘူး၊ သမာဓိက မင်းနဲ့ဆို ဘာတစ်ခုမှ ကုန်းကောက်စရာ မရှိတော့ဘူး''
ပန်းနုရောင်နှုတ်ခမ်းပါးလေးအား စိတ်ကြိုက် နမ်းရှိုက်ပြီးမှ လည်တိုင်ကျော့ကျော့လေးကို တရွေ့ရွေ့ နမ်းလေတော့ သူမက မနေတတ်စွာ လွန့်လူးနေသည်။
''တော်တော့ အပြင်သွားမှာ အရာတွေထင်နေပါအုံးမယ်''
''တံဆိပ်ခတ်တာ ဒါမှ ခင်ဗျားမှာ ဆိုင်သူရှိတယ် ဆိုတာ သိကြမှာ''
ချွန်ထက်သော သွားစွယ်လေးဖြင့် တတိတိ ကိုက်ခဲထားတော့ မယ်လေး၏ ရွှေလည်တိုင်မှာ ရဲပတောင်းခတ်နေသည်။ ဤသည်လည်း မောင်ဟာ အားမရသေး။
''တော်ပြီလို့''
''ချစ်လို့ ''
''အင်း သိတယ် ''
''မြန်မြန် ပြန်လာခဲ့နော်''
''ဟုတ် ချစ်တယ် မောင် ''
မောင်၏ ရီဝေနေသော မျက်လုံးတချို့ကို ဘာသာပြန်တတ်ပေမယ့် လျစ်လျူရှုကာ ဆိုင်ပဲ ထွက်လာလိုက်သည်။ မောင် ဆိုသည်မှာ အခွင့်အရေး ပေးရင် လက်ကလေးဝင်ချင်ရတာနဲ့ ခြေတောက်လေး ကျန်ခဲ့လို့နဲ့ ခေါင်းလေးလည်းဝင်ပါရစေနဲ့ တစ်ကိုယ်လုံး ပစ်ဝင်ချင်သည့်အမျိုး။ မောင်အကြောင်း အားလုံးလိုလို သိနှင့်နေပြီးတဲ့ မယ်လေးအတွက်တော့ သိပ်မထူးဆန်းတော့။ မောင်က တကယ်တော့ လူလည်ပါ။
❤❤
''Hello ''
''ဘယ်သူလဲ ''
ဖုန်းနံပါတ်က နိုင်ငံခြားနံပါတ်မို့ မဂ္ဂမိုးသောက် မျက်ခုံးကုတ်ကာ ကိုင်လိုက်သည်။
''ယူက ဒို့ကို မေ့သွားတာလား''
အသံချိုအီအီနဲ့ ပြောတတ်တာက Roseကလွဲ၍ မရှိတာမို့ မဂ္ဂ ချက်ချင်း သူမမှန်း တန်းသိလိုက်သည်။
''မင်းနဲ့ ငါ ဘာအကန့်မှ မရှိတော့ဘူးနော် Rose''
''ယူက အရမ်းကျေးဇူးမေ့တာပဲ''
''အဟက် ဒီနေ့ဒီချိန်ထိ ဘယ်သူ့ဆီကမှ အလကား ဘာတစ်ခုမှ မယူဖူးဘူး ၊ ငါလိပ်ပြာ ငါ သန့်တယ်''
''ထားပါ အလုပ်ကိစ္စတွေ Rose စိတ်မဝင်စားဘူး၊ ဒါပေမယ့် ယူက မိန်းမ ယူပြီးပြီလို့ ကြားတယ်''
''အေး ''
''အရမ်းချစ်ကြတယ်လို့လည်း ကြားတယ်၊ အင်း ယူတို့အလယ်မှာ Roseလာရင် ဘာများဖြစ်မလဲ ဆိုတာ အရမ်းသိချင်တာပဲ''
''အဟက် စမ်းကြည့်လိုက်လေ၊ မင်း ငါ့အကြောင်း သိပ်မသိသေးပါဘူး၊ ထပ်ပြောလိုက်မယ် ငါ့မိန်းမရဲ့စိတ်ကိုဖြစ်ဖြစ် ခန္ဓာကိုယ်ပဲဖြစ်ဖြစ် မြူတမှုန်စာ ထိခိုက်ရင် ငါက မိန်းမဆိုလည်း သည်းခံနေမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းအဖေကိုလည်း ငါ့ဘက်က အရင်လက်တွဲဖြုတ်ပြီးပြီ ဒီတော့ ဘယ်သူ့မျက်နှာကိုမှ ညှာတာထောက်ထားနေစရာ မလိုဘူး သဘောပေါက်''
မဂ္ဂမိုးသောက် အပြတ်ပြောပြီး ဖုန်းချပစ်လိုက်သညိ။ Roseကို ပြောတဲ့ စကားတွေအားလုံးက အမှန်တွေချည်းပင်။ မယ်ယဥ်ကျေး၏ တန်ဖိုးကို သိနေမှတော့ လွယ်လွယ် လက်လွှတ်မခံနိုင်တော့ပေ။
''အာရုံနောက်စရာတွေ''
❤❤
အခန်းတစ်ခုလုံး စီးကရက်တွေ အမှိုက်တွေ အဝတ်အစားတွေ ရှုပ်ပွနေသည်။ ဂျာဆိုင်းရွယ် သွေးနီ တိုက်ခန်းကို မလာဖြစ်တာကြာတော့ အမှတ်မရှိတဲ့နှလုံးသားက လာကြည့်ဖြစ်အောင် မြူဆွယ်လေသည်။
သွေးနီကတော့ အရက်ပုလင်း စားပွဲပေါ် တင်ကာ သိုးနေအောင် အိပ်ပျော်နေသည်။ ထမင်းတွေဘာတွေ ထစားနေရဲ့လား မသိပါဘူး။
အမှိုက်တွေ ခြင်းတစ်ခုထဲ ထည့်ပြီး တစ်ခန်းလုံး သန့်ရှင်းရေးလုပ်ပေးနေစဥ် ကုတင်ပေါ်က သွေးနီက မှုန်ကုတ်ကုတ်ဖြင့် အိပ်ရာမှ နိုးလာသည်။
''ဘာလာလုပ်တာလဲ''
''အဆင်ပြေရဲ့လားလို့ လာကြည့်တာ၊ အဆင်ပြေနေတဲ့ပုံလည်း မပေါ်ပါလား''
''မင်း အလုပ် မဟုတ်ဘူး ၊ အခုချက်ချင်း ထွက်သွား ''
''ဗိုက်ဆာနေတယ်မလား''
''သွားတော့လို့ ပြောနေတယ်လေ''
''နေအုံး ထမင်းချက်ပေးမယ်''
နောက်ဆုံး ထမင်းစားခဲ့တာ ဘယ်ကတည်းကလည်း ဆိုတာ မမှတ်မိတော့။ ဟောင်းလောင်းဖြစ်နေသော ဗိုက်ကို အရက်တစ်ခုပဲ ထည့်နေတာ ဘယ်နှရက် ရှိပြီလဲ မခန့်မှန်းတတ်တော့။
''မလိုဘူး''
''အသည်းကွဲရင်လည်း ထမင်းလေးစားအုံးပေါ့''
ဂျာဆိုင်းရွယ် ပြောပြီး လာတဲ့လမ်းမှာ ဝယ်လာခဲ့တဲ့ ဝက်သားလေးတွေကို ဓားပါးဖြင့် လှီးဖြတ်ကာ ဟင်းစချက်လိုက်သည်။
တခဏအကြာ ထမင်းရော ဟင်းပါ အဆင့်သင့်ဖြစ်ပြီး ထမင်းစား စားပွဲပေါ် တင်လိုက်ကာ
''ထမင်း လာစားအုံး''
ဆိုင်း အသံက နူးညံ့ချိုအိနေတာမို့ သွေးနီ နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ဝမ်းနည်းစိတ်က ချက်ချင်း လှိိုက်တက်လာသည်။ မမက သူ့ကိုတောင် ရှိမှန်းမသိ ဖြစ်နေချိန် ကမ်းပေးလာသော လက်တစ်စုံကြောင့် သွေးနီ ပထမဆုံး ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်လေးဝင်မိသည်။
ဇွန်းကိုကိုယ်တိုင် လက်ထဲသို့ လာထည့်ပေးပြီးနောက်
''ကိုယ့်ကိုကိုယ် ဂရုစိုက်မှ ကိုယ်ချစ်တဲ့သူကို သူများလက်ထဲက ပြန်လုယူဖို့ အား ရှိမှာပေါ့''
ခနဲ့သံတစ်စက်ကလေးမှ မပါဝင်တာ သိပေမယ့် သွေးနီ ဝမ်းနည်းစိတ်က လှိုက်တက်လာရာ အသံမထွက်အောင် ကြိတ်ငိုမိသည်။
''အသည်းလေးကွဲတာကို ငိုစရာလား''
..
''ကျန်းမာရေးလည်း ဂရုစိုက်အုံးမှပေါ့၊ ဆိုင်းက ဒီကို ခဏခဏ လာနေလို့ မဖြစ်တော့ဘူးလေ''
..
ဆိုင်း ဒီကို မလာဖြစ်တော့ဘူးလို့လည်းဆိုရော သွေးနီ ခေါင်းချက်ချင်းထောင်လာကာ အလန့်တကြား ကြည့်မိသည်။ သူ့မျက်ဝန်းတွေဆီကနေ တစ်ခုခု ပြောချင်နေတာ သူမက သိတော့
''ဆိုင်း ဆယ်တန်းအောင်ပြီးပြီ ဆိုတော့ မေမေကြီးတို့ လောင်းရိပ်အောက်က ထွက်ပြီး ကိုယ့်ဝမ်းကို ကျောင်းရတော့မယ်၊ မေမေကြီးက အလုပ်သွင်းပေးထားပြီးပြီ၊ အရင်လို မအားတော့လောက်ဘူး၊ ဆိုင်း မရှိတုန်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ အကိုရယ် ''
ဂျာဆိုင်းရွယ် ထိုမျသာ ပြော၍ စိတ်ဓာတ်ကျနေသော သွေးနီကို တချက်ကြည့်၍ ထွက်လာခဲ့သည်။ ကိုယ့်အတွက် မဟုတ်ဘူး ဆိုတာ သိသိကြီးနဲ့ မစွန့်လွှတ်နိုင်တဲ့ ဖြစ်တည်မှုမျိုးကို သူမ စာနာနိုင်ခဲ့ပြီ။
❤❤
မဂ္ဂမိုးသောက် ရေချိုးခန်း ဝင်နေတုန်း ပြန်ထွက်လာရင် အဆင်သင့် ဝတ်ဖို့ ခေါက်ရိုးကျိုးနေသော တီရှပ်နဲ့ ဘောင်းဘီလေးကို ဘီဒိုလေးထဲ ထုတ်ယူကာ ကုတင်ပေါ် တင်ထားလိုက်သည်။ မောင်နဲ့ အိမ်ထောင်ကျတာ ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မည်လေ။
ထိုစဥ် မောင့်ဖုန်းက မှန်တင်ခုံအပေါ် တင်ထားရာ မက်ဆေ့ဝင်လို့ မီးကလင်းလာသည်။ မယ်ယဥ်ကျေး ဘာရယ်မဟုတ် ဖုန်းလေးဖွင့်ကြည့်တော့
''ဒို့လေဆိပ်ရောက်ပြီ ယူ❤''
စကားလုံးလေး တစ်ကြောင်းထဲက မယ်လေးကို ခေါင်းရှုပ်စေသည်။ အနောက်က အသည်းပုံလေးတောင် ပါလိုက်သေး။ သေချာတာက ဒီစာပို့တဲ့သူက မိန်းကလေးပဲ ဖြစ်ရမည်။ မောင် မယ်လေး နောက်ကွယ်မှာ တစ်ခုခု လုပ်နေတာလား။ မဟုတ်ရင် မောင်ရဲ့ အရင်က အဆက်ဟောင်းတွေလား။ အခုချိန်ထိ အဆက်အသွယ် ရှိတုန်းလား။ လားပေါင်းများစွာက သူမကို နှိပ်စက်နေလေသည်။
မောင်က တံဘက်တစ်ထည်ဖြင့် ခေါင်းကို သုတ်နေပြီး ရေချိုးခန်းထဲက ထွက်လာသည်။ မောင် ထွက်လာတာ မြင်တော့ ဖုန်းကို လက်ရာမပျက် ချက်ချင်း ပြန်ထားကာ မောင့်ဆီ လျှောက်သွား၍ လက်ထဲက တံဘက်တစ်ထည်ကို လှမ်းယူကာ သူမကိုယ်တိုင် မောင့်ဆံပင်တွေကို နူးနူးညံ့ညံ့ သုတ်ပေးနေလိုက်သည်။
''မောင်''
''ဗျာ''
''မယ်လေးကို ဘယ်လောက် ချစ်လဲ''
ထူးထူးဆန်းဆန်း ထမေးနေသော မယ်လေးကြောင့် မဂ္ဂမိုးသောက် နှုတ်ခမ်းတွေ ပြုံးရယ်ကာ သူမကိုယ်လုံးလေးကို ပွေ့ဖက်၍ ကုတင်ပေါ် အတူတူ ထိုင်လိုက်ပြီး
''မောင်က ခင်ဗျားလေးနဲ့ ဘဝပေါင်း၁၀၀ထိ ပေါင်းဖက်ဖို့ ရည်စူးထားတဲ့ကောင်ပါဗျ''
''အဟင့် ကိုလူပိုကြီး''
မယ်လေး အပြုံးလေးတွေ ဒီလောက်ထိ လှမယ်မှန်း မသိခဲ့ရိုးအမှန်ပါ။ စွဲလမ်းမှုဆိုတာ ဘာမှန်းမသိတဲ့ မဂ္ဂအဖို့ မယ်လေးက ဘာသာပြန်ပြခဲ့သည်။
သူမ မျက်နှာကို တစိမ့်စိမ့် ကြည့်နေတော့ မိန်းကလေးသဘာဝ ရှက်ကြောက်လာရာ မျက်လုံးလေး လွှဲဖယ်မိတော့ မောင်က အလွှဲမခံပဲ မှေးဖျားလေးကို လက်လေးဖြင့် မော့စေ၍ နောက်တစ်ဖက်က သူအရမ်းနှစ်ခြိုက်သော ခါးသေးသေးလေးကို ဖျစ်ညစ်ထားသည်။
ရီဝေနေသော မျက်လုံးတချို့၏ အဓိပ္ပါယ်ကို သဘောပေါက်တော့
''ဖယ်တော့လေ''
''ဟင့်အင်း ယုတ်မာချင်သေးတယ်''
''ဟာ မောင်နော်''
ပြွတ်စ်💋
ရှက်သွေးလေးဖြန်းသွားသော မယ်လေး မျက်နှာကို အားရအောင် ကြည့်ကာ ရှက်စိတ်ကြောင့် တုန်ရီနေသော နှုတ်ခမ်းပါးလေးမှတစ်ဆင့် တစတစ ပျံ့နှံ့လာသော အနမ်းရိုင်းတွေကြောင့် ဒီညလည်း ချစ်ရသူကြောင့် ရင်ဖိုရပြန်ပါသည်။
❤❤
ဆက်ရန်