book

Index 23

(Part 23)

ကမ်းပြိုအနမ်း


လူဆိုးလေးနဲ့ အတင်းရုန်းရင်းဆန်ခတ် ဖြစ်ပြီးမှ

 မကြည်သလို လူကို လွှတ်ပေးလာသည်။ ပိုရန်ကော ဆိုပြီး မယ်ယဥ်ကျေး စိတ်မခုနိုင်။ သူမလည်း ဘာထူးလဲ။ ဖြစ်နိုင်ရင် ဒီလူဆိုးအနားမှာ ကပ်နေ ချွဲနေချင်တာပေါ့။ ပထမဆုံးနေ့လေးမှာတော့ မောင့်အတွက် မနက်စာလေးတော့ ကိုယ်တိုင် လုပ်ကျွေးချင်သည်။ ဒီမေတ္တာလေးကို အဆိုးအပေလေးက

 မနားလည် ။


မယ်ယဥ်ကျေး အနည်းငယ် ရှုပ်ပွနေ​သော ဆံနွယ်လေးများကို အသေအချာ စုစည်းကာ ခေါင်းစည်းကွင်းလေးဖြင့် စည်းနှောင်လိုက်သည်။ ကုတင်ပေါ်တွင် မျက်နှာကြီး ရှုပ်မဲ့ကာ ကျန်ခဲ့တဲ့ မဂ္ဂမိုးသောက်အား ကြင်နာစွာ တချက်ကြည့်၍ အခန်းအပြင်သို့ ထွက်လာခဲ့သည်။


မီးဖိုခန်းထဲ ရောက်တော့ မောင် ဘာစားတတ် ဘာကြိုက်တတ်မှန်း မသိတော့ ကော်ဖီနဲ့မုန့်ကိုပဲ အရင်လုပ်ထားလိုက်သည်။ နောက်နေ့မှ မောင် ကြိုက်တတ်တာလေးတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးချင်သည်။ မယ်လေး ကိုယ်တိုင် ရေမိုးချိုးအသေအချာ သန့်ရှင်းပြီးတဲ့နောက် ကာလနဂါးလေးကို လာနိုးရသည်။


''မောင်''


''ဟင်''


''ထတော့ဆို မယ်လေး မနက်စာ အဆင်သင့် ပြင်ပြီးပြီ''


''အာဘွားပေး''


''ရွှတ်''


မျက်မှေးလေးနဲ့ကြည့်ကာ ဆိုးလာသည့် မောင့်ကို မယ်လေး အပြစ်မတင်။ မောင့်အလိုအကျ စိမ်းဖန်ဖန် ပါးပြင်ကို နမ်းရှိုက်လိုက်တော့ သဘောကျစွာ ပြုံးလာသည်။ 


''လိမ္မာလှချည်လား ငါ့မိန်းမလေးက''


''မောင့်မိန်းမပဲဟာ ကဲထတော့ ''


''ဟုတ်ပြီ ဟုတ်ပြီ ''


မဂ္ဂမိုးသောက် အိပ်မှုန်စုံဖွားဖြင့် ထလာကာ မယ်လေး ပါးနှစ်ဘက်လုံးကို အသံမြည်အောင် ဖက်နမ်း၍ ရေချိုးခန်းထဲ ဝင်သွားလေသည်။


မောင် ရေချိုးခန်းထဲ ဝင်သွားပြီး တခဏအကြာ အိမ်ထဲသို့ ချိုင့်တစ်ခု ဆွဲ၍ ဝင်လာသော ဂျာဆိုင်းရွယ်ကို မြင်လိုက်ရာ မယ်လေး မျက်လုံးတွေ စူးခနဲ ဖြစ်သွားသည်။ မယ်လေးကို မောင်က လှပသည် နူးညံ့သည် ဒါလောက်ပဲ သိထားသည်။ တကယ်တမ်း မောင် မမြင်နိုင်ခဲ့သည့် မျက်နှာတစ်ခုဟာ ရှိသေးသည်။ ဂျာဆိုင်းရွယ်ကို မြင်တော့ မယ်လေး နှုတ်ခမ်းလေးတွေ လှလှပပ ပြုံးသွားကာ အိမ်အောက်သို့ ဆင်းလိုက်ပြီး


''ဘယ်လဲ''


''ဟို အကိုကြီးနဲ့မမအတွက် မနက်စာကို မေမေကြီးက ပို့ခိုင်းလိုက်လို့ပါ''


''မလိုဘူး''


''ရှင့်''


''ပြန်ယူသွားလိုက် ပြီးတော့ ငါ့ယောကျ်ားနဲ့လည်း ဝေးဝေးနေ''


တစ်ခါမှ မမြင်ဖူးခဲ့သည့် အကြည့်စူးစူးတွေ ဆိုင်း အကြည့်ခံနေရတော့ လန့်သွားသည်။ မမက နူးညံ့သည့် မိန်းကလေးပါ။ အကိုကြီးကို ထိလို့ အစွယ်ထုတ်ပြလာတာလား။ အကိုကြီးက ပေါ်တင်ကြောက်ဖို့ ကောင်းပြီး မမက မထိတထိနဲ့ ပိုကြောက်စရာ ကောင်းနေသည်။


''မင်းကို ငါ အစကတည်းက အမြင်မကြည်ဘူး ဆိုတာ သိလား၊ မောင့်ကို ပိုကပ်လို့ မင်းကို ပိုမုန်းတယ်၊ မောင်က မင်းချစ်လို့ရတဲ့ ဖြစ်တည်မှုမျိုး မဟုတ်ဘူး၊ ဒါက မင်းဆင်းရဲလို့ နှိမ်တာလည်း မဟုတ်ဘူး၊ မောင်က ငါ့တစ်ယောက်တည်းရဲ့အပိုင်၊ စိတ်ကူးယဥ်နေတာလျော့ပြီး ရိုးသားသလိုမျက်ဝန်းတွေနဲ့ မလှည့်စားနဲ့၊ ငါ အစအစအရာရာ မျှဝေပေးနိုင်တယ် ၊ မောင့်ကိုတော့ ဆံခြည်မျှင်တစ်မှုန်စာမျှ ငါ မသဒ္ဒါဘူး ''


မီးတောက်လို စူးရှရှ အကြည့်တွေ ဓားသွားလို ပြတ်သားသော အပြောတွေကြား ဂျာဆိုင်းရွယ် တုန်လှုပ်လာသလို ကြောက်လည်း ကြောက်လာရသည်။ ဒါပေမယ့် မမဟာ ရန်လိုစကားတွေပြောနေပေမယ့် တချက်မှ အလှမပျက်သွား။ ဘယ်လို ဆုတောင်းကောင်းတွေနဲ့ ပြည့်စုံလာခဲ့သလဲမသိပေ။


''မောင်က Playboyညဏ်လေး ရှိတော့ ဆင်ခြင်ပေးဖို့ ပြောပေမယ့် မင်းက နောက်နောင် ငါ့တို့ အိမ်ထောင်ရေးကြား မဝင်လာဘူးလို့တော့ ပြောနိုင်တယ်မလား၊ မင်းက အသိလေး ရှိနေပေးမယ်မလား''


''ဟို အကိုကြီးကို ဆိုင်းက ကိုယ့်အစ်ကိုရင်းတစ်ယောက်လို လေးစားတာပါ''


''ဒါဆို ကောင်းတာပေါ့ နောက်ပိုင်း အာရုံနောက်စရာ မလိုဘူးပေါ့၊ ကျေးဇူးပဲ၊ ချိုင့်လေးယူပြီးပြန်လို့ ရပြီ''


မယ်ယဥ်ကျေး စကားအဆုံး ဆိုင်း မေမေကြီး ထည့်ပေးလိုက်သော ချိုင့်လေးကိုယူကာ ကြောက်လွန်းလို့ ခပ်မြန်မြန်လေး ပြေးထွက်ရသည်။


''မယ်လေး''


''ဟင် ''


''ဘယ်သူလဲ''


''အော် ဘာမှ မဟုတ်ပါဘူး ၊ လာလေ မောင် ဘာကြိုက်တတ်မှန်း မသိလို့ ကော်ဖီနဲ့မုန့် ​ပြင်ပေးထားတယ်၊ မောင် ကြိုက်တတ်တာလေးတွေ မယ့်ကို ပြောထားအုံး''


''မယ့်လက်ရာဆို မောင်က သေဆေးကျွေးလည်း စားမှာ''


''အဟင့်''


တစ်ယောက်ကို တစ်ယောက် နောက်လိုက် စနောက်ကျီစယ်လိုက်နဲ့ မင်္ဂလာဦးဇနီးမောင်နှံတို့ဟာ ပျော်ပျော်ပါးပါး မနက်ခင်းလေးကို ဖြတ်သန်းနေကြသည်။


❤❤


''အကို ဆိုင်း မေးစရာ ရှိတယ် ၊ အမှန်တိုင်းဖြေပေး''


မယ်ယဥ်ကျေး သူများနောက်ပါသွားတဲ့ အဖြစ်ကို တနုံနုံ တွေးရင်း စိတ်က မကြည်လင်။ မဂ္ဂမိုးသောက် ဆိုတာ နောက်မှ ရောက်လာတဲ့ ကောင်ပါ။ သွေးနီ အချစ်ကိုလည်း မမကို ဖွင့်ထုတ်ခွင့်မရခဲ့။ မမနဲ့ ဟိုလူကို ရအောင် ခွဲမယ် ဆိုပြီး ကြုံးဝါးထားပြီး ဘာမှ ဖြစ်မြောက်အောင် မလုပ်နိုင်တော့ ယူကြုံးမရဖြစ်ရသည်။ 


''ဘာလဲ ပြောကွာ''


''မမက အကိုရဲ့ အစ်မ မဟုတ်ဘူးမလား''


ကိုယ့်ဘာသာ ညစ်နေလို့ တစ်ယောက်တည်း နေပါတယ် ဆိုမှ ဒီကလေးမက ကိုယ် ရှိတဲ့ နေရာ ဘယ်လိုရှာပြီး ရောက်လာခဲ့လဲ မသိပေ။ ဒေါသထွက်ထွက်နဲ့ ရှိသမျှ အကုန် ပတ်ရမ်းချင်နေတာ ဒီကလေးမက အချိန်အခါမသင့် မျက်လုံးရှေ့တည့်တည့် ရောက်ချလာသည်။ 


''အေး ဟုတ်တယ် ငါ့အစ်မ မဟုတ်ဘူး၊ ငါ အရမ်းချစ်ရတဲ့သူ၊ ရှင်းပြီလား ငါ သိပ်ချစ်ရတဲ့သူ၊ ဒီတကမ္ဘာလုံးမှာ မမကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ဘူး၊ ချစ်ကြည့်လို့လည်း မရဘူး၊ ငါက မမအတွက်ပဲ မွေးဖွားလာတဲ့အကောင်''


အဖြစ်အပျက်တွေ အားလုံး ညဏ်မှီသလောက် စဥ်းစားပြီး ချို့ယွင်းချက်တချို့ကို ဆိုင်း သတိထားမိလာသည်။ မဟုတ်လောက်ပါဘူးလေ ဆိုပြီး အားတင်းရင်း ချစ်ရသူကို မေးမိတော့မှ အသဲပြန်ကွဲရတဲ့အရေး။ 


''ဒါဆို ဆိုင်း ဆိုင်းကရော''


''မင်းလား မင်း ဆိုတာ ငါ့အတွက် နည်းနည်းလေးမှ ဘောင်မဝင်ဘူး''


''အဟက် ရှင်က မမကို ချစ်တယ်ပေါ့၊ ဒါဆို ရှင့်အတွက် ကြိုပြီးစိတ်မကောင်းဘူး၊ မမက ရှင်ထင်နေသလို အကိုကြီးကို ပေါ့ပျက်ပျက် ချစ်တဲ့သူ မဟုတ်ဘူး ၊ သူတို့ နှစ်ယောက်ကို ခွဲဖို့ ရှင် ကျွန်မကို အသုံးချတယ်၊ ဒါပေမယ့် စိတ်မကောင်းစရာ သူတို့နှစ်ယောက်က ဘယ်လိုခွဲခွဲ မကွဲမယ့်သူတွေ''


''ဘာလို့ မကွဲရမှာလဲ၊ ကွဲမှာ မကွဲကွဲအောင် ငါက ခွဲမှာ၊ အဟင့် သူက Playboyပါကွာ၊  မင်းလို ရိုးရိုးအအ မိန်းမကို ရင်ထဲ မတိုးရင်​တောင် အဆိပ်ပြင်းတဲ့မိန်းမတွေ သူ့ဆီ လွှတ်ဖို့ စဥ်းစားပြီးသား၊ ဒီပွဲမှာ မင်း ပါစရာ မလိုတော့ဘူး၊ မင်းကိုလည်း ထပ်ပြီး မလိုအပ်တော့ဘူး''


သွေးနီ ဂျာဆိုင်းရွယ် မျက်နှာတည့်တည့်ကို ကြည့်ပြီး ပြောပစ်လေသည်။ 


သိပ်ချစ်ရတဲ့သူဆီမှ မြှားတစ်စင်းဟာ နှလုံးသားတည့်တည့်ကို စိုက်ဝင်သွားသည်။ ဆယ်ကျော်သက်အရွယ်မို့ ပထမဆုံး အချစ်ကို ရူးရူးမူးမူး ကိုးကွယ်ခဲ့တာ ဒီလို အသုံးချဖို့တဲ့လား။ မြေပြင်ပေါ် ခွေခနဲမလဲကျသွားအောင် မနည်းထိန်းထားရတာထက် မျက်လုံးထဲက သွေးမျက်ရည်တွေဟာ ထိန်းချုပ်လို့မရအောင် ပါးပြင်ပေါ် တလိမ့်လိမ့် စီးကျနေသည်။ ဒါကို ချစ်ရသူက အားရစွာ ကြည့်နေသည်။ 


''အောင်မြင်ပါစေ''


ဆိုင်း ထိုမျှသာ ပြော၍ လှည့်ထွက်လာခဲ့သည်။ ဒီမှာ ဆက်နေရင် လုပ်ရက်လိုက်တာ ဆိုပြီး သူ့ကို နာကျင်အောင် လုပ်မိတော့မှာ။ ချစ်ရတဲ့သူကို နာနာကျည်းကျည်း မုန်းနေမိတော့မှာ။ သူ့အိပ်မက်ကို မထောက်ပံ့ပေးနိုင်တော့ ဆုတောင်းပေးယုံကလွဲ ဘာများ တတ်နိုင်အုံးမလဲ။ 


ငိုနေတာ သိသည်။ ဆက်မငိုအောင် လုပ်မတတ်။ ပိုငိုအောင်သာ စကားတွေ ပြောနေမိသည်။ ဝမ်းနည်းသွားသော ကျောပြင်ငယ်သည် တရှိုက်ရှိုက် တုန်လှုပ်ကာ ကျောခိုင်းသွားသည်။ သူ့ပါးစပ်က နာနာကျင်ကျင် စကားလုံးတွေပဲ ရွေးပြောမိသည်။ ဒီကောင်ကိုမှ မနာကျည်းရင် ဘယ်သူ့ကို နာကျည်းမှာလဲ။ အစကတည်းက အသုံးချဖို့အတွက်ပဲ ချဥ်းကပ်ခဲ့တာလေ။ အယုံလွယ်သူပဲ မှားတာလား။ မယုံယုံအောင် ပြောတတ်သည့် သူကပဲ မှားနေတာလား။ ဗီလိန်လေးဟာ ဆက်ပြီး မှားယွင်းနေဆဲ။


❤❤


''အိမ်ထောင်ကျသွားတဲ့ Feelingလေး တစ်ချက်လောက် ​ပြောပါအုံး''


Lucasက ဖုန်းကို မဂ္ဂမိုးသောက်အနား တိုးကပ်၍ အင်တာဗျူးသလို အိုင်တင်ထလုပ်​တော့ ခြေတောက်ဖြင့် ​ဆောင့်ကန်လိုက်ပေမယ့် ပါးစပ်က ရောက်ကတည်းက ပိတ်မကျ။


''ဟေ့ကောင် မေးမနေနဲ့၊ သွားကြီးဖြီးနေကတည်းက ဒီကောင် အဆင်ပြေနေမှန်း မသိသေးဘူးလား ငပိန်းကောင်ရ''


''ငါလည် စောက်မြင်ကပ်လို့ မေးတာကွာ''


''Fa တွေကို ဘယ်လိုကြည်နူးရသလဲ ဆိုတာ အသေးစိတ် ပြောပြရင် အားနာလို့ မပြောတော့ဘူး၊ ဒီလို ကြည်နူးဖို့ ဆိုတာ ချစ်သူတစ်ယောက်တော့ လိုတာပေါ့ကွာ၊ အဲ့တော့ ချစ်သူအရင်ရှာလိုက်ကြ''


''xီး စောက်ကြီးစောက်ကျယ် နိုင်ယုံမက ဖင်ခေါင်းပါ ကျယ်လာပြီ''


''မနာလိုဖြစ်နဲ့ သားကြီး''


''အေးပါ ငါလည်း အကြည်လုံးလေးလို မိန်းကလေး ပတ်ရှာလိုက်အုံးမယ်''


''ဟန်းမင်းစျာန် မင်းစောက်ခွက် စုတ်ပြတ်မသတ်ချင်ရင် ငါ့မိန်းမကို ထည့်မပြောနဲ့''


''ဟေ့ကောင် ဥပမာပေးတာလေ''


''ငါက ဥပမာဆိုရင်​တောင် မင်းတို့ ပါးစပ်က ငါ့မိန်းမနာမည်  ဟတာ မကြိုက်ဘူးကွ''


''F**k ဥစ္စာခြောက်ကောင်''


မိန်းမ ရပြီး မြှောက်ကြွမြှောက်ကြွ ဖြစ်နေတဲ့ သူငယ်ချင်းကို Lucasနဲ့ ဟန်မင်းစျာန် ကြည်လည်းကြည့်မရ​တော့သလို ၊ မျက်စိလည်း နောက်လာရသည်။


❤❤


''မောင် အရင်က ပြောတော့ အလုပ်တွေ ပစ်ထားလို့ မရပါဘူးဆို''


''အင်းလေ အဲ့ဒါက အရင်က ၊ အခုက လုပ်ငန်းတွေ ကျယ်ပြန့်လာပြီ၊ ပြီးတော့ ကုမ္ပဏီမှာ လူသစ်တွေ အများကြီး ခန့်ထည့်ထားတယ်၊ အားလုံးကို အရည်အချင်းအမှန်စစ်ပြီး ခန့်ထားတာ၊ အားကိုး ရတယ်၊ ဒီတော့ မောင်က အရင်ကလို ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘူး၊ အိမ်ကနေ လုပ်လည်း ရတယ်''


''ဟုတ်လို့လား''


''ဟုတ်တယ် ဒယ်ဒီတောင် ဘာမှ မလုပ်တော့ဘူး၊ မောင့်ကိုပဲ အကုန် လွှဲထားတာ''


''အော် မောင်တို့ အလုပ်ကိစ္စတွေ မယ်လေး မနားလည်ပါဘူး''


ကြင်စဦးဇနီးမောင်နှံတွေမို့ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က မပျောက်ခံဖြစ်နေကြသည်။ မဂ္ဂမိုးသောက်လည်း သူ့အကြိုက် မယ်လေးကို ချွဲကာ ရင်ခွင်ထဲ ဖက်ထားရင်း တစ်ဖက်ကလည်း Laptopပေါ် အလုပ်လုပ်နေသည်။


''ဒါနဲ့ ပြောရအုံးမယ်၊ မယ်လေး ကော်ဖီဆိုင်ကို ဘယ်လိုလုပ်ချင်လဲ''


''ဟင် ဘာကိုလဲ ''


''မယ်လေး အမြဲပြောပြောနေကျလေ ဆိုင်ကို အဆင့်ပိုမြင့်ချင်တယ် ဆိုတာလေ ဘယ်လိုလုပ်ချင်လဲလို့''


''အော် မယ်လေး စဥ်းစားထားတာ ရှိတယ်၊ ဆိုင် Cover တွေပါ အစအဆုံး ပြင်ချင်တာ၊ မယ်လေး အင်တာနက်ပေါ် တက်ရှာကြည့်ပြီးပြီ''


''ကြိုက်တဲ့ဒီဇိုင်းတွေ့လား''


''တွေ့တယ် ''


''ဟုတ်ပြီ အဲ့ဆို မောင် အလုပ်သမားတစ်ယောက်ကို လွှတ်လိုက်မယ်၊ မယ်လေး ပြင်ချင်တာ မှန်သမျှ အကုန်ပြင်''


''ဟုတ်''


ရင်ခွင်လေးထဲက ချစ်ဖို့ကောင်းအောင် ခေါင်းလေးညိတ်ပြတာကအစ မဂ္ဂမိုးသောက် ရူးချင် ရူးလောက်သည်။ စတွေ့ကတည်းက အပြုအမူလေးတစ်ခုချင်းစီ မြတ်နိုးနေရတာ ဒီနေ့ဒီအချိန်ထိပင်။ 


ထိုစဥ် မယ်ယဥ်ကျေး မဂ္ဂမိုးသောက်နဲ့အတူတူ Laptopကြည့်နေရာ ဖန်သားပြင်ပေါ် နောက်ဆုံးပေါ်ကားအမျိုးအစား အမျိုးမျိုးကို မောင့်က စိတ်ဝင်တစား ကြည့်နေသည်။


''မောင် ''


''ဟင်''


''ကားက မနေ့ကမှ အသစ်လဲထားတာလေ၊ အခု ဘာကြည့်နေတာလဲ''


''အော် မောင်က ကားတွေ ဆိုင်ကယ်တွေ ချစ်တယ်၊ စဥ်းစားနေသေးတယ် Car Showroomလေး ဖွင့်ကြည့်လိုက်ရင် ကောင်းမလားလို့၊ Jewelleryက ဘိုးဘွားပိုင်မို့ လုပ်နေရတာ၊ မောင် ဝါသနာပါတာက Car Motorcycle အဲ့ဒါမျိုးတွေ အကြီးကြီး လုပ်ချင်တာ''


မောင်က သူ့အိပ်မက်တချို့ကို မယ်လေးအား စိတ်ဝင်စားစွာ ပြောပြသည်။ မောင်၏ အိမ်ထောင်ဖက်အနေနဲ့ တိုင်ပင်တာတွေကိုတော့ မနားလည်ပေမယ့် ငြိမ်ငြိမ်လေးနားထောင်ပေးသည်။ 


''မောင် စိတ်ချမ်းသာသလို လုပ်လေ၊ ဒါပေမယ့်နော် မောင် ငွေကို လိုတာထက် ပိုမသုံးနဲ့၊ စည်းကမ်းရှိရှိသုံး၊ ငွေက ရှာရခက်တယ်မောင်ရဲ့၊ မောင်ကလေ Carတွေ ချစ်လို့ ဒေါ်လာသိန်းနဲ့ ချီပြီး ဝယ်ပေမယ့် သူ့ Qualityနဲ့ ပေးရတဲ့စျေးတန်ရင် မယ်လေး ဘာမှ မပြောဘူး ၊ မတန်ရင်တော့ မောင် မဝယ်ရဘူး''


''ဟုတ်ပါပြီ မိန်းမရယ် ''


''အဲ့တော့ ဘဏ်ကတ်ပေး''


မယ်လေး စကားလည်း ဆုံးရော မဂ္ဂမိုးသောက် မျက်လုံးကြီးက ပြူးလာသည်။ 


''ဘာ...ဘာလုပ်မလို့လဲဟင်''


''မောင် ထင်တိုင်းကြဲနေမှာ စိုးလို့ ၊ မောင် မပေးချင်လည်း ရပါတယ်၊ မယ်လေး ဟိုဘက်အခန်းမှာ သွားအိပ်လိုက်မယ်''


ဘာမှမသိသလို မျက်လုံးလေးပေကလပ် ပေကလပ်ပြောလာတော့ မောင်တစ်ယောက် ဘယ်ခံနိုင်ရည်ရှိမလဲ။ မယ်လေး ဆိုတာ အချက်ကျမှ အပိုင်ကိုင်တာ၊ မပိုင်သေးရင် ပိုင်အောင် အရင်လုပ်ရမှာ။ အိမ်ထောင်ရေး စာ​အုပ်တွေ ကွယ်ရာမှာ ဖတ်ထားတာ မောင်မှ မသိတာ။


''ဟို ဒါလေးအတွက်နဲ့တော့ အခန်းခွဲအိပ်စရာ မလိုပါဘူး မယ်လေးရယ် ၊ပေးဆို ပေးပါ့မယ်''


ပိုက်ဆံအိတ်လေးထဲက ဘဏ်ကတ်လေး ယူထုတ်ကာ လက်က တုန်တုန်ရီရီနဲ့ ထိုးပေးရှာသည်။ မောင်တစ်ယောက် သနားပါတယ်။ 


''မောင် ဒီကတ်တစ်ခုတည်း မဟုတ်ဘူးနော်၊ ကုမ္ပဏီက ဝင်ငွေထွက်ငွေ စာရင်း အကုန်သိချင်တယ်၊ ပြီးတော့ မယ်လေး တစ်လစာ စာရင်းလာစစ်မယ်၊ မောင့်ကို​တော့ တနေ့ ပိုက်ဆံ၅သောင်း ပေးမယ်''


''ဟာ ၅သောင်းနဲ့ ဘယ်လိုလောက်မှာလဲ မယ်လေးရဲ့ ''


''သိတယ်  တနေ့၅သောင်းပဲ ရမယ်၊ ဒါပေမယ့် နေ့တိုင်း မယ်လေးဆီမှာ ပိုက်ဆံ၅သောင်း လာတောင်းရင် အာဘွားပေးမယ်၊ မယူချင်လည်း ရတယ်နော်၊ ဘဏ်ကတ်တွေ အကုန် ပြန်ပေးမယ်၊ အခန်း​တော့ခွဲအိပ်ရမယ်၊ မောင် စဥ်းစားပါ၊ အတင်းအကြပ် မပြောပါဘူး၊ အခန်းခွဲအိပ်ခံပြီး ငွေကို စိတ်ရှိတိုင်းသုံးမလား၊ ဘဏ်ကတ်တွေ အကုန်ပေးပြီး အာဘွားစိတ်ကြိုက်ပေးစနစ်နဲ့ နေ့တိုင်း မုန့်ဖိုး ယူမလား''


မယ်လေး စကားကြောင့် မဂ္ဂမိုးသောက် ငုပ်နေတဲ့ ခေါင်းလေးက ချက်ချင်း ထောင်လာကာ ပြုံးလာပြီး ပိုက်ဆံအိတ်တစ်ခုလုံးတောင် သူမကို ပေးလိုက်ပြီး


''ရတယ် လက်ခံတယ် နေ့တိုင်း မယ်လေးဆီမှာ မုန့်ဖိုး လာတောင်းမယ်''


ကြည်ကြည်ဖြူဖြူ ပေးလိုက်တဲ့ ပိုက်ဆံအိတ်ကို ကြည့်ပြီး မယ်လေး ပြုံးမိသည်။ မောင်က Playboyလို့သာ ဆိုတာ။ တကယ်က မူကြိုကလေးအဆင့်မှာပဲရှိသည်။ မောင်ဟာလေ အားကြီး ချစ်ဖို့ကောင်းလွန်းသည်။


❤❤


ဆက်ရန်

Share ခြင်းဖြင့် အားပေးပါ

#MonePannMyau


rate now: