book

Index 21

(Part 21)

ကမ်းပြိုအနမ်း 


''တောင်းပန်ပါတယ် ''


''မောင့်ကို မုန်းလိုက်တာ''


သုံးနာရီဆက်တိုက် ချော့ပြီးနောက် မယ်ယဥ်ကျေးဆီက ဆူပုတ်ပုတ်လေးဖြင့် စကားလုံးလေး ထွက်လာသည်။ စိတ်ပြေလက်ပျောက် တိတ်တိတ်ဆိတ်ဆိတ် ပတ်ဝန်းကျင်လေးသို့ မဂ္ဂမိုးသောက် မယ်လေးကို ခေါ်လာခဲ့သည်။


''တောင်းပန်ပါတယ် ''


''မယ်လေးကို မောင် အထင်သေးတာ''


''တောင်းပန်ပါတယ် ''


''မယ်လေးကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတယ်''


''တောင်းပန်ပါတယ် ''


''မယ်လေး အရမ်းဝမ်းနည်းတာပဲ''


''တောင်းပန်ပါတယ် ''


''မောင့်ကို မုန်းတယ်''


''​တောင်းပန်ပါတယ်''


မယ်ယဥ်ကျေး ပြောသမျှ စိတ်ရင်း​ဖြင့် ​တောင်းပန်နေမိသည်။ သူမ တကယ် ဝမ်းနည်းနေရှာတာ။ 


''မယ်လေးရယ် ကျုပ် ရင်နာလိုက်တာ''


''အဟင့် ပြောချင်ရာပြောပြီးတော့များ''


''ကျုပ်က သဝန်တိုတာကို''


''သွေးနီက မယ်လေးမောင်လေးလို ခင်ရတဲ့လူပါ၊ မောင်နဲ့ မတွေ့ခင် ဟိုးငယ်ငယ်ကတည်းက သွေးနီနဲ့ မယ်လေး ဆိုတာ မောင်နှမသားချင်းလို နေလာတာ''


''မယ်လေးကသာ အဲ့လို ထင်နေတာ၊ ဒီကောင်က မယ်လေးကို ကြိုက်နေတာ''


''ကဲ ကြည့် ဒီလောက် ပြောပြနေတာကို''


''မယ်လေးအနားတွေ့တဲ့ ဘယ်ယောကျ်ားမဆို အရှင်မထားဘူး၊ မယ်လေးက  ယောကျ်ားလေးတွေအကြောင်း မသိပါဘူး၊ ကျုပ်က မြွေမြွေချင်း ခြေမြင်တယ်၊ ကျုပ့်ကို ယုံစမ်းပါဗျာ''


''အဟင့် သူများကိုပဲ လာပြောနေတယ် ၊ မောင်ကရော ဟိုကောင်မလေးနဲ့ ရင်းနှီးလိုက်တာ''


မယ်ယဥ်ကျေး မကျေမနပ်သလို ပြောလာတော့ ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာ မဂ္ဂ မနည်းစဥ်းစားလိုက်ရသည်။


''ဘယ်သူလဲ''


''ရူးချင်ယောင်ဆောင်နေတယ် ၊ ဟိုကောင်မလေးကို ပြောတာ''


''အော် ဂျာဆိုင်းရွယ်ကို ပြောတာလား''


''အင်း''


''အော် သူက ဘာဖြစ်ရမှာလဲ၊ ဒီမှာ ကျုပ်ကလေ မိန်းကလေးတွေအကြောင်း အကုန်သိတယ်၊ ဒီမိန်းကလေးကို ကြည့်တာနဲ့ ကျုပ့်အနားကို ဘာလိုချင်လို့ ချဥ်းကပ်လာသလဲ ဆိုတာ ကျုပ် သိတယ်''


''Playboyဆိုတော့ သိမှာပေါ့''


''ဟားဟား အူတိုနေတယ် ကြည့်စမ်း ၊ ဒီဝါဂွမ်းလုံးလေး အပိုင်ရထားပြီးမှ ကျန်တဲ့ ရွက်ကြမ်းရေကြိုတွေကို ခေါင်းထဲ ထည့်စရာလားကွာ''


မဂ္ဂမိုးသောက် အူယားသလို မယ်ယဥ်ကျေးကိုယ်လုံးလေးကို ပွေ့ဖက်ကာ ဆိုလိုက်သည်။


''မောင် မယ်လေးတို့က မကြာခင် လက်ထပ်တော့မှာလေ၊ မောင်နဲ့ ပြဿနာ မဖြစ်ချင်ဘူး၊ အေးအေးဆေးဆေးလေးပဲ နေချင်တာ''


''ကျုပ် ဒေါသ မထိန်းလိုက်နိုင်လို့ပါ တောင်းပန်ပါတယ် မယ်လေးရယ် ၊ နောက်တစ်ခါ မဖြစ်စေရပါဘူး''


''မယ်လေးက မောင့်ကို အကြောင်းအရင်းမရှိ စိတ်တိုတတ်တဲ့သူ မဖြစ်စေချင်ဘူး၊ ပြီးတော့ မောင် ဒေါသကြီးတာကိုလည်း ကြောက်တယ်၊ မယ်လေးကို ချစ်ရင် ဒေါသလျော့ပါနော်''


ကျုပ့်ရဲ့ တစ်ဖက်ခြမ်းကို မယ်လေးက တကယ် ကြောက်နေသလို ပြောလာတော့ ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ မယ်လေးလို နူးနူးညံ့ညံ့လေးက ကြောက်နေရှာမှာပေါ့။ လယ်တွင်သားဆရာစောချစ်ပြောသလို သူမက လှသည် လှတာထက် ယဥ်သည် ယဥ်သည်ထက် ရှက်တတ်သည်။  အရှက်အကြောက်ကြီးလွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားမှတော့ ​ကြမ်းတမ်းပြီး ရိုင်းစိုင်းတတ်သည့် ဒေါသကို လျော့ပေးရမှာပေါ့။ ကျုပ့်မှ အကြည်လုံးလေးကို အသက်နဲ့တမျှ ချစ်နေရတာ။


❤❤


''တစ်နာရီအတွင်း သွေးနီ ဆိုတဲ့အကောင်အကြောင်း အကုန်လုံး သိချင်တယ်''


''ဟုတ် Boss''


ရဲရင့်အား သွေးနီအကြောင်း စုံစမ်းခိုင်းလိုက်သည်။ မယ်ယဥ်ကျေး ပြောသလို တကယ်ပဲ ရိုးသားတာလား။ ရိုးသားချင်ယောင်ဆောင်တာလားဆိုတာ တွေ့ကြပြီပေါ့။


''သား''


''ဒယ်ဒီ''


''ငါ့သားတောင် မိန်းမ ယူတော့မှာပဲ၊ ဒယ်ဒီတို့ အေးအေးဆေးဆေး စကားမပြောရတာ ကြာပြီ''


''ဟုတ်''


''ငါ့သား''


''ဟုတ် ပြောပါ ဒယ်ဒီ''


''ဖအေတိုင်းက သားသမီးကို အဖြူစင်ဆုံး ဖြစ်စေချင်ကြတဲ့ အတ္တ ရှိတယ်၊ ဘာမဟုတ်တဲ့ ပိုးမွှားလေးတွေက သားဘဝကို လာစွက်ဖက်ကြတဲ့အခါ ဒယ်ဒီကို ဘာလို့ မ​ပြောတာလဲ''


''သားနည်းသားဟန်နဲ့ ရှင်းချင်လို့ပါ''


''သားက လူကြီး ဖြစ်လာပြီပဲ''


''ဟုတ် ''


''သား လူကြီးဆန်တာကို ဒယ်ဒီ သဘောကျတယ်၊ ကြည့်ကြပ်တော့လုပ်၊ ဇယားရှုပ်လာခဲ့ရင် ဒီဖအေက သားအနောက်မှာ အမြဲတမ်း ရှိတယ် ဆိုတာ မမေ့နဲ့''


''ကျေးဇူးပါ ဒယ်ဒီ ''


ဦးရာဇာ သားအကြောင်း အမြဲစုံစမ်းနေတတ်သူ ဖြစ်ရာ သားဘာပဲလုပ်လုပ် သူ အကုန်သိသည်။ တစ်ဦးတည်းသော သားလေးမို့ အချစ်လည်း ပိုရသလို သိပ်ပြတ်သားလွန်းတဲ့ သားအတွက်လည်း ဂုဏ်ယူရသည်။ အခုဆို သားက မိန်းကလေးတစ်ယောက်ကို​တောင် တာဝန်ယူနိုင်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေပြီလေ။ သားအတွက် ဦးရာဇာ သိပ်ကို ဂုဏ်ယူရသည်။


❤❤


ဒီနေ့က မဂ္ဂမိုးသောက်နဲ့ မယ်ယဥ်ကျေးတို့ရဲ့ မင်္ဂလာပွဲ ။ ခမ်းခမ်းနားနား မဟုတ်သော်လည်း နွေးနွေးထွေးထွေး မိသားစုဝင်အနည်းငယ်လောက်နဲ့ ကျင်းပဖြစ်သည်။ အားလုံးက ရင်းနှီးပြီးသားမို့ ရှိုးတိုးရှုန့်တန်း မဖြစ်ပါ။ 


''မယ်လေး ဒါက ကျုပ်သူငယ်ချင်းတွေ သူကLucas၊ သူက ဟန်မင်းစျာန်၊ သူက နန်းဖြူစင် ''


''အော် ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ဖြူစင်ကိုတော့ ကျောင်းမှာကတည်းက သိပြီးသားပါ''


''ဟုတ်တယ် မယ်လေးရဲ့၊ မယ်လေး နင့်ကို မဂ္ဂမိုးသောက်က နောက်ကွယ်မှာ အသည်းအသန် ညွှန်းနေတာနော်''


''ဖြူစင် နင် မကြပ်နဲ့ Lucas ကိုယ့်မိန်းမကို နိုင်အောင်ထိန်း''


ဘယ်တော့မှမတည့်တဲ့ Lucasနဲ့နန်းဖြူစင် အစခံလိုက်ရတော့ နှစ်ယောက်သားဆီမှ အဆဲသံလေးတွေ ညံသွားလေသည်။ 


''ဒီဖေ*''


''မမယ်လေးက အရမ်းချောတာပဲနော်''


''ကျေးဇူးတင်ပါတယ်ရှင်''


ဟန်မင်းစျာန်က အလယ်ကနေ မျက်နှာချိုသွေးကာ ဝင်ပြောတော့ မဂ္ဂ၏ ခြေတောက်က အလိုလို ကန်ပြီးသားဖြစ်ကာ


''နောက်တစ်ခွန်း ထပ်ပြောရင် ပွဲထဲက ကန်ထုတ်ပစ်မယ်''


''Playboyကြီးက တိုလိုက်တာ''


သူငယ်ချင်းအချင်းချင်း နောက်နောက်ပြောင်ပြောင်နေကြစဥ် မယ်ယဥ်ကျေး ရှိတာကို သတိရသွားကာ ဟန်မင်းစျာန်က အားနာသလို


''ဆောရီးနော် မဂ္ဂကို ကျွန်တော်တို့က စနေတာရယ်''


''ရပါတယ် စိတ်ထဲ မထားပါနဲ့''


''အဲ့ဒါကြောင့် မမယ်လေးက အရမ်းလှနေတာ''


''ခွေးကောင် အခုချက်ချင်း အဲ့ဒီအပေါက်ကို ပိတ်လိုက်တော့''


ဟန်မင်းစျာန် ထပ်ပြောရင် ခြံအပြင် တကယ်ကြီး မောင်းထုတ်ခံရမှာ သိနေတော့ ဇက်လေးပုကာ ဘာတစ်ခုမှ ဝင်မပြောရဲတော့။ ဒါပေမယ့် မဂ္ဂမိုးသောက်မိန်းမက တကယ် အလှကြီး လှတာ။


❤❤


နှစ်ဘက်မိဘများကို ရှိခိုးကန်တော့ကြပြီးနောက် နန်းငယ်ထားနဲ့ ခွန်ခမ်းနောင်က သမီးလေး ကျက်သရေရှိရှိ မင်္ဂလာပွဲလေး ပြီးဆုံးသွားတာကြောင့် ဝမ်းသာပီတိဖြစ်ရသည်။


''ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ်''


မားမား၏ ဆုပေးသံက အဖျားအနား တုန်ရီနေသည်။ ပါးပါးက မားမား ကိုယ်လုံးလေးကို ထွေးပွေ့ကာ ခေါင်းညိတ်ပြသည်။


မယ်ယဥ်ကျေး ပါးပါးနဲ့မားမားကို ကြည့်ပြီး မျက်ရည်လေးဝဲလာရသည်။ မောင်နဲ့ လက်တွဲရမှာ ပျော်ပေမယ့် ပါးပါးနဲ့မားမားကို ထားခဲ့ရတော့မလို ခံစားနေရသည်။ ဦးရာဇာနဲ့ ဒေါ်ဧကရီကလည်း ဆုအသီးသီး ပေးကြသည်။ ထို့နောက် မယ်လေးက ချက်ချင်း မဂ္ဂမိုးသောက် ကိုယ်ပိုင်အိမ်သို့ လိုက်နေရတော့မည်။ မယ်လေး အဝတ်အစားတွေက မနေ့ကတည်းက ဟိုအိမ်ကို ရောက်နေပြီးပြီ။


''အဟင့် မယ်လေး မလိုက်ချင်တော့ဘူး''


မယ်လေးက သူ့ပါးပါးနဲ့မားမားကို ကြည့်ပြီး မျက်ရည်လေးဝဲ၍ တောင်းဆိုရှာသည်။ တစ်ခါမှ မိဘနဲ့ မခွဲနေဖူးတာမို့လို့ ဝမ်းနည်းနေရှာမှာပေါ့။ မဂ္ဂမိုးသောက် နားလည်စွာ နှစ်သိမ်ရပေးသလို သူ့သမီးလေးနဲ့ အခုမှ စခွဲဖူးတဲ့ မားမားနန်းငယ်ထားကိုလည်း ပါးပါးက နှစ်သိမ့်ပေးရသည်။ 


''ငယ်ရယ် ငယ်က အဲ့လို ဖြစ်နေရင် သမီးက ဘယ်လိုနေမလဲကွာ ကလေးနဲ့အပြိုင် မဆိုးစမ်းနဲ့''


ပါးပါးကိုယ်တိုင် မားမားကို နှစ်သိမ့်ပေးနေပေမယ့် မျက်လုံးထဲတွင် မျက်ရည်လေးတွေ ဝေ့နေရှာသည်။


''ဝမ်းသာဝမ်းနည်းလို့ပါ အကိုရယ်''


'' အဟင့် ပါးပါးနဲ့မားမား ''


မယ်လေးက မဂ္ဂမိုးသောက် လက်ထဲက ရုန်းကာ သူ့မိဘတွေကို ပြေးဖက်လေသည်။ တစ်အောင့်လောက်ကြာတော့


''မားတို့ မယ်လေးက အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီလေ၊ မားတို့နဲ့ အိမ်က ဘယ်လောက်မှ ဝေးတာမှ မဟုတ်တာ၊ လိုက်သွားတော့ မောင်မဂ္ဂမိုးသောက် စောင့်နေရှာပြီ''


မားရင်ခွင်လေးထဲကနေ မောင့်ကို လှမ်းကြည့်တော့ မယ်လေးကို နားလည်သလို ခေါင်းညိတ်ပြသည်။ 


''ဟုတ် မားမား၊ ပါးပါးနဲ့မားမားလည်း ဂရုစိုက်အုံးနော်''


''အင်းပါ သွားကြတော့''


ပါးပါးနဲ့မားမားကိုယ်တိုင် မယ်လေးကို မောင့်ကားလေးဆီ လိုက်ပို့ပေးသည်။ 


''မောင်မဂ္ဂရေ ပါးတို့​တော့ သမီးကို သားအပေါ် ယုံကြည်လို့ လက်ထဲ အပ်လိုက်ပြီ၊ စိတ်ချချင်တယ် ''


''မယ်လေးကို ကျုပ့်အသက်ထက် ပိုချစ်တာပါ ၊ ဘယ်တော့မှ ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ယောကျ်ားကတိပါ''


''ဟုတ်ပြီ ကဲ ကားကို ဂရုစိုက်မောင်း''


မဂ္ဂမိုးသောက် ရိုရိုသေသေ ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်နေအိမ်သို့​ မောင်းလာခဲ့သည်။ ကားလေးထဲတွင် မျက်နှာလေးမကောင်းစွာ ပါလာသော အသစ်စက်စက် သတို့သမီးလောင်းလေးကို ကြည့်ပြီး မဂ္ဂ ကြည်နူးစိတ်က ထိန်းမရသိမ်းမရ ​ဖြစ်နေသည်။ အခု သူမကို တကယ်ကြီး ပိုင်ဆိုင်လိုက်ရပြီမလား။ အခုဆို မယ်ယဥ်ကျေးရဲ့ခင်ပွန်းဟာ မဂ္ဂမိုးသောက်ပဲ ဖြစ်ရတော့မည်။ 


''မပျော်လို့လား''


''အဟင့် မဟုတ်ပါဘူး ပါးနဲ့မားကို လွမ်းလို့ ''


''ဟော ခုနကပဲ တွေ့ခဲ့တာလေ''


''မတူဘူး''


တကယ်ကြီး မိဘနဲ့ မခွဲနိုင်သည့် သတို့သမီးအသစ်စက်စက်လေးကို ကြည့်ပြီး မဂ္ဂမိုးသောက် ပြုံးလေသည်။


သူ ပြုံးနေတာမြင်တော့ မကြည်သလို မျက်စောင်းလေးထိုးကာ


''လူကို အခုကတည်းက လှောင်နေပြီ၊ ယောကျ်ားကဖြင့် အခုမှ ရတယ်''


''အော်ဟော် ဘယ်တုန်းက လှောင်လို့လဲ ၊  ကျုပ့်မိန်းမလေး ချစ်ဖို့ကောင်းလို့ ကြည့်နေတာကို လာပြီး စွပ်စွပ်စွဲစွဲ ''


''ရုပ်ကိုက''


''ကြွေစရာကြီးမလား''


မယ်လေး စိတ်ကြည်လာအောင် မဂ္ဂမိုးသောက် နံဘေးကနေ အမျိုးမျိုး စနောက်ပေးနေရင်း အိမ်သို့ ရောက်လာခဲ့သည်။


''မယ်လေး ဒီအိမ်ကို ပထမဆုံး စရောက်တုန်းက ဘယ်လိုနေလဲ''


''ဘယ်လိုနေရမှာလဲ၊ လူကို တစ်ချိန်လုံး လက်ကမြင်းပြီးတော့ မောင့်မျက်နှာမြင်တိုင်း လန့်နေရတာ''


''ဟားဟား ချစ်လို့ စရံလေး ယူထားယုံပါ''


''အဟင့်''


မဂ္ဂမိုးသောက် မယ်လေးကိုယ်လုံးလေးကို ကားထဲကနေ ဆတ်ခနဲ ပွေ့ချီလိုက်တော့ လန့်ဖြတ်ကာ သူ့လည်ပင်းအား လက်ဖြင့် ချိတ်လိုက်မိသည်။


''ဘာလုပ်တာလဲ''


''ချီတာလေ''


''မယ်လေးမှာ ခြေတောက်ပါသား''


''ဟောဒီခြေတောက်လေးတွေ နာသွားမှာ စိုးလို့ပေါ့''


ပိုရန်ကော မျက်စောင်းတချက် ထိုးလွှတ်လိုက်တော့ အူမြူးနေသည့် သတို့သားက မမှုနိုင်။ မယ်လေးကိုယ်လုံးလေးကို ပွေ့ချီကာ လေလိုအလျင်ဖြင့် အဖြူရောင် ဖွဲမွေ့ယာကြီးပေါ် တင်လိုက်ကာ မယ်လေးကို အုပ်မိုးရင်း ရှက်သွေးဖြာနေသော မျက်နှာလေးကို တစိမ့်စိမ့် ကြည့်နေမိသည်။


''လှလိုက်တာ''


''မောင်ကလည်း အဲ့လို မကြည့်ပါနဲ့၊ မယ်လေး ရှက်တယ်''


''မိုနာလီဇာ လှတာ ဘယ်သူပြောလဲတော့ မောင် မသိဘူး၊ မယ်လေး လှတာတော့ မောင့်ရိုးတွင်းခြင်ဆီအထဲထိ သိတယ်''


''ဘယ်က အချစ်ဒဿနတွေ ဖွင့်နေတာလဲ''


''ကျုပ်က အချစ်ဒဿနတွေ မဖွင့်ချင်ဘူး ခင်ဗျားလေးကိုပဲ ဖွင့်ချင်တာ''


''ဟင်'


ပြွတ်စ်


မဂ္ဂမိုးသောက် စကားလေးအဆုံး မယ်လေးမျက်နှာပေါ် အုပ်မိုးလိုက်ပြီး နဖူးလေးကို စတင် နမ်းတော့သည်။ တစတစ နက်ရှိုင်းလာတော့မည့် အထိအတွေ့တို့ကို မယ်လေး ရင်ဖိုနေမိသည်။ ကြောက်တာလည်း ပါမည်။ နဖူးလေးကနေ ပါးပြင်လေးကို အကြိမ်ကြိမ် အခါအခါ နမ်း၍ ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းလေးအား အငြိုးတကြီး သိမ်းပိုက်ဖို့အလုပ်


တီ တီ


''တောက်စ် ဘယ်က သာသနာဖျက်တွေလဲ''


ငယ်ငယ်က မုန့်စားချင်တာ မုန့်ထုပ်အရှေ့မှာ ထားပြီး မစားရတဲ့ကလေးလို ဖြစ်နေသည့် မဂ္ဂမိုးသောက် ဒေါသထွက်ကာ တုန်နေသော ဖုန်းကို ဆွဲယူလိုက်သည်။


''ပြော ဘယ်ကောင်လဲ''


''သတို့သားကြီးအသံက မစားရအညှော်ခံ ဖြစ်နေပုံပဲ၊ ဟေ့ကောင် ဒီည မင်္ဂလာဦးညနော်၊ ဗလာချာနိုက်လေကွာ လာတော့''


''ငါ မ အား ဘူး''


''*ီးပဲ မဂ္ဂ၊ သောက်ပို လာမလုပ်နဲ့၊ မင်းတော်တော် ဖြစ်နေတာပဲ၊ ခဏလေးစောင့်ရလည်း မင်း ဘာမှ မဖြစ်သွားဘူး၊ အခုလာ မဟုတ်ရင် အပြတ်ပဲ''


Lucasဆီမှ ဖုန်းချသွားတော့ ပစ်ပစ်နှစ်နှစ် ဆဲဖို့ ပါးစပ်ပြင်ပြီးမှ ကြောင်တောင်တောင်လေး ကြည့်နေတဲ့ ကယိုကရိုလေးလှနေသည့် မိန်းမကို သတိရသည်။


မဂ္ဂမိုးသောက် မယ်လေးအပေါ် ထပ်မံအုပ်မိုးလိုက်တော့ သူမက အရှက်အကြောက်ကြီးစွာ လက်သေးသေးဖြင့် တွန်းလာပြီး


''အင့် မောင် အပြင်သွားရမယ်လေ''


''မသွားတော့ဘူး''


''ဟင့်အင်း သူငယ်ချင်းတွေက ခေါ်နေတာပဲ ၊ သွားကိုသွားရမယ်''


သူမလေး လူလည်ကျကာ အတင်းနှင်ထုတ်နေတာကို သိလို့ မဂ္ဂ ပြုံးနေပြီး


''အရမ်းသွားစေချင်လည်း သွားမယ်၊ အရက်တော့ နည်းနည်း သောက်ခဲ့မယ် ရလား''


''ဟုတ်''


''အဲ့ဒါဆို သွားပြီ၊ အရမ်းချစ်တာပဲ မအိပ်သေးပဲ မောင့်ကို စောင့်နေ ပြွတ်စ်''


ရအောင် မယ်လေး ပါးလေးကို ရန်ရှာခံရသေးသည်။ မဂ္ဂမိုးသောက်က အခွင့်အရေး ရရင် လိုတာထက် ပိုယူတတ်သည်။ ဒီညက မင်္ဂလာဦးညပဲ...


❤❤


ဆက်ရန် 

#MonePannMyau


rate now: