ကမ်းပြိုအနမ်း
စိတ်ကောက်ပြေကာစ ချစ်ကြည်နူးကြတဲ့ အချိန်
ဆိုတော့ နှစ်ယောက်သား မိုးမမြင်လေမမြင် ချစ်နေကြသည်။
မဂ္ဂမိုးသောက်ရဲ့ ကမ္ဘာက အခုမှ ပန်းပွင့်တွေ ပြန်ပွင့်နိုင်သလို၊ တစ်လောကလုံး မြင်မြင်သမျှ ပြန်လှပနေသည်။ ဒီတစ်ခါတည်းနဲ့တင် မဂ္ဂမိုးသောက် အကြောက်ကြီးကြောက်သွားခဲ့သည်။ နောက်တစ်ခေါက် ဆိုတာကိုတောင် တွေးပင် မတွေးဝံ့တော့။ မာနကြီးတဲ့ အသည်းလေးက ချစ်လည်း ချစ်တတ်သလို ၊ အသည်းလည်း မာကြောချက် ဘယ်သူ့မှ လိုက်လို့မမှီ။
''ရွှေသည်းလေး''
..
''ပူတူးတူးလေး''
..
''ရွှေရင်အေးလေး''
..
''မောင့်မိန်းမလေး''
မဂ္ဂမိုးသောက် စနောက်နေတာ သိတော့ မယ်ယဥ်ကျေး တမင်မထူးပဲ ဖာသိဖာသာ နေနေရာ မထူးထူးအောင် မယ်လေး မကြိုက်တဲ့ အခေါ်အဝေါ်ကို ခေါ်လာသည်။ ထိုသို့ ခေါ်မှ လှည့်ကြည့်မယ်မှန်း လူလည်လေးက ကြိုသိနေတာကိုး။
''မောင်နော် လူကို တင်တင်စီးစီး မခေါ်ပါနဲ့လို့ ပြောထားတာကို''
''မောင်က ခင်ဗျားကိုပဲ စီးချင်တာပါ''
''မောင်နော် ''
စကားလုံးတွေ မကျွံလာခင် မျက်စောင်းထိုးရင်း သတိပေးတော့ အသည်းယားသည် ဟူသော ခေါင်းစဥ်အောက်တွင် မယ်လေး ပါးလေးနှစ်ဖက်က သူ့အတွက် အဆက်သခံရသည်။
''ရွှတ် မွှေးလိုက်တာဗျာ၊ ဘာလိမ်းတာလဲ''
''Creamလေး နည်းနည်းပါ မောင်ရဲ့''
''အော် အရမ်းမွှေးတာပဲ၊ မောင့်ကို နောက်ထပ် တစ်မွှေးလောက် ပေးပါအုံးလား''
မယ်လေး ငြင်းရင် သူက ဆက်မလုပ်တော့မှာ ကျနေတာပဲ။ လူကြားကောင်းအောင် ခွင့်တောင်းနေတာ။ ငြင်းလဲ ရမှာလည်း မဟုတ်။
သူရဲ့ ဆိုင်ကယ်ပေါ် မယ်လေး ဘယ်လို သတ္တိနဲ့ ထိုင်လိုက်လာတယ် ဆိုတာ မပြောတတ်။ အင်း သူ ဖြစ်နေလို့ကို စိတ်က လုံခြုံနေသလို ခံစားရသည်နဲ့ တူသည်။ မြို့အပြင်ထိ မောင်းလာကာ သူ့အနောက်ကနေ ခါးဖက်၍ လိုက်လာမိသည်။ ထွက်လာတုန်းက ဘယ်သွားချင်လဲ မေးတော့ မောင်နဲ့ဆို ဘယ်သွားသွား လိုက်ရဲတယ်လို့ ပြောလိုက်တော့ သူ့မှာ သဘောတွေကျလို့ တဟားဟား အော်ရယ်နေတာမလို့ လက်ဖြင့် အတင်းပိတ်ထားရသေးသည်။ သူ တော်တော် အူမြူးနေတာ။
အခုလည်း မဂ္ဂမိုးသောက်က ထိုင်နေလျက်အနေအထားနဲ့ ခြေတောက်တွေကြား မယ်ယဥ်ကျေး ကိုယ်လုံးလေးကို တင်းနေအောင် ဖက်ထားကာ သူမ ဆံနွယ်လေးများကို ဆော့ကစားနေသည်။
''ခင်ဗျားလေးရဲ့ ဆံနွယ်လေးတစ်ပင်စီတိုင်း မောင် သိပ်ကို မြတ်နိုးရတယ်''
''အဟင့် ဒီကတော့ ပူအိုက်လိုက်တာ ပြောမနေနဲ့၊ ပြီးတော့ ခေါင်းလျှော်ရင်လည်း အခြောက်ခံရတာ ကြာသလားမမေးနဲ့၊ ဖြတ်ချင်နေတာ''
''မဖြတ်ပါနဲ့ မယ်လေးရယ် ''
''ဒါဆို ဖြတ်လိုက်ရင် မချစ်တော့ဘူးပေါ့''
မယ်ယဥ်ကျေး လူမိုက်အကြည့်ဖြင့် မျက်လုံးလေး မှေးကျဥ်းစွာ နှာခေါင်းလေးရှုံပွပြကာ ဆိုလိုက်တော့ သူက လက်တစ်ဖက်ဖြင့် သူမ ပါးပြင်လေးကို အသာလေး ဖျစ်ညစ်ရင်း
''မေးရက်တယ်၊ ခင်ဗျားကိုဆို ကျုပ်က အသွေးအသားထဲ ရိုးတွင်းခြင်းဆီအထိ အူထဲအသည်းထဲကကို မြတ်မြတ်နိုးနိုး ချစ်ရတာပါဗျာ''
''သိပ်စကားတတ်''
မယ်ယဥ်ကျေး ပြုံးရယ်ကာ သူ့လည်ပင်းပေါ် လက်နှစ်ဘက် ချိတ်တွယ်ရင်း ဆိုလာတော့ သူ၏ နှာသီးဖျားက သူမနှာခေါင်းလေးပေါ် ဝဲ၍ ကလူကျီစယ်နေသည်။
''ဒီခါးလေးက ဘာလို့ အရမ်းချစ်ဖို့ ကောင်းနေရတာလဲကွာ''
သူမရဲ့ သေးသွယ်လှတဲ့ ခါးကျဥ်းကျဥ်းလေးကို ဖျစ်ညစ်ကိုင်လိုက်တော့
''မကိုင်နဲ့ ယားတယ်''
''နောက်ဆို မယားတော့အောင် များများကိုင်ပေးမှ''
သူမခါးအပေါ် ရောက်နေတဲ့ မဂ္ဂ လက်တွေက ပြောသည့်အတိုင်း ဖယ်မပေးတော့ပဲ ဖျစ်ညစ်နေလေသည်။ လက်တစ်ဖက်က ခါးသွယ်သွယ်လေးအား ဖျစ်ညစ်ပြီး နောက်တစ်ဖက်က သူမ မေးဖျားလေးကို ပင့်မော့စေကာ ရှက်ရိပ်လေးဝဲနေသော မျက်နှာလေးအား အားမနာတမ်း စိုက်ကြည့်ပြီးမှ အတွေးထဲမှာ နှုတ်ခမ်းလုံးလုံးလေးအား အကြိမ်ကြိမ် ပစ်မှားခဲ့ပြီးနောက် လက်တွေ့စမ်းသပ်ဖို့ ပြင်လေသည်။
''အခုချိန် ခင်ဗျားကို နမ်းမိရင် စိတ်ဆိုးမှာလား''
''ဟင် အွတ်..''
ပြွတ်စ်
အပြောအနောက်က အလုပ်က တန်းပါလာကာ အားဖြင့် အသံထွက်အောင်ပါ တချက်ဖိကပ်နမ်းလိုက်ပြီး လွှတ်ပေးလိုက်တော့ မယ်လေးက သူမ နှုတ်ခမ်းလေးကို လက်ဖြင့်အုပ်ကာ
''အ့ နာလိုက်တာ ဖြည်းဖြည်းသာသာ ဘယ်တော့မှ မလုပ်ဘူး၊ အမြဲတမ်း အားကြီးနဲ့ ဟွန့် ''
''အပျော်လွန်ပြီး အားပါသွားလို့ပါဗျာ၊ မငြိုငြင်ပါနဲ့''
တစ်ဦးတည်းသော မောင့်ကို ဘယ်လိုစိတ်နဲ့ ငြိုငြင်ရက်မလဲ၊ ဘယ်လို အပြစ်တင်ရက်ပါ့မလားကွယ်။
''မောင် မြို့အပြင်ထိ ဘာလာလုပ်တာလဲ၊ တော်ကြာ သူခိုးဓားပြတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ ''
အခုမှ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို တချက်ဝေ့ကြည့်၍ ကြောက်ရွံထိတ်လန့်သလို ပြောလာတော့
''ရွှေရင်အေးလေးက မောင့်ကို မယုံဘူးလား၊ ဒီမှာ ကြည့်စမ်း ခွန်အားတွေ ဆိုတာ၊ Gymဆော့ပြီး weightတွေ မ လာတာ အလကားမှ မဟုတ်တာ''
သူရဲ့ ကြွက်သားအပြည့်ဖြင့် လက်မောင်းလုံးကြီးကို အားတက်သရော ပြလေသည်။
''ကြွားလိုက်တာ အဟွန်း ''
''မကြွားပါဘူး၊ မောင့်အသည်းလေးကို ကာကွယ်ပေးနိုင်တယ် ဆိုတာ ပြောပြတာ''
''ဟုတ်ပါပြီ၊ ထွက်လာတာလည်း ကြာပြီ ဆိုတော့ ပြန်ကြစို့လေ မောင်ရယ် ''
''အင်း ပြန်မယ်၊ ဒါပေမယ့် မောင့်ကို နမ်း''
''ဟင်''
မဂ္ဂမိုးသောက် ပြောလည်းပြောလိုက်ရော အရှက်အကြောက်ကြီးလွန်းတဲ့ သူမက စကားမဆုံးခင် ခေါင်းက အော်တို ခါပြီးသား။
''Okလေ မနမ်းရင် မပို့ပေးဘူး၊ ကျုပ့်ဘက်ကပဲ အတင်းအကြပ် အမြဲနမ်းနေရတယ်၊ ခင်ဗျားလေးဘက်က ကြည်ကြည်ဖြူဖြူ အနမ်းတစ်ပွင့်လောက် စွန့်ကြဲစမ်းပါဗျာ''
''ဘယ်သူနမ်းနမ်း အတူတူပဲကို''
''မတူဘူးလေ၊ အတင်းအကြပ် လုပ်ယူထားတဲ့ ဖီးလ်နဲ့ ကိုယ့်ချစ်သူက ကြည်ကြည်ဖြူဖြူလေး ပေးတဲ့ဖီးလ်က တူမလားဗျ''
ထိုအခါ မယ်လေးက မလုံမလဲလေး မော့ကြည့်ကာ လက်လေးတစ်ချောင်းက ထောင်လာကာ
''တစ်ခါပဲနော်''
''အင်း၊ ဒါပေမယ့် ပါးကို မဟုတ်ဘူး၊ ဟောဒီက နှုတ်ခမ်းကို''
မယ်လေး မျက်လုံးလေး ပြူးကျယ်သွားကာ မဝံ့မရဲလေး ဖြစ်သွားရသည်။ ပြီးမှ ချစ်ရသောမောင် စိတ်တိုင်းကျ မျက်လုံးလေးမှိတ်လိုက်ကာ သူရဲ့ နှုတ်ခမ်းထူကြီး ရှိရာသို့ မော့နမ်းလိုက်တော့ သူက အားကျမခံ တုံ့ပြန်အနမ်းတို့ ပြန်ပေးလာသည်။
''ပြွတ်စ်''
တော်တော်နဲ့ မလွှတ်ပေးတော့သော လူလည်လေးကြောင့် ရင်ဘတ်ကို ပုတ်ရင်း အသိပေးရသည်။ မဟုတ်ရင် မယ်လေး နှုတ်ခမ်းလေးကို အပြီးဝါးစားမည့်ပုံ။
''တော်တော့ အသက်ရှုကြပ်လာပြီ''
အတင်းပြောတော့မှ မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလာသော မောင့်ကို မျက်စောင်းတချက် ထိုးလွှတ်လိုက်သည်။ အခွင့်အရေး ပေးရင် ရတာထက် ပိုလိုချင်သည်။
လူကို ပြုံးစိစိ ကြည့်နေပုံက ထုရိုက်ပစ်ချင်သည်။ လူကို လှောင်နေတာ ။ ရှက်ပါတယ်ဆိုမှ လူကို အတင်းစနေတာ။ တော်ပြီ နောက်ထပ်လို့ ပြောလိုက်တာနဲ့ ဒီက ငြင်းပြီးသားပဲ။
❤❤
''အကို ဆိုင်းကို ဘယ်ခေါ်လာတာလဲဟင်''
''ကိုယ့်တိုက်ခန်းလေ''
''ဟို ဆိုင်း ကျူရှင်ပျက်ရင် ဆရာမက မေမေကြီးဆီ လှမ်းတိုင်မှာ၊ ဆိုင်း ကြောက်တယ်''
''မကြောက်ပါနဲ့ ကိုယ်က ဆိုင်းနဲ့ တွေ့ချင်လို့ ၊ ဒီကို ခေါ်လာတာလေ''
ယောကျ်ားတစ်ယောက်တည်း နေတဲ့ အခန်းမို့ ဂျာဆိုင်းရွယ် မနေချင်။ အကို့ကို ချစ်ပေမယ့် ဆိတ်ကွယ်ရာအရပ်မှာ နှစ်ယောက်တည်း မနေချင်။
''ဟို ဆိုင်း ပြန်တော့မယ်''
''မပြန်ပါနဲ့အုံး၊ ကိုယ်နဲ့ စကားအေးဆေး ပြောကြပြီးမှ ပြန်ကြမယ်လေ''
''ဒီလို နေရာကြီးမှာ မပြောချင်ဘူး အကို ၊ ဆိုင်း ကြောက်တယ်''
ကျောပိုးအိတ်လေးလွယ်ကာ တုန်တုန်ရီရီ ဖြစ်နေသော ဆိုင်းရဲ့ လက်လေးကို ဆွဲကာ
''ပြောတော့ ကိုယ့်ကို ချစ်တယ်ဆို''
''ဟုတ်''
''ဒါဆို ကိုယ့်ကို စိတ်ချမ်းသာအောင် ထားရမှာ မဟုတ်ဘူးလား''
သွေးနီက ဂျာဆိုင်းရွယ်ကို သူအိပ်နေသော ကုတင်ပေါ်သို့ တွန်းတင်ကာ ဆိုလာသည်။
''ဒါပေမယ့် ''
''ဒါပေမယ့် ဆိုတာ ကိုယ် မကြားချင်ဘူး၊ ကိုယ်လေ မင်းနဲ့ အနီးစပ်ဆုံးနေရာမှာ ရှိချင်တယ်''
''အဟင့် ''
''မင်းလေးက ၁၀တန်းတောင် မပြီးသေးဘူး၊ ကိုယ်တို့ နီးစပ်ဖို့ ဘယ်လောက်ထိ စောင့်ရအုံးမှာလဲ''
''မသိ..မသိဘူး''
''ကြောက်နေတာလား''
တုန်ရီနေသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ကာ အိအိစက်စက် ပါးပြင်လေးကို အနမ်းပေးလိုက်တော့ ဆယ်ကျော်သက်လေးခမျာ ရင်ထဲထိ လှိုက်ဖိုမောသွားသည်။ မနူးမနပ် အရွယ်လေးမို့ အထိအတွေ့ကအစ တပ်မက်ချင်စရာ။
''ဒီတစ်ခါ ကိုယ့်အစ်မနဲ့ မင်းရဲ့ ကျေးဇူးရှင်ကို အပြီးခွဲရမယ်နော် ကြားလား ''
''ဟုတ် ''
''မဟုတ်ရင် ကိုယ် မင်းကို ချစ်မှာ မဟုတ်တော့ဘူး''
''ဟင်''
သွေးနီ မချစ်တော့မှာကို အကြောက်ကြီး ကြောက်နေရှာသော ဂျာဆိုင်းရွယ်က သူလက်ခုတ်ထဲ ရေဖြစ်နေသည်။ သွန်းချင်သလိုသွန်း မှောက်ချင်သလိုမှောက်လို့ရတဲ့ ရိုးသားတဲ့သူလေးမို့လို့ သွေးနီ သူမကို လှည့်စားရသည်။
''ကြားလား''
နားလေးထဲ ကပ်ကပ်ပြောလာတာမို့ မျက်နှာနှစ်ခုက နီးကပ်စွာ ရှိနေသည်။ ဂျာဆိုင်းရွယ်က မနေတတ်သလို လက်လေးဖြင့် အတင်းတွန်းတော့ ထိုလက်လေးကို ဆွဲယူကာ
''ရုန်းရင်လည်း မချစ်တော့ဘူး''
ထပ်မံ ခြိမ်းခြောက်လာသော သွေးနီ၏ စကားတို့ကြောင့် ဂျာဆိုင်းရွယ် မရုန်းရဲတော့ချေ။ ထိုအခါမှ သူရဲ့ နှုတ်ခမ်းတစ်ဖက်က ကော့ညွတ်လာကာ
''လိမ္မာတယ်''
သွေးနီ အစက သူ့တိုက်ခန်းကို သူမအား ခေါ်ပြီး မဂ္ဂမိုးသောက်နဲ့မယ်ယဥ်ကျေး ကိစ္စ အောင်မြင်အောင် ခြိမ်းခြောက်မလို့ ခေါ်လာပေမယ့် အခု သူ့အောက်က ဂျာဆိုင်းရွယ်၏ မျက်နှာလေးက သွေးတွေဆူပွက်လာသလို ခံစားလာရသည်။ အစ ခြိမ်းခြောက်ပြီး ပြန်လွှတ်မလို့ပါပဲ။ အခု ဂျာဆိုင်းရွယ်ကို တစ်ခုခု လုပ်ပစ်လိုက်ချင်သည့် စိတ်က တဖွားဖွား ပေါ်ပေါက်လာလေသည်။ ထို့ကြောင့် တဆတ်ဆတ် တုန်ရီနေသော သူမ နှုတ်ခမ်းပါးလေးအား စတင်သိမ်းပိုက်ကာ ဖြူစင်နေသည့် သူမဘဝလေးအား သွေးနီက အရောင်စတင်ခြယ်မှုန်းလိုက်လေသည်။
❤❤
''လွှတ်စမ်း ငါ့ကို ဘယ်ကောင် ဖမ်းရဲတာလဲ ''
လက်ပြန်ကြိုးအတုပ်ခံထားရသော စည်သူက အကြောက်အကန်ကြီး ရုန်းလေရာ ထောင်ထောင်မောင်းမောင်း ဗလကြီးကြီး လူနှစ်ယောက်က အတင်းဖမ်းချုပ်ထားသည်။
''ငြိမ်ငြိမ်နေစမ်း''
''မနေဘူး၊ ငါ့ကို ဘယ်ကောင်လို့ ထင်လို့လဲ၊ အခုချက်ချင်း လွှတ်စမ်း ''
''တိတ်တိတ်နေ ၊ စောက်စကားမများနဲ့''
ဂုတ်ပိုးကို အားဖြင့် တချက်ရိုက်ချလိုက်တော့မှ ငြိမ်ကျသွားတော့သည်။ ထိုစဥ် All Black ဒီဇိုင်းဖြင့် ဂိုထောင်ပျက်ထဲ ဝင်လာသူကြောင့် စည်သူ မျက်လုံးများ ပြူးကျယ်သွားလေသည်။
''ဘယ်လိုလဲ ၊ သူများလမ်းကြောင်းကို လာရှုပ်ရဲတဲ့သတ္တိလေး''
''မဂ္ဂမိုးသောက် မင်း ဒါဘာလုပ်တာလဲ''
''အခုထိ မသိသေးဘူးလား''
မဂ္ဂ ပြောရင်း အနောက်က နှစ်ယောက်အား မျက်စပစ်ပြလိုက်တော့ စည်သူ ဝမ်းဗိုက်ကို တစ်ယောက် တစ်ချက်စီ ထိုးလိုက်သည်။
ခွမ်း ခွမ်း
''အားး တော်ပါတော့''
''ဘယ်လိုလဲ သိပြီလား''
''မဂ္ဂမိုးသောက် ငါ့ကို လွှတ်ပေးစမ်း''
''ငါ့လမ်းကြောင်းကို ဘယ်လိုသတ္တိနဲ့ လာထိပါးရဲတာလဲ ၊ ဟမ်း မင်းက ထမင်းကောင်းကောင်း မစားချင်တော့ဘူးပဲ''
''မဟုတ်ပါဘူး တောင်းပန်ပါတယ် လွှတ်ပေးပါ၊ ငါ မယ်ယဥ်ကျေးကို ချစ်လို့ လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါကွာ ၊ တောင်းပန်ပါတယ် နောက်မလုပ်ရဲတော့ပါဘူး''
စည်သူ ပါးစပ်က မယ်ယဥ်ကျေးကို ချစ်လို့ ဆိုတဲ့ စကားထွက်လာတော့ မဂ္ဂမိုးသောက် မျက်ခုံးနှစ်ဘက် တွန့်ကွေးသွားကာ လက်သီးကလည်း တင်းတင်းဆုတ်သွားလေသည်။ ထို့နောက် သူ့ဆံပင်ကို အနောက်ကနေ ဆောင့်ဆွဲကာ
''နောက်ဆို မင်းပါးစပ်ကနေ ငါ့အသည်းလေး နာမည် မထွက်လာစေနဲ့၊ ငါ့အသည်းလေးက မင်းတို့လိုကောင်တွေ ပါးစပ်ဖျားနဲ့ မတန်ဘူးကွ''
''အေး..အေးပါကွာ ၊ ငါ တောင်းပန်ပါတယ်''
အနောက်က ဆောင့်ဆွဲထားသော ဆံပင်က နာကျင်လှပြီမို့ အံကြိတ်ထားသော ဝမ်းခေါင်းအသံဖြင့် ပြောလေသည်။
''ငါ့အလုပ်ကိုရော ထိပါးအုံးမလား''
''ဟင့်အင်း မလုပ်ရဲတော့ပါဘူး၊ တောင်းပန်ပါတယ် ''
''မင်း အစကတည်းက ဒီလို ကြောက်တတ်ရင် ငါ့ကို လာမထိသင့်ဘူးကွ၊ ဒါနဲ့ မင်းက အင်ဂျင်နီယာဆို၊ ပုံတွေဆွဲရင် ညာလက်နဲ့ ဆွဲလား၊ ဘယ်လက်နဲ့ ဆွဲလား''
ပုံမှန်မဟုတ်တဲ့ မေးသံကြောင့် စည်သူ ကြောက်လွန်းကာ ဒူးတွေတောင် တုန်နေသည်။ ထို့နောက် မဂ္ဂမိုးသောက်က တုတ်တစ်ချောင်းကို ကောက်ယူ၍ သူ့လက်နှစ်ဘက်အပေါ် ဝဲချပြီး
''လက်နှစ်ဘက်လုံး သုံးစားမရတော့ရင် မင်း ဘယ်လိုဖြစ်မလဲ ဆိုတာ အရမ်းသိချင်တာပဲ၊ ငါ့ဘဝကို တစ်ခါလာထိရင် သုံးစားမရအောင် လုပ်တတ်တယ် ဆိုတာ မင်း အစကတည်းက စုံစမ်းထားဖို့ ကောင်းတယ်''
''မလုပ်ပါနဲ့ ကြောက်ပါပြီ မဂ္ဂမိုးသောက် ငါ ဒူးထောက်ဆိုလည်း ထောက်ပါ့မယ်၊ လွှတ်ပေးပါ''
''မရတော့ဘူး''
မဂ္ဂမိုးသောက် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး တုတ်ဖြင့် စည်သူ လက်နှစ်ချောင်းကို အားကုန် အရှိန်လွဲကာ ရိုက်ချလိုက်တော့ စည်သူ၏ စူးဝါးစွာ အော်မြည်သံက ဟိန်းထွက်လာသည်။
မဂ္ဂမိုးသောက် လက်အိတ်ချွတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်၍
''ဒီကောင့်ကို ဆေးရုံတင်ပေးလိုက်၊ ကုန်ကျစရိတ်အားလုံး ငါ တာဝန်ယူတယ်၊ ပြီးတော့ သူ့ကို ကုပေးတဲ့ ဆရာဝန်ပါ တစ်ခါတည်း ပြောလိုက် ၊ သူ့လက်ကို မခွဲစိတ်ပေးပဲ ဆေးပဲထည့်လို့၊ သူရဲ့ စောက်သုံးစားမရတော့တဲ့ လက်ကို တစိမ့်စိမ့် ကြည့်ပြီး ငါ့ကို အမှတ်ရနေအောင်လို့''
''ဟုတ် Boss''
မဂ္ဂမိုးသောက် လူသန်ကြီးနှစ်ယောက်ကို မှာကာ ထိုနေရာက လှည့်ထွက်လာခဲ့သည်။ စည်သူကတော့ နာကျင်မှုကြောင့် မြေကြီးပေါ် သတိလစ်မေ့မျော့နေသည်။
❤❤
ဆက်ရန်
#MonePannMyau