book

Index 12

(Part12)

ကမ်းပြိုအနမ်း


''အန်တီ မယ်လေးက မထွက်လာသေးဘူးလား''


မဂ္ဂမိုးသောက် မနေနိုင်စွာပဲ ယောက္ခမဖြစ်လာတော့မည့် နန်းငယ်ထားကို မေးလိုက်ရာ ခပ်ပြုံးပြုံးဖြင့် 


''ထွက်လာ​တော့မှာပါ သားရယ် ခဏလေးစောင့်၊ 

မြန်မာ့ထုံးတမ်းအစဥ်အလာအရ ဘိသိတ်ဆရာ ခေါ်မှ ထွက်လာလို့ရမှာ သားရဲ့''


''ရှုပ်လိုက်တာ ဘိသိတ်ဆရာကလည်း လေကြောရှည်လိုက်တာ၊ မယ်လေးကို မြန်မြန် ခေါ်လိုက်တာ မဟုတ်ဘူး''


သမီးလေးကို တွေ့ချင်လွန်းလို့ ထိုင်မကျထမကျ ဖြစ်နေသည့် သမက်လောင်းလေးကို ကြည့်ပြီး

 မယ်လေးအတွက် ရင်အေးရသည်။ ဘိသိတ်ဆရာတောင် သူ့အပြောက မလွှတ်တော့။  ဒီလောက်ထိ သမီးလေးကို ဖူးဖူးမှုတ် ချစ်တတ်လိမ့်မယ်လို့ လုံးဝ မထင်ထား။


တခဏအကြာ ဘိသိတ်ဆရာက သူအသံနေအသံပေါက်ဖြင့် သတို့သမီးအား ခေါ်ထုတ်တော့မှ မယ်ယဥ်ကျေးက အိန္ဒြေရရ အခန်းထဲမှ ထွက်လာပြီး သူ့နံဘေး၌ ထိုင်ရသည်။


မဂ္ဂမိုးသောက် ဗေဒါရောင်ဝမ်းဆက်လေးဖြင့် 

နူးနူးညံ့ညံ့ ပန်းလေးတစ်ပွင့်လို လှပသော သူမအား ပိုင်ဆိုင်ဖို့ လက်တကမ်းလေးပဲ လိုတော့တာမို့ 

ကမ္ဘာပေါ်မှာ သူလောက် အပျော်ကြီး ပျော်နေမယ့်သူ ရှိမှာ မဟုတ်ပေ။ 


ဓလေ့ထုံးစံအရ ဘိသိတ်ဆရာက သြဝါဒတွေ ခြွေပြီးနောက် ဦးရာဇာနဲ့ဒေါ်ဧကရီက လက်စွပ်ဘူးလေးကို မဂ္ဂမိုးသောက်ထံကမ်းပေးလိုက်တော့ ယူလိုက်ပြီး အဖုံးလေးဖွင့်လိုက်ရာ ပလက်တီနမ်လက်စွပ်လေး ​တွေ့ရသည်။ အရှုပ်အယှက်အပွင့်အခက်တွေ မကြိုက်တဲ့ သူမ ဆန္ဒအရ လက်စွပ်က ရှင်းရှင်းလင်းလင်းဖြင့် အမြင်ဆန်းစွာ လှပနေသည်။


မဂ္ဂမိုးသောက်က အရင် လက်စွပ်လေးတစ်ကွင်းကို ယူထုတ်၍ မယ်ယဥ်ကျေး လက်ချောင်းသွယ်သွယ်လေးကို ဆွဲယူကာ ဆင်​မြန်းပေးလိုက်သည်။ ထိုလက်စွပ်က ဘူးထဲမှာ ရှိတုန်းကနဲ့အခြား မယ်လေးလက်ပေါ် တင့်တင့်တယ်တယ် ပို၍လှပနေသည်။ 

မဂ္ဂ သူ့လက်ထဲက နူးနူးညံ့ညံ့ အိအိစက်စက် လက်ဖဝါးလေးကို လွှတ်ပေးဖို့ နှမြောနေသည်။ တစ်သက်လုံးသာ ဒီလိုလေး ကိုင်ထားရရင် ကိုင်ထားချင်သည်။ လူကြီးတွေကလည်း တော်တော်နဲ့ 

မလွှတ်ပေးတော့တာကြောင့် ချောင်းဟန့်၍တမျိုး အသံပေး၍တဖုံ အသိပေးနေသော်လည်း ဒင်းက ကိုင်ကောင်းကောင်းနဲ့ ဆက်ကိုင်ထားသေးသည်။ အရှက်ရှိသည့် သူမကတော့ ရှက်လွန်းစွာ သူ့လက်ထဲက အတင်းရုန်းတော့မှ မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလာသည်။ 


မဂ္ဂမိုးသောက်အား လက်စွပ်စွပ်ပေးမည့် အလှည့်ရောက်တော့ မယ်ယဥ်ကျေး ရင်တုန်စွာ လက်စွပ်ကို ထုတ်ယူ၍ သူ့လက်ကြီးကို ဖွဖွလေး ဆွဲယူကာ 

စွပ်ပေးလိုက်ပြီး လက်ပြန်ရုန်းသော်လည်း သူက

 မလွှတ်ပေးတော့ချေ။ မယ်လေး လက်လေးကို 

ညင်ညင်သာသာ ဆွဲကိုင်ထားပေမယ့် လူကြီးတွေ ​ရှေ့မှောက်မှာမို့ အရှက်ပိုရသည်။ 


*သူ မရှက်ဘူးဆိုတိုင်း သူများကို ဟွန့် *


တင်တောင်းသည့်အပိုင်းရောက်တော့ မယ်ယဥ်ကျေး မျက်လုံးလေးက တဖြည်းဖြည်း ပြူးကျယ်လာရသည်။ ဘိသိတ်ဆရာကြီးကတော့ အသံပါဝါပြည့်ပြည့်ဖြင့် အမှတ်(..)လမ်းပေါ် တိုက်နဲ့ကား၊ စိန်တစ်ဆင်စာ၊ ရွှေတစ်ဆင်စာ၊ ပလက်တီနမ်တစ်ဆင်စာ၊ ကျောက်စိမ်းတစ်ဆင်စာ၊ ငွေသားသိန်း၅သောင်းတိတိအား တင်တောင်းကြေးအဖြစ် တင်တောင်း​ကြောင်း အော်နေသည်။


မယ်ယဥ်ကျေး မျက်လုံးအပြူးသား​​ဖြင့် သူ့ဘက်လှည့်၍ မေးမလိုကြံသေး သူက ကြိုသိနေသည့်နှယ်။


''အဟက် ဒါတောင် ကျုပ့်တို့ကုမ္ပဏီ ၊မြေတွေ ၊ ဖားကန့်က ကျောက်တွ​င်းတွေ၊ ကျုပ် ကိုယ်ပိုင်ပိုက်ဆံ Bankကဒ်တောင် မပါသေးဘူး၊ ဒီလို ဘောစိကို ခင်ဗျားမို့ အသည်းအသန် ငြင်းရက်တယ်၊ ကျုပ့်ကိုသာ ယူလိုက် ခင်ဗျား ဒါတွေအားလုံး အပိုင်ပဲ''


ဘာလို့ ဒီလောက်အများကြီးတင်တောင်းရတာလဲ ဆိုပြီး မေးမှာကို ဒင်းက အရင်ကြိုပြီး ကြွားလုံးထုတ်ပြနေသေးသည်။ ဓားပြတိုက်သွားရမှာ 

ဒီငကြွားလေးကို ။


တောင်းရမ်းစေ့စပ်ပွဲလေး ခမ်းခမ်းနားနား ၊ အောင်အောင်မြင်မြင် အထမြောက်သွားတော့ မဂ္ဂမိုးသောက်ရဲ့ ပါးစပ်က နားရွက်တက်ချိတ်တော့မည်။ သွားကြီးတဖြီးဖြီးနဲ့ ဘယ်လိုမှန်းလဲမသိ။ ထိန်းထိန်းသိမ်းသိမ်း နေပါလို့ မနေ့ကအိမ်လာတုန်း အတန်တန် သတိပေးပြောပြထားတာကို လုပ်ချင်ရာ ဇွတ်လုပ်သည်။ အင်းပေါ့ ဒါမှလည်း မဂ္ဂမိုးသောက် ပီသမှာလေ။ တကယ့် လူဆိုးပါဆို။


❤❤


''ဆိုင်း မင်းက အသုံးမကျလိုက်တာကွာ၊ ငါရဲ့အစ်မနဲ့ ကွဲစေချင်လို့ အကူအညီ လိုက်​တောင်းမိတယ်၊ ဟိုက ချက်ချင်းတောင် တန်းစေ့စပ်လိုက်ပြီ၊ ဟူး တောက်စ်''


သွေးနီ မနေ့က သတင်းကို ကြားကြားချင်း လုံးဝ 

မယုံနိုင်ဖြစ်ရသည်။ မမက တစ်ချိန်လုံး ခေါင်းခါငြင်းလာခဲ့ပြီးမှ ဗြုန်းစားကြီး ချက်ချင်း ကောက်ကာငင်ကာ စေ့စပ်လိုက်ကြသည်လေ။ 


''ဆိုင်းလည်း လုပ်တတ်သလောက် လုပ်ပေးတာပဲလေ၊ ဒါပေမယ့် မမက ဆိုင်းကိုတောင် သဘောမကျဘူးနဲ့တူတယ်၊ အိမ်မှာ ထမင်းလာစားတဲ့ရက်က အကိုကြီးကို လိုက်ကပ်နေလို့ ဆိုင်းကို မျက်စောင်းထိုးသွားသေးတယ်''


''ဘာ''


''ဟုတ်တယ် အကို၊ အကို ပြောတာက မမက အကိုကြီးကို မလိုချင်ဘူးဆို၊ ဘာလို့ ဆိုင်းကို အမြင်မကြည် ဖြစ်သွားရတာလဲ''


''ဟုတ်တယ် အခုလည်း အတင်းစေ့စပ်တာ ခံရတယ် ဖြစ်မှာပေါ့၊ အခု လောလောဆယ်တော့ လက်မထပ်ကြလောက်သေးဘူး၊ ကိုယ့်တို့မှာ အခွင့်အရေး ရှိသေးတယ်''


''ဆိုင်း မလုပ်ချင်တော့ဘူး အကို ၊ ပြီးတော့ အကိုကြီးက ဆိုင်းရဲ့ ကျေးဇူးရှင်ပါ၊ အကိုကြီးက မမကို အရမ်းချစ်တာ၊ ကျေးဇူးရှင်ကို ပစ်မှားတဲ့အဖြစ်မျိုး ဆိုင်း မလုပ်ချင်ဘူး''


''ဘာကို ကျေးဇူးရှင်လဲ၊ မင်းမိဘတွေ ဆုံးသွားလို့ သနားပြီး မင်းကို ခေါ်လာတာလေ၊ ပြီးတော့ သူ့ကြောင့် မဟုတ်ပေမယ့် သူတို့ကုမ္ပဏီကြောင့်ပဲလေ၊ မင်းမှာ မိဘတွေ ဆုံးရှုံးရတယ် ၊ သူက မင်းကို ကျောင်း အလကား ထားပေးတယ်၊ ဘယ်မှာလဲ ကျေးဇူး ဆိုတာ ''


သွေးနီ မဂ္ဂမိုးသောက်ကို မကျေနပ်တာတွေ မှန်သမျှ ဂျာဆိုင်းရွယ်အပေါ် ပေါက်ကွဲနေတော့သည်။ 


''ဘယ်လိုပြောပြော အကိုကြီးက ဆိုင်း ကျေးဇူးရှင်ပါ''


''ကောင်းပြီလေ၊ ငါက မင်းကို ဒီလောက်လေးပဲ ကူညီခိုင်းတာ မင်း မလုပ်ပေးနိုင်ဘူး ဆိုရင်လည်း မင်းနဲ့ ထပ်မတွေ့ယုံပေါ့''


သွေးနီ စကားကို ပေါ့ပျက်ပျက်သာ ပြော၍ လှည့်ထွက်လာခဲ့တော့ အနောက်ကနေ ဆိုင်းက သွေးနီ ကျောပြင်ကို ​ပြေးဖက်ကာ


''ဟင့်အင်း မသွားပါနဲ့၊ ဆိုင်းကို စိတ်ဆိုးသွားလားဟင်၊ ဆိုင်း တောင်းပန်ပါတယ် ၊ ဆိုင်းကို ပစ်မသွားပါနဲ့ အကိုရယ်''


''ကိုယ် မသွားဖို့ဆို ဆိုင်း လိမ္မာမှ ဖြစ်မှာ ''


''ဟုတ် ဆိုင်း လိမ္မာပါ့မယ်၊ အကို ဘာခိုင်းခိုင်း ဆိုင်း လုပ်ပါ့မယ်၊ ဆိုင်းကိုတော့ ပစ်မသွားပါနဲ့ နော်''


ငိုရှိုက်ကာ မသွားဖို့ အတင်းတောင်းဆိုနေသော သူမကို သနားပေမယ့် မမကိုလည်း အဆုံးအရှုံးမခံနိုင်။ အချစ်နဲ့စစ်မှာ မတရားတာတော့ မရှိဘူးမလား။


❤❤


''ဒီမှာ ငြိမ်းစုကို အရမ်းမအော်ငေါက်ပါနဲ့၊ သူ့ပုံစံက ရိုးရိုးအအလေး ဆိုပေမယ့် အလုပ်ကို ကြိုးစားတယ် ရိုးလည်း ရိုးသားတယ်၊ ဒီလို လူမျိုး အခုခေတ် ရှာလို့ မတွေ့တော့ဘူး သိလား''


ဆိုင်ကို လာတိုင်း အမြဲပြဿနာဖြစ်နေကျ မဂ္ဂမိုးသောက်နဲ့ ငြိမ်းစုက အခုထိ အဆင်မပြေသေးပေ။ ငြိမ်းစုက သူ့ကို မြင်တာနဲ့ ဘာကို ကြောက်လို့ ကြောက်နေမှန်းမသိ။ သူကလည်း အော်ငေါက်လိုက်တာမှ ပြောမနေနဲ့။


''သူက လူရိုးလေးပေါ့၊ ဒါဆို ဒီက အချစ်ရူးလေးကိုရော ရှားပါးကုန်ပစ္စည်းလို့ မထင်ဘူးလား''


''အဟင့် မထင်ပါဘူး ဒီလောက် ပေါတဲ့ ပစ္စည်းကို''


''ဟာ မယ်လေး၊ ကျုပ်ကLimited editionနော်၊ ကျုပ့်လိုဆိုဒ်မျိုး ဘယ်ကောင်မှာမှ မရှိဘူး ''


''ဘာဆိုဒ်လဲ ရှင်နော်''


''Bodyလေ ဘာတွေတွေးလို့ နေ့လည်ကြီး မှောင်သွားရတာတုန်း ဒေါ်ယဥ်ကျေးရဲ့''


''ရှင်ဟာလေ''


စကားကို ဘယ်တော့မှ အနှောင့်အသွားလွတ်အောင် မ​ပြောတတ်တဲ့သူကြောင့် သူနဲ့ စကားပြောပြီးတိုင်း မယ်ယဥ်ကျေးပဲ အမြဲမောကျန်ရစ်သည်။ လှတောသားတစ်ပိုင်း ရန်ကုန်သားတစ်ပိုင်းကတော့ အာ လျော့သွားတယ်လို့မရှိ။


''ဟေ့ ကျုပ့်ကို စိမ်းစိမ်းကားကား မပြောနဲ့လို့ ပြောထားတယ်လေ ၊ ပြန်ခေါ်ကြည့်''


''မောင်! ''


မယ်ယဥ်ကျေး ဆူပုတ်ပုတ်ဖြင့် ဆောင့်ခေါ်လိုက်တော့လည်း ကျေနပ်ရှာသည်။ '' မောင် '' ဟူသော စကားလုံးကို တော်တော် အူမြူးနေတယ် ထင်တယ်။


''ကျေနပ်တယ်''


''ရုပ်ကြီးက''


''ဘာလဲ ကြွေသွားတာလား''


သူ့ခန္ဓာကိုယ်မှ အားမနာ ၊ အကျီစပို့ရှပ်ကို Fit size ဝတ်ထားတော့ ရင်အုပ်ကြီးက ဝင်ကပ်နေသည်။ Gym ဆော့တာကို လူသိစေချင်နေတာ အလကား။


''ဖြစ်ရတယ်''


မယ်ယဥ်ကျေး ပြောလေ သူက ပိုစနောက်လေ ဖြစ်နေသည်။ သူ့ရင်အုပ်ကြီးကို မယ်လေး အမြင်ကပ်​အောင် တမင်​ကော့မြှောက်ပြပြီး


''ဒီမှာ တွေ့လား ရင်ဘတ်ကြီးက မင်းကိုက်ဖို့''


''ဟယ် မရှက်မကြောက် ဘာစကားတွေ ပြောနေတာတုန်း''


''ဟားဟား ''


မယ်ယဥ်ကျေး ရှက်သွားတဲ့ မျက်နှာလေးကို မဂ္ဂမိုးသောက်က အတင်းလိုက်ကြည့်ကာ တဟားဟား အော်ရယ်နေသေးသည်။


''မယ်လေး စေ့စပ်တဲ့ရက်တုန်းက အရမ်းလှတာပဲ၊ ကျုပ်တောင် လူမှားသွားတယ်''


''ဖြစ်ရတယ်''


''တကယ် ကျုပ်က ပပဝတီမင်းသမီးလေးနဲ့တောင် မှားသွားသေးတယ်''


''အမယ် ပပဝတီကို မြင်ဖူးတာကျနေတာပဲ''


''ပပဝတီကို မမြင်ဖူးပေမယ့် ယဥ်ကျေးဝတီလေးကိုတော့ မျက်စိရှေ့မှာအကောင်လိုက်ကြီး မြင်ဖူးတယ်''


မဂ္ဂမိုးသောက် စကားကို မနားလည်တဲ့ မယ်ယဥ်ကျေးက ခေါင်းလေးကုတ်ကာဖြင့်


''ဘယ်က မင်းသမီးတွေပါ ပါလာရတာလဲ''


''ယဥ်ကျေးဝတီက ခင်ဗျားလေ၊ ကျုပ်က မဂ္ဂကုသ''


လက်သီးလက်မောင်းတန်းကာဖြင့် ဟာသပြောနေသည့် မဂ္ဂမိုးသောက်ကို ကြည့်ပြီး မယ်လေး ဟက်ဟက်ပက်ပက် ရယ်မောမိသည်။ သူမို့ ပေါက်ကရတွေ ပြောတတ်သည်။ 


''ပျော်လား''


''ဟင်''


''မောင်နဲ့ နေရတာ ပျော်လားလို့''


ရယ်စရာတွေ​ပြောရင်း ရုတ်တရက် အတည်ကြီး ထပြောလိုက်တော့မို့ မယ်လေး ရှက်ရပြန်သည်။ 


''ဟို.. ''


''မောင့်မျက်နှာ ကြည့်ပြီး ဖြေ''


''ဘယ်လို ဖြေရမှာလဲ''


''စိတ်ထဲ ရှိအတိုင်းဖြေလေ၊ ပျော်လားလို့''


မယ်ယဥ်ကျေး မဖြေရဲစွာ ခပ်ရွံ့ရွံ့လေး ဖြစ်နေစဥ် မဂ္ဂမိုးသောက်က စိတ်မရှည်စွာ


''ခင်ဗျားကိုလေ စိတ်ရှိလက်ရှိ ကိုင်ပေါက်မိတော့မယ်၊ စိတ်မရှည်တော့ဘူး၊ ပျော်လား မပျော်ဘူးလားလို့ မေးတာလေ ချစ်လား မချစ်ဘူးလားလို့ မေးနေတာမှ မဟုတ်တာ၊ ဘာတွေ ဒီလောက် စဥ်းစားနေတာလဲ''


မျက်မောင်းကြီးကြုတ်ကာ လူကို ဆူသလို ပြောနေတော့ မယ်လေး အောက်နှုတ်ခမ်းလေးကို ကိုက်ကာ


''ပျော်ပါတယ်''


''အဟက် ဒါပဲလေ၊ ဒါလေး ​ဖြေတာကို အရမ်းရှက်နေသေးတယ်၊ ပါးခိုးနမ်းတာလည်း မဟုတ်ပဲနဲ့''


''အို..''


''ခင်ဗျားက အရမ်းအရှက်အကြောက်ကြီးတာပဲ၊ နောက်ဆို ဒီလို မရှက်ရဘူးနော်၊ ကျုပ်တို့က ကလေး တပြွတ်ပြွတ် မွေးမှာလေ မိန်းမရဲ့''


''တော်တော့ ဆက်မပြောနဲ့နော်''


ရှက်စိတ်လေးဝဲကာ မျက်နှာလေးက ဟန်မဆောင်နိုင်အောင် နီရဲလာသည်။ ထိုအချိန် မဂ္ဂမိုးသောက် အမြဲပြောတတ်တာက 


*ခင်ဗျားက ရှက်နေချိန် ပုစွန်ထုပ်လေးလိုပဲ ကျုပ် ဝါးစားချင်လိုက်တာ* ဆိုပဲ။ လူက သူနဲ့ ပတ်သက်မိတော့မှ အရုပ်လေးဖြစ်လိုက် ၊ အစားစရာဖြစ်လိုက်၊ တစ်ခါတလေများဆို *ခင်ဗျားကို ကြည့်ရင်း ကျုပ် ညတိုင်း ပိုက်ပြီးအိပ်နေကျ ပိုက်လုံးလေးနဲ့တောင် မှားချင်လာပြီ*တဲ့။ အမျိုးမျိုး ပြောတတ်နိုင်လွန်းသည်။


❤❤


ဆက်ရန်

Shareခြင်းဖြင့်အားပေးပါ

#MonePannMyau


rate now: