book

Index 11

(Part 11)

ကမ်းပြိုအနမ်း 


  မဂ္ဂမိုးသောက် ပြောလိုက်တဲ့ စကားအတိုင်း မယ်ယဥ်ကျေးအား ''ခင်ဗျားကို ကျုပ့်နှုတ်ခမ်းနဲ့ပဲ ထိုးမှာ'' ဆိုပြီး လူတစ်ကိုယ်လုံး သူ့အပိုင်လို သတ်မှတ်နေပုံရသည်။  သူ့ မျက်နှာကြီး မယ်ယဥ်ကျေးဆီ ဝဲကြလာတော့ သူမလက်လေးတွေဖြင့် တားကာဆီးကားဖြင့်


''ဟင့်အင်း ရှင် အနိုင်မကျင့်ရဘူး''


''ခင်ဗျားကို ကျုပ်ချစ်တယ် ဆိုပြီး ကျုပ့်အပေါ် အနိုင်ယူနေတာတွေကရော''


''အို ဘယ်မှာ အနိုင်ယူလို့လဲ၊ ကဲပါ ကိုမဂ္ဂမိုးသောက် ကျွန်မကို အိမ်ပြန်ပို့ပေးပါနော်၊ တောင်းပန်ပါတယ် ၊ လူကြီးတွေက ဒီလောက် သဘောတူနေတဲ့ကြားက ဒီလို ခိုးပြေးသွားတယ်သာ သိရင် ပါးပါးနဲ့မားမားက ရင်ကျိုးရမှာ၊ ဘယ်သူမဆို သူတို့သားသမီးကို တင့်တောင်းတင့်တယ် လက်ထပ်တာကိုပဲ လိုချင်ကြတာလေ၊ ကျွန်မကိုယ်တိုင်လည်း ခိုးပြေးတာကို မနှစ်သက်ဘူး''


''ကျုပ့်ကို စကားလုံးလှလှလေးတွေနဲ့ မြူနေချင်တာလား၊ ပြီးရင် ခင်ဗျား ကျုပ့်ကို အကြောက်အကန်ငြင်းမှာ ကျုပ် သိတယ် ''


လူလည်လေး မဂ္ဂမိုးသောက်က မယ်ယဥ်ကျေး၏ လှည့်ကွက်လေးကို ခန့်မှန်းမိကာ ဆိုလိုက်တော့ မျက်နှာလေး ပျက်ယွင်းသွားသည်။ ထို့နောက် သူမ၏ သမင်မျက်ဝန်းတွေဆီမှ ငွေရောင်ပုလဲဥလေးတွေက လာရောက် ခစားနေကြသည်။


''ငိုနေတယ် ဘာလို့ ငိုတာလဲဗျာ''


''ရှင်မှ ကျွန်မစကား နားမထောင်တာ''


''ဟူး ခက်တော့ခက်နေပြီ ခင်ဗျားနဲ့ကျုပ်က၊ ကျုပ်က ခင်ဗျားကို မြတ်နိုးလို့ အပိုင်သိမ်းချင်တယ် ဒါကို ခင်ဗျားက လက်မခံဘူး၊ ကျုပ်နဲ့ခင်​ဗျားက ဒဿဂီရိနဲ့သီတာဒေဝီလို ဖြစ်နေပြီ''


''ကိုမဂ္ဂမိုးသောက်ကို ကျွန်မ တောင်းပန်ပါတယ် နောက် ရှင် မကြိုက်တာ မပြောတော့ဘူး၊ မလုပ်တော့ဘူးနော် ကျွန်မကို အိမ်ပြန်ပို့ပေးပါ တောင်းပန်ပါတယ် ''


နှစ်ယောက်သား ကုတင်ပေါ်မှာ မယ်ယဥ်ကျေးက မျက်ရည်လေး တဖြိုက်ဖြိုက်ကျကာ လက်အုပ်လေးချီ၍ ငိုနေပုံက မဂ္ဂရင်ကို နာစေသည်။ ထို့ကြောင့် သူမလက်လေးအပေါ် မဂ္ဂ လက်နှစ်ဘက်က အုပ်မိုးလိုက်ကာ


''မငိုပါနဲ့ ကျုပ် ​​ပြန်လိုက်ပို့ပေးပါ့မယ်၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ ခင်ဗျား လက်မခံရင် ကျုပ် ခင်ဗျားကို ပြန်မပို့နိုင်ဘူး''


''ဟင် ဘာလဲဟင်''


ရှိုက်ကာ ဆိုလာတဲ့ သူမကိုယ်လုံးလေးကို မဂ္ဂ မမြင်ရက်စွာ ပွေ့ဖက်၍ ငွေရောင်ပုလဲဥလေးတို့ကို ဖြည်းညင်းစွာ သုတ်ပေး၍


''ကျုပ့်ကို ခင်ဗျား လက်မထပ်နိုင်သေးဘူး ဆိုရင်လည်း အရင်စေ့စပ်ထားကြမယ်၊ ပြီးတော့ ကျုပ့်ကို သူစိမ်းဆန်ဆန် မပြောရဘူး၊ မောင်လို့ ခေါ်ရမယ်''


''ဟင် ဒါက ဟို..''


''မရဘူးလား ဒါဆို ကျုပ် ခင်ဗျားကို ပြန်မပို့ယုံပဲ''


''ဟင့်အင်း အဲ့လို မလုပ်ပါနဲ့ ၊ လုပ်.. လုပ်ပါ့မယ်''


''ခေါ်''


''ဟင်''


''မောင်လို့ ခေါ် ''


''ဟို ရှက်..ရှက်တယ်၊ မခေါ်ရဲဘူး''


''သဘောလေ ၊ မခေါ်ရင် ခင်ဗျားကိုတောင် အပိုင်ရသေးတာပဲ''


''မလုပ်ပါနဲ့ ခေါ်ဆို ခေါ်ပါ့မယ်''


''အင်း ခေါ်''


''ဟို မောင်..''


သူမ ပန်းနုရောင် နှုတ်ခမ်းပါးလေးဆီက စကားလုံးလေးတစ်လုံးဟာ မဂ္ဂမိုးသောက် သေရင်သေစေနိုင်လောက်သည့် လက်နက် ဆိုတာ အခုမှ သိခဲ့သည်။ ချွဲနွဲတဲ့အသံလိုလည်း မဟုတ် မာန်တင်းသည့်အသံမျိုးလည်း မဟုတ် ၊ ဘယ်လိုလေးမှန်းတောင် မသိပေမယ့် မဂ္ဂမိုးသောက် ရင်ကို ထိခတ်စေသည့် စကားလုံးလေး။


''ခင်ဗျားက စုန်းမလေးလားဗျာ၊ တကယ်ကြီး ပြုစားနိုင်တာပဲ ဒီမှာ စမ်းကြည့် ခင်ဗျားကြောင့် ကျုပ်ရင်ဘတ်ကြီး ခုန်နေတာ''


ကြွက်သားအဖုအဖုတို့ဖြင့် ဖွဲ့စည်းထားသော ယောကျ်ားဆန်ဆန် ခန္ဓာကိုယ် ရင်အုံကျယ်ကြီးကို မယ်လေး လက်ကို ယူ၍ တင်လိုက်တော့


''အို.. ''


သူ တကယ် အပိုစကားတွေ မဆိုဘူးပဲ။ သူမလက်ဖဝါးအောက်မှာ တဒိတ်ဒိတ် ခုန်နေသော နှလုံးသားလေးကို စမ်းမိလိုက်တော့ သူမသည်လည်း ထပ်တူ ရင်ဖိုရသည်။ မောင် ဟူသော ဝေါဟာရကို ဘယ်ယောကျ်ားသားကိုမှ မခေါ်ခဲ့ဖူးတာမို့ ပထမဆုံးခေါ်လိုက်မိရာ ရင်တုန်ရပြန်သည်။ ဘယ်လို သူမ ပါးစပ်က ခေါ်ထွက်သွားခဲ့သလဲ မသိ။ ခေါ်ပြီးတော့မှ သူမအသံကို သူမ နားထဲ ပြန်ကြားရာ နားရွက်လေးတွေတောင် နီရဲ၍ ရှက်စိတ်လေး ဝဲရသည်။


''ခံစားရလားဟင်''


''ဟင့်အင်း လွှတ်ပါ''


''ဒီအချိန်မှာ ခင်ဗျားက သမင်လေး ကျုပ်က ကျား၊ တကယ်ဆို ခင်ဗျားကို ခုပ်အုပ်လိုက်ရမှာ၊ အဲ့လို မျက်ရည်ဥတွေက ကျုပ်ရင်ကိုနာစေမယ့် လက်နက် ဆိုတာ ခင်​ဗျားက ကြိုသိနေတယ်ထင်တယ်''


''မဟုတ်ပါဘူး ''


''ကျုပ့်ကို တကယ်ပဲ မချစ်တာလား ခင်ဗျားရယ်''


''ကျွန်မ မသိဘူး''


''သူစိမ်းဆန်တဲ့ စကားလုံးတွေ မသုံးဖို့ ခင်ဗျားကို ပြောခဲ့တယ်လေ၊ နောက်နောင် ကျုပ့်ကို မောင်လို့ ခေါ်၊ ခင်ဗျားက ကိုယ့်ကိုကိုယ် မယ်လေးလို့သုံး ကြားလား''


သူ စကားဆုံးတာနဲ့ နှာခေါင်းချွန်ချွန်ကြီးက သူမနှာသီးဖျားလေးကို လာရောက် တိုက်ခတ်သွားတော့ မယ်လေးကိုယ်လုံးလေးက ဆတ်ခနဲ တုန်လှုပ်သွားသည်။ မဖြစ်ဘူး ကြာရင် နှလုံးရောဂါ ဖြစ်တော့မည်။


''ကြားလားလို့''


''ဟုတ်ကဲ့''


''ပြန်ခေါ်''


''ဘာကိုလဲ ''


''မောင့်ကို မယ်လေး ဘယ်တော့မှ မစိမ်းကားတော့ပါဘူး ဆိုတာ လိုက်ပြော''


''ဟာ ရှင် မညစ်နဲ့လေ''


''မသိဘူး ပြော ၊ ခင်ဗျားက အခုချိန် သမင်မလေး ဆိုတာ ကိုယ့်ကိုကိုယ် သိ''


ဒါနဲ့ပဲ ခြိမ်း​​ခေါက်ပြန်ပြီ ဒီလူကလေ။


''ဟို မယ်လေး ဘယ်တော့မှ မောင့်ကို မစိမ်းကားတော့ပါဘူး ''


''အဟက်ဟက် ချစ်ဖို့ကောင်းရောကွာ''


နူးညံအိစက်နေသော ပါးမို့မို့လေးကို လက်လေးဖြင့် အသာလေး ဖျစ်ညစ်ရင်း နောက်လက်တစ်ဖက်က ခါးသေးသေးလေးကို ညစ်ကိုင်ကာ


''အခု ကျုပ့်စိတ်ထဲ ဘာရှိလဲ ဆိုတာ ခင်ဗျားကို ပြောပြရင် ခင်ဗျား နားထောင်ရဲမှာ မဟုတ်ဘူး''


''အို မပြောနဲ့ ''


''နမ်းချင်လိုက်တာ ခင်ဗျားရယ်၊ ခွင့်ပြုမှာလားဟင်''


''ဟင့်အင်း ''


''သိတယ် ခင်ဗျား ဘယ်တုန်းက ကြည်ဖြူခဲ့လို့လဲ၊ ကျုပ် ဇွတ်အတင်း လုပ်ခဲ့တာချည်းပဲကို''


မျက်ရည်စလေးတွေ အခုထိ မခမ်းခြောက်သေးတဲ့ မျက်ခွံနုနုလေးကို မဂ္ဂ တချက် ဖိကပ်နမ်းလိုက်သည်။


''ဟင် မလုပ်နဲ့လေ''


''ဒါလေး ခွင့်ပြုရင် ဘာများပဲ့ပါ သွားမှာမို့လဲ ၊ တွန့်တိုလိုက်တာ ကျုပ် တကယ်ကြီး လုပ်မိတော့မှ ကူပါ ကယ်ပါ လာမလုပ်နဲ့''


''ဟင့်''


သဘောက ဒီလိုလေးတွေ လုပ်ရင် ငြိမ်ခံ ရုန်းရင် ဒီထက်ပိုကြမ်းမည်ဟု ပြောနေပုံ။ 


*တကယ် စိတ်ညစ်ပါတယ်*


ရင်ဖုံးအကျီအနီရဲရဲလေးက မယ်လေး ခန္ဓာကိုယ်နဲ့ ပနံသင့်လို့။ ဒီအကျီကို အခြားသူဝတ်ရင်​တောင် ဒီလောက် လှမှာ မဟုတ်ဘူး ၊ မယ်လေးဝတ်လို့သာ လှသွားတာ။ အကျီက မယ်လေးအလှကို အထောက်အကူပြုနေတာ မဟုတ်ဘူး၊ မယ်လေးက နဂိုလှပြီးရင်း လှပနေတာတဲ့ မိန်းကလေးတစ်ယောက်လေ။


ရုန်းရကန်ရလွန်းလို့ ဆံပင်အရှည်ကြီးက ကပိုကယိုဝဲဖြာကျနေပေမယ့် သူမ အလှကိုတော့ တစိုးတစိမျှ မပျက်သွားပေ။ 


မဂ္ဂမိုးသောက် သူမ ဆံပင်အရှည်လေးကို ညင်ညင်သာသာ ဖြီးသပ်ပေးနေတုန်း လှစ်ခနဲ ပေါ်လာသော ဂုတ်ပိုးဖြူဖြူလေးက သူ့ကို အသည်းယားလာစေသည်။ 


ထို​ကြောင့် မနေနိုင်စွာပဲ ထိုဂုတ်ပိုးဖြူဖြူလေးအား သူ့နှုတ်ခမ်းထူထူကြီးဖြင့် ဖိကပ်နမ်းလိုက်ပြီး မရောင့်ရဲနိုင်ကာ သွားစွယ်လေးဖြင့် ဖွဖွလေး ကိုက်လိုက်တော့ သူမဆီမှ အလန့်တကြား အာမေဋိတ်အသံလေး ထွက်လာသည်။


''အ့ ဟင်''


ရုတ်တရက် ဂုတ်ပိုးကို အကိုက်ခံလိုက်ရတဲ့ သူမက ကြောင်အစွာ သူ့ကို ငေးကြည့်နေပြီးမှ အသိဝင်လာ ရှက်သွေးလေးဖြာဝဲလာပြီး ပါးမို့မို့လေးက နှင်းဆီရောင်လေးလို နီရဲလာသည်။


''သွေးထွက်အောင်အထိ ကိုက်ချင်တာ ၊ ခင်ဗျား ထပ်ငိုမှာ စိုးလို့ ''


''ရှင်က သွေးစုတ်ဖုတ်ကောင်လား၊ အဟင့် နာလိုက်တာ''


ဆစ်ကနဲ နာသွားသော ဂုတ်ပိုးလေးကို လက်ဖြင့် ထိကာ မကျေမနပ်ဆိုလေတော့ မဂ္ဂမိုးသောက်က ခပ်ဟဟ ရယ်ကာ


''သွေးစုတ်ဖုတ်ကောင်တော့ မဟုတ်ဘူး၊ ခင်ဗျားကို အရိုးရောအသားရော မြိုချမယ့်အကောင်''


''ဘာမှန်းလဲ မသိဘူး၊ တော်တော့ အိမ်ပြန်ပို့ပေး ''


''အင်း ဒီနေ့ မယ်လေးစိတ်တိုင်းကျ အိမ်ပြန်ပို့ပေးမယ်၊ ဒါပေမယ့် တစ်ပတ်အတွင်း ကျုပ် ခင်ဗျားကို တောင်းရမ်းပြီး တစ်ခါတည်း စေ့စပ်သွားမယ်၊ နောက်တကြိမ် ကျုပ်မကြိုက်တာ ခင်ဗျား လုပ်ရင် ဒါမှမဟုတ် အခြားအကောင်​တွေနဲ့ အရောတဝင် လုပ်နေတာ ကျုပ်မြင်ရင် ခင်ဗျားကို တစ်ခါတည်း ခိုးပြေးသွားမှာ ၊ နားလည်လား''


''ဟုတ်ကဲ့ ''


ပုံမှန်ဆို သူ့ကို ကတ်ကတ်လန်ပြန်ပြောမိမှာ ဆိုပေမယ့် အခုက သူပြောသလို မယ်လေးက သမင်မလေးလေ။ မယ်လေး ထကြမ်းလိုက်လို့ သူက စိတ်ဆိုးသွားပြီး အိမ်ပြန်မပို့ပေးရင် ပါးပါးနဲ့မားမားက ရင်ကျိုးရမှာ၊၊ 


*ဟွန့် ဗလအားကိုးနဲ့ သိပ်ကို အနိုင်ယူတာပဲ*


❤❤


ဟို့နေ့က သမီးလေးမယ်လေးကို မောင်မဂ္ဂမိုးသောက်က အိမ်ပြန်ပို့ပေးပြီး စေ့စပ်ဖို့ကိစ္စရော တောင်းရမ်းဖို့ကိစ္စပါ ပြောလာသညိကို သမီးက ဒီတစ်ခါ ကလန်ကဆန်မလုပ်ပဲ ခေါင်းညိတ်ပြတာကို နန်းငယ်ထားအဖို့ အတော်ကို ထူးဆန်းသည့်ကိစ္စဟု ဆိုရမည်။ ဒီကြားထဲ သူတိူ့အချင်းချင်း နားလည်မှု ရသွားပုံရသည်။ 


''မားမားသမီးလေးက နောက်ဆုံးတော့ လက်ခံပြီပေါ့''


''မားကလည်း လက်ထပ်ကြတာမှ မဟုတ်တာ ၊ ဒီတိုင်း စေ့စပ်​တောင်းရမ်းယုံပဲဟာ''


''သမီးလေး စိတ်ပါရဲ့လားကွယ်၊ သမီးလေး စိတ်ညစ်နေရင် မလုပ်နဲ့ ၊ မားမားတို့ ပြောပေးမယ်လေ''


နန်းငယ်ထား မောင်မဂ္ဂမိုးသောက်နဲ့ သဘောတူပေမယ့် သမီးလေး စိတ်ဆင်းရဲမှာ မလိုလား။ မောင်မဂ္ဂမိုးသောက် မရှိတဲ့အချိန် သားအမိနှစ်ယောက်တည်း ပွင့်ပွင့်လင်းလင်း ​မေးတော့ သမီးလေးက ရှက်ပြုံးလေးဖြင့် ခေါင်းညိတ်ပြသည်။ သမီးလည်း မောင်မဂ္ဂမိုးသောက်ကို ချစ်သွားခဲ့ပြီ ထင်ပါရဲ့။ ဒီ​တော့မှ နန်းငယ်ထား သက်ပြင်လေးအသာချနိုင်သည်။ သူမ ရွေးချယ်ပေးတဲ့လမ်းဆိုပေမယ့် သမီးလေး စိတ်ချမ်းသာဖို့ အဓိကပဲလေ။


ဆွေမျိုးမိတ်ဆွေ အနည်းအကျဥ်းလေးဖိတ်ကာ အချိုမုန့်များကို ဧည့်ခံကျွေးမွေးရင်း အိမ်လေးဟာ လူတွေဖြင့် ပြည့်ကြပ်နေလေသည်။


မိတ်ကပ်ပါးပါးကြည်ကြည်လေးက မယ်ယဥ်ကျေး၏ အလှကို အထောက်အကူပြုနေသည်။ စေ့စပ်ပွဲမှာ ဝတ်ဖို့ မယ်လေးနဲ့အသိ ဒီဇိုင်နာအမကြီးဆီမှာ အလောတကြီး သွားချုပ်တော့ ထိုအမဆီမှ စနောက်တာလည်း ခံခဲ့ရသည်။ နာမည်ကြီးဒီဇိုင်နာမို့ ချုပ်ထည်က လိုလိုပိုပို မပြင်ရလေအောင် ကွက်တိဖြစ်နေသည်။ မှန်အရှေ့၌ ဗေဒါရောင်ဝမ်းဆက်လေးက မယ်လေးကိုယ်လုံးလေးဖြင့် လိုက်ဖက်တင့်တယ်စွာ ပေါ်လာသည်။ ခါးအတိုလေးမို့ အဆီမဆိုင် သူ့ကို သွားသတိရနေသေးသည်။


''မားသမီးလေးက အရမ်းလှတာပဲ''


''ငယ်နဲ့ တူလို့လေ''


ကြားထဲ ပါးပါးက နေရမခက်စေရန် စစနောက်နောက် ပြောပေးနေသည်။ မယ်လေးကို ကြည့်ပြီး ပါးပါးရောမားမားပါ ပီတိအပြုံးလေးတွေဖြင့် ဝေ့ကာ ခဏခဏ ကြည့်နေတော့ မျက်ရည်လေး ဝဲလာရသည်။ မားမားတို့ တကယ် ပျော်နေကြတာပဲ။ ပါးပါးနဲ့မားမားတို့ ပေးတဲ့မေတ္တာက တကယ့်ကို နွေးထွေးရပါသည်။


''ကျေးမ နင် အရမ်းလှတယ် သိလား ''


''ကျေးဇူးပါ မိုးဖွဲ့ရာ၊ ဒါနဲ့ အပြင်မှာ သူ ရောက်ပြီလား''


''အမယ် သူ့လူကြီးမလာမှာ အရမ်း စိုးရိမ်နေတယ် ကြည့်စမ်း ၊ လာနေပြီ အဟက်''


''မဟုတ်ပါဘူး ''


သူများက သိချင်လို့ မေးတဲ့ဥစ္စာ။ တကယ် မယ်လေး မမျှော်နေပါဘူးဆို ။


မိတ်ကပ်ပါးပါးလေး ပြန်ဖို့ရင်း အခန်းအပြင်ကို အသာလေး ချောင်းကြည့်လိုက်တော့ မဂ္ဂမိုးသောက်က မယ်လေးအခန်းကို လည်ပင်းကြီးပြုတ်မတတ် ငေးကြည့်နေရှာသည်။


*အလကား ပိုလိုက်တာ ဟွန့် *


မဂ္ဂမိုးသောက်က သူမလို ဗေဒါရောင်အကျီလက်ရှည်လေးကို ပုဆိုးလေးနဲ့ တွဲဖက်ဝတ်ထားတော့ တစ်ခါမှ သူ ပုဆိုးဝတ်တာ မမြင်ဖူးသေးတဲ့ မယ်လေးအဖို့ အမြင်ဆန်းနေသည်။ 


*ဒီလူ ဘာဝတ်ဝတ် ကြည့်ကောင်းနေတာပဲ *


❤❤


ဆက်ရန်

Shareခြင်းဖြင့် အားပေးပါ

#MonePannMyau


rate now: