book

Index 10

(Part 10)

ကမ်းပြိုအနမ်း


''ဆိုင်းလေး''


''ရှင်''


''မင်း ကိုယ့်ကို ချစ်လား''


သွေးနီရဲ့ တည့်တိုးစကားကြောင့် ဂျာဆိုင်းရွယ် ခေါင်းလေးငုပ်၍ ရှက်သွေးဖြာကာ မျက်နှာထားမတတ် ဖြစ်နေရသည်။ အကိုက ဆိုင်း ရင်ထဲက ခံစားချက်ကို ရိပ်မိနေတယ် ထင်ပါရဲ့။


''ဟုတ် အကို၊ ဆိုင်းက တိုင်းရင်းသူပါ မညာတတ်ပါဘူး''


''ကိုယ်ကတော့ ဆိုင်းရဲ့ အပြုအမူကို ကြည့်ပြီး 

ချစ်မချစ် ဆုံးဖြတ်ရအုံးမှာ''


''ဟင် ဘာကိုလဲ ''


''အော် ကိုယ်က ဆိုင်းကို အကူအညီ တစ်ခုလောက် ​တောင်းချင်တယ်ကွာ၊ ဒါက ဆိုင်း ကူညီပေးမှ

ဖြစ်မှာ ''


သွေးနီ၏ နားလည်ရခက်သော စကားကြောင့် သူမ နားထဲ မရှင်းဖြစ်နေရသည်။ 


''ဆိုင်းက ဘာကူညီပေးရမှာလဲဟင်''


''ဒီလိုကွာ ကိုယ့်မှာ အစ်မတစ်ယောက် ရှိတယ်၊ 

သူ့မှာလည်း ချစ်သူ ရှိတယ်ကွာ၊ ဒါကို သူ့အိမ်က အခြားယောကျ်ားနဲ့ အတင်းပေးစားကြဖို့ လုပ်နေတာ၊ အစ်မက မယူချင်ဘူးကွာ''


''ဟင် ဆိုင်းနဲ့ ဘာဆိုင်လို့လဲဟင်''


''အဲ့ဒီလူက အခြားသူ မဟုတ်ဘူး၊ ဆိုင်းရဲ့ ကျေးဇူးရှင် မဂ္ဂမိုးသောက်လေ''


''အကိုရဲ့အစ်မနဲ့ ပေးစားမယ် ဆိုတဲ့ လူက အကိုကြီးလား''


''ဟုတ်တယ် ၊ အဲ့ဒါ ကိုယ်ရဲ့အစ်မက သူ့ကို ပြသာနာရှာပြီး နှစ်ဦးမိဘသဘောတူထားတာကို ဖြတ်ချင်တာ၊ ဒါကို ဆိုင်းက မဂ္ဂမိုးသောက်နဲ့​တွဲနေသလို

 လုပ်ပြရမှာ''


''ဆိုင်းက အကိုကြီးနဲ့ တွဲရမယ်၊ ဟာ မဖြစ်ဘူး 

ထင်တယ် အကို၊ အဲ့ဒီမမကို ဆိုင်း မမြင်ဖူးပေမယ့် အကိုကြီးက မမကို အရမ်းချစ်နေတာ၊ ပြီးတော့ မေမေ​ကြီးတို့ကရော မမနဲ့အကိုကြီးကို

 အရမ်းသဘောတူနေတာ၊ ဆိုင်း မလုပ်ချင်ဘူး၊

 မလုပ်ရဲဘူး''


''အမြဲတမ်း မဟုတ်ပါဘူး ဆိုင်းလေးကလည်း၊ 

ကိုယ့်ရဲ့ အစ်မ လာတဲ့အချိန်ဆို ဆိုင်းလေးက အထင်လွဲအောင် လုပ်ရုံပဲ၊ ဒီတော့မှ အစ်မက 

မဂ္ဂမိုးသောက်ကို ပြသာနာရှာလို့ ရမှာ နောက်ပြီး

 သူချစ်တဲ့သူနဲ့ နေရမှာ၊ ဒါကိုဆိုင်းက မကူညီချင်ဘူးလား ဟင်''


သွေးနီ၏ နူးနူးညံ့ညံ့ စကားလုံးတွေကို ဂျာဆိုင်းရွယ် နားယောင်ကာ ခေါင်းညိတ်မိမတတ်။


''အကို့အစ်မက ဆိုင်းအကိုကြီးကို တကယ်ပဲ 

မချစ်ဘူးလားဟင်၊ အကိုကြီးက ဒီလောက် 

ခန့်ညားပြီး ချောတာကို ''


''အင်း မချစ်ဘူး၊ ကိုယ့်ကို ကူညီပါ ဆိုင်းရာ နော် ''


''ဆိုင်း ကြိုးစားပါ့မယ် ''


''အဟက် ဆိုင်းလေးက လိမ္မာလိုက်တာ''


သွေးနီ ဂျာဆိုင်းရွယ်ရဲ့ ပါးလေးကို ဖျစ်ညစ်ကစားလိုက်တော့ သူမက ရှက်ဝဲဝဲလေး ပြုံးရှာသည်။ ရိုးသားဖြူစင်သူတိုင်း အရောင်ဆိုးရ လွယ်လိုက်တာ။


❤❤


''ဆိုင်း''


''ရှင့် မေမေကြီး''


''ဘယ်ကပြန်လာတာလဲ''


''ဟို သူငယ်ချင်းဆီကိုပါ၊ ကျူရှင်ချိန် သွားမေးတာပါ မေမေကြီး''


''အခုတလော အပြင်ကို ခဏခဏ ထွက်တယ်နော်၊ အင်း စာဆိုစာပဲ ကြိုးစား ၊ ရှုပ်ရှုပ်ယှက်ယှက်တွေ ကြားလာရရင် ဇာတိကို ပြန်ပို့ပြစ်မယ်''


''ဟုတ် ''


''အေ သွား လက်သေချာသွားဆေးပြီး ဒီမှာ

 လာလုပ်ကူ၊ ဒီနေ့ ငါ့ချွေးမလေးကို ထမင်းစားဖိတ်ထားတယ်၊ သေသေချာချာ လုပ် ကြားလား''


''ဟုတ် ''


အကိုကြီးနဲ့ သဘောတူထားတဲ့ မမ ဆိုတော့ အကို​သွေးနီရဲ့ အစ်မပဲ ဖြစ်​ရမည်ဟု ဆိုင်း နားလည်လိုက်သည်။ သွေးနီ တောင်းထားတဲ့ အကူအညီကို အကောင်အထည်ဖော်ရမည်။ ထိုမှ အစ်မက 

သူချစ်တဲ့သူနဲ့ နေရမည်။ အကိုလည်း စိတ်ချမ်းသာမည်လေ။


အတန်ကြာတော့ အကိုကြီး ကားလေး အိမ်ထဲ

 ဝင်လာကာ ထိုမမပါ ပါလာသည်။ အကိုကြီးက ပြာပြာသလဲ ကားတံခါးကို ဆင်းဖွင့်ပေးရာ မမက ဖြည်းဖြည်းလေး ဆင်းလာသည်။ တကယ့်ကို 

အိန္ဒြေရှိသည့် အမူအယာမျိုး။


မမက မေမေကြီးဆီ လာကာ နှုတ်ဆက်တော့ ဆိုင်း အခုမှ မမတစ်ကိုယ်လုံး ကြည့်မိသည်။ အပြစ်ပြောစရာ ဘာမှ မရှိအောင် ပြည့်စုံလွန်းသည်ထက် ပိုသည်။ ကောင်းခြင်းအဖြာဖြာနဲ့ မွေးဖွားလာသူလိုပင်။ အခုခေတ် ဆံပင်အရှည်ကြီးကို မိန်းကလေးတိုင်း မထားကြတော့၊​ ခေတ်ဆန်လာကြတော့ ခေတ်ရေစီးကြောင်းအတိုင်း ကောက်ကြ ဖြောင့်ကြသူတွေက များလွန်းလာသည်။ မမလို နဂိုရှိရင်းစွဲ ဆံပင်လေးကို ထိန်းထိန်းသိမ်းသိမ်း ထားသူတွေက ရှားလာပြီမလား။ အကိုကြီး ရူးလည်း ရူးလောက်သည့်အလှမျိုး။ ခြေဖဝါးဥဥလေးတွေဆို ကျောက်စရစ်ခဲလေးနဲ့ တိုက်မိတာနဲ့ ပေါက်ကွဲတော့မတတ် နူးညံ့ဟန်ရှိသည်။


''သမီးရေ မာမီက ထမင်းစားခါနီးမှ သွားခေါ်ပါဆို

 ဒင်းလေးက မရဘူးလေ၊ အစောကြီး သွားပြီး

 ငမ်းနေတာ''


ဒေါ်ဧကရီ သူ့သားကို စနောက်ပြောဆိုတော့ နှုတ်ခမ်းလေး လှုပ်ရုံ ပြုံးလာသည်။ စပယ်ပန်းလေးပမာ ဖြူဖွေးသော သွားလေးတောင်မျှမဖော်။ တကယ့်ကို ရှားပါးရတနာလေး။


''မယ်လေး လာ အထဲကို ဝင်ကြမယ်''


''ဟုတ် ''


ဒေါ်ဧကရီအရှေ့၌ပင် မယ်ယဥ်ကျေး လက်ကို 

ပိုင်ပိုင်နိုင်နိုင် ဆွဲကာ ခေါ်သွားသည့်သူရဲ့ အကျင့်ကို သိနှင့်ပြီးသားမို့ အထူးတလည် စိတ်မဆိုးတော့။ အမြဲတမ်း လက်ရဲဇက်ရဲနိုင်လှသည်။


''ထိုင်''


''ဟုတ်ကဲ့ ''


''သမီးလေး ဝအောင်သာ စား၊ အားမနာနဲ့ ဟုတ်ပြီလား''


''ကျေးဇူးတင်ပါတယ် အန်တီ ''


ဒေါ်ဧကရီကို ပြောရင်း မျက်ဝန်းများက ကိုယ့်ကို လာကတည်းက မျက်တောင်မခတ် လိုက်ကြည့်နေသည့် ကောင်မလေးဆီသို့ အကြည့်ရောက်သွားသည်။ ဟိုတခါက မဂ္ဂမိုးသောက် ခေါ်လာသည့် ကလေးမ ဖြစ်မည်။


''မယ်လေး''


''ဟင် ''


''ထည့်စား သိလား ၊ မာမီ ချက်တာ စားမဝရင် 

ကျုပ့်အချစ်တွေပါ ထည့်စား အားမနာနဲ့''


''အန်တီ ရှိနေတယ်လေ ''


မယ်လေး ခပ်တိုးတိုးလေး အံ့ကြိတ်သတိပေးပြောလိုက်ပေမယ့် သူက အူမြူးစွာ တဟားဟား

အော်ရယ်သည်။ မရှက်တတ်ဘူးလားမသိ။


''ချစ်သည်းလေးက ရှက်နေတာလား''


''ကျွန်မက ရှင့်လို အရှက်မရှိတဲ့လူမှ မဟုတ်တာ''


''အရှက်မရှိပေမယ့် အချစ်ရှိပါတယ်၊ မယုံရင်

 လှန်ကြည့်လို့ ရတယ်ဗျ''


''ဘာရှင့် ဘာကို လှန်ကြည့်ရမှာလဲ''


''အကျီလေ ကျုပ် နှလုံးသားလေးက အကျီနဲ့ ဖုံးနေတော့ ခင်ဗျား မမြင်မှာ သိပ်ကို စိုးတယ်''


''ပြောလေကဲလေ ရှက်လည်း မရှက်ဘူး''


မယ်ယဥ်ကျေး သူနဲ့ ဆက်ပြောနေရင် လေကုန်ယုံပဲ အဖက်တင်မှာမို့ ဘာမှ ဆက်မပြောတော့ပဲ

 ထမင်းကိုပဲ ငုပ်စားနေလိုက်တော့သည်။


ထိုစဥ် ရုတ်တရက် ဂျာဆိုင်းရွယ်က အနားသို့ တိုးကပ်လာပြီး


''အကိုကြီး ထည့်စားလေ ရော့ အကိုကြီး ကြိုက်တဲ့ ပုစွန်ဟင်း၊ ဆိုင်းချက်ထားတာ သိလား အကိုကြီး ''


ပုံမှန်မဟုတ်တဲ့ စကားအသွားအလာကို ကြည့်ပြီး မယ်ယဥ်ကျေး နံဘေးက မဂ္ဂမိုးသောက်ကို စိတ်လေးတိုလာရသည်။ ဘာကို စိတ်တိုလို့ တိုမှန်းတော့မသိ။ 


''အင်း ''


မယ်လေးနဲ့ဆို စကား အင်မတန်များတဲ့သူက

 အခြားမိန်းကလေးတွေကို လိုအပ်တာထက်ပိုမပြော။ ဒါ သက်သက် မယ်လေးကိုလုပ်ပြတာ။ 

သူသာ ရင်းရင်းနှီးနှီး မနေရင် ဟိုကလေးမက 

လက်ပွန်းတစ်တီး လုပ်ရဲမလား။ အကြင်အနာရေစီးကမ်းပြိုသလို ဟင်းတွေ တစ်ခုပြီးတစ်ခု

 ထည့်ပေးနေပြီး နံဘေးကနေ ယပ်လေးခတ်ကာ ဘုရင်တစ်ပါးအား ဆက်သနေသည့်နှယ်။


''တော်ပြီ''


''ဆက်စားအုံးလေ စားတာက နည်းနည်းလေးပဲ 

ရှိသေးတာကို''


''ကျွန်မ နေနည်းနည်းမကောင်းချင်လာလို့ပါ၊ ထမင်းစားလက်စဖြစ်နေပြီပဲ၊အိမ်ပြန်နားချင်နေပြီ၊ ကိုမဂ္ဂမိုးသောက်  ကျွန်မဘာသာ ကျွန်မ ပြန်လိုက်တော့မယ်''


''ဟာ မဟုတ်တာ ​နေမကောင်းချင်ဘူးဆိုလည်း လမ်းမှာ ဆေးခန်းဝင်ပြပေးမယ်လေ''


''ရတယ် မလိုဘူး၊ အိမ်ပဲပြန်ချင်တာ''


''ဆေးခန်းနဲ့ မပြချင်ဘူး ဆိုတော့ ကျုပ်က အချစ်တွေနဲ့ ကုပေးမယ်လေ''


''မကုဘူး၊ အန်တီ ဟို မယ်လေး အားနာလိုက်တာ ခေါင်းလေး နည်းနည်းကိုက်လာလို့ အိမ်ပြန်ပါရစေ အန်တီ ''


''ရတယ် ရတယ် ကိစ္စမရှိဘူး ၊ သား သမီးကို ဆေးခန်းဝင်ပြပေးလိုက်နော်''


''စိတ်ချ မာမီ၊ မယ်လေး လမ်းလျှောက်ရတာ အဆင်ပြေလား၊ မဟုတ်ရင် ကျုပ် ပွေ့ချီရမလား''


''ဟာ ရပါတယ် အဲ့လောက်ထိတော့ မလိုသေးပါဘူး၊ အရမ်း အကဲပိုတာပဲ''


မယ်ယဥ်ကျေး နံဘေးက ကောင်မလေးကို 

တချက်ကြည့်၍ ထွက်လာခဲ့တော့ ထိုကောင်မလေးက


''အကိုကြီး ဟို ဆိုင်းအတွက် အကျီ ဘယ်တော့ဝယ်ပေးမှာလဲ''


''နောက်မှယူ ငါ မအားသေးဘူး''


မဂ္ဂမိုးသောက် ခပ်ပြတ်ပြတ်လေးပြော၍ အရှေ့မှ ထွက်သွားသော မယ်လေးနောက်သို့ အတင်းပြေးလိုက်သွားရသည်။ နေမကောင်းတဲ့သူကလည်း လမ်းလျှောက်တာ မြန်ချက်။ 


''ခဏလေး မယ်လေးရာ''


''ရှင် မပို့ချင်လို့လား၊ မပို့ချင်ရင် ကျွန်မဘာသာ သွားတတ်တယ်၊ ရှင်သာ ဟိုကလေးမကို 

အကျီအမြန်ဝယ်ပေးလိုက်''


''ဟင် အော် ဒါက သူ့မှာ အကျီသိပ်မရှိ​တော့ဘူးပြောတာ ကျုပ် ဝယ်ပေးမယ်လို့ ပြောထားလို့လေ ကလေးပဲ အသစ်ကို မြန်မြန်လိုချင်တာပေါ့''


ကလေးတဲ့ ဟိုက သူ့ကို ရိုးရိုးတွေးနေတာမှ မဟုတ်တာ သူ မသိဘူးလား။ လူအကဲအခတ် တော်လွန်းတဲ့ မဂ္ဂမိုးသောက်က ဘယ်ရောက်သွားပါလိမ့်။


မယ်လေးကို ကားအပေါ်အတင်းတွန်းတင်၍ 

သူလည်း ကားထဲ ဝင်လာကာ


''ဆေးခန်း သွားကြမယ်နော်''


မသွားဘူးပြောလည်း သူက နားထောင်မှာမှ မဟုတ်တာ ဘာမှ မပြောတော့ပဲ ကားပေါ် အေးအေးဆေးဆေး လိုက်ပါလာခဲ့သည်။ သုခ ဆေးခန်းအရှေ့ရောက်တော့ ကားနားလိုက်ကာ 

သူရောမယ်လေးပါ ကားပေါ်က ဆင်းလိုက်သည်။


ဆေးပေးကောင်တာတွင် Bookingယူနေတုန်း အနောက်ကနေ လူတစ်ယောက်က လှမ်းနှုတ်ဆက်လိုက်တာမ်ို့ လှည့်ကြည့်လိုက်ရာ


''မယ်ယဥ်ကျေး ''


''အော် ကိုစည်သူပါလား''


''ဟုတ်ပါတယ် ဟို မယ်ယဥ်ကျေးက ဘာဖြစ်တာလဲဟင် ''


''အော် နေနည်းနည်းမကောင်းချင် ဖြစ်လာလို့ပါ''


''အရမ်းနေမကောင်းဖြစ်နေလားဟင်၊ ကျွန်တော် စိတ်ပူလိုက်တာဗျာ''


မဂ္ဂမိုးသောက် အရှေ့က နှစ်ယောက်ကို ကြည့်ပြီး သွေးက နားထင်းဆီ ရောက်နေသည်။ ဘယ်ယောကျာ်းနဲ့မှ တွဲမမြင်ခံချင်တာ အခု အရှေ့တည့်တည့်မှာ ရယ်ရယ်မောမော ပြောနေကြတော့ အနီးရှိ အရာတစ်ခုခုကို ပစ်ခွဲလိုက်ချင်သည်။ မယ်လေးကိုလည်း အခြားယောကျာ်းတွေနဲ့ ပတ်သက်တာ

 မကြိုက်ပါဘူးဆို အပြတ်ပြောထားပြီးသား။ 

သူ့စကားကို မခန့်တာ။


''ခင်ဗျား စိတ်ပူစရာ မလိုဘူး၊ ကျုပ်တစ်ယောက်လုံး ရှိတယ်''


''ဟင် ခင်ဗျားက ဘယ်သူလဲ''


''ကျွန်မ မိတ်ဆွေပါ ''


''ဘာမိတ်ဆွေလဲ၊ မကြာခင် လက်ထပ်တော့မယ့်သူ ဆိုတာ သူသိအောင် တခါတည်း ပြောထားလိုက်လေ ခင်ဗျားရယ်''


''အို ရှင် ဘယ်လို ဖြစ်နေတာလဲ၊ ရှင့်ကို မယူဘူးလို့ အပြတ်ပြောထားပြီးသားဥစ္စာ''


''ခင်ဗျား ကျုပ့်ကို ခင်ဗျားအကောင်ရှေ့မှာ 

ငြင်းတယ်၊ ရတယ် အဟက် မဂ္ဂကို ဒါမျိုး

 လာလုပ်လို့ မရဘူး လာ တွေ့မယ် ခင်ဗျား ''


မယ်ယဥ်ကျေး လက်ကို အကြမ်းပတမ်းဆွဲကာ 

ကားပေါ်ခေါ်တင်၍ သူမအား ခဏခဏခေါ်သွားဖူးတဲ့ သူကိုယ်ပိုင်အိမ်ကို ခေါ်လာခဲ့သည်။ သူရဲ့ 

တဇွတ်ထိုး အကျင့်တွေ​ကြောင့် မယ်လေး သူ့အပေါ် အမြင်မကြည်တာ။


အခုလည်း မယ်ယဥ်ကျေး ကိုယ်လုံးသွယ်သွယ်လေးကို ပွေ့ချီကာ အခန်းထဲ အတင်းခေါ်လာသည်။ ရှိသမျှအားဖြင့် အတင်းရုန်းကန်ဖယ်နေသော်လည်း သူက မယ်လေးကို ဂရုပင်မစိုက်။ အိပ်ယာပေါ် 

မယ်လေးကို ပင့်တင်၍ သူပါ အုပ်မိုးလာကာ


''ခင်ဗျားကို ကျုပ် အရမ်းစိတ်ဆိုးတယ်၊ ဒါကို ခင်ဗျား သိလား''


''မသိဘူး၊ သိလည်း မသိချင်ဘူး၊ ဒီလိုအပြုအမူမျိုး ကျွန်မကို မလုပ်ပါနဲ့လို့ ဘယ်နှခါ ပြောရမှာလဲ''


''အဟက် အခုကတည်းက ဒီလိုကျင့်သားရအောင် ကျင့်ထား၊ အခုကစပြီး ကျုပ် ခင်ဗျားကို ခိုးပြေးလိုက်ပြီ၊ မနက်ဖြန်ဆို ခင်ဗျားက ကျုပ် မိန်းမ ဖြစ်တော့မှာ''


''ဟင် မရဘူး ရှင် ဒီလိုလုပ်လို့ မရဘူး၊ ကျွန်မ ဆုံးဖြတ်ချက်ကို ရှင် စောင့်ပါ့မယ်လို့ ကတိပေးထားတယ်လေ''


''မရတော့ဘူး၊ ကျုပ်မှ ဒီလို မလုပ်ရင် ခင်ဗျား 

ဟိုအကောင့်ဆီ ပါတော့မှာ''


''ရှင် ကျွန်မ့ကို အထင်သေးလှချည်လား၊ ကျွန်မကိုသာ ပြောနေတာ ၊ ရှင်ကရော ဟိုကလေးမကို 

စောင့်ရှောက်ပေးချင်လို့ ခေါ်လာတယ်ဆိုပြီး ကိုယ်ဖိရင်ဖိ ဂရုစိုက်ပေးတတ်တယ်နော်၊ အကျီတောင် ကိုယ်တိုင် ဝယ်ပေးအုံးမှာဆိုပဲ အဟက် ရယ်ရတယ်''


''ကျုပ်ကိုတပြန် ပြန်​ပြောမနေနဲ့ ကျုပ်က ယောကျ်ား ခင်ဗျားက မိန်းကလေးဗျ''


''ဘာမှ လာမပြောနဲ့၊ အိမ်ပြန်ပို့ပေး ''


''မပို့တော့ဘူး ခင်ဗျားကို ချစ်လို့ အပိုင်ခေါ်လာတာ၊ မဟုတ်ရင် ခင်ဗျားက အိုင်တင်ခံပြီး ကျုပ့်ကို ယူမှာ မဟုတ်ဘူး ''


''ဖယ်ပေး မယူဘူး အိမ်သွားမယ်''


''မပို့တော့ဘူး၊ ဒီနေ့ကစ ခင်ဗျားက ကျုပ့်အပိုင်''


''ဟင့်အင်း အဲ့လို မလုပ်ပါနဲ့ ၊ တောင်းပန်ပါတယ် အိမ်ပြန်ပို့ပေးပါ''


''လုံးဝ မပို့ဘူး၊ ခင်ဗျားကို ကျုပ့်ရင်ခွင်ထဲ တစ်သက်လုံး ခေါ်ထားတော့မယ်''


''ရှင် လူယုတ်မာ ဖြန်း👋''


မယ်ယဥ်ကျေး သူ့ကို စိတ်တိုစိတ်ဆိုးလွန်းလို့

 စိမ်းဖန်ဖန် ပါးပြင်ကို ဖြန်းခနဲ ရိုက်ချလိုက်တော့ သူက အံ့သြစွာ ကြောင်ကြည့်နေပြီး မယ်လေးကို လက်ပြန်ရွယ်လာရာ လန့်ပြီး မျက်စိအတင်းမှိတ်ထားမိသည်။ 


*သူက မယ်လေးကို ပြန်ရိုက်တာလား*


တခဏကြာတဲ့အထိ ဘာတုံ့ပြန်မှုမှ ရောက်မလာတော့ မျက်လုံးလေးကို ဖြည်းဖြည်း ဖွင့်ကြည့်လိုက်ရာ မယ်လေးကို သိမ်းငှက်တစ်ကောင်လို စူးစူးရဲရဲ ကြည့်နေတော့ လက်ကျန်ဒေါသတို့ဖြင့် အကြောက်တရားကို ခဏမေ့ထားကာ


''ရှင် ကျွန်မ့ကို ထိုးမှာ မဟုတ်ဘူးလား၊ ထိုးလေ ''


''ကျုပ့်ပါးကို ဘယ်သူမှ မရိုက်ဖူးဘူး ဆိုတာ ခင်ဗျား သိလား ၊ ထိုးမှာ ကျုပ် ခင်ဗျားကို သိပ်ကို ထိုးချင်နေတာ အေး လက်သီးနဲ့တော့ မထိုးဘူး၊ အခြားဟာနဲ့ ထိုးမှာ''


''ဟင် ရှင်''


ထိုစဥ် အခန်းလေးဟာ ရုတ်တရက် အမှောင်ကျသွားလေရဲ့။


❤❤


ဆက်ရန်

Shareခြင်းဖြင့် အားပေးပါ

#MonePannMyau


rate now: