ကမ်းပြိုအနမ်း
ဂျိန်း ဒလိန်း
မိုးခြိမ်းသံ လျှပ်စီးလက်သံတို့က ဇွန်လ၏မိုးရွာမှုကို ပံ့ပိုးထောက်ပံ့ကူညီနေကြသည်။ လူပြတ်သော တိုက်ပျက်ကြားတွင် ခိုက်ရန်ဖြစ်ပွားနေသော
လူတစ်စု အင်း တနည်းပြောရရင် လူခြောက်ကတစ်ဖွဲ့ လူ၁ယောက်တည်းက တစ်ဖွဲ့ ဆိုသလို
ပြောရမည်။ ထိုတစ်ဦးတစ်ယောက်တည်းသော လူရွယ်၏ မျက်နှာပေါ်တွင် ကြောက်ရွံတုန်လှုပ်နေသော အမှုအယာမျိုး တစ်စိုးတစိမျှမရှိ။
''ဟေ့ကောင် မဂ္ဂမိုးသောက် မင်းက တစ်ယောက်တည်းတော့ လာရဲသားပဲ၊
ငါက မင်း မလာရဲတော့ဘူး ထင်နေတာ ''
တစ်ရပ်ကွက်လုံးမှာ အမိုက်ဆုံး လူမိုက်လို့ သူ့ကိုယ်သူ ခံယူထားတဲ့ မင်းရဲက မဂ္ဂမိုးသောက်ကို ခနဲ့တော့ မဂ္ဂမိုးသောက်၏ နှုတ်ခမ်းတစ်ဖက်က အပေါ်ကို ညွှန့်တက်လာကာ
''ခွေးတွေက အုပ်စုလိုက် လာဟောင်ကြတော့လဲ ငါက ဆုံးမပေးချင်လို့ လာခဲ့တာ ၊ အေး မိုက်ချင်ရင် တစ်ကောင်တည်းမိုက် ဇမရှိပဲ အုပ်စုလိုက်မမိုက်ချင်စမ်းနဲ့ ခွေးသားတွေရဲ့''
''အဟက် မဂ္ဂမိုးသောက် မင်းက တော်တော်ကို ဇောင်းကြွနေတာပဲ အေ ခဏနေကျရင်လည်း ဒီလို ဆက်ဇောင်းကြွနေနိုင်အုံးမလား စောင့်ကြည့်ရသေးတာပေါ့''
မင်းရဲက မဂ္ဂမိုးသောက်အား ခနဲ့တဲ့တဲ့ပြောပြီးတာနဲ့တစ်ပြိုင်တည်း သူ့ဘော်ဒါအပေါင်းအသင်းတို့ကို အချက်ပြလိုက်တော့ သူ့နောက်ပါတစ်သိုက်က
မဂ္ဂမိုးသောက်ကို စပြီး တိုက်ခိုက်လေတော့သည်။
ခလွမ်း ဒုန်း ဂွမ်း
တစ်ယောက်ကိုတစ်ယောက် ထိုးကြိတ်သံတွေအဆုံး မိုးရွာထားသော မြေကြီးပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုန်း လဲကျကုန်လေသည်။ တစ်ယောက်တည်းသောသူကတော့ ခြစ်ရာတစ်စုံတစ်ရာမျှ မရှိပဲ ပုံနည်းနည်းပျက်နေသော ဆံပင်ကို ဘယ်ဘက်လက်ဖြင့် သပ်ချကာ
''ဘယ်လိုလဲ မင်းရဲ မင်းဆက်ဟောင်ချင်နေသေးတာလား''
မင်းရဲ တံတွေးတစ်ချက်မြိုချကာ မြေကြီးပေါ်က အကျနာနေကြတဲ့ ဘော်ဒါတို့ကို တစ်လှည့် မထိတထိ့ထိ လှောင်ပြောပြောနေသော မဂ္ဂမိုးသောက်အားတစ်လှည့် ကြည့်ကာ မျက်နှာက ပြိုတော့မယ့်မိုးလို ပျက်နေရှာသည်။
''မင်း ဒီကောင်တွေကို ဆေးခန်းအရင်ပို့လိုက်အုံး၊ ပြီးမှ ငါ့ကိုဆက်လာရှာ Okလား''
ပြုတ်ထွက်မတတ် ညိမ့်ပြနေသော ဦးခေါင်းကို ကြည့်ပြီး မဂ္ဂမိုးသောက်က သဘောကျစွာဖြင့်
''ဟားဟားး လူမိုက်ကြီးက ပုတ်သင်ညိုလေးကျလို့ ဟားး''
မဂ္ဂမိုးသောက် စကားကို မင်းရဲ မသိကျိုးကျွန်ပြုကာ အတုန်းအရုန်းလဲကျနေသော ဘော်ဒါတို့ကို ထမ်း၍ ဆေးရုံသို့ အပြေးတလွှား သွားရသည်။ မသိချင်ယောင်မဆောင်လို့လည်းမရ မဟုတ်ရင် မြေကြီးပေါ် အတုန်းအရုန်းလဲကျနေမည့် သူက ကိုယ် ဖြစ်နေလိမ့်မည်။
❤❤
နန်းငယ်ထား ဟုအမည်ရသော အသက်၄၃နှစ် အရွယ် အမျိုးသမီးသည် အသက်နှင့်မလိုက်အောင် ငယ်ရွယ်နုပျိုနေသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။
''ငယ် ''
''ရှင့် အကို''
''သမီးလေးရော ငယ်''
''ဆိုင်သွားနှင့်ပြီလေ အကို''
''အော် သမီးလေး မယ်ယဥ်ကျေးကလည်း အလုပ်များလိုက်တာ၊ တနေ့တနေ့ သမီးနဲ့ စကားပြောရဖို့အရေး ကြိုတင်Bookingယူထားရမလိုတောင် ဖြစ်နေပြီ မိန်းမရေ ဟားဟား''
ခွန်ခမ်းနောင် သမီးဖြစ်သူ မယ်ယဥ်ကျေး အလုပ်များလွန်းတာကို စစနောက်နောက်ဖြင့် ဇနီးအား ပြောလေတော့ နန်းငယ်ထားက ခင်ပွန်းဖြစ်သူကို မျက်စောင်းလေးမမည်သည့် အကြည့်မျိုးဖြင့်
''အကိုနော် သမီးတစ်ယောက်တည်း အလုပ်များတာ မဟုတ်ပါဘူး အကိုရော အလုပ်များတာပဲလေ၊ သားအဖ နှစ်ယောက်လုံး လိုက်လဲလိုက်ပါတယ် သမီးက သူ့ဖအေ အကျင့်အတိုင်း အလုပ်သရဲ''
''အော် ငယ်ရယ် ကိုယ်တို့ သမီးက အေးလဲအေး
ရိုးလဲရိုးတော့ ကိုယ်တို့က စိတ်ပူနေရတာမလား၊
ဒီအရွယ်လေးတွေဆို ပျော်ကြပါးကြဖို့ အကောင်းဆုံး အချိန်မလား၊ ကိုယ်တို့ သမီးလေးက ဆိုင်ကို
ဦးစီးဦးဆောင်လုပ်နိုင်နေပြီ ဒါကို ကိုယ်တို့က
ဂုဏ်ယူရမှာလေ မိန်းမရယ်''
''ဟုတ်ပါတယ် ဒါပေမယ့် သမီးက အနေအေးတော့ ဟို မတော်တရော်တွေနဲ့ တွေ့ရင် အို ငယ် ရင်လေးတယ် အကိုရယ်''
သမီးလေးကို အရမ်းချစ်တတ်တဲ့ ချစ်ဇနီးစိတ်ကို သိနှင့်နေတော့ စိုးရိမ်မကင်းဖြစ်နေရှာတဲ့ ငယ်ကိုယ်လုံးလေးကို ထွေးပိုက်ကာ
''သမီးက ကိုယ်တို့ ရင်ကို မခွဲလောက်ပါဘူး''
''ဟင့်အင်း အခုခေတ်က ယုံရတာ မဟုတ်ဘူး
အကိုရဲ့၊ သမီးလေးကို ငယ် စိတ်မချဘူး အကိုရယ်''
''ဒါဆို ငယ်က ဘယ်လိုလုပ်ချင်တာလဲ''
''ငယ်တို့ ကျောင်းတုန်းက ခင်ခဲ့တဲ့ ဧကရီကို သိတယ်မလား အကို၊ သူက ကိုရာဇာနဲ့ အကြောင်းပါပြီး သားတစ်ယောက်လည်း ရှိတယ်တဲ့''
''ဧကရီ ဆိုတာ မဂ္ဂကျောက်မျက်ရတနာကုမ္ပဏီ ဦးရာဇာရဲ့ ဇနီးကို ပြောတာလား''
''ဟုတ်တယ် အကို၊ ဧကရီက ငယ်ရဲ့ အရမ်းအချစ်ဆုံး သူငယ်ချင်း၊ ကျောင်းပြီးကတည်းက မတွေ့တော့တာ ခုမှ ပြန်တွေ့ကြတော့ စကားတွေ
အများကြီး ပြောဖြစ်တယ်၊ သူက သူ့မိသားစုအကြောင်းပြောရင်း သူ့မှာ သားတစ်ယောက် ရှိတာ သိလာတာ၊ သူနဲ့ တွေ့တုန်းက သမီးမယ်ယဥ်ကျေးပါ ရှိနေတာလေ၊ ဒါကို ဧကရီက သမီးလေးကို
အရမ်းလှကြောင်း ရိုးရိုးအေးအေး မျက်နှာအေးလေး ဆိုပြီး တဖွဖွ ချီးကျူးနေတာ အကိုရဲ့''
''အော်. .''
''ဒီနောက်ပိုင်း ဧကရီနဲ့ ဖုန်းတွေ ပြောဖြစ်တယ် ခဏခဏ တွေ့ဖြစ်တယ် အကိုရဲ့၊ သူက ကိုရာဇာနဲ့ ဆွေးနွေးပြီး ငယ်တို့သမီး မယ်ယဥ်ကျေးကို သူ့သားနဲ့ သဘောတူချင်တယ်တဲ့ ငယ့်ကို လှမ်းပြောပြောနေတာ၊ ငယ်က အကို့သဘော ဘယ်လိုရတယ် ဆိုတာ မသိတော့ စကားကျွံမှာ စိုးလို့ ဘာမှ ပြန်မပြောခဲ့ဘူး''
''ငယ်ကလည်း ကိုယ်တို့သမီးလေး သဘောကသာ အရေးပါတာပါ ၊ မိဘတွေ သဘောကျနေရုံနဲ့ မပြီးဘူးလေ၊ ပြီးတော့ ဒီကောင်လေးရဲ့ အကျင့်စရိုက် ကိုယ်ကျင့်တရား ဘာတစ်ခုမှ မသိရသေးပဲ သမီးလေးကို သူစိမ်းယောကျ်ားလေးလက်ထဲ မထည့်ပေးရက်ပါဘူးဗျာ''
သမီးလေးကို စိုးလည်းစိုးရိမ် နှမြောလည်းနှမြောနေတဲ့ ဖအေကို ကြည့်ပြီး နန်းငယ်ထား ခင်ပွန်းကို အပြစ်ဟူ၍ မမြင်ရက်ပေ။ သမီးလေးမယ်ယဥ်ကျေးကို ဘယ်လောက် ချစ်သလဲ ဆိုတာ သူမကအသိဆုံးမလား။
''ဟုတ်ပါတယ် ငယ်က သမီးကို ဖွင့်ပြောပြီး
ဟိုကောင်လေးကိုလဲ သမီးကို အကဲခတ်စေချင်တယ်၊ ဘာပဲပြောပြော အကိုရယ် ငယ်ကတော့လေ အခြားသူတွေထက်စာရင် ဧကရီသားလေးနဲ့တော့ အရမ်းသဘောတူတာပဲ''
''ဒါဆိုငယ်က သူတို့သားကို တွေ့ဖူးလို့လား''
''အပြင်မှာတော့ မတွေ့ဖူးဘူး ဧကရီကတော့ ဓာတ်ပုံပြတယ် အင်း မဆိုးဘူး အကိုရဲ့၊ ရုပ်ရည်က
ယောကျ်ားပီသပြီး ကြည့်လိုက်ရင် အရှိန်အဝါရှိနေသလိုလိုလေ''
''အင်းပါ ငယ်ရယ် ဘာပဲလုပ်လုပ် သမီးဆန္ဒကို
မေးပြီးမှ စီစဥ်ပါ၊ ငါ့မိန်းမလေးက ဒီလောက်တောင် သဘောတူနေမှတော့ ကိုယ်လည်း ဒီကောင်လေးကို တွေ့မြင်ဖူးချင်သား ဒါနဲ့ ဒီကောင်လေးရဲ့ နာမည်က..''
''မဂ္ဂမိုးသောက် တဲ့...''
❤❤❤
''ဒီတော့ မင်းက ငါတို့ကိုတောင် မပြောပဲ တစ်ယောက်တည်း သွားချလာတယ် ဆိုပါတော့''
COIN BAR ကိုတော့ လူကုံထံတွေသာ ထိုင်နိုင်သည့် Barဖြစ်တာကြောင့် ဆူဆူပူပူတွေ မရှိ။ ဒီတိုင်း
သူ့အဝိုင်းနှင့်သူ အေးအေးဆေးဆေး နေနေကြသည်။ ဒါကြောင့်လည်း မဂ္ဂမိုးသောက်တို့ သူငယ်ချင်းတွေ Barထိုင်ပြီဆို Coin Barကိုသာ
ရွေးထိုင်ကြသည်။ Relaxဖြစ်တာကြောင့်ရော Barပိုင်ရှင် ကိုမိုးတို့က မဂ္ဂမိုးသောက်တို့အသိ
ဖြစ်တာကြောင့်ရော Ethicရှိတာကြောင့်ပေါ့။
Lucasက မနေ့ညက မင်းရဲနဲ့ ရန်ပွဲဖြစ်ခဲ့ရာတွင်
သူပါ မပါရတာကြောင့် မဂ္ဂမိုးသောက်ကို မကြည်သလို ပြောလေသည်။
''မင်းရဲလိုကောင်မျိုးကို ငါက မင်းတို့ကိုပါခေါ်ပြီး သွားချရအုံးမှာလား သိက္ခာကျတယ် ဟေ့ကောင်''
''အေးလေ Lucas မဂ္ဂက ရန်ပွဲတွေ စိန်ခေါ်လာပြီဆိုရင် ငါတို့အဖွဲ့က ဘယ်သူ့ကိုများ ခေါ်သွားဖူးလို့လဲ၊ ပြီးတော့ သူမနိုင်ပဲ ဘယ်တုန်းကများ ပြန်မလာဖူးတာ ရှိလို့လဲ''
ဟန်မင်းစျာန်ပါ အရှေ့က Whiskyတစ်ခွက်ကို
မော့ချကာ ပြောလေတော့
''အေးလေ မဂ္ဂက ငါ့ကို မခေါ်သွားလို့လေ''
''ခေါ်သွားရအောင် မူကြိုသွားတာ မဟုတ်ဘူး Lucas ''
''နောက်တစ်ခါ ငါ့ကို ခေါ်လို့ ပြောတာ''
မဂ္ဂမိုးသောက် Whiskyကို ရေမရောပဲတစ်ခွက်လုံး မော့သောက်ပြီးတော့မှ Lucasမျက်နှာကို တည့်တည့်ကြည့်၍
'' မ ခေါ် သွား ဘူး.. ''
'' *ီး ''
ငယ်ပေါင်းတွေမို့ အချင်းချင်း ပယ်ပယ်နယ်နယ်
ဆဲတာကို ဗွေမယူ အမှတ်မထားတော့။ တစ်ဖွဲ့လုံးမှာ Lucasက အဆဲသန်ဆုံး။
"ဒါနဲ့ မဂ္ဂ မင်းကို မင်းရဲ့ မာမီကြီးက ခြေငြိမ်အောင် မိန်းမ ပေးစားတော့မှာဆို''
ဟန်ထူးစျာန်က နေ့လည်က မဂ္ဂမိုးသောက်အား
သူ့အိမ်တွင် ဝင်ခေါ်တော့ မဂ္ဂရဲ့မာမီကြီး ဒေါ်ဧကရီနဲ့ စကားစမြည် ပြောနေခိုက် မဂ္ဂကို မိန်းမ ပေးစားမည်ဖြစ်ကြောင်း ၊ ထိုမိန်းကလေးက မည်မျှ
လှကြောင်း၊ သူ့သားမြင်ရင် အရမ်းကို သဘောကျသွားမည်ဖြစ်ကြောင်း မဂ္ဂမိုးသောက်နဲ့ သဘောတူပေးစားမည့်မိန်းကလေးအကြောင်း အမွှန်းတင်ပြောဆိုနေတော့ ကိုယ်ပါ ထိုမိန်းကလေးကို တွေ့ဖူးချင်လာရသည်။ ဒါကို ကိုယ်တော်ချော
မဂ္ဂမိုးသောက်က အပိုတွေ ဆိုတဲ့ မျက်နှာထားဖြင့် ပြန်မပြောနားမထောင် လုပ်နေလေသည်။
''အင်း ''
''မင်းက ငြိမ်လှချည်လား မင်းပုံစံက ဒီလို မဟုတ်ပါဘူး မင်း မလိုချင်ရင် သိကြားမင်း ဆင်းပေးစားရင်တောင် သိကြားမင်းကိုနရင်းအုပ်လွှတ်မဲ့ရုပ်မျိုးလေ၊ အခု မင်းမားသားကြီး စီစဥ်တာကို ဘာမှ
ဝင်မပြောဘူး ဆိုတော့ ဘာလဲ ဟေ့ကောင် ''
''ဘာမှ မဟုတ်ဘူး ''
''ဟေ့ကောင် ငါတို့က ငယ်ပေါင်းတွေနော် လာမရွှီးနဲ့ ပြော ''
''ဘာကိုလဲ ငါ လက်ခံတယ်လို့လဲ မပြောထားဘူးလေ''
''မင်း ငြင်းလဲ မငြင်းထားဘူးမလား ပြော တကယ့် အကြောင်းပြချက်''
ဟန်ထူးစျာန်ရော Lucasပါ တရားခံစစ်သလို စစ်နေတော့ မဂ္ဂမိုးသောက် မျက်ခုံးတဖက်မြင့်တက်လာကာ သက်ပြင်းတချက်မှုတ်ထုတ်၍
''ဓာတ်ပုံ မြင်ဖူးတယ်''
မဂ္ဂမိုးသောက် စကားကို ရိုးရိုးရှင်းရှင်းလေးသာ ပြောသွားပေမယ့် ဟန်ထူးစျာန်ရော Lucasပါ တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
''ဟျောင့် မင်း ကြွေသွားတာလို့တော့ မပြောနဲ့နော်''
''ကြွေစရာလား''
''မင်း တကယ်မထိပဲနဲ့တော့ လက်ခံမှာမဟုတ်ဘူး၊ မင်း တကယ် Heartထိသွားတာမလား''
''ဟေ့ကောင်တွေ မင်းတို့ တော်တော် စပ်စုတာပဲ''
''ဘာမှ စကားလမ်းမလွဲနဲ့ ဖြေ ''
''ကျစ် ဓာတ်ပုံထဲမှာတော့ ရိုးရိုးအေးအေးလေးကွ ဆံပင်အရှည်ကြီး ရင်ဖုံးဝမ်းဆက်တွေပဲ ဝတ်တာတဲ့၊ ပြီးတော့ မျက်နှာလေးက ကြည်နေတာပဲ၊ အားလုံး ခြုံကြည့်ရရင် အဆင်ပြေတယ်လို့ ပြောရမှာပဲ''
''အဆင်ပြေရုံနဲ့ မင်း အဲ့လောက်မညွှန်းဘူးကွ၊ ဓာတ်ပုံ မြင်ရုံနဲ့ မင်း ဒီလို ဖြစ်နေရင် အပြင်မှာသာ အတောင့်လိုက်ကြီး မြင်ရရင်တော့ မင်း ဆေးမှီတော့မှာ မဟုတ်ဘူး ''
''ကျစ် အဲ့လောက်ထိတော့ မဟုတ်ပါဘူးကွာ မင်းတို့ကလဲ''
''ဒါနဲ့ သူလေးနာမည်က..''
Lucasက သူမ နာမည်ထမေးတော့ မဂ္ဂမိုးသောက် နှုတ်ခမ်းလေး မသိမသာ ကွေးသွားကာ
'' မ ယ် ယ ဥ် ကျေး တဲ့..''
''နာမည်လေးကပါ နန်းဆန်နေတော့ မဂ္ဂမိုးသောက်တို့ ရူးရင်လည်း ရူးလောက်ပါပေတယ်ကွာ''
Lucasအပြောကို မဂ္ဂမိုးသောက် ငြင်းလဲ မငြင်းသလို၊ လက်လဲ လက်မခံ။ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ့်ပါးစပ်က
ဒီလို အမွှန်းတင်ပြောမိတာ ဘဝမှာ ဒီတစ်ခါဦးဆုံး။ အပြင်မှာ တွေ့ဖူးသွားရင်ရော ဒီမိန်းကလေးကိုများ....
❤❤
ဆက်ရန်