book

Index 9

~~ Part-( 9 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


""ရော! မုန့်စား...ပြီးရင်ဆေးသောက်ရမယ်""


"".....""


""စားလေ...ကိုယ့်ကိုဘာလို့ကြည့်နေတာလဲ""


တကယ်ကို ပြောသမျှ လုပ်သမျှ မျက်လုံးအဝိုင်းသားနဲ့လိုက်ကြည့်နေတဲ့ ကလေးမကို မောင်ကလည်း မျက်လုံးချင်းဆုံကာ ပြန်စိုက်ကြည့်လေမှ မျက်လွှာလေးချကာ ခေါင်းငုံ့သွားလေ၏။'ချစ်တယ်'ဆိုတဲ့စကားကို ဖွင့်ပြောမိပါမှ အဖြေမပေးတဲ့အပြင် စကားသံတစ်လုံးမှတောင် ထွက်မလာတော့ ဖွင့်ပြောတဲ့သူမှာ ပျော်ရမလို ဝမ်းနည်းရမလိုပင်...။နေဦး! ခုနကအထိအကောင်းပါ...အခုမှဘာတွေတွေးပြီး ဘယ်လိုတောင် တိတ်ဆိတ်နေရပါလိမ့်!


""ကလေး! ဘာလို့ငြိမ်နေတာလဲ?

နေမကောင်းလို့လား...စကားလေးနည်းနည်းပြောပါဦး""


""ပိုးမှာ ပြောစရာမရှိပါဘူး""


""အင်း! မရှိရင်လည်းမပြောနဲ့

မင်းလေး သဘော...ဟုတ်ပြီလား

ကဲ! မုန့်ကို ကုန်အောင်စား...ဒီမုန့်မကုန်ရင်အိမ်ပြန်မပို့ဘူးနော်""


အိမ်ပြန်မပို့ဘူးဆိုသည်နှင့် မုန့်ပန်းကန်ဆီ ချက်ချင်းလက်လှမ်းလိုက်တဲ့ သူမ...။တကယ်ပါပဲ..ဒီကောင်မလေးကြည့်ရတာ မေတော်ဝင်အပေါ် တော်တော့်ကို သံယောဇဥ်ကြီးပုံပါ။ အမြဲတမ်းပဲ 'မမ'ဆိုတဲ့နာမ်စားကို ပါးစပ်ဖျားကမချအောင် ပြောနေတတ်တာ သူလည်းအသိ။ ဒီကလေးအပေါ်လွှမ်းမိုးမှု ကြီးမားနေတဲ့ မေတော်ဝင်ရဲ့အရိပ်ကို ပယ်ဖျက်ဖို့ကတော့ ခက်ခဲမှာအမှန်ပါ။ 


""မင်းနဲ့ မေတော်ဝင်ကဘယ်လိုပတ်သက်တာလဲ

ကိုယ့်ကိုသေချာပြောပြပါလား""


""ပိုး တို့ကညီအစ်မတွေလေ...

မေတော်ဝင်က ပိုးရဲ့မမ""


""မရိုးရှင်းတာတစ်ခုခုတော့ရှိသေးတယ် မဟုတ်လား? သူ့ကြည့်ရတာ မင်းကို...""


""မမနဲ့ပိုးက အမမေတူဘူး...

ဖေဖေကတော့ တစ်ယောက်တည်း...""


""သြော်!""


ထင်ထားသည့်အတိုင်းပါပဲ။ ဒါကြောင့် မေတော်ဝင်ကဒီကလေးအပေါ် လိုလားချစ်ခင်ဟန်မပြတာလေ...


""မင်းက ဘယ်လိုကြောင့်အဲ့ဒီ့မှာနေတာလဲ

ပတ်သက်မှုအရက မင်းအဲ့ဒီ့မှာနေဖို့အဆင်မပြေလောက်ဘူး""


""တခြားနေရာ? ပိုးမှာ မမအိမ်အပြင်တခြားနေရာဆိုတာမရှိဘူး...ဆွေမျိုးလည်းမရှိဘူး...သွေးသားအရင်းချာဆိုလို့ မမတစ်ယောက်ပဲရှိတာ""


""သြော်! ကလေးရယ်

ဒါကြောင့် မင်းအဲ့ဒီ့အိမ်မှာ အဖိနှိပ်ခံပြီးနေ နေရတာလား?""


""အဲ့လိုလည်းမဟုတ်ပါဘူး

ပိုး ငယ်ကတည်းက အဲ့မှာနေတာလေ...

အခြေအနေအားလုံးက ပုံမှန်ပဲ...အဆင်ပြေပါတယ်""


""မင်း အဲ့ဒီမှာဘယ်လိုပုံစံနဲ့နေရလဲဆိုတာ

ကိုယ်အခုတစ်ခါကို ကြည့်ရုံနဲ့သိတယ်...အရင်တစ်ခါက မင်း ငိုနေခဲ့တာလည်း သူ့ကြောင့်ပဲမဟုတ်လား...""


""မမက ပိုးအပေါ်နည်းနည်းလေးအမြင်မကြည်တာ ပုံမှန်ပါပဲ အကိုရယ်...ဖေဖေက ပိုးနဲ့မေမေ့ကိုရွေးချယ်ပြီး အရင်အိမ်ထောင်ကိုဖြိုခွဲခဲ့တာ...ပိုးအသက်၄နှစ်မှာ မေမေဆုံးပြီးတဲ့နောက် ဖေဖေနဲ့ပဲနေရတယ် နောက်ပိုင်းဖေဖေလည်းကျန်းမာရေးချို့တဲ့လာတော့ ပိုးကိုလက်ဆွဲလို့ အရင်ဇနီးအိမ်ကိုပြန်ပြီး အဲ့ဒီမှာပဲ ပိုးကိုအပ်ထားခဲ့တာ...တကယ်ဆို အဲ့ဒီအိမ်မှာ နေခွင့်ရတာပဲ ပိုး ကံကောင်းတယ် ပြောရမယ်""


""အပ်ထားပြီး မင်းအဖေကဘယ်ရောက်သွားလဲ""


""မရှိတော့ဘူး...သေသွားပြီ

ပိုး အဲ့ဒီ့အိမ်ရောက်ပြီး မကြာခင်ပဲ""


""ကဲပါ! ကိုယ်အများကြီးမေးမိပြီ

ဒါတွေ ထားလိုက်တော့""


မေးမိပြီးမှပဲ သူမလေးအတွက် စိတ်မကောင်းစရာအတိတ်ဖြစ်နေတာမို့ ဆက်မပြောစေလိုတော့ပါ။ သနားလိုက်တာ...သနားစရာကောင်းလိုက်တာ...

မင်းရဲ့ငယ်ဘဝလေးမှာလည်း နာကျင်စရာတွေများခဲ့ပါလား...။မေတော်ဝင်ဘက်မှာလည်း သူမထက် မလျော့သော ဒဏ်ရာတွေရှိခဲ့မှာပါ...သို့ပေမယ့် ဒါတွေအားလုံးဟာ ဒီကလေးနဲ့ ဘာများသက်ဆိုင်လို့ပါလဲ? မိဘတွေကြောင့်ဖြစ်ခဲ့တဲ့ ပြသာနာမှာ အမုန်းရန်ငြိုးတွေရဲ့ ပစ်မှတ်အဖြစ် ဒီကလေးကိုပဲ ဦးတည်နေတာ ဖြစ်သင့်တဲ့အကြောင်းတရားမှမဟုတ်ဘဲလေ...


သူမကတော့ သူ့ဘာသူ ပြောပြီးမှပဲ မောသွား၍လားမသိ ရှေ့မှ orange juiceခွက်ကို ကောက်မော့ကာ မုန့်ပဲဆက်စားနေလေ၏။ မောင်လည်း မှန်စားပွဲလေးထက် လက်ထောက်ကာ သူမမျက်နှာလေးကိုပဲ ငေးကြည့်နေမိပြန်သည်။ ဒီလိုကြည့်နေလည်း သူမကတော့ ဂရုမစိုက်ပါ။ မုန့်စားရင်း ဟိုဘက်ဒီဘက်သို့ လိုက်ငေးနေလေ၏။


""မင်း ဒီလိုနေရာတွေကို တခါမှမလာဘူးလား""


""မမ shoppingထွက်ရင်တော့ တခါတလေလိုက်ရပါတယ်...သီးသန့်တော့ တစ်ယောက်တည်းမလာဖူးဘူး""


""နောက်ဆို မင်းသွားချင်ရင် ကိုယ့်ကိုပြောနော်

ဘယ်နေရာမဆို ကိုယ်လိုက်ပို့မယ်""


""ကျေးဇူးပါရှင်...ပိုးက အိမ်မှာနေရတာပဲကြိုက်ပါတယ်""


""📲📲📲📲""


သူမနဲ့စကားပြောနေရင်းမှ ရုတ်တရက်ဖုန်းဝင်လာသံကြောင့် contact listကိုကြည့်မိတော့ Mayတဲ့! ဘာများပြောစရာရှိလို့ပါလိမ့်! မနက်ကကိစ္စကြောင့် မောင် တော်တော်ဒေါသထွက်ခဲ့တာပါ

ဒါကြောင့်  သူမကိုလက်ခံစကားပြောချင်စိတ်လည်းမရှိသည်မို့...ဖုန်းကိုချရန်ပြင်လိုက်စဥ်..


""အကို! မမတဲ့...မမဆက်တာ

ပိုးကို မေးမလို့ထင်တယ်""


ဘေးနားက အသံလေးကြောင့် မောင် သူမကိုပြန်ကြည့်လိုက်ပြီး...


""ပြောစေချင်လို့လား""


""အင်း!""


""Ok!လေ""


ကိုယ်က မပြောချင်သော်လည်း မလွန်ဆန်လိုတဲ့ ခပ်ပျော့ပျော့ အမိန့်စကားလေးကြောင့် ဖုန်းကိုဖွင့်ကိုင်လိုက်ပါသည်။ တစ်ဖက်က ကြားလိုက်ရသည်ကတော့ 'တအင့်အင့်'ရှိုက်ငိုနေသံဖြစ်တာမို့ 'မောင်'ရုတ်တရက်တော့ အံ့သြသွားရပြီး


""ဘာပြောစရာရှိလို့လဲ မေတော်ဝင်""


"".....""


""ဟုတ်တယ်...သူ့ကို ငါခေါ်ထားတယ်

ဘာပြသာနာရှိလို့လဲ?""


"".......""


""မလိုပါဘူး...ပြောစရာရှိရင် ငါ့ကိုပြော""


""......""


""ပြန်မလွှတ်ဘူး...လောလောဆယ် ငါပဲခေါ်ထားမယ်...သူ့ဒဏ်ရာသက်သာတဲ့အထိ""


ထိုစကားကို ပြောလိုက်ချိန်မှာတော့ ဘေးနားက ကလေးမမှာ ခေါင်းလေးဆတ်ခနဲထောင်လာပြီး မျက်လုံးပြူးလေးနဲ့ကြည့်လေ၏။ မောင်ကတော့ သူမဘက်ကိုလှည့်ကာပြုံးပြလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေး၌ ပေကျံနေသည့် creamစလေးအား လက်ဖြင့် ဖွဖွလှမ်းသုတ်ပေးလိုက်ပြီးမှ...သူမအနားလေးသို့ တိုးကပ်ကာ ခပ်တိုးတိုးလေးလှမ်းပြောလိုက်သည်က...


""ကိုယ်တကယ်ပြောနေတာနော်"" 


""......""


""မင်းနဲ့ပြောချင်တယ်တဲ့""


ဖုန်းလေးလှမ်းပေးလိုက်တော့ သူမက အလိုက်သင့်လေးလှမ်းယူလိုက်ပြီး နားထောင်နေလေ၏။တော်တော်ကြာသည်အထိ ဘာစကားမှပြန်မပြောဘဲ နားထောင်နေရုံသက်သက်။ ပြီးတော့ တဖြေးဖြေးနဲ့ သူမမျက်ဝန်းထဲ၌မျက်ရည်ကြည်လေးတွေရစ်ဝိုင်းလာကာ ပေါက်ခနဲဆို မျက်ရည်တစ်စက်ကကြွေလွင့်သွားတာမို့ မောင် သူမလက်ထဲက ဖုန်းကို လှမ်းယူလိုက်ပြီး ပိတ်ပစ်လိုက်သည်။ နေပါဦး! ဟိုဘက်ကဘာတွေပြောလိုက်လို့ ဒီလိုဖြစ်သွားရပြန်တာလဲ??


""အကို! ပြန်ချင်တယ်

မမဆီပြန်မယ်လို့""


တောင်းဆိုသည့်လေသံလေးနဲ့ ပြောလာတာကြောင့် မောင် မငြင်းရက်ပါ။ ဒါပေမယ့် သူမကို အဲ့ဒီ့အိမ်ပြန်ပို့ရမှာလည်း သိပ်ပြီးစိတ်မချသလိုနှယ်။ အရင်က သူမတို့အိမ်တွင်းရေးကိစ္စတွေကြောင့် အဆင်မပြေရသည့်ကြားထဲ အခုဆို ဒီမီးစထဲ ထပ်ဝင်လာမည့် လောင်စာက 'မြတ်သောမောင်'ဆိုတဲ့ သူဖြစ်နေခဲ့ပါလျှင်... ခက်ချေပြီပေါ့။ ကိုယ့်ကြောင့်ပဲ အခုပြသာနာက စခဲ့တာမဟုတ်လား...


""မင်းကိုသူကဘာပြောလိုက်လဲ""


""မမက ပြန်လာခဲ့တဲ့""


""မင်းဆန္ဒကဘာလဲ?

ကိုယ့်ဆီမှာနေမယ်ဆို မင်းဘယ်မှသွားဖို့မလိုဘူး

ကိုယ်တကယ် ခေါ်ထားမှာ...

တကယ်လို့ မင်းသူ့ဆီပြန်ချင်ရင်...""


""ပြန်ချင်တယ်

ပိုးရဲ့အိမ်ပဲကို ကျိန်းသေပြန်ရမှာပေါ့...ပိုးနဲ့ အကိုကဘာမှလည်း မပတ်သက်ပဲနဲ့ ဘာလို့အကို့ဆီလိုက်နေရမှာလဲ...ပြီးတော့ မမက ပိုးကိုတောင်းပန်နေတယ်""


ဘာပဲဆက်ပြောပြော သူမရဲ့ရွေးချယ်မှုက မေတော်ဝင်ဆိုတာ မမှားတဲ့ အဖြေ။ ဟုတ်ပါတယ် မင်းရဲ့အိမ်ပဲလေ...မင်းပြန်သင့်တာပေါ့။ပြန်ရမှာပေါ့။ကိုယ်ကသာ အပိုတွေလိုက်တွေးနေမိတာ။ ဒီလိုပဲ ချစ်တဲ့စိတ်က လူကို ကယောင်ခြောက်ခြားဖြစ်စေတတ်တယ်ထင်ပါရဲ့။ ကိုယ်မပိုင်တဲ့သူကို အနားမှာဆွဲခေါ်ထားဖို့ကြိုးစားနေမိခြင်းမှာ ရေရာတဲ့အကြောင်းတရားမရှိ။ကိုယ်ကချစ်ပေမယ့် ကိုယ့်ချစ်သူလည်းမဟုတ်သေးပြန်ဘူးလေ..။ တစ်ဖက်ကမှ သူမရဲ့ ဆိုင်သူ...သွေးသားဖြစ်တဲ့ သူ့အမ...။ဒါကို ဖြတ်တောက်ပိုင်ခွင့်မှ သူ့မှာမရှိဘဲ။ တကယ်ဆို ကိုယ်ဟာ အပြင်လူသက်သက်ပဲလေ..။ မင်းမှန်တယ် ကောင်မလေး...


"ဟုတ်ပြီလေ...မင်းရဲ့သဘောပါ""


~~~~💞💞💞💞~~~~


ဧည့်ခန်းထဲရှိထိုင်ခုံပေါ်၌ ခြေချိတ်လျက် လက်ကိုပိုက်ကာ ထိုင်နေရင်းမှ နာရီဆီတစ်ချက်လှမ်းကြည့်လိုက်မိ၏။ ဖုန်းဆက်ထားတဲ့ အချိန်အရဆို အခုနေ ပြန်ရောက်သင့်ပြီပေါ့။အသေအချာကို dramaခင်းပြလိုက်တာမို့ နဂိုကတည်းက စိတ်ပျော့လွန်းတဲ့ ငနုံမလေးပိုးရတုက ချက်ချင်းကို အိမ်ပြန်ပြေးလာတော့မယ်ဆိုတာ မေ ကြိုတင်မှန်းဆထားပြီးသားပါ။ အဲ့ဒီ့ကောင်မလေးက ပျော့ညံ့တယ်၊ အယုံလွယ်တယ် ၊ရိုးအ တယ်...အဲ့ဒီ့လိုအားနည်းချက်တွကို သိထားတဲ့ မေ့အတွက်ကတော့ အခွင့်အရေးယူဖို့သိပ်လွယ်တာပေါ့...။


ဟော! ခြံရှေ့မှာ ကားရပ်သံကြားလိုက်ရပြီမို့ မေ နှုတ်ခမ်းလှလှလေးအား တွန့်ကွေးကာပြုံးလိုက်ပြီးမှ ချက်ချင်းကိုအမူအရာပြောင်းလိုက်ရင်း နေရာမှထရပ်ကာ အပြင်ဘက်ထွက်လာခဲ့၏။


""မမ!""


ကားပေါ်က ဆင်းပြီးသည်နှင့် ချက်ချင်းကို မေ့ဆီပြေးလာကာ ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လာသော ပိုးရတုအား မေလည်း အလိုက်သင့်ပြန်ဖက်လိုက်ပြီး


""ညီမလေး""


""ရှင်! မမ...တခါမှ ပိုးကို ညီမလေးလို့မခေါ်ဖူးဘူးနော်""


""မမ အရင်က ညီမလေးအပေါ် အများကြီးလျစ်လျူရှုခဲ့မိတာ...မနက်ကလုပ်ရပ်ကြောင့် မမ အများကြီး နောင်တရခဲ့တယ်...မမ တကယ်တောင်းပန်ပါတယ် မမကိုခွင့်လွှတ်နော်""


""ဟင့်အင်း! မဟုတ်တာ

 တောင်းပန်စရာမလိုပါဘူး...မမရယ်

ညီမလေးက မမကိုတခါမှစိတ်မဆိုးခဲ့ပါဘူး မမစိတ်မကောင်းမဖြစ်နဲ့နော်""


စကားတပြောပြောနှင့် နှစ်ယောက်သားအပြန်အလှန်ပွေ့ဖက်နေကြသော မိန်းကလေးနှစ်ယောက်အား မောင် ရပ်ပြီး ငေးကြည့်နေမိပါ၏။ သူတို့နှစ်ယောက် တကယ်ပဲအဆင်ပြေသွားတာလား...။ဒီကိစ္စ ဒီလောက်တောင်ပဲ လွယ်လွယ်ကူကူပြီးသွားပြီပေါ့...။ဒါဆိုလည်း ကောင်းတာပါပဲ...


""ပိုး အိမ်ထဲဝင်တော့""


""ဟုတ် မမ""


မေက ပြောလိုက်သည်နှင့် နောက်ကလူကိုတောင် တစ်ချက်လှည့်ကြည့်ဖော်မရဘဲ အိမ်ထဲပြေးဝင်သွားလေတဲ့ သူမ...။တကယ့်ကို မေတော်ဝင်ကတစ်ခွန်းဆိုတစ်ခွန်း တသွေမတိမ်းလိုက်နာတတ်နေတာ ခေါက်ရိုးကျိုးနေတဲ့ အကျင့်တစ်ခုပါပဲလား။ 


""မောင်...ပိုးကို ကူညီပေးတာကျေးဇူးနော်

မနက်က မေ တမင်ရည်ရွယ်ပြီးလုပ်လိုက်တာမဟုတ်ပါဘူး...ပြီးတော့ မေလည်းဒီကိစ္စအတွက်စိတ်မကောင်းပါဘူး မောင်ရယ်""


""ရပါတယ် သူ့ကိုကူညီတာက ငါ့ဆန္ဒသက်သက်ပါ

ကျေးဇူးတင်ဖို့မလိုဘူး...သူက မင်းအပေါ်သိပ်ခင်တွယ်တာ...နောက်ဆို သူ့ကိုဂရုတစိုက်လေးဆက်ဆံပေးပါ...ဒီလိုမျိုးဒဏ်ရာရအောင်ထပ်မလုပ်နဲ့""


ထိုစကားကြောင့် မေ ခပ်မဲ့မဲ့လေးသာတစ်ချက်ပြုံးလိုက်ပေမယ့် ခေါင်းကိုတော့ငြိမ့်ပြလိုက်ပါသည်။

အမိန့်ပေးတာလား...မောင်

မောင် သူနဲ့ပတ်သက်ပြီး အထိမခံလေလေ...ကျမကလည်း ပိုပြီး ထိချင်လေလေပဲ...

ဒဏ်ရာလား...?

ဟင်း! မဖြစ်စေရပါဘူး မောင်ရယ်...

မောင် တန်ဖိုးထားနေတဲ့ ရတနာလေးကို ဆူးခြစ်ရာလေးတောင်မထင်အောင် ကျမစောင့်ရှောက်ပါ့မယ်... မောင် သူ့ကို လက်လွှတ်ပေးနိုင်ခဲ့မယ်ဆိုရင်ပေါ့...ဒီလိုမှမဟုတ်ဘဲ မောင့်ဘက်ကရှေ့ဆက်တိုးရင်တော့ ကျမကလည်း အာမခံချက်တွေ မပေးနိုင်ပါရှင်...


""ဟား! ဟား!""


အတွေးရိုင်းတို့ဖြင့် မေတစ်ယောက်ထဲ ပန်းပင်လေးတွေကိုကြည့်ကာ အဓိပ္ပာယ်မဲ့ ရယ်မောလိုက်မိသည်။ မောင်ကတော့ နားမလည်သလိုကြည့်ကာ ဘာစကားမှဆက်မပြောဘဲ ထွက်သွားလေ၏။ 


သွားလိုက်...မောင်!

နောက်တစ်ခါ ပိုးရတုရဲ့ရှေ့ကိုလုံးဝပေါ်မလာခဲ့နဲ့

ရှင်တို့နှစ်ယောက်ကို အတူတွေ့ခဲ့ရရင် ကျမရဲ့သည်းခံစိတ်တွေ ဂိတ်ဆုံး ဒီဂရီရောက်သွားလိမ့်မယ်...။မောင်က ကျမ ပိုင်ကိုပိုင်ရမယ့် သတ်မှတ်ချက်ပဲ...ဒါကြောင့် ကျမကပဲ မောင့်ရဲ့လက်တွဲဖော်ဖြစ်ရမယ် မောင်...


ကျိန်းသေ...ကျမ တစ်ယောက်ပဲ...။


~~~~💞💞💞💞~~~~


ထိုနေ့ကစလို့ မေ့ရဲ့ ပရိယာယ်လှည့်စားမှုအောက်မှာ ပိုးရတုတစ်ယောက် အပျော်ကြီးပျော်နေခဲ့ပါ၏။ တချိန်လုံး 'မမ' 'မမ'နဲ့ တစာစာအော်ကာ အနားကိုလည်း တွယ်ကပ်နေလိုက်တာများ ကော်နဲ့ကပ်သလိုပင်။ တကယ်တော့ ငယ်စဥ်ကတည်းက မေ သူမနဲ့အခုလိုနီးနီးကပ်ကပ်မနေခဲ့ဖူးပါ။ အခုလိုက သူ့အတွက် သူနေချင်တဲ့ပုံစံများဖြစ်နေလေသလားမသိ။ မေ့အတွက်ကတော့ နေသားမကျတာအမှန်ပင်။သို့သော် ဒီလိုသိမ်းသွင်းထားသည့်အတွက် သူမ မောင့်ဆီအာရုံမရောက်နိုင်ခြင်းက မေလိုချင်တဲ့ target!!


""မမရေ...""


""ဟင်...ဘာလဲ""


""ဒီမှာ...မမအတွက် ကော်ဖီ""


""အင်း ကျေးဇူးနော်

ပိုး ဒီမှာ ခဏထိုင်ဦး""


""ဟုတ် မမ""


""လက်က ဒဏ်ရာသက်သာရဲ့လား""


""ဟုတ်...သက်သာတယ်

ဘာမှမဖြစ်တော့ဘူး""


""ပိုး ဆီကို မောင်ဆက်သွယ်လာသေးလား""


""ဖုန်းတော့ ခဏခဏဆက်နေတယ်

ပိုး မဖြေဘူး""


ဒီလိုဖြေတော့ မမမျက်နှာမှာ ကျေနပ်ပြုံးတို့ထင်ဟပ်သွားတာ ပိုးတွေ့ပါသည်။ အစကတည်းကလည်း ပိုး သူ့ကို မမနဲ့ယှဥ်ယူဖို့ မစဥ်းစားခဲ့ပါဘူး မမရယ်...မမ သူ့ကိုချစ်တာ ပိုးသိနေတာပဲ...။သူလည်း မမကိုပဲချစ်မှာပါ...ပိုးက အများရှေ့မှာဆို အားနည်းတတ်လို့ ပျော့ညံ့လို့...သူက သနားတာပါ။ ဟုတ်တယ်...သူက ပိုးကိုသနားတာ...သူပြောတဲ့အချစ်ဆိုတာလည်း  အားနွဲ့တဲ့၊အန္တရာယ်ကိုမခုခံတတ်တဲ့ သနားစရာသတ္တဝါလေးအပေါ်ထားတဲ့ ဂရုဏာချစ်ခြင်းမျိုးပါ...ဒါကိုသူက ချစ်သူလို အချစ်မျိုးနဲ့မှားယွင်းကောက်ချက်ချလိုက်ရုံပါပဲ...


""နောက်ကို သူနဲ့မပတ်သက်ဖို့ မမတောင်းဆိုချင်တယ် ပိုး""


""ဟုတ်...ပိုးသိပါတယ် မမ

မမ မကြိုက်တာကို ပိုးမလုပ်ပါဘူး မမ""


""အင်း...သိတာကောင်းတယ်

ဒီထက်ပိုသိထားဖို့က မမ သူ့ကိုချစ်တယ်...

ပိုးနဲ့သူ့ကြားဘယ်လိုအခြေအနေပဲရှိရှိ ရောက်ရာနေရာကနေရပ်တန့်လိုက်ပါ...မမလည်း ပိုးနဲ့အတူအခုလိုလေးအဆင်ပြေချင်တယ်...သူ့ကြောင့်နဲ့ထပ်ပြီး စိတ်ရှုပ်စရာကိစ္စတွေမရှိရင်ကောင်းမှာပဲ...မမလည်း ချစ်တဲ့သူတစ်ယောက်ကို ထပ်ပြီးမဆုံးရှုံးချင်ဘူး...ဖေဖေ့တုန်းကလို မမကို ပစ်သွားတာမျိုးထပ်ပြီး မခံချင်တော့ဘူး

ဒါကြောင့်...""


မေ စကားကိုမဆက်ပဲ ရပ်ပစ်လိုက်ပြီး မျက်ရည်လက်နက်ကိုထုတ်သုံးလိုက်တော့ ပိုးရတုမှာ ပျာပျာသလဲမျက်နှာလေးဖြင့်


""မမ...မမ မငိုနဲ့နော်

ပိုးနဲ့သူ့ကြားမှာဘာအခြေအနေမှမရှိပါဘူး သူ့ဘက်က ပိုးကိုချစ်တယ်လို့ပြောခဲ့ရုံပဲ...အဲ့ဒါကိုလည်း ပိုး လက်မခံပါဘူး မမ...ပိုး သူ့ကိုငြင်းမှာပါ""


ကဲ! မျက်ရည်လေးတစ်စက်နှစ်စက်က အတော့်ကိုခရီးရောက်ပါလား...။သူနဲ့မောင့်ကြားမှာ ရှိသမျှအကြောင်းအရာအားလုံးက မေ့ထံသို့ အစီအရီထွက်ကျလာပြီပဲ...။အယုံလွယ်လှချည်လား မိပိုးရယ်...။အေးပါ...နင်အဲ့လိုပဲ ဆက်ပြီးယုံနေလိုက်...ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ တသက်လုံးအသက်ရှင်နေ...ဒါဆိုရင် ငါလည်းအလုပ်တွေမရှုပ်ရတော့ဘူးပေါ့...


""ဒါဆို...သူ့ကိုပြောလိုက်တော့လေ...အခု""


""ဟုတ်...ဟုတ်ကဲ့ မမ""


~~~~💞💞💞💞~~~~


""📲📲📲📲""


မောင် ဖုန်းဝင်လာသံကြားလို့ လှမ်းကြည့်လိုက်တော့ contact listမှာပေါ်လာတဲ့နာမည်ကြောင့် ရင်ဘတ်ထဲ ဒိန်းခနဲဆောင့်ခုန်သွားရ၏။ ကြည့်စမ်း! ဒါဟာ မမျှော်လင့်ထားတဲ့အခြေအနေပါလား...ကိုယ်ကသာ ညတိုင်းဖုန်းတွေဆက်နေတာ တခါမှအဖတ်လုပ်ဖော်မရဘဲ အခုတော့ သူမကိုယ်တိုင်ကဖုန်းစခေါ်လာသည်ပဲ


""Hello!""


""ဟို...ဟို...""


တစ်ဖက်မှ စကားသံမကြားရဘဲ တဟိုဟိုနဲ့ဘာပြောချင်မှန်းမသိပေ။ ကြည့်ဦး! သူကလည်းစခေါ်သေး...ပြောစရာစကားက အစပျောက်နေလေရဲ့ ..


""ပြောလေ...ကလေးရဲ့

ကိုယ့်ကို ဘာပြောချင်လို့လဲ?""


""အကိုပြောတဲ့ကိစ္စ...ပိုးစဥ်းစားပြီးပြီ

အားနာပါတယ် ပိုးအကို့ကို ငြင်းပါရစေနော်

ဟို...တောင်းပန်ပါတယ် ကျေးဇူးလည်းတင်ပါတယ်ရှင့်""


""နေဦး! ဖုန်းမချလိုက်နဲ့""


ပြောချင်တာပြောပြီး ဖုန်းချမည်အပြု တစ်ဖက်မှဟန့်တားလိုက်သံကြောင့် ပိုးလက်လေး လမ်းတဝက်မှာရပ်တန့်သွားရလေ၏။ 


""ဒါ မင်းကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်လား"" 


သူ့အသံက ရုတ်တရက် မာကျောသွားတာကြောင့် ပိုးရင်ထဲဝမ်းနည်းသွားရပေမယ့် ဝဲတက်သွားသည့်မျက်ရည်စကို မျက်တောင်ဖြင့်ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး


""ဟုတ်ပါတယ်...အဲ့ဒါပိုးရဲ့အဖြေပါ""


""ကိုယ်မေးတာ မင်းရဲ့ဆုံးဖြတ်ချက်လားလို့

မင်းရဲ့အဖြေနဲ့ ကိုယ့်အမေးက ကွဲလွဲမှုရှိတယ်နော်""


""ပိုးရဲ့ဆုံးဖြတ်ချက်ပါ အကို

ပိုးတို့က မဖြစ်နိုင်ဘူးလို့ပဲ ယူဆပါတယ်

ပိုးကို မေ့လိုက်ပါ...ပိုးက အကို့ဘဝထဲခဏလောက်မှားယွင်းဖြတ်လျှောက်မိရုံပါ...ခဏလေးသိခဲ့ရတာမို့ ခဏလေးအတွင်းမေ့လို့လည်းလွယ်မှာပါ""


""ဟုတ်လား?

မင်းအထင် ကိုယ့်အချစ်က အဲ့လောက်တောင်ပေါ့ပျက်ပျက်ပဲလား""


""ရှင်!""


""ထားပါတော့!

မင်းက ပထမအကြိမ်ကို ပယ်ချတယ်ဆိုတော့ နောက်တစ်ခေါက်ထပ်ပြောရမှာပေါ့""


"".....""


""မင်းကို ချစ်တယ် ပိုးရတု

မှတ်ထားနော်! ကိုယ်ချစ်တာ ပိုးရတုဆိုတဲ့ 'မင်း'...ကိုယ့်နှလုံးသားကို အပိုင်ယူသွားခဲ့ပြီးမှ လက်လွတ်စပယ်မလုပ်နဲ့...သေချာပြန်စဥ်းစား!""


""ဘာပဲဖြစ်ဖြစ်...""


""နောက်တစ်ခါ မင်းငြင်းလည်း ကိုယ်က ထပ်ပြောမှာပဲ...မင်းဆီက ချစ်တယ်ဆိုတဲ့ ဝန်ခံချက်မရမချင်း ကိုယ်ထပ်ပြောနေမယ်...ကိုယ်ပြောနိုင်တယ်""


""ဒါပေမယ့် ဘယ်နှခါပဲဖြစ်ဖြစ် ပိုးငြင်းရမှာပဲ အကို!""


""ဒါတော့ မင်းသဘောပါ""


ပြောချင်ရာပြောကာ သူကအရင်ဖုန်းချပစ်လိုက်ပါ၏။ ဒါက တကယ်ပဲ မင်းရဲ့အဖြေလား...မဟုတ်ဘူး...မင်းဆီမှာလည်းကိုယ်နဲ့ထပ်တူကျတဲ့ချစ်ခြင်းမျိုးရှိမယ်လို့ ကိုယ်ယုံတယ်...ပိုးရတု...။ဒါပေမယ့် မင်း ဒီစကားကိုဘာကြောင့်ပြောရလဲ...

မင်း ကိုယ့်ဆီကို မလာချင်တာ...မလာရဲတာ ဘာ့ကြောင့်လဲ...???


မင်း ကိုယ့်ဆီမလာချင်လည်း...ရတယ်

ကိုယ်က မင်းဆီရောက်အောက်လာခဲ့မှာမို့လို့ပဲ...


Sorry!ပဲ ကလေးရယ်

မင်းတောင်းဆိုသမျှ ကိုယ် အရာအားလုံးကိုအလျှော့ပေးနိုင်တယ်...

ဒါပေမယ့်...။...။

~~~~💞💞💞💞~~~~

Continue to >>>Part-10


Readers/writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: