book

မာနတို့ဖြင့် စီရင်အပ်သော

Drama

Read Book
  • Author : Wine Satt Cho
  • Genres : Drama
  • Release : 21 Jul 2022
  • Language : Burmese
  • Type : Original
  • Total chapter : 25
  • Total subscriber : 0
  • Rating :
  • Status : completed

Title - "မာနတို့ဖြင့်...စီရင်အပ်သော""


~~~~ Intro ~~~~


ဘဝဆိုတာ ခဏလေးပါ 'မောင်'

ဒါကြောင့် ရှင်သန်ရတဲ့တခဏမှာ ကိုယ်လိုချင်တာတွေရနေမှ ပျော်စရာကောင်းမှာပေါ့...ကျမဘဝမှာ အလိုအပ်ဆုံးအရာကို ပြောပါဆိုရင် အဲ့ဒါ 'မောင်'ပဲ...ဒါပေမယ့် မောင်က သာယာဖြောင့်ဖြူးမယ့်လမ်းကိုမှ မရွေးချင်ပဲကိုး.။တစ်ခုသိထားဖို့က...ဒီတစ်သက်မှာ မောင် ကျမကို မချစ်ရင်သာရမယ် ဘယ်တော့မှမပစ်နိုင်စေရဘူး... အဲ့ဒါကျမရဲ့သစ္စာပဲ...

( မေတော်ဝင်💞)


မင်းက ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးနေတာပဲ

ငါအရင်ကတော့ မင်းကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ယူဆခဲ့မိတယ် ။ 'မင်း' ဆိုတဲ့မိန်းမက တော်တော်ကိုအဆိပ်ပြင်းလွန်းတာပဲ..။ဘာအပြစ်မှမရှိတဲ့သူကိုလည်း အကြောင်းမဲ့သက်သက်အနိုင်ယူနေတယ်။ ငါအမုန်းဆုံးက မင်းလို အတ္တကြီးပြီးတကိုယ်ကောင်းဆန်တဲ့မိန်းမပဲ...။

( မြတ်သောမောင်💞)


'ပိုး'ရဲ့ဘဝမှာ အားကိုးတွယ်တာစရာဆိုလို့ မမတစ်ယောက်ပဲရှိတာပါ ။ 'ပိုး' မမကိုချစ်တယ် လေးစားတယ်...မမ စိတ်အလိုမကျအောင်လည်း ဘယ်တုန်းကမှမလုပ်ဝံ့ခဲ့ပါဘူး...ဒါပေမယ့် တနေ့မှာ...မမမျှော်လင့်နေတဲ့ နှလုံးသားတစ်စုံဟာ ပိုးဆီကို ကြွေကျခဲ့ပါတယ်...ဒါကိုတော့ မမအလိုကျ ပိုးမငြင်းဆန်နိုင်ခဲ့တာ...အပြစ်တစ်ခုဖြစ်သွားခဲ့မယ်ဆိုပါလျှင်...

( ပိုးရတု💞)


~~~~~~~~~~


➳ ဒီဇာတ်လမ်းလေးကတော့...  အရမ်းကိုမာနကြီးပြီး ချစ်ခြင်းကိုပါအတ္တဖြင့်ပုံဖော်လိုတဲ့ မိန်းကလေးအကြောင်းကို ဖွဲ့တည်ထားတာဖြစ်ပါတယ်...။ အရင်ဇာတ်လမ်းမှာ မင်းသားကရက်စက်တော့...ဒီတစ်ခါ မင်းသမီးဘက်ကတလှည့်ပြန်ကြမ်းတော့မယ်😎😜


Readers/Writersလေးတွေအားလုံးက VIPပါ...

အားလုံးကိုချစ်တယ်နော်...အမြဲလည်းအားပေးနေပါတယ်


Wineရဲ့အရေးအသားတွေလိုအပ်သော်လည်း သည်းခံပေးပြီး ဘာရေးရေးဖတ်ပေးတဲ့ accပိုင်ရှင်လေးတွေကိုလည်း Wineသိပါတယ်...အရမ်းချစ်တယ်နော် အကုန်လုံးကို ကျေးဇူးလည်းတင်ပါတယ်...😘



#WineSattCho

Chapter Details Rating Release Date
21 Jul 2022
21 Jul 2022
21 Jul 2022
21 Jul 2022
21 Jul 2022
24 Jul 2022
24 Jul 2022
24 Jul 2022
24 Jul 2022
24 Jul 2022

Page 1 of 3

    Back