book

Index 7

~~ Part-( 7 ) ~~

👑 မာနတို့ဖြင့်... စီရင်အပ်သော 👑


🎶🎶ငါ အဆင်ပြေပါတယ်...မင်းငြီးငွေ့နေမယ်...🎵

ဘယ်လိုမှသုံးစားမရတဲ့ ငါ့အချစ် မင်းအတွက်🎶🎶

ငါ အဆင်ပြေပါတယ်...မင်းစိတ်ပျက်နေမယ်...🎶

မလိုရင် ထားခဲ့လိုက်ပေါ့...မင်းအတွက်အပိုပဲ...🎼


""မင်း သီချင်းဆိုတာ ကောင်းသားပဲ""


""အမလေး! မြတ်စွာဘုရား""


ပိုး ခြံထဲက ပန်းပင်လေးတွေကို ရေလောင်းနေရင်း အမှတ်တမဲ့ သီချင်းလေးညည်းမိစဥ် အနောက်နားမှ ကပ်ကာပြောလိုက်သော သူ့အသံကြောင့် လန့်ဖျပ်သွားရပြီး ရင်ဘတ်ပေါ်လက်လေးဖိတင်လျက် အနောက်သို့လှည့်တော့ ခပ်ပြုံးပြုံးနဲ့စိုက်ကြည့်နေပြန်တဲ့ သူ...။ သူ ထပ်ရောက်လာပြန်ပြီ...။


""မမက ပြန်မလာသေးဘူးရှင့်

ခဏနေလာမှာပါ သွားခွင့်ပြုပါဦး""


လူကိုမြင်တာနဲ့ ချက်ချင်းခေါင်းငုံ့ချကာ အိမ်ထဲဝင်ရန်ပြင်နေသော သူမက သူ့ကိုရှောင်ချင်ပါသည်ဆိုတဲ့ အမူအရာမျိုးနှင့်...။အကြောင်းပြချက်မရှိပါဘဲ လူကို ရှောင်ဖယ်ဖယ်လုပ်ချင်နေတာက ဘယ်လိုသဘောလဲ မိန်းကလေး။ ကိုယ့်ဘက်က စပြီးနီးစပ်ဖို့ ကြိုးစားရုံရှိသေး... အခွင့်အရေးမပေးဘဲ တန်းပြီး မီးနီပြတာတော့ မင်း မကောင်းဘူးနော်...။


"ခဏ!..""


မောင်က သူမလက်ကိုဖမ်းဆွဲလိုက်တော့ အလန့်တကြား မျက်ဝန်းလေးတွေနဲ့ ပြန်ကြည့်လာလေ၏။ ပြီးတော့ လက်ကိုလည်းအတင်းပြန်ရုန်းကာ


""ပိုး ကိုလွှတ်ပါရှင့်

ဒီလိုမျိုးကို မမမြင်သွားရင်မကောင်းဘူးနော်

မမ စိတ်ဆိုးလိမ့်မယ်""


""သူကဘာလို့စိတ်ဆိုးမှာလဲ??""


""ဟင်! မမက အကို့ချစ်သူပဲ

ဒီလိုမျိုးမြင်ရင်ဘယ်သူကစိတ်မဆိုးပဲနေမလဲ""


သူမ စကားကြောင့် မောင် အလိုမကျစွာ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးလိုက်ပြီး


""မင်း နာလည်မှုလွဲနေပြီ

ကိုယ်နဲ့ မေတော်ဝင်ကချစ်သူတွေလို့ မင်းကိုဘယ်သူပြောလဲ?""


""ရှင်!""


ထိုစကားကြားတော့ ပိုး ချက်ချင်းပင်သူ့မျက်နှာကို မော့ကြည့်လိုက်မိတာက ဘာကြောင့်ရယ်မသိ။တည်ငြိမ်လွန်းနေသည့် စကားသံနဲ့ လေးနက်တဲ့မျက်ဝန်းအကြည့်တို့မှာ မုသား အရိပ်တို့ရှိမနေခဲ့ပါ။ ဒါဆို မဟုတ်ဘူးလား...? မမပြောတဲ့ အဓိပ္ပာယ်ကတော့ သေချာပေါက် အဲ့လိုပါ...


""ဘာမှလျှောက်စဥ်းစားမနေနဲ့

ကိုယ်က မဟုတ်ဘူးဆို မဟုတ်လို့ပေါ့""


""ဒါပေမယ့် မမက အကို့ကို မောင်လို့ခေါ်...

ဟို...အဲ့ဒါမျိုးက ချစ်သူတွေမှ...""


စကားသံတိုးတိုးလေးက အဆင်မချောစွာ တစ်လုံးချင်းစီဖြစ်နေတာမို့ မောင် ပြုံးလိုက်မိပြန်သည်။အခုမှ  သူလည်းနားလည်သွားရပါပြီ။လက်စသတ်တော့ ဒီအခေါ်အဝေါ်က မင်းကိုအထင်တမျိုးရောက်စေခဲ့တာပဲ...။ 


""ဒါကြောင့်လား မင်းကိုယ်နဲ့မပတ်သက်ချင်တာ

မေတော်ဝင်ရဲ့ချစ်သူလို့ထင်နေတာကြောင့်လား""


""ရှင်! အဲ့လိုလည်းမဟုတ်ပါဘူး""


""မဟုတ်လည်း ရှင်းပြမှတော့ဖြစ်လိမ့်မယ်

မင်းကိုယ့်ကို အထင်လွဲနေမှာစိုးလို့""


"".....""


""ကိုယ့်နာမည်ကိုရော မင်းသိရဲ့လား?""


""ဟုတ်...သိတယ်""


""ဘာတဲ့လဲ?""


""မြတ်သောမောင်""


""အင်း...အဲ့ဒီမှာအဖြေလေ""


သူပြောချင်တာ...မမက သူ့နာမည်တစ်လုံးကိုအဖျားစွတ်ခေါ်နေခြင်းဆိုသည့်သဘောပင်။ ခေါ်ပေါ့... ဒါက ပိုးနဲ့ဘာများသက်ဆိုင်လို့ပါလဲ...။ပိုး အထင်လွဲမှာစိုးရိမ်သည်တဲ့! တကယ်ပဲ သူ့စကားရဲ့ ရည်ညွှန်းရာအဓိပ္ပါယ်တွေက ဘယ်လိုသဘောတွေပါလိမ့်နော်!


""သိပြီလား...ကိုယ်ပြောတာ

ကိုယ်နဲ့မေက ဒီအတိုင်းသာမန်မိတ်ဆွေတွေပဲ

မင်း ထင်နေသလိုမျိုးမဟုတ်ဘူး""


အခုမဟုတ်လည်း 

နောက်တော့ဖြစ်လာမှာပါပဲ အကို! 

ဘယ်လိုပဲဖြစ်ဖြစ် ပိုးက အပြင်စည်းမှာရှိနေတဲ့သူပဲမဟုတ်လား...။ မမက အသေအချာပြောခဲ့တယ်...သူနဲ့အကို့ရဲ့ကံကြမ္မာကသတ်မှတ်ထားပြီးသားတဲ့! ဒီတော့ မမက သူ့ဘဝလက်တွဲဖော်အဖြစ်အကို့ကို ရည်ရွယ်နေတဲ့သဘောပါ...။ ဒါကြောင့်ပဲ ပိုးနဲ့ ရှင်က နီးကပ်စရာအကြောင်းမရှိတာလေ...။


""ဟောကြည့်! ဘာတွေစဥ်းစားနေရပြန်တာလဲ""


""ဟင့်အင်း! ဘာမှမဟုတ်ပါဘူး

ပိုး ကိုခွင့်ပြုပါဦး""


ရုတ်တရက်တခုခုကို စဥ်းစားသလိုနဲ့ ငြိမ်သက်သွားပြီးမှ ရှောင်ထွက်ရန်ကြိုးစားပြန်တဲ့သူမ...။ဟူးး!တကယ်ကို ပြောရခက်လေးပါလား...


""ကိုယ် မင်းကိုစကားပြောနေတယ်လေ

ပြီးတော့ ကိုယ် တခြားသူနဲ့တွေ့ဖို့လာတာမဟုတ်ဘူး...အခုထွက်ပြေးနေတဲ့ မင်းကိုပဲတွေ့ချင်တာ""


""ရှင်! ပိုးနဲ့က ဘာမှပြောစရာမရှိဘူးထင်ပါတယ်

ဟို...အဲ့လိုလုပ်လို့လည်းမဖြစ်...""


""ကိုယ်နဲ့စကားမပြောရဘူးလို့...မေကပြောတာလား""


ဗုဒ္ဓေါ! ဒါကိုလည်းခန့်မှန်းနိုင်တယ်လား...။ဘယ်လိုကြောင့်များ ရှင့်ကို ဘာတခုမှဖုံးကွယ်ထားလို့မရတာပါလိမ့်! သူ့အမေးကမှန်နေပေမယ့် မမအပေါ် တစ်မျိုးမြင်သွားမှာစိုးတာကြောင့် ပိုး ခပ်မြန်မြန်လေးငြင်းချက်ထုတ်ရန်ကြိုးစားလိုက်ပြီး...


""ဟို...မမက ပိုး ယောကျ်ားလေးမိတ်ဆွေထားရင်ကို မကြိုက်တာ...ငယ်ငယ်တုန်းကရောပဲ""


""အရမ်းလိမ္မာတဲ့ ညီမလေးပါလား""


အကိုက ထိုစကားကိုပြောနေစဥ် လက်ကလည်းနှင်းဆီပန်းအနီတစ်ပွင့်ကို ချိုးယူလိုက်တာမို့ ပိုး မျက်လုံးတွေ ပြူးကျယ်သွားရပြန်၏။


""အကို...အကို!

အဲ့ဒီ့ပန်းကခူးလို့မရဘူး...

ဟင်! သွားပါပြီ""


အချိန်မီတားသော်လည်း မရပ်တန့်ခဲ့တဲ့လက်တစ်စုံကြောင့် ပန်းလေးက သူ့လက်ထဲပါသွားလေပြီ။


""ဘာလို့လဲ""


""ဘာလို့ရမလဲ...အဲ့ဒါ မမရဲ့ပန်းတွေ

သူ့ခွင့်ပြုချက်မရှိဘဲမကိုင်ရဘူး...ခူးရင်လည်းမမကလွဲပြီးဘယ်သူမှမခူးရဘူး""


""အဲ့ဒါ မင်းတို့အိမ်ကစည်းကမ်းလေ

ကိုယ်က ဒီအိမ်သားမှမဟုတ်တာ""


သူကတော့အပြုံးချိုချိုနှင့်ပင် ပြောကာ ပန်းလေးကိုအသေအချာစိုက်ကြည့်လိုက်ပြီးမှ ပိုးရဲ့နားရွက်ကြားလေးသို့ညှပ်ကာ ပန်ပေးလိုက်လေ၏။


""ဆူးမပါဘူးနော်...ကိုယ်သေချာကြည့်လိုက်တယ်""


ဘုရားရေ! ဘယ်လိုအတင့်ရဲတွေလုပ်ရပ်တွေလဲ?မမ ဒေါသကို သူ မသိပေမယ့် ပိုးသိပါသည်။မမပြန်လာရင်တော့ ပြသာနာတက်တော့မှာပါပဲ...။


မျက်စိရှေ့မြင်နေရသော ရှုံမဲ့မဲ့မျက်နှာလေးကိုကြည့်ကာ မောင် အသည်းတွေတောင်ယားမိပါရဲ့ ။ ဒီပန်းလေးတစ်ပွင့်ကြောင့် ကမ္ဘာပျက်မလို ကြောက်ရွံနေတဲ့ ပုံစံကိုကြည့်ရင် သူမအပေါ် မေတော်ဝင်ရဲ့လွှမ်းမိုးမှု အရိပ်က ဘယ်လောက်ထိကြီးမားနေသလဲဆိုတာ ထပ်တွေးနေဖို့တောင်မလို။ 


မင်းဘယ်လိုကြောင့် ဒီလောက်ထိအားငယ်တတ်ရတာလဲ??ကိုယ်ကတော့ မင်းကို တခြားသူတစ်ယောက်ရဲ့လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်စေချင်တယ်...။တစ်ယောက်ယောက်ကို စိုးရိမ်ကြောက်လန့်နေတာမျိုး မဖြစ်စေချင်ဘူး...


အတွေးကိုယ်စီဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိစဥ်မှာပဲ...


""အခုတလော မေ့ အိမ်ကိုမကြာခဏရောက်တယ်နော်...မောင်""


""အင်း...အဲ့လိုဖြစ်သွားတယ်နော်""


""မေ့ ဆီလာတာရော ဟုတ်ရဲ့လား?""


""ငါ အခုပဲပြန်တော့မလို့ပါ""


ကြည့်စမ်း! ဖြေလိုက်သည့်စကားက ဘာအဓိပ္ပါယ်ပါလဲ? သူက ဟိုကလေးမနဲ့စကားတွေပြောနေပြီး အခု မေရောက်လာမှ ပြန်တော့မယ်လို့ပြောတာက မေ့ဆီလာတာမဟုတ်ဘူးလို့ သွယ်ဝိုက်ဖြေသွားခြင်းပဲ မဟုတ်လား...။


""သွားပြီနော်!

အော်! ပြီးတော့ ပန်းတစ်ပွင့်ကို ငါ ခူးလိုက်တာ ..နင့်စည်းကမ်းကိုကြိုမသိလိုက်လို့sorry! ဒီအတွက် သူ့ကို ဘာမှမပြောပါနဲ့""


မောင်က ပိုးရတုဘက်သို့ မေးဆတ်ကာပြောလိုက်တော့ မေလည်း အလိုက်သင့်ပြုံးပြကာ...


""ရပါတယ်...ဘာမှမဖြစ်ဘူး""


မေ ထိုသို့ပြောလိုက်မှ ပိုးရတုကိုတစ်ချက်လှမ်းကြည့်ကာ စိတ်ချသလိုပုံစံဖြင့် ခေါင်းငြိမ့်လျက် ထွက်သွားလေတဲ့ မောင်...။ ကျမ သူ့ကို တစ်ခုခုပြောမှာလေးကိုတောင် မောင်မကြိုက်ဘူးပေါ့...။ အချိန်ခဏလေးအတွင်း မောင် သူ့အပေါ် ဒီလောက်တောင် ငြိတွယ်နေပြီပေါ့...။ သိပ်တော်တဲ့ မိပိုး...

ကြည့်လိုက်ရင်သာ နုံနုံအအပုံစံနဲ့... မြှူဆွယ်ဖြားယောင်းတဲ့ အတတ်ပညာကိုတော့ ပြောင်ပြောင်မြောက်မြောက် သင်ယူထားတာပဲ...။အမေနဲ့သမီး တစ်ပုံစံတည်းပါလား...။


မေ သူမအနားသို့ တစ်လှမ်းချင်းလျှောက်သွားသည်အထိ ခေါင်းကိုငုံ့ကာ မလှုပ်မယှက်ရပ်နေလေ၏။ မေ သူမအရှေ့တည့်တည့်မှာရပ်လိုက်ကာ မောင် ပန်ပေးခဲ့သည့် ပန်းကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်ပြီး...


""ပျော်လား??""


""ရှင်! ဘာကိုလဲဟင် မမ""


""နင့်ကိုငါ ဘာပြောထားလဲ?

အခု နင်ဘာလုပ်နေလဲ??

အဲ့တော့ ငါ့စကားကို အတိအကျဆန့်ကျင်တဲ့ နင်

ပြောနေလားလို့ မေးတာလေ""


""မမ...ပိုး တောင်းပန်ပါတယ်

သူက ရုတ်တရက်ရောက်လာလို့...ပိုးလည်း""


""အကြောင်းပြချက်တွေမလိုပါဘူး

ငါနှစ်ကြိမ်နှစ်ခါခွင့်မလွှတ်တတ်ဘူး

နင် ဒီအိမ်မှာဆက်နေချင်သေးတယ်ဆိုရင်

နောက်ကို သူနဲ့စကားပြောဖို့မဆိုထားနဲ့

မျက်လုံးချင်းတောင်မဆုံမိစေနဲ့...မဟုတ်ရင်နင့်ကိုဒီမှာဆက်နေခွင့်မပေးဘူး...ကြားလား...သွားတော့!""


""ဟုတ်""


စကားဆုံးတာနဲ့ မေ လက်ထဲက ပန်းလေးအား မြေပေါ် ပစ်ချလိုက်ပြီး high heelလှလှလေးဖြင့် အညှာအတာမဲ့စွာ နင်းချေပစ်လိုက်လေ၏။ မောင်...မထင်ခဲ့ဘူးကွယ်...။မောင်နဲ့ကျမရဲ့ကြားမှာ ဒီလို အဆင်မပြေမှုတွေရှိမလာဘဲ ချစ်သူတွေအဖြစ်ကို အေးဆေးစွာရောက်နိုင်လိမ့်လို့ထင်ခဲ့မိတာက မေ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသွားလား...ဒါမှမဟုတ် မောင်ကပဲ မလွယ်ကူတဲ့လမ်းကိုလျှောက်ပြီး မေ့ကို ဗီလိန်ဇာတ်သွင်းလိုက်တာလား...။


အတွေးကြောင့်ဝမ်းနည်းသလိုဖြစ်ရပေမယ့် မေ မျက်ရည်မကျခဲ့ပါ။ ဘယ်သူနဲ့ယှဥ်ယှဥ်အမြဲအနိုင်ရလေ့ရှိတဲ့ မေက ဒီလိုအချစ်ကိစ္စလေးကျမှ ဘာမဟုတ်တဲ့ ပိုးရတုလို အညတရချာတိတ်မလေးတစ်ယောက်ကို ရှုံးစရာလားလေ...။ နှိုင်းယှဥ်အရွေးခံရခြင်းကပင် အတော်လေးကို မကျေနပ်စရာ။ 


~~~~💞💞💞💞~~~~


""မေလေးနဲ့သားရဲ့အခြေအနေက အခုထိအရင်အတိုင်းပဲလား""


လာပြန်ပြီ! တစ်နေ့တစ်ခါ ဒီမေးခွန်းမှမမေးရရင် မာမီ အိပ်ပျော်ရဲ့လားမသိ။ နေ့တိုင်းတူညီတဲ့အဖြေတစ်ခုပဲပြောနေရတာ မာမီတော့မသိ...ပြောရတဲ့သူပင် ငြီးငွေ့နေပြီ။


""ဟဲ့!သား ..မေးတာကြားလား""


""ကြားပါတယ်ဗျာ...အဖြေကအရင်အတိုင်းပဲ""


""ဒါဆို အသစ်တစ်ခုမေးဦးမယ်

သားမှာချစ်ရမယ့်သူရှိနေပြီလား""


ဒီမေးခွန်းကြားတော့ ချက်ချင်းကိုအာရုံမှာပေါ်လာပြန်သည့် ကောင်မလေးကြောင့် မောင့်နှုတ်ခမ်းတစ်စုံက အလိုလိုပြုံးမိရပြန်၏။ ဒါကို မိခင်ဖြစ်သူက မြင်ဖြစ်အောင် မြင်သွားကာ


""ဟယ်! ပြုံးနေတယ် ...ကြည့်စမ်း!

ငါ့သားတော့မရိုးဘူး...တွေ့နေပြီလားတကယ်!""


""ဟုတ်...ကောင်မလေးတစ်ယောက်ရှိတယ်

သားဘက်ကတော့ သေချာနေပေမယ့် သူကသားကိုရှောင်နေသလိုပဲ...""


""ဟမ်! သူကဘာလို့ငါ့သားလိုလူမျိုးကိုဒီလိုလုပ်တာလဲ...ကြီးကျယ်လိုက်တာ""


""အာ! အဲ့လိုမဟုတ်ပါဘူး မာမီရာ

သူက အရမ်းကိုစိတ်ထားနူးညံ့တဲ့ကလေးလေး

ပြီးတော့ သူကတခြားသူမဟုတ်ဘူး...မေတော်ဝင်ရဲ့ ညီမလေး""


""ဘယ်လို! သား

သားချစ်တဲ့ကောင်မလေးက မေလေးရဲ့ညီမ?""


""ဟုတ်...ညီမအရင်းတော့မဟုတ်ဘူးထင်တယ်

ဒါပေမယ့် အဲ့ကလေးက မေ့အိမ်မှာနေတာ...မေ့ကိုလည်း မမတဲ့! မေကတော့ သိပ်မကြည်ဘူး...သားထင်တာတော့ ဟိုလို အဖေတူအမေကွဲတို့ဘာတို့အဲလိုထင်တယ်...""


""အင်း! မေလေးရဲ့ညီမဆိုတော့ မျိုးရိုးကတော့မနိမ့်ပါဘူး...ဒါပေမယ့် ညီမမဟုတ်ဘဲ မေလေးနဲ့ဆိုပိုမကောင်းဘူးလား သားရဲ့""


""အဟမ်း! မာမီ...မနက်ဖြန်ကျရင် သား companyစဝင်ရမယ့် ပထမဆုံးရက်ဆိုတော့ စောစောအိပ်တော့မယ်...good nightနော် ""


""အေး! အေး! မေ့အကြောင်းပြောရင် ဒါမျိုးချည်းပဲ""


ချက်ချင်းပင် စောင်ခြုံကာ အိပ်ယောင်ဆောင်လိုက်တော့ မာမီက မျက်စောင်းထိုးကာ အခန်းထဲမှထွက်သွားလေတော့၏။ ဟုတ်တယ်လေ...မဖြစ်နိုင်ပါဘူး ဆိုတဲ့ကိစ္စကို နေ့တိုင်းပြောနေတာကိုး...။


ကိုယ်အိပ်တော့မယ် ကောင်မလေးရေ...

ဒီည အိပ်မက်ထဲမှာလည်း မင်းနဲ့ဆုံပါရစေနော်။


~~~~💞💞💞💞~~~~


""မောင်...ဒီနေ့ နင်အားရဲ့လား""


""အင်း...ဘာဖြစ်လို့?""


""မသိပါဘူး...နင်အခုcompanyမှာအလုပ်ပြန်ဝင်နေပြီဆိုတော့...""


""ရပါတယ်...အခုပဲငါရောက်နေပြီကို""


မောင့် စကားလေးကြောင့် မေ ကျေနပ်စွာပြုံးမိပါ၏။ မေ ဒီနေ့အလုပ်စောပြီးတာကြောင့် မောင်နဲ့အတူ ညနေစာစားကာ centreတစ်ပတ် shoppingထွက်ခွင့်ရနေသည်လေ။ မေ ဖုန်းဆက်တော့ သူကလည်း တခွန်းမှမငြင်းဘဲ ရောက်လာပေးသည်မို့ ဒီနေ့တော့ အရာရာဟာ အဆင်ပြေနေလေ၏။


""မောင်!

ဒီနှစ်ခုက ဘယ်အရောင်ငါနဲ့လိုက်လဲ""


လက်ဖမိုးပေါ်ခြစ်ပြထားတဲ့ နှုတ်ခမ်းနီအရောင်လေးတွေကို မောင်က သေချာစွာစူးစိုက်ကြည့်ပြီးမှ...


""မသိဘူး...နှစ်ခုလုံးအနီရောင်ပဲမြင်တယ်""


""ဟာ! သေချာကြည့်ရင် မတူပါဘူး

နေတော့! ကိုယ့်ဘာသာပဲကြည့်မယ်""


မေ့ကို စောင့်ပေးနေစဥ် မောင့်မျက်ဝန်းအကြည့်တို့က ခေါင်းစည်းကြိုးနဲ့ကလစ်လှလှလေးတွေရှိရာဆီသို့ ရောက်သွားမိလေ၏။ ဒီတော့လည်း အနက်ရောင်ဆံနွယ်ရှည်လေးတွေကို မြင်ယောင်ပြန်သည်။ သူမလည်း ဒီလိုကလစ်လှလှလေးတွေ ထိုးလေ့ရှိတာမဟုတ်လား...။ကြည့်နေရင်းကပဲ မျက်လုံးထဲ လှနေတဲ့ ပန်းရောင်ကလစ်လေးကိုကောက်ယူလိုက်စဥ်


""မောင်...ဘာလုပ်မလို့လဲ""


""ဝယ်မလို့ပေါ့...""


""မေက အဲ့လိုမျိုးတွေမကြိုက်တတ်ပါဘူး

မဝယ်နဲ့""


""နင်မကြိုက်တာသိပါတယ်

ဟိုကလေးဆီမှာ ဒါမျိုးလေးတွေ တွေ့ဖူးတယ်

သူက ကလေးလိုပဲလေ...ဒါလေးတွေကြိုက်မှာ""


မခေါ်စဖူး...beauty storeကို ခေါ်လာမိခြင်းကအမှားကြီးမှားပြီထင်သည်။ မောင့်စိတ်ထဲမှာ အချိန်တိုင်း သူပဲရှိနေတာလား...။ဒီလိုအသေးစိတ်ကျလှတဲ့ မိန်ကလေးအသုံးအဆောင်အထိ ဂရုတစိုက်ရွေးဝယ်ပေးရလောက်အောင် သူ့ကိုအလေးထားတယ်ပေါ့...။ ဒါပေမယ့် ရှင်သူ့ကိုပေးဖို့ အခွင့်အရေးရှိမှာမဟုတ်ပါဘူး...။


မေ နှုတ်ခမ်းတို့ကို ဟန်ပါပါ မဲ့ပစ်လိုက်ပြီးမှ...မသိဟန်ဆောင်လိုက်ကာ


""ပြန်ကြမယ်လေ""


""အင်း""


~~~~💞💞💞💞~~~~


""မောင်...နင် ငါ့ကို အိမ်ထိပြန်ပို့ပေးမလို့လား""


""အင်းလေ!""


""ရတယ်...companyကိုပဲပြန်ပို့ပေး

ငါ့ကားက အဲ့မှာကျန်ခဲ့တယ်""


""အင်း ok!""


ကားကို မေတော်ဝင်ရဲ့companyသို့သာဥွီးတည်လိုက်ရတော့၏။ ဒီနေ့တော့ လက်ဆောင်လေးကို ချာတိတ်ဆီ မပေးဖြစ်တော့ဘူးပေါ့။ အဲ့ကောင်မလေးကို အရင်တစ်ပါတ် အိမ်မှာသွားတွေ့ပြီးကတည်းက ထပ်မတွေ့ရတော့ လွမ်းနေပြီလေ။ဒီနေ့ မေတော်ဝင် လှမ်းခေါ်တာကို အလွယ်တကူလာဖြစ်ခဲ့ခြင်းကလည်း အကြောင်းပြချက်ရှာကာ အိမ်ကိုလိုက်ပြီး ဟိုကောင်မလေးကို တွေ့ချင်၍ပါပဲ


အိမ်ထဲကအိမ်ပြင်မထွက်လွန်းသော ကလေးမကို တွေ့ရဖို့ရန် အခွင့်အရေးက အတော်ပဲနည်းပါးနေရတာကိုး...။ 

~~~~💞💞💞💞~~~~


""မမလေး...နံနက်စာပြင်ပြီးပါပြီ""


""အင်း...လာပြီ""


မေ နံနက်စာစားရန် breakfastဝိုင်းသို့ ဆင်းလာချိန်တွင် ထုံးစံအတိုင်းပိုးရတုက စားပွဲနားရပ်လျက်ရှိနေပြန်၏။ မေ ခုံပေါ်သို့ဝင်မထိုင်ခင်မှာ အမှတ်တမဲ့ဖြင့် မိပိုးရဲ့ဆံပင်တွေဆီသို့အကြည့်ရောက်မိစဥ်...ရင်ထဲ မီးတောင်တစ်ခုပေါက်ကွဲသွားရသလို ဒေါသတွေလည်း မီးလိုတောက်သွားရ၏။


ကလစ်! ဒီကလစ်က ပိုးရတုဆီမှာဘာကြောင့်ရှိနေတာလဲ?? ဒီလောက်ပြောထားတဲ့ကြားက မောင်နဲ့ရအောင် တွေ့ခဲ့တယ်ပေါ့...


""ပိုးရတု ...""


""ရှင်! မမ""


မေ ချက်ချင်းပင် ခုံမှ ဝုန်းခနဲထရပ်ကာ သူမခေါင်းပေါ်က ကလစ်ကိုဆွဲဖြုတ်လိုက်ပြီး


""နင် သူနဲ့ဘယ်တုန်းကတွေ့ခဲ့တာလဲ""


""မမ!""


""ဖြန်း!!""


""ငါ့စကားကို ဆန့်ကျင်ရဲတယ်ပေါ့""


ပြင်းထန်လှသည့်ရိုက်ချက်ကြောင့် ပိုး ထိုနေရာ၌ပင်လဲကျသွားခဲ့လေ၏။ ပါးပြင်တစ်ဖက်ဆီမှ လည်း ကျိန်းစပ်နာကျင်ကာ မျက်ရည်များပင် ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့သည်။ မမကတော့ ပိုးကို ဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်ကာ


""အစကတည်းက နင်နဲ့မတန်တာကိုမမှန်းနဲ့လို့ငါပြောထားတယ်...နင်ကနားမထောင်ဘူးပဲ...ငါ့မှာ နှစ်ကြိမ်နှစ်ခါခွင့်လွှတ်ခြင်းဆိုတာမရှိဘူး...အဲ့တော့...""


မမက ပြောလက်စ စကားကိုရပ်ကာ အနောက်ဘက်သစ်သားစင်ပေါ်မှ တစ်စုံတစ်ခုကိုလှမ်းယူလိုက်လေ၏။ ပြီးတော့ ပိုး အနားသို့ တလှမ်းချင်းလျှောက်လာနေသည်။ အစကတော့ ပိုး မျက်လုံးတွေဝေဝါးနေတာမို့ မမလက်ထဲကပစ္စည်းကိုမမြင်ပေမယ့် နောက်မှတဖြေးဖြေးသဲကွဲလာသောအရာသည်...


""မမ မလုပ်ပါနဲ့!""


""မမလေး...အဲ့လောက်ထိမလုပ်ပါနဲ့""


""မမ...ပိုး တောင်းပန်ပါတယ်""


အနားက သူတွေလှမ်းတားကြသော်လည်း လက်တွေ့မှာဘယ်သူမှအနားမကပ်ရဲကြပေ။ မမလက်ထဲမှာ ရှိနေတာ ထက်မြနေသည့်ကတ်ကြေးဖြစ်ပြီး ဦးတည်ရာကတော့ ပိုးရဲ့ ဆံနွယ်တွေပဲဖြစ်သည်။


""မမ!

မလုပ်ပါနဲ့နော်...ပိုးတောင်းပန်ပါတယ်""


""အ! ""

~~~~💞💞💞💞~~~~

Continue to>>>Part-8


Readers/writersလေးတွေအားလုံးက VIPပါ


Writer -WineSatt Cho(🍋Lëmoñ🍋)


rate now: